Christian Dance (သမ္မာတရားကို ရရှိရန် ကျွန်ုပ်တို့ ခရစ်တော်နောက် လိုက်လျှောက်)
26.05.2025
၁
လူသားသည် လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်၊
သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို ဖော်ပြပြီး အလုပ်လုပ်။
သမ္မာတရားကို ဆာငတ်သူများသည် ဘုရားသခင်၏ အသံတော်ကို ကြားရပြီး
သူ့ပလ္လင်တော်ရှေ့မှောက်သို့ ခေါ်ဆောင်ခံရ။
၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်ပြီး ဘုရားသခင်နှင့် တေ့တေ့ဆိုင်ဆိုင် တွေ့၊
သမ္မာတရားကို နားလည်ခြင်းသည် ဧကန်အမှန် အလွန်ချိုမြိန်လိုက်လေခြင်း။
ဘုရားသခင် ရွေးချယ်ထားသောလူများသည် ကောင်းကင်နိုင်ငံတော်၏ စားတော်ပွဲကို တက်ရောက်ပြီး
ဘုရားသခင်ရှေ့မှောက် ရှင်သန်နေထိုင်ခြင်းတွင် သူတို့သည် နှိုင်းယှဉ်၍မရအောင် ဝမ်းမြောက်။
ယနေ့တွင် နောက်ဆုံးသော ကာလ၏ ခရစ်တော်နောက် လိုက်လျှောက်ရသည်မှာ ကျွန်ုပ်တို့ ကံကောင်း၊
ကျွန်ုပ်တို့ ဧကန်အမှန် အလွန်ကောင်းချီးခံစားရလေခြင်း။
ကျွန်ုပ်တို့၏ ရိုးသားသော စိတ်နှလုံးကို ပူဇော်ဆက်ကပ်ပြီး ကျွန်ုပ်တို့တွင် ရှိသမျှ အရာအားလုံးကို အသုံးခံကာ
ဘုရားသခင်ကို စိတ်ကျေနပ်စေရန် အရာခပ်သိမ်းကို စတေး။
ဘုရားသခင်ကို ချစ်ရန် ကြိုးပမ်းရာတွင်
ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး
မိမိ၏ တာဝန်များကို ကောင်းစွာထမ်းဆောင်ရမည်ဖြစ်ကာ ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားရမည်ဖြစ်။
ကျွန်ုပ်တို့သည် သမ္မာတရား လက်တွေ့ကျမှုများသို့ ဝင်ရောက်ပြီး လူသားပုံသဏ္ဌာန်ကို အသက်ရှင် နေထိုင်ရမည်ဖြစ်၊
ထို့ကြောင့် ဘုရားသခင်၏ အချစ်နှင့် ကောင်းချီးများကို ရရှိမည်ဖြစ်။
၂
အနန္တတန်ခိုးရှင် ဘုရားသခင်သည် များလှစွာသော သမ္မာတရားများကို ဖော်ပြပြီး
လူသားထံ ထာဝရအသက်၏ လမ်းခရီးကို ပေးအပ်။
သူ၏ နှုတ်ကပတ်တော်တိုင်းက သမ္မာတရားနှင့် အသက်ဖြစ်ပြီး
ဘဝအတွက် အဖိုးတန်သော ဆောင်ပုဒ်တစ်ခုဖြစ်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ရှုခြင်းတွင် ကျွန်ုပ်တို့သည် အသက်၏ နက်နဲမှုများကို နားလည်ပြီး
ဤလောက၏ အမှောင်ထု၏ အခြေအမြစ်အထိ ရှင်းရှင်းလင်းလင်း မြင်ရ။
စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားရခြင်းဖြင့်
ကျွန်ုပ်တို့၏ ယုံကြည်မှု ကြီးထွားသန်မာ၊
ကျွန်ုပ်တို့သည် ခရစ်တော်နောက် လိုက်လျှောက်ပြီး သမ္မာတရားကို ရယူရန် စိတ်ပိုင်းဖြတ်ထား။
ဘုရားသခင်၏ နှုတ်ကပတ်တော်သာ လူများကို သန့်စင်ပြီး ကယ်တင်နိုင်ကာ
တရားစီရင်မှုကို တွေ့ကြုံခံစားရခြင်းမှတစ်ဆင့် ကျွန်ုပ်တို့ သန့်စင်ခံရ။
သမ္မာတရားကို ကျွန်ုပ်တို့နားလည်ပြီး ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို တွေ့မြင်ကာ
ဘုရားသခင်ကို ချစ်ရန်နှင့် အလင်း၏လမ်းကြောင်းကို လျှောက်လှမ်းရန် ကျွန်ုပ်တို့ ကြိုးပမ်း။
ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် မိမိတို့၏ တစ်ဘဝတာလုံးကို အသုံးခံမည်ဖြစ်၊
သေသည့်တိုင် သူ့အပေါ် သစ္စာစောင့်သိမည်ဖြစ်၊
သူ၏ စိတ်တော်နှင့် တညီတညွတ်တည်းဖြစ်ပြီး သူ၏ လူယုံဖြစ်မည်ဖြစ်။
ကျွန်ုပ်တို့သည် သမ္မာတရားနှင့် အသက်ကို ရရှိရန်၊ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရရန် လိုလား၊
ကျွန်ုပ်တို့သည် ဘုရားသခင်ကို ရာသက်ပန် ချစ်ပြီး သူ့အတွက် ထာဝရ သက်သေခံမည်ဖြစ်။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ