ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၅

05.03.2021

လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်းအမှုကို အဆင့်သုံးဆင့်ခွဲထား၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်အား ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့် ခွဲထားခြင်းဖြစ်သည်။ ဤအဆင့်သုံးဆင့်တွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှု မပါသော်လည်း ၎င်းအဆင့်တို့မှာ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော် ခေတ်အမှု၏ အဆင့်သုံးဆင့်တို့ဖြစ်ကြ၏။ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ထုတ်လုပ်ခြင်းအမှုဖြစ်၏။ ထိုအမှုမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု မဟုတ်ဘဲ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှုနှင့် လုံးဝဆက်စပ်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာ မြေကြီးကို ဖန်ဆင်းချိန်၌ လူသားသည် စာတန်၏ ဖျက်ဆီးခြင်းကို မခံရသေးသဖြင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု ဆောင်ရွက်ရန် မလိုအပ်ခဲ့ပေ။ လူသားမျိုးနွယ် ဖျက်ဆီးခံရသည့်အခါတွင်မှ လူသား မျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း အမှုသည်လည်း လူသားမျိုးနွယ်ကို စာတန်ဖျက်ဆီးပြီးသည့်အခါတွင်မှ စတင်ခဲ့သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဘုရားသခင်၏ လူသားအပေါ်စီမံခန့်ခွဲခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု၏ ရလဒ်အဖြစ် စတင်ခဲ့ခြင်းဖြစ်၍ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ ပေါ်ပေါက်လာခြင်းမဟုတ်ပေ။ လူသားမျိုးနွယ်မှ ပျက်စီးသည့် စိတ်နေ သဘောထား ရရှိခဲ့ပြီးနောက်မှသာ စီမံခန့်ခွဲသည့်အမှု ဖြစ်ပေါ်လာသည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုတွင် အဆင့်လေးဆင့် သို့မဟုတ် ခေတ်လေးခေတ်အစား အပိုင်းသုံးပိုင်း ပါရှိသည်။ ဤသည်သာလျှင် ဘုရားသခင်၏ လူသားအပေါ် စီမံခန့်ခွဲခြင်းအမှုကို မှန်ကန်စွာ ရည်ညွှန်းသည့်နည်း ဖြစ်သည်။ နောက်ဆုံးခေတ်ပြီးဆုံးချိန်တွင် လူသားမျိုးနွယ်အပေါ်စီမံခန့်ခွဲခြင်းအမှုသည် ပြည့်စုံစွာ ပြီးဆုံးခဲ့ ပြီး ဖြစ်လိမ့်မည်။ စီမံခန့်ခွဲခြင်းအမှု ပြီးဆုံးခြင်းသည် လူသားမျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှု လုံးဝ ပြီးဆုံးသွား၍ လူသားမျိုးနွယ်သည် ၎င်း၏ခရီးလမ်းဆုံးသို့ ရောက်ခဲ့ပြီးဖြစ်သည်ဟု ဆိုလို၏။ လူသား မျိုးနွယ်အားလုံးကို ကယ်တင်သည့်အမှုမရှိပါက လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှု ရှိမည်မဟုတ်ပါ။ အမှု၏ အဆင့်သုံးဆင့်သည်လည်း ရှိမည်မဟုတ်ပါ။ အတိအကျအားဖြင့် ဤသည်မှာ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားမှုကြောင့်နှင့် လူသားမျိုးနွယ်သည် ကယ်တင်ခြင်းကို အရေးတကြီး လိုအပ်နေသဖြင့် ယေဟောဝါသည် ကမ္ဘာမြေကြီးအား ဖန်ဆင်းခြင်းကို အဆုံးသတ်ခဲ့ကာ ပညတ်တော်ခေတ် အမှုကို စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်အား စီမံခန့်ခွဲသည့်အမှု စတင်ခဲ့၏။ ထိုအခါတွင်မှ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းအမှု စတင်ခဲ့၏ဟု ဆိုလိုခြင်းဖြစ်သည်။ “လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း” ဟူသည် ကမ္ဘာမြေကြီးပေါ်တွင် အသစ်ဖန်ဆင်းထားသည့် လူသားမျိုးနွယ် (ဆိုလိုသည်မှာ ဖျက်ဆီးမခံရသေးသည့် လူသားမျိုးနွယ်) ၏အသက်တာကို လမ်းပြခြင်းဟု မဆိုလိုပါ။ ထိုသို့မဟုတ်ဘဲ စာတန်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်၏။ ဆိုလိုသည်မှာ ဤပျက်စီးနေသော လူသားမျိုးနွယ်ကို ပြောင်းလဲရန်ဖြစ်၏။ ဤသည်မှာ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ အဓိပ္ပါယ်ဖြစ်၏။ လူသား မျိုးနွယ်ကို ကယ်တင်ခြင်းအမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှုမပါပေ။ ထို့ကြောင့် လူသား မျိုးနွယ်ကို စီမံခန့်ခွဲသည့်အမှုတွင် ကမ္ဘာမြေကြီးကို ဖန်ဆင်းသည့်အမှု မပါဝင်ဘဲ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းအမှုမှ သီးခြားဖြစ်သော အမှုအဆင့်သုံးဆင့်သာ ပါဝင်၏။ လူသားမျိုးနွယ်အား စီမံခန့်ခွဲခြင်း အမှုကို နားလည်ရန် အမှု၏အဆင့်သုံးဆင့် နောက်ခံသမိုင်းကို သိရှိရန်လိုအပ်သည်— ဤသည်မှာ ကယ်တင်ခံရရန် လူတိုင်းသိရမည့်အရာဖြစ်၏။ ဘုရားသခင်၏ ဖန်ဆင်းထားသော သတ္တဝါများအနေဖြင့် လူသားသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသည်ကို သင်တို့သိသင့်၍ လူသားမျိုးနွယ်၏ ပျက်စီးခြင်း အရင်းအမြစ်ကို သိသင့်သည့်အပြင် လူသား၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို သိသင့်သည်။ ဘုရားသခင်ထံမှ မျက်နှာသာရရှိရေးအတွက် အယူဝါဒနှင့်အညီ မည်သို့ပြုမူရမည်ကိုသာ သင်တို့သိ၍ လူသားမျိုးနွယ်ကို ဘုရားသခင်မှ မည်သို့ကယ်တင်သည်ကို ဖြစ်စေ၊ လူသားမျိုးနွယ် ပျက်စီးခြင်း၏ အရင်းအမြစ်ကိုဖြစ်စေ၊ အရိပ်အမြွက်မျှပင် မသိပါက ဤသည်မှာ ဘုရားသခင်ဖန်ဆင်းသော သတ္တဝါအဖြစ် သင်တို့တွင် ကင်းမဲ့နေသည့်အရာဖြစ်၏။ သင်သည် ဘုရားသခင် စီမံခန့်ခွဲခြင်းအမှု၏ ပိုမိုကျယ်ပြန့်သော နယ်ပယ် အကြောင်း မသိဘဲနေလျက် လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများကို နားလည်ခြင်းဖြင့် ကျေနပ်၍သာ မနေသင့်ပါ— ဤသို့ဖြစ်ပါက သင်သည် တစ်ယူသန်ဆန်လွန်း၏။ အမှုအဆင့်သုံးဆင့်သည် လူသားအပေါ် ဘုရားသခင်စီမံခန့်ခွဲမှု၏ အတွင်းဇာတ်လမ်း၊ စကြဝဠာတစ်ခုလုံး၏ ဧဝံဂေလိတရားစတင်ခြင်း၊ လူသား မျိုးနွယ် အားလုံးအကြား အကြီးမားဆုံးသော နက်နဲမှုနှင့် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၏ အခြေခံလည်း ဖြစ်၏။ သင်သည် သင့်အသက်တာနှင့် သက်ဆိုင်သည့် လွယ်ကူရိုးရှင်းသော သမ္မာတရားများ နားလည်ရေးကိုသာ အဓိကထား၍ နက်နဲမှုများနှင့် အမြင်များအနက် အကြီးမြတ်ဆုံး ဤအကြောင်းကို ဘာမျှမသိပါက သင်၏အသက်တာသည် ကြည့်ရုံမှလွဲ၍ မည်သည့်အတွက်မျှ မကောင်းသော ချွတ်ယွင်းနေသည့် ထုတ်ကုန်ပစ္စည်းတစ်ခုနှင့် တူနေမည်မဟုတ်ပါလော။

လူသားသည် အလေ့အကျင့်ကိုသာ အာရုံစိုက်၍ ဘုရားသခင်၏အမှုနှင့် လူသား၏ အသိဉာဏ် တို့အား ဒုတိယအဖြစ်မြင်ပါက ငွေတစ်ပြားနှင့်ပတ်သက်၍ အမြော်အမြင်ရှိသော်လည်း ပေါင်ငွေနှင့် ပတ်သက်၍ မိုက်မဲခြင်းနှင့် တူနေမည် မဟုတ်ပါလော။ သင်သိရမည့်အရာကို သင်သိရမည်ဖြစ်၍ သင် လက်တွေ့ ကျင့်သုံးရမည့်အရာကို သင်လက်တွေ့ကျင့်သုံးရမည် ဖြစ်သည်။ သို့မှသာ သင်သည် သမ္မာတရား နောက်လိုက်ရန် သိသူတစ်ဦးဖြစ်လိမ့်မည်။ ဧဝံဂေလိတရားကို သင်ဖြန့်ဝေရမည့်နေ့ ရောက်သည့်အခါ ဘုရားသခင်သည် ကြီးမြတ်၍ ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် အထွတ်အမြတ်ဆုံး ဘုရားသခင်ဖြစ်ကြောင်း၊ ကြီးမြတ်သော မည်သည့်လူသားမျှ နှိုင်းယှဉ်၍မရသော ဘုရားသခင်နှင့် မည်သူမျှ သာ၍မြင့်မားခြင်း မရှိသော ဘုရားသခင်ဟုသာ ပြောနိုင်၍...၊ သက်ဆိုင်ခြင်းမရှိ၍ အပေါ်ယံသာဖြစ်သော ဤစကားများကိုသာ ပြောနိုင်၍ အရေးပါသောစကားများ၊ အနှစ်သာရရှိသော စကားများကို မပြောနိုင်ပါက၊ သင်သည် ဘုရားသခင်ကို သိကြောင်း သို့မဟုတ် ဘုရားသခင်၏ အမှုအကြောင်း ဘာမျှပြောစရာ မရှိသည့် အပြင် သမ္မာတရားကို ရှင်းပြနိုင်ခြင်းမရှိပါက၊ သို့မဟုတ် လူသားချို့တဲ့နေသည့် အရာကို မပေးနိုင်ပါက သင်ကဲ့သို့သော သူတစ်ဦးသည် မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် တတ်စွမ်းနိုင်ခြင်းမရှိပါ။ ဘုရားသခင်အတွက် သက်သေခံခြင်းနှင့် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းသည် လွယ်ကူ ရိုးရှင်းသည့် ကိစ္စမဟုတ်ပါ။ ရှေးဦးစွာ သင့်တွင် သမ္မာတရားနှင့် နားလည်ရန် လိုသည့် အမြင်များ ရှိရပါမည်။ ဘုရားသခင်၏အမှု၏ ကွဲပြားသော ရှုထောင့်များ၏ အမြင်များနှင့် သမ္မာတရား အကြောင်းကို သင်ရှင်းလင်းစွာ သဘောပေါက်သည့်အခါ၊ သင့်နှလုံးသားတွင် ဘုရားသခင်၏အမှုကို သင်သိလာသည့်အခါ၊ ထို့အပြင် ဘုရားသခင်မှ မည်သည့်အမှုကို ပြုသည်ဖြစ်စေ— ဖြောင့်မတ်သည့် စီရင်ခြင်း ဖြစ်စေ၊ လူသားကို သန့်စင်ခြင်းဖြစ်စေ— သင်သည် သင်၏ အခြေခံအုတ်မြစ်အဖြစ် အကြီးမားဆုံးသော အမြင်ကို ပိုင်ဆိုင်၍ လက်တွေ့ကျင့်သုံးရန် မှန်ကန်သည့် သမ္မာတရားကို ပိုင်ဆိုင်ပါက သင်သည် အဆုံးတိုင်အောင် ဘုရားသခင် နောက်သို့ လိုက်နိုင်မည် ဖြစ်သည်။ သူမည်သည့်အမှုကို ပြုသည်ဖြစ်စေ ဘုရားသခင်အမှု၏ ရည်မှန်းချက် သည် ပြောင်းလဲခြင်းမရှိ၊ သူ့အမှု၏ အချက်အချာသည် ပြောင်းလဲခြင်းမရှိ၊ ထို့အပြင် လူသားအပေါ် သူ၏ဆန္ဒသည် ပြောင်းလဲခြင်း မရှိကြောင်းကို သင်သိရမည်။ သူ၏စကားလုံးများ မည်မျှပြင်းထန်သည် ဖြစ်စေ၊ ပတ်ဝန်းကျင် မည်မျှဆိုးရွားသည်ဖြစ်စေ၊ သူ့အမှု၏ အခြေခံ သဘောတရားများ ပြောင်းလဲမည် မဟုတ်။ ထို့အပြင် လူသားကို ကယ်တင်ရန် သူ၏ ရည်ရွယ်ချက်သည်လည်း ပြောင်းလဲမည်မဟုတ်ပေ။ သူ၏အမှုသည် လူသား၏အဆုံး သို့မဟုတ် လူသား၏ ခရီးလမ်းဆုံးကိုဖော်ပြရန် မဟုတ်ပါက၊ ထို့အပြင် နောက်ဆုံးအဆင့်၏ အမှုလည်း မဟုတ်ပါက၊ သို့မဟုတ် ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတစ်ရပ်လုံးကို အဆုံးသတ်ရန် မဟုတ်ပါက၊ ထို့အပြင် ၎င်းအချိန်သည် သူမှ လူသားအပေါ် အမှုဆောင်ရွက်သည့် အချိန် ဖြစ်ပါက၊ သူ့အမှု၏ အချက်အချာသည်လည်း ပြောင်းလဲမည်မဟုတ်ပေ- လူသားမျိုးနွယ်ကို ကယ်တင်ခြင်း သာ အစဉ်ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ် ဖြစ်ရမည်။ ၎င်းအမှုအဆင့်သုံးဆင့်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်း ဖြစ်သည်— ဆိုလိုသည်မှာ စာတန်၏ပိုင်နက်မှ လူသားကို လုံးဝကယ်တင်ခြင်းဖြစ်သည်။ အမှုအဆင့်သုံးဆင့်၏ အဆင့်တိုင်းတွင် ရည်မှန်းချက်နှင့် အရေးပါပုံတို့ ကွဲပြားသော်လည်း တစ်ဆင့်စီသည် လူသားကို ကယ်တင်ခြင်း အမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်၍ လူသား၏ လိုအပ်ချက်များနှင့်အညီ အကောင်အထည် ဖော်သည့် ကွဲပြားသော ကယ်တင်ခြင်းအမှု ဖြစ်သည်။ ဤအမှုအဆင့် သုံးဆင့်၏ ရည်ရွယ်ချက်ကို သင်သိသည်နှင့် တစ်ပြိုင်နက် သင်သည် အမှုအဆင့်တစ်ဆင့်စီ၏ အရေးပါမှုကို နားလည်သဘောပေါက်ပုံကို သိလိမ့်မည်ဖြစ်၍ ဘုရားသခင်၏ဆန္ဒကို မည်သို့ဖြည့်ဆည်း ရမည်ကို သင်သိလိမ့်မည်။ ဤအဆင့်ကို သင်ရောက်နိုင်ပါက ရူပါရုံအားလုံးအနက် အကြီးမားဆုံးဖြစ်သော ဤအရာသည် ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။ လက်တွေ့ကျင့်သုံးနိုင်သည့် သမ္မာတရားများရော ရူပါရုံများအပေါ် အခြေခံသည့် အသိဉာဏ်ပါ နှစ်ခုစလုံးရှိရေးအတွက် သင်သည် လွယ်ကူသော ကျင့်စဉ်များ သို့မဟုတ် လေးနက်သည့် သမ္မာတရားများ ကိုသာ ရှာဖွေရန်မသင့်ဘဲ အမြင်များကို ကျင့်သုံးမှုဖြင့် ပေါင်းစပ်ရမည်။ သို့မှသာ သင်သည် သမ္မာတရားနှင့် လုံးဝလျှောက်လှမ်း သူတစ်ဦး ဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။