Myanmar Gospel Skit - အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ|How to Discern the True Christ and False Christs
02.03.2020
သခင်ယေရှုက “ငါသည်အလျှင်အမြန် လာသည်” (ဗျာဒိတ်ကျမ်း ၂၂:၁၂) ဟုဆိုခဲ့သည်။ နောက်ဆုံးသောကာလသည် သခင်၏ ပြန်လာခြင်းကို လက်ခံဖို့ရန် အရေးကြီးဆုံးသော အချိန်ဖြစ်သည်။ ဘာသာရေးဂိုဏ်းခွဲမှ ယုံကြည်သူ ကျန်းဟောင်အန်းသည် ဇနီးဖြစ်သူက သခင် ပြန်ကြွနေပြီဟူ၍ သက်သေခံသည်ကို ကြားရသောအခါ၊ သူက ရှာဖွေစူးစမ်းချင်သည်။ သို့ရာတွင် သူ၏ အသင်းတော်မှ သင်းအုပ်ဖြစ်သူက သူ့အား ဟန့်တားရန် အကြိမ်ကြိမ် ကြိုးစားလေသည်။ “အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၄) ဟူသော သမ္မာကျမ်းစာပိုဒ်ကို ဟောပြော၍၊ သခင် ပြန်လာခြင်းအကြောင်း ဟောပြောသူတိုင်းသည် အတုအယောင်ဖြစ်သည်ဟု ပြောဆိုသောကြောင့်၊ ကျန်းဟောင်အန်းသည် စိတ်ရှုပ်ထွေးစေခဲ့သည်။ သူ့ဇနီး၏ မိတ်သဟာယမှတစ်ဆင့်၊ ခရစ်တော်အစစ်အမှန်နှင့် ခရစ်တော်အတုအယောင်တို့ကို ခွဲခြားခြင်းနှင့်ဆိုင်သော သမ္မာတရား၏ လက္ခဏာသွင်ပြင်တို့ကို သူ နားလည်နိုင်လာပြီး၊ နောက်ဆုံးတွင် စိတ်ရှုပ်ထွေးမှုမှ သူ့ကိုယ်သူ ရုန်းထွက်လေသည်။ ယခု ဟာသပြဇာတ်တို ‘အမှန်ဆိုတာ အမှား မဟုတ်နိုင်ပါ’ ကို ကျေးဇူးပြု၍ ခံစားကြည့်ကြပါ။
အခြား ဗီဒီယိုအမျိုးအစားများ