ဘုရားသခင်ကို အစေခံနေစဉ် အဘယ်ကြောင့်လိမ်လည်လှည့်စားမှု၌ ပါဝင်ပတ်သက်ရပါသနည်း

05.09.2019

ဟူကျိန်၊ မြို့တော် အန်ဟွီစီရင်စု

ခေါင်းဆောင်များအဖြစ် အစေခံကြသောသူများသည် အမြဲတစေ ပို၍ကြီးမားသော စဉ်းစားဉာဏ် ရှိလိုကြသည်၊ ကျန်သည့် လူများအထက်တွင် အကြီးအကဲနှင့်တာဝန်ခံ ဖြစ်လို၍ ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန် လှည့်ကွက်အသစ်များကို ရှာဖွေလိုကြသည်။...၎င်းတို့သည် အစဉ် ကြွားဝါလိုကြသည်၊ ဤသည်မှာ မာနကြီးသော သဘာဝကို ထုတ်ဖော်ခြင်းပင် မဟုတ်သလော။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား မရှိပါက ဘုရားသခင်ကို အလွယ်တကူ ပုန်ကန်ပြစ်မှားမိနိုင်သည်”) ဆိုသည့် ဘုရားသခင်၏ ဆုံးမစကားများကို ပထမဆုံးတွေ့သည့်အချိန်ကို မိမိဘာ စဉ်းစားမိသည်- “ဘယ်သူတွေက ဒီလို အကြံပိုင် တဲ့ လှည့်ကွက်တွေကို ရအောင်ရှာကြံဖို့ သတ္တိရှိကြပါသလဲ။ ဘယ်သူတွေက ဘုရားသခင်ရဲ့ သဘောထားသည် လူရဲ့ ပြစ်မှားစော်ကားမှု လက်မခံဘူးဆို တာကို မသိဘဲနေပါသလဲ။ ကျွန်မကတော့ မလုပ်ရဲခဲ့တာ အမှန်ပါပဲ” နောက်ပိုင်းတွင် အသင်းတော်က ကျွန်မကို အလယ်တန်းအဆင့် ခေါင်းဆောင်တစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန် စီစဉ်ပေးခဲ့သည်၊ ပြီးနောက် တကယ့် အတွေ့အကြုံ နှင့် အချက်အလက်များ၏ ထုတ်ဖော်မှုတို့ မှတစ်ဆင့် လှည့်စားမှုအသစ်ကို ရှာဖွေရန် ကြိုးစားခြင်းသည် လူတစ်ယောက် လုပ်ရဲသော သို့မဟုတ် မလုပ်ရဲသော အရာ မဟုတ်ပဲနှင့်၊ လူ၏ မာနထောင်လွှားသော ဆိုးယုတ်သည့် သဘာဝဖြင့် လုံးလုံးလျားလား ဆုံးဖြတ်ပေးခဲ့ကြောင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။

သိပ်မကြာသေးမီအချိန်က ပြည့်ဝမှု မရှိသော ခေါင်းဆောင်တစ်ဦးကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့သည်။ သူမကို ကူညီသည့် အစ်မက တာဝန်ယူမှုတွေအများကြီး ရှိနေခဲ့ချိန်မှာ သူမက အိပ်နေခဲ့ပြီး၊ အသင်းတော်၏ ဝန်ထုပ်ဝန်ပိုးကို ဆက်လက် လုပ်ဆောင်ခြင်း မရှိသကဲ့သို့၊ ကောင်းမွန်သော လူသားဆန်ခြင်းလည်း မရှိခဲ့ပါ၊ ထို့ကြောင့် ကျွန်မက မိမိ၏ လုပ်ဖော်ကိုင်ဖက်ဖြင့် ဆွေးနွေးခဲ့ပြီး၊ ဤ အသင်းတော် ခေါင်းဆောင်ကို အစားထိုးလိုသည့် အပြင်၊ သူမ၏ အကူကို အသင်းတော်ခေါင်းဆောင် ဖြစ်စေလိုခဲ့သည်။ သို့သော် ဤသို့ပြုပါက ထိုအသင်းတော် ခေါင်းဆောင်သည် အပျက်သဘောဆောင်ကာ၊ အားနည်းစေပြီး၊ သူမူ့၏ ယုံကြည်ခြင်းကိုပါ ရပ်တန့်စေမည် ဒါမှမဟုတ် အသင်းတော်ထဲတွင် အရေးကိစ္စများကို နှောင့်ယှက်မည်ကို ကျွန်မက စိုးရွံ့သောကြောင့်၊ ထိုအချိန် မည်သည့် လုပ်ဆောင်ချက်မျှ မလုပ်ဆောင်ဝံ့ခဲ့ပါ။ များစွာစဉ်းစားသုံးသပ်ပြီးသည့်နောက်တွင် ကျွန်မသည်နှင့် “ပညာသားပါတဲ့ အကြံအစည်” တစ်ခုကို ရရှိခဲ့သည်။ ကျွန်မက သူမ၏ အကူကို တိတ်တဆိတ် လုပ်ငန်းအပြည့် တာဝန်ယူ စေပြီး အသင်းတော်၏ စီစဉ်မှုတွေအားလုံး က သူ့အဖော်နှင့် လွှဲထားပြီး အသင်းတော် ခေါင်းဆောင်ကို ရုပ်ပြတစ်ဦးအဖြစ်ပဲ ထားမည်ဟု တွေးခဲ့သည်။ သို့ဖြင့် ကျွန်မက ဘုရားသခင်၏ အလိုတော်ကိုလည်း စုံစမ်းမှုမရှိခဲ့သကဲ့သို့ လုပ်ငန်းအစီအစဉ်များနှင့် နှင့် အလုပ်၏ အခြေခံစည်းမျဉ်းများကိုလည်း မကြည့်ခဲပါ။ ကျွန်မအနေဖြင့် ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်ကို အသိပေးပြီးနောက်မှသာ ဤသည်ကို ဆက်လက်လုပ်ဆောင်ခြင်း ဖြစ်သည်။ ပြီးတဲ့နောက်မှာ ကျွန်မသည် အလွန်ထက်မြက်ပြီး၊ အမှန်တကယ် အမျှော်အမြင် ရှိသည်ဟု ယုံကြည်ခဲ့ကာ ကျွန်မအနေနှင့် ကိုယ့်ကိုကိုယ် အင်မတန်ဂုဏ်ပြုခဲ့သည်။ ကျွန်မက “ငါ့ခေါင်းဆောင်လူကြီးတွေ ဒီကိစ္စကို သိခဲ့ရင်၊ ငါ့လုပ်ငန်းခွင်မှာ ငါဟာ အလွန်တော်တယ်လို့ အသေအချာ ပြောကြမှာဖြစ်တယ်၊ ပြီးတော့ သူတို့က ငါ့ကို ရာထူးတိုးပေးတာနဲ့တောင် အဆုံးသတ်ဦးမယ်” ဟု တွေးမိသည်။ သို့သော် ဤကိစ္စနှင့်ပတ်သက်၍ ခေါင်းဆောင်ကို ကျွန်မပြောပြလိုက်သည့်အခါတွင် သူတို့က ကျွန်မကို ဆူပူပြီး “ဒါဟာ မင်းက လှည့်ကွက်အသစ်တွေရှာကြံနေတာပဲ။ လုပ်ငန်း အစီအစဉ်တွေရဲ့ ဘယ်နေရာမှာ မင်းဒါကို လုပ်လို့ရတယ်လို့ရေးထားလို့လဲ။ မပြည့်ဝတဲ့ ခေါင်းဆောင်ကို အခြေခံစည်းမျဉ်းတွေ အတိုင်း အစားထိုးပြီး ညှိနှိုင်းနိုင်ပါတယ် ဒါပေမဲ့ အသင်းတော်ရဲ့ ပြဌာန်းသတ်မှတ်ချက်တွေက ဘေးဖယ်ထားပြီး ကိုယ့်ဆန္ဒအရ ငါတို့အနေနဲ့ လုပ်ငန်းဆောင်ရွက်လို့မရပါဘူး။ ဒါဟာ ဘုရားသခင်ကို ပြင်းထန်တဲ့ ဆန့်ကျင်မှုပဲဖြစ်တယ်” ဟု ပြောခဲ့သည်။ ခေါင်းဆောင် ထံမှ ဆုံးမခြင်း နှင့် ပြုပြင်ခြင်းကို ကြားခဲ့ရပြီးသည့်နောက်မှာ ကျွန်မ ကြောက်လန့်သွားခဲ့ပါ သည်။ ကျွန်မအနေနှင့် ထိုကဲ့သို့ လှည့်ကွက်အသစ်များကို ရှာဖွေတွေ့ရှိဖို့ ကြိုးစားမိလိမ့်မည်ဟု မည်သည့်အခါကမျှ စိတ်မကူးမိခဲ့ပါ။ ကျွန်မက “ပညာသားပါတဲ့ အကြံအစည်” ဟု ယုံကြည်ခဲ့ တာဟာ တကယ်တော့ ဘုရားသခင်ကို ပြင်းထန်စွာ ဆန့်ကျင်မှု ဖြစ်နေခဲ့ပြီး၊ ကျွန်မ အနေနှင့်အမှန်တရားနှင့် ရင်ဆိုင်ရချိန်မှာ အမှန်တကယ်ကို ရှက်ခဲ့မိပါသည်။ ထိုအချိန်မှာ ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မတွေးမိပဲ မနေနိုင်ပါ၊ “ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။...(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ယင်းမှာ မှန်ခဲ့ပါသည်။ ဤပြဿနာကိစ္စနှင့်ရင်ဆိုင်ခဲ့ရစဉ်တုန်းက ကျွန်မအနေနှင့် ဘုရားသခင်၏ အလိုတော်ကို မဆန်းစစ်ခဲ့သကဲ့သို့ အသင်းတော်၏ ပြဌာန်းသတ်မှတ်ချက်များ ကို လည်း ထည့်မစဉ်းစားခဲ့မိပါ။ ကျွန်မ၏ ဆန္ဒအတိုင်း ကျွန်မ ပြုမူခဲ့ပါသည်။ ကျွန်မ၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်တတ်သည့် သဘာဝရှိခြင်း၊ ဘုရားသခင်ကို ကြောက်ရွံရိုသေသည့် နှလုံးသား မရှိခဲ့ခြင်း၊ နှင့် ကျွန်မ၏ နှလုံးသားထဲ မှာ ဘုရားသခင် ကိန်းအောင်းနေရာယူခြင်း မရှိခဲ့ခြင်းတို့ကို ကျွန်မတွေ့ရှိခဲ့ပါတော့သည်။ ထိုအချိန်ကျမှပဲ ကျွန်မအနေနှင့် လှည့်စားမှု အသစ်များရအောင်ရှာဖွေခြင်းက ကျွန်မ၏ လုပ်ရဲခဲ့ခြင်း ဒါမှမဟုတ် မလုပ်ရဲခဲ့ခြင်းများ မဟုတ်ဘဲ နှင့် ကျွန်မ၏ ပင်ကိုယ် မာနထောင်လွှားသည့် သဘာဝ၏ ပြဌာန်းသတ်မှတ်ခြင်းဖြစ်ကြောင်းကို သိလာခဲ့ ရပါတော့သည်။ အကယ်၍ ကျွန်မ၏ ပင်ကိုယ် မာနထောင်လွှားသည့် သဘာဝ ကို သတိမထားမိခဲ့လျှင် ကျွန်မကိုယ့်ကိုကိုယ် ဘယ်သောအခါမျှ ထိန်းချုပ်ရပ်တန့် မိမှာမဟုတ်ပါ။ ကျွန်မအနေနှင့် တစ်နေ့နေ့တွင် ဘုရားသခင် ကို ဆန့်ကျင်တဲ့ အရာတစ်စုံတစ်ခုကို လုပ်မိနေမှာဖြစ်ပြီး ယင်းက ကိုယ်တော့်၏ အာဃာတတရားနှင့် မုန်းတီးခြင်းတရားများကို ခံစားစေဦးမှာဖြစ်ပါတော့သည်။ ထိုအချိန်ကျမှသာ ကျွန်မအနေနှင့် ဘုရားသခင်ကို အစေခံ ခြင်းသည် ရိုးရှင်းလွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ကြောင်း သိရှိလာခဲ့ပါသည်။ ထိုအချိန်ကျမှသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်း ခံရသည့် လူသားသည် လုပ်ငန်းစီစဉ်မှုများနှင့် သမ္မာတရား၏ အခြေခံစည်းမျဉ်းများအတိုင်း ကျွန်မတို့၏ တာဝန်များကို ထမ်းဆောင်ဖို့ အချိန်ပြည့် လိုအပ်ရသည့် အကြောင်းအရင်းကို ကျွန်မ နားလည်သဘောပေါက်ခဲ့ရသည်။ ယင်းမှာ ကျွန်မတို့၏ သဘာဝသည် မာနထောင်လွှားပြီး၊ ကျွန်မတို့အားလုံး ကြွားဝါဖို့၊ ကျွန်မတို့၏ ကိုယ်ပိုင် လုပ်ဆောင်နိုင်စွမ်းများကို သူများ မြင်သာအောင် မီးမောင်ထိုးပြဖို့ ကိုသာ ကြိုးစားကြသောကြောင့် ဖြစ်ပါသည်။ ကျွန်မတို့အားလုံးသည် အာဏာရှိပြီး၊ ဆုံးဖြတ်ခွင့် ရှိလိုကြသည်၊ သို့သော်လည်း ယင်းက အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသည့် လူများ အသက်တာ ဝင်ရောက်ခြင်း တို့တွင် ဆုံးရှုံးမှုများကို သယ်ဆောင်လာပါသည်။ ပိုပြီး လေးနက်သည့် အခြေအနေများတွင် ဘေးဒုက္ခကိုပင် သယ်ဆောင်လာနိုင်သည်။ ဤအလုပ် စီစဉ်မှုများနှင့် သမ္မာတရား၏ အခြေခံစည်းမျဉ်းများ တို့သည် အသင်းတော် အလုပ်များကို ချော့မွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်စေရုံမျှမက၊ ကျွန်မတို့၏ မာနထောင်လွှားသည့် သဘာဝကို စစ်ဆေးကာ ထိန်းသိမ်းပေးသည့် အခန်းကဏ္ဍကိုပါ တာဝန်ယူထားခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အလုပ်နှင့် ကျွန်မတို့၏ အသက်တာဝင်ရောက်ခြင်း တို့အတွက်လည်း အလွန်အကျိုးအမြတ် ဖြစ်ထွန်းစေပါသည်။ ထို့ကြောင့် ကိုယ်တော်၏ အလိုတော် ပြည့်ဝစေရန် ကျွန်မတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်း နှင့် ဘုရားသခင်ကို အစေခံခြင်း တို့တွင် ကျွန်မတို့သည် စီစဉ်မှုများအတွင် တာဝန်သိတတ်စွာ လုပ်ဆောင်ပြီး၊ ကျွန်မတို့၏ ကိုယ်ပိုင် ဆိုးယုတ်သော မာနထောင်လွှားသည့် သဘာဝကိုလည်း ရှာဖွေဖော်ထုတ်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ခေါင်းဆောင်မှု နှင့် ကောင်းကြီးမင်္ဂလာတို့ကို ရရှိရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါသည်။

ကျွန်မ၏ မာနထောင်လွှားသော ဆိုးယုတ်သည့် သဘာဝကို သတိပြုမိလာစေသည့် သူ၏ စီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း နှင့် ထုတ်ဖော်ခြင်းများအတွက် ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယနေ့မှစပြီး ရှေ့အနာဂတ်မှာ ကျွန်မအနေနှင့် ဒါကို သတိပေးခြင်းတစ်ခုအဖြစ် သေချာစွာခံယူပြီး ကျွန်မကိုယ်တိုင်၏ သဘောသဘာဝကို သိရှိနိုင်ဖို့ ပိုပြီးအားထုတ်ကြိုးစားပါမည်။ ကျွန်မအနေနှင့် လုပ်ငန်း အစီအစဉ်များအတိုင်း ကြပ်မတ်စွာ လုပ်ဆောင်ပါမည်၊ ကျွန်မအနေဖြင့် ကျိုးကြောင်းဆက်စပ်တွေးမြင်တတ်သူ၊ ပြဌာန်းသတ်မှတ်ချက်များကို လိုက်နာသူနှင့် ကိုယ်တော့်အတွက် လေးစားကြည်ညိုတတ်တဲ့နှလုံးသားပိုင်ရှင် အမှန်တကယ် ဖြစ်လာဖို့ ကြိုးစားပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ၏ တာဝန်၌ ကျွန်မ၏ ရည်ရွယ်ချက်များကို ပြုပြင်ခြင်း

ရှာယု တရုတ်နိုင်ငံလွန်ခဲ့သည့် ဇွန်လတွင် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် ကျွန်မ အရွေးခံခဲ့ရသည်။ ထိုအချိန်က၊ ကျွန်မ ပျော်မြူးသွားခဲ့ပြီး၊...

ချစ်ခင်တွယ်တာမှုက သင့်စိတ်ကို မဖုံးလွှမ်းပါစေနှင့်

ရှင်းကျင့် တရုတ်နိုင်ငံ ၂၀၁၅ ခုနှစ် ဇွန်လတုန်းကပါ။ ကျွန်မက ဧဝံဂေလိသင်းထောက်အနေနဲ့ အစေခံဖို့ အသင်းတော်တစ်ခုကို သွားရတယ်။ လိကျီဆိုတဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။