အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၀ ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက

ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက၊ လောကတွင် မျောပါလွင့်ပါးနေဆဲ၊

အပြစ်တွင် နာကျင်စွာ ရုန်းကန်နေဆဲ၊ မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိပဲ ရှင်သန်နေဆဲ ဖြစ်မည်။

ကျွန်ုပ်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မခံခဲ့ရပါက၊ နတ်ဆိုးများ၏ နင်းချေခြင်းကို ခံရဆဲ၊

အပြစ်၏ သာယာမှုများကို ပျော်မွေ့နေဆဲ၊ လူသား အသက်တာ၏ လမ်းကြောင်းသည် ဘယ်မှာမှန်း မသိဆဲ ဖြစ်မည်။

အနန္တတန်ခိုးရှင် ဘုရားသခင်သည် ကျွန်ုပ်အဖို့သနားကရုဏာနှင့် ပြည့်စုံသည်၊ သူ့ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို အော်ခေါ်သည်။

ကျွန်ုပ်သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး၊ သူ့ပလ္လင်တော် ရှေ့တော်မှောက်ချီမခံရသည်။

နေ့စဉ်နေ့တိုင်း ကျွန်ုပ်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည်၊ ကျွန်ုပ်သည် သမ္မာတရား များစွာကို နားလည်သဘောပေါက်သည်။

လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အလွန် နက်ရှိုင်း သည်ကို ကျွန်ုပ် မြင်ရသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို အမှန်တကယ် လိုအပ်လေသည်။

ဘုရားသခင်၏ သမ္မာတရားက ကျွန်ုပ်ကို သန့်စင်ပြီး၊ ကယ်တင်သည်။

ကျွန်ုပ်သည် အကြိမ်ပေါင်းများစွာ တရားစီရင်ပြီး၊ စစ်ဆေးခံရသည်၊ ပြီးလျှင် ကျွန်ုပ်၏ အသက်တာ စိတ်သဘောထားသည် အတော်အတန် ပြောင်းလဲလာသည်။

ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို တွေ့ကြုံခံစားရင်း၊ ကျွန်ုပ်သည် သူ၏ချစ်ဖွယ်ကောင်းမှုကို နားလည်သဘောပေါက်လာသည်။

ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်ပြီး၊ မကောင်းသော အကျင့်ကို ရှောင်နိုင်သည်၊ ပြီးလျှင် လူသားပုံသဏ္ဌာန် အနည်းငယ်အတိုင်း အသက်ရှင်နေထိုင်သည်။

ကျွန်ုပ်သည် ဘုရားသခင်ကို မျက်နှာချင်းဆိုင် မြင်ဖူးခဲ့ပြီ၊ ကျွန်ုပ်သည် သူ၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို မြည်းစမ်းခဲ့ဖူးပြီ။

ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့မှ တစ်ဆင့် ကျွန်ုပ်သည် သူ၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို လက်ခံရရှိသည်။

ကျွန်ုပ်တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းရင်း၊ ကျွန်ုပ် နှလုံးသားသည် ပျော်ရွှင်ပြီး ငြိမ်းအေးသည်။

အပြန်အလှန်ချစ်ခြင်း၌ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လမ်းပြမှု နှင့် ကောင်းကြီးမင်္ဂလာတို့ဖြင့် ဘုရားသခင် ရှေ့တော်မှောက်တွင် အသက်ရှင်နေထိုင်သည်။

ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်၊ ဘုရားသခင်ကို နာခံပြီး စစ်မှန်သည့် အသက်တာတစ်ခုကို အသက်ရှင်နေထိုင်သည်။

ဘုရားသခင်၏ အလုပ်သည် စစ်မှန်ပြီး အသက်ရှင်သည်၊ ဘုရားသခင်သည် ဂုဏ်သရေရှိပြီး၊ ချစ်ဖွယ်ကောင်းသည်၊။

သူ၏ ချစ်ခင်မြတ်နိုးခြင်းနှင့် ချစ်ဖွယ်ကောင်းခြင်းတို့ကို တွေ့မြင်ရင်း၊ ကျွန်ုပ်သည် မိမိအသက်တာကို သူ့ထံဆက်ကပ် အပ်နှံချင်သည်။

ကျွန်ုပ်သည် သမ္မာတရားကို ရှာဖွေပြီး၊ သူ့ကို ထာဝရ ချစ်သွားမည်၊ ကျွန်ုပ်သည် သူ၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် မိမိ၏ တာဝန်ကို ဖြည့်ဆည်းမည်။

ယခင်က:ဘုရားနှင့် အကျွမ်းဝင်ခြင်း

နောက်တစ်ခုသို့:အို ကျွန်ုပ်၏ချစ်သောအရှင်၊ ကျွန်ုပ်ကိုယ်တော်ကို ရှာနေ၏

သင်နှစ်သက်နိုင်သည့် အရာများ

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ