Christian Song - အဆင့်အတန်းကို တန်ဖိုးထားခြင်း၌ အဘယ်တန်ဖိုးရှိသနည်းကျူး
23.06.2026
၁
လူများသည် ငါ၏ ရည်ရွယ်ချက်များကို မည်ကဲ့သို့ အလေးထားခြင်း ပြရမည်ကို မသိချေ၊ ထို့ပြင် ငါ၏ လုပ်ဆောင်ချက်များကို မမြင်နိုင်ဘဲ အလင်း၏အလယ်တွင် လှုပ်ရှားနိုင်ခြင်း မရှိဘဲ အလင်း၏ ရောင်ခြည်ကိုလည်း မခံယူနိုင်ချေ။ လူသားသည် ငါ၏နှုတ်ကပတ်တော်များကို တစ်ချိန်က တန်ဖိုး ထားခဲ့သော်လည်း သူသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များကို ထိုးထွင်းသိမြင်နိုင်စွမ်း မရှိချေ။ လူသား၏ ဝိညာဉ်ရင့်ကျက်မှု အလွန် သေးနုပ်သောကြောင့် သူသည် သူ၏စိတ်နှလုံး ဆန္ဒရှိသည့်အတိုင်း မလုပ်ဆောင်နိုင်ချေ။ လူသားသည် ငါ့ကို စိတ်ရင်းအမှန်နှင့် မည်သည့်အခါမျှ မချစ်ဖူးပေ။ ငါသည် သူ့ကို ချီးမြှောက်သောအခါ သူသည် မိမိကိုယ်ကို မထိုက်တန်ဟု ခံစားရ၊ သို့သော် ဤအရာသည် သူ့အား ငါ့ကို ကျေနပ်စေရန် ကြိုးစားခြင်းငှာ မပြုပေ။ ငါသည် သူ့ကို ပေးထားပြီးဖြစ်သည့် “အဆင့်အတန်း” ကိုသာ သူ၏လက်ထဲတွင် ကိုင်ထားရုံမျှ ကိုင်ထားပြီး ယင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးရုံမျှ စစ်ဆေးလေသည်။ ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို ခံစားနိုင်ခြင်း ရှိရမည့်အစား သူသည် သူ၏ အဆင့်အတန်းနှင့်ဆိုင်သော အကျိုးခံစားမှုများကို ဆက်လက်၍သာ မွေ့လျော်ခံစားနေလေသည်။ ဤသည်မှာ လူသား၏ ချို့တဲ့ခြင်း မဟုတ်ပေလော။
၂
တောင်များ ရွေ့လျားသောအခါ ယင်းတို့သည် သင်၏ အဆင့်အတန်းအတွက် ကွေ့ရှောင်သွားခြင်းကို ပြုနိုင်မည်လော။ ရေများသည် စီးဆင်းသောအခါ ယင်းတို့သည် လူ၏ အဆင့်အတန်းရှေ့တွင် ရပ်တန့်နိုင်မည်လော။ လူ၏ အဆင့်အတန်းအားဖြင့် ကောင်းကင်နှင့် မြေကြီးသည် ပြောင်းပြန်ဖြစ်နိုင်မည်လော။ ငါသည် တစ်ချိန်က လူသားအပေါ် အထပ်ထပ် သနားကရုဏာထားခဲ့သည်။ သို့တိုင်အောင် မည်သူမျှ ဤအရာကို မြတ်နိုးခဲ့ခြင်း၊ တန်ဖိုးထားခဲ့ခြင်း မရှိပေ။ ၎င်းတို့သည် ယင်းကို ပုံပြင်တစ်ပုဒ်မျှကဲ့သို့ နားထောင်သည် သို့မဟုတ် ဝတ္ထုတစ်ပုဒ်ကဲ့သို့ ဖတ်ရှုလေသည်။ ငါ၏နှုတ်ကပတ်တော်များသည် လူသား၏နှလုံးသားကို အမှန်တကယ် မထိတွေ့လေသလော။ ငါ၏ မိန့်မြွက်ချက်များသည် အမှန်တကယ် အကျိုးသက်ရောက်မှု မရှိလေသလော။ မည်သူကမျှ ငါ၏တည်ရှိမှုကို မယုံကြည်ခြင်း ဖြစ်နိုင်မည်လော။ လူသားသည် မိမိကိုယ်ကို မချစ်ပေ။ ထိုအစား သူသည် ငါ့ကို တိုက်ခိုက်ရန် စာတန်နှင့် ပူးပေါင်းပြီး ငါ့ကို အစေခံဖို့ စာတန်ကို “အရင်းအနှီး” အဖြစ် အသုံးပြုသည်။ ယခုမှစ၍ ကမ္ဘာမြေ၏ လူတို့သည် စာတန်၏ အထင်အမြင်မှားစေခြင်း မခံရတော့စေရန်၊ စာတန်၏ တည်ရှိခြင်းကြောင့် ငါ့ကို မဆန့်ကျင်ကြဖို့အလို့ငှာ ငါသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များ အားလုံးကို ထိုးထွင်းသိမြင်မည် ဖြစ်သည်။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၂) မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ