ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- အမှုတော် အဆင့်သုံးဆင့် | ကောက်နုတ်ချက် ၃၂

11.07.2020

နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် အဓိကအားဖြင့် သူ၏ နှုတ်ကပတ်တော်များကို ပြောရန် ရောက်လာခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စကားများကို ဝိညာဉ်တော်၏ ရှုထောင့်၊ လူသား၏ ရှုထောင့်နှင့် ဘေးလူတစ်ယောက်၏ ရှုထောင့်မှ ပြောသည်။ အချိန်ကာလတစ်ခုချင်းစီအတွက် နည်းလမ်း တစ်မျိုးစီကို အသုံးပြုလေ့ရှိပြီး ကွဲပြားခြားနားသော နည်းလမ်းများဖြင့် စကားပြောလေ့ရှိသည်။ ထို့အပြင် လူသား၏ အယူအဆများကို ပြောင်းလဲရန်နှင့် လူသား၏နှလုံးသားထဲမှ မရေရာသော ဘုရားသခင်ကို ဖယ်ရှားရန် အတွက်လည်း စကားပြောသော နည်းလမ်းများကို အသုံးပြုသည်။ ယင်းသည် ဘုရားသခင် လုပ်ဆောင်သည့် အဓိက အလုပ်ဖြစ်သည်။ “ဘုရားသခင် လောကသို့ ကြွလာသည်မှာ မကျန်းမာသူများကို ကျန်းမာစေဖို့ ဖြစ်သည်၊ နတ်ဆိုးများကို နှင်ထုတ်ဖို့ ဖြစ်သည်၊ တန်ခိုးများ ပြဖို့ဖြစ်သည်၊ ရုပ်ဝတ္ထု ကောင်းချီးမင်္ဂလာများကို လူသားကို ပေးဖို့ လာသည်” ဟု လူက ယုံကြည်နေသောကြောင့် ဘုရားသခင်သည် ထိုသို့သော အယူအဆများကို လူသား၏ အတွေးထဲမှ ဖယ်ရှားရန်၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သာမန်ဖြစ်မှုကို လူသားတို့သိစေရန်နှင့် လူ့နှလုံးသားထဲမှ ယေရှု၏ ပုံရိပ်ကိုဖယ်ရှားပြီး ဘုရားသခင်၏ ပုံရိပ်အသစ်ဖြင့် အစားထိုးကောင်း ထိုးနိုင်စေရန်အတွက် ပြင်းပြင်းထန်ထန် ဆုံးမပြစ်တင်သည့် အလုပ်နှင့် တရားစီရင်သည့် အလုပ်တို့ကို သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ အဆင့်တစ်ဆင့် အနေနှင့် ဘုရားသခင်က လုပ်ဆောင်လျက်ရှိသည်။ လူသား၏အထဲ၌ ဘုရားသခင်၏ ပုံရိပ် ဟောင်းလျှင် ဟောင်းခြင်း ထိုပုံရိပ်သည် ရုပ်တုဆင်းတုတစ်ခု ဖြစ်သွားသည်။ ယေရှုသည် ကြွဆင်းလာပြီး သူလုပ်ရမည့် အလုပ်အဆင့်ကို လုပ်ဆောင်သော အခါ၌ သူသည် ဘုရားသခင်၏ အလုံးစုံကို ကိုယ်စားမပြုခဲ့ပါ။ သူသည် နိမိတ်လက္ခဏာအချို့နှင့် အံ့သြဖွယ်အချို့ကို ပြုခဲ့သည်၊ နှုတ်ကပတ်တော်အချို့လည်းပြောခဲ့ပြီး အဆုံးတွင် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံခဲ့ရသည်။ သူသည် ဘုရားသခင်၏ တစ်စိတ်တစ်ဒေသကို ကိုယ်စားပြုခဲ့သည်။ သူသည် ဘုရားသခင်နှင့်ဆိုင်သော အရာအားလုံး ကိုယ်စားမပြုနိုင်ခဲ့သော်လည်း ဘုရားသခင်၏ အလုပ်၏ အစိတ်အပိုင်း တစ်ခုကို လုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် အလွန်ပင် ကြီးမြတ်သောကြောင့်၊ အလွန်ကောင်းမြတ်သောကြောင့်၊ မသိနိုင်အောင် နက်နဲသောကြောင့်နှင့် ခေတ်တိုင်းတွင် သူလုပ်ဆောင်သည့် အလုပ်၏ အဆင့်တစ်ဆင့်ကိုသာ လုပ်ဆောင်ခြင်းတို့ကြောင့် ဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင် လုပ်ဆောင်သော အလုပ်သည် အဓိကအားဖြင့် လူ့ဘဝအတွက် သူ၏ နှုတ်ကပတ်တော်များကို ထောက်ပံ့ပေးခြင်း၊ လူ့သဘာဝ၏ အနှစ်သာရကို ဖော်ပြခြင်း၊ လူသား၏ ပျက်စီးယိုယွင်းသော စိတ်သဘောထားကို ဖော်ပြခြင်း၊ ဘာသာရေးဆိုင်ရာ အယူအဆများ၊ ကျေးပိုင်ကျွန်ပိုင် ခေတ်ကလို အတွေးများ၊ ခေတ်မမီတော့သော အတွေးများ၊ လူသား၏ အသိပညာနှင့် ယဉ်ကျေးမှုများကို ဖယ်ရှားခြင်းတို့ဖြစ်သည်။ ထိုအရာများကို ပေါ်ပေါ်ထင်ထင်ဖော်ပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် သန့်စင်ရမည်။ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် လူသားကို စုံလင်စေရန် အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုပါသည်၊ နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများကို အသုံးမပြုပါ။ ဘုရားသခင်သည် လူသားကို ထုတ်ဖော်ရန်၊ လူသားကို တရားစီရင်ရန်၊ ပြင်းပြင်းထန်ထန် ဆုံးမပြစ်တင်ရန်နှင့် လူသားကို စုံလင်စေရန်အတွက် သူ၏နှုတ်ကပတ်တော်များကို အသုံးပြုသည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဉာဏ်ပညာနှင့် နှစ်သက်ဖွယ်ဖြစ်မှုကို မြင်လာစေရန်၊ ဘုရားသခင်၏ စိတ်သဘောထားကို နားလည်လာစေရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဘုရားသခင်၏ လုပ်ရပ်များကို မြင်နိုင်စေရန်အတွက် ဖြစ်သည်။ ပညတ်တော်ခေတ်၌ ယေဟောဝါသည် သူ၏နှုတ်ကပတ်တော်များဖြင့် မောရှေကို အဲဂုတ္တုပြည်မှ ဦးဆောင် ခေါ်ထုတ်ခဲ့သည်၊ ဣသရေလလူမျိုးများကို နှုတ်ကပတ်တော်အချို့ ပြောခဲ့သည်။ ထိုအချိန်က ဘုရားသခင်သည် သူ၏လုပ်ရပ်များထဲမှ တစ်စိတ်တစ်ဒေသကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သို့သော် ထိုအချိန်က လူသား၏ အစွမ်းအစ နည်းသေးသောကြောင့် လူသား၏အသိပညာ ပြည့်စုံအောင် ဘယ်လိုမှ လုပ်လို့မရ၊ ဘုရားသခင်သည် ဆက်လက် ပြောဆိုလုပ်ကိုင်ခဲ့သည်။ ကျေးဇူးတော်ခေတ်၌ လူသားသည် ဘုရားသခင်၏ လုပ်ရပ်များထဲမှ နောက်ထပ် အဆင့်တစ်ဆင့်ကို ထပ်မံမြင်တွေ့ခဲ့သည်။ ယေရှုသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်အမှုများ ပြနိုင်ခဲ့သည်၊ မကျန်းမာသူများကို ကျန်းမာစေနိုင်ခဲ့သည်၊ နတ်ဆိုးများကို နှင်ထုတ်နိုင်ခဲ့သည်၊ လက်ဝါးကပ်တိုင်၌ အသေခံသည့် အလုပ်ကို လုပ်နိုင်ခဲ့သည်၊ သုံးရက်လွန်လျှင် ရှင်ပြန်ထမြောက်ပြီး လူရှေ့၌ ကိုယ်ထင်ပြခဲ့သည်။ လူသားသည် ဘုရားသခင်နှင့် ပတ်သက်လျှင် ဒီထက်ပိုမသိ။ လူသားသည် ဘုရားသခင် ဖော်ပြသလောက်သာ သိခဲ့သည်။ အကယ်၍ ဘုရားသခင်သည် လူသားကို ဘာမျှ ထပ်မဖော်ပြခဲ့သော် လူသားသည် ဘုရားသခင် ယခင်က ဖော်ပြခဲ့သလောက်သာ သိမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဆက်လက် အလုပ်လုပ်နေပါသည်။ ဘုရားသခင်နှင့်ပတ်သက်သည့် လူသား၏အသိပညာသည် ပိုနက်ရှိုင်းကောင်း နက်ရှိုင်းလာနိုင်စေဖို့၊ ဘုရားသခင်၏ ပင်ကိုယ်သဘောကို တဖြည်းဖြည်း နားလည်ကောင်း နားလည်လာနိုင်စေဖို့ ဖြစ်သည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ ပျက်စီးယိုယွင်းသော စိတ်သဘောထားကို ဖော်ပြသည်၊ ဘုရားသခင်၏ စစ်မှန်မှုက သင်၏ ဘာသာရေးဆိုင်ရာ အယူအဆများကို အစားထိုးသည်။ နောက်ဆုံးသော ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်သည် အဓိကအားဖြင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူသည်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိထဲ ကြွဆင်းလာသည်နှင့် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” ဟူသည့် စကားများကို ပြည့်စုံစေရန်အတွက် ကြွလာခြင်းဖြစ်သည်။ ဤအချက်ကို သင်သေသေချာချာ နားမလည်လျှင် မြဲမြံစွာ ရပ်တည်နိုင်မည် မဟုတ်သေးပေ။ နောက်ဆုံးသောကာလ၌ အဓိကအားဖြင့် ဘုရားသခင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာမည့် အလုပ်အဆင့်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုသည့် ဆန္ဒရှိပြီး ဤအရာသည် ဘုရားသခင် စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သို့ဖြစ်၍ သင်တို့၏ အသိသည် ရှင်းရှင်းလင်းလင်း ဖြစ်နေဖို့ လိုသည်။ ဘုရားသခင် မည်သို့ အလုပ်လုပ်သည်ဖြစ်စေ လူသားက သူ့ကို ဘောင်ထဲ ထည့်ထားစေရန် ဘုရားသခင် မလိုလားပါ။ အကယ်၍ နောက်ဆုံးသော ကာလ၌ ဘုရားသခင်သည် ဤအလုပ်ကို မလုပ်လျှင် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အသိပညာသည်လည်း ထပ်မံတိုးပွားနိုင်မည် မဟုတ်။ ဘုရားသခင်သည် လက်ဝါးကပ်တိုင်၌ တင်သတ်ခြင်း ခံရနိုင်သည်၊ သောဒုံမြို့ကို ဖျက်ဆီးနိုင်သည်၊ ယေရှုသည် သေခြင်းမှ ထမြောက်ပြီး ပေတရုကို ကိုယ်ထင်ပြနိုင်သည်ဟူသည့် အချက်များကိုသာ သင်သိ ပေလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာခပ်သိမ်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည့်အပြင် လူသားကိုလည်း သိမ်းပိုက်နိုင်သည်ဟုလည်း သင်ပြောမည် မဟုတ်ချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုယ်တိုင်ကြုံတွေ့ ခံစားပြီးမှသာ သင်သည် ထိုသို့သော အသိပညာအကြောင်းကို ပြောနိုင်မည်ဖြစ်သည်၊ ကိုယ်တိုင် ကြုံတွေ့ခံစားဖူးသော ဘုရားသခင်၏ အလုပ် များလေလေ၊ ဘုရားသခင်နှင့် ပတ်သက်သည့် သင်၏အသိပညာသည် ပိုပြီးနှံ့စပ်လေလေ ဖြစ်မည်။ ထိုအခါ၌သာ သင်သည် ဘုရားသခင်ကို သင်၏ အယူအဆများအထဲ၌ ဘောင်ခတ်မထားမှာ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ အလုပ်ကို ကိုယ်တိုင် ကြုံတွေ့ခံစားခြင်းအားဖြင့် ဘုရားသခင်ကို သိလာလေ့ရှိသည်။ ဘုရားသခင်ကို သိဖို့ အခြားနည်းလမ်းအမှန် မရှိပါ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယနေ့ ဘုရားသခင်၏ အမှုကို သိခြင်း

ဆက်ကြည့်မည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။