ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၆

10.06.2020

အမှုအဆင့်သုံးဆင့်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ရပ်လုံး၏ အချက်အချာတွင်ရှိ၍ ဘုရား သခင်၏ စိတ်နေသဘောထားနှင့် သူ၏ဖြစ်ခြင်းကို ၎င်းတို့တွင် ဖော်ပြထား၏။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို မသိသူတို့သည် ဘုရားသခင်သည် သူ၏စိတ်နေသဘောထားကို မည်သို့ဖော်ပြသည်ကို သိရှိနိုင်စွမ်း မရှိပါ။ ဘုရားသခင်၏ အမှု၏ အသိဉာဏ် အမြော်အမြင်ကိုလည်း မသိကြပါ။ ထို့အပြင် ထိုသူတို့သည် လူသားမျိုးနွယ်ကို သူကယ်တင်သည့် နည်းများစွာနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ဆန္ဒကိုလည်း မသိဘဲရှိနေကြ၏။ အမှုအဆင့်သုံးဆင့်သည် လူသားမျိုးနွယ်အား ကယ်တင်သည့်အမှုကို အပြည့်အဝ ဖော်ပြချက်ဖြစ်၏။ အမှုအဆင့်သုံးဆင့်ကို မသိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အမှု၏ နည်းမျိုးစုံနှင့် အခြေခံသဘောတရားမျိုးစုံကို မသိဘဲရှိလိမ့်မည်။ အမှုအဆင့်တစ်ရပ်မှ ကျန်ရှိနေသော အယူဝါဒကိုသာ တင်းကျပ်စွာ လိုက်နာသူများသည် ဘုရားသခင်ကို အယူဝါဒတွင် ကန့်သတ်ထားသူများ ဖြစ်ကြ၍ ထိုသူတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ဝိုးတဝါးနှင့် မသေချာ မရေရာဖြစ်သည်။ ထိုကဲ့သို့သော သူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်သာလျှင် ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံးကို အပြည့်အဝဖော်ပြနိုင်၍ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း လုပ်ငန်းစဉ်တစ်ရပ်လုံးကို လုံးဝ ဖော်ပြနိုင်မည် ဖြစ်သည်။ ဤသည်မှာ သူသည် စာတန်အပေါ် အောင်နိုင်၍ လူသားမျိုးနွယ်ကို ရရှိခဲ့ပြီးဖြစ်ကြောင်း သက်သေ အထောက်အထား ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ အောင်မြင်ခြင်း အထောက်အထားဖြစ်၍ ဘုရားသခင်၏ စိတ်နေ သဘောထား တစ်ရပ်လုံး၏ ဖော်ပြချက်ဖြစ်သည်။ ဘုရားသခင်အမှု အဆင့်သုံးဆင့်၏ တစ်ဆင့်ကိုသာ နားလည်သူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထား တစ်စိတ်တစ်ဒေသကိုသာ သိကြ၏။ လူသား၏ အတွေးအခေါ်အယူအဆတွင် ဤအဆင့်တစ်ဆင့်တည်းသာ အယူဝါဒဖြစ်သွားရန် လွယ်ကူ၏။ လူသားမှ ဘုရားသခင်အကြောင်း စည်းမျဉ်းစည်းကမ်းများ ချမှတ်မည့် အလားအလာများရှိလာ၍ လူသားသည် ဘုရားသခင်၏ စိတ်နေသဘောထားမှ ဤအစိတ်အပိုင်း တစ်ရပ်ကိုသာ ဘုရားသခင်၏ စိတ်နေသဘောထား တစ်ရပ်လုံး၏ ကိုယ်စားပြုမှုအဖြစ် အသုံးပြု၏။ ထို့အပြင် လူသား၏ စိတ်ကူးယဉ်အများစုမှာ အတွင်းတွင် ရောယှက်နေ၏။ ထို့ကြောင့် သူသည် ဘုရားသခင်သည် ဤသို့ တစ်ချိန်တစ်ခါက ဖြစ်ခဲ့ပါက သူသည် အစဉ် ဤသို့ရှိနေပြီး မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ဟု ယုံကြည်လျှက် ဘုရားသခင်၏ စိတ်နေ သဘောထား၊ ဖြစ်တည်မှုနှင့် ဉာဏ်အမြော်အမြင်တို့အပြင် ဘုရားသခင်အမှု၏ အခြေခံ သဘောတရားများ ကိုလည်း ကန့်သတ်ချက်ဘောင်များအတွင်း ကန့်သတ်ထား၏။ အမှုအဆင့်သုံးဆင့်ကို သိ၍ နားလည်သူများ သာလျှင် ဘုရားသခင်ကို အပြည့်အဝနှင့် အတိအကျ သိနိုင်လိမ့်မည်။ အနည်းဆုံးအနေဖြင့် ထိုသူတို့သည် ဘုရားသခင်ကို ဣသရေလအမျိုးတို့၏ ဘုရားသခင်၊ သို့မဟုတ် ယုဒလူတို့၏ ဘုရားသခင်ဟု သတ်မှတ်ခြင်း မရှိဘဲ သူ့ကို လူသားအတွက် လက်ဝါးကပ်တိုင်တွင် အစဉ်အမြဲ သံမှိုစွဲ ရိုက်နှက်ခံထား ရမည့် ဘုရားဟု မြင်လိမ့်မည် မဟုတ်ပါ။ သင်သည် ဘုရားသခင်ကို သူ၏အမှုတစ်ဆင့်မှသာ သိလာသူ ဖြစ်ပါက သင်၏ အသိဉာဏ်သည် အလွန့်အလွန် နည်း၏။ သင်၏အသိဉာဏ်သည် သမုဒ္ဒရာအတွင်း တစ်စက်သာလျှင်ဖြစ်၏။ ထိုသို့မဟုတ်ပါက ရှေးရိုးစွဲ ဘာသာရေးကိုင်းရှိုင်းသူ အများအပြားသည် အဘယ်ကြောင့် ဘုရားသခင်ကို လက်ဝါးကပ်တိုင်တွင် အရှင်လတ်လတ် သံနှင့်ရိုက်မည်နည်း။ ဤသည်မှာ လူသားသည် ဘုရားသခင်ကို ကန့်သတ်ချက်အချို့အတွင်း ကန့်သတ်ထားသဖြင့် မဟုတ်ပါသလား။ လူအများအပြားသည် ဘုရားသခင်အမှုအမျိုးမျိုးနှင့် ကွဲပြားမှုများကို မသိသောကြောင့်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို တိုင်းတာရန် အသိဉာဏ်နှင့် အယူဝါဒ အနည်းငယ်ရှိသဖြင့် ဘုရားသခင်ကို ဆန့်ကျင်၍ သန့်ရှင်းသော ဝိညာဉ်၏အမှုကို ပိတ်ဆို့ဟန့်တားကြသည် မဟုတ်ပါလော။ ထိုကဲ့သို့သော သူများ၏ အတွေ့အကြုံများသည် အပေါ်ယံသာဖြစ်သော်လည်း ထိုသူတို့သည် သဘောသဘာဝအားဖြင့် ဝင့်ဝါလျှက် စိတ်အလိုလိုက်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို ရွံရှာစက်ဆုပ်စရာအဖြစ် သဘောထား၍ သန့်ရှင်းသောဝိညာဉ်တော်၏ စည်းကမ်းများကို လျစ်လျူရှုသည့်အပြင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို အတည်ပြုရန် ၎င်းတို့၏ ဟောင်းနွမ်းသော ပေါ့တန်သည့် လျှောက်လဲချက်များကို အသုံးပြုကြ၏။ ထိုသူတို့သည် ဟန်ဆောင်ခြင်းလည်းပြု၍ ၎င်းတို့၏ ကိုယ်ပိုင်အတတ်ပညာနှင့် စာပေကျမ်းဂန်နှံ့စပ်မှု အပေါ်နှင့် ၎င်းတို့ ကမ္ဘာတစ်ဝှမ်း ခရီးသွားနိုင်စွမ်းအပေါ် လုံးဝယုံကြည်နေကြ၏။ ထိုကဲ့သို့သောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်မှ စက်ဆုပ်မုန်းတီး၍ ငြင်းပယ်သူများ မဟုတ်ပါလော။ ထိုသူများကို ခေတ်သစ်မှ ဖယ်ရှားလိမ့်မည် မဟုတ်ပါလော။ ဘုရားသခင် ရှေ့မှောက်လာ၍ သူ့ကို ပွင့်လင်းစွာ ဆန့်ကျင်သူများသည် အမြင်တိုသူ လူကလေးများ၊ ၎င်းတို့မည်မျှတော်ကြောင်း ပြရန်သာ ကြိုးစားနေသူများ မဟုတ်ပါလော။ ကျမ်းစာအနည်းအကျဉ်း တတ်ရုံဖြင့် ထိုသူတို့သည် ကမ္ဘာ့ “ပညာရေး လောက” ကို ခွရန်ကြိုးစားကြ၏။ လူတို့ကို သင်ကြားရန် အပေါ်ယံအယူဝါဒဖြင့် ထိုသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ပြောင်းပြန်လှန်ရန် ကြိုးစားကြသည့်အပြင် ၎င်းတို့အတွေးအခေါ်၏ လုပ်ငန်းစဉ်တစ်ဝိုက်တွင်သာ လည်ပတ်စေရန် ကြိုးစားကြ၏။ ထို့အပြင် ၎င်းတို့သည် အမြော်အမြင် တိုတောင်းသည့်အတွက် ဘုရားသခင်၏အနှစ် ၆၀ဝ၀ အမှုကို တစ်ချက်ကလေးကြည့်ရန် ကြိုးစားကြ၏။ ထိုသူတို့တွင် စကားပြောစရာ အကြောင်းရင်း တစ်စုံတစ်ရာ မရှိပါတကား။ အကယ်စဉ်စစ်မူ လူတို့သည် ဘုရားသခင်အကြောင်း အသိဉာဏ်များလေလေ၊ သူ၏အမှုကို စီရင်ရန် နှေးလေလေဖြစ်သည်။ ထို့အပြင် ထိုသူတို့သည် ဘုရားသခင်၏ ယနေ့အမှုအကြောင်း သူတို့၏ အသိဉာဏ် အနည်းငယ်ကိုသာ ပြောဆို၏။ သို့သော် ထိုသူတို့သည် စီရင်ရာတွင် အလျင်လိုခြင်း မရှိပေ။ လူတို့သည် ဘုရားသခင်အပေါ် သိကျွမ်းမှု နည်းလေလေ၊ ဝင့်ဝါမှုနှင့် မိမိကိုယ်ကိုယ် ယုံကြည်ခြင်း လွန်ကဲမှုတို့ များလေလေဖြစ်၍ ဘုရားသခင်၏ ဖြစ်တည်မှုအကြောင်း ဖျက်လိုဖျက်ဆီး ပိုမိုပြောလေလေဖြစ်၏— သို့ရာတွင် ထိုသူတို့သည် သဘော တရားများကိုသာ ပြောဆို၍ စစ်မှန်သည့် အထောက်အထားများ လုံးဝမပေးပေ။ ထိုသူတို့တွင် တန်ဖိုးလုံးဝ မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို ကစားပွဲတစ်ရပ်အဖြစ်သာ ရှာဖွေသူတို့သည် ပေါ့တန်သော သူများဖြစ်ကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်းမရှိသူတို့၊ အလျင်အမြန် စီရင်သူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ မှန်ကန်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ သဘာဝဗီဇကို လွတ်လပ်ခွင့် ပေးထားသူတို့နှင့် စော်ကားပုတ်ခတ် ပြောဆိုမှုများ လည်း ပြုလုပ်သူတို့— ထိုသို့ လေးစားမှုမရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအကြောင်း အသိဉာဏ်ကင်းမဲ့သူများ မဟုတ်ပါလော။ ထို့အပြင် ထိုသူတို့သည် ဝင့်ဝါသူများ၊ နဂိုစိတ်သဘောအရ မာနကြီး၍ ထိန်းမရသူများ မဟုတ်ပါလော။ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအသစ်ကို ထိုသို့သောသူများ လက်ခံသည့်နေ့ရက် ရောက်လာလျှင်သော်မှ ဘုရားသခင်သည် ထိုသူတို့ကို သည်းခံလိမ့်မည် မဟုတ်ပေ။ ထိုသူတို့သည် ဘုရားသခင်အတွက် အမှုဆောင်သူများအပေါ် အထင်သေးရုံမက ဘုရားသခင်ကိုယ်တိုင်ကိုပင် ပုတ်ခတ်ပြောဆိုကြ၏။ ထိုကဲ့သို့ မိုက်ရူးရဲ ပြုမူသူများသည် ဤကာလသော်၎င်း၊ နောက်ကာလသော်၎င်း ခွင့်လွှတ်ခြင်းခံရမည် မဟုတ်ပေ။ ထို့အပြင် ငရဲတွင် ထာဝရပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ထိုသို့သော လေးစားမှုကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင် နေကြ၍ ၎င်းတို့ ဟန်ဆောင်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ အုပ်ချုပ်မှုအမိန့်များကို စော်ကားရန် အလားအလာ များလေလေ ဖြစ်သည်။ ပင်ကိုအရင်းခံ စိတ်သဘောအရ ထိန်းချုပ်ထားခြင်း မရှိသော၊ တစ်ခါမျှ မည်သူ့ကိုမျှ နာခံခဲ့ဖူးခြင်းမရှိသော ထိုဝင့်ဝါသူ အားလုံးတို့သည် ဤလမ်းကြောင်းပေါ်တွင် လျှောက်ကြသည် မဟုတ်ပါလော။ ထိုသူတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်၍ မည်သည့်အခါမျှ ဟောင်းနွမ်းခြင်းမရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်ပါလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။