အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

Myanmar Gospel Movie 2018 (ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော် ဟာ ကျွန်ုပ်၏အရိပ်အာဝါသဖြစ်တယ်)

ဓမ္မရုပ်ရှင်ဇာတ်လမ်းတွဲ   9342  

မိတ်ဆက်ခြင်း

Myanmar Gospel Movie 2018 (ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော် ဟာ ကျွန်ုပ်၏အရိပ်အာဝါသဖြစ်တယ်)


တစ်ခါတုန်းက ညဥ့်နက်ချိန်ခါမှာ တရုတ်ကွန်မြူနစ်အစိုးရဟာ ဒေသတစ်ခုမှာရှိတဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ဝင် ခရစ်ယာန်များစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဒီကိစ္စကြောင့် ပြည်တွင်းမငြိမ်သက်မှုကြီး ဖြစ်ပွားခဲ့တယ်။ အဲဒါကြောင့် ကိုယ်ပိုင်မူ၃ ခုသုံး အသင်းတော်ဝင်များကြား ညှိနှိုင်းဆွေးနွေးမှုများရှိလာတယ်။ လူအချို့က တရုတ်ကွန်မြူနစ်အစိုးရရဲ့ ရက်စက်တဲ့ နှိမ်နှင်းခြင်းနဲ့ နှိပ်စက်မှုတွေကို အရှေ့အရပ်က လျှပ်ပြက်ခြင်းက ခံစားခဲ့ရတယ်လို့ ယုံကြည်နေကြပါတယ်။ အရှေ့အရပ်မှ လျှပ်ပြက်ခြင်းကို ယုံကြည်ခြင်းဟာ အန္တရာယ်များပြီး ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်ကို ယုံကြည်ခြင်းက ဘေးအကင်းဆုံးဖြစ်တယ်။ အခက်အခဲမရှိ ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ကြတယ်။ တခြားလူတွေက အရှေ့အရပ်မှလျှပ်ပြက်ခြင်းဟာ အမှန်ကန်ဆုံးလမ်းစဉ်လို့ ယုံကြည်ကြပေမယ့် ရင်ဆိုင်ရမယ့် ဖမ်းဆီးနှိပ်စက်ခြင်းက ပြင်းထန်လွန်းတယ်။

ယုံကြည်မယ်ဆိုရင်လည်း သိုသိုသိပ်သိပ်နဲ့ ယုံကြည်ရင် ကောင်းမယ်လို့ သူတို့တွေးခဲ့ကြတယ်၊ တရုတ်ကွန်မြူနစ်ပါတီ ပြိုလဲတာနဲ့ တပြိုင်နက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို သူတို့ ပွင့်ပွင့်လင်းလင်း ယုံကြည်လို့ရပြီ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်းကို လူအများလေ့လာခဲ့ရာ အရှေ့အရပ်မှလျှပ်ပြက်ခြင်းအသင်းတော်ဝင်တွေဟာ နှုတ်ကပတ်တော်ကို ပျံ့နှံ့စေပြီး သေခြင်းရှင်ခြင်းဂရုမထားပဲ သခင့်ကိုသက်သေခံကြတဲ့အပြင် ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကို ခံရသူများဖြစ်တယ်လို့ ယုံကြည်ကြတယ်။ ကိုယ်ပိုင်မူ ၃ ခုသုံးအသင်းတော်မှာ ပုန်းခိုနေသူတွေဟာ သူရဲဘောကြောင်သူတွေဖြစ်ပြီး ဘဝတစ်လျှောက် ရည်မှန်းချက်မရှိဖြတ်သန်းရင်း ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့ မထိုက်တန်သူတွေလို့ ယူဆကြတယ်။ ပြင်းပြင်းထန်ထန်ဆွေးနွေးပြီးတဲ့နောက် ဘယ်လိုလူက ဘုရားသခင်ရဲ့ ချီးမွမ်းမှုကို ခံရမလား၊ ကြောက်ရွံ့တတ်သူက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခွင့်ရနိုင်မလား ဆိုတာတွေကို လူတိုင်းသိကြမလား။


အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလများရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ဖန်တီးခဲ့သည်။၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘယ်လူသားတဦးကမှ ဖန်တီးခဲ့ခြင်း လုံးဝ မဟုတ်ပါ။ ယခုကာလများတွင် ဧဝံဂေလိနှင့်ပတ်သက်သည့်ရုပ်ရှင်အမျိုးမျိုး၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ဆိုခြင်းအမျိုးမျိုး၊ သီဆိုကခုံခြင်း ဗီဒီယိုများ၊ ဓမ္မတေးသံစုံကျူးအေးခြင်းများ၊ ဂီတများ၊ ဂီတဗွီဒီယိုများနှင့် ဓမ္မတေးသီချင်းဗွီဒီယိုများ၊ အစရှိသည်များသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ထုတ်လုပ်သည့် အရာများဖြစ်ပြီး အင်တာနက် မှတဆင့် တကမ်ဘာလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ဘုရားသခင်၏သိုးများသည် ဘုရားသခင်၏အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖေါ်ပြသည့်စကားများသည် ဘုရားသခင်၏အသံဖြစ်ပြီး အမှန်တရားများဖြစ်သည်ကို ကျွနု်ပ်တို့ရိပ်စားမိပါသည်။ သင်သည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်နေသမျှ ဘုရားသခင်သည် ပေါ်ထွန်းပြီးကြောင်းကို သင်သိမြင်လိမ့်မည်။


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။


ဤ ဗွီဒီယိုတွင် ပါဝင်သောအကြောင်းအရာ အလုံးစုံကို ကျွမ်းကျင်သော ဘာသာပြန်များက ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ သို့သော်လည်း ဘာသာစကားဆိုင်ရာ ကွဲလွဲချက်များ အစရှိသည်တို့ကြောင့် အရေအတွက် အနည်းငယ်သော အမှားအယွင်းများမှာ ရှောင်လွဲ၍ မရပါ။ အကယ်၍ ယင်းကဲ့သို့ အမှားအယွင်း တစ်စုံတစ်ခုကို သင် တွေ့ပါက ကျေးဇူးပြု၍ တရုတ်ဘာသာဖြင့် ရေးသားထားသော မူရင်းပုံစံကို ကြည့်ပါ။ ကျွန်ုပ်တို့အား အသိပေးရန်အတွက် အဆက်အသွယ်လုပ်ရန်ကိုလည်း ကျေးဇူးပြု၍ အားမနာပါနှင့်။

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ