Myanmar Praise Song 2020 - အမှန်တရား တောင့်တသူတွေသာ ဘုရားသခင်ကို မြင်ရလိမ့်မည် (Lyrics)

Myanmar Praise Song 2020 - အမှန်တရား တောင့်တသူတွေသာ ဘုရားသခင်ကို မြင်ရလိမ့်မည် (Lyrics)

1303 |08.02.2020

ဘုရားသခင် ယနေ့ အမှုတော်သစ် ဆောင်ရွက်ခဲ့ပြီ၊

သင်တို့ နားလည်ကြ မည်မဟုတ်။

သင့်အတွက် ထူးဆန်းပေလိမ့်မည်၊

သို့သော် သင်၏ဇာတိစိတ်ကို မပြသရန်

သင်တို့ထံ ဘုရားသခင် တောင်းဆို။

တိုက်ခိုက် ငြင်းခုံခြင်းဖြင့် အမှန်တရားကို ရှာဖွေ၍မရ။

တည်ငြိမ် အေးဆေးစွာ ရှာဖွေမှသာ ရလဒ်ကို ရရှိနိုင်သည်။

အကြောင်းမူကား ဘုရားရှေ့မှောက်၌

ဖြောင့်မတ်ခြင်း ဆာလောင်မွတ်သိပ်သူများသာ

သမ္မာတရား ရရှိနိုင်။

စစ်မှန်စွာ ဆက်ကပ်သူများသာ ဉာဏ်အလင်းရရှိနိုင်၊

ဘုရား ဦးဆောင်လမ်းပြနိုင်၊ ဘုရား ဦးဆောင်လမ်းပြနိုင်။

ယနေ့ သူ၌ အမှုသစ်ရှိသည်ဟု ဘုရားသခင် ဆိုသော်

ဘုရား၏ လူ့ဇာတိ ပြန်လည်ခံယူခြင်းကို သူဆိုလို။

ထိုနှုတ်ကပတ်တော်ကို သင် အရေးထားမည် မဟုတ်၊

သင်သည် ရွံမုန်းကောင်း ရွံမုန်းလိမ့် ရွံမုန်းလိမ့်မည်၊

ထိုနှုတ်ကပတ်တော်များ သင့်အတွက် စိတ်ဝင်စားစရာဖြစ်လိမ့်မည်။

မည်သို့ပင် ဖြစ်စေ၊ သူ၏ပေါ်ထွန်းလာခြင်းကို

သုံးသပ်ဆင်ခြင်ရန် ဘုရား မျှော်လင့်။

မည်သည့် ဆုံးဖြတ်ချက်မှမချမိတာဟာ အကောင်းဆုံးပါ။

ဒါဟာ ဉာဏ်ပညာရှိသူများသာ ပြုမူသင့်သော နည်းလမ်းပါ။

အကြောင်းမူကား ဘုရားရှေ့မှောက်၌

ဖြောင့်မတ်ခြင်း ဆာလောင်မွတ်သိပ်သူများသာ

သမ္မာတရား ရရှိနိုင်။

စစ်မှန်စွာ ဆက်ကပ်သော သူများသာ ဉာဏ်အလင်းရရှိ နိုင်၊

ဘုရား ဦးဆောင်လမ်းပြနိုင်၊ ဘုရား ဦးဆောင်လမ်းပြနိုင်။

ဘုရား ဦးဆောင်လမ်းပြနိုင်၊ ဘုရား ဦးဆောင်လမ်းပြနိုင်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

နောက်ထပ်ပြပါ။
ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

မျှဝေရန်

ပယ်ဖျက်ရန်