Myanmar Christian Testimony - အပိုင်း ၆၅၃ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ကြိုးပမ်းခြင်းကြောင့် ဖြစ်လာသော ဆင်းရဲဒုက္ခ
13.10.2026
အသင်းတော်က အထွေထွေကိစ္စရပ်များ အလုပ်အတွက် သူ တာဝန်ယူရတယ်။ သူ့ရဲ့ တွဲဖက် ညီအစ်မက အစွမ်းရှိပြီး ပြဿနာတွေ ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုရာမှာ တော်တာကို မြင်တော့ သူ မနာလို ဝန်တိုဖြစ်လာတယ်။ သူ့ တွဲဖက် ညီအစ်မ သူ့ထက်သာသွားမှာကို တားဆီးဖို့ သူက ကွယ်ရာမှာ အဲဒီညီအစ်မကို ဝေဖန်ကဲ့ရဲ့ဖို့၊ တိုက်ခိုက်ဖို့နဲ့ ဖယ်ထုတ်ဖို့ အဲဒီညီအစ်မရဲ့ အားနည်းချက်တွေကိုပဲ အာရုံစိုက်ခဲ့တယ်။ သူ့လုပ်ရပ်တွေက တွဲဖက် ညီအစ်မကို ထိခိုက်စေပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ နောင်တရတာ၊ ဒါမှမဟုတ် ပြောင်းလဲတာ မရှိဘဲ ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကိုပဲ အမြဲ လိုက်စားနေခဲ့လို့ နောက်ဆုံးမှာ သူ ဖြုတ်ချခံလိုက်ရတယ်။ နာကျင်ရမှပဲ သူ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်လာတယ်။ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရှုရာကနေတစ်ဆင့် သူ့ပြဿနာတွေနဲ့ပတ်သက်ပြီး ဘယ်လို နားလည်သဘောပေါက်မှု ရခဲ့သလဲ။ အဆုံးမှာ သူ ဘယ်လို ပြောင်းလဲမှု ကြုံတွေ့ခဲ့ရသလဲ။
အခြား ဗီဒီယိုအမျိုးအစားများ