ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၂၁

20.04.2021

လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်ကာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါများ အားလုံးထဲမှ အမြင့်ဆုံး ဖြစ်သည်၊ ထို့ကြောင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက်သည် စာတန် မဟုတ်ဘဲ လူသားဖြစ်ပြီး၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ကာ နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်း ခံရမည့်အရာ ဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်း ရည်မှန်းချက် ဖြစ်ကာ၊ လူသား၏ ဇာတိခန္ဓာကို စာတန်က ဖောက်ပြန်ပျက်စီးစေပြီးဖြစ်သည်၊ ထို့ကြောင့် ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာ ဖြစ်ရပေမည်။ လူ၏ ဇာတိခန္ဓာသည် အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်း အခံရဆုံး ဖြစ်ကာ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာတစ်ခု ဖြစ်လာပြီးဖြစ်သည်မှာ ဘုရားသခင်၏တည်ရှိမှုကိုပင် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကာ ငြင်းပယ်သည်အထိ ဖြစ်လေသည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် အလွန်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထက် မည်သည့်အရာမျှ ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် ပြောင်းလဲရန် သာ၍ မခက်ခဲပေ။ စာတန်သည် လူသား၏ ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများ လှုံ့ဆော်ရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် နှင့် ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေရန် လူ၏ ဇာတိခန္ဓာကို အသုံးပြုပြီး၊ ထိုသို့ဖြင့် လူသားသည် စာတန် ဖြစ်လာကာ ဘုရားသခင်၏ရန်သူ ဖြစ်လာလေသည်။ လူသားအတွက် ကယ်တင်ခံဖို့ရန်၊ သူသည် ပထမဦးစွာ သိမ်းပိုက်ခြင်းကို ခံရမည်။ ဘုရားသခင်သည် စိန်ခေါ်မှုများကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန်နှင့် စာတန်နှင့် တိုက်ပွဲဝင်ရန် လူ့ဇာတိခံယူသည်မှာ ဤအကြောင်းကြောင့် ဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရကာ ရှုံးနိမ့်ပြီး ပျက်သုဉ်းစေခြင်းခံရပြီးဖြစ်သည့် လူသား၏ ကယ်တင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် သူ၏အမှုမှတစ်ဆင့် စာတန်ကို အနိုင်ယူစဉ်၊ တစ်ချိန်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်လေသည်။ ထို့ကြောင့်၊ ယင်းမှာ တစ်ပြိုင်နက် ရည်ရွယ်ချက် နှစ်ခုကို ဖြစ်မြောက်အောင်မြင်သည့် အမှုတစ်ခု ဖြစ်သည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍ကောင်းစွာ သိမ်းပိုက်နိုင်ရန်အလို့ငှာ၊ သူသည် လူ့ဇာတိဖြင့် အလုပ်လုပ်သည်၊ လူ့ဇာတိဖြင့် စကားပြောပြီး၊ လူ့ဇာတိဖြင့် အမှုအားလုံးကို ပြုလေသည်။ ဘုရားသခင်အနေဖြင့် နောက်ဆုံးအကြိမ် လူ့ဇာတိခံယူချိန်တွင်၊ နောက်ဆုံးသောကာလနှင့်ဆိုင်သည့် သူ၏အမှုသည် လူ့ဇာတိဖြင့် အဆုံးသတ်လိမ့်မည်။ သူသည် လူသားအားလုံးကို အမျိုးအစားအလိုက် ခွဲခြားလိမ့်မည် ဖြစ်သည်၊ သူ၏စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်လိမ့်မည် ဖြစ်ပြီး၊ လူ့ဇာတိ၌ရှိသည့် သူ၏အမှုအားလုံးကိုလည်း အဆုံးသတ်လိမ့်မည်။ ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအားလုံး အဆုံးသို့ ရောက်သည့်နောက်တွင်၊ သူသည် လုံးဝ အောင်နိုင်လိမ့်မည်။ လူ့ဇာတိ၌ အမှုပြုခြင်းဖြင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ သိမ်းပိုက်ပြီးဖြစ်လိမ့်မည် ဖြစ်သကဲ့သို့၊ လူသားမျိုးနွယ်ကို အပြည့်အဝ ရယူပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံး အဆုံးသို့ ရောက်လာပြီးဖြစ်မည်ကို ဆိုလိုသည် မဟုတ်လော။ ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏အမှုကို အဆုံးသတ်သောအခါ၊ စာတန်ကို သူ အပြည့်အဝ အနိုင်ယူကာ အောင်နိုင်ပြီးဖြစ်သည်နှင့်အမျှ၊ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေဖို့ နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်၏ ပထမ လူ့ဇာတိခံယူခြင်း အမှုသည် လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်း ဖြစ်သည်။ ယခုတွင် ယင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် အပြည့်အဝ ရယူခြင်းနှင့်ဆိုင်သည့် အမှုဖြစ်ပေသည်၊ သို့မှသာ စာတန်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် မည်သည့် နည်းလမ်းမျှ ရှိတော့မည် မဟုတ်သကဲ့သို့ လုံးဝရှုံးနိမ့်ကာ ဘုရားသခင်သည် အပြည့်အဝ အောင်နိုင်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လူ့ဇာတိ၏အမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်သောအမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသောဘုရားသည် ဘုရား၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အဆုံးသတ်စေ၏

ဘုရားသည် လူသားကိုသိမ်းယူဖို့ နှင့် ပိုပြီးထိတွေ့မှုရှိဖို့ လူ့ဇာတိဖြင့် အမှုတော်ဆောင်ရွက်ကာ ဟောပြော၏။ ပထမအကြိမ် ဘုရား လူ့ဇာတိခံယူသည့်အချိန်မှာ လူတို့အပြစ်ကို ခွင့်လွှတ်ပြီး ရွေးနှုတ်ပေးခဲ့သည်။ ယခုအခါ ဒီအမှုတော်သည် လူသား မျိုးနွယ်ကို ရယူလွှမ်းမိုးခြင်း အမှုဖြစ်သည်။ နောက်ဆုံးအကြိမ် ဘုရားသည်လူ့ဇာတိခံယူပြီး နောက်ဆုံးသောကာလ၏အမှုတော်ကို သူအဆုံးသတ်ပြီး လူသားအားလုံး သူတို့နှင့် သက်ဆိုင်သောအုပ်စုအတိုင်း ခွဲခြားလိမ့်မည်။ သူ့ အမှုအားလုံး ခန့်ခွဲစီမံမှုအားလုံးအား လူ့ဇာတိ၌ သူအဆုံးသတ်လိမ့်မည်။ ဤ မြေကြီးပေါ်တွင် သူ့အမှု ပြီးဆုံးပြီးနောက် သူသည် အောင်မြင်သောသူဖြစ်လိမ့်မည်။

လူ့ဇာတိခံဘုရားသည် လူကို လွှမ်းမိုး၊ ရယူခဲ့ပြီးသည့်အချိန်သည် သူ၏စီမံခန့်ခွဲမှုလည်း ပြီးဆုံးလိမ့်မည်ဟု ဆိုလိုသည်မဟုတ်ပေလား။ ဘုရားသည် လူ့ဇာတိ၌ သူ့အမှုအား အဆုံးသတ်ပြီး အောင်မြင်ခြင်းနှင့် စိုးစံသည့်အခါ စာတန်သည် လူသားကို ဖျက်ဆီးဖို့ အခွင့်မရဘဲ ရှုံးနိမ့်သည်။ ဒီအမှုသည် ဘုရားကိုယ်တော်တိုင် ပြီးမြောက်စေသော လူ့ဇာတိ၏အမှု ဖြစ်၏။ နောက်ဆုံးအကြိမ် ဘုရားသည်လူ့ဇာတိခံယူပြီး နောက်ဆုံးသောကာလ၏အမှုတော်ကို သူအဆုံးသတ်ပြီး လူသားအားလုံး သူတို့နှင့် သက်ဆိုင်သောအုပ်စုအတိုင်း ခွဲခြားလိမ့်မည်။ သူ့ အမှုအားလုံး ခန့်ခွဲစီမံမှုအားလုံးအား လူ့ဇာတိ၌ သူအဆုံးသတ်လိမ့်မည်။ ဤ မြေကြီးပေါ်တွင် သူ့အမှု ပြီးဆုံးပြီးနောက် သူသည် အောင်မြင်သောသူဖြစ်လိမ့်မည်။ သူသည် အောင်မြင်သောသူဖြစ်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။