နောက်ဆုံးတော့ ကျွန်ုပ် အယောင်ဆောင်ခြင်းနှင့် ဟိတ်ဟန်ထုတ်ခြင်းကို ရပ်တန့်ခဲ့ပြီ

05.10.2026

ကိုးလ်၊ အီတလီ

၂၀၁၈ ခုနှစ် ဇွန်လမှာ ကျွန်တော့်ကို ညီအစ်ကိုမောင်နှမတွေရဲ့ သရုပ်ဆောင်မှုကို လမ်းညွှန်နည်းပြပေးဖို့ ခေါင်းဆောင်တွေက စီစဉ်ပေးခဲ့တယ်။ ကျွန်တော် အရမ်းပျော်ခဲ့တယ်။ “ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်ဟာ ခေါင်းဆောင်တွေရဲ့ အသိအမှတ်ပြုတာကို ရလိုက်ပုံရတယ်၊ ဒါကြောင့် အလေးအနက် ပူးပေါင်းဆောင်ရွက်ရမယ်လို့” ကျွန်တော်တွေးခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်တော်တို့အဖွဲ့ထဲက ညီအစ်ကိုမောင်နှမတွေရဲ့ သရုပ်ဆောင်မှုကို လမ်းညွှန်နည်းပြပေးဖို့ပဲ ကျွန်တော် တာဝန်ယူခဲ့ရတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တခြားနိုင်ငံတွေက သရုပ်ဆောင်တွေကို လမ်းညွှန်နည်းပြပေးဖို့နဲ့ အဖွဲ့လိုက် လေ့လာမှုတွေ ပြုလုပ်ဖို့ ကျွန်တော့်ကို ညီအစ်မနှစ်ယောက်နဲ့ ပူးပေါင်းလုပ်ဆောင်ရအောင် ဒါရိုက်တာက စီစဉ်ပေးခဲ့တယ်။ အဲဒါကြောင့် ကျွန်တော် ပိုပျော်ခဲ့ပြီး ဘယ်သွားသွား ခေါင်းမော့ရင်ကော့ပြီး ယုံကြည်မှုအပြည့်နဲ့ သွားလာနေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးခွန်းတွေမေးတိုင်း သူတို့မျက်လုံးထဲက အားကျမှုနဲ့ အထင်ကြီးလေးစားမှုကို မြင်ရတဲ့အခါ ကျွန်တော် ထိန်းမရအောင် ပျော်ခဲ့မိတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ ခေါင်းဆောင်တွေက ရုပ်ရှင်တစ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် ကျွန်တော့်ကို သရုပ်ဆောင်ဖို့ စီစဉ်ခဲ့တယ်။ ဒီသတင်းကြားရတော့ ကျွန်တော် အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့ပေမဲ့ ဒါပေမဲ့လည်း နည်းနည်း စိုးရိမ်မိတယ်။ “အရင်တုန်းက ငါက လူဆိုးဇာတ်ကောင်တွေပဲ အမြဲသရုပ်ဆောင်ခဲ့တာ၊ လူကောင်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရရင်တောင် ဇာတ်ဝင်ခန်းနည်းတဲ့ ဇာတ်ပို့လေးတွေပဲ ဖြစ်ခဲ့တာ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ငါက အဓိကဇာတ်ဆောင် ဖြစ်နေတယ်။ ဒီဇာတ်ကောင်က အရမ်းအရေးကြီးတယ်။ ငါ ကောင်းကောင်းသရုပ်မဆောင်နိုင်ရင် အရမ်းအရှက်ကွဲမှာပဲ။ နောက်ပြီး ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် ဖြတ်သန်းရတဲ့ စိတ်ခံစားမှုတွေထဲမှာ ငါတစ်ခါမှ မကြုံဖူးတဲ့အရာတွေ အများကြီးပါနေတယ်။ ငါသာ ကောင်းကောင်းသရုပ်မဆောင်နိုင်ရင် ညီအစ်ကိုမောင်နှမတွေ ငါ့ကို အထင်သေးကြမှာ မဟုတ်လား။ သရုပ်ဆောင်တာဝန်ကို ဒီနှစ်ပေါင်းများစွာ ထမ်းဆောင်လာပြီး တခြားသူတွေကိုတောင် သရုပ်ဆောင်ပိုင်း လမ်းညွှန်နည်းပြပေးနေတဲ့ ငါက ကိုယ်တိုင်ကျတော့ ကောင်းကောင်းတောင် သရုပ်မဆောင်တတ်ဘူး၊ အရည်အချင်းလည်း မမီဘူးလို့ သူတို့ပြောကြမှာပဲ” လို့ပေါ့။ ဒါပေမဲ့ ပြန်စဉ်းစားမိတာက “ခေါင်းဆောင်တွေက ငါ့ကို အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ခိုင်းတာဟာ ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုပြီး ဒီဇာတ်ကောင်ကို ငါ သရုပ်ဆောင်နိုင်တယ်လို့ ယုံကြည်တာပဲ။ အခက်အခဲမှန်သမျှကို တခြားသူတွေမသိအောင် ကိုယ့်ဘာသာကိုယ် ဖြည်းဖြည်းချင်း ဖြေရှင်းလိုက်မယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်သေးတာကိုတော့ မခံနိုင်ဘူး။ နောက်ပြီး ဒီဇာတ်ကောင်ကို သရုပ်ဆောင်ခွင့်ရတာက ဘုရားသခင်က ငါ့ကို ချီးမြှောက်တာပဲ။ ငါ့မှာ အသိစိတ်ရှိရမယ်၊ ငါ့တာဝန်ကိုလည်း ရှောင်လွှဲလို့မရဘူး” လို့ပေါ့။ ဒါနဲ့ ကျွန်တော်ဟာ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းပြီး အစမ်းလေ့ကျင့်တာနဲ့ ရိုက်ကူးရေးမှာ အားသွန်ခွန်စိုက် လုပ်ခဲ့တယ်။

စိတ်ခံစားချက်ကို အသားပေးဖော်ပြတဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ရိုက်နေတုန်း ကျွန်တော်ဟာ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်မဆောင်နိုင်တော့ အရမ်းစိတ်ပူလာခဲ့တယ်။ “ဒီဇာတ်ဝင်ခန်းက အရမ်းအရေးကြီးတယ်။ ကောင်းကောင်းသရုပ်မဆောင်နိုင်ရင် ညီအစ်ကိုမောင်နှမတွေ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ဒီလိုဇာတ်ဝင်ခန်းမျိုး အရင်ကလည်း တစ်ခါမှ သရုပ်မဆောင်ဖူးဘူး၊ တချို့ အသေးစိတ်အချက်တွေကိုလည်း ငါ သေချာနားမလည်ဘူး။ ငါ ဘာလုပ်ရမလဲ” လို့ပေါ့။ ကျွန်တော်ဟာ အလားတူ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေနဲ့ ဗီဒီယိုတွေကို အလောတကြီး လိုက်ကြည့်ခဲ့တယ်။ မှန်ကန်တဲ့ စိတ်ခံစားမှုကို ရှာမတွေ့လို့ ရိုက်ကူးရေးကို နှောင့်နှေးစေမိမှာ ကျွန်တော် အရမ်းကြောက်နေခဲ့တယ်။ ညီအစ်ကိုတစ်ယောက်က ကျွန်တော် အခက်အခဲဖြစ်နေတာကို သတိထားမိပြီး အကြံပေးတယ်၊ “ဒီအပိုင်းကို ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ မသေချာရင် အရင်က လူကောင်းဇာတ်ကောင်တွေ သရုပ်ဆောင်ဖူးတဲ့ ညီအစ်ကိုမောင်နှမတွေကို မေးကြည့်လို့ရတယ်။ သူတို့က တချို့အသေးစိတ်အချက်တွေကို သေချာသိမှာပဲ၊ အဲဒါက မင်းရဲ့ သရုပ်ဆောင်မှုအတွက် လမ်းညွှန်မှုတစ်ခု ပေးနိုင်လိမ့်မယ်” တဲ့။ ဒီစကားကို ကြားတော့ ကျွန်တော် တွေးမိတယ်၊ “သူတို့ကို မေးရမယ်တဲ့လား။ ငါ့မာနကို ဘယ်လိုချိုးနှိမ်နိုင်မှာလဲ။ အရင် ဇာတ်ပို့သရုပ်ဆောင်တုန်းက အကူအညီတောင်းတာ ပြဿနာမရှိဘူး၊ ဒါပေမဲ့ ဒီတစ်ခါတော့ ငါက အဓိကဇာတ်ကောင်ဖြစ်နေပြီ။ ငါ သရုပ်ဆောင်ကောင်းလို့ပဲ အဓိကဇာတ်ဆောင်နေရာ ရခဲ့တာ။ အခု သူတို့ဆီမှာ သွားအကူအညီတောင်းရင် ညီအစ်ကိုမောင်နှမတွေ သိသွားတဲ့အခါ ငါ့ကို ဘယ်လိုထင်ကြမလဲ။ ‘မင်းက ဘာမှ နားမလည်ဘူး။ မင်း သရုပ်ဆောင်တာလည်း အဲဒီလောက် မကောင်းဘူး’ လို့ သူတို့က သေချာပေါက် ပြောကြမှာပဲ လို့ပေါ့။ နောက်ပြီးတော့ သူတို့ရဲ့ သရုပ်ဆောင်ပိုင်းတွေကို ငါ လမ်းညွှန်နည်းပြပေးခဲ့ဖူးတယ်။ အခုတော့ သူတို့ဆီက အကြံဉာဏ်တောင်းရင် ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်က ညံ့ဖျင်းတယ်၊ အရင်က သူတို့ကို သင်ပေးခဲ့သမျှကလည်း သဘောတရားသက်သက်ပဲဆိုတာ ပေါ်သွားမှာ မဟုတ်လား။ အဲဒီလိုဆို လူတိုင်းက ငါ့အကြောင်း အကုန်သိသွားကြမှာပဲ” လို့ပေါ့။ ကျွန်တော် သဘောတူတယ်လို့တော့ ပြောခဲ့ပေမဲ့ တကယ်တမ်း ဘယ်သူ့ကိုမှ သွားမမေးခဲ့ဘူး။ နောက်ပိုင်း ဒါရိုက်တာက ညီအစ်ကိုမောင်နှမတွေဆီက အကူအညီတောင်းဖို့ ကျွန်တော့်ကို အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ သိက္ခာကျမှာကို စိုးရိမ်တဲ့စိတ်က ကျွန်တော့်ကို အမြဲတမ်း တားဆီးခဲ့တယ်။ တခြားသူတွေ ကျွန်တော့်ကို အထင်မသေးစေဖို့ ကိုယ့်ခံစားချက်တွေ ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးနိုင်မယ့် နည်းလမ်းမျိုးစုံကို ဦးနှောက်ခြောက်ခံ စဉ်းစားခဲ့တယ်။ ဘာသာတရားမရှိတဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပုံတွေကိုတောင် အတုခိုးခဲ့တယ်။ ကျွန်တော် တွေးမိတယ်၊ “ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်ဝင်ခန်းကို ကောင်းကောင်းသရုပ်ဆောင်ရမယ်။ ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည် မပြည့်ဝဘူးဆိုတာ သူတို့ကို သိခွင့်မပေးနိုင်ဘူး။ ငါသာ ကောင်းကောင်းမလုပ်နိုင်ရင် လုံးဝ သိက္ခာကျမှာပဲ” လို့ပေါ့။ ရိုက်ကူးရေး ပြုလုပ်ချိန်မှာ စိတ်ခံစားချက်တွေ ပေါ်ထွက်လာအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ သရုပ်ဆောင်တာကတော့ မပီပြင်သေးဘူး။ ကျွန်တော် အခက်အခဲဖြစ်နေတာကို ဒါရိုက်တာမြင်တော့ အဲဒီဇာတ်ဝင်ခန်းထဲက စိတ်ခံစားချက်တွေအကြောင်း ကျွန်တော်နဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည် မပြည့်ဝဘူးဆိုတာ တခြားသူတွေ မသိအောင် ကျွန်တော်က “ဒီစိတ်ခံစားချက်တွေကို ကျွန်တော် အကုန်နားလည်ပါတယ်။ အပြည့်အဝ မခံစားနိုင်သေးတာပဲ ရှိတယ်။ ဇာတ်ကောင်စရိုက် ပီပြင်ဖို့ အချိန်နည်းနည်း ထပ်လိုသေးတယ်” လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပဲ ကြိုးစားကြိုးစား တစ်ခုမှ အဆင်မပြေခဲ့ဘူး။ ရိုက်ကူးရေးပြီးတော့ ဒါရိုက်တာက ကျွန်တော့် သရုပ်ဆောင်မှုက သဘာဝမကျဘူး၊ တောင့်တောင့်ကြီး ဖြစ်နေပြီး ဝမ်းနည်းမှုလည်း လွန်ကဲနေတယ်လို့ ပြောတယ်။ ဒီစကားကြားရတော့ ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ဒီဇာတ်ကောင်ကို ကောင်းကောင်းသရုပ်ဆောင်ချင်ပေမဲ့ ဒီလိုဇာတ်ကောင်မျိုးမှာ ရှိသင့်တဲ့ စိတ်နေသဘောထားနဲ့ စိတ်ခံစားမှုတွေကို ကျွန်တော် အရင်က သိပ်မစဉ်းစားခဲ့ဖူးဘူး၊ ဒါကြောင့် ကောင်းကောင်း သရုပ်မဆောင်နိုင်ခဲ့တာပဲ။ ညီအစ်ကိုမောင်နှမတွေဆီက အကူအညီ တောင်းသင့်တယ်ဆိုတာ ကျွန်တော် သိပေမဲ့ တခြားသူတစ်ယောက်ကို မေးရမယ်ဆိုတဲ့အတွေးက နောက်ဆုတ်ချင်စိတ်တွေ ပေါ်လာစေခဲ့တယ်။ “ဘယ်လိုပဲဖြစ်ဖြစ် အရင်က တခြားသူတွေကို ငါ သရုပ်ဆောင်ပိုင်း လမ်းညွှန်နည်းပြပေးခဲ့ဖူးတယ်။ အခုလည်း အဓိကဇာတ်ဆောင်ဖြစ်နေတယ်။ ငါ့မှာ အရည်အချင်း မပြည့်ဝဘူးဆိုတာ လူတိုင်းကို ပေးသိလို့မရဘူး။ ထားလိုက်တော့။ ငါ့ဘာသာငါပဲ သင်ယူလိုက်မယ်။ ဒီတစ်ခေါက်က ငါ့စိတ်ခံစားချက်တွေကို အပြည့်အဝ မခံစားနိုင်သေးလို့ပါ။ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင်လုပ်ဖို့ အချိန်နည်းနည်းရသွားရင် ဒီပြဿနာတွေ ပြေလည်သွားမှာပါ” လို့ပေါ့။

တစ်ခါမှာတော့ ဒါရိုက်တာက အရင်က အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ ညီအစ်မတစ်ယောက်ကို ဖိတ်ခေါ်ပြီး ကျွန်တော်တို့ရဲ့ သရုပ်ဆောင်ပိုင်းမှာရှိတဲ့ ပြဿနာတွေကို ဆွေးနွေးပြီး သူ့ရဲ့ သရုပ်ဆောင်မှုကနေ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ကျွန်တော်တို့နဲ့ မျှဝေစေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် သေချာနားမထောင်ခဲ့ဘူး။ ကျွန်တော် တွေးမိတယ်၊ “အရင်တုန်းက လူတိုင်းရဲ့ လေ့လာမှုကို ငါပဲ ဦးဆောင်ခဲ့တာ အခုတော့ ပြောင်းပြန်ဖြစ်နေပြီ။ ငါ့ကို သရုပ်ဆောင်နည်း သင်ပေးဖို့ ဒီညီအစ်မကို ခေါ်လာကြတယ်။ ဒါက အရမ်းကို ရှက်စရာကောင်းတာပဲ။ ငါသူ့ကို အခြေခံ သရုပ်ဆောင်နည်းတွေ မေးရင် ငါ့ကို သူက ဘယ်လိုထင်မလဲ။ ဒီနှစ်တွေမှာ လူတိုင်းကို ငါသင်ပေးခဲ့တဲ့ သရုပ်ဆောင်နည်းတွေကို ငါကိုယ်တိုင်တောင် မကျွမ်းကျင်ဘူး၊ ငါပြောခဲ့သမျှကလည်း သီအိုရီသက်သက်ပဲလို့ ပြောမှာပဲ မဟုတ်လား။ ငါတော့ လုံးဝ သိက္ခာကျရလိမ့်မယ်” လို့ပေါ့။ အဲဒီတော့ ကျွန်တော်ဟာ အဲဒီမှာ ထိုင်နားထောင်နေပေမဲ့ အတွင်းစိတ်ထဲမှာတော့ ညှင်းပန်းခံနေရသလိုပဲ။ ကိုယ့်အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းပြောပြီး အဲဒီညီအစ်မနဲ့ ဆွေးနွေးချင်ခဲ့ပေမဲ့ “ငါ့အခက်အခဲတွေကိုသာ သူ့ကို ပြောလိုက်ရင် သူက ငါ့အကြောင်း ထိုးဖောက်သိမြင်သွားမှာပဲလို့ တွေးမိခဲ့တယ်။ အဲဒီလို ဖြစ်လို့မရဘူး။ ငါ ဘာမှ ပြောလို့မဖြစ်ဘူး” လို့ တွေးမိတယ်။ အဲဒါကြောင့် ကျွန်တော် ဘာမှမမေးနိုင်ခဲ့ဘူး။ သူ မိတ်သဟာယဖွဲ့ပြောခဲ့တာတွေလည်း စိတ်ထဲ မထည့်ခဲ့ဘူး၊ အဲဒီအစီအစဉ်ကိုပဲ မြန်မြန်ပြီးသွားစေချင်ခဲ့တယ်။ နောက်ပိုင်း ရိုက်ကူးရေး ပြန်စတဲ့အခါ ကျွန်တော့်ပြဿနာတွေက မပြေလည်သေးဘူး။ ရိုက်ကူးရေးကလည်း အရမ်းနှေးကွေးနေခဲ့တယ်။ မူလရိုက်ကူးရေးအချိန်ဇယားကိုလည်း အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရတယ်။ ကျွန်တော့်ရဲ့ သရုပ်ဆောင်ပိုင်းနဲ့ စိတ်ခံစားမှုတွေ မမှန်ကန်တာကြောင့် ရိုက်ကူးပြီးသား ဇာတ်ဝင်ခန်းတချို့ကို ထပ်ဖြည့်ရိုက်ရတာတွေရှိသလို တချို့ကိုတော့ အစအဆုံး ပြန်ရိုက်ခဲ့ရတယ်။ ပထမဆုံး အကြမ်းဖျဉ်းတည်းဖြတ်ထားတဲ့ ဗီဒီယို ပြီးသွားတဲ့အခါ တည်းဖြတ်ပြီးသား ဗီဒီယိုကို မြင်ရတော့ ကျွန်တော် ဆွံ့အသွားခဲ့တယ်။ ကျွန်တော့်မျက်နှာအမူအရာက စိတ်ဆင်းရဲစရာ ဖြစ်နေပြီး သရုပ်ဆောင်ပိုင်းကလည်း အတင်းလုပ်ယူထားသလို သဘာဝမကျဘူး။ ဇာတ်ကောင်ရဲ့ အဓိကလိုအပ်တဲ့ စရိုက်လက္ခဏာတွေကို လုံးဝ မဖော်ပြနိုင်ခဲ့ဘူး။ ကျွန်တော့်ပုံစံက နည်းနည်းသနားစရာကောင်းပြီး ပျော့ညံ့တဲ့ပုံစံမျိုးတောင် ပေါ်နေခဲ့တယ်။ ဒီသရုပ်ဆောင်မှုက ဘုရားသခင်ကို သက်သေခံခြင်းရဲ့ အကျိုးရလဒ် သက်ရောက်မှုကို လုံးဝ မရရှိစေခဲ့ဘူး။ အထူးသဖြင့် ညီအစ်မတစ်ယောက်က “ညီအစ်ကို ဝမ်းနည်းပက်လက်ငိုနေတာကိုတော့ ကျွန်မမြင်ရပါတယ်၊ ဒါပေမဲ့ ကျွန်မစိတ်ထဲမှာ ဘာမှမခံစားရဘူး” လို့ ပြောလိုက်တဲ့အခါ ကျွန်တော် တော်တော်လေး စိတ်ထိခိုက်သွားခဲ့ရတယ်။ ကျွန်တော် လုံးဝ မှင်တက်သွားခဲ့တယ်။ “ငါ ဒီလောက်ကြိုးစားခဲ့တာ ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။ ညီအစ်ကိုမောင်နှမတွေ ငါ့ကို ဘယ်လိုထင်ကြမလဲ။ သရုပ်ဆောင်တာ ဒီလောက်မကောင်းတဲ့ ကျွန်တော်က ဘာလို့ အဓိကဇာတ်ဆောင် လုပ်နေတာလဲလို့ သူတို့ သေချာပေါက် တွေးကြမှာပဲ” လို့ ကျွန်တော် တွေးမိတယ်။ အဲဒီရက်တွေမှာ ညီအစ်ကိုမောင်နှမတွေကို တွေ့တိုင်း ကျွန်တော် ရှောင်နေခဲ့တယ်။ ရှက်လွန်းလို့ ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲခဲ့ဘူး။ ကျွန်တော် အရမ်းစိတ်ပျက်အားငယ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့တောင် အင်အားမရှိခဲ့ဘူး။ နောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျွန်တော့်မှာ ချို့ယွင်းချက်တွေ ရှိတယ်ဆိုတာ သိပေမဲ့ တခြားသူတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့ မလုပ်နိုင်ခဲ့ဘူး။ ဒီပြဿနာရဲ့ အကြောင်းရင်းက ဘာလဲ။

ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း ပြုလုပ်နေတဲ့ အချိန်တစ်ခုမှာ ကျွန်တော်ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရှုမိပြီး ကိုယ့်အခြေအနေနဲ့ပတ်သက်လို့ နားလည်မှုတချို့ ရလိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ပင်ကိုအားဖြင့် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဖန်ဆင်းခံများသည် အနန္တတန်ခိုးကို ရရှိနိုင်သလော။ ၎င်းတို့သည် စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ရရှိနိုင်သလော။ ၎င်းတို့သည် အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်သဘောပေါက်လာနိုင်သလော၊ အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နိုင်သလော၊ ပြီးလျှင် အရာရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ၎င်းတို့ မရရှိနိုင်ပေ။ သို့ရာတွင် လူတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၊ သေစေနိုင်သော အားနည်းချက်တစ်ခု ရှိလေသည်။ ယင်းမှာ ၎င်းတို့သည် ကျွမ်းကျင်မှုတစ်ခု သို့မဟုတ် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်သည်နှင့်တစ်ပြိုင်နက် လူတို့က မိမိတို့သည် လုပ်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ မိမိတို့သည် အဆင့်အတန်းနှင့် တန်ဖိုးရှိသော လူများဖြစ်သည်ဟုလည်းကောင်း၊ မိမိတို့သည် ပညာရှင်များ ဖြစ်သည်ဟုလည်းကောင်း ခံစားကြရခြင်း ဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော အစွမ်းအစသည် မည်သည့်အရာပင် ဖြစ်ပါစေ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကို ကျော်ကြားသော သို့မဟုတ် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမွှမ်းတင်လိုကြသည်၊ အတော်အတန် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိုကြပြီး ၎င်းတို့သည် ချို့ယွင်းချက် တစ်ခုတလေမျှ မရှိဘဲ စုံလင်ကာ အပြစ်အနာအဆာကင်းသည်ဟု အခြားသူများကို ထင်မှတ်စေလိုကြသည်။ ၎င်းတို့သည် လုပ်နိုင်စွမ်းရှိသော၊ ဩဇာကြီးသော၊ ထူးချွန်သော သို့မဟုတ် ကျော်ကြားပြီး ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုရှိကာ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိပြီး ၎င်းတို့ မလုပ်နိုင်သောအရာဟူ၍ မရှိသူအဖြစ် အခြားလူများ မြင်တွေ့ခြင်းကို ခံလိုကြသည်။ ၎င်းတို့က အခြားသူများ၏ အကူအညီကို ရှာဖွေပါက မိမိတို့သည် လုပ်နိုင်စွမ်းမရှိသည့်အပြင် နိမ့်ပါးပုံပေါက်မည်ဖြစ်ပြီး လူများက မိမိတို့ကို အထင်သေးကြလိမ့်မည်ဟု ခံစားကြရသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမြဲတစေ ဟန်ဆောင်နေလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နောက်ဆုံးတွင် ရက်အနည်းငယ် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က ‘ပြီးခါနီးပြီ၊ ပြီးခါနီးပြီ’ ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘စောလွန်းသေးတယ်၊ မရသေးဘူး။ ငါ ဘာမျှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ အလိမ်ပေါ်၍ မဖြစ်၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များနှင့် မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်’ ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ဒုက္ခခံခြင်းသာ ဖြစ်၏။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် သာမန်လူများ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် စွမ်းဆောင်နိုင်သောလူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ ပုံမှန်လူ့သဘာဝအတွင်းမှ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကို ဆက်လက် အယောင်ဆောင်ကြလေသည်။...ငါ့ကို ပြောလော့၊ ဤလူစားမျိုးသည် အစဉ် နားဝေတိမ်တောင်ဖြင့် အသက်ရှင်နေကြသည် မဟုတ်လော။ သူတို့ အိပ်မက်မက်နေကြခြင်း မဟုတ်လော။ သူတို့သည် မိမိကိုယ်ကို မသိကြချေ၊ ၎င်းတို့ မည်သူဖြစ်သည်ကို မသိကြဘဲ ပုံမှန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်ရမည်ကိုလည်း မသိကြ။ လူသားများ လုပ်ဆောင်သင့်သည့်အရာကို လက်တွေ့ကျသော ဟန်ပန်ဖြင့် မည်သည့်အခါမျှ မလုပ်ဆောင်ဖူးသည့်အပြင် ပုံမှန်လူတစ်ဦးကဲ့သို့ အသက်ရှင်နေထိုင်ဖူးခြင်း မရှိကြချေ။ သင်၏နေ့ရက်များကို နားဝေတိမ်တောင်ဖြင့် အစဉ် အသက်ရှင်နေထိုင်ကာ မည်သည့်အရာကိုမျှ အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေစိတ်ထားဖြင့် မလုပ်ဆောင်ဘဲ မိမိ၏ ကိုယ်ပိုင်စိတ်ကူးများဖြင့် အစဉ် အသက်ရှင်နေထိုင်လျှင် ဤသည်မှာ ပြဿနာဖြစ်လေသည်။ သင်သည် မည်သို့ကျင့်ကြံပြုမူရကောင်းမှန်း မသိဘဲ အသက်တာတွင် သင် ရွေးချယ်သည့် လမ်းကြောင်းသည် မှားယွင်းနေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတဲ့အခါ ကျွန်တော့်စိတ်ထဲမှာ ရုတ်တရက် တုန်လှုပ်သွားခဲ့တယ်။ ကျွန်တော့်အခြေအနေက ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့ အခြေအနေနဲ့ တစ်ပုံစံတည်း ဖြစ်နေခဲ့တယ်။ ဘုရားသခင်က လူတွေဟာ ပညာရပ်တစ်ခုကို တတ်မြောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းရှိတယ်ထင်ပြီး ကျွမ်းကျင်သူတစ်ယောက်လို အယောင်ဆောင်ပြီး ဟိတ်ဟန်ထုတ်တတ်ကြတယ်လို့ မိန့်တော်မူထားတယ်။ သူတို့မှာ ချို့ယွင်းချက်တွေ ရှိပေမဲ့ တခြားသူတွေဆီက အကူအညီတောင်းဖို့ ငြင်းဆန်ကြတယ်၊ အကူအညီတောင်းတာကို တခြားသူတွေ အထင်သေးစေမယ့် အားနည်းချက်တစ်ခုလို့ မြင်ကြတယ်။ ဒါကြောင့် သူတို့ကိုယ်သူတို့ ဖုံးကွယ်ဟန်ဆောင်ကြတယ်။ ကျွန်တော်လည်း အဲဒီလိုလူမျိုးပဲ မဟုတ်ခဲ့ဘူးလား။ ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ အထက်စီးကနေပြီး အဲဒီနေရာကနေ ပြန်မဆင်းနိုင်ခဲ့ဘူး။ ဒီရုပ်ရှင်မှာ အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခွင့်ရတာက ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည် ကောင်းတယ်ဆိုတာကို ပြသနေတာလို့ ကျွန်တော်ထင်ခဲ့မိတယ်။ ဒါကြောင့် အခက်အခဲတွေ ကြုံလာတဲ့အခါ အကူအညီတောင်းမဲ့အစား ကိုယ့်ဘာသာ ဖြေရှင်းဖို့ပဲ ကြိုးစားခဲ့တယ်၊ တခြားသူတွေကို အကူအညီတောင်းတာက ကိုယ့်ကိုယ်ကိုယ် နှိမ့်ချလိုက်သလို ဖြစ်မယ်လို့ ထင်ခဲ့လို့ပဲ။ တခြားသူတွေက ကျွန်တော့်အကြောင်း အမှန်အတိုင်းသိမြင်ပြီး ကျွန်တော့်ကို အထင်မသေးအောင် ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေနဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောဖို့ ငြင်းဆန်ခဲ့တယ်။ ရလဒ်အနေနဲ့ ရိုက်ကူးနေတုန်းမှာ မှန်ကန်တဲ့ စိတ်ခံစားမှုကို ဘယ်တော့မှ ရှာမတွေ့ခဲ့ဘူး။ ညီအစ်ကိုတစ်ယောက်က အတွေ့အကြုံရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို မေးမြန်းဖို့ ကျွန်တော့်ကို သတိပေးခဲ့ပေမဲ့ ဒီပြဿနာ သေးသေးလေးကိုတောင် ကျွန်တော် ကိုယ့်ဘာသာ မဖြေရှင်းနိုင်တာ သူတို့သိသွားပြီး ကျွန်တော့်ကို အထင်သေးကြမှာ စိုးရိမ်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော် မမေးခဲ့ဘူး။ ဒါရိုက်တာက ကျွန်တော် အခက်အခဲဖြစ်နေတာကို မြင်တဲ့အခါ ကျွန်တော့်ကို ကူညီပြီး ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုတွေကို ခွဲခြမ်းစိတ်ဖြာပေးဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူ ကျွန်တော့်ကို အထင်သေးမှာ ကြောက်တဲ့အတွက် သိပ်ပြီး ဈာန်ဝင်အောင် မလုပ်နိုင်သေးလို့ပါဆိုပြီး ဆင်ခြေပေးခဲ့တယ်။ ကျွန်တော် ဆိုလိုတာက ပြဿနာက ကျွန်တော့်ရဲ့ သရုပ်ဆောင်စွမ်းရည် မဟုတ်ဘူး။ စိတ်ခံစားမှုကိုသာ မှန်မှန်ကန်ကန် ခံစားနိုင်ရင် ဒီဇာတ်ဝင်ခန်းကို သေချာပေါက် ကောင်းကောင်း သရုပ်ဆောင်နိုင်လိမ့်မယ်။ ကျွန်တော် မလုပ်နိုင်ဘူးလို့ ဘယ်သူမှ မပြောစေချင်တာကြောင့် သိက္ခာမကျအောင် အမြဲ ကြိုးစားနေခဲ့တယ်။ နောက်ပိုင်း ဒါရိုက်တာက ညီအစ်မတစ်ယောက်ကို ခေါ်လာပြီး သူ့ရဲ့ သရုပ်ဆောင်အတွေ့အကြုံကို မျှဝေစေတဲ့အခါ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး သူ့ကို မေးခွန်းတွေမေးတာက ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကို ပိုပြီးတောင် ဖော်ထုတ်မိစေလိမ့်မယ်လို့ ပြင်းပြင်းထန်ထန် ပိုခံစားခဲ့ရတယ်။ ဒါကြောင့် မေးချင်တဲ့ မေးခွန်းတွေ အများကြီးရှိပေမဲ့လည်း နှုတ်ကနေ ထုတ်မမေးနိုင်ခဲ့ဘူး။ အကြိမ်ကြိမ် ကျွန်တော့်ကိုယ်ကျွန်တော် ဖုံးကွယ်ပြီး ဟန်ဆောင်နေခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပြဿနာတွေက ဘယ်တော့မှ မပြေလည်ခဲ့ဘူး၊ ထပ်ခါထပ်ခါ ပြန်ရိုက်ရတာတွေကြောင့် ရုပ်ရှင်ရိုက်ကူးရေးရဲ့ တိုးတက်မှုကိုလည်း နှောင့်နှေးစေခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် သာမန်လူများ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် စွမ်းဆောင်နိုင်သောလူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။” ကိုယ်တိုင်က အဓိကဇာတ်ဆောင်ဖြစ်နေတာရယ် ညီအစ်ကိုမောင်နှမတွေကို သရုပ်ဆောင်နည်း အမြဲ လမ်းညွှန်နည်းပြပေးခဲ့တာရယ်ကြောင့် ကျွန်တော်ဟာ အတော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တယ်လို့ အမြဲထင်မှတ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကို ဘယ်သူ့ကိုမှ မြင်ခွင့်မပေးနိုင်ခဲ့ဘူး။ ကျွန်တော် အရမ်းမာနထောင်လွှားခဲ့တာပဲ။ ကျွန်တော်ဟာ ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်တယ်။ ချို့ယွင်းချက်တွေရှိတာက လုံးဝ ပုံမှန်ပဲ။ ဒါ့အပြင် လူကောင်းဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ရတာလည်း ရှားပါတယ်။ ကျွန်တော် သရုပ်မဆောင်နိုင်တာရယ်၊ ပြဿနာတွေရယ်ကို မှန်မှန်ကန်ကန် ရင်ဆိုင်ဖြေရှင်းပြီး ညီအစ်ကိုမောင်နှမတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြော အကူအညီတောင်းသင့်ခဲ့တယ်။ အဲဒါကသာ ကျွန်တော့်ရဲ့ ချို့ယွင်းချက်တွေကို ဖြည့်ဆည်းပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းမာနထောင်လွှားလွန်းလို့ ဆင်ခြင်တုံတရား မရှိခဲ့ဘူး။ ကျွန်တော်က တခြားလူတွေကို လေ့ကျင့်သင်ကြားပေးခဲ့ဖူးတာရယ်၊ အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်နေရတာရယ်ကြောင့် ကိုယ်ဟာ အားလုံးထက် သာတယ်၊ ဘယ်အရာမဆို လူတကာထက် ထူးချွန်နေရမယ်လို့ ထင်မှတ်ထားခဲ့မိတယ်။ ဒါကြောင့် အမြဲ အယောင်ဆောင်ပြီး ဟိတ်ဟန်ထုတ်ခဲ့တယ်။ နောက်ဆုံးမှာ ကျွန်တော့်တာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့တဲ့အပြင် အသင်းတော်ရဲ့ အလုပ်ကိုလည်း နှောင့်နှေးစေခဲ့တယ်။ ဒါကို သဘောပေါက်လာတဲ့အခါ ကျွန်တော် တကယ်ပဲ နောင်တရပြီး ဘုရားသခင်ဆီမှာ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ ကျွန်တော်ဟာ သိပ်ကို မာနထောင်လွှားခဲ့မိပါတယ်။ ဒီအတောအတွင်း ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပြဿနာတွေနဲ့ ချို့ယွင်းချက်တွေကို မရင်ဆိုင်နိုင်ခဲ့ပါဘူး။ အမြဲတမ်း အယောင်ဆောင်ပြီး ဟိတ်ဟန်ထုတ်တဲ့ အခြေအနေမှာ အသက်ရှင်နေထိုင်ခဲ့ပြီး ရုပ်ရှင်ရိုက်ကူးရေးရဲ့ တိုးတက်မှုကိုလည်း အကြီးအကျယ် နှောင့်နှေးစေခဲ့ပါတယ်။ အို ဘုရားသခင်၊ ကျွန်တော် နောင်တရလိုပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပိုမိုနက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာတွေ ရယူနိုင်အောင် ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ” လို့ပေါ့။

တစ်နေ့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်တွေကို ဖတ်ရှုပြီး ကျွန်တော့်ကိုယ်ကျွန်တော် ပိုပြီးနားလည်သဘောပေါက်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခြေအနေမှာ မည်သို့ဖြစ်ပါစေ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ အန္တိခရစ်တစ်ဦးသည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ မည်သည့်အခါမျှ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ လူတို့က မည်သည့်အခါမျှ မမြင်စေရန် ဖြစ်၏။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့ မလုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး အလွန်ကောင်းမွန်သည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ ၎င်းတို့၏ အချည်းနှီးသောဂုဏ်ကို ထိန်းသိမ်းဖို့နှင့် သိက္ခာဆည်ဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့်‌ နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကိုလည်းကောင်း၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်အကြောင်းကိုလည်းကောင်း ဖွင့်ဟလျှင် ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ဆိုးဆိုးရွားရွား ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းသည့်အချိန်၊ ပုန်ကန်သည့်အချိန်နှင့် အပျက်သဘောဆောင်သည့်အချိန်များ ရှိခြင်းကို ဝန်ခံဖို့ထက် သေသာသေလိုက်ချင်ကြသည်။ လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်ပင် ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ ၎င်းတို့က ဆက်လက် ဟန်ဆောင်နေဦးမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ အရေးမပါသောသူတစ်ဦး ဖြစ်ခြင်းကို ဝန်ခံလျှင် လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ ကိုးကွယ်မှုနှင့် ကြည်ညိုလေးစားမှုတို့ကို ဆုံးရှုံးပြီး သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ ၎င်းတို့သည် ဟန်ဆောင်မှုကင်းသော ဟန်ပန်ဖြင့် လူများကို ဖွင့်ပြောမည် မဟုတ်ဘဲ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားမည်ဖြစ်ကာ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)) အန္တိခရစ်တွေဟာ သူတို့ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သူတို့ရဲ့ အပျက်သဘောဆောင်တဲ့ဘက် အားနည်းတဲ့ဘက်၊ ပုန်ကန်တဲ့ဘက် ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးတဲ့ ဘက်ခြမ်းကို တခြားသူတွေကို ဘယ်တော့မှ ထုတ်ဖော်မပြကြဘူးလို့ ဘုရားသခင်က မိန့်တော်မူတယ်။ အဲဒီလိုပြုလုပ်တာဟာ သူတို့ကို နိမ့်ကျသူတွေအနေနဲ့ အထင်ခံရစေပြီး တခြားသူတွေရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ သူတို့ရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကောင်းကို ဆုံးရှုံးသွားမယ်လို့ သူတို့က ယုံကြည်ကြတယ်။ သူတို့ဟာ အမြဲတမ်း ဖုံးကွယ်ဟန်ဆောင်နေတတ်ကြပြီး သူတို့ရဲ့စရိုက်မှန်ကို ထိုးထွင်းတခြားသူတွေ သိမြင်လာချိန်မှာတောင် ဆက်ပြီး ဖုံးကွယ်ဟန်ဆောင်နေတတ်ကြတယ်။ ကျွန်တော်ထုတ်ဖော်ပြခဲ့တာလည်း အန္တိခရစ်တစ်ဦးရဲ့ စိတ်သဘောထားပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ “သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” နဲ့ “ဂုဏ်သိက္ခာသည် တန်ဖိုးမဖြတ်နိုင်ပေ” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေနဲ့ အမြဲရှင်သန်ခဲ့ပြီး ဘာပဲဖြစ်ဖြစ် လူတွေကို ငါ့အပေါ် အထင်သေးခွင့်ပေးလို့မရဘူး။ သူတို့ရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ ငါ့ရဲ့ပုံရိပ်ကောင်းကို ထိန်းသိမ်းထားရမယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော်ငယ်ငယ်တုန်းက အမေ ခဏခဏပြောခဲ့တဲ့ စကားတွေကို မှတ်မိပါသေးတယ်။ “အမြဲတမ်း ကိုယ့်ရဲ့ ဂုဏ်သိက္ခာ အရှိဆုံးပုံစံကိုပဲ ထုတ်ဖော်ပြရမယ်။” “လူတစ်ယောက်ရဲ့ဘဝဟာ သိက္ခာရှိဖို့အတွက်ပဲ အသက်ရှင်နေရတာမဟုတ်လား။ လူတွေကို အမေတို့ကိုအပေါ် အထင်သေးခွင့် ပေးလို့မရဘူး။ မင်းကို လူတွေ လေးစားအားကျလာအောင် လုပ်နိုင်သရွေ့ ဘာပဲဖြစ်ဖြစ် တန်တယ်။” အမေက အဲဒီလို သွန်သင်ခဲ့တဲ့အတွက် ကျွန်တော့် ဂုဏ်သိက္ခာကို အမြဲကာကွယ်ပြီး ကျွန်တော့်ရဲ့ အကောင်းဆုံးဘက်ခြမ်းကိုပဲ တခြားသူတွေကို ပြသဖို့ အမြဲကြိုးစားခဲ့တယ်။ တစ်ခုခုကို နားမလည်ရင်၊ မလုပ်တတ်ရင်တောင်မှ သိသလို ဟန်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဖိအားပေး စေခိုင်းခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်မှာလည်း ကျွန်တော် အဲဒီလိုပဲ ဖြစ်ခဲ့ပါတယ်။ ခေါင်းဆောင်တွေက ကျွန်တော့်ညီအစ်ကို မောင်နှမတွေရဲ့ သရုပ်ဆောင်မှုတွေကို လမ်းညွှန်ပေးဖို့နဲ့ အားလုံး အတူတကွ လေ့လာနိုင်အောင် စီစဉ်ဖို့ ကျွန်တော့်ကို တာဝန်ပေးတဲ့အခါ အားလုံးက ကျွန်တော့်ကို အားကျအထင်ကြီးနေကြတာ မြင်တော့ ငါ့ရဲ့သရုပ်ဆောင်စွမ်းရည်က အတော်ကောင်းနေပြီလို့ စတင်ယုံကြည်လာခဲ့တယ်။ ဒီတစ်ကြိမ် ကျွန်တော် အဓိကသရုပ်ဆောင်အဖြစ် ရွေးချယ်ခံရတော့ ကျွန်တော့်မှာ အခက်အခဲတွေ ရှိနေချိန်တွေမှာတောင် တခြားသူတွေဆီ အကူအညီ မတောင်းရဲခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေ ထင်မြင်နေတဲ့ကျွန်တော့်ရဲ့ ပုံရိပ်ကောင်း ဆုံးရှုံးသွားမှာကို ကြောက်ရွံ့ပြီး ကျွန်တော်ဟာ အစွမ်းကုန် ဖုံးကွယ်ဟန်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်း ဒါရိုက်တာက ညီအစ်မတစ်ယောက်ကို သူ့ရဲ့ အတွေ့အကြုံကို မျှဝေပေးဖို့နဲ့ ကျွန်တော့်ကို ကူညီပေးဖို့ ဖိတ်ခေါ်ခဲ့ချိန်မှာ ကျွန်တော်ဟာ အခက်အခဲတွေ အများကြီး ရှိနေတာ သိသာပေမဲ့ ကိုယ့်ပုံရိပ်ကောင်းကို ကာကွယ်ဖို့အတွက်နဲ့ ဖွင့်ဟအကူအညီတောင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်မဆောင်နိုင်ခဲ့တဲ့အတွက် ရုပ်ရှင်ရိုက်ကူးရေး တိုးတက်မှုကို အတော်လေး နှောင့်နှေးစေခဲ့တယ်။ ကျွန်တော်ဟာ ကိုယ့်တာဝန်မှာ ဘုရားသခင်ကို ချီးမြှောက်တာမျိုး ဒါမှမဟုတ် ဘုရားသခင်အတွက် သက်သေခံတာမျိုး လုပ်ဖို့ ပျက်ကွက်ခဲ့တဲ့အပြင် အဲဒီအစား ညီအစ်ကိုမောင်နှမတွေ အမြင်မှာရှိတဲ့ ကျွန်တော့်ရဲ့ပုံရိပ်ကောင်းကိုပဲ အမြဲကာကွယ်နေခဲ့တယ်။ ကျွန်တော်ဟာ အဲဒီညီအစ်မရဲ့ အကူအညီကို လက်ခံမဲ့အစား ရိုက်ကူးရေးကိုတောင် နှောင့်နှေးစေချင်ခဲ့မိတယ်။ ကျွန်တော့်မှာ အသိတရားပဲဖြစ်ဖြစ်၊ ဆင်ခြင်တုံတရားပဲဖြစ်ဖြစ် လုံးဝမရှိခဲ့ဘူး။ ကျွန်တော်ဟာ အန္တိခရစ်တစ်ယောက်ရဲ့လမ်းကို လျှောက်နေခဲ့မိတယ်။ ကျွန်တော်သာ အဲဒီလို ဆက်လုပ်နေခဲ့ရင် ဘုရားသခင်ရဲ့ ပစ်ပယ်တာနဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာဖြစ်တယ်။ ကျွန်တော့်ရဲ့ လိုက်စားမှုနောက်ကွယ်က အမြင်ရှုထောင့်ကို အမြန်ပြောင်းလဲပြီး ကိုယ့်ပုံရိပ်နဲ့ အဆင့်အတန်းကို ထိန်းသိမ်းနေတာကို ရပ်တန့်ခဲ့တယ်။ ကျွန်တော် ဘုရားသခင်ဆီမှာ ဆုတောင်းခဲ့တယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်ဟာ ဒီနေ့အထိ ကျွန်တော့်ကို တာဝန်ထမ်းဆောင်ခွင့် ပေးထားပါတယ်။ ဒါဟာ ကိုယ်တော်ရဲ့ ကြီးမားတဲ့ သနားကရုဏာပါ။ ကျွန်တော်ဟာ ကိုယ်တော့်ကို ဆက်လက်ပုန်ကန်ပြီး အတိုက်အခံလုပ်လို့ မဖြစ်တော့ပါဘူး။ ကျွန်တော့်ကို ရိုးသားသူတစ်ယောက် ဖြစ်လာအောင်၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီး ကိုယ်တော့်ကို စိတ်ကျေနပ်နိုင်စေအောင် ကျေးဇူးပြုပြီး လမ်းပြပေးပါ။”

နောက်ပိုင်းမှာ ဇာတ်ညွှန်းပြင်ဆင်မှုတချို့ ရှိလာတာကြောင့် ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးခဲ့ရပါတယ်။ အသင်းတော်က ကျွန်တော့်ကို အဲဒီဇာတ်ကောင်နေရာမှာပဲ ဆက်သရုပ်ဆောင်ခွင့် ပြုခဲ့တယ်။ ကျွန်တော်ဟာ အရမ်းကျေးဇူးတင်မိသလို အရမ်းလည်း ရှက်ရွံ့ခဲ့ရပါတယ်။ ကျွန်တော်ဟာ တကယ်ကို နောင်တရပြီး ကိုယ့်စိတ်ဓာတ်ကို ပြုပြင်လို့ တာဝန်ကို အစွမ်းကုန်ကြိုးစားဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နေ့မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ငါ့ကို ပြောလော့၊ သင်သည် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော သူတစ်ဦး မည်သို့ ဖြစ်နိုင်မည်နည်း။ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် မဟာလူသားတစ်ဦး ဖြစ်ရန် မကြိုးစားဘဲ ဘုရားသခင် ပြောသည့်အတိုင်း ဖန်ဆင်းခံတစ်ဦး၏ သင့်လျော်သော နေရာကို သင် မည်သို့ ရယူနိုင်မည်နည်း။ သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော လူတစ်ဦးဖြစ်ရန် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအရာကို မည်သို့ ဖြစ်မြောက်အောင်မြင်နိုင်မည်နည်း။ မည်သူ စကားပြောလိုသနည်း။ (ပထမဦးစွာ ကျွန်ုပ်တို့သည် သာမန်လူများ၊ အလွန် ရိုးရိုးသာမန်ဖြစ်သော လူများဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ သဘောမပေါက်သော၊ နားမလည်သော၊ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသော အရာများစွာ ရှိကြောင်းကို ကျွန်ုပ်တို့ ဝန်ခံရပါမည်။ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကြောင်းကို ကျွန်ုပ်တို့ ဝန်ခံရပါမည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ရိုးသားဖြူစင်သော စိတ်နှလုံး ရှိရမည်ဖြစ်ပြီး ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရပါမည်။) ပထမဦးစွာ မိမိကိုယ်ကို အမည်ဂုဏ်ပုဒ်တစ်ခု ပေးပြီး ‘ငါသည် ခေါင်းဆောင် ဖြစ်သည်၊ ငါသည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်၊ ငါသည် ကြီးကြပ်ရေးမှူး ဖြစ်သည်၊ သို့မဟုတ် ငါသည် ဤနယ်ပယ်တွင် အသိပညာအကြွယ်ဝဆုံးနှင့် နည်းပညာအရ အကျွမ်းကျင်ဆုံးသူ ဖြစ်သည်’ ဟု ဆိုပြီး ယင်းနှင့် မိမိကိုယ်ကို ဘောင်မခတ်နှင့်။ သင် ကိုယ်တိုင်ပေးထားသော အမည်ဂုဏ်ပုဒ်၏ ကန့်သတ်ချုပ်ချယ်ခြင်းကို မခံရစေနှင့်။ ဤအရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ယင်းက သင့်ကို တင်းကျပ်စွာ ချည်နှောင်လိမ့်မည် ဖြစ်သည်၊ သင်၏ စကားများနှင့် လုပ်ရပ်များသည် ယင်း၏ သက်ရောက်မှုကို ခံရလိမ့်မည်ဖြစ်ပြီး သင်၏ ပုံမှန် တွေးခေါ်မှုနှင့် သုံးသပ်ဆုံးဖြတ်ချက်တို့သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။ ဤအဆင့်အတန်း၏ ဘောင်ခတ်ချက်များမှ သင် ရုန်းထွက်လွတ်မြောက်ရမည်။ ပထမဦးစွာ ဤတရားဝင် အမည်ဂုဏ်ပုဒ်၏ ရာထူးမှ ဆင်းပြီး သာမန်လူတစ်ဦး၏ နေရာကို ရယူလော့။ ထို့နောက် သင်၏ စိတ်ဓာတ်သည် အတော်အတန် ပုံမှန် ဖြစ်လာလိမ့်မည်။ သင်သည် ဤသို့လည်း ဝန်ခံရမည်၊ ‘ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ၊ ပြီးလျှင် ထိုအရာကို ကျွန်ုပ် နားမလည်ပါ၊ ကျွန်ုပ် လေ့လာစုံစမ်းမှုအချို့ ပြုလုပ်ပြီး လေ့လာရမည်’ သို့မဟုတ် ‘ဤအရာကို ကျွန်ုပ် မည်သည့်အခါမျှ မကြုံဖူးပါ၊ ထို့ကြောင့် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ’ ဟူ၍ ဖြစ်သည်။ သင် အမှန်တကယ် တွေးနေသည့်အရာကို သင် ပြောနိုင်ပြီး ဤကဲ့သို့ ရိုးသားစွာ ပြောဆိုနိုင်သောအခါ သင်သည် ပုံမှန် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ သင်သည် အခြားသူများကို သင့်အရှိအတိုင်း သိခွင့်ပေးပါက ၎င်းတို့သည် သင့်အပေါ် ပုံမှန် အမြင်တစ်ခု ရှိကြလိမ့်မည်ဖြစ်ပြီး သင်သည် ဟန်ဆောင်နေရန် လိုအပ်မည် မဟုတ်ပေ။ သင်သည် ပြင်းထန်စွာ စိတ်ဖိအားရသည်ဟု ခံစားရတော့မည် မဟုတ်ဘဲ အခြားသူများနှင့် ပုံမှန် ဆက်သွယ်ပြောဆိုနိုင်လိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် စိတ်အေးလက်အေး ဖြစ်လေသည်။ ဘဝသည် အလွန် ပင်ပန်းသည်ဟု ခံစားရသူ မည်သူမဆိုသည် မိမိကိုယ်ကိုသာ အပြစ်တင်ရန် ရှိလေသည်။ မည်သည့်အရာကိုမျှ ဟန်မဆောင်နှင့် သို့မဟုတ် မဖုံးကွယ်နှင့်။ ပထမဦးစွာ လူတိုင်းက ယင်းတို့ကို သိရှိပြီး နားလည်စေရန်အလို့ငှာ သင်၏ စိတ်နှလုံးထဲတွင် သင် တွေးနေသည့်အရာနှင့် သင်၏ စစ်မှန်သော အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလော့။ ဤသို့ဖြင့် သင်၏ စိုးရိမ်ပူပန်မှုများအပြင် သင်နှင့် အခြားသူများကြားရှိ အတားအဆီးများနှင့် သံသယများအားလုံးသည် ပပျောက်သွားလိမ့်မည် ဖြစ်သည်။ ထို့အပြင် သင့်ကို ချည်နှောင်နေသည့် အခြားအရာတစ်ခုလည်း ရှိသေးသည်၊ ယင်းမှာ သင်သည် မိမိကိုယ်ကို အဖွဲ့ခေါင်းဆောင်တစ်ဦး၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၊ ရာထူးရှိသူ၊ အဆင့်အတန်းနှင့် အနေအထားတစ်ခုရှိသူတစ်ဦးအဖြစ် အစဉ် မှတ်ယူထားခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင်က ဤအရာကို နားမလည်ပါ၊ ထိုအရာကို မလုပ်နိုင်ပါဟု ပြောပါက ယင်းမှာ မိမိကိုယ်ကို သိက္ခာချခြင်း မဟုတ်လော။ သင်၏ စိတ်နှလုံးထဲရှိ ဤချည်နှောင်မှုများကို သင် လွှတ်ချလိုက်သည့်အခါ၊ သင်သည် မိမိကိုယ်ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် တွေးတောခြင်းကို ရပ်တန့်လိုက်သည့်အခါ၊ သင်သည် အခြားလူများထက် ပိုတော်သည်ဟု တွေးတောခြင်းကို ရပ်တန့်လိုက်ပြီး ထိုအစား သင်သည် အခြားလူတိုင်းကဲ့သို့ပင် သာမန်လူတစ်ဦးဖြစ်ကြောင်းနှင့် အခြားသူများထက် နိမ့်ကျသော ကဏ္ဍအချို့ သင့်ထံတွင် ရှိကြောင်း ခံစားရသည့်အခါ၊ ထိုသို့သော စိတ်ဓာတ်ဖြင့် သမ္မာတရားနှင့် အလုပ်နှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ ရလဒ်များနှင့် အငွေ့အသက် နှစ်ခုစလုံးသည် ကွဲပြားသွားလိမ့်မည် ဖြစ်သည်။...ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ၊ ညီအစ်ကို မောင်နှမများဖြစ်စေ၊ လူတိုင်းသည် သာမန်လူတစ်ဦး ဖြစ်၏။ ဤစည်းမျဉ်းကို ၎င်းတို့အားလုံး လက်တွေ့လုပ်ဆောင်သင့်သည်။ လူတိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဝေစုတစ်ခုနှင့် တာဝန်ရှိသည်။ သင်သည် ခေါင်းဆောင်တစ်ဦး၊ အမှုဆောင်တစ်ဦး၊ အဖွဲ့၏ ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး သို့မဟုတ် အဖွဲ့ထဲတွင် အလွန်လေးစားခံရသည့်လူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ သင် မည်သူဖြစ်သည်ဖြစ်စေ ဤသို့ သင် လက်တွေ့လုပ်ဆောင်ရန် သင်ယူသင့်သည်။ သင်၏ ခေါင်းပေါ်တွင် ဆောင်းထားသည့် ကိုယ်ရောင်ကိုယ်ဝါနှင့် ဂုဏ်ပုဒ်ကို ချွတ်လိုက်လော့၊ သင့်အပေါ် အခြားသူများ ပေးအပ်ထားသည့် သရဖူများကို ချွတ်လော့။ ထို့နောက်တွင် ပုံမှန် လူတစ်ဦးဖြစ်လာရန် လွယ်ကူသည်ကို သင် တွေ့ရလိမ့်မည်ဖြစ်ပြီး အသိတရားနှင့် ဆင်ခြင်တုံတရားအရ စိတ်အေးသက်သာ သင် ပြုမူဆောင်ရွက်လိမ့်မည်။ ထို့နောက်တွင် သင်သည် နားမလည်သကဲ့သို့ မသိကြောင်း ဝန်ခံရုံမျှသည် မလုံလောက်သည်မှာ အမှန်ပေ။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းသည့် နောက်ဆုံးဖြေရှင်းချက် မဟုတ်။ နောက်ဆုံး ဖြေရှင်းချက်မှာ အဘယ်နည်း။ ကိစ္စရပ်များနှင့် ပြဿနာများကို ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ ယူဆောင်လော့။ လူတစ်ဦးအနေဖြင့် တစ်ဦးတည်းဆုတောင်းရန် မလုံလောက်ပေ။ ထိုအစား ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ လူတိုင်းနှင့်အတူတကွ သင်သည် ဆုတောင်းချက်များကို ပူဇော်ဆက်ကပ်ရမည်ဖြစ်ပြီး ဤတာဝန်နှင့် ဝတ္တရားကို ထမ်းရွက်ရမည်ဖြစ်သည်။ ယင်းမှာ အမှုအရာများကို လုပ်ဆောင်ရန် ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်၏။ သင်သည် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦး ဖြစ်ရန် ကြိုးစားသည့် လမ်းကြောင်းကို ရှောင်ရှားလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက သင်သည် ဖန်ဆင်းခံတစ်ဦး၏ သင့်တင့်လျောက်ပတ်သည့် နေရာကို အမှုမဲ့အမှတ်မဲ့ ခံယူမိလိမ့်မည်ဖြစ်ပြီး မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ ဘောင်ခတ်ခြင်းများမှ မိမိကိုယ်ကို လွတ်မြောက်သွားစေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အရမ်း ရှင်းလင်းပြတ်သားပါတယ်။ ကျွန်တော်ဟာ သေးငယ်တဲ့ ဖန်ဆင်းခံတစ်ယောက်သာ ဖြစ်တယ်။ အသက်မွေးဝမ်းကျောင်း သရုပ်ဆောင်ပညာနဲ့ပတ်သက်ပြီး ကျွန်တော် တစ်ခါမှ မသင်ယူခဲ့ဖူးဘူး။ ဒီကနေ့ ဘုရားသခင်၏အိမ်တော်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခွင့် ရနေတာဟာ ဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းကြောင့်သာဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပြခြင်းနဲ့ လမ်းပြခြင်းမရှိဘဲ ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော် အပြည့်အဝ ဈာန်မဝင်ခဲ့တဲ့ ရိုက်ကူးရေးတစ်ခုကို မှတ်မိနေပါသေးတယ်။ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပေမဲ့ ဘာမှမထူးခဲ့ဘူး။ ကျွန်တော် လုပ်နိုင်တာဆိုလို့ ဘုရားသခင်ဆီ အလေးအနက် ဆုတောင်းဖို့ပဲ ရှိခဲ့တယ်။ နောက်ပိုင်း ဘုရားသခင်ရဲ့ လမ်းညွှန်မှုအောက်မှာ ကျွန်တော်ဟာ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် လုပ်နိုင်ခဲ့ပြီး ရိုက်ကူးရေးလည်း အောင်မြင်ခဲ့ပါတယ်။ ဘုရားသခင်ဆီက ဉာဏ်အလင်းရခြင်းနဲ့ လမ်းပြခြင်းမပါဘဲ ဒါကို ကျွန်တော် ဘယ်လိုမှ လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ အခုချိန်မှာ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို စွန့်လွှတ်ဖို့၊ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေကို တည့်တည့်ရင်ဆိုင်ဖို့နဲ့ ကိုယ်လုပ်နိုင်တဲ့အရာတွေမှာ အစွမ်းကုန် ကြိုးစားဖို့ လိုအပ်နေပြီး မလုပ်နိုင်တာ ဒါမှမဟုတ် နားမလည်တာရှိရင်လည်း ညီအစ်ကိုမောင်နှမတွေဆီက အကူအညီ ပိုတောင်းသင့်သလို ဘုရားသခင်ဆီမှာ ပိုပြီး ဆုတောင်း အမှီပြုသင့်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ သရုပ်ဆောင်ပိုင်းက ပြဿနာတွေကို စာရင်းပြုစုပြီးတော့ ညီအစ်ကိုမောင်နှမတချို့ဆီ ပို့လို့ အကူအညီတောင်းခဲ့တယ်။ စာပို့လိုက်တဲ့ အခိုက်အတန့်မှာပဲ ကျွန်တော့်ပခုံးပေါ်ကနေ လေးလံတဲ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသလို ခံစားလိုက်ရပြီး စိတ်နှလုံးထဲမှာလည်း သက်သာပေါ့ပါးသွားခဲ့တယ်။ သူတို့ရဲ့ ပြန်စာတွေကိုလည်း မကြာခင်မှာပဲ ရခဲ့တယ်။ သူတို့အားလုံးက ကျွန်တော့်ပြဿနာတွေအတွက် အကြံပြုချက်တချို့ ပေးခဲ့သလို ရိုက်ကူးရေးအတွင်းမှာ မှန်ကန်တဲ့ စိတ်ခံစားမှုကို ဘယ်လိုရှာတွေ့ကြလဲ ဆိုတာလည်း မျှဝေပေးခဲ့ကြတယ်။ သူတို့က ကျွန်တော့်ကို လက်တွေ့ကျင့်သုံးရမယ့် နည်းလမ်းမျိုးစုံကို ချပြခဲ့ပြီး ဇာတ်ကောင်အပေါ် စိတ်နှစ်ပြီး သရုပ်ဆောင်ဖို့လည်း အားပေးခဲ့တယ်။ သူတို့ရဲ့ အကြံပြုချက်တွေနဲ့ အားပေးစကားတွေကို ဖတ်ရတော့ ကျွန်တော် အရမ်းတို့ထိခံစားရပြီး နွေးထွေးမှုကို ခံစားခဲ့ရတယ်။ သူတို့ရဲ့ အကြံဉာဏ်တွေက ကျွန်တော့်အတွက် အကူအညီ အများကြီး ဖြစ်စေခဲ့ပြီး အဲဒီနောက် ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအပိုင်းက ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိလာခဲ့တယ်။

ကျွန်တော်လည်း နောက်တစ်ခါ ရိုက်ကူးရေးအသစ်တွေမှာ ချက်ချင်းပဲ စိတ်ရောကိုယ်ပါ နှစ်ထားခဲ့တယ်။ စိတ်ခံစားချက်ကို အသားပေးဖော်ပြတဲ့ ဇာတ်ဝင်ခန်းတွေကို ပြန်ရိုက်ဖို့အချိန် ရောက်တဲ့အခါမှာ ညီအစ်ကိုမောင်နှမတွေ သင်ပေးခဲ့တဲ့ နည်းလမ်းတွေကို လိုက်နာပြီး သရုပ်ဆောင်မှုအပိုင်းရဲ့ အသေးစိတ်အချက်အလက်တွေကို ဒါရိုက်တာနဲ့ ကြိုတင်ဆွေးနွေးခဲ့တယ်။ ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် လုပ်လို့ မရတဲ့အခါ အဲဒီအခက်အခဲကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့ပြီး ဒါရိုက်တာနဲ့ ညီအစ်ကိုမောင်နှမတွေ အားလုံးကလည်း ကျွန်တော့်ကို လာပြီး ကူညီပေးကြတယ်။ ရိုက်ကူးရေး ပြီးတဲ့အခါ ဗီဒီယိုကို ညီအစ်ကိုမောင်နှမတွေဆီ ပို့ပြီး ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုအပိုင်းမှာ ဘယ်လိုပြဿနာတွေ ကျန်နေသေးလဲလို့ မေးခဲ့တယ်။ သူတို့က ပြဿနာတွေကို ထောက်ပြပေးတဲ့အခါ ကျွန်တော် ချက်ချင်း ပြုပြင်ပြီး တိုးတက်အောင် လုပ်ခဲ့တယ်။ နောက်တစ်ကြိမ် သရုပ်ဆောင်တဲ့အခါ ကျွန်တော့်ရဲ့ စိတ်ခံစားချက်တွေက ပိုပြီး ပီပြင်လာခဲ့တယ်။ ဇာတ်ကောင်စရိုက်ကိုလည်း အမြန်ပီပြင်အောင် လုပ်နိုင်ခဲ့ပြီး ရိုက်ကူးရေးရဲ့ ရလဒ်တွေကလည်း အရင်ကထက် အများကြီး ပိုကောင်းလာခဲ့ပါတယ်။ တချို့ဇာတ်ဝင်ခန်းတွေဆိုရင် ကြည့်ရှုတဲ့ ညီအစ်ကိုမောင်နှမတွေကို အရမ်းစိတ်လှုပ်ရှား ထိခိုက်စေခဲ့တယ်။ ရိုက်ကူးရေးရဲ့ တိုးတက်မှုနှုန်းလည်း သိသိသာသာ မြန်ဆန်လာခဲ့တယ်။

အခုဆိုရင် တစ်ခုခုကို နားမလည်တဲ့အခါ အယောင်ဆောင်ဖို့နဲ့ ဟိတ်ဟန်ထုတ်ဖို့ စိတ်ကူးပေါ်လာတိုင်း ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ သတိရှိရှိနဲ့ လက်တွေ့လုပ်ဆောင်နေပါတယ်။ ကျွန်တော့်ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး ညီအစ်ကိုမောင်နှမတွေနဲ့အတူ စည်းမျဉ်းတွေနဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းတွေကို ရှာဖွေတယ်။ ကျွန်တော် နားမလည်တဲ့ ပြဿနာတွေဟာလည်း မြန်မြန်ဆန်ဆန်ပဲ ပြေလည်သွားခဲ့ပါတယ်။ ဒီအတွေ့အကြုံကနေ ဟိတ်ဟန်ထုတ်ပြီး အယောင်ဆောင်တာတွေက ဘယ်ပြဿနာကိုမှ မဖြေရှင်းနိုင်ဘူးဆိုတာ ကျွန်တော် သဘောပေါက်လာခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း လက်တွေ့ကျင့်သုံးပြီး လှည့်စားမှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟတဲ့အပြင် ရိုးသားတဲ့လူတစ်ယောက်ဖြစ်မှသာ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ကိုယ့်တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှသာ ရင်ထဲမှာ စစ်မှန်တဲ့ ငြိမ်းချမ်းမှုနဲ့ စိတ်အေးလက်အေးဖြစ်မှုကို ရရှိနိုင်ပါလိမ့်မယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်ုပ်အဘယ်ကြောင့် အမြဲ ဟန်ဆောင်နေသနည်း

၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် လူသစ်များအား ရေလောင်းခြင်းကို ကျွန်မစလေ့ကျင့်ခဲ့သည်။ ကျွန်မ၏ အင်္ဂလိပ်အသံထွက်က သိပ်စံမမီသောကြောင့် သူတို့နှင့်...

ကျွန်မ နားမလည်တာကို ဖုံးကွယ်ရတဲ့ အကြောင်းအရင်း

မြောင်မြောင်၊ တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။