Christian Crosstalk (သခင့် မိုးတိမ်စီးကြွလာခြင်းကို စောင့်မျှော်သူတို့သည် အမင်္ဂလာရှိ၏)
24.01.2026
ဒီနေ့ခေတ်မှာ ဘေးအန္တရာယ်အမျိုးမျိုးက ပိုကြီးမားလာပြီး ခဏခဏ ဖြစ်ပွားနေပါတယ်။ ဗျာဒိတ်ကျမ်းမှာ ပရောဖက်ပြုထားတဲ့ နောက်ဆုံးသော ကာလရဲ့ ခုနစ်နှစ်တာ ကြီးမားတဲ့ ကပ်ဘေးတွေကလည်း စတင်နေပါပြီ။ တချို့က သခင်ပြန်ကြွလာပြီဖြစ်ရမယ်လို့ ခံစားမိတဲ့အတွက် မှန်တဲ့ လမ်းခရီးကို တက်တက်ကြွကြွ ရှာဖွေပြီး စုံစမ်းလေ့လာကြပါတယ်။ သူတို့ သတိမထားမိလိုက်ခင်မှာပဲ သူတို့ဟာ သခင်ကို ကြိုဆိုခဲ့ပြီး ကောင်းကင်နိုင်ငံတော် စားတော်ပွဲကို တက်ရောက်နေကြပါပြီ။ ဒါတောင်မှ ခရစ်ယာန်အများစုကတော့ သခင် မိုးတိမ်စီးပြီး ကြွလာမှာကိုပဲ စောင့်မျှော်နေကြတုန်းပါ။ သခင်ပြန်ကြွလာပြီး သမ္မာတရားကို ဖော်ပြနေပြီလို့ တခြားသူတွေ သက်သေခံတာကို ကြားတဲ့အခါမှာ ရှာဖွေဖို့၊ စုံစမ်းဖို့ ငြင်းဆန်ကြတဲ့အပြင် သခင်က မိုးတိမ်စီးပြီး ကြွလာလို့ သူတို့ကို ကောင်းကင်နိုင်ငံတော်ထဲ ခေါ်ဆောင်သွားဖို့ကိုပဲ စောင့်မျှော်နေကြတယ်။ သူတို့ရဲ့ ဆန္ဒက တကယ်ပဲ ဖြစ်လာနိုင်ပါ့မလား။ လူတွေက သခင် မိုးတိမ်စီးပြီး ကြွလာတာကို နောက်ဆုံးမှာ မြင်တွေ့လိုက်ရတဲ့အခါ သူတို့ဟာ ပျော်ရွှင်ဝမ်းမြောက်ကြမှာလား၊ ဒါမှမဟုတ် ငိုကြွေးပြီး အံသွားခဲကြိတ်ကြမှာလား။ သိရဖို့အတွက် “သခင့် မိုးတိမ်စီးကြွလာခြင်းကို စောင့်မျှော်သူတို့သည် အမင်္ဂလာရှိ၏” ဆိုတဲ့ ဒီဟာသပြဇာတ်တိုကို ကျေးဇူးပြုပြီး ကြည့်ရှုကြပါ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ