ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၂၁

21.08.2020

အစဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း လူသားအား လမ်းပြမှုသည် ကလေးငယ်၏ ဘဝကို လမ်းပြသည်နှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏ အသစ်သော မွေးဖွားမှု ဖြစ်သည်။ သူတို့သည် ဣသရေလ လူမျိုးများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ရိုသေလေးမြတ် ရန် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့ နေထိုင်ရန် နားလည်ခြင်း မရှိကြပေ။ ပြောရမည်ဆိုလျှင် ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းတော်မူခဲ့သည်။ ဆိုလိုသည်မှာ သူသည် အာဒံနှင့် ဧဝကို ဖန်ဆင်း ခဲ့သည်။ သို့သော်လည်း ယေဟောဝါကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေကြီးပေါ်တွင် ယေဟောဝါ၏ ပညတ်တော်များကို မည်သို့ လိုက်နာရမည်ကို နားလည်နိုင်သော ပါရမီကို ကိုယ်တော်သည် သူတို့ကို မပေးခဲ့ပေ။ အစဦးတွင် လူသည် ယင်းသို့သော ပါရမီ ပိုင်ဆိုင်ခြင်းမရှိသည့် အတွက် ယေဟောဝါ၏ တိုက်ရိုက်လမ်းပြမှုမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှ ဤအရာကို တိုက်ရိုက်မသိနိုင်ပေ။ လူမှာယေဟောဝါ သည် ဘုရားသခင်ဖြစ်သည် ဆိုသည်ကိုသာ သိခဲ့သော်လည်း သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်၊ သူ့ကို ရိုသေလေးမြတ်ခြင်း ဆိုသည်မှာ မည်သို့သော လုပ်ရပ်ကို ခေါ်သည်၊ သူ့ကို ရိုသေလေးမြတ်ရာတွင် မည်သို့ သော စိတ်ထား ထားရှိရမည် သို့မဟုတ် သူ့ကို ရိုသေလေးမြတ်သည့် အနေဖြင့် အဘယ်အရာအား ပေးလှူ ရမည်ကို မသိခဲ့ပေ။ လူသည် လုံးဝသိရှိခြင်း မရှိခဲ့ပေ။ လူသည် ယေဟောဝါ ဖန်ဆင်းသော အရာများ အားလုံး အကြားတွင် ပျော်ပါးနိုင်သော အရာကို မည်သို့ပျော်ပါးရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကဲ့သို့သော အသက်တာသည် ထိုက်တန်သည် ဆိုခြင်းနှင့် ပတ်သက်၍မူ သူသည် ဘာဆိုဘာမျှပင် မသိခဲ့ချေ။ သူတို့ကို တစ်စုံတစ်ယောက်က ညွှန်ကြားမှုမရှိပါက၊ သူတို့ကို ကိုယ်တိုင်ကိုယ်ကျ တစ်စုံတစ်ယောက်က လမ်းပြခြင်းမရှိပါက၊ ဤလူသားမျိုးနွယ်သည် လူသားမျိုးနွယ်နှင့် မှန်ကန်ကိုက်ညီသော အသက်တာကို မည်သည့်အခါမျှ နေထိုင်နိုင်ခဲ့မည် မဟုတ်ဘဲ စာတန်၏ လျှို့ဝှက်စွာ ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရလိမ့်မည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ တစ်နည်းအားဖြင့်ဆိုလျှင်၊ သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်ဖြစ်သော အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်၊ သို့သော်လည်း သူသည် သူတို့အပေါ် နောက်ထပ်မည်သည့်ဉာဏ်ပညာ သို့မဟုတ် အသိဉာဏ်ကိုမျှ မပေးခဲ့ပေ။ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်နေခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် မည်သည့်အရာကိုမျှ နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါ၏ လူသားကို ဖန်ဆင်းခြင်း အလုပ်သည် တစ်ဝက်တစ်ပျက်သာ ပြီးဆုံးပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ပုံသဏ္ဌာန်ကိုသာ ပုံသွင်းခဲ့ပြီး သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူအပေါ်တွင် ပေးခဲ့ခြင်း မရှိပေ။ အစဦးတွင် လူ၌ သူ့ကို ရိုသေလေးမြတ်လိုစိတ်၊ သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏နှုတ်ကပတ်တော်များကို မည်သို့နားထောင်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေကြီး ပေါ်တွင်ရှိသော အသက်တာအတွက် အခြေခံ အသိပညာ မရှိခဲ့ဘဲ လူသားအသက်တာ၏ သင့်လျော်သော စည်းမျဉ်းစည်းကမ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး၊ ခုနှစ်ရက်စီမံကိန်းကို အပြီးသတ်ခဲ့သော်လည်း၊ လူသားသည် အခွံသာရှိပြီး လူသားဖြစ်မှု၏ အစစ်အမှန်များ ကင်းမဲ့နေခဲ့သောကြောင့် သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးစီးခဲ့ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည် ဆိုခြင်းကိုသာ လူသည် သိခဲ့သော်လည်း၊ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တော်များအား မည်သို့လိုက်နာရမည်ကို အရိပ်အခြေမျှပင် သူမသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာပြီးနောက် ယေဟောဝါ၏အလုပ်မှာ ပြီးဆုံးရန် များစွာလိုပေသေးသည်။ လူသားမျိုးနွယ်ကို သူ၏ရှေ့မှောက် ရောက်လာစေရန် သူ့အနေဖြင့် အပြည့်အဝ လမ်းညွှန်ပေးရန် လိုအပ်နေဆဲဖြစ်သည်၊ သို့မှသာ သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့ကို ရိုသေလေးမြတ်နိုင်မည် ဖြစ်သည်။ ထို့နောက် သူ၏လမ်းညွှန်မှုဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသားဘဝ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤနည်းလမ်းအားဖြင့်သာလျှင် ယေဟောဝါ၏ နာမတော် အောက်တွင် အဓိကအားဖြင့် လုပ်ဆောင်သော အလုပ်သည် အပြည့်အဝ ပြီးစီးခဲ့သည်၊ ဆိုလိုသည်မှာ ဤနည်းလမ်း အားဖြင့်သာလျှင် ယေဟောဝါ၏ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်း အလုပ်သည် အပြည့်အဝ အပြီးသတ်ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးနောက်တွင် လူသားမျိုးနွယ်သည် သူ၏အမိန့်များနှင့် ပညတ်တော်များကို လိုက်နာစေရန်နှင့် ကမ္ဘာမြေကြီးပေါ်တွင် ပုံမှန်လူသား အသက်တာ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်စေရန် သူသည် ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်၏ အသက်တာကို နှစ်ထောင်ပေါင်းအချို့ကြာ လမ်းပြခဲ့ရသည်။ ထိုအချိန်မှသာလျှင် ယေဟောဝါ၏ အလုပ်သည် အပြည့်အစုံ ပြီးမြောက်ခဲ့သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။