သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ
ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

အမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ ဖွင့်ဆိုချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
အနန္တတန်ခိုးရှင် ဘုရားသခင်၏ မိန့်မြွက်ချက်များ (ဘုရားသခင်ကို သိကျွမ်းရာ လမ်းခရီး)
Recital-Christ-expression
နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)
ဘုရားသခင်ထံမှ ဂန္တဝင် နှုတ်ကပတ်တော်များ (ကောက်နုတ်ချက်များ)

သမ္မာကျမ်းစာထဲမှ ယောဘအပေါ် ဘုရားသခင် စုံစမ်းခြင်းများ

ယောဘ ၁:၁ ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။

ယောဘ ၁:၅ ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြပြီလောဟု ယောဘ အောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။

ယောဘ ၁:၈ ယေဟောဝါက စာတန်အား၊ ငါ၏ အစေခံ ယောဘကို သင် ဆင်ခြင်မိပြီလော၊ မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်ဟု ဆိုလေသည်။

ဤကျမ်းပိုဒ်များထဲတွင် သင်တို့မြင်ရသော အဓိကအချက်မှာ အဘယ်နည်း။ အကြမ်းဖျင်းဖြစ်သော ဤကျမ်းပိုဒ် သုံးပိုဒ်မှာ ယောဘနှင့်ဆက်စပ်သည်။ ထိုကျမ်းပိုဒ်များသည် တိုတောင်းသော်လည်း သူသည် မည်ကဲ့သို့ လူအမျိုးအစား ဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ထိုကျမ်းပိုဒ်များသည် ယောဘ၏ နေ့စဉ်အပြုအမူနှင့် သူ၏လုပ်ဆောင်ပုံကို သရုပ်ဖော်ခြင်းအားဖြင့် ယောဘအပေါ် ဘုရားသခင်၏ စုံစမ်းခြင်းများမှာ အခြေအမြစ်မဲ့ခြင်း မဟုတ်ဘဲ အခြေအမြစ် ရှိကြောင်းကို အယောက်တိုင်းအား ပြောလျက်နေသည်။ ယောဘကို လူ၏ချီးမွမ်းခြင်း (ယောဘ ၁:၁) ဖြစ်စေ၊ သို့မဟုတ် သူ့ကို ဘုရားသခင် ချီးမွမ်းခြင်း (ယောဘ ၁:၈) ဖြစ်စေ၊ နှစ်ခုစလုံးသည် ဘုရားသခင်နှင့် လူ၏ ရှေ့၌ ယောဘ၏ အကျင့်များ၏ ရလဒ်ပင် ဖြစ်ကြောင်း (ယောဘ ၁:၅) ထိုကျမ်းပိုဒ်များက ငါတို့ကို ပြောခြင်းဖြစ်သည်။

ပထမဦးဆုံး ကျမ်းပိုဒ် နံပါတ်တစ်ကို ဖတ်ကြပါစို့ “ယောဘ အမည်ရှိသောသူတယောက်သည် ဥဇပြည်၌နေ၏။ ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏။” သမ္မာကျမ်းစာထဲမှ ပထမဆုံး အကဲဖြတ်ချက်ဖြစ်သော ဤစာကြောင်းသည် ယောဘကို ကျမ်းပြုဆရာက ချီးမွမ်းခြင်းဖြစ်သည်။ သဘာဝအားဖြင့် ၎င်းမှာ ယောဘအပေါ် လူ၏အကဲဖြတ်ချက်ကို ကိုယ်စားပြုခြင်းလည်း ဖြစ်သည်၊ ယင်းမှာ “ထိုသူသည် စုံလင်ဖြောင့်မတ်ခြင်းရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်၏” ဟူ၍ ဖြစ်သည်။ ဆက်လက်၍ ယောဘအပေါ် ဘုရားသခင်၏ အကဲဖြတ်ချက်ကို ဖတ်ကြပါစို့၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ဆိုးညစ်မှုကို ရှောင်ကြဉ်သောသူတစ်ဦး ဖြစ်သည်။” (ယောဘ ၁:၈) ထို နှစ်ချက်တွင် တစ်ခုသည် လူထံမှ လာခဲ့ခြင်း ဖြစ်ပြီး တစ်ခုမှာ ဘုရားသခင်ထံမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်၊ ၎င်းတို့မှာ အကြောင်းအရာတူသော အကဲဖြတ်ချက်နှစ်ခု ဖြစ်ကြသည်။ ထို့ကြောင့် ယောဘ၏ အပြုအမူနှင့် လုပ်ဆောင်ပုံတို့ကို လူတို့ သိခဲ့ကြပြီး ဘုရားသခင်၏ ချီးကျူးခြင်းကိုလည်း ခံခဲ့ရကြောင်း မြင်နိုင်ပါသည်။ တစ်နည်းဆိုသော် လူရှေ့၌ ယောဘ၏ လုပ်ဆောင်ပုံနှင့် ဘုရားသခင် ရှေ့၌ သူ၏ လုပ်ဆောင်ပုံတို့မှာ တူညီခဲ့သည်၊ သူ၏အပြုအမူနှင့် စိတ်ပါဝင်စားမှုကို ဘုရားသခင်ရှေ့တွင် အချိန်တိုင်း သူဖြန့်ပြခဲ့သဖြင့် ၎င်းတို့ကို ဘုရားသခင် သတိပြုမိကောင်း သတိပြုမိစေရန်ဖြစ်ပြီး သူသည် ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူ တစ်ဦးဖြစ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏အမြင်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူတို့၏အမြင်တွင် ယောဘတစ်ဦးတည်းသာလျှင် စုံလင်ဖြောင့်မတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့၍ မကောင်းမှုကို ရှောင်သောသူ ဖြစ်ခဲ့သည်။

ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် သူ၏ နေ့စဉ် အသက်တာ၌ မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များ

ဆက်လက်၍ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များကို ကြည့်ကြပါစို့။ ၎င်းထက် အလျင်ကျပြီး နောက်မှလာသော ကျမ်းပိုဒ်များအပြင် ယောဘ ၁:၅ ကိုလည်း ဖတ်ရှုကြပါစို့၊ ၎င်းမှာ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း၏ တိကျသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းမှာ သူသည် ဘုရားသခင်ကို မည်ကဲ့သို့ ကြောက်ရွံ့ခဲ့ပုံနှင့် သူ၏ နေ့စဉ်အသက်တာထဲ၌ မကောင်းမှုကို ရှောင်ခဲ့ပုံနှင့် သက်ဆိုင်သည်၊ အပေါ်လွင်ဆုံးမှာ သူသည် ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းအကြောင်းကြောင့် သူလုပ်သင့်သည့်အတိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်သာမက သူ၏သားများ၏ ကိုယ်စား ဘုရားသခင်ရှေ့တွင် မီးရှို့သောယဇ်များကို ပုံမှန်ပူဇော်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပွဲခံနေစဉ် မကြာခဏ “မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို စွန့်ပစ်ကြ” မည်ကို သူစိုးရိမ်ခဲ့သည်။ ဤကြောက်ရွံ့ခြင်းသည် ယောဘ၌ မည်ကဲ့သို့ ပေါ်လွင်ခဲ့သနည်း။ မူရင်းစာသားတွင် ဆက်လက်ဖော်ပြပါ ဖြစ်စဉ်ကို ဖော်ပြထားသည်၊ “ပွဲခံသောနေ့ရက်လွန်သောအခါ၊ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကို ပူဇော်လေ့ရှိ၏။” သူ၏ အပြင်ပန်း အပြုအမူ၌ ပေါ်လွင်မည့်အစား ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းသည် သူ၏ စိတ်နှလုံးထဲမှ လာကြောင်းနှင့် သူသည် မကောင်းမှုကို သူကိုယ်တိုင် ရှောင်ခဲ့သည် သာမက သူ၏သားများ၏ ကိုယ်စား မီးရှို့သောယဇ်များကို မကြာခဏ ပူဇော်ခဲ့သည့်အတွက်ကြောင့် သူ၏ နေ့စဉ်အသက်တာ၏ အခန်းကဏ္ဍတိုင်း၌ ဘုရားသခင်အပေါ် သူ၏ကြောက်ရွံ့ခြင်းကို အချိန်တိုင်း မြင်တွေ့နိုင်ကြောင်း ယောဘ၏ လုပ်ဆောင်ပုံက ငါတို့ကို ပြသနေပါသည်။ တစ်နည်းဆိုသော် ယောဘသည် ဘုရားသခင်ကို ပြစ်မှားမိပြီး သူ၏စိတ်နှလုံးထဲ၌ ဘုရားသခင်အား စွန့်ပယ်မိမည်ကို လွန်စွာစိုးရိမ်ခဲ့သည် သာမက သူ၏သားများသည် ဘုရားသခင်ကို ပြစ်မှားမိပြီး ၎င်းတို့၏ စိတ်နှလုံးများထဲ၌ စွန့်ပယ်မိမည်ကိုလည်း စိတ်ပူခဲ့သည်။ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ အမှန်တရားသည် စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို ခံနိုင်စွမ်း ရှိကြောင်းနှင့် တစ်စုံတစ်ဦးသော လူ၏ သံသယထက် ကျော်လွန်ကြောင်းကို ဤအရာအားဖြင့် မြင်နိုင်ပါသည်။ သူသည် ဤကဲ့သို့ ရံဖန်ရံခါ သို့မဟုတ် မကြာခဏ ပြုခဲ့သလော။ နောက်ဆုံး စာကြောင်း၏ စာသားက “ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏” ဟု ဆိုထားသည်။ ဤစာလုံးများ၏ အဓိပ္ပာယ်မှာ ယောဘသည် သူ၏သားများထံ ရံဖန်ရံခါ သို့မဟုတ် သူကြိုက်သည့် အချိန်၌ သွား၍ ဝင်ကြည့်ခဲ့ခြင်း မဟုတ်ကြောင်း သာမက ဘုရားသခင်ကို ဆုတောင်းခြင်းဖြင့် အပြစ်ဝန်ချခဲ့ခြင်း မဟုတ်ကြောင်း ဆိုလိုသည်။ ထိုသို့မဟုတ်ဘဲ သူသည် သူ၏သားများကို ပုံမှန် စေလွတ်ကာ သန့်ရှင်းစေပြီး ၎င်းတို့အတွက် မီးရှို့သောယဇ်များကို ပူဇော်ခဲ့သည်။ ဤနေရာတွင် “အစဉ်ပြုမြဲရှိ၏” ဟူသော အဓိပ္ပာယ်မှာ သူသည် တစ်ရက်၊ နှစ်ရက် သို့မဟုတ် ကာလတစ်ခုအထိ ပြုခဲ့ကြောင်း မဆိုလိုပါ။ ဘုရားသခင်အပေါ် ယောဘ ကြောက်ရွံ့ခြင်း၏ သရုပ်သကန်သည် ယာယီမဟုတ်ကြောင်းနှင့် အသိ သို့မဟုတ် နှုတ်ဖြင့်ပြောသော စကားလုံးများ၌ ရပ်သွားခြင်း မဟုတ်ကြောင်းကို ဆိုနေခြင်းဖြစ်သည်၊ ထိုသို့မဟုတ်ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့် ပုံစံသည် သူ၏စိတ်နှလုံးကို လမ်းပြခဲ့သည်၊ သူ၏ အပြုအမူကို ဆုံးဖြတ်ပေးခဲ့ပြီး ၎င်းမှာ သူ၏စိတ်နှလုံးထဲ၌ သူ၏ဖြစ်တည်ခြင်း၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲရှိ၏ ဆိုသည်မှာ သူ၏ စိတ်နှလုံးထဲ၌ သူသည် သူကိုယ်တိုင် ဘုရားသခင်အား ပြစ်မှားမိမည်ကို မကြာခဏ စိုးရိမ်ခဲ့ပြီး သူ၏ သားများနှင့် သမီးများသည် ဘုရားသခင်အား ပြစ်မှားမိမည်ကိုလည်း ပူပန်ခဲ့ကြောင်းကို ပြသခြင်းဖြစ်သည်။ ၎င်းသည် သူ၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သည့်ပုံသည် မည်မျှ အလေးချိန်စီးကြောင်းကို ကိုယ်စားပြုခြင်း ဖြစ်သည်။ သူသည် ဤကဲ့သို့ အစဉ်ပြုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲ၌ သူသည် မကောင်းမှု ကျူးလွန်မိခဲ့ပြီး ဘုရားသခင်အား ပြစ်မှားမိမည်၊ ဘုရားသခင်၏ လမ်းမှ လွဲသွားပြီး ဘုရားသခင်အား ကျေနပ်စေနိုင်စွမ်း မရှိမည်ကို စိုးရိမ် ကြောက်ရွံ့ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် တစ်ချိန်တည်းတွင် သူသည် သူ၏သားများနှင့် သမီးများအတွက် ပူပန်ပြီး ၎င်းတို့သည် ဘုရားသခင်အား စော်ကားမိမည်ကို စိုးရိမ်လေသည်။ ဤသည်မှာ ယောဘ၏ နေ့စဉ် အသက်တာထဲမှ သူ၏ သာမန် အပြုအမူ ဖြစ်သည်။ ဘုရားသခင်အပေါ် ယောဘ၏ ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ခြင်းကို သက်သေပြသော ဤသာမန်အပြုအမူမှာ တန်ဖိုးမဲ့သော စကားလုံးများ မဟုတ်သည်မှာ သေချာပြီး ယောဘသည် ယင်းကဲ့သို့ လက်တွေ့ဘဝကို အမှန်တကယ် အသက်ရှင်နေထိုင်ခဲ့သည်။ “ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏”၊ ဤ နှုတ်ကပတ်တော်များမှာ ဘုရားသခင်ရှေ့၌ ယောဘ၏ နေ့စဉ်လုပ်ဆောင်မှုများအကြောင်း ငါတို့ကို ပြောပြခြင်း ဖြစ်သည်။ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့သည့်အခါ သူ၏အပြုအမူနှင့် သူ၏စိတ်နှလုံးတို့သည် ဘုရားသခင်ရှေ့သို့ ရောက်ခဲ့သလော။ တစ်နည်းဆိုသော် ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် သူ၏အပြုအမူတို့ကို မကြာခဏ ကျေနပ်အားရခဲ့သလော။ ထိုသို့ဆိုလျှင် မည်သည့် အနေအထားနှင့် အခြေအနေထဲတွင် ယောဘသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း ဖြစ်သနည်း။ လူအချို့က ၎င်းမှာ ဘုရားသခင်သည် ယောဘထံ မကြာခဏ ထင်ရှားပြခဲ့ခြင်းကြောင့် သူသည် ယင်းကဲ့သို့ ပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်၊ အချို့က သူသည် မကောင်းမှုကို ရှောင်မည့်အကြောင်း ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြပြီး အချို့က သူ၏ချမ်းသာကြွယ်ဝခြင်းသည် အလွယ်တကူ ရောက်လာခဲ့ခြင်း မဟုတ်ကြောင်းကို သူတွေးပြီး ၎င်းမှာ ဘုရားသခင် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းကို သူသိသည့်အတွက် ဘုရားသခင်ကို ပြစ်မှားခြင်း သို့မဟုတ် စော်ကားခြင်း၏ ရလဒ်တစ်ခုကြောင့် သူ၏ ပိုင်ဆိုင်မှုဥစ္စာများကို ဆုံးရှုံးရမည်ကို လွန်စွာ စိုးရိမ်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ဆိုကြလေသည်။ ဤပြောဆိုချက် တစ်စုံတစ်ရာမှာ မှန်သလော။ မမှန်သည်မှာ သိသာထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အမြင်တွင် ယောဘနှင့်ပတ်သက်၍ ဘုရားသခင်လက်ခံပြီး ချစ်ခင်မြတ်နိုးဆုံးမှာ သူသည် ယင်းကဲ့သို့ အစဉ်ပြုမြဲပြုခဲ့ခြင်း တစ်ခုကိုသာ မဟုတ်ပေ၊ ထိုထက်ပိုသည်မှာ သူသည် စာတန်၏လက်သို့ အပ်နှံခံခဲ့ရပြီး စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသည့်အချိန်တွင် ဘုရားသခင်၊ လူနှင့် စာတန်ရှေ့၌ သူ၏အပြုအမူဖြစ်သည်။

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ

  • ခရစ်ယာန်တစ်ယောက်၏ အသက်တာ
  • ဘုရားသခင်ကို သိမြင်ခြင်း
အမှုတော် အဆင့်သုံးဆင့် အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည် (ကောက်နုတ်ချက် ၂) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၁) ရွေးနုတ်ခြင်းခေတ်၏အမှု နောက်ကွယ်မှ အဖြစ်မှန် (ကောက်နုတ်ချက် ၃) နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည် (ကောက်နုတ်ချက် ၁) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၂) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၃) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၂) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၃) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၄) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၅) ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည် (ကောက်နုတ်ချက် ၆) ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော် ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် (ကောက်နုတ်ချက် ၁) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၁) ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် (ကောက်နုတ်ချက် ၂) ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” အားစီးလျက် ကြွလာခဲ့ပြီးဖြစ်သည် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏ (ကောက်နုတ်ချက် ၂) ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏ (ကောက်နုတ်ချက် ၁) ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုအသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည် (ကောက်နုတ်ချက် ၂) နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၂) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၆) ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏ (ကောက်နုတ်ချက် ၁) လူ့ဇာတိခံယူခြင်း ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား (ကောက်နုတ်ချက် ၁) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၂) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၆) နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာလူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည် (ကောက်နုတ်ချက် ၃) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၁) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၃) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၄) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၇) ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည် (ကောက်နုတ်ချက် ၈) လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့်ဘုရားအသုံးပြုသောလူတို့ကြားပဓာနကျသည့် ကွာခြားချက် (ကောက်နုတ်ချက် ၂) လူ့ဇာတိခံယူထားသော ဘုရားသခင်နှင့်ဘုရားအသုံးပြုသောလူတို့ကြားပဓာနကျသည့် ကွာခြားချက် (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၇) ဘုရားသခင်၏ အလုပ်နှင့် လူသား၏အလုပ် (ကောက်နုတ်ချက် ၈) လူသားစိတ်ကူးသလောက် ဘုရားသခင်၏ အမှုသည် ရိုးရှင်းသလော (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း (ကောက်နုတ်ချက် ၁) ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း (ကောက်နုတ်ချက် ၂) လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ခြင် အနန္တတန်ခိုးရှင် သက်ပြင်းချတော်မူခြင်း (ကောက်နုတ်ချက် ၁) ပန်းတိုင်များနှင့် အဆုံးသတ်များ ဘုရားသခင်နှင့် လူသားသည် အနားယူခြင်းထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည် (ကောက်နုတ်ချက် ၁)
ဘုရားသခင်၏ နှုတ်ကပတ်တော် | “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)” | ကောက်နုတ်ချက် ၃၁ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင်၏ ယနေ့ကာလ အမှုကို သိခြင်း” | ကောက်နုတ်ချက် ၃၂ ဘုရားသခင်၏ နှုတ်ကပတ်တော် | “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” | ကောက်နုတ်ချက် ၃၃ ဘုရားသခင်၏ နှုတ်ကပတ်တော် | “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” | ကောက်နုတ်ချက် ၃၄ ဘုရားသခင်၏ နှုတ်ကပတ်တော် | “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” | ကောက်နုတ်ချက် ၃၅ ဘုရားသခင်၏ နှုတ်ကပတ်တော် | “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” | ကောက်နုတ်ချက် ၃၆ ဘုရားသခင်၏ နှုတ်ကပတ်တော် | “အရာအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် စွမ်းဆောင်ရရှိသည်” | ကောက်နုတ်ချက် ၃၇ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂)” | ကောက်နုတ်ချက် ၃၈ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” | ကောက်နုတ်ချက် ၃၉ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” | ကောက်နုတ်ချက် ၄၀ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ | “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” | ကောက်နုတ်ချက် ၄၁ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” | ကောက်နုတ်ချက် ၈၃ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၄ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သင်တို့သည် ရာထူးဂုဏ်ဒြပ်ဆိုင်ရာ ကောင်းချီးများကို ဘေးဖယ်ပြီး လူသားအတွက် ကယ်တင်ခြင်းကို ယူဆောင်လာရန် ဘုရားသခင်၏ အလိုတော်ကို နားလည်သင့်၏” | ကောက်နုတ်ချက် ၈၅ ဘုရားသခင်၏ နှုတ်ကပတ်တော် | “ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်အတွက် သက်သေကို ခံနိုင်ကြသည်” | ကောက်နုတ်ချက် ၈၆ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” | ကောက်နုတ်ချက် ၈၇ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” | ကောက်နုတ်ချက် ၈၈ ဘုရားသခင်၏ နှုတ်ကပတ်တော် | “စုံလင်ခြင်းသို့ ရောက်သော သူများသာ အဓိပ္ပါယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်” | ကောက်နုတ်ချက် ၈၉ ဘုရားသခင်၏ နှုတ်ကပတ်တော် | “သိမ်းပိုက်ခြင်းအလုပ်နှင့်ဆိုင်သော ဒုတိယခြေလှမ်း၏ သက်ရောက်မှုများကို ရရှိပုံ” | ကောက်နုတ်ချက် ၉၀

00:00
00:00

0ရှာဖွေခြင်း ရလဒ်များ

ဖတ်ကြားခြင်းများ