Christian Song - သင်သည် ရှင်သန်ရန်အလို့ငှာ သမ္မာတရားကို လိုက်စားရမည် - ၂၀၂၆ခုနှစ် ချီးမွမ်းခြင်း၏ အသံများ
20.01.2026
၁
သမ္မာတရားကို လိုက်စားခြင်း၏ အရိုးရှင်းဆုံးသော လက်တွေ့လုပ်ဆောင်ခြင်းမှာ သင်သည် ဘုရားသခင်ထံမှ အရာခပ်သိမ်းကို ခံယူရမည်ဖြစ်ပြီး အရာရာ၌ ကျိုးနွံနာခံရမည်ဟူ၍ ဖြစ်သည်။ ယင်းမှာ ကဏ္ဍတစ်ခု ဖြစ်သည်။ အခြားကဏ္ဍမှာ သင်၏ တာဝန်နှင့် တာဝန်ဝတ္တရားများနှင့် ပတ်သက်လာသည့်အခါတွင်လည်ကောင်း၊ ပို၍ ကျယ်ပြန့်သော အမြင်ဖြင့်ဆိုရလျှင် ဘုရားသခင်က သင့်အား ပေးအပ်သော တာဝန်ပေးစေခိုင်းချက်၊ ဘုရားသခင်က သင့်အား ခွဲဝေပေးသော အရေးကြီးသည့် အလုပ်အချို့တို့နှင့် ပတ်သက်လာသည့်အခါတွင်လည်ကောင်း သင်သည် အစဉ်သဖြင့် အဖိုးအခကို ပေးဆပ်သင့်သည်ဟူ၍ ဖြစ်သည်။ ယင်းမှာ မည်မျှပင် ခက်ခဲစေကာမူ သင်သည် အလွန်တရာ ကြိုးပမ်းအားထုတ်ရန် လိုအပ်သည်ဖြစ်စေ၊ ညှဉ်းပန်းနှိပ်စက်ခြင်း သင့်အပေါ် ကျရောက်သည်ဖြစ်စေ၊ သင်၏အသက်ကိုပင် အန္တရာယ်ဖြစ်စေသည်ဖြစ်စေ သင်သည် အဖိုးအခကို မငြိုငြင်ဘဲ သင်၏ သစ္စာစောင့်သိခြင်းကို ပူဇော်ဆက်ကပ်လျက် အသေခံသည်အထိ ကျိုးနွံနာခံရန် ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၏ တကယ့် သရုပ်သကန်တစ်ခု၊ တကယ့် ပေးဆပ်စိုက်ထုတ်ခြင်းတစ်ခုနှင့် စစ်မှန်သော လက်တွေ့လုပ်ဆောင်ခြင်းတစ်ခု ဖြစ်သည်။ လူတို့၌ သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်၍ တောင့်တသောစိတ်နှလုံး၊ သန္နိဋ္ဌာန်နှင့် ယုံကြည်ခြင်း ရှိပါက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤခွန်အား ရှိပါက ၎င်းတို့အပေါ် ကျရောက်သောအရာ မည်သည်မျှ ခက်ခဲမည်မဟုတ်ပေ။ စိုးရိမ်စရာမှာ အချို့သောသူတို့၌ ယုံကြည်ခြင်း ကင်းမဲ့နေခြင်း ဖြစ်၏။
၂
အဆုံးတွင် နောက်ဆုံးသောကာလရှိ ဤအမှုအဆင့်၌ ဘုရားသခင်သည် လူတို့အား ၎င်းတို့ လက်တွေ့လုပ်ဆောင်ရမည့် သမ္မာတရားများ၏ ကဏ္ဍတိုင်းကို ရှင်းလင်းစွာ ပြောပြတော်မူသည်။ ဘုရားသခင်၏ အမှုကို တွေ့ကြုံခံစားနေရသော ဤလက်ရှိကာလ၌ လူတို့ကို သမ္မာတရား လိုက်စားစေခြင်းသည် ၎င်းတို့အား အခက်တွေ့စေခြင်း မဟုတ်ဘဲ ထိုအစား ၎င်းတို့ အောင်မြင်နိုင်စွမ်းရှိသော အရာတစ်ခုသာ ဖြစ်၏။ ရှုထောင့်တစ်ခုအရ ဘုရားသခင်၏ ဤတောင်းဆိုချက်သည် လုံးဝ သင့်လျော်ပေသည်။ အခြားရှုထောင့်တစ်ခုအရမူ လူတို့တွင် သမ္မာတရားကို လိုက်စားရန်အတွက် လုံလောက်သော အခြေအနေများနှင့် လုံလောက်သော အခြေခံအုတ်မြစ်တစ်ခု ရှိကြသည်။ တစ်စုံတစ်ဦးသည် အဆုံးတွင် သမ္မာတရားကို မရရှိသေးပါက ၎င်းတို့၏ ပြဿနာများမှာ အလွန်အမင်း ပြင်းထန်သောကြောင့်သာ ဖြစ်သည်။ ထိုသို့သောသူတစ်ဦးသည် ၎င်းတို့ ခံစားရသည့် မည်သည့်အပြစ်ဒဏ်ကိုမဆို၊ ၎င်းတို့ ရရှိသည့် မည်သည့်အဆုံးသတ်ကိုမဆို၊ ၎င်းတို့ ကြုံတွေ့ရသည့် မည်သည့်သေခြင်းတရားကိုမဆို ထိုက်တန်ပေသည်။ ၎င်းတို့သည် သနားခြင်းနှင့် မထိုက်တန်ပေ။ ဘုရားသခင်အတွက်မူ လူတို့အတွက် သနားခြင်း သို့မဟုတ် ကရုဏာထားခြင်းကဲ့သို့သော ဝေါဟာရများ မရှိပေ။ သူသည် မိမိ၏ စိတ်သဘောထား၊ သူ ချမှတ်ထားသော ပညတ်များနှင့် စည်းမျဉ်းများ၊ လူတို့အပေါ်ထားရှိသော သူ၏ တောင်းဆိုချက်များနှင့် ထိုသူ၌ရှိသော သရုပ်သကန်များအပေါ် အခြေခံ၍ လူတစ်ဦး ရသင့်ရထိုက်သော အဆုံးသတ်ကို တရားစီရင်ပြီး လူတစ်ဦးအတွက် ဤဘဝနှင့် နောင်ဘဝသည် မည်သို့ဖြစ်သည်ကို ဆုံးဖြတ်၏။ ယင်းမှာ ထိုမျှပင် ရိုးရှင်းလှသည်။
၃
ဘုရားသခင်သည် လူမည်မျှ ရှင်သန်ကျန်ရစ်မည်၊ သို့မဟုတ် နောက်ဆုံးတွင် မည်မျှ ဖျက်ဆီးခြင်းနှင့် အပြစ်ပေးခြင်း ခံရမည်ကို ဂရုမစိုက်ပေ။ ဤအရာက သင်တို့ကို အဘယ်အရာ ပြောပြသနည်း။ ယင်းက ဘုရားသခင်သည် လူအရေအတွက်ကို ကြိုတင်ပြဋ္ဌာန်းထားခြင်း မရှိကြောင်းနှင့် သင်သည် ယင်းအတွက် ကြိုးစားအားထုတ်နိုင်ကြောင်းကို သင်တို့အား ပြောပြသည်။ ဘုရားသခင်သည် ယခု သူ ပြုသည့်အတိုင်း စကားပြောပြီး အလုပ်လုပ်တော်မူသည်။ သူသည် လူတိုင်းကို မျှတစွာ ဆက်ဆံပြီး လူတိုင်းကို လုံလောက်သော အခွင့်အရေး ပေးတော်မူသည်။ သူသည် သင့်အား လုံလောက်သော အခွင့်အရေး၊ လုံလောက်သော ကျေးဇူးတော်နှင့် သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အလုပ်၊ သူ၏ သနားကရုဏာနှင့် သည်းခံခြင်းတို့၏ လုံလောက်သော အတိုင်းအတာတစ်ခုကို ပေးတော်မူသည်။ သူသည် လူတိုင်းအပေါ် မျှတပေသည်။ သင်သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်နောက်သို့ လိုက်သည့် လမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းခဲ့ပါက၊ သင်သည် မည်မျှကြီးမားသော ဆင်းရဲဒုက္ခကို ခံစားရသည်ဖြစ်စေ၊ မည်မျှများပြားသော အခက်အခဲများကို ကြုံတွေ့ရသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခြင်းခံရပါက သင်သည် ကယ်တင်ခြင်းခံရလိမ့်မည်။ သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး စံနှုန်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး၊ အရာခပ်သိမ်း၏ စံနှုန်းပြည့်မီသော သခင်တစ်ဦး ဖြစ်လာနိုင်ပါက သင်သည် ရှင်သန်ကျန်ရစ်လိမ့်မည်။
နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ လူတို့သည် အဘယ်ကြောင့် သမ္မာတရားကို လိုက်စားရမည်နည်း မှ
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
အခြား ဗီဒီယိုအမျိုးအစားများ