ကံတရားအပေါ် အခြေခံပြီး ကိစ္စများကို သုံးသပ်ခြင်းက မှန်ကန်သလား
ရော်နန်၊ တရုတ်နိုင်ငံ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မနဲ့ ညီအစ်မ ရွှီစင်ကို ဧဝံဂေလိအလုပ်အတွက် ကြီးကြပ်ရေးမှူးတွေအနေနဲ့ ရွေးချယ်ခဲ့ကြတယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လတုန်းက အမေ သူ့တာဝန်ကို ထမ်းဆောင်နေရင်း စီစီပီ ဖမ်းတာ ခံလိုက်ရတယ်။ အဲဒီအချိန်က ကျွန်မနဲ့ ညီအစ်ကိုမောင်နှမတွေက ဘာမှကို မသိလိုက်ရဘူး။ သူနဲ့ပတ်သက်ပြီး ကျွန်မတို့ ဘာသတင်းမှ မရခဲ့ဘဲနဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလရောက်မှ ထောင်ထဲကနေ သူ စာတစ်စောင်ပို့လာတယ်၊ အဲဒီတော့မှပဲ သူ ထောင်လေးနှစ် ကျသွားတယ်ဆိုတာ ကျွန်မတို့ သိလိုက်ရတာ။ ဒီသတင်းကို ကြားတော့ ကျွန်မ တစ်ကိုယ်လုံး ပျော့ခွေသွားတယ်။ ရင်ထဲမှာ အရမ်းပူပန်သောကရောက်သွားပြီး တွေးမိတယ်၊ “အမေက အရင်တုန်းက ဧဝံဂေလိတရားဟောလို့ အဖမ်းခံခဲ့ရဖူးတယ်။ သူလွတ်လာပြီးတဲ့နောက်မှာ အိမ်နဲ့အဝေးမှာ သူ့တာဝန်ကို ဆက်ထမ်းဆောင်ခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ရဲတွေက ငါတို့အိမ်ကို အမြဲလာပြီး သူဘယ်မှာလဲလို့ လာလာမေးကြတယ်။ အခု အမေက သူတို့လက်ထဲ နောက်တစ်ခါ ထပ်ရောက်သွားပြန်ပြီ။ သူတို့ အမေ့ကို ဘယ်လိုများ နှိပ်စက်ကြမလဲဆိုတာ တွေးတောင် မတွေးရဲဘူး။ ထောင်ထဲမှာ နေရတာ အရမ်းခက်ခဲတယ်။ သူ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါ့မလား” ပေါ့။ အဲဒီအချိန်မှာ ညီအစ်မတစ်ယောက်က ကျွန်မနဲ့ မိတ်သဟာယပြုပေးတယ်။ ဘဝမှာ ကျွန်မတို့ ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ ခံစားရတဲ့ ဆင်းရဲဒုက္ခတွေ အားလုံးက ဘုရားသခင် ကြိုတင်ပြဋ္ဌာန်းထားတာဖြစ်တယ်လို့ သူက ပြောတယ်။ အမေ့ကို ဘုရားသခင်ရဲ့ လက်တော်ထဲ အပ်နှံပြီး ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံသင့်တယ်လို့ သူက ပြောတယ်။ ကျွန်မ ကျိုးနွံနာခံသင့်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတွေကို စီစီပီက ဘယ်လောက်တောင် ရက်ရက်စက်စက် ဆက်ဆံသလဲဆိုတာ၊ အမေ သေချာပေါက် ဆိုးဆိုးရွားရွား ဒုက္ခခံရမှာပဲဆိုတာတွေကို တွေးမိလိုက်တာနဲ့ ကျွန်မစိတ်တွေ လုံးဝ ရှုပ်ထွေးသွားတာပဲ။ သူပြောတဲ့စကားတွေ တစ်ခွန်းမှ ခေါင်းထဲ မဝင်တော့ဘူး။ အဲဒီနောက်မှာ ကျွန်မတာဝန်ကို ဆက်ထမ်းဆောင်နေခဲ့ပေမဲ့၊ အားတဲ့အချိန်၊ ဒါမှမဟုတ် ညဘက် အိပ်မပျော်တဲ့အခါတိုင်း၊ အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတွေကို ရဲတွေက ရက်ရက်စက်စက် နှိပ်စက်တာ၊ အကျဉ်းသားတွေက မတရားဖိနှိပ်တာတွေကို မျက်စိထဲ မြင်လာပြီး၊ အမေ့အတွက် အရမ်းကို စိတ်ပူနေမိတယ်။ တွေးမိတယ်၊ “ထောင်ထဲမှာ သူ ဘယ်လိုနေနေရမလဲ။ ထောင်ဒဏ်လေးနှစ်မှာ နေ့တွေ၊ ညတွေ အများကြီး ကျန်သေးတယ်။ သူ ဘယ်လိုများ ကျော်ဖြတ်မှာလဲ။ တချို့ဆို အဖမ်းခံရပြီးတဲ့နောက် နှိပ်စက်တာကို မခံနိုင်လို့ ယုဒ ဖြစ်သွားကြတယ်။ တချို့ကျတော့လည်း ကတိခံဝန်ချက်သုံးမျိုးကို လက်မှတ်ထိုးပြီး ဘုရားသခင်ကို သစ္စာဖောက်ကြတယ်။ အမေများ သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ ဘုရားသခင်ကို သစ္စာဖောက်သွားရင် ဘယ်လိုလုပ်မလဲ။ သူခါးစည်းခံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေ အားလုံးက အလဟဿ ဖြစ်သွားမှာ မဟုတ်ဘူးလား” ပေါ့။ လွန်ခဲ့တဲ့ သုံးလေးလက ညီအစ်မတစ်ယောက်က သူ့ယောက်ျားဟာ သူ့ယုံကြည်ခြင်းကြောင့် ထောင်ဒဏ် ငါးနှစ်ခွဲ ချခံရတယ်လို့ ပြောခဲ့တာကို သတိရလိုက်တယ်။ သူ့ပြစ်ဒဏ်စေ့လို့ လွတ်ခါနီးလေးမှာပဲ၊ အသင်းတော်ကို သစ္စာဖောက်ဖို့၊ ဘုရားသခင်ကို ငြင်းပယ်ဖို့ ငြင်းဆန်ခဲ့လို့ ရဲတွေက သူ့ကို သေတဲ့အထိတောင် ရိုက်နှက်ခဲ့ကြတယ်။ သူတို့က အဖြစ်မှန်ကို လိမ်လည်ပြီး သူ သေကြောင်းကြံသွားတာလို့ ပြောကြသေးတယ်။ နောက်ထပ် ညီအစ်ကိုတစ်ယောက်ဆိုရင်လည်း အဖမ်းခံရပြီး တစ်နှစ်အကြာမှာ သေတဲ့အထိ နှိပ်စက်ခံခဲ့ရတယ်။ ဒါတွေကို တွေးမိတော့ ပိုပြီးတော့တောင် စိုးရိမ်လာတယ်။ ရဲတွေက အမေ့ကို သေတဲ့အထိ နှိပ်စက်ခဲ့ရင်၊ သူက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ဘယ်လိုလုပ် ရနိုင်တော့မှာလဲ။ ကျွန်မ လုံးဝ နားမလည်နိုင်ခဲ့ဘူး။ ကျွန်မ မရှင်းမလင်း ဖြစ်မိတယ်၊ “အမေက ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ သူ့တာဝန်ကို ကြိုးကြိုးစားစားနဲ့ ထမ်းဆောင်ခဲ့တယ်။ အရင်တစ်ခေါက် သူ အဖမ်းခံရတုန်းကလည်း ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ အသင်းတော်ကိုပဲဖြစ်ဖြစ် သစ္စာမဖောက်ခဲ့ဘူး။ အဲဒီနောက်ပိုင်း အဖမ်းမခံရအောင် အိမ်ကနေထွက်ပြီး တာဝန်ကို အမြဲထမ်းဆောင်ခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်က သူ့ကို ကာကွယ်စောင့်ရှောက်ခဲ့တယ်၊ ဒါဆိုရင် ဒီတစ်ကြိမ်မှာ ဘာလို့ သူ့ကို မစောင့်ရှောက်ခဲ့တာလဲ။ စီစီပီက ကျွန်မတို့ကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းတာကို ဘုရားသခင်က ဘာလို့ ခွင့်ပြုထားတာလဲ။ ဒီဖိနှိပ်မှုတွေသာ မရှိခဲ့ရင်၊ ကျွန်မတို့ ဘုရားသခင်ကို အေးအေးချမ်းချမ်း ယုံကြည်ပြီး တာဝန်တွေကို ထမ်းဆောင်နေနိုင်မှာပဲ။ အမေလည်း ထောင်ထဲမှာ ဒုက္ခခံစရာ လိုမှာမဟုတ်ဘူး” ပေါ့။ အဲဒီနေ့တွေတုန်းက ကျွန်မ စိတ်တွေ အရမ်းလေးလံပြီး မွန်းကြပ်နေခဲ့တယ်။ ဆုတောင်းတဲ့အခါမှာ ဘုရားသခင်ကို ဘာပြောရမှန်း မသိခဲ့ဘူး။ တာဝန်ကို ထမ်းဆောင်နေတဲ့အချိန်မှာလည်း စိတ်ကို ငြိမ်အောင်ထားလို့ မရခဲ့ဘူး။ အမေ ဘယ်လိုနေမလဲဆိုတာကိုပဲ တောက်လျှောက် တွေးနေမိပြီး၊ စိတ်ပိုင်းဆိုင်ရာ အရမ်းကို ပူပန်သောကရောက်နေခဲ့ရတယ်။ ကျွန်မရဲ့ အခြေအနေက မှားနေပြီး၊ ဘုရားသခင်နဲ့ပတ်သက်လို့ အယူအဆတွေ ဖြစ်ပေါ်နေမှန်း သိခဲ့တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “အယူအဆများသည် အဓိကပြဿနာတစ်ခု ဖြစ်သည်။ လူတို့၌ ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ရှိနေခြင်းသည် ၎င်းတို့နှင့် ဘုရားသခင်ကြားတွင် တံတိုင်းတစ်ခု တည်နေသကဲ့သို့ဖြစ်ပြီး ၎င်းက ဘုရားသခင်၏ စစ်မှန်သော မျက်နှာတော်၊ စစ်မှန်သော စိတ်သဘောထားနှင့် စစ်မှန်သော အနှစ်သာရတို့ကို မမြင်နိုင်အောင် တားဆီးထားသည်။ အဘယ်ကြောင့်နည်း။ ယင်းမှာ လူတို့သည် ၎င်းတို့၏ အယူအဆများအလယ်နှင့် ၎င်းတို့၏ စိတ်ကူးထင်မြင်မှုများ အလယ်တွင် အသက်ရှင်ကြပြီး ဘုရားသခင်က မှန်သလော၊ မှားသလောဆိုသည်ကို ဆုံးဖြတ်ဖို့နှင့် ဘုရားသခင်လုပ်ဆောင်သမျှ အားလုံးကို တိုင်းတာဖို့၊ အကဲဖြတ်ဖို့နှင့် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အယူအဆများကို အသုံးပြုကြသောကြောင့် ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် လူတို့သည် မည်သည့်အခြေအနေမျိုးထဲသို့ မကြာခဏ ကျဆင်းကြရသနည်း။ လူတို့သည် ၎င်းတို့၏အယူအဆများအလယ်၌ အသက်ရှင်ချိန်တွင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ကြသလော။ ၎င်းတို့တွင် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိနိုင်ကြသလော။ (မရှိနိုင်ကြပေ။) လူတို့သည် ဘုရားသခင်ကို အနည်းငယ် အမှန်တကယ် ကျိုးနွံနာခံကြသည့် အချိန်တွင်ပင် ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအတိုင်း ထိုသို့ပြုလုပ်ခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးအနေဖြင့် သူ၏ အယူအဆများနှင့် စိတ်ကူးများကို အားထားသောအခါ ယင်းသည် စာတန်နှင့် ကမ္ဘာလောကတို့နှင့် သက်ဆိုင်သည့် ကိုယ်ရေးကိုယ်တာ အမှုအရာများဖြင့် စွန်းထင်းလာပြီး ယင်းသည် သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲလေသည်။ ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့်ဆိုင်သော ပြဿနာမှာ ဆိုးရွားသည့် အရာတစ်ခုဖြစ်သည်။ ယင်းသည် ဖြေရှင်းရန် အရေးတကြီး လိုအပ်သည့် လူသားနှင့် ဘုရားသခင်ကြားက အဓိက ပြဿနာတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၁)) ဘုရားသခင်အပေါ် အယူအဆတွေ ရှိနေတာဟာ ဘယ်လောက် အန္တရာယ်များသလဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် သဘောပေါက်လာတယ်။ အဲဒါတွေက လူတစ်ယောက်နဲ့ ဘုရားသခင်ကြားမှာ နားလည်မှုလွဲမှားတာတွေနဲ့ အတားအဆီးတစ်ခု ဖြစ်စေတယ်။ လူတစ်ယောက်ဟာ ဖြစ်ပျက်လာတဲ့ အရာတွေရဲ့ နောက်ကွယ်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားမလည်ဘူးဆိုရင်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို သူ ကျိုးနွံနာခံခြင်း မရှိနိုင်ဘူး။ အဲဒီအချိန်တုန်းက ကျွန်မရဲ့ အခြေအနေက အတိအကျ အဲဒီလိုပဲ ဖြစ်နေခဲ့တာ။ အမေ ထောင်ကျနေတယ်ဆိုတာ သိကတည်းက၊ သူ ဒုက္ခခံရတာကို တွေးမိပြီး အသက်ရှင်လျက်နဲ့များ ပြန်ထွက်လာပါ့မလားလို့ စဉ်းစားမိတာနဲ့ တစ်ပြိုင်နက် ဘုရားသခင်အပေါ် အယူအဆတွေ ဖြစ်ပေါ်လာခဲ့တယ်။ ယုံကြည်သူတွေကို အဆင်းနီတဲ့ နဂါးကြီးက ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းတာကို သူ ဘာလို့ ခွင့်ပြုထားတာလဲဆိုတာ နားမလည်ခဲ့ဘူး၊ အမေ့ကို သူ မစောင့်ရှောက်ပေးခဲ့ဘူးဆိုပြီး ညည်းညူခဲ့တယ်၊ ပြီးတော့ ကျွန်မတာဝန်မှာလည်း စိတ်မပါခဲ့ဘူး။ သမ္မာတရားကို ရှာဖွေမဲ့အစား ကိုယ့်အယူအဆတွေထဲမှာပဲ ဆက်ပြီး အသက်ရှင်နေရင်၊ ဘုရားသခင်နဲ့ ကျွန်မကြားက အတားအဆီးက ပိုပိုပြီးတော့ပဲ ကြီးလာမှာပဲ။ ဒါကြောင့် ကျွန်မ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ အမေ အဖမ်းခံရတဲ့ကိစ္စအပေါ် သမီး ကျိုးနွံနာခံဖို့ လုံးဝ မလုပ်နိုင်ခဲ့ပါဘူး။ ပြီးတော့ ကိုယ်တော်နဲ့ပတ်သက်ပြီး သမီးမှာ အယူအဆတွေ ဖြစ်ပေါ်နေမိပါတယ်။ သမီး အရမ်းပုန်ကန်နေတာမျိုး ဆက်မဖြစ်ချင်တော့ပါဘူး။ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်နိုင်အောင် ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးတော်မူပါ” ပေါ့။
ဝတ်ပြုချိန်အတွင်းမှာ၊ ကျွန်မကို တကယ် အထောက်အကူဖြစ်စေတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် ၎င်းတို့ စိတ်နှလုံးထဲရှိ ဘုရားသခင်နှင့် သဟဇာတမဖြစ်သည့်၊ သို့မဟုတ် သူ့အပေါ် အထင်လွဲမှုဖြစ်သည့် မည်သည့်အရာကိုမဆို မကြာခဏ ဆန်းစစ်ရမည်။ အထင်လွဲမှုများသည် မည်သို့ ထွက်ပေါ်လာသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကို လူတို့ အထင်လွဲကြသနည်း။ (၎င်းတို့၏ ကိုယ်ကျိုးစီးပွား ထိခိုက်သောကြောင့်ဖြစ်ပါသည်။) ဂျူးလူမျိုးများက ယုဒပြည်မှ ပြည်နှင်ဒဏ်ခံရသည့် အဖြစ်များကို လူတို့ မြင်ပြီးနောက်တွင် နာကျင်ခံစားရပြီး ‘အစပထမတွင် ဘုရားသခင်က ဣသရေလလူမျိုးများကို အလွန်ချစ်ခဲ့သည်။ သူတို့ကို အဲဂုတ္တုပြည်မှ ပင်လယ်နီကို ဖြတ်လျက် ခေါ်ဆောင်ခဲ့သည်၊ ကောင်းကင်မှ မန္နနှင့် သောက်ဖို့ စမ်းရေကို ပေးခဲ့ပြီးနောက် သူတို့ကို ဦးဆောင်ဖို့ ပညတ်တရားများ ကိုယ်တိုင်ကိုယ်ကျ ပေးခဲ့ပြီး မည်သို့ အသက်ရှင်ရမည်ကို သွန်သင်ပေးခဲ့သည်။ လူအတွက် ဘုရားသခင်၏ မေတ္တာမှာ ပေါများကြွယ်ဝနေခဲ့သည်။ ထိုစဉ်အချိန်က အသက်ရှင်ခဲ့သည့် လူများသည် အလွန်ကောင်းချီးခံစားခဲ့ရသည်။ ဘုရားသခင်၏ သဘောထားက မျက်တောင်တစ်ချက်အခတ်တွင် မည်သို့များ ပြောင်းပြန်ဖြစ်သွားရသနည်း။ သူ၏ ချစ်ခြင်းမေတ္တာအားလုံး မည်သည့်နေရာသို့ ရောက်သွားသနည်း’ဟု ဆိုကြသည်။ လူတို့၏ စိတ်ခံစားချက်များက ဤအရာကို မကျော်လွန်နိုင်သကဲ့သို့ ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဟုတ်ပါသလား၊ မဟုတ်ပါသလား။ ဣသရေလလူမျိုးများအပေါ် သူ၏ နဂိုမူလ သဘောထားသည် အဘယ်ကြောင့် ထင်သာမြင်သာ မရှိတော့ပါသနည်း။ သူ၏ မေတ္တာသည် သဲလွန်စမကျန်ဘဲ ပျောက်ကွယ်သွားပေပြီ။ သူသည် လုံးဝ ချစ်ခြင်းမေတ္တာတစ်ခုတလေ ရှိပါသေးသလား’ဟု ဆိုလျက် စတင်သံသယရှိကြသည်။ ဤသည်မှာ လူတို့၏ အထင်လွဲမှုများ စတင်သည့်နေရာ ဖြစ်သည်။ လူတို့ အထင်လွဲမှုများဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေမှာ အဘယ်နည်း။ ဘုရားသခင်၏ လုပ်ရပ်များက လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် သဟဇာတမဖြစ်သောကြောင့် ဖြစ်နိုင်မည်လော။ ဤအချက်သည် လူတို့အား ဘုရားသခင်ကို အထင်လွဲစေသည့်အရာ ဖြစ်သလော။ လူတို့ ဘုရားသခင်ကို အထင်လွဲသည့် အကြောင်းရင်းမှာ သူ၏ ချစ်ခြင်းမေတ္တာအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား ၎င်းတို့ ကန့်သတ်ထားသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့က ‘ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထို့ကြောင့် သူသည် လူတို့ကို စောင့်ရှောက်ကာ ကွယ်ကာသင့်ပြီး ကျေးဇူးတော်နှင့် ကောင်းချီးများ ပုံပေးသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ မေတ္တာ ဖြစ်သည့်အရာဖြစ်၏။ ဘုရားသခင်က လူတို့ကို ဤသို့ချစ်သောအခါ ငါ နှစ်သက်သည်။ ဘုရားသခင်က လူတို့ကို ပင်လယ်နီဖြတ်လျက် ဦးဆောင်ခဲ့ချိန်တွင် သူတို့ကို သူမည်မျှချစ်သည်ကို ငါ အထူးသဖြင့် မြင်ရသည်။ ထိုအချိန်က လူများသည် အလွန် ကောင်းချီးခံစားခဲ့ရသည်။ ငါသည် သူတို့ထဲမှ တစ်ယောက် ဖြစ်ချင်သည်’ဟု တွေးကြ၏။ သင်သည် ဤဇာတ်ကြောင်းကို စွဲလမ်းသည့်အခါ ထိုအဖြစ်ပျက်တွင် ဘုရားသခင် ထုတ်ဖော်ခဲ့သည့် မေတ္တာကို အမြင့်မားဆုံးသော သမ္မာတရားအဖြစ်လည်းကောင်း၊ သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ပြယုဂ်အဖြစ်လည်းကောင်း သဘောထားမိလေသည်။ သင်၏ စိတ်နှလုံးထဲတွင် သူ့အပေါ် သင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား သင်ကန့်သတ်မိကာ ထိုအခိုက်အတန့်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာတိုင်းကို အမြင့်ဆုံးသော သမ္မာတရားအဖြစ် သဘောထားလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှစ်သက်ဖွယ်အကောင်းဆုံးသော ဘက်ဖြစ်ပြီး လူတို့အား သူ့ကို လေးစားရိုသေ၍ ကြောက်ရွံ့ရန် အလှုံ့ဆော်ဆုံးသောအရာဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ဟု သင် တွေးထင်၏။ အမှန်တွင် ဘုရားသခင်၏ လုပ်ရပ်များကိုယ်၌က အပြုသဘောဆောင်သော်လည်း သင်၏ ကန့်သတ်ထားသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကြောင့် ယင်းတို့သည် သင့်စိတ်ထဲ၌ အယူအဆများဖြစ်လာပြီး ဘုရားသခင်ကို သင် သတ်မှတ်သည့် အခြေခံအကြောင်းရင်းတစ်ခု ဖြစ်လာသည်။ ယင်းတို့က ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ သနားကရုဏာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်း၊ လမ်းပြခြင်း၊ ကျေးဇူးတော်နှင့် ကောင်းချီးများထက် အခြားမည်သည့်အရာမျှ မဟုတ်သည့်အလား သင့်အား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ ထိုမျှသာဖြစ်သည့်အလား အထင်လွဲစေ၏။ သင်သည် ချစ်ခြင်းမေတ္တာ၏ ဤသွင်ပြင်လက္ခဏာများကို အဘယ်ကြောင့် အလွန်ချစ်ခင်မြတ်နိုးသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် သင်၏ ကိုယ်ကျိုးစီးပွားနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ (ဟုတ်ပါသည်။) မည်သည့် ကိုယ်ကျိုးစီးပွားနှင့် ယင်းသည် ဆက်နွှယ်ပါသနည်း။ (ဇာတိပကတိ၏ အပျော်အပါးများနှင့် သက်သောင့်သက်သာဖြစ်သော ဘဝတစ်ခု ဖြစ်သည်။) လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည့်အခါ သူ့ထံမှ ဤအရာများကို ရလိုကြသော်လည်း အခြားအရာများကို မရလိုကြချေ။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများ၊ စစ်ဆေးခြင်း၊ ဘုရားသခင်အတွက် ဆင်းရဲဒုက္ခခံခြင်း၊ အမှုအရာများကို စွန့်ခြင်းနှင့် မိမိတို့ကိုယ်ကို အသုံးခံခြင်း သို့မဟုတ် မိမိတို့ကိုယ်ပိုင် အသက်များကိုပင် စတေးခြင်းတို့ကို လူတို့က မစဉ်းစားချင်ကြချေ။ ဘုရားသခင်၏ မေတ္တာ၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းနှင့် လမ်းပြခြင်းတို့ကိုသာ လူတို့ မွေ့လျော်ခံစားလိုကြ၏။ ထို့ကြောင့် ဘုရားသခင်၏ မေတ္တာကို သူ၏ အနှစ်သာရနှင့်ဆိုင်သည့် တစ်ခုတည်းသော ထူးခြားသော လက္ခဏာတစ်ခုနှင့် သူ၏ တစ်ခုတည်းသော အနှစ်သာရအဖြစ်သာ အဓိပ္ပာယ်ဖွင့်ဆိုကြလေသည်။ ဣသရေလလူမျိုးများကို ပင်လယ်နီဖြတ်သန်း၍ ဦးဆောင်လမ်းပြခဲ့ချိန်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အရာများသည် လူတို့အယူအဆများ၏ အရင်းအမြစ် ဖြစ်လာခဲ့သည် မဟုတ်လော။ (ဖြစ်လာခဲ့ပါသည်။) ဤအရာက ဘုရားသခင်နှင့် ပတ်သက်၍ လူတို့ အယူအဆများကို ဖြစ်ပေါ်သည့် ဆက်စပ်အခြေအနေတစ်ခုကို ဖြစ်ပေါ်စေသည်။ ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ လူတို့ ဖြစ်ပေါ်သည့်အခါ ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားတို့အပေါ် စစ်မှန်သည့် သိနားလည်မှုကို ၎င်းတို့ ရရှိနိုင်သလော။ ၎င်းတို့ နားလည်လိမ့်မည် မဟုတ်သည်သာမက အဓိပ္ပာယ်ကောက်လွဲလိမ့်မည်ဖြစ်ကာ ထိုအရာနှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြလိမ့်မည်မှာ သိသာပေသည်။ ဤအရာက လူ၏ သိနားလည်မှုသည် အလွန် ကျဉ်းမြောင်းပြီး စစ်မှန်သည့် သိနားလည်မှုမဟုတ်သည်ကို သက်သေပြ၏။ အကြောင်းမှာ ယင်းသည် သမ္မာတရား မဟုတ်ဘဲ ဘုရားသခင်ကို လူတို့က မိမိတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများနှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို အခြေခံ၍ ပိုင်းခြားစိတ်ဖြာပြီး အဓိပ္ပာယ်ကောက်သည့် ချစ်ခြင်းမေတ္တာနှင့် သိနားလည်မှုမျိုး ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရနှင့် သဟဇာတမဖြစ်ပေ။ ဘုရားသခင်က လူတို့ကို သနားကရုဏာ၊ ကယ်တင်ခြင်း၊ ဂရုစိုက်ခြင်း၊ ကွယ်ကာခြင်းတို့အပြင် ၎င်းတို့ ဆုတောင်းချက်များကို နားညောင်းခြင်းအားဖြင့် ချစ်ခြင်းထက် အခြား မည်သည့်နည်းလမ်းများဖြင့် ချစ်သေးသနည်း။ (ရိုက်နှက်ဆုံးမခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြုပြင်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ဖြင့် ဖြစ်သည်။) မှန်ပေ၏။ ဘုရားသခင်သည် သူ၏ မေတ္တာကို အလျှံပယ် နည်းလမ်းများဖြင့် ပြသသည်။ ရိုက်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ အပြစ်တင်ခြင်းအားဖြင့်၊ ပြီးလျှင် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုများ၊ စစ်ဆေးခြင်း စသည်တို့ဖြင့် ဖြစ်သည်။ ဤအရာအားလုံးမှာ ဘုရားမေတ္တာ၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။ ဤရှုထောင့်အမြင်သည်သာ ပြည့်စုံပြီး သမ္မာတရားနှင့် ကိုက်ညီ၏။ ဤအရာကို သင် နားလည်ပါက သင့်ကိုယ်သင် ဆန်းစစ်ပြီး ဘုရားသခင်အပေါ် အထင်လွဲမှုများ သင် ရှိသည်ဟု သဘောပေါက်ပါက သင်၏ လွဲချော်နေခြင်းကို သင် သတိပြုမိနိုင်ကာ မည်သည့်နေရာတွင် သင် မှားသွားခဲ့သည်ကို ကောင်းစွာ သုံးသပ်ဆင်ခြင်နိုင်သည် မဟုတ်လော။ ဤအရာက ဘုရားသခင်နှင့်ပတ်သက်၍ သင်၏ သိနားလည်မှုများကို ကူဖြေရှင်းပေးနိုင်သည် မဟုတ်လော။ (ကူဖြေရှင်းပေးနိုင်ပါသည်။) ဤအရာကို သင်ပြီးမြောက်ရန်အလို့ငှာ သမ္မာတရားကို သင် ရှာဖွေရမည်။ သမ္မာတရားကို လူတို့ ရှာဖွေသရွေ့ ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားနိုင်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ မိမိတို့၏ အထင်လွဲမှုများကို ၎င်းတို့ ဖယ်ရှားပြီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ အစီအစဉ်အားလုံးကို ၎င်းတို့ ကျိုးနွံနာခံနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေကို ကျွန်မ နားမလည်နိုင်ခဲ့တာက သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ပုံစံတစ်မျိုးနဲ့ ဘောင်ခတ်ထားမိလို့ဆိုတာ သဘောပေါက်သွားတယ်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ လူတွေကို စောင့်ရှောက်ကွယ်ကာပေးသင့်တယ်၊ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသင့်တယ်၊ ပြီးတော့ နာကျင်မှု ဒါမှမဟုတ် ဆင်းရဲဒုက္ခတွေကို ဘယ်တော့မှ ပေးကြုံတွေ့တာမျိုး မရှိသင့်ဘူးလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေက ကိုယ့်အယူအဆတွေနဲ့ မကိုက်ညီတဲ့အခါ၊ အဲဒါတွေကို ကျွန်မ လက်မခံနိုင်ခဲ့ဘူး၊ ကျိုးနွံနာခံနိုင်တာမျိုး မရှိခဲ့ဘူး။ ဒါတွေအားလုံးက သူ့ရဲ့အမှုတော်ကို တကယ် မသိကျွမ်းခဲ့လို့ပဲ။ ငယ်ငယ်တုန်းကဆိုရင် ဘုရားသခင်က လူသားမျိုးနွယ်ကို ဘယ်လိုဖန်ဆင်းခဲ့ပြီး၊ ကျွန်မတို့အတွက် အရာအားလုံးကို ဘယ်လိုထောက်ပံ့ပေးခဲ့တယ်ဆိုတာ အမေ ပြောပြဖူးတာကို သတိရတယ်။ ပညတ်တော်ခေတ်မှာ မောရှေကို အသုံးပြုပြီး ဣသရေလလူတွေကို အဲဂုတ္တုပြည်ကနေ ဦးဆောင်ခေါ်ထုတ်လို့ ပင်လယ်နီကို ဖြတ်ကျော်စေခဲ့တယ်။ တောကန္တာရထဲမှာ သူတို့ကို ငုံးတွေနဲ့ မန္နမုန့်တွေ ချပေးပြီး ခါနာန်ပြည်ကောင်းကြီးထဲကို လမ်းပြခေါ်ဆောင်သွားခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက အနာငြိမ်းစေတယ်၊ နတ်ဆိုးတွေကို နှင်ထုတ်တယ်၊ ပြီးတော့ လူသားတွေကို ရွေးနုတ်ဖို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံခဲ့တယ်။ ဒါကြောင့် ကျွန်မစိတ်ထဲမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ စောင့်ရှောက်ကွယ်ကာမှုတွေ၊ ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားတာတွေချည်းပဲလို့ ထင်ခဲ့တာ။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာလည်း၊ သူက ကျွန်မတို့ကို ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးတာကို မြင်ခဲ့ရတယ်။ ဘဝမှာ သူ့ရဲ့ ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို ခံစားခဲ့ရတော့၊ သူက ကျွန်မတို့ကို အရမ်းချစ်တယ်လို့ ပိုပြီးတောင် ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ အမေက အဖမ်းခံရပြီး ထောင်ထဲရောက်နေတော့၊ သူ့ဇာတိပကတိက ဆင်းရဲဒုက္ခ အများကြီး ခံရကိန်းရှိတယ်။ သူသာ သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ရင်၊ ဒါမှမဟုတ် ရဲတွေရဲ့ နှိပ်စက်မှုကြောင့် သေသွားခဲ့ရင်၊ သူ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါကြောင့် အမေ့ကို ကာကွယ်မပေးတဲ့အတွက် ဘုရားသခင်ကို ကျွန်မ ညည်းညူခဲ့တယ်။ ဘုရားသခင်နဲ့ အငြင်းပွားဖို့တောင် ကြိုးစားခဲ့သေးတယ်။ အမေဟာ တာဝန်ထမ်းဆောင်ရာမှာ ဘယ်လောက်တောင် ကြိုးစားခဲ့တဲ့အကြောင်း၊ အဖမ်းခံရတုန်းက ဘယ်သူ့ကိုပဲဖြစ်ဖြစ်၊ အသင်းတော်ကိုပဲဖြစ်ဖြစ် သစ္စာမဖောက်ခဲ့တဲ့အကြောင်းတွေ ပြောခဲ့တယ်။ ကျွန်မ ဆင်ခြင်တုံတရား လုံးဝကို ကင်းမဲ့နေခဲ့တာပဲ။ ဇာတိပကတိက အကျိုးအမြတ်တွေ၊ ကောင်းချီးတွေ ရမရ ဆိုတာကို အခြေခံပြီး ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို တိုင်းတာနေခဲ့တာ၊ အဲဒါက သမ္မာတရားနဲ့ လုံးဝကို မကိုက်ညီဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဆိုတာ ကျေးဇူးတော်နဲ့ ကောင်းချီးတွေတင် မကဘူး၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှုတွေနဲ့ စစ်ဆေးခြင်းတွေလည်း ပါဝင်တယ်။ လူတွေကို ဘုရားသခင်က ကျေးဇူးတော်နဲ့ ကောင်းချီးတွေ ပေးသနားတဲ့အခါမှာ ဒါဟာ သူ့ရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဒါပေမဲ့ လူတွေကို စစ်ကြောဖို့နဲ့ စစ်ဆေးဖို့ ပတ်ဝန်းကျင်တွေကို စီစဉ်ဖွဲ့စည်းပေးတာက သူ့ချစ်ခြင်းမေတ္တာကို ပိုပြီးတောင် သရုပ်ဖော်ပြနေတာပဲ။ ဥပမာ၊ အမေ အဖမ်းခံရတဲ့ကိစ္စကို ကြည့်ပါ။ ဇာတိပကတိ ရှုထောင့်ကနေကြည့်တော့၊ အဲဒါကို ဆိုးရွားတဲ့ကိစ္စလို့ ကျွန်မ မြင်ခဲ့ပြီး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ မဟုတ်ဘူးလို့ ဘောင်ခတ်ခဲ့တယ်။ တကယ်တော့ ကျွန်မရဲ့ နားလည်မှုက တစ်ဖက်သတ် ဆန်လွန်းခဲ့တာ။ ဒါသာ မဖြစ်ခဲ့ရင်၊ ဘုရားသခင်ကို ကျွန်မ ဘောင်ခတ်ထားမိတာ၊ သူ့အပေါ် အယူအဆတွေ၊ နားလည်မှုလွဲတာတွေ ရှိနေတာ၊ ဒါမှမဟုတ် သူ့အမှုတော်နဲ့ သူ့ချစ်ခြင်းမေတ္တာကို မှန်မှန်ကန်ကန် မသိကျွမ်းဘူးဆိုတာတွေကို ဘယ်တော့မှ သတိပြုမိမှာ မဟုတ်ဘူး။ အဲဒီလိုပါပဲ၊ အမေဟာ အဖမ်းခံရပြီး ထောင်ကျတဲ့အတွေ့အကြုံကြောင့် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ ခံစားနေရပေမဲ့၊ သူ့အခက်အခဲထဲမှာ ဘုရားသခင်ကို ဆုတောင်းပြီး ကိုးစားနိုင်မယ်၊ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေနိုင်မယ်ဆိုရင် သမ္မာတရားကို နားလည်နိုင်တယ်၊ သူ့အသက်တာ ကြီးထွားလာနိုင်ပြီး ဘုရားသခင်အပေါ် သူ့ယုံကြည်ခြင်းကလည်း ပိုတိုးလာနိုင်တယ်။ အဲဒါက သူ့အတွက် ကောင်းတဲ့အရာတစ်ခု ဖြစ်လာမှာပါ။ ဘုရားသခင်ရဲ့ အမှုတော်တော်များများက ကျွန်မတို့ အယူအဆတွေနဲ့ မကိုက်ညီဘူး၊ ဒါမှမဟုတ် ကျွန်မတို့ ဇာတိပကတိအတွက် အကျိုးမရှိဘူးဆိုပေမဲ့၊ အဲဒါတွေက ကျွန်မတို့ရဲ့ အသက်တာအတွက်တော့ အကျိုးရှိတယ်။ အဲဒါက သူ့ရဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီးတော့တောင် ပြသနေတာပဲ။ ဒါကို တွေးမိတော့ ကျွန်မ စိတ်ထဲမှာ အများကြီး လင်းလက်သွားတယ်။
နောက်ပိုင်းမှာ ကျွန်မ ထပ်ပြီး ဆင်ခြင်သုံးသပ်ကြည့်တယ်၊ အမေ အဖမ်းခံရတာကို ကျွန်မ ဘာလို့ ကျိုးနွံနာခံနိုင်တာမျိုး မရှိခဲ့တာလဲ ပေါ့။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “ငါသည် လူ့ဇာတိဆိုင်ရာ ခံစားချက် မရှိသည့်အတွက် လူများကို ၎င်းတို့၏ ခံစားချက်များအား ဖော်ပြခွင့် ငါမပေးသည့်အပြင် လွန်ကဲသောအတိုင်းအတာ တစ်ခုအထိ လူတို့၏ ခံစားချက်များကို ငါ တိုး၍ မုန်းတီးမိပြီဖြစ်သည်။ ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် ‘အပြင်လူ’ ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါသည် မေ့လျော့ခြင်း ခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ ‘အသိစိတ်’ကို အခွင့်ကောင်းယူ၍ အသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ပင် အလွန်အမင်း မနှစ်မြို့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသည့်အပြင် မတရားဟု အစဉ်သဖြင့် ဆိုကာ ငါ၏အမှုအရာများကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ငါ အလေးဂရုမပြုဟု သူဆိုသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ ငါသည် မြေကြီးပေါ်တွင် ဆွေမျိုးသားချင်းများလည်း ရှိပါသလော။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးအတွက် အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစဉ်းစားဘဲ နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးသနည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)) “လူသားမျိုးနွယ်သည် ခံစားချက် အခြေအနေဖြင့် အသက်ရှင်ကြ၏။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမျှ မရှောင်ဘဲ လူသားမျိုးနွယ် အားလုံး၏ စိတ်နှလုံးများထဲ၌ ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်လေသည်။ လူတို့အနေဖြင့် မိမိတို့၏ ခံစားချက်များကို ဖယ်ရှားရန် အဘယ်ကြောင့် အလွန်ခက်ခဲရသနည်း။ ထိုသို့ လုပ်ဆောင်ခြင်းသည် အသိစိတ်၏ စံနှုန်းများကို ကျော်လွန်သလော။ အသိစိတ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်သလော။ ခံစားချက်သည် ဒုက္ခတစ်လျှောက် လူတို့ကို ကူညီနိုင်သလော။ ဘုရားသခင်၏ အမြင်တွင် ခံစားချက်သည် သူ၏ ရန်သူ ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ရှင်းလင်းစွာ ဖော်ပြပြီးပြီ မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို ဖွင့်ဟချက်များ၊ အခန်း (၂၈)) ဆင်ခြင်သုံးသပ်ကြည့်တော့ ဇာတိပကတိ ချစ်ခင်တွယ်တာမှုထဲမှာ အသက်ရှင်နေလို့ ကျွန်မ ကျိုးနွံနာခံနိုင်တာမျိုး မရှိတာကို သဘောပေါက်သွားတယ်။ အယူဝါဒအရဆိုရင်တော့၊ နေ့စဉ် ကြုံတွေ့ရတဲ့ လူတွေ၊ ဖြစ်ရပ်တွေနှင့် အမှုအရာတွေ အားလုံးဟာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘုရားသခင် ခွင့်ပြုထားတာဖြစ်ပြီး အဲဒါတွေကို ဘုရားသခင်ဆီက ခံယူသင့်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ အမေ ထောင်ကျနေတယ်ဆိုတာ သိလိုက်ရတဲ့အခါ၊ ဒါကို ဘုရားသခင်ဆီက ကျွန်မ မခံယူနိုင်ခဲ့ဘူး၊ သူ့ရဲ့ ရည်ရွယ်ချက်တွေကို ရှာဖွေဖို့ဆိုတာ ပိုတောင် ဝေးသေးတယ်။ ထောင်ထဲမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို သူခံစားရတာနဲ့ နှိပ်စက်ခံရတာတွေကို တွေးမိရုံနဲ့တင် ရင်ကွဲမတတ် ဖြစ်ခဲ့ရတယ်။ သူ့ကို ဒုက္ခမခံစေချင်ဘူး။ သူသာ သူ့သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့ ပျက်ကွက်လို့ ယုဒလို သစ္စာဖောက်သွားပြီး ကယ်တင်ခြင်း မရမှာကိုလည်း ကြောက်ခဲ့တယ်၊ ဒါမှမဟုတ် ထောင်ထဲမှာ ရဲတွေက သူ့ကို သေတဲ့အထိ နှိပ်စက်ပြီး အမေ့ကို ဆုံးရှုံးရမှာကိုလည်း ကြောက်ခဲ့တယ်။ ကျွန်မက ဇာတိပကတိ ချစ်ခင်တွယ်တာမှုတွေဘက်ကနေ ရပ်တည်ပြီး ဘုရားသခင်နဲ့ အငြင်းပွားခဲ့တယ်၊ သူ့ကို မစောင့်ရှောက်ပေးဘူးဆိုပြီး ညည်းညူခဲ့တယ်။ ကျွန်မ တွေးခဲ့သမျှ အရာအားလုံးက ဘုရားသခင်ကို ဆန့်ကျင်နေခဲ့တာပဲ။ ကျွန်မကိုယ်တိုင်က ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုပြီး အတိုက်အခံလုပ်နေခဲ့တာ။ စမ်းသပ်မှုတွေကို ယောဘကြုံရတုန်းက အကြောင်းကို တွေးမိတယ်။ သူဟာ သူ့ရဲ့ မွေးမြူရေး တိရစ္ဆာန်တွေ၊ ပိုင်ဆိုင်မှုတွေ အားလုံးနဲ့ သူ့သားသမီး ဆယ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတယ်၊ ပြီးတော့ သူ့ခန္ဓာကိုယ် အနှံ့မှာလည်း အနာစိမ်းတွေ ပေါက်နေခဲ့တယ်။ ဒါပေမဲ့ ယောဘက ဘယ်တော့မှ မညည်းညူခဲ့ဘူး။ အရာအားလုံးဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်ဆိုတာရယ်၊ ဆင်းရဲဒုက္ခတွေကတောင် ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ လာတယ်ဆိုတာကို သူ ယုံကြည်ခဲ့ပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံတုန်းပဲ၊ နာမတော်ကို ချီးမွမ်းခဲ့တုန်းပဲ။ ယောဘမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ရှိတာကို ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မက သူ့ကို မီဖို့ အဝေးကြီးလိုသေးတယ်။ အမေ အဖမ်းခံရပြီး ထောင်ထဲရောက်နေတယ်လို့ ကြားရတဲ့အခါ၊ ကျွန်မ လုံးဝ လက်မခံနိုင်ခဲ့ဘူး။ ကျွန်မက ချစ်ခင်တွယ်တာမှုတွေထဲမှာ လုံးလုံးလျားလျား အသက်ရှင်နေခဲ့တာ။ ဒါဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်ဆိုတာ သိပေမဲ့ ကျိုးနွံနာခံနိုင်တာမျိုး မရှိခဲ့ဘူး။ ဘုရားသခင်နဲ့ အငြင်းပွားပြီး စိတ်ထဲကနေ ဆန့်ကျင်ခဲ့တယ်။ ကျွန်မဆီမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံး ဘယ်မှာရှိနေလို့လဲ။ ဘုရားသခင်ကို မုန်းတီးပြီး ယုံကြည်သူတွေကို ဖမ်းဆီး၊ နှိပ်စက်ညှဉ်းပန်းနေတာက အဆင်းနီသော နဂါးကြီးဆိုတာ ရှင်းနေတာပဲ။ အဲဒါကြောင့်လည်း အမေ အဖမ်းခံရပြီးနောက်မှာ ဒီလောက်တောင် ဆင်းရဲဒုက္ခ ခံစားနေရတာလေ။ ဒါပေမဲ့ စီစီပီကို မုန်းရမယ့်အစား၊ ဘုရားသခင်နဲ့ပတ်သက်ပြီး ကျွန်မ ညည်းညူခဲ့တယ်။ ကျွန်မက အရာအားလုံးကို လုံးဝ ပြောင်းပြန် လုပ်ပစ်ခဲ့ပြီး အမှားနဲ့ အမှန်ကို မခွဲခြားနိုင်ခဲ့ဘူး။
အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော် သုံးလေးပိုဒ်ကို ဖတ်ပြီးတော့၊ ဖိနှိပ်ညှဉ်းပန်းမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာလို့ ခွင့်ပြုရတယ်ဆိုတဲ့ အဓိပ္ပာယ်ကို နည်းနည်း နားလည်လာခဲ့တယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် ကိုယ်တော်၏ အမှုတော်တစ်လျှောက် အစဦးကတည်းကပင် လူတိုင်းအပေါ်၌ဖြစ်စေ၊ ကိုယ်တော်နောက်သို့ လိုက်လျှောက်သူတိုင်းအပေါ်၌ဖြစ်စေ စမ်းသပ်မှုများကို ချမှတ်ခဲ့ပြီး ဤစမ်းသပ်မှုများသည် ပုံစံအမျိုးမျိုး ပမာဏအဖုံဖုံဖြင့် လာကြသည်ဟု ဆိုနိုင်ပါသည်။ မိမိတို့ မိသားစု၏ ငြင်းပယ်ခြင်းခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဆိုးရွားသော ပတ်ဝန်းကျင်များအားဖြင့် စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်း ခံရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများ၊ ရွေးချယ်မှုများနှင့် ရင်ဆိုင်ရသော စမ်းသပ်မှုကို တွေ့ကြုံဖူးသောသူများနှင့် ငွေကြေးနှင့် အဆင့်အတန်းအားဖြင့် စမ်းသပ်မှုများကို ရင်ဆိုင်ဖူးသောသူများ ရှိကြသည်။ ယေဘုယျအနေဖြင့် ဆိုပါက သင်တို့ အယောက်တိုင်းသည် စမ်းသပ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖူးပြီ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ထိုကဲ့သို့ အလုပ်လုပ်သနည်း။ ဘုရားသခင်သည် အယောက်တိုင်းကို ထိုကဲ့သို့ အဘယ်ကြောင့် ပြုမူသနည်း။ မည်သည့်ရလဒ်မျိုးကို သူရှာသနည်း။ သင်တို့အား ငါမိတ်သဟာယပြုလိုသော အချက်မှာ ဤသို့ဖြစ်သည်။ ဤသူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကိုရှောင်သော လူအမျိုးအစား ဟုတ်မဟုတ်ကို ဘုရားသခင် မြင်လိုသည်။ ဤအရာမှာ ဘုရားသခင်သည် သင့်အား စမ်းသပ်မှုတစ်ခုကို ပေးနေသောအခါနှင့် အခြေအနေတစ်ခု မဟုတ် တစ်ခုကို သင့်အား ရင်ဆိုင်စေသောအခါ၊ သူ၏ ရည်ရွယ်ချက်မှာ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ် စမ်းသပ်ရန်အတွက် ဖြစ်သည်ကို ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ) “လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စွဲမြဲသော ထောက်ပံ့ခြင်းနှင့် ချီးမြှောက်ခြင်း အမှုအတောအတွင်းတွင်၊ ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များ အလုံးစုံကို လူသားထံ ပြောပြပြီး သူ၏ လုပ်ဆောင်ချက်များ၊ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို လူသားထံ ပြသလေသည်။ ရည်မှန်းချက်မှာ လူသားကို ဝိညာဉ်ရင့်ကျက်မှုဖြင့် အသင့်ပြင်ဆင် ပေးရန်နှင့် လူသားသည် ဘုရားသခင်၏ နောက်လိုက်နေစဉ် သူ့ထံမှ အမျိုးမျိုးသော သမ္မာတရားများကို၊ စာတန်ကို တိုက်ခိုက်ရန် လူသားကို ဘုရားသခင်က ပေးထားသည့် လက်နက်များဖြစ်သည့် သမ္မာတရားများကို ရရှိစေရန်ဖြစ်သည်။ ထိုသို့ဖြင့် အသင့်ပြင်ဆင်လျက်၊ လူသားသည် ဘုရားသခင်၏ စစ်ဆေးမှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ လူသားကို စစ်ဆေးရန် ဘုရားသခင်၌ နည်းလမ်းများနှင့် လမ်းကြောင်းများစွာ ရှိသော်လည်း၊ ထိုအရာများ တစ်ခုစီတိုင်းသည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ ‘ပူးပေါင်းဆောင်ရွက်မှု’ ကို လိုအပ်သည်။ ဆိုလိုသည်မှာ၊ စာတန်နှင့် တိုက်ရန် လက်နက်များကို လူသားအား ပေးပြီးလျက်၊ ဘုရားသခင်သည် လူသားကို စာတန်ထံ လွှဲအပ်လိုက်ပြီး စာတန်အား လူသား၏ ဝိညာဉ်ရင့်ကျက်မှုကို ‘စစ်ဆေး’ ခွင့်ပေးလေသည်။ အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲမှ ထိုးဖောက်နိုင်ပါက၊ သူသည် စာတန်၏ ဝန်းရံခြင်းမှ လွတ်မြောက်ပြီး အသက်ရှင်နိုင်ဆဲဖြစ်ပါက၊ လူသားသည် စစ်ဆေးမှုကို အောင်မြင် လိမ့်မည် ဖြစ်သည်။ သို့သော်လည်း အကယ်၍ လူသားသည် စာတန်၏ တိုက်ပွဲဆင်သည့် ပုံစံများထဲကို မစွန့်နိုင်သကဲ့သို့၊ စာတန်ကို အလျှော့ပေးပါက၊ သူသည် စစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ပေ။ လူသား၏ မည်သည့် ရှုထောင့်ကို ဘုရားသခင် စစ်ဆေးသည်ဖြစ်စေ သူ၏ စစ်ဆေးခြင်း စံသတ်မှတ်ချက်များမှာ လူသားသည် စာတန်၏ တိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် သူ၏ သက်သေခံချက်၌ မြဲမြံစွာ ရပ်တည်နိုင်ခြင်း ရှိ မရှိဆိုသည်နှင့် သူသည် စာတန်၏ ကျော့ကွင်း၌ မိနေစဉ် ဘုရားသခင်ကို စွန့်ပယ်ပြီး စာတန်ထံ အရှုံးပေးအညံ့ခံခြင်း ရှိ မရှိ ဆိုသည်တို့ ဖြစ်သည်။ လူသားသည် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သူသည် စာတန်ကို အောင်နိုင်ကာ အနိုင်ယူနိုင်ခြင်း ရှိ မရှိဆိုသည့်အပေါ် မူတည်ပြီး သူသည် လွတ်လပ်မှုကို ရနိုင်ခြင်း ရှိ မရှိဆိုသည်မှာ သူသည် စာတန်အား မျှော်လင့်ချက် လုံးလုံးလျားလျား စွန့်လွှတ်စေပြီး သူ့ကို အသာထားစေလျက်၊ စာတန်၏ ချုပ်နှောင်မှုကို ကျော်လွှားရန် ဘုရားသခင် သူ့အား ပေးထားသော လက်နက်များကို သူကိုယ်တိုင် မနိုင်စွမ်း ရှိ မရှိဆိုသည့်အပေါ် မူတည်သည်ဟု ဆိုကောင်း ဆိုနိုင်ပေသည်။ အကယ်၍ စာတန်သည် မျှော်လင့်ချက်ကို စွန့်လွှတ်ပြီး တစ်စုံတစ်ဦးအား လက်လျှော့ပါက၊ ဤသည်မှာ စာတန်သည် ဤလူအား ဘုရားသခင်ထံမှယူရန် မည်သည့်အခါမျှ တစ်ဖန် ကြိုးစားမည် မဟုတ်၊ ဤလူနှင့်ပတ်သက်၍ မည်သည့်အခါမျှ တစ်ဖန်စွပ်စွဲမည်မဟုတ်သကဲ့သို့ နှောင့်ယှက်မည် မဟုတ်၊ ၎င်းတို့အား မည်သည့်အခါမျှ တစ်ဖန် အကြောင်းမဲ့ ညှဉ်းဆဲမည် မဟုတ်၊ သို့မဟုတ် တိုက်ခိုက်မည် မဟုတ်သည်ကို ဆိုလိုပေသည်။ ဤသို့သော လူတစ်စုံတစ်ဦးသည်သာ ဘုရားသခင်၏ ရယူခြင်းကို အမှန်တကယ် ခံရပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်သည် လူတို့အား ရယူသည့် ဖြစ်စဉ်တစ်ခုလုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)) “ဘုရားသခင်နောက်သို့ ရိုးသားစစ်မှန်စွာ လိုက်လျှောက် သူများသည် ၎င်းတို့အလုပ်ကို စမ်းသပ်ခြင်းအား ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ ရိုးသားစစ်မှန်စွာ မလိုက်လျှောက်သူများမှာမူ ဘုရားသခင်၏ မည်သည့်စမ်းသပ်မှုကိုမျှ ခံရပ်နိုင်စွမ်းမရှိကြပေ။ အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့သည် မောင်းထုတ်ခြင်း ခံရမည်ဖြစ်ပြီး အောင်နိုင်သူများကမူ နိုင်ငံတော်တွင် ကျန်ရှိကြလိမ့်မည်။ လူသားက ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ရှာဖွေခြင်း ရှိမရှိမှာ သူ၏အလုပ်ကို စမ်းသပ်ခြင်းအားဖြင့်သာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုများအားဖြင့်သာ ဆုံးဖြတ်နိုင်ခြင်းဖြစ်ကာ လူကိုယ်တိုင် ဆုံးဖြတ်သတ်မှတ်သည့်အရာနှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သည့်လူကိုမျှ ပေါ့ပေါ့တန်တန် မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည် လူသားကို လုံးဝ လက်ခံယုံကြည်စေနိုင်သည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ သို့မဟုတ် လူသားကို လက်ခံယုံကြည်အောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့် မည်သည့်အမှုကိုမျှ မလုပ်ဆောင်ပေ။ လူသား၏ ယုံကြည်ခြင်းက စစ်မှန်ခြင်း ရှိမရှိကို အမှန်တရားများအားဖြင့် သက်သေပြခြင်း ဖြစ်ပြီး လူသားက ဆုံးဖြတ်သတ်မှတ်၍ မရနိုင်ပေ။ ‘ဂျုံစပါးပင်သည် တောပင်များ မဖြစ်လာနိုင်သည့်အပြင် တောပင်များသည်လည်း ဂျုံစပါးပင် ဖြစ်လာနိုင်ခြင်း မရှိပေ’ ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်ထဲ ကျန်ရှိကြလိမ့်မည် ဖြစ်ပြီး သူ့ကို ရိုးသားစစ်မှန်စွာ ချစ်မြတ်နိုးသည့် မည်သူကိုမဆို ဘုရားသခင်က မတရား ဆက်ဆံမည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်က လူတွေကို ဖိနှိပ်ညှဉ်းပန်းမှုတွေနဲ့ ဆင်းရဲဒုက္ခတွေ ကြုံတွေ့ခွင့်ပြုတာဟာ သူတို့ကို စုံလင်စေဖို့နဲ့ သူ့အပေါ် သစ္စာစောင့်သိပြီး ကျိုးနွံနာခံစေဖို့အတွက် ဖြစ်တယ်ဆိုတာကို နားလည်လာတယ်။ တစ်ချိန်တည်းမှာပဲ၊ သူ့အပေါ် မရိုးသားတဲ့သူတွေကို ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းပစ်တာပေါ့။ နောက်ဆုံးသော ကာလမှာ၊ ဘုရားသခင်က သမ္မာတရားကို ဖော်ပြပြီး ကျွန်မတို့ကို ထောက်ပံ့ပေးတယ်၊ ပြီးတော့ သူ့ရဲ့ တောင်းဆိုချက်တွေ အားလုံးကို ပြောပြတယ်။ အဲဒီနောက်၊ ကျွန်မတို့က သူ့အပေါ် တကယ်ရိုးသားပြီး ကျိုးနွံနာခံမှု ရှိမရှိဆိုတာကို ကြည့်ဖို့အတွက် စစ်ကြောပြီး စမ်းသပ်ဖို့ လက်တွေ့ ပတ်ဝန်းကျင်တချို့ကို စီစဉ်ဖွဲ့စည်းပေးတယ်။ ကျွန်မတို့က သမ္မာတရားကို စာတန်နဲ့ တိုက်ခိုက်ဖို့ လက်နက်အနေနဲ့ ယူဆောင်နိုင်မယ်၊ စမ်းသပ်မှုတွေ ကြုံရချိန်မှာ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ်၊ ပြီးတော့ စာတန်ကို လုံးဝ အရှက်ရစေရင်၊ ကျွန်မတို့ဟာ ဘုရားသခင်ရဲ့ ရယူခြင်းကို ခံရတဲ့ လူတွေ ဖြစ်လာတယ်။ ဥပမာအနေနဲ့ စီစီပီရဲ့ ဖမ်းဆီးမှုတွေနဲ့ ဖိနှိပ်ညှဉ်းပန်းမှုတွေကို ကြည့်ပါ။ ရိုးသားတဲ့ ယုံကြည်သူတွေဟာ နာကျင်ပြီး အားနည်းနေပေမဲ့ ဘုရားသခင်ကို ငြင်းပယ်တာမျိုး၊ သစ္စာဖောက်တာမျိုး မလုပ်ကြဘူး။ အဲဒီအစား၊ စာတန်ရဲ့ ဖိနှိပ်ညှဉ်းပန်းမှုကနေတစ်ဆင့်၊ နတ်ဆိုးရဲ့ အကျည်းတန်မျက်နှာကို သူတို့ ရှင်းရှင်းလင်းလင်း မြင်သွားကြတယ်။ အားနည်းပြီး နာကျင်ရတဲ့ အချိန်တွေမှာ၊ ဘုရားနှုတ်ကပတ်တော်ရဲ့ ဉာဏ်ပွင့်စေခြင်းနဲ့ လမ်းပြမှုက သူတို့ကို ပိုကြီးမားတဲ့ ယုံကြည်ခြင်းတွေ ပေးပြီး သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ဖို့အတွက် အသက်နဲ့ရင်းပြီး စွန့်စားဖို့ ဆန္ဒရှိကြတယ်။ ဒီလို ပတ်ဝန်းကျင်မျိုးကနေတစ်ဆင့်၊ ဘုရားသခင်က လူတွေရဲ့ ရိုးသားတဲ့ စိတ်နှလုံးတွေကို ရယူပြီး၊ သမ္မာတရားကို သူတို့ထဲ ကိန်းဝပ်စေတာပဲ။ အဲဒါက ‘ငွေစစ်သောသူ၏ မီး’ ဆိုတဲ့ ဇာတ်ကားထဲက အဓိကဇာတ်ကောင်နဲ့ တူတယ်။ ရဲတွေက သူ့ကို ဘုရားသခင်အပေါ် သစ္စာဖောက်အောင် အတင်းအကျပ် လုပ်ဖို့အတွက်၊ သူ့အဝတ်အစားတွေကို ချွတ်ပြီး လျှပ်စစ်တုတ်တွေနဲ့ တစ်ကိုယ်လုံးကို ဓာတ်တို့ခဲ့ကြတယ်။ သူဟာ အရမ်း ဆိုးရွားတဲ့ နှိပ်စက်မှုကို ခံစားခဲ့ရပေမဲ့ ဘုရားနှုတ်ကပတ်တော်က သူ့ကို ယုံကြည်ခြင်းတွေ ပေးခဲ့တယ်။ သူက ဘုရားသခင်ကို သစ္စာဖောက်ဖို့၊ ဒါမှမဟုတ် ငြင်းပယ်ဖို့ထက် သေဖို့ကိုပဲ ရွေးမှာပါ။ ဘုရားသခင်အတွက် အားကောင်းတဲ့ သက်သေကို ခံခဲ့ပြီး နောက်ဆုံးမှာ စာတန်ကို အရှက်ရစေခဲ့တယ်။ စစ်မှန်တဲ့ ယုံကြည်သူတွေဟာ ဘယ်လို ပတ်ဝန်းကျင်မျိုးနဲ့ပဲ ကြုံတွေ့ရပါစေ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခခံရပြီး နှိပ်စက်ခံရပါစေ၊ ဘုရားသခင်အပေါ် သူတို့ရဲ့ သစ္စာစောင့်သိမှုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်တယ်ဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ သူတို့အတွက်တော့ ဆင်းရဲဒုက္ခတွေနဲ့ နာကျင်မှုတွေဆိုတာ စုံလင်အောင် ပြုလုပ်ခြင်းခံရတဲ့ နည်းလမ်းတစ်ခုဖြစ်တဲ့အပြင် ဘုရားသခင်ဆီကလာတဲ့ အထူးကောင်းချီးတစ်ခုလည်း ဖြစ်နေတယ်။ ဒါပေမဲ့ ဘုရားသခင်အပေါ် မစစ်မှန်တဲ့သူတွေကျတော့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာ၊ နာကျင်ရတာ၊ ဒါမှမဟုတ် သေရမယ့် ခြိမ်းခြောက်မှုတွေနဲ့ ကြုံလာရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်ကြတယ်။ အဲဒီလို လူမျိုးတွေကတော့ ထုတ်ဖော်ခံရတဲ့ တောပင်တွေပဲ၊ ဘုရားသခင် ဖယ်ရှားရှင်းလင်းပစ်မယ့် သူတွေပေါ့။ ဘုရားသခင်က လူတွေကို ထုတ်ဖော်ဖို့နဲ့ စုံလင်အောင်လုပ်ဖို့ နှစ်ခုလုံးအတွက် အဆင်းနီသော နဂါးကြီးကို အစေခံသူတစ်ဦးအနေနဲ့ အသုံးပြုပါတယ်။ ဘုရားသခင်ဟာ တကယ်ကို ဉာဏ်ပညာ ကြီးမားလှပါတယ်။ အရင်တစ်ခေါက် အမေ အဖမ်းခံရပြီးနောက် စိတ်ပိုင်းဖြတ်ချက်ချခဲ့တာကို သတိရလိုက်တယ်။ နောက်တစ်ကြိမ် ထပ်အဖမ်းခံရရင်တောင်မှ၊ သူ့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားပြီး ဘုရားသခင်နောက်ကို ဆက်လိုက်သွားမယ်၊ ဘုရားသခင်ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ သူ ဆုံးဖြတ်ခဲ့တာလေ။ အခု အဖမ်းခံရတာကလည်း အမေ့အတွက် ဘုရားသခင်ရဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ ကိုယ့်ဇာတိပကတိကို ကာကွယ်ဖို့အတွက် ဘုရားသခင်ကို သူ သစ္စာဖောက်ရင်၊ သူ ထုတ်ဖော်ခံရမှာပဲ။ ဒါပေမဲ့ စာတန်က ဘယ်လိုပဲ ဖိနှိပ်ညှဉ်းပန်းပါစေ၊ သူက ဘုရားသခင်ကို ဆုတောင်းပြီး ကိုးစားနိုင်မယ်၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မယ်ဆိုရင်၊ ဒီပတ်ဝန်းကျင်က သူ့ကို စုံလင်စေပြီး သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာကို ပိုတိုးလာစေမှာပါ။ အဲဒါက သူသက်သေခံဖို့ ဘုရားသခင်က သူ့ကို ပေးထားတဲ့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပြီး၊ ကိုယ်တော်ရဲ့ အထူးကောင်းချီးတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကို နားလည်လာတော့၊ ရင်ထဲမှာ အမေ့အတွက် စိုးရိမ်ပူပန်မှုတချို့ကို ကျွန်မ လက်လွှတ်ခဲ့တယ်။
ဆက်ပြီး ရှာဖွေကြည့်တော့ ကျွန်မဆီမှာ နောက်ထပ် မှားယွင်းတဲ့ အမြင်တစ်ခု ရှိနေသေးတာကို သတိပြုမိသွားတယ်။ ထောင်ထဲမှာ တစ်ယောက်ယောက်က သေတဲ့အထိ ဖိနှိပ်ညှဉ်းပန်းခံရတယ်ဆိုရင်၊ သူကကယ်တင်ခြင်း မရနိုင်ဘူးလို့ ကျွန်မ ထင်ခဲ့တာလေ။ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြီးမှပဲ ကျွန်မရဲ့ အမြင်က ပြောင်းလဲသွားခဲ့တယ်။ ဘုရားသခင်က ပြောသည် “ထိုမာတုရများ၏ နောက်ဆုံး အဆုံးသတ်ကို မပြောကြစို့နှင့် သို့မဟုတ် ၎င်းတို့၏ အပြုအမူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ ဆုံးဖြတ်သတ်မှတ်ခြင်းကို မပြောကြစို့နှင့်၊ သို့ရာတွင် ဤသည်ကို မေးလော့၊ ၎င်းတို့သည် အဆုံးသတ်ကို ရောက်သည့်အခါ၊ ၎င်းတို့၏ အသက်တာများတွင် အဆုံးသတ်ကို ၎င်းတို့ကြုံရသည့် ပုံစံများသည် လူသားတို့၏ အယူအဆများနှင့် ကိုက်ညီသလော။ (မကိုက်ညီပေ။) လူသားအယူအဆများ၏ အမြင်ရှုထောင့်မှ၊ ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို ဖြန့်ချိဖို့ ထိုမျှကြီးမားသော အဖိုးအခကို ပေးခဲ့ကြသော်လည်း နောက်ဆုံးတွင် စာတန်၏ အသေသတ်ခြင်းကို ခံခဲ့ကြရသည်။ ဤသည်မှာ လူသားများ၏ အယူအဆများနှင့် မကိုက်ညီသော်လည်း၊ ဤသည်မှာ ၎င်းတို့၌ ဖြစ်ပျက်ခဲ့သည့်အရာ အတိအကျပင် ဖြစ်သည်။ ယင်းမှာ ဘုရားသခင် ခွင့်ပြုခဲ့သည့် အရာပင်ဖြစ်သည်။ ဤအရာ၌ မည်သည့်သမ္မာတရားကို ရှာတွေ့နိုင်သနည်း။ ဘုရားသခင်က ၎င်းတို့အား ဤနည်းဖြင့် သေခွင့်ပြုခြင်းသည် သူ၏ကျိန်စာနှင့် ပြစ်တင်ရှုတ်ချခြင်းလော၊ သို့မဟုတ် သူ၏အစီအစဉ်နှင့် ကောင်းချီးမင်္ဂလာလော။ ယင်းမှာ တစ်ခုမျှမဟုတ်ပေ။ ယင်းမှာ အဘယ်နည်း။ ယခု လူများသည် ၎င်းတို့၏ သေခြင်းတရားများကို စိတ်နှလုံးပူဆွေးခြင်းများဖြင့် ဆင်ခြင်သုံးသပ်ကြသော်လည်း ယင်းမှာ အမှုအရာများ ဖြစ်ပျက်ခဲ့သည့် ပုံစံပင် ဖြစ်လေသည်။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့်သူများသည် ထိုနည်းဖြင့် သေဆုံးခဲ့ကြသည့် ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ ဤအကြောင်းအရာကို ငါတို့ ဖော်ပြသည့်အခါ၊ သင်တို့က ၎င်းတို့၏ နေရာတွင် ကိုယ်ချင်းစာကြည့်သည်။ သို့ဆိုလျှင် သင်တို့၏စိတ်နှလုံးများသည် ဝမ်းနည်းပြီး ဖုံးကွယ်နေသည့် နာကျင်မှုတစ်ခုကို သင်တို့ခံစားရသလော။ သင်က ‘ဤလူများသည် ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိဖို့ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြပြီး လူကောင်းများအဖြစ် မှတ်ယူသင့်သောကြောင့်၊ ၎င်းတို့သည် ထိုသို့သော အဆုံးသတ်တစ်ခုနှင့် ထိုသို့သော ရလဒ်တစ်ခုသို့ အဘယ့်ကြောင့် ရောက်နိုင်ကြသနည်း’ ဟု တွေးသည်။ အမှန်တကယ်တွင် ဤသည်မှာ ၎င်းတို့၏ ခန္ဓာကိုယ်များ သေဆုံးပြီး ကွယ်လွန်သွားသည့်ပုံစံ ဖြစ်သည်။ ဤသည်မှာ လူ့လောကမှ ၎င်းတို့ ထွက်ခွာသွားသည့် ပုံစံဖြစ်သည်၊ သို့ရာတွင် ယင်းက ၎င်းတို့၏ အဆုံးသတ်နှင့် တူညီသည်ဟု မဆိုလိုပေ။ ၎င်းတို့၏ သေခြင်းတရားနှင့် ထွက်ခွာခြင်းတို့၏ ပုံစံများမှာ မည်သို့ဖြစ်ပါစေ၊ ယင်းတို့က မည်သို့ဖြစ်ပျက်ခဲ့ပါစေ၊ ဘုရားသခင်က ထိုအသက်များ၏၊ ထိုဖန်ဆင်းခံသတ္တဝါများ၏ နောက်ဆုံး အဆုံးသတ်များကို သတ်မှတ်ခဲ့သည့်ပုံစံ မဟုတ်ပေ။ ဤသည်မှာ သင် မဖြစ်မနေ ရှင်းလင်းစွာ တွေ့ရမည့်အရာ တစ်စုံတစ်ခုဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဤသည်မှာ ၎င်းတို့က ဤလောကကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံခဲ့ကြသည့် ပုံစံအတိအကျပင် ဖြစ်သည်။ ဤဖန်ဆင်းခံ သတ္တဝါများက ၎င်းတို့၏ အဖိုးအတန်ဆုံးသော အသက်များကို အသုံးပြုခဲ့သည်။ ၎င်းတို့က ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သက်သေခံဖို့၊ ဘုရားသခင်၏ကြီးမြတ်သော တန်ခိုးကို သက်သေခံဖို့နှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မှန်ကန်ကြောင်း၊ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် သခင်နှင့် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်းတို့ကို စာတန်နှင့် လောကတို့အား ကြေညာဖို့ ၎င်းတို့အသက်၏နောက်ဆုံးအခိုက်အတန့်ကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ အသက်များ၏ နောက်ဆုံး အခိုက်အတန့်အထိတွင်ပင် ၎င်းတို့သည် သခင်ယေရှု၏ နာမတော်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့ပေ၊ ဤသည်မှာ ဤလောကအပေါ် တရားစီရင်ခြင်းပုံစံတစ်မျိုး မဟုတ်သလော။ ၎င်းတို့က လောကကြီးကို ကြေညာဖို့၊ သခင်ယေရှုသည် သခင်ဖြစ်ကြောင်း၊ သခင်ယေရှုသည် ခရစ်တော် ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိဖြစ်ကြောင်း၊ လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူပြုလုပ်ခဲ့သည့် ရွေးနုတ်ခြင်းအမှုတော်သည် ဤလူသားမျိုးနွယ် တစ်ရပ်လုံးကို ဆက်လက် ရှင်သန်ခွင့်ပြုကြောင်း၊ ဤအချက်သည် ထာဝစဉ် မပြောင်းလဲနိုင်ကြောင်းတို့ကို လူသားတို့အား သက်သေပြဖို့ ၎င်းတို့၏အသက်များကို အသုံးပြုခဲ့သည်။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့ကြသူများသည် သူတို့၏ တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့ကြသနည်း။ ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို စတေးကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး ဖြစ်ချင်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့်အချိန်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာတော့ ကျွန်မ စိတ်ထဲ လင်းလက်သွားတယ်။ အရင်တုန်းက ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် သေသွားရင် ဘုရားသခင်ရဲ့ ကယ်တင်ခြင်း မခံရနိုင်တော့ဘူးလို့ ကျွန်မ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါက ဘုရားသခင်မြင်တဲ့ပုံစံ လုံးဝ မဟုတ်ဘူး။ သခင်ယေရှု ပြောခဲ့သည်မှာ “အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာအလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၅) ယုဒလို သစ္စာဖောက်သွားကြတဲ့ သူတွေအကြောင်းကို ကျွန်မ တွေးမိတယ်။ သူတို့တွေက အဖမ်းခံရပြီးတဲ့နောက် ရဲတွေရဲ့ နှိပ်စက်မှုကို အရမ်းကြောက်ပြီး ခေါင်းဆောင်တွေ၊ အမှုဆောင်တွေကို၊ ဒါမှမဟုတ် သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို သစ္စာဖောက်ကြတယ်၊ ပြီးတော့ ကတိခံဝန်ချက်သုံးမျိုးကိုလည်း လက်မှတ်ထိုးခဲ့ကြတယ်။ သူတို့ဟာ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ မခံစားရဘဲ ပြန်လွတ်လာကြတယ်။ ဒီနေ့အထိ အသက်ရှင်နေကြတုန်းပဲ။ ဒါပေမဲ့ သူတို့ဟာ ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားပြီ၊ ပြီးတော့ အနာဂတ်မှာ ထာဝရ အပြစ်ဒဏ်ပေးတာကို ရင်ဆိုင်ရမယ်။ ဒါပေမဲ့ အဆင်းနီတဲ့ နဂါးကြီးရဲ့ ဖိနှိပ်ညှဉ်းပန်းမှုကြောင့် အသေခံသွားရတဲ့ သူတွေကျတော့ သူတို့ဟာ သေတဲ့အထိ နှိပ်စက်ခံခဲ့ရပေမဲ့၊ သူတို့ဟာ ကိုယ့်အသက်နဲ့ရင်းပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်သွားခဲ့ကြတယ်။ အဲဒါက အဓိပ္ပာယ်အရှိဆုံးနဲ့ တန်ဖိုးအရှိဆုံး အရာဖြစ်ပြီး၊ ဘုရားသခင်က အမှတ်ရနေမှာပါ။ အဲဒါက ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ နာမတော်ကို ထုတ်ဖော်ပြောတဲ့အတွက် မာတရုဖြစ်ခဲ့ကြတဲ့ တပည့်တော်တွေနဲ့ တူတယ်။ သူတို့ဟာ ဘုရားသခင်အပေါ် သစ္စာစောင့်သိခဲ့ကြတယ်။ သူတို့ သေဆုံးသွားပြီးတဲ့နောက် သူတို့ဝိညာဉ်တွေက ဘုရားသခင်ဆီ ပြန်သွားခဲ့ပြီး၊ ကိုယ်တော်က သူတို့အတွက် သင့်လျော်တဲ့ အစီအစဉ်တွေ ထားရှိပေးခဲ့တယ်။ ဒါ့အပြင်၊ သူတို့သေဆုံးသွားတာဟာ ဘုရားသခင် ရွေးချယ်ထားသောလူတွေကို ရက်ရက်စက်စက် နှိပ်စက်တဲ့နေရာမှာ စာတန်ဟာ မကောင်းမှု ပြုနေတယ်ဆိုတာကို သက်သေပြနေတာဖြစ်ပြီး ဘုရားသခင်က ဘုန်းအသရေကို ရယူပြီး စာတန်ကို အနိုင်ယူတဲ့ အောင်ပွဲခံ သက်သေခံချက်တစ်ခုလည်း ဖြစ်ပါတယ်။ အမေ့ရဲ့ ကံကြမ္မာဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိတယ်။ သူ ကြုံတွေ့ရမယ့် အရာအားလုံးဟာ ကိုယ်တော့်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေအောက်မှာပဲ ရှိတယ်။ သူဟာ ဖိနှိပ်ညှဉ်းပန်းခံရလို့ သေသွားခဲ့ရင်တောင်၊ အဲဒါက ဖြောင့်မတ်မှုအတွက် ဖြစ်လို့ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စတစ်ခုဖြစ်မှာပါ။ ကျွန်မက သေးနုပ်တဲ့ ဖန်ဆင်းခံ တစ်ယောက်သာဖြစ်လို့၊ ဘုရားသခင် ဘာလုပ်ရမယ်ဆိုတာကို ပြောပိုင်ခွင့် မရှိပါဘူး။ ကိုယ်တော့်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံရမှာပါ။ ဒါကို သဘောပေါက်လာတဲ့အခါ၊ ကျွန်မ စိတ်နှလုံးထဲက နာကျင်မှုတွေ စပြီး လျော့ကျလာတယ်။
ဒီပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက၊ အဘိုးက စာရေးလာပြီး အမေ ထောင်ထဲကနေ စာတစ်စောင် ပို့လာတယ်လို့ ပြောတယ်။ ထောင်ထဲက အလုပ်ကြမ်းက အရမ်းခက်ခဲကြမ်းတမ်းပြီး သူ့မျက်စိကလည်း တော်တော်ပိုဆိုးလာတယ်လို့ အမေက ပြောတယ်တဲ့။ အဲဒါကို ကြားတော့ ကျွန်မ အရမ်းဒေါသထွက်ပြီး ရင်ကွဲမတတ် ဖြစ်ခဲ့ရတယ်။ ကျွန်မ တွေးမိတယ်၊ “အမေ့မှာက မျက်စိပြဿနာတွေ ရှိနေပြီးသားလေ။” “နေ့တိုင်း ဒီလို အလုပ်ကြမ်းတွေ လုပ်နေရတော့ သူ မျက်လုံးကန်းသွားရင် ဘယ်လိုလုပ်မလဲ။ သူ့အပြစ်ဒဏ်ကလည်း အများကြီး ကျန်သေးတယ်။ ရှေ့ဆက်ရမယ့် နေ့ရက်တွေက သူ့အတွက် အရမ်းခက်ခဲတော့မှာပဲ” ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “ငါတို့ကို ဘုရားသခင် တောက်လျှောက် လမ်းပြခဲ့သည့် လမ်းကြောင်းသည် မဖြောင့်သန်းဘဲ ချိုင့်များပြည့်သည့် ကောက်ကွေ့သော လမ်းတစ်ခု ဖြစ်သည်...။ ထို့အပြင် လမ်းကြောင်းက ကြမ်းတမ်းလေလေ၊ ငါတို့၏ ချစ်သော နှလုံးသားများကို ထုတ်ဖော်ပြနိုင်လေလေ ဖြစ်သည်ဟု ဘုရားသခင်က ပြောလေသည်။ သို့တိုင် ထိုသို့သော လမ်းကြောင်းတစ်ခုကို ငါတို့ထဲမှ မည်သူမျှ မဖွင့်နိုင်ကြ။ ငါ၏ အတွေ့အကြုံတွင်၊ ငါသည် ကျောက်ဆောင်ကျောက်တုံး အတိပြီးသော၊ စိတ်မချရသည့် လမ်းကြောင်းများကို လျှောက်ပြီးဖြစ်ကာ ကြီးမားသည့် ဆင်းရဲဒုက္ခကို ငါ အောင့်ခံပြီးဖြစ်၏။ တစ်ခါတစ်ရံ ငါသည် အလွန် လုံးဝ သောကရောက်သည်မှာ အော်ဟစ်လိုက်ချင်ခဲ့၏၊ သို့သော် ငါသည် ဤလမ်းကြောင်းကို ယနေ့ထိ လျှောက်ခဲ့လေပြီ။ ဤသည်မှာ ဘုရားသခင် ဦးဆောင်သော လမ်းကြောင်းဖြစ်သည်ဟု ငါ ယုံကြည်၏၊ ထို့ကြောင့် ဆင်းရဲဒုက္ခအလုံးစုံ၏ ညှဉ်းဆဲမှုကို ငါ သည်းခံခဲ့ပြီး ဆက်လက် ရှေ့ဆက်ခဲ့သည်။ အကြောင်းမူကား ဤသည်မှာ ဘုရားသခင် စီမံထားသည့်အရာ သောကြောင့်ဖြစ်၏၊ ထို့ကြောင့် ယင်းထံမှ အဘယ်သူ လွတ်မြောက်နိုင်သနည်း။ ငါသည် မည်သည့် ကောင်းချီးမင်္ဂလာကိုမျှ ရရှိဖို့ရန် မတောင်းဆို။ ငါ တောင်းဆိုသမျှမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ငါ လျှောက်သင့်သည့် လမ်းကြောင့်ကို ငါ လျှောက်နိုင်ဖို့ ဖြစ်သည်။ အခြားသူများ လျှောက်သည့် လမ်းကြောင်းကို လျှောက်လှမ်းရင်း၊ ၎င်းတို့ကို ငါ အတုခိုးဖို့ မကြိုးစားပေ။ ငါ ကြိုးစားသမျှမှာ ငါ၏ သတ်မှတ်ထားသော လမ်းကြောင်းကို အဆုံးထိ လျှောက်ဖို့ရန် ငါ၏ ဆက်ကပ်မှုကို ပြည့်စုံစေနိုင်ဖို့ ဖြစ်သည်။ ငါသည် အခြားသူများ၏ အကူအညီကို မတောင်း။ ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ ငါသည် အခြားမည်သူ့ကိုမျှလည်း မကူညီနိုင်ပေ။ ဤကိစ္စရပ်အပေါ် ငါသည် အလွန်အမင်း ဆတ်ဆတ်ထိမခံ ဖြစ်ပုံရ၏။ အခြားသူများ မည်သို့ထင်သည်ကို ငါ မသိ။ ဤသည်မှာ လူတစ်ဦး ဒုက္ခခံရမည့် ပမာဏနှင့် ၎င်း၏ လမ်းကြောင်းအပေါ် ၎င်း လျှောက်လှမ်းရမည့် အကွာအဝေးကို ဘုရားသခင်က စီမံထားပြီး မည်သူမျှ အခြားတစ်ဦးတစ်ယောက်ကို တကယ် မကူညီနိုင်ဟု ငါ အမြဲ ယုံကြည်ထားသောကြောင့် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၆)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်တွေးတောကြည့်တော့၊ ယုံကြည်ခြင်း လမ်းကြောင်းဆိုတာ ဖြောင့်ဖြူးနေတာမဟုတ်ဘူး၊ ကျွန်မတို့ အားလုံးဟာ ဆင်းရဲဒုက္ခ အများကြီးကို ခါးစည်းခံရမှာပဲဆိုတာ နားလည်လာတယ်။ လူတစ်ယောက်ချင်းစီ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်းပြီးသားပါ။ ရဲတွေက အမေ့ကို ဘယ်လိုဆက်ဆံမလဲ၊ ထောင်ထဲမှာ သူ ဘယ်လောက် ဒုက္ခခံရမလဲ၊ သူ မျက်ကန်းသွားမလား ဆိုတာတွေ အားလုံးဟာ ဘုရားသခင်ရဲ့ လက်တော်ထဲမှာ ရှိပါတယ်။ အခုချိန်မှာ ကျွန်မ လုပ်နိုင်တာဆိုလို့ ပိုပြီး ဆုတောင်းပေးဖို့၊ အမေ့ကို ဘုရားသခင်ရဲ့ လက်တော်ထဲ အပ်နှံထားဖို့နဲ့၊ ဒီပတ်ဝန်းကျင်ကို တွေ့ကြုံရအောင် သူ့ကို ယုံကြည်ခြင်း ပေးသနားဖို့ ဘုရားသခင်ကို တောင်းလျှောက်ဖို့ပဲ ရှိပါတယ်။ အခုအခါ အမေ့အကြောင်း တွေးမိရင်၊ ကျွန်မ နည်းနည်း စိုးရိမ်ပူပန်မှုတွေ ရှိနေသေးပေမဲ့၊ အဲဒါက ကျွန်မရဲ့ အခြေအနေကို မထိခိုက်တော့ပါဘူး။ ကျွန်မ စိတ်ကို ငြိမ်အောင်ထားပြီး ကိုယ့်တာဝန်မှာ ဆက်ကပ်ထားနိုင်ပြီ၊ ဘာလို့လဲဆိုတော့ ဘုရားသခင် လုပ်ဆောင်သမျှ အရာအားလုံးဟာ ကောင်းမြတ်ပြီး ကိုယ်တော့်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ပါဝင်တယ်ဆိုတာ ကျွန်မ နားလည်သွားလို့ပါပဲ။
ရော်နန်၊ တရုတ်နိုင်ငံ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှာ ကျွန်မနဲ့ ညီအစ်မ ရွှီစင်ကို ဧဝံဂေလိအလုပ်အတွက် ကြီးကြပ်ရေးမှူးတွေအနေနဲ့ ရွေးချယ်ခဲ့ကြတယ်။...
၂၀၂၂ခုနှစ် မေလမှာ၊ ရွာတချို့ရဲ့ ရွာသားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။ ဒါပေမဲ့...
ကျောက်ရွမ် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး...
ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်ရက်၊ အစည်းအဝေးပြီးတော့၊ ခေါင်းဆောင်က ချန်လင်းကို ထုတ်လိုက်ပြီလို့ ပြောလာတယ်။ သူက ပင်ပန်းတယ်လို့ ခဏခဏ ညည်းပြီး...