Myanmar Sermon Series - လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်သည် အဘယ်ကြောင့် အမှုတော် အဆင့်သုံးဆင့် လုပ်ဆောင်ရန် လိုအပ်သနည်

20.10.2022

ပညတ်တော်ခေတ်တွင်၊ ကမ္ဘာမြေပေါ် လူတို့ ကောင်းမွန်စွာ အသက်ရှင်ရန် ကူညီဖို့ ယေဟောဝါ ဘုရားသခင်သည် သူ၏ ပညတ်တရား ထုတ်ပြန်ခြင်း အမှုကို လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ဣသရေလလူတို့က ဘုရား၏ ပညတ်တော်ခေတ် အမှု ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ သူတို့အနေဖြင့် ပညတ်တရားကိုသာ လိုက်နာရမည်ဖြစ်ပြီး သူတို့ ကယ်တင်ခံရမည်ဖြစ်ကာ မေရှိယ ကြွလာခဲ့ချိန်တွင်၊ နိုင်ငံတော်ထဲသို့ ချက်ချင်း ခေါ်ဆောင်ခံရမည်ဟု ယုံကြည်ကြသည်။ သို့သော်၊ သခင်ယေရှုက သမ္မာတရားကို ဖော်ပြပြီး ရွေးနုတ်ခြင်းအမှု ပြုဖို့ ကြွလာခဲ့ချိန်တွင်၊ ဂျူးလူမျိုးများသည် ရောမအစိုးရနှင့် အလုပ်လုပ်ခဲ့ကြပြီး သူ့ကို ကားစင်တင်ခဲ့ကြသည်။ ကျေးဇူးတော်ခေတ်တွင်၊ လူတို့က သခင်ယေရှု၏ ရွေးနုတ်ခြင်းဖြင့်၊ မိမိတို့၏ အပြစ်များ ခွင့်လွှတ်ခံခ့ရပြီး၊ သူတို့သည် အပြီးသတ် ကယ်တင်ခံခဲ့ရသည်၊ ထို့ကြောင့် သခင် ပြန်ကြွလာသည့်အခါ နိုင်ငံတော်ထဲသို့ သူတို့ တန်းခေါ်ဆောင်ခံရသင့်သည်ဟု ထင်ခဲ့ကြသည်။ နောက်ဆုံးသော ကာလတွင်၊ သခင်ယေရှုသည် လူသားမျိုးနွယ်ကို အပြည့်အဝ သန့်စင်၊ ကယ်တင်ဖို့ သမ္မာတရားကို ဖော်ပြရင်းနှင့် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်အဖြစ် ပြန်ကြွလာပြီဖြစ်သည်။ သူသည် စာတန်၏ အစိုးရနှင့် မဟာမိတ်ဖွဲ့သော ဘာသာရေးလောက၏ တစ်ဖန် ကားစင်တင်ခြင်းကို ခံရလေသည်။ အဘယ်ကြောင့် ဘုရားအမှု၏ အဆင့်တိုင်းသည် လူသားမျိုးနွယ်၏ ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်းကို ခံရလေသနည်း။ ပြီးလျှင် သူ၏ ကယ်တင်ခြင်းအမှုကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ဖို့ အဘယ်ကြောင့် လိုအပ်သနည်း။ စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း၏ ဤအပိုင်းက သင့်အား သမ္မာတရားကို ရှာဖွေပြီး အဖြေကို ရှာတွေ့ရန် လမ်းပြပါလိမ့်မည်။

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။