Myanmar Sermon Series - ဘုရားသခင်သည် သူ၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရန် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း
11.11.2022
ဘုရားသခင်သည် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ကြားတွင် သူ၏ တရားစီရင်ခြင်းကို ဆောင်ရွက်မည်ကိုလည်းကောင်း၊ ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်ထံ ပေါ်ထွန်းပြီး သူ၏ မိန့်မြွက်ချက်များကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြမည်ကိုလည်းကောင်း ယုံကြည်သူအားလုံးက သိကြသည်။ သို့ဆိုလျှင် ဘုရားသခင်က ဤတရားစီရင်ခြင်းကို မည်သို့ ဆောင်ရွက်သနည်း။ သူ၏ ဝိညာဉ်သည် ကောင်းကင်တွင် ပေါ်ထွန်းပြီး ကျွန်ုပ်တို့ကို စကားပြောခြင်းဖြစ်သလော။ သခင်ယေရှု ကိုယ်တော်တိုင် ကျွန်ုပ်တို့ကို ပြောကြားခဲ့သည်။ “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၅:၂၃) “သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၅:၂၇) ထို့ကြောင့် ဤသည်မှာ ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို ပြုရန် နောက်ဆုံးသောကာလတွင် လူသားအဖြစ် လူ့ဇာတိနှင့် ကြွလာသည်ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်က တရားစီရင်ခြင်းအမှုကို ပြုရန် လူ့ဇာတိခံသောအခါ ဤသည်မှာ ကယ်တင်ရှင်က လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ ထို့ကြောင့် မိမိသည် ကယ်တင်ရှင်ကို ကြိုဆိုနိုင်ခြင်းရှိမရှိဆိုသည်မှာ မိမိက ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်နိုင်ခြင်းရှိမရှိနှင့် သက်ဆိုင်ပေသည်။ သခင့်ကို ယုံကြည်သူများစွာက မေးနိုင်သည်။ ဘုရားသခင်က အဘယ်ကြောင့် လူ့ဇာတိနှင့် တရားစီရင်ခြင်းအမှုကို ပြုရသနည်း။ သခင်ယေရှု၏ ဝိညာဉ်ခန္ဓာနှင့် အဘယ်ကြောင့် မပြုနိုင်သနည်း။ ဤတွင် နက်နဲမှုရှိသည်။ ဤစစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်းအပိုင်းသည် သင့်အား သမ္မာတရားကို ရှာဖွေပြီး အဖြေကိုတွေ့ရှိရန် လမ်းပြပါလိမ့်မည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ