ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၄၃၃

ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားသခင်ဖြစ်သည်- သူ၏ အမှုအားလုံး လက်တွေ့ကျသည်၊ သူပြောသည့် နှုတ်ကပတ်တော်အားလုံး လက်တွေ့ကျပြီး၊ သူဖော်ပြသည့် သမ္မာတရားအားလုံး လက်တွေ့ကျလေသည်။ သူ၏ နှုတ်ကပတ်တော်များ မဟုတ်သော အရာအားလုံးသည် နားဝေတိမ်တောင် ဖြစ်သည့်အရာဖြစ်သည်၊ အမှန်တကယ်မရှိသကဲ့သို့ မခိုင်လုံပေ။ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲသို့ လမ်းပြရန်ဖြစ်သည်။ အကယ်၍ လူတို့သည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်မှုကို လိုက်စားဖို့ဖြစ်ပါက၊ လက်တွေ့အရှိတရားကို ၎င်းတို့ ရှာဖွေရမည်ဖြစ်ပြီး လက်တွေ့အရှိတရားကို ၎င်းတို့ သိရမည်၊ ထို့နောက်တွင် ၎င်းတို့သည် လက်တွေ့အရှိတရားကို တွေ့ကြုံရမည်ဖြစ်ပြီး လက်တွေ့အရှိတရား၌ အသက်ရှင်နေထိုင်ရမည်။ လူတို့သည် လက်တွေ့အရှိတရားကို သိရှိလေလေ၊ အခြားသူများ၏ စကားများက စစ်မှန်သည် မစစ်မှန်သည်ကို ၎င်းတို့ သိမြင်နိုင်လေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ သိရှိလေလေ၊ အယူအဆများ နည်းပါးလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားကို လူတို့ တွေ့ကြုံလေလေ၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ၎င်းတို့ သိလေလေဖြစ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများမှ လွတ်မြောက်ဖို့ ၎င်းတို့အတွက် လွယ်ကူလေလေ ဖြစ်သည်။ လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်ကို ၎င်းတို့ သိရှိလေလေဖြစ်ပြီး၊ ဇာတိပကတိကို ၎င်းတို့ စက်ဆုပ်ရွံရှာလေလေ ဖြစ်ကာ သမ္မာတရားကို ချစ်မြတ်နိုးလေလေ ဖြစ်သည်။ ပြီးလျှင် လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ ဘုရားသခင်၏ သတ်မှတ်ချက်များ၏ စံချိန်စံညွှန်းများနှင့် ၎င်းတို့ နီးစပ်လေလေဖြစ်သည်။ ဘုရားသခင်၏ ရယူခြင်းခံရသော လူတို့သည် လက်တွေ့အရှိတရားကို ပိုင်ဆိုင်သူများ၊ လက်တွေ့အရှိတရားကို သိရှိသူများနှင့် လက်တွေ့အရှိတရားကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များကို သိရှိလာသောသူများ ဖြစ်သည်။ သင်သည် လက်တွေ့ကျသော နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ကာ သင်၏ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပ်မတ်လေလေ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိလေလေ ဖြစ်လိမ့်မည်၊ လက်တွေ့အရှိတရားကို သင် ရရှိလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ခံရလေလေ ဖြစ်လိမ့်မည်၊ ထိုသို့ဖြင့် ဘုရားသခင်၏ စစ်မှန်သော လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သည့် သင်၏ အသိပညာသည် သာ၍ ကြီးမားလေလေ ဖြစ်လာလိမ့်မည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ မျက်မှောက် အလင်းအောက်တွင် အသက်ရှင်နိုင်ပါက၊ လက်ရှိလက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းသည် သင့်အဖို့ ပိုမိုရှင်းလင်းလာလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘာသာရေး အယူအဆများနှင့် အတိတ်က အလေ့အထဟောင်းများမှ မိမိကိုယ်ကိုယ် ပိုမိုဖယ်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ယနေ့ လက်တွေ့အရှိတရားသည် အချက်အချာ ဖြစ်၏- လူတို့၌ လက်တွေ့အရှိတရား ရှိလေလေ၊ သမ္မာတရားနှင့်သက်ဆိုင်သော ၎င်းတို့၏ အသိပညာသည် ရှင်းလင်းလေလေ ဖြစ်ပြီး၊ ဘုရားသခင်၏အလိုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သိနားလည်မှု ကြီးမားလေလေ ဖြစ်သည်။ လက်တွေ့အရှိတရားသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ အားလုံးကို ကျော်လွှားအောင်မြင်နိုင်သည်၊ သဘောတရားများနှင့် ကျွမ်းကျင်မှုအားလုံးကို ကျော်လွှားအောင်မြင်နိုင်သကဲ့သို့၊ လူတို့သည် လက်တွေ့အရှိတရားကို အာရုံစိုက်လေလေ၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ချစ်မြတ်နိုးလေလေ ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များကို ဆာလောင်ငတ်မွတ်လေလေ ဖြစ်သည်။ သင်သည် လက်တွေ့အရှိတရားကို အမြဲ အာရုံစိုက်ပါက၊ သင်၏ ရှင်သန်ခြင်းအတွက် အတွေးအခေါ်များ၊ ဘာသာရေးအယူအဆများနှင့် ပင်ကိုစရိုက်တို့သည် ဘုရားသခင်၏အမှုနောက်တွင် အလိုအလျောက် ဖျောက်ဖျက်ခံရလိမ့်မည်။ လက်တွေ့အရှိတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သော အသိပညာမရှိသူတို့သည် သဘာဝလွန်သည့်အရာ နောက်သို့လိုက်ရန် အလားအလာရှိကြပြီး၊ အလွယ်တကူ လိမ်လည်လှည့်ဖြား ခံရလိမ့်မည်။ ထိုသို့သောလူများ၌ သန့်ရှင်းသောဝိညာဉ်တော်သည် အမှုပြုရန် နည်းလမ်း လုံးဝ မရှိသောကြောင့် ၎င်းတို့သည် လစ်ဟာမှုကို ခံစားကြရပြီး ၎င်းတို့၏ ဘဝများက အဓိပ္ပာယ်မရှိဟု ခံစားကြရလေသည်။

သင်သည် အမှန်တကယ် လေ့ကျင့်သည့်အခါမှ၊ အမှန်တကယ် ရှာဖွေသည့်အခါမှ၊ အမှန်တကယ် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခြင်းအတွက် ဆင်းရဲဒုက္ခခံရန် လိုလားနေသည့်အခါမှသာ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အထဲတွင် အလုပ်လုပ်နိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းမပြုသူတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ၊ အနှစ်သာရမဲ့သော သဘောတရားများမှလွဲ၍ မည်သည့်အရာမျှ မရှိကြသကဲ့သို့၊ သမ္မာတရားမရှိသော သူတို့သည် သဘာဝအားဖြင့် ဘုရားသခင်နှင့် သက်ဆိုင်သည့် အယူအဆများစွာ ရှိကြလေသည်။ ဤသို့သောလူများသည် တတိယကောင်းကင်ဘုံသို့ တက်နိုင်ရန်အလို့ငှာ ၎င်းတို့၏ ဇာတိခန္ဓာကိုယ်ကို ဝိညာဉ်ကိုယ်ခန္ဓာအဖြစ်သို့ ဘုရားသခင်က ပြောင်းလဲစေရန်အတွက်သာ တောင့်တကြသည်။ ထိုလူတို့သည် မိုက်မဲလိုက်လေစွ။ ထိုသို့သောအရာများကို ပြောသောသူအားလုံးသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ သို့မဟုတ် လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာမရှိကြချေ။ ဤကဲ့သို့သော လူများသည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်သကဲ့သို့၊ မလှုပ်မယှက်သာ စောင့်ဆိုင်းနိုင်ကြသည်။ လူတို့သည် သမ္မာတရားကို သိနားလည်ပြီး၊ သမ္မာတရားကို ရှင်းလင်းစွာ မြင်ရန်ဆိုပါက၊ ထို့အပြင် ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ပြီး ထိုသမ္မာတရားကို လက်တွေ့ လုပ်ဆောင်ရန်ဆိုပါက၊ ၎င်းတို့အနေဖြင့် အမှန်တကယ် လေ့ကျင့်ကြရမည်၊ အမှန်တကယ် ရှာဖွေကြရမည်ဖြစ်ပြီး အမှန်တကယ် ဆာလောင်မွတ်သိပ် ကြရမည်။ သင်သည် ဆာလောင်မွတ်သိပ်သောအခါ၊ ပြီးလျှင် ဘုရားသခင်နှင့် အမှန်တကယ် ပူးပေါင်းလုပ်ဆောင်သည့်အခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင့်ကို ဧကန်မုချ တို့ထိလိမ့်မည်ဖြစ်ပြီး၊ သင်၏အတွင်းတွင် အလုပ်လုပ်လိမ့်မည်၊ ယင်းက သင့်ထံ ဉာဏ်အလင်းပေးခြင်း ပိုမိုဆောင်ကြဉ်းလိမ့်မည်ဖြစ်ပြီး၊ လက်တွေ့အရှိတရားနှင့် သက်ဆိုင်သည့် အသိပညာကို သာ၍ ပေးလိမ့်မည်ဖြစ်သကဲ့သို့၊ သင်၏အသက်တာအဖို့ သာ၍ ကြီးမားသည့် အကူအညီဖြစ်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့အရှိတရားကို သိရှိပုံ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၅၃၆

ဘုရားသခင်၏ နှုတ်ထွက်စကားတိုင်းက ငါတို့၏ သေကွင်းသေကွက်များကို ထိုးနှက်ပြီး ငါတို့အား ကြောက်ရွံ့စိတ်နှင့် ပြည့်စေပြီး နာကျင်စူးရှစေသည်။...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အသက်အတွင်း ဝင်ရောက်မှု | ကောက်နုတ်ချက် ၃၈၆

အကြိမ်များစွာ ကျရှုံးခြင်းနှင့် ပြိုလဲကျခြင်းသည် ဆိုးသည့် အရာမဟုတ်သလို၊ ဖော်ထုတ်ခံနေရခြင်းသည်လည်း ဆိုးသည့် အရာ မဟုတ်ပါ။ သင်...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၁၄၂

လူသားအပေါ် လုပ်ဆောင်သည့် စာတန်၏ အလုပ်က မည်သည့်အင်္ဂါရပ်မျိုးကို ကိုယ်စားပြုသနည်း။ သင်တို့ကိုယ်တိုင်၏ အတွေအကြုံများမှ ဤအရာကို သိသင့်၏၊...

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၁၄

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်တစ်ဆင့်ချင်းစီတွင် လူသား၏ သက်သေခံခြင်းကို တစ်ပြိုင်နက်တည်း လိုအပ်သည်။ အလုပ်တစ်ဆင့်ချင်းစီသည် ဘုရားသခင်နှင့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။