ဧဝံဂေလိ ဝေမျှရင်း အခက်အခဲများကို ရင်ဆိုင်ရန်နည်းလမ်း

13.12.2022

ကယ်လ်ဗင် ပီရူးနိုင်ငံ

ပီရူးက မြို့ငယ်လေးမှာ ကျွန်တော် နေတယ်။ တစ်မိသားစုလုံးနဲ့ အဲဒီက တခြားရွာသား အများစုက ကက်သလစ်ဘာသင်တွေ ဖြစ်တယ်။ ဒါပေမဲ့ ရွာမှာရှိတဲ့ ကက်သလစ် ဘုရားကျောင်းမှာ ဦးဆောင်တဲ့ ဘုန်းတော်ကြီး မရှိတဲ့အတွက်၊ အသင်းတော်မှာ ကျမ်းစာလေ့လာဖို့ အချိန်အတော်ကြာ ဘယ်သူမှမသွားကြဘူး။ နောက်တော့ ၂၀၂၀ ခုနှစ် မေလမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်တွေကို ကျွန်တော် အွန်လိုင်းမှာ ဖတ်ရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့် သခင်ယေရှု ပြန်ကြွလာပြီးပြီဖြစ်ကြောင်း၊ သူဟာ နောက်ဆုံးသော ကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်ကြောင်း သေချာလာခဲ့ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လိုလိုချင်ချင် လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ ဒါကို အနန္တတန်ခိုးရှင် ဘုရားသခင်နှုတ်ကပတ်တော်ထဲ ဖတ်ရတယ်။ “လူသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သူသည် ဘုရားသခင်၏ ခြေလှမ်းများကို နီးကပ်စွာ တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်ရမည်။ သူသည် ‘သိုးသငယ်သွားလေရာရာ အရပ်သို့ လိုက်’ သင့်သည်။ ဤလူများသည်သာ မှန်သော လမ်းခရီးကို ရှာဖွေသည့် လူများဖြစ်သည်၊ ၎င်းတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သိသောသူများ ဖြစ်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ယုံကြည်သူတွေအနေနဲ့၊ ဘုရားအမှုတော်ကို သိပြီး သူ့ခြေလှမ်းတွေနောက် လိုက်သင့်တယ်လို့ ကျွန်တော် သိခဲ့တယ်။ ရွာမှာ ယုံကြည်သူအများကြီး ရှိသလို၊ သူတို့ထဲက ဘယ်သူမှ ဘုရားရဲ့ အသံကို မကြားဖူးဘူး၊ ပြန်ကြွလာတဲ့ သခင်ယေရှုကို မကြိုဆိုဖူးဘူး။ ဒါကြောင့် သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ဆိုင်တဲ့ မယုံနိုင်လောက်တဲ့ သတင်းကို ကျွန်တော် တကယ်ဝေမျှချင်ခဲ့တယ်။ ဒါပေမဲ့ နည်းနည်း ကြောက်မိတယ်။ ကျွန်တော်က ငယ်ရွယ်ပြီး ဧဝံဂေလိကို ဘယ်လိုဝေမျှရမယ်မှန်း မသိလို့ သူတို့ သေချာပေါက် နားထောင်မှာ မဟုတ်ဘူးလို့ ခံစားရတယ်။ ဒါ့အပြင် သူတို့က ယုံကြည်သူဖြစ်တာ နှစ်ချီနေပြီလေ။ ဒီတော့ သခင်ယေရှု ပြန်ကြွလာခြင်းနဲ့ ဆိုင်ရဲ့ ကျွန်တော့် သက်သေခံချက်ကို နားထောင်ကြပါ့မလား။ သူတို့မှာ ရှိနိုင်တဲ့ အယူအဆ၊ မရှင်းလင်းတာ တစ်ခုခုကို ဖြေရှင်းပေးဖို့ ကျွန်တော် ဘယ်လို မိတ်သဟာယပြုနိုင်မလဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော်ယုံကြည်ပြီး ဧဝံဂေလိ ဝေမျှတာကို သူတို့ ဆန့်ကျင်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်ကို ဘယ်လိုဆက်ဆံကြမလဲ။ သူတို့ ကျွန်တော့်ကို အထင်သေးပြီး၊ “မင်းက အရမ်းငယ်တယ်။ ဘာလို့ ကျောင်းသွား၊ အလုပ်ရှာမဲ့အစား ဟိုသည်ပြေးပြီး တရားဟောနေရတာလဲ”လို့ ပြောမှာကို စိုးရိမ်မိတယ်။ ကျွန်တော် အများကြီးတွေးခဲ့ပေမဲ့၊ ဧဝံဂေလိ ဖြန့်ဝေတာ ဘုရားရဲ့အလိုတော်ဖြစ်မှန်း သိခဲ့တယ်။ ဧဝံဂေလိ ဝေမျှပြီး ဘုရားကို သက်သေခံရမယ်။

ဒါကြောင့် ဘုရားဆီဆုတောင်းပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့် ကိုယ့်ယုံကြည်ချက်ကို အားဖြည့်ခဲ့တယ်။ ဒါကို သူ့နှုတ်ကပတ်တော်တွေမှာ ဖတ်ရတယ်။ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဖြစ်ခြင်း၏ ခိုင်မာသောအသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဧဝံဂေလိ ဝေမျှတာက ကျွန်တော်တို့တာဝန်ဖြစ်မှန်း သင်ယူရတယ်။ လူအများကြီးက ဘုရားရဲ့ အသံတော်ကို မကြားဖူးကြသေးသလို၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ပြီး လူတွေကို သန့်စင်စေဖို့ တရားစီရင်ခြင်း အမှု လုပ်ဆောင်နေမှန်း သူတို့ မသိကြဘူး။ စာတန်ရဲ့ ဖောက်ပြန်ပျက်စီးစေခြင်း ဒုက္ခထဲမှာ အသက်ရှင်နေကြတုန်းပဲ။ ဘုရားက သူ့အလိုတော်ကို အားလုံး အလေးထားနိုင်မယ်၊ ရပ်တည်ပြီး ဘုရားနဲ့ ပူးပေါင်းလုပ်နိုင်မယ်လို့ မျှော်လင့်တယ်။ ဘာပြဿနာ၊ အခက်အခဲ ရင်ဆိုင်ရပါစေ၊ ဆုတောင်းပြီး ဘုရားကို ပိုမှီခိုသင့်သလို၊ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ဖို့ တတ်နိုင်သမျှ လုပ်သင့်တယ်။ ဒါပေမဲ့ ဘုရားရဲ့ အလိုတော်ကို ကျွန်တော် နားမလည်ခဲ့ဘူး။ အရမ်းငယ်တော့ ဧဝံဂေလိကို ဝေမျှနိုင်မှာ မဟုတ်ဘူးလို့ ခံစားခဲ့တယ်။ ရွာသားတွေက ကျွန်တော့်စကား နားမထောင်မှာနဲ့ အထင်သေးမှာကို စိုးခဲ့တယ်။ ဒါကြောင့် ကိုယ့်ကိုယ်ပိုင် စိတ်ကူးတွေရဲ့ အခက်အခဲတွေထဲမှာ ပိတ်မိနေခဲ့တယ်၊ စိုးရိမ်မှုတွေနဲ့ ဝန်ပိနေခဲ့တယ်။ ဘုရားအလိုတော်ကို မစဉ်းစားဘဲ၊ ကိုယ့်ကိုယ်ပိုင် အခက်အခဲတွေကိုပဲ တွေးခဲ့သလို၊ ဒီရုန်းကန်မှုတွေတစ်လျှောက် ဆုတောင်းပြီး ဘုရားကို မှီခိုဖို့၊ ကိုယ့်တာဝန်ကို လုပ်ပြီး တာဝန်ယူဖို့ မစဉ်းစားခဲ့ဘူး။ သခင့်ရဲ့ ပြန်ကြွလာခြင်းနဲ့ အမှောင်ကနေ ကယ်တင်ခံရခြင်းကို လူအများကြီးက တောင့်တပုံအကြောင်း တွေးမိတဲ့အခါ၊ အရေးပေါ်ဖြစ်တဲ့စိတ် ခံစားမိတယ်။ ဘုရားရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို ဖြန့်ဝေပြီး သက်သေခံဖို့၊ ဧဝံဂေလိအလုပ်မှာ အချိန်နဲ့ အားအင်ရှိသမျှ ထည့်ဖို့ ကိုယ်တတ်နိုင်သမျှ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီနောက်မှာ၊ သူတို့ကို ဧဝံဂေလိ ဝေမျှဖို့ အစီအစဉ်တွေ စလုပ်တယ်။ ပထမတော့၊ ကျွန်တော့်အိမ်မှာ ဒေသနာနားထောင်ဖို့ မိသားစု ဆယ်စုအတွက် ဖိတ်ကြားစာတချို့ကို ပုံနှိပ်ဖို့ မိတ္ထုဆိုင်ကို သွားတယ်။ သူတို့အားလုံး တော်တော် အံ့ဩသွားကြပြီး၊ ကျွန်တော်လုပ်နေတာကို အကောင်းပြောကြပါတယ်။ ကျွန်တော် အရမ်းပျော်သွားတယ်။ အဲဒီနောက် တွေးမိတယ်၊ အဲဒီညနေမှာ လူအများကြီး လာရင်၊ ကိုယ့်ရဲ့ ဖုန်းသေးသေးလေးပဲနဲ့တော့ ဒေသနာကို နားထောင်နေတုန်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့ လူတိုင်းအတွက် ခက်မှာပဲလို့ပေါ့။ ဒါကြောင့် မိတ်ဆွေတစ်ယောက်ဆီက လက်တော့ပ်ကို သွားငှားလိုက်တယ်။ အဲဒီညနေမှာ၊ ဒေသနာ နားထောင်ဖို့ လူ၁၃ယောက် လာခဲ့ကြပြီး၊ စုဝေးပွဲမှာ ဘုရားနှုတ်ကပတ်တော် ဖတ်ရတာကို လူတိုင်း ကြိုက်ကြတယ်။ ဖတ်ချင်တဲ့သူဘယ်သူမဆိုက ရပ်ပြီး ကူဖတ်ပေးကြသလို၊ အဲဒါကို သူတို့ နှစ်သက်ကြတယ်။ စုဝေးပွဲပြီးသွားတော့ လူတိုင်း တကယ် ပျော်ခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေက သိပ်ကောင်းပြီး သူတို့အတွက် ပြုစုအားပေးသလို၊ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်တွေ ဖတ်တာ ကောင်းတယ်လို့ ပြောကြတယ်။ နောက်နေ့မှာ သူတို့မိသားစုဝင်တွေကိုလည်း ခေါ်လာချင်ခဲ့ကြတယ်။ လူတိုင်းက ဘုရားနှုတ်ကပတ်တော်တွေကို တောင့်တကြပုံကို မြင်ရတာက ကျွန်မကို တကယ်ပျော်စေတယ်။ ဒါပေမဲ့ သူငယ်ချင်းရဲ့ လက်တော့ပ်ကို အမြဲငှားတာက အလားအလာ မကောင်းလို့ ကိုယ့်ကိုယ်ပိုင် တစ်ခုလောက် ဝယ်ချင်မိခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် ငွေတွေအားလုံးကို စုလိုက်တဲ့အခါ လက်တော့ပ်တစ်ခု ဝယ်ဖို့ မလောက်သေးဘူး။ အကျပ်ရိုက်သလို ခံစားရတယ်။ ဟိုဟိုသည်သည် မေးပြီးတဲ့နောက်မှာ၊ ပရိုဂျက်တာတွေက ကွန်ပြူတာတွေထက် ပိုစျေးချိုမှန်း သိလိုက်ရတယ်။ ဒါကြောင့် ရွာသားတွေက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်နိုင်အောင်၊ ပရိုဂျက်တာဝယ်ဖို့ ချေးငွေယူလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် ကောင်တီရုံးကို ချေးငွေသွားထုတ်ပြီး ပရိုဂျက်တာတစ်ခု ဝယ်လိုက်တယ်။ နောက်ထပ် စုဝေးပွဲမစခင်မှာ အရာရာကို ကျွန်တော် ပြင်ဆင်ခဲ့တယ်။ သိပ်မကြာခင်မှာ ရွာသားတွေ စပေါ်လာကြတယ်။ တစ်ခန်းလုံး အပြည့် လူဆယ့်ကိုးယောက် တက်ရောက်ကြတယ်။ အဲဒီအချိန်မှာ ဘုရားက အရာရာကို စီစဉ်ခဲ့ပြီးဖြစ်မှန်း တွေ့ရပြီး ကျွန်တော် အရမ်း စိတ်လှုပ်ရှားခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို လူတိုင်း နားထောင်လို့ရအောင် အသံချဲ့စက်ကို ကျွန်တော် အပြေးရှာတယ်။ သခင့်ရဲ့ ပြန်ကြွလာခြင်း ပရောဖက်ပြုချက်တွေ ပြည့်စုံပြီးဖြစ်ပုံ၊ သင့်ကို ဘယ်လို ကြိုဆိုရမယ်၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်တာကို ဘယ်လို သေချာရမယ်ဆိုတာနဲ့ လူအမျိုးအစားတိုင်းကို ဖော်ထုတ်ဖို့ ဘုရားကြွလာပြီဆိုတဲ့အကြောင်း သမ္မာတရားကို ကျွန်တော် မိတ်သဟာယပြုခဲ့တယ်။ တက်ရောက်တဲ့လူတွေအားလုံးက ဘုရားနှုတ်ကပတ်တော် ဖတ်ရာမှာ ထက်ထက်သန်သန် ပါဝင်ကြပြီး၊ ကလေးတချို့လည်း ဘုရားနှုတ်ကပတ်တော်ဖတ်ဖို့ တက်ကြွကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို သူတို့ ဆာငတ်ပုံကို မြင်တော့ ဒါ ဘုရားရဲ့ လုပ်ဆောင်ချက်ပဲလို့ သိလိုက်တယ်။ စုဝေးပွဲကို အပြီးသတ်ပြီးတဲ့နောက်မှာ လူတချို့က ဆက်နေကြပြီး သူတို့ တကယ်နှစ်သက်တယ်လို့ ပြောကြတယ်။ ရွာအကြီးအကဲနဲ့ တခြားလူတွေအားလုံး တို့ထိခံရကြပြီး၊ ရွာအကြီးအကဲက နယ်ခံအားလုံးကို ဘုရားနှုတ်ကပတ်တော် လာနားထောင်စေချင်ခဲ့တယ်။ အံ့ဩဖို့ အရမ်းကောင်းတယ်။ ဒီရလဒ်က ကျွန်တော့် အယူအဆနဲ့ စိတ်ကူးတွေကို လုံးဝ ပစ်ချလိုက်တယ်၊ ကျွန်တော် ရှက်မိခဲ့တယ်။ ဘုရားရဲ့ အမှုတော်နဲ့ လမ်းပြမှုကို တကယ် မျက်မြင်တွေ့ခဲ့ရပြီး ဧဝံဂေလိ ဝေမျှဖို့ ယုံကြည်ခြင်း ပိုရခဲ့တယ်။ အဲဒီနောက်မှာ နေ့တိုင်း တရားဒေသနာ နားထောင်ဖို့ ရွာသားတွေကို ကျွန်တော် ဖိတ်ခဲ့ပြီး၊ ပိုများသထက်များတဲ့ လူတွေက စပြီး ရောက်လာခဲ့ကြတယ်။ သူတို့အားလုံး ပီတိဖြစ်ကြပြီး ပြောတယ်၊ “ဒီလိုအရာမျိုးတစ်ခုတစ်လေကိုမှ အရင်က မဖတ်ဖူးဘူး။ ဘုရားက လူ့ဇာတိခံယူပြီး ပြန်ကြွလာပြီးပြီ ဖြစ်သလို သူနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင်နိုင်တယ်။ သခင့်ကို ကြိုဆိုနိုင်ဖို့ ကျွန်တော်တို့ အရမ်း ကံကောင်းကြတယ်”တဲ့။ စုဝေးပွဲကို အနီးဝန်းကျင်မြို့တွေဆီက ပိုများတဲ့ လူတွေကို ဖိတ်ဖို့ ပွဲတစ်ခုတောင် သူတို့ စီစဉ်ခဲ့ကြတယ်။ သူတို့က ပြောတယ်၊ “မင်းက အရမ်းငယ်ပေမဲ့၊ ဒါကို ရွာသားတွေအတွက် လုပ်နေတာ။ ဘုရားနှုတ်ကပတ်တော်ကို ငါတို့ ကြားအောင် ကူညီနေတာဖြစ်ပြီး အဲဒါကို အရမ်းတာဝန်ကျေပွန်နေတာပဲ။ အရင်က ငါတို့အတွက် ဒီလိုအရာမျိုးကို ဘယ်သူမှ မလုပ်ပေးဖူးဘူး။ မင်းလို လူငယ်တစ်ယောက်က ဒါကို လုပ်မယ်လို့ ငါတို့ လုံးဝ မတွေးမိဘူး။ သိပ်ကောင်းတယ်”တဲ့။ ဒါဟာ လုံးလုံးလျားလျား ဘုရားရဲ့ လုပ်ဆောင်ချက်တွေဖြစ်မှန်း သိခဲ့တယ်။ အဲဒါက စိတ်လှုပ်ရှားစေပြီး ကျွန်တော့် ယုံကြည်ချက်ကို အားဖြည့်ခဲ့တယ်။

ဒါပေမဲ့ ယုံကြည်သူသစ်တွေကို ရေလောင်းတဲ့အချိန်မှာ အခက်အခဲမျိုးစုံ ကြုံခဲ့ရတယ်။ တစ်ခါတလေ ကျွန်တော့် အင်တာနက် ဆက်သွယ်မှုက မကောင်းသလို၊ စုဝေးပွဲတွေ လုပ်ဖို့ တစ်အိမ်တက်ဆင်း သွားခဲ့ရတယ်။ ပိုဆိုးတာက အဲဒီမှာ မိုးအရမ်းများတယ်။ မိုးရွာတဲ့အခါ လမ်းတွေအားလုံး ရွှံ့တွေနဲ့ဖြစ်သွားပြီး၊ လမ်းလျှောက်ဖို့ ခက်တယ်။ ရေလောင်းပေးဖို့ ကျွန်တော် အပြင်ထွက်တဲ့အခါ၊ တစ်အိမ်ကတစ်အိမ်ကို ခုန်ပေါက်ပြေးခဲ့ရတယ်။ တစ်ခါတလေ မိုးမရွာခင် ယုံကြည်သူသစ်ရဲ့ အိမ်ဆီ အပြေးသွားခဲ့ရပြီး၊ သူတို့ အိမ်မရောက်သေးလို့ စောင့်ခဲ့ရသေးတယ်။ အဲဒီနောက် သူတို့နဲ့ မိတ်သဟာယပြုပြီးတဲ့အခါ၊ အိမ်ပြန်လမ်းက အခြေအနေမကောင်းဘူး။ ဖတ်ဖတ်မောတဲ့အခါ အပျက်သဘောဆောင်ပြီး အားနည်းခဲ့တယ်။ ဒါကြောင့် ဆုတောင်းပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ အဲဒီနောက် ဒါကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေမှာ ဖတ်ရတယ်။ “စိတ်မပျက်နှင့်၊ အားမနည်းနှင့်၊ ထိုအခါ ငါသည် သင့်အတွက် အမှုအရာများကို ရှင်းလင်းစေမည်။ နိုင်ငံတော်သို့ သွားရာလမ်းသည် သိပ်ချောမွေ့ခြင်းမရှိ။ မည်သည့်အရာမျှ ထိုမျှ မရိုးရှင်းပေ။ ကောင်းချီးများ သင့်ထံ အလွယ်တကူ ရောက်လာသည်ကို သင် လိုချင်သည် မဟုတ်လော။ ယနေ့တွင် အယောက်တိုင်းသည် ခါးသီးသော စမ်းသပ်ခြင်းများ ရင်ဆိုင်ဖို့ ရှိလိမ့်မည်။ ထိုသို့သော စမ်းသပ်မှုများမရှိပါက၊ သင်တို့၌ ရှိသည့် ငါ့ကိုချစ်သော နှလုံးသားသည် တိုး၍ အားကောင်းလာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်တို့သည် ငါ့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိလိမ့်မည်မဟုတ်။ ဤစမ်းသပ်မှုများတွင် အရေးမပါသော အခြေအနေများသာ ပါရှိလျှင်ပင်၊ အယောက်တိုင်း ၎င်းတို့ကို ကျော်ဖြတ်ရမည်။ စမ်းသပ်မှုများ၏ ခက်ခဲမှုက လူတစ်ဦးနှင့်တစ်ဦး ခြားနား လိမ့်မည်သာ ဖြစ်သည်။ စမ်းသပ်မှုများသည် ငါ့ထံမှလာသော ကောင်းချီးမင်္ဂလာများဖြစ်ပြီး၊ သင်တို့ထဲမှ မည်မျှသည် ငါ၏ ရှေ့သို့ မကြာခဏ လာပြီး ဒူးထောက်လျက် ကောင်းချီး မင်္ဂလာများကို တောင်းခံကြသနည်း။ မိုက်မဲသော ကလေးတို့။ အနည်းငယ်သော မင်္ဂလာရှိသည့် စကားများကို ငါ၏ ကောင်းချီးမင်္ဂလာများအဖြစ် သင်တို့ အမြဲ ယူဆ ကြသော်လည်း၊ ခါးသီးမှုသည် ငါ၏ ကောင်းချီးမင်္ဂလာများထဲမှ တစ်ခုဖြစ်သည်ကို သင်တို့ သတိမပြုမိကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) “ဒုက္ခကို သင်ရင်ဆိုင်ရသည့်အခါ၊ သင်သည် သွေးသားဇာတိအတွက် ပူပန်မှုကို ဘေးဖယ်သည့်အပြင် ဘုရားသခင်အပေါ် ညည်းတွားချက်များ မပြုဘဲ နေနိုင်ရမည်။...သင်၏ တကယ့်ဝိညာဉ်ရင့်ကျက်မှုမှာ မည်သို့ဖြစ်ပါစေ၊ သင်၌ ဒုက္ခခံလိုစိတ်နှင့် စစ်မှန်သောယုံကြည်ခြင်း နှစ်ခုလုံးကို ဦးစွာပိုင်ဆိုင်ရမည်ဖြစ်ပြီး သင်၌ ဇာတိပကတိကို စွန့်လွှတ်လိုစိတ်လည်း ရှိရမည်။ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းရန်အတွက် တစ်ကိုယ်ရေဆင်းရဲဒုက္ခများကို ကြံ့ကြံ့ခံရန်နှင့် သင်၏ တစ်ကိုယ်ရေ အကျိုးအမြတ်များအား လက်လွှတ်ဆုံးရှုံးမှုခံရရန် လိုလိုလားလားဖြစ်သင့်သည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်- အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားနှုတ်ကပတ်တော်တွေက စိတ်ပျက်၊ အားနည်းမလာအောင်၊ ဘုရားက လမ်းပြ၊ ကူညီမယ်လို့ ခွန်အားပေးပြီး၊ နှစ်သိမ့်ခဲ့တယ်။ ဧဝံဂေလိ ဝေမျှဖို့ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းတာတချို့ကို တွေ့ကြုံရပြီး အဖိုးအခ နည်းနည်း ပေးခဲ့ရပေမဲ့၊ အဓိပ္ပာယ်ရှိပြီး တန်ဖိုးရှိတယ်၊ လုပ်ဆောင်ဖို့ အဖြောင့်မတ်ဆုံး အရာတစ်ခုဖြစ်ပြီး၊ ဘုရားရဲ့ လက်ခံမှုနဲ့ ကောင်းချီးတွေ အရဆုံး အရာဖြစ်မှာပဲ။ ဧဝံဂေလိ ဖြန့်ဝေဖို့ ဆင်းရဲဒုက္ခ အများကြီး ခံစားခဲ့ရတဲ့ ပေတရု၊ မဿနဲ့ သခင်ယေရှုရဲ့ တခြားတမန်တော်တွေကို တွေးမိခဲ့တယ်။ တချို့ဆိုရင် ဧဝံဂေလိ ဝေမျှဖို့ အားထုတ်ရာမှာ သေသွားကြရတယ်။ ဒါပေမဲ့ ဧဝံဂေလိ ဝေမျှရာမှာ အားကောင်းနေခဲ့ကြပြီး လုံးဝ တပ်မခေါက်ခဲ့ကြဘူး။ သူတို့ရဲ့ယှဉ်ရင်၊ ကျွန်တော် ခံစားရတဲ့ ဒုက္ခသေးသေးက ပြောဖို့တောင် မတန်ဘူး။ ဘုရားရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံဖို့ အခွင့်အလမ်းရပြီး၊ နိုင်ငံတော်ဧဝံဂေလိကို ဖြန့်ဝေဖို့ ကိုယ့်တာဝန်ကို လုပ်နိုင်တာက ဘုရားရဲ့ ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်ပါ။ အခက်အခဲ နည်းနည်းလေးကို ကြောက်ပြီး ကိုယ့်ဇာတိပကတိကိုပဲ ဆက်ထောက်ထားနေလို့မရဘူး။ ဆင်ရဲဒုက္ခခံဖို့ လိုလားနေရမယ်။ အခက်အခဲတစ်ခုခုကြောင့် စိတ်ပျက်အားလျော့လာလို့ မရဘူး။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုကို ခံစားရရင်တောင်၊ ဧဝံဂေလိ ဝေမျှပြီး ဘုရားရဲ့ အမှုတော်ကို သက်သေခံရဦးမှာပဲ။ ဘုရားစိတ်ကျေနပ်ဖို့ ကိုယ့်တာဝန်ကို လုပ်ရဦးမှာပဲ။

နောက်ပိုင်း တစ်ချိန်မှာ ကျွန်တော် နေမကောင်းဖြစ်ပြီး ရက်အတော်ကြာ အအေးမိခဲ့တယ်။ ညနေခင်းတွေမှာ အဖျား၊ ခေါင်းကိုက်နဲ့ ဝမ်းကိုက်တာတွေ ရှိခဲ့တယ်။ စကားတောင် မပြောနိုင်ခဲ့ဘူး။ ကျွန်တော် အခြေအနေမကောင်းတာကို ညီအစ်မတစ်ယောက်က မြင်ပြီး ပြောတယ်၊ “ဒီညစုဝေးပွဲကို အစ်ကို မသွားသင့်ဘူး”တဲ့။ အဲဒီတုန်းက ကျွန်တော် သဘောတူခဲ့တယ်။ ဒါပေမဲ့နောက်ပိုင်းမှာ၊ ယုံကြည်သူသစ်တွေကို သူတို့ဘာသာ စုဝေးစေတဲ့ အတွေးက ကျွန်တော့်ကို မသက်မသာဖြစ်စေတယ်။ နေမကောင်းဖြစ်တာက ကျွန်တော့်အတွက် စမ်းသပ်မှုတစ်ခုဖြစ်သလို ကိုယ့်တာဝန်ကို ကောင်းကောင်း လုပ်ဆောင်ရဦးမှာဖြစ်မှန်း တွေးနေမိတယ်။ အရင်တစ်ခါက နေမကောင်းဖြစ်ပြီး ခြေထောက် အနာတရဖြစ်ပေမဲ့ ဘောလုံး သွားကစားခဲ့သေးတာကို သတိရမိတယ်။ ဒီတော့ အခု ဘာလို့ ကိုယ့်တာဝန်ကို မလုပ်နိုင်ရတာလဲ။ ဒီအတွေးနဲ့ ဆိုင်ကယ်ပေါ်တက်ပြီး စုဝေးပွဲကို ကျွန်တော် သွားခဲ့တယ်။ အံ့ဩစရာက ရောက်သွားတော့ နေမကောင်းသလို မခံစားခဲ့ရဘူး။ တကယ် ဝမ်းသာခဲ့ရတယ်။ နှစ်ရက်အတွင်းမှာပဲ ကျွန်တော် သက်သာသွားတယ်။

နောက်ပိုင်းမှာ၊ တစ်လကြာ အလုပ်ကြိုးစားပြီးတဲ့နောက်မှာ၊ မြို့ပြင်မှာ အလုပ်လုပ်တဲ့သူတွေကလွဲလို့၊ ရွာသားအများစုက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို လက်ခံခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်တော် တွေးမိတယ်။ ရွာသားအားလုံးကို ဧဝံဂေလိ ဝေမျှခဲ့ပေမဲ့၊ ဘုရားအလိုတော်ကို ပြည့်မီဖို့ မလုံလောက်ခဲ့ဘူး ဆိုတာကိုပေါ့။ ပိုများတဲ့လူတွေကို ဘုရားအသံတော် ကျွန်တော် ကြားစေချင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သခင်ယေရှု ပြန်ကြွလာပြီးပြီ၊ သမ္မာတရား အများကြီး ဖော်ပြနေပြီး၊ လူသားမျိုးနွယ်ကို သန့်စင်၊ ကယ်တင်တဲ့ အလုပ်ကို လုပ်နေကြောင်း မသိတဲ့ လူတွေအများကြီး ရှိသေးလို့ပဲ။ ဒါကြောင့် တခြားရွာတွေမှာ ဧဝံဂေလိ ဝေမျှဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။ ကိုယ့်စိတ်နှလုံးမှာ ဆုတောင်းတယ်၊ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ယုံကြည်ခြင်း မပျောက်ဆုံးဖို့နဲ့ ရှေ့ဆက်နိုင်အောင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုလမ်းပြပါ။ ဘာအခက်အခဲတွေကိုပဲ ရင်ဆိုင်ရပါစေ ကိုယ်တော် ကူဖြေရှင်းပေးမယ်လို့ ကျွန်တော် စိတ်ချယုံကြည်ပါတယ်”လို့ပေါ့။ အဲဒီနောက်မှာ ဧဝံဂေလိ ဝေမျှဖို့ ရွာနီးချုပ်စပ်ကို သွားခဲ့တယ်။ သူတို့ဆီ ဧဝံဂေလိဝေမျှဖို့ ရွှံ့များတဲ့လမ်းကို မိနစ် ၃၀ ကြာ ကုန်းဆင်းလျှောက်ခဲ့တယ်၊ ဒါပေမဲ့ ပထမအိမ်ထောင်စုသုံးခုက အချိန်မရှိဘူးလို့ပြောပြီး ယဉ်ယဉ်ကျေးကျေး နှင်ကြတယ်။ တကယ် စိတ်ပျက်မိသလို စိတ်ဓာတ်ကျသလိုလည်း ခံစားခဲ့ရတယ်။ အဲဒီညမှာ တကယ်ကို အိမ်အရောက် နောက်ကျခဲ့တယ်။ ကျွန်တော့်ရဲ့ ဧဝံဂေလိ ဝေမျှတာ ဘယ်လိုရှိလဲလို့ အစ်မအန်းနီက ဖုန်းဆက်မေးတဲ့အပြင်၊ ကျွန်တော့်ကို အားပေး၊ ကူညီရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တချို့ကို ဖတ်ခဲ့တယ်။ “ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် ဤအခိုက်အတန့်တွင် မည်သည့် သက်သေခံချက် ဖြစ်သည် သို့မဟုတ် မည်သည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ နာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ နာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ ငါသည် များစွာ လုပ်ဆောင်ပြီး ဖြစ်သည်။ သင်စိတ်ကူးသည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် အဘယ်သို့ လက်လျှော့နိုင်မည်နည်း။ ငါသည် ထိုသို့သော ကြီးကျယ်သည့် အမှုကို ပြုပြီးဖြစ်သည်။ ယင်းကို မည်သို့ ငါ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်- ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော် ဖတ်ရတာက ခွန်အားတချို့ပေးခဲ့တယ်။ သူ့ကို ယုံကြည်ချက် ရှိသင့်ပြီး၊ ဘုရားက ကျွန်တော်တို့ကို လမ်းပြနေလို့ အခက်အခဲတွေပဲ ရင်ဆိုင်ရပါစေ၊ အားနည်းပြီး အပျက်သဘောဆောင်လို့ မရဘူး၊ စိတ်ပျက်ပြီး၊ စိတ်ဓာတ်ကျနေလို့ မရဘူးလို့ ဘုရားက ပြောနေသလို ခံစားရတယ်။ ဘုရားအလိုတော်ကို ထောက်ထားပြီး၊ သူ့ရဲ့ နိုင်ငံတော် ဧဝံဂေလိကို သွားဖြန့်ဝေသရွေ့၊ ကျွန်တော့်အတွက် လမ်းကြောင်းတစ်ခု သူ ဖွင့်ပေးမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ဧဝံဂေလိ ဝေမျှတဲ့လမ်းကြောင်းက မလွယ်ကူဘဲ၊ ဆင်းရဲဒုက္ခနဲ့ အဖိုးအခပေးဆပ်ဖို့ လိုမှန်း တွေ့ရတယ်။ နောဧက အနှစ် ၁၂၀ ကြာ ဧဝံဂေလိ ဟောခဲ့ပြီး၊ လူတွေရဲ့ လှောင်ပြောင်၊ အသရေဖျက် မကောင်းပြောတာခံခဲ့ရတယ်။ သူ အများကြီး ဆင်းရဲဒုက္ခခံခဲ့ရပြီး၊ ဘယ်သူကိုမှ မပြောင်းလဲစေခဲ့ပေမဲ့၊ လက်မလျော့ခဲ့ဘူး၊ အားနည်းမလာခဲ့ဘူး၊ ဧဝံဂေလိကို ဆက်ဝေမျှနေခဲ့တယ်။ နောဧက ဘုရားကို သူ့ရဲ့ ဆက်ကပ်မှုနဲ့ ကျိုးနွံနာခံခြင်းမှာ အားကောင်းနေခဲ့တယ်။ အဖန်ဆင်းခံအနေနဲ့ သူ့တာဝန်ကို သူ လုပ်ခဲ့ပြီး၊ ဘုရားရဲ့ လက်ခံမှုနဲ့ ကောင်းချီးတွေကို ရခဲ့တယ်။ လောကကို ဖျက်ဆီးဖို့ ရေလွှမ်းမိုးမှုကို ဘုရားစေလွှတ်တဲ့အခါ၊ လူရှစ်ယောက်ရှိတဲ့ နောဧမိသားစုဟာ ဘုရားရဲ့ကယ်တင်ခြင်းခံခဲ့ရတယ်။ ရှင်ကျန်ခဲ့ကြတယ်။ အဲဒီအချိန် ကျွန်တော့်ကို တွေးကြည့်တဲ့အခါ၊ မိသားစုသုံးစုနဲ့ပဲ ဧဝံဂေလိ ဝေမျှခဲ့ပြီး သူတို့ လက်မခံတော့ စိတ်ပျက်အားလျော့ခဲ့တယ်။ ဘုရားကို စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ အမှန်တော့၊ ဒီအခြေအနေကို ဘုရားခွင့်ပြုခဲ့တာပါ၊ ကျွန်တော့်အပေါ် ဒီအခက်အခဲ ရောက်လာတာက ကျွန်တော့်ယုံကြည်ခြင်းနဲ့ ဘုရားအပေါ် ဆက်ကပ်မှုကို စုံလင်စေဖို့ပါ။ ဒါကြောင့် ဧဝံဂေလိကို သူတို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ သွားဟောရမယ်။ အဲဒါ ကျွန်တော့် တာဝန်ပဲ။

ဘုရားနှုတ်ကပတ်တော်တွေက ခွန်အားပေးတယ်။ နောက်နေ့မှာ ဧဝံဂေလိ စဝေမျှဖို့ နောက်တစ်ရွာကို ကျွန်တော် သွားတယ်။ သူ့နှုတ်ကပတ်တော်ကို သိနားလည်အောင် အလားအလာရှိတဲ့ ဧဝံဂေလိလက်ခံသူတွေကို ဉာဏ်အလင်းပေးဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ အဲဒီညနေမှာ၊ ဧဝံဂေလိနားထောင်ဖို့ စိတ်ဝင်စားတဲ့သူတစ်ယောက်ကို တွေ့ရပြီး၊ အဲဒါအပြင်၊ နောက်တော့ ဧဝံဂေလိဝေမျှဖို့ တခြားလူတွေကိုလည်း ဆက်တွေ့ခဲ့ရသလို အဲဒီည လူခြောက်ယောက် ပြောင်းလဲခဲ့တယ်။ ကျွန်တော် အရမ်းအံ့ဩသွားတယ်။ ဘာလို့လဲဆိုတော့ တချို့ ဧဝံဂေလိ လက်ခံသူတွေက ကက်သလစ်ဖြစ်ပြီး အယူအဆအများကြီးရှိပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပြီးတဲ့နောက်မှာ နားလည်နိုင်ကြသလို၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိကို လက်ခံခဲ့ကြလို့ပဲ။ အဲဒီနောက် နောက်တစ်နေရာကို သွားပြီး၊ ဧဝံဂေလိ ထွက်ဝေမျှတိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဘယ်လိုဟောပြီး သက်သေခံရမယ်ဆိုတာ သိအောင် ဉာဏ်အလင်းပေး လမ်းပြဖို့ ဘုရားဆီ တောင်းလျှောက် ဆုတောင်းခဲ့တယ်။ ပိုပိုများတဲ့လူတွေက ဧဝံဂေလိလက်ခံတာနဲ့အမျှ ကျွန်တော့် ယုံကြည်ခြင်း ကြီးထွားခဲ့တယ်။ လူစိမ်းတွေကို ဟောဖို့ တခြားရွာတွေကို သွားတဲ့အခါ၊ တစ်ခါတလေ နည်းနည်းရှက်ပြီး လန့်မိပေမဲ့၊ ဘုရားနှုကပတ်တော်ရဲ့ လမ်းပြမှုက ရင်ဆိုင်ဖို့ ယုံကြည်ချက်နဲ့ သတ္တိပေးခဲ့တယ်။ သူတို့ကို လုံးဝ မိတ်သဟာယပြုရမယ်၊ အဲဒါ ကျွန်တော့်တာဝန်ဖြစ်ပြီး၊ သူတို့ကို ဧဝံဂေလိ မဝေမျှရင်၊ လက်တွေ့လုပ်ဖို့ ပိုအခွင့်အရေးတွေ ရမှာ မဟုတ်သလို၊ ပိုများတဲ့ သမ္မာတရားတွေကိုလည်း သင်ယူ၊ ရရှိမှာ မဟုတ်ဘူးလို့ ကျွန်တော် သိခဲ့တယ်။ အဲဒီနောက်မှာ၊ ဧဝံဂေလိ ဝေမျှတာကို စဉ်ဆက်မပြတ် လက်တွေ့လုပ်ခြင်းအားဖြင့် အရမ်းစိတ်လှုပ်ရှားပြီး ကြောက်တာ ရပ်သွားသလို၊ ရူပါရုံတွေနဲ့ဆိုင်တဲ့ သမ္မာတရားကို ပိုပြီး ရှင်းသထက်ရှင်းအောင် နားလည်လာခဲ့တယ်။ တကယ်ကို စိတ်အေးပြီး လွတ်လပ်သွားတယ်။

ဒီဧဝံဂေလိ ဝေမျှတဲ့ ဖြစ်စဉ်ကတစ်ဆင့် တကယ်ကို အကျိုးအများကြီး ရခဲ့တယ်။ ဒီအရာအားလုံးကို ကျွန်တော် မတွေ့ကြုံခဲ့ရရင်၊ ဘုရားရဲ့ အနန္တတန်ခိုးရှိတဲ့ အုပ်စိုးမှုကို နားလည်နိုင်ခဲ့မှာ မဟုတ်သလို၊ ကိုယ့်တာဝန်ကို လုပ်ခြင်းရဲ့ အရေးကြီးမှု၊ ဒါမှမဟုတ် အခက်အခဲကတစ်ဆင့် ဘုရားကို ရှာဖွေရမဲ့ပုံကို သင်ယူနိုင်ခဲ့မှာ မဟုတ်ဘူး။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မကောင်းမှုပြုသူအား ထုတ်ပယ်ခြင်းမှ လေ့လာသင်ယူခြင်း

စုန်းယိ နယ်သာလန်နိုင်ငံ ဒီနှစ် မတ်လမှာ ခေါင်းဆောင်ပိုင်းတာဝန်တစ်ခုကို ကျွန်မ ယူခဲ့တယ်။ ကြီးကြပ်သူနဲ့ ကျွန်မ တွေ့တဲ့အခါမှာ တချို့...

“ကျွမ်းကျင်သူ” မဖြစ်တော့ခြင်းက လွန်စွာ လွတ်မြောက်မှုရသည်

ကျန်းဝေ တရုတ်နိုင်ငံ အစ်မ အရင်က သွားနဲ့မေးရိုးဆိုင်ရာလက်ထောက် အကြီးအကဲအဖြစ် ဆေးရုံတစ်ခုမှာ အလုပ်လုပ်ဖူး တယ်။ ဒီအပေါ်မှာ ဆယ်စုနှစ်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။