တရုတ်ကွန်မြူနစ်ပါတီက ခရစ်ယာန်များအား ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်ညှဉ်းပန်းခြင်းဆိုင်ရာ အဖြစ်မှန်များ အပိုင်း ၁၉ : ခရစ်ယာန်တစ်ဦး မျက်စိကွယ်အောင် ရိုက်နှက်ခံရခြင်း- မိသားစုတစ်စုလုံး ၁၂ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေရခြင်း

11.07.2026

တရုတ်ပြည်မကြီးမှာ အာဏာရကတည်းက ဆိုးယုတ်တဲ့ စီစီပီဟာ ဘာသာရေးယုံကြည်မှုကို အရူးအမူး ဖိနှိပ်ခဲ့ပါတယ်။ စီစီပီဟာ သမ္မာတရားနဲ့ ဘုရားသခင်ကို အင်မတန်ကို မုန်းတီးပါတယ်။ သူတို့က ခရစ်ယာန်တွေကို လက်လွတ်စပယ် ဖမ်းဆီးပြီး နှိပ်ကွပ်ရုံတင်မကဘဲ လုံးဝ မျိုးဖြုတ်ပစ်ဖို့ ကြိုးစားနေတာပါ။ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်မှာ ခရစ်ယာန် အတော်များများဟာ စီစီပီရဲတွေလက်ချက်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နှိပ်ကွပ်မှုနဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကို ခံစားနေကြရတယ်။ တချို့ဆိုရင် ကြမ်းကြမ်းတမ်းတမ်း အရိုက်ခံရပြီး မသန်မစွမ်းဖြစ်သွားတယ်၊ ကိုယ့်ကိုယ်ကိုယ်တောင် မစောင့်ရှောက်နိုင်တော့ဘူး။ တချို့က သေလုမျောပါးဖြစ်တဲ့အထိ နှိပ်စက်ခံရပြီး အသက်မြှင်းမြှင်းပဲ ကျန်တော့တဲ့အချိန်ရောက်မှ ပြန်လွတ်လာကြတယ်။ ပြီးတော့ တခြားလူတော်တော်များများက နှိပ်ကွပ်ခံရလို့ သေဆုံးသွားကြတယ်။ ခရစ်ယာန်တွေဟာ အရိုက်ခံရလို့ ဒုက္ခိတဖြစ်သွားပြီးတဲ့နောက် ဒါမှမဟုတ် အထောက်အထား မလုံလောက်လို့ ပြန်လွတ်လာပြီးနောက် ဒါမှမဟုတ် ပြစ်ဒဏ်စေ့လို့ ပြန်လွတ်လာပြီးတဲ့နောက်တောင် သူတို့ဟာ ရဲတွေရဲ့ စောင့်ကြည့်တာနဲ့ မရပ်မနား နှောင့်ယှက်တာကို ခံကြရတုန်းပါပဲ။ ရဲတွေက သူတို့ကိုဆန့်ကျင်တဲ့ အထောက်အထား တစ်ခုခုတွေ့တာနဲ့ ဒီလူတွေဟာ ဒုတိယအကြိမ် ဒါမှမဟုတ် တတိယအကြိမ် ဖမ်းဆီးခံရပြီး ဆက်နှိပ်ကွပ်တာကို ရင်ဆိုင်ရပါတယ်။ စီစီပီရဲ့ မရပ်မနား ဖမ်းဆီးတာနဲ့ နှိပ်ကွပ်တာကို ရှောင်ရှားဖို့အတွက် ခရစ်ယာန်တော်တော်များများဟာ မိသားစုကိုစွန့်ခွာပြီး ဇာတိမြေကနေ ထွက်ပြေးရပြီး ပုန်းအောင်းနေထိုင်ကြရတယ်။ အဲဒီလိုမှမဟုတ်ရင် မိသားစုတစ်ခုလုံးတောင် ထွက်ပြေးတိမ်းရှောင်ကြရတယ်။ ကျန်းစုပြည်နယ် ယန်ကျိုးမြို့က ခရစ်ယာန် ရွှဲယွီတို့ မိသားစုဟာ စီစီပီရဲ့ လိုက်လံဖမ်းဆီးတာနဲ့ နှိပ်ကွပ်တာကို ခံရတဲ့ မရေမတွက်နိုင်တဲ့ ခရစ်ယာန်မိသားစုတွေထဲက တစ်စုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ မနက် ၈ နာရီကျော်လေးမှာပဲ ရွှဲယွီနဲ့ သူ့အဖေဟာ စုဝေးပွဲသွားရာလမ်းမှာ ရဲတွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်။ စစ်ဆေးမေးမြန်းနေတုန်း သားအဖနှစ်ယောက်လုံး ရဲတွေရဲ့ ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်တာကို ခံခဲ့ရတယ်။ ဒါတောင်မှ သူတို့က အသင်းတော် အချက်အလက်တွေ ထုတ်ပြောဖို့ကို တစိုက်မတ်မတ် ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းမှာ အချုပ်ခန်းမှာ ချုပ်နှောင်ခံခဲ့ရတယ်။ ထိန်းသိမ်းခံထားရစဉ်အတွင်းမှာ ရဲတွေက ရွှဲယွီကို ရိုက်နှက်ဖို့ အကျဉ်းသားတွေကို အမိန့်ပေးခဲ့တဲ့အတွက် သူ့ရဲ့ ဘယ်ဘက်မျက်လုံး ကွယ်သွားခဲ့တယ်။ နောက်အချုပ်ခန်းတစ်ခုမှာ ရွှဲယွီရဲ့ အဖေကလည်း ရဲတွေနဲ့ အကျဉ်းခန်းခေါင်းဆောင်လက်ချက်နဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းဆဲမှုကို ခံစားခဲ့ရပြီး မချိမဆံ့ နှိပ်စက်မှုကို ခံစားခဲ့ရတယ်။ မျက်စိကွယ်သွားတဲ့ ရွှဲယွီရဲ့ ဘယ်ဘက်မျက်လုံး ဒဏ်ရာက ပိုပိုဆိုးလာပြီး အဖျားကြီးပြီး မကျတော့ဘူး။ သူက အရမ်းကို နာကျင်ခံစားနေရပြီး ရဲတွေက တာဝန်ယူရမှာကြောက်လို့ ရွေးချယ်စရာ မရှိဘဲ သားအဖနှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်ရတယ်။ ဒါပေမဲ့ သူတို့ပြန်လွတ်လာပြီးနောက်မှာလည်း ရဲတွေက သူတို့ကို ဒီတိုင်း မလွှတ်ထားခဲ့ပါဘူး။ သူတို့ကို နောက်တစ်ကြိမ် ဖမ်းဖို့ ကြိုးစားရင်း မိသားစုကို အမြဲတမ်း စောင့်ကြည့်ပြီး နှောင့်ယှက်နေခဲ့တယ်။ ထပ်ပြီး ဖမ်းဆီး နှိပ်ကွပ်တာမခံရအောင် အဲဒီမိသားစုဟာ ကိုယ့်အိမ်ကနေ မဖြစ်မနေ ထွက်ပြေးခဲ့ကြရတယ်။ ၂၀၁၄ ခုနှစ် အစောပိုင်း ထွက်ပြေးခဲ့ရကတည်းက သူတို့ဟာ ၁၂ နှစ်တိတိ ရဲတွေရဲ့ လိုက်လံဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အဖမ်းခံရပြီးတဲ့နောက် ရွှဲယွီနဲ့ သူ့အဖေဟာ ဘယ်လို လူမဆန်တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ တကယ်ကို ခံစားခဲ့ရသလဲ။ ပြီးတော့ ဒီ ၁၂ နှစ်တာကာလအတွင်း ရဲတွေက အဲဒီမိသားစုကို ဘယ်လိုလိုက်ဖမ်းခဲ့တာလဲ။ လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်း ဒီမိသားစုဟာ လူမသိသူမသိ ဆင်းရဲဒုက္ခ ဘယ်လောက်တောင် ခံစားခဲ့ရသလဲ။

00:22 အသားပေးပြသချက်များ

02:22 ရွှဲယွီနဲ့ သူ့အဖေဟာ စုဝေးပွဲသွားရာလမ်းမှာ ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းခံရချိန်မှာ ရက်ရက်စက်စက် ရိုက်နှက်ခံလိုက်ရ

10:30 အခန်းလူကြီးက ပြဿနာရှာပြီး ရွှဲယွီရဲ့မျက်လုံးကို ပြင်းပြင်းထန်ထန် ထိခိုက်သွားအောင်လုပ်ခဲ့

15:25 ရွှဲယွီရဲ့ ဘယ်ဘက်မျက်လုံး ကန်းသွားတယ်လို့ ဆရာဝန်က အတည်ပြုပေမဲ့ အစောင့်ကတော့ လုံးဝကို ဂရုမစိုက်ခဲ့

17:18 ရွှဲယွီဟာ သေလုမျောပါးဖြစ်တဲ့အထိ နှိပ်စက်ခံရပြီးမှပဲ ပြန်လွတ်လာခဲ့

21:03 ရွှဲယွီရဲ့အဖေဟာ အဖမ်းခံရပြီးနောက် ရက်ရက်စက်စက် ရိုက်နှက်ခံရပြီး ဒုစရိုက်မှုဆိုင်ရာ ထိန်းသိမ်းရေးစခန်းဆီ ပို့ခံခဲ့ရ

24:03 ရွှဲယွီရဲ့အဖေဟာ နေ့တိုင်း အလုပ်လုပ်နေရင်း လက်ထိပ်တွေ၊ ခြေကျင်းတွေ အတင်းအကျပ် ခတ်ထားခံရ

29:29 ရွှဲယွီရဲ့အမေဟာ သားဖြစ်သူ မျက်လုံးကန်းသွားတာကို မြင်လိုက်ရတော့ ရင်ကွဲမတတ် ဖြစ်သွားရှာ

33:24 ရဲတွေရဲ့ အဆက်မပြတ် စောင့်ကြည့်တာနဲ့ နှောင့်ယှက်တာတွေကို ရင်ဆိုင်ရတဲ့အတွက် ရွှဲယွီတို့ မိသားစုတစ်စုလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရ

41:21 နိဂုံးချုပ်မှတ်ချက်များ

43:28 ပြစ်မှုကျူးလွန်သူများ၏ အချက်အလက်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။