Christian Song - ဘုရားသခင်သည် ပို၍များသော လူများက သူ၏ကယ်တင်ခြင်းကို ရရှိရန် အလိုရှိ၏ - ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
18.01.2026
၁
ဘုရားသခင်က သာ၍များသော လူများသည် သူ၏ စကားများနှင့် အမှုတော်တို့ကို ရင်ဆိုင်ရာတွင် သေချာစွာ စူးစမ်းလေ့လာနိုင်မည်ဟုလည်းကောင်း၊ အရေးကြီးသော သတင်းစကားကို အလေးအနက်ထားခြင်းဖြင့်၊ ကိုင်းရှိုင်းမှုဖြင့် ချဉ်းကပ်နိုင်မည်ဟုလည်းကောင်း မျှော်လင့်လေသည်။ ပြစ်ဒဏ်ပေးခြင်းခံရသူတို့၏ ခြေရာအတိုင်း မနင်းလျှောက်ရန်ကို သူမျှော်လင့်ပြီး မှန်သောလမ်းခရီးကို ရှင်းလင်းစွာ သိသော်လည်း တမင်သက်သက် အာခံကာ အပြစ်ဖြေရာယဇ်ကို ဆုံးရှုံးရသည့် ပေါလုကဲ့သို့ သာ၍ပင် ဖြစ်မည် မဟုတ်ဖို့ကို သူမျှော်လင့်သည်။ ပိုများသော လူများ အပြစ်ဒဏ်ပေးခံရဖို့ ဘုရားသခင် အလိုမရှိပေ၊ ယင်းအစား ပိုများသော လူများ ကယ်တင်ခံရဖို့နှင့် ပိုများသော လူများက သူ၏ ခြေလှမ်းများကို အမီလိုက်ပြီး သူ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် သူ မျှော်လင့်သည်။
၂
ဘုရားသခင်က လူတိုင်းကို ဖြောင့်မတ်စွာ ဆက်ဆံသည်၊ သင်၏အသက်အရွယ် မည်မျှဖြစ်စေ၊ သင် မည်မျှဝါရင့်ပါစေ သို့မဟုတ် ဆင်းရဲဒုက္ခ မည်မျှ ဖြတ်သန်းခဲ့ရပါစေ၊ ဤအရာများကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်သည် မည်သူ့ကို အထင်ကြီးလေးစားခြင်း မရှိသကဲ့သို့ မည်သူ့ကိုမျှ မျက်နှာလိုက်ခြင်းမရှိပေ။ လူများအပေါ် သူ၏သဘောထားမှာ ၎င်းတို့အနေဖြင့် သမ္မာတရားနှင့် သူ၏ အမှုသစ်ကို လက်ခံရန် အရာအားလုံးကို လက်လွှတ်နိုင်ခြင်း ရှိမရှိပေါ်ကို အခြေခံလေသည်။ သူ၏ အမှုတော်အသစ်ကို သင် ခံယူနိုင်ပြီး သူဖော်ပြသည့် သမ္မာတရားကို ခံယူနိုင်လျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ရရှိနိုင်လိမ့်မည်။
အနန္တတန်ခိုးရှင် ဘုရားသခင်ကို အာခံခြင်းအတွက် ပြစ်ဒဏ်ပေးခြင်းနှင့်ဆိုင်သော စံဖြစ်သည့် သာဓကများ နိဂုံးစကား မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ