နိုင်ငံတော် ဧဝံဂေလိတရား စကားဝိုင်း၊ အပိုင်း ၁၇ : အိန္ဒိယ ခရစ်ယာန် သင်းအုပ်ဆရာ ပရိုဘင် ဘိုရို နှင့် နက်နဲသော ဆွေးနွေးမေးမြန်းမှု

11.11.2026

ပရိုဘင် ဘိုရိုကို အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ သူဟာ ဓမ္မပညာကို လေ့လာဖို့ ဓမ္မကောလိပ်ကို တက်ရောက်ခဲ့ပေမဲ့ ဓမ္မပညာ သီအိုရီတွေက သူ့ယုံကြည်ခြင်းမှာရှိတဲ့ ဝေခွဲမရဖြစ်မှုတွေကို မဖြေရှင်းပေးနိုင်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဘုရားသခင်ကို အစေခံတဲ့ အနှစ် ၂၀ ကျော်မှာ အသင်းတော် တဖြည်းဖြည်း ခြောက်ကပ်လာတာကို သူမြင်ခဲ့ရတယ်။ သင်းအုပ်တွေနဲ့ အကြီးအကဲတွေက အချင်းချင်း အကောက်ကြံနေကြပြီး ယုံကြည်သူတွေက လောကရေစီးကြောင်းနောက် လိုက်နေကြပေမဲ့ သူ ဘာမှမတတ်နိုင်ခဲ့ပါဘူး။ ဓမ္မပညာကို နားလည်ထားပေမဲ့ ဘာကြောင့် အသင်းတော်ကို မထောက်ပံ့နိုင်ရတာလဲ၊ သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးတာတောင် လူတွေဟာ ဘာကြောင့် အပြစ်ရဲ့ ချည်နှောင်မှုကနေ မလွတ်မြောက်နိုင်သေးတာလဲဆိုတာကို သူ အသည်းအသန် ဆက်ပြီး ရှာဖွေခဲ့ပါတယ်။ သူ အမှောင်ထဲ လမ်းပျောက်ပြီး အဖြေတွေကို အသည်းအသန် ရှာဖွေနေချိန် ၂၀၁၉ ခုနှစ်မှာ ဖေ့စ်ဘွတ်ခ်ကနေတစ်ဆင့် စုဝေးပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားချက်ကို သူလက်ခံခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ယုံကြည်ခြင်း ခရီးစဉ်အတွက် အချိုးအကွေ့တစ်ခု ဖြစ်ခဲ့ပါတယ်။

02:43 ဓမ္မအသိပညာက ကျွန်တော့်ရင်ထဲမှ ဝေခွဲမရဖြစ်မှုကို မဖြေရှင်းပေးနိုင်ခဲ့ပါ

13:09 ဓမ္မအသိပညာက အသင်းတော်၏ ခြောက်ကပ်နေခြင်းကို ဖြေရှင်းပေးနိုင်သလား

29:48 သခင် ပြန်ကြွလာခြင်းကို နောက်ဆုံးတော့ ကျွန်တော် ကြိုဆိုနိုင်ခဲ့ပြီ

52:46 သခင် ပြန်ကြွလာခြင်းကို ကြိုဆိုပြီးနောက် ယခင်အသင်းတော်၏ ပစ်ပယ်ခံရခြင်း

01:04:03 ဓမ္မပညာအပေါ် ကျွန်တော့် ဆင်ခြင်သုံးသပ်ချက်နှင့် နားလည်သဘောပေါက်မှု

01:18:33 အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ပြီး အပြစ်မှ သန့်စင်ခြင်းခံရဖို့ လမ်းကြောင်းကို ကျွန်တော် တွေ့ရှိခဲ့ပြီ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။