တာဝန်ပြန်ပြောင်းခံရခြင်းမှ သင်ယူရရှိသော သင်ခန်းစာများ

20.05.2026

ဆွန်းယန်၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ ဧပြီလမှာ၊ စာနဲ့ပတ်သက်တဲ့တာဝန်မှာ လနဲ့ချီပြီး ကျွန်မ ဘာရလဒ်မှ မထွက်ခဲ့လို့ တာဝန်ပြန်ပြောင်းခံခဲ့ရတယ်။ ကျွန်မရဲ့ အစွမ်းအစက ညံ့ပြီး စာနဲ့ပတ်သက်တဲ့တာဝန်နဲ့ မသင့်တော်ဘူး၊ ဒါကြောင့် ကျွန်မကို ညီအစ်ကိုမောင်နှမတွေဆီ စာလိုက်ပို့ခိုင်းမယ်လို့ ခေါင်းဆောင်က ပြောတယ်။ ဒါကို ကြားတော့ ကျွန်မ ရင်ထဲမှာ ဗလောင်ဆူသွားပြီး တွေးမိတယ်၊ “ပြောရရင် ခေါင်းဆောင်က ဒီလိုပြောတာက ငါ့ကို အစွမ်းအစညံ့တဲ့သူလို့ တံဆိပ်ကပ်လိုက်တာပဲ၊ နောက်ဆို စာနဲ့ပတ်သက်တဲ့တာဝန်လို တာဝန်မျိုးကို ထမ်းဆောင်ခွင့်ရတော့မှာ မဟုတ်ဘူး” လို့ပေါ့။ နောက်ပြီး ညီအစ်ကိုမောင်နှမတွေဆီ စာလိုက်ပို့ရမယ်ဆိုတာ တွေးမိတော့ ကျွန်မ ပိုပြီးတော့တောင် စိတ်လေးသွားတယ်။ ဒါက အစေခံအလုပ်သက်သက်ပဲ၊ လုံးဝ အရေးမပါဘူးလို့ ခံစားရတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ပညာအရည်အချင်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးရှိတဲ့သူတွေကပဲ စာနှင့်ပတ်သက်တဲ့တာဝန်ကို ထမ်းဆောင်နိုင်တာ၊ ဒီတာဝန်က အသက် ဝင်ရောက်မှုနဲ့ သက်ဆိုင်ပြီး သမ္မာတရားကို ကောင်းကောင်း နားလည်သဘောပေါက်ဖို့လည်း လိုအပ်တယ်။ ဒါက အတော်လေး ဂုဏ်ရှိတဲ့ တာဝန်ပဲ။ အခု ငါ့ကို အထွေထွေတာဝန်တွေဆီ ပြောင်းလိုက်တော့ ငါ့ဘေးနားက ညီအစ်ကိုမောင်နှမတွေ ငါ့ကို ဘယ်လို ထင်ကြမလဲ။ သေချာတာကတော့ သူတို့စိတ်နှလုံးထဲက ငါ့ရဲ့ အရေးပါမှုက အရင်ကနဲ့ တူတော့မှာ မဟုတ်ဘူး။ ငါ့ရဲ့ အစွမ်းအစက ညံ့တော့ ခေါင်းဆောင်နဲ့ အမှုဆောင်တာဝန်ကို မထမ်းဆောင်နိုင်ဘူး၊ စကားပြောလည်း မကောင်းတော့ ဧဝံဂေလိအလုပ်ရော၊ လူသစ်တွေကို ရေလောင်းတာနဲ့ရော မသင့်တော်ပြန်ဘူး။ ဒီတော့ နောက်ပိုင်းမှာ ငါက အထွေထွေတာဝန်တွေပဲ ထမ်းဆောင်ရင်း သောင်တင်နေတော့မယ့်ပုံပဲ” လို့ပေါ့။ ဒီအတွေးတွေက ကျွန်မရင်ကို ဓားနဲ့ထိုးလိုက်သလိုပဲ။ ကျွန်မရဲ့ အဆင့်အတန်း ကျသွားပြီး တန်ဖိုးမဲ့သွားသလို၊ လူလေးစားခံရတဲ့သူကနေ လမ်းဘေးက သာမန်လူတစ်ယောက် ဖြစ်သွားသလို ခံစားလိုက်ရတယ်။ ဒါကို ကျွန်မ လက်မခံနိုင်ဘဲ တကယ်ကို အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျလာတယ်။ ခေါင်းဆောင်က ကျွန်မ သဘောထားကို မေးတော့ ဒီတာဝန်ကို မထမ်းဆောင်ချင်ဘူးလို့ တကယ် ပြောချင်ပေမဲ့၊ အဲဒီလိုပြောလိုက်ရင် ကျွန်မက ဆင်ခြင်တုံတရား မရှိရာကျမယ်လို့ ခံစားမိတယ်။ နောက်ဆုံးတော့ ဒါက ကိုယ့်တာဝန်ကို ငြင်းပယ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ရာ မကျဘူးလား။ နောက်ဆုံးတော့ ကျွန်မ ဘာမှ ထုတ်မပြောခဲ့ဘူး။ အဲဒီညက ကျွန်မ လုံးဝ စိတ်မတည်ငြိမ်နိုင်ဘဲ၊ အစွမ်းအစညံ့လို့ စာနဲ့ပတ်သက်တဲ့တာဝန်နဲ့ မသင့်တော်ဘူးဆိုတဲ့ ခေါင်းဆောင်ရဲ့ စကားတွေကိုပဲ အကြိမ်ကြိမ် တွေးနေမိတယ်။ ကျွန်မ အခြေအနေ မကောင်းမှန်း သဘောပေါက်မိတော့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ ကျွန်မရဲ့ အခြေအနေကို ပြန်ပြောင်းလဲဖို့ ဉာဏ်အလင်းပေးပြီး လမ်းပြဖို့ တောင်းလျှောက်လိုက်တယ်။

ပြီးတော့ တာဝန်ပြောင်းခံရတာနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူတို့သည် ၎င်းတို့၏ သင့်တော်သောနေရာတို့တွင် နေရန် ပျက်ကွက်သည့်၊ ၎င်းတို့ ပြီးမြောက်ရမည့်အရာကို ပျက်ကွက်သည့် ကိစ္စများတွင် တစ်နည်းဆိုရလျှင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်တွင် ပျက်ကွက်လျှင် ယင်းသည် ၎င်းတို့၏ စိတ်ထဲတွင် အထုံးတစ်ခု ဖြစ်လာလိမ့်မည်။ ဤသည်မှာ အလွန့်အလွန် လက်တွေ့ကျသော ပြဿနာဖြစ်ပြီး ဖြေရှင်းမှဖြစ်မည့် အရာဖြစ်သည်။ ထို့ကြောင့် ဤအရာကို မည်သို့ဖြေရှင်းရမည်နည်း။ လူတို့တွင် မည်သည့်သဘောထားမျိုး ရှိရမည်နည်း။ အခြားအရာအားလုံးမတိုင်မီ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြောင်းလဲလိုစိတ် ရှိရမည်။ သို့ဆိုလျှင် ဤပြောင်းလဲမှုပြုဖို့ ဆန္ဒရှိခြင်းကို မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဥပမာအနေဖြင့် လူတစ်ဦးသည် နှစ်နှစ်သုံးနှစ်မျှ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း သူ၌ အစွမ်းအစ နိမ့်ပါးသဖြင့် သူ၏အလုပ်တာဝန်ကို ကောင်းစွာ မလုပ်ဆောင်၊ မည်သည့်အခြေအနေကိုမျှ ရှင်းလင်းစွာ မမြင်တွေ့နိုင်၊ ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားအား မည်သို့အသုံးပြုရမည်ကို မသိ၊ ပြီးလျှင် တကယ့်အလုပ် တစ်ခုတလေမျှ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ထိုသူသည် ဖြုတ်ချခြင်းခံရလေသည်။ ထုတ်ပယ်ခြင်းခံရပြီးနောက် သူသည် ကျိုးနွံနာခံနိုင်သည်၊ သူ၏တာဝန်ကို ဆက်လက်ထမ်းဆောင်သည်၊ ပြီးလျှင် ပြောင်းလဲလိုစိတ် ရှိသည်ဆိုလျှင် သူ ဘာလုပ်သင့်သနည်း။ ပထမအနေဖြင့် ‘ဘုရားသခင်သည် ပြုလုပ်နေသည်မှာ အမှားမရှိပေ။ ကျွန်ုပ်၏ အစွမ်းအစမှာ အလွန်တရာ ညံ့ဖျင်းပြီး ကျွန်ုပ်သည် ကာလကြာရှည်စွာ တကယ့်အလုပ်ကို မလုပ်ခဲ့သေး၊ ထိုအစား အသင်းတော်၏ အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုတို့ကိုသာ ကြန့်ကြာစေခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကျွန်ုပ်အား ချက်ချင်း မမောင်းထုတ်ခဲ့သည်မှာ ကံကောင်းလှသည်။ ကျွန်ုပ်သည် တကယ်ပင် အတော်လေး အရှက်မဲ့နေကာ ကျွန်ုပ်၏ ရာထူးနေရာကို ဤကာလတစ်လျှောက်လုံး မြဲမြံစွာ ဆုပ်ကိုင်ထားသည့်အပြင် ကြီးမားသောအလုပ် လုပ်ဆောင်ထားပြီဟုပင် မိမိကိုယ်ကို ယုံကြည်မိသည်။ ကျွန်ုပ် မတော်တရော်ဖြစ်လှပါတကား’ ဟူ၍ ဤသို့ နားလည်ထားသင့်သည်။ မိမိကိုယ်ကို မုန်းတီးမှုနှင့် နောင်တစိတ်ကို ခံစားရနိုင်ခြင်းသည် ပြောင်းလဲမှုပြုဖို့ ဆန္ဒရှိခြင်း၏ ဖော်ပြချက်တစ်ခု ဟုတ်သလော၊ မဟုတ်သလော။ သူသည် ဤအရာကို ပြောနိုင်ပါက သူ၌ ဆန္ဒရှိနေသည်ကို ဆိုလိုသည်။ သူ၏စိတ်နှလုံးထဲ၌ ‘ကာလကြာရှည်စွာ ကျွန်ုပ်၏ ရာထူးနေရာတွင် ခေါင်းဆောင်တစ်ဦးအဖြစ် အဆင့်အတန်း၏ အကျိုးအမြတ်များအတွက် ကျွန်ုပ်အမြဲတမ်း ကြိုးပမ်းခဲ့ပြီး ဖြစ်သည်။ ကျွန်ုပ်သည် အယူဝါဒကို အမြဲတမ်း ဟောပြောပြီး မိမိကိုယ်ကို အယူဝါဒဖြင့် ပြင်ဆင်နေခဲ့သည်။ အသက်ဝင်ရောက်မှုအတွက် ကျွန်ုပ်မကြိုးပမ်းခဲ့ချေ။ ယခု ဖြုတ်ချခံရပြီးနောက်မှသာ ကျွန်ုပ်သည် အဘယ်မျှပင် ချို့ငဲ့နေသည့်အပြင် လိုအပ်နေသည်ကို မြင်တွေ့မိသည်။ ဘုရားသခင်သည် မှန်သောအရာကို လုပ်ဆောင်ခဲ့သည်၊ ကျွန်ုပ်သည် ကျိုးနွံနာခံရမည်ဖြစ်သည်။ အတိတ်တွင် ကျွန်ုပ်၌ အဆင့်အတန်း ရှိခဲ့ပြီး ညီအစ်ကိုမောင်နှမများက ကျွန်ုပ်ကို ကောင်းစွာ ဆက်ဆံခဲ့ကြသည်။ ကျွန်ုပ်သွားလေရာရာ၌ ၎င်းတို့က ဝိုင်းရံတတ်ကြသည်။ ယခုအခါတွင်မူ မည်သူကမျှ ကျွန်ုပ်အား မည်သည့်အာရုံကိုမျှ မစိုက်ကြတော့ဘဲ ကျွန်ုပ် ပစ်ပယ်ခံရပြီ။ ဤသည်မှာ ကျွန်ုပ်ရထိုက်သောအရာ၊ ကျွန်ုပ်ထိုက်တန်သည့် ဝဋ်လည်ခြင်းပင် ဖြစ်၏။ ထိုမျှမက ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင်၏ရှေ့မှောက်၌ အဘယ်သို့များ အဆင့်အတန်းတစ်ခုခု ရှိနိုင်မည်နည်း။ လူတစ်ဦး၏ အဆင့်အတန်းသည် အဘယ်မျှ မြင့်မားသည်ဖြစ်စေ ယင်းသည် အဆုံးသတ်လည်း မဟုတ်သကဲ့သို့ ပန်းတိုင်လည်း မဟုတ်ပေ။ ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းချက် ပေးအပ်သည်မှာ ကျွန်ုပ်အနေဖြင့် မိမိ၏ အရှိန်အဝါကို သုံးနိုင်ဖို့ သို့မဟုတ် ကျွန်ုပ်၏အဆင့်အတန်းကို မွေ့လျော်နိုင်ဖို့ မဟုတ်ဘဲ ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်နိုင်ဖို့နှင့် ကျွန်ုပ်တတ်နိုင်သမျှကို လုပ်ဆောင်ရဖို့ ဖြစ်ပေသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များအပေါ် ကျိုးနွံနာခံခြင်း သဘောထား ရှိသင့်သည်။ ကျိုးနွံနာခံခြင်းဟူသည် ခက်ခဲကောင်းခက်ခဲမည် ဖြစ်သော်လည်း ကျွန်ုပ် ကျိုးနွံနာခံရမည်။ ဘုရားသခင်သည် ပြုလုပ်နေသည်မှာ မမှားဘဲ အကယ်၍ ကျွန်ုပ်၌ အကြောင်းပြချက်များ ထောင်နှင့်၊ သောင်းနှင့် ချီ၍ ရှိခဲ့လျှင်ပင် ယင်းတို့တစ်ခုမျှ သမ္မာတရား ဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် သမ္မာတရားဖြစ်၏’ ဟု ဆိုလျှင် ဤသည်တို့မှာ ပြောင်းလဲလိုစိတ်ရှိခြင်း၏ ဖော်ပြချက်များအတိအကျ ဖြစ်သည်။ ထို့ပြင် လူတစ်ဦးသည် ဤအရာများအားလုံးကို ပိုင်ဆိုင်ထားဖို့ဆိုပါက ဘုရားသခင်သည် ထိုကဲ့သို့သော လူတစ်ဦးကို မည်ကဲ့သို့ အကဲဖြတ်နိုင်မည်နည်း။ ဘုရားသခင်က ဤသည်မှာ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသည့် လူဖြစ်သည်ဟု ဆိုမည်။ ဤအကဲဖြတ်ချက်က မြင့်မားသလော။ ယင်းမှာ လွန်ကဲစွာ မြင့်မားသည်မဟုတ်ပေ။ အသိတရားနှင့် ဆင်ခြင်တုံတရားရှိခြင်းတစ်ခုတည်းသည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်း ခံရရန် စံချိန်စံညွှန်းများကို မပြည့်မီပေ။ သို့သော် ဤလူစားမျိုးနှင့်ပတ်သက်၍ ယင်းသည် သေးငယ်သော ပြီးမြောက်အောင်မြင်မှု မဟုတ်တော့ပေ။ ကျိုးနွံနာခံနိုင်ခြင်းသည် အဖိုးတန်၏။ ဤအရာနောက်တွင် သူ့အပေါ် ဘုရားသခင်၏အမြင်ကို ပြောင်းလဲစေဖို့ ကြိုးပမ်းသည့်ပုံသည် မည်သည့်လမ်းကို သူရွေးချယ်သည် ဟူသည့်အပေါ် မူတည်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းကို စတင်နိုင်သည် (၃)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ တာဝန်ပြောင်းခံရတာနဲ့ပတ်သက်ပြီး ကျွန်မမှာ နောင်တရတဲ့ သဘောထား ရှိသင့်မှန်း သဘောပေါက်လိုက်တယ်။ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ ကျွန်မ နားမလည်နိုင်တဲ့ ကိစ္စတွေပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားပြီး အရင်ဆုံး လက်ခံပြီး ကျိုးနွံနာခံရမယ်၊ ကိုယ့်ပြဿနာတွေကို အသိအမှတ်ပြုပြီး တာဝန် ကောင်းကောင်း မထမ်းဆောင်ခဲ့တာအတွက် နောင်တရပြီး အပြစ်ရှိတယ်လို့ ခံစားရမယ်။ စာနဲ့ပတ်သက်တဲ့တာဝန်မှာ ကျွန်မ ဘာရလဒ်မှ မထွက်ခဲ့ဘဲ အလုပ်ကို အကြာကြီး နှောင့်နှေးစေခဲ့တယ်၊ ဒါကြောင့် ဒီလို တာဝန်ပြောင်းခံရတာကို လက်ခံသင့်တယ်။ အသင်းတော်က ကျွန်မအတွက် ဘာပဲ စီစဉ်ပေးပါစေ၊ ကျွန်မကို ဘယ်လိုပဲ ဆက်ဆံပါစေ၊ ကျွန်မမှာ ကိုယ်ပိုင် လိုလားမှုမှုတွေ မရှိသင့်ဘဲ လက်ခံပြီး ကျိုးနွံနာခံသင့်တယ်။ အဲဒါကမှ ဆင်ခြင်တုံတရား ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်လေ။ ဒါပေမဲ့ ကျွန်မက တာဝန်မကျေတာ၊ အသင်းတော်အလုပ်ကို နှောင့်နှေးစေတာတွေအတွက် နောင်တမရ၊ အကြွေးတင်သလို မခံစားရတဲ့အပြင်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ဆုံးရှုံးသွားတယ်လို့ ခံစားရတာကြောင့် စိတ်မချမ်းမသာဖြစ်ပြီး အတိုက်အခံလုပ်တဲ့ စိတ်ခံစားချက်တွေထဲမှာလည်း နစ်မွန်းနေခဲ့တယ်။ ကျွန်မ တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့နေခဲ့တာပဲ။ ဒါတွေကို အသိအမှတ်ပြုပြီးနောက်မှာ၊ စိတ်ထားကို အတော်အသင့် ပြုပြင်နိုင်ခဲ့ပေမဲ့၊ ညီအစ်ကိုမောင်နှမတွေ ကျွန်မကို ဘယ်လိုမြင်လောက်မလဲဆိုတာကို တစ်ခါတလေ စိုးရိမ်နေတုန်းပဲ၊ ဒီအကြောင်းတွေ တွေးမိတိုင်း အရမ်း စိတ်မကောင်းဖြစ်ရတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ မျှော်လင့်ချက် ရေးရေးလေး ရှိနေတုန်းပဲ၊ တွေးမိတယ်။ “ခေါင်းဆောင်က ငါ့ကို စာနဲ့ပတ်သက်တဲ့တာဝန် ပြန်ထမ်းဆောင်ဖို့ အခွင့်အရေး နောက်တစ်ကြိမ် ပေးလောက်မလား။ အဲဒီလိုဆိုရင် ငါ့ရဲ့ ဂုဏ်ကို ပြန်ဆည်နိုင်မှာပဲ” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ငါ့တာဝန်ရဲ့ ရလဒ်တွေက လူတိုင်းအမြင်မှာ ရှင်းနေတာပဲ။ စာနဲ့ပတ်သက်တဲ့တာဝန်ကို ငါ့ကို ပြန်ထမ်းဆောင်ခိုင်းရင်တောင်၊ အသင်းတော်အလုပ်ကို ငါ ဆက်ပြီး နှောင့်နှေးစေရုံပဲရှိမှာ မဟုတ်ဘူးလား” ပေါ့။ ကျွန်မရဲ့ အခြေအနေက တကယ် ပြန်မပြောင်းသေးမှန်း သဘောပေါက်မိတော့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ တာဝန် ပြောင်းလဲခံရတာက ကျွန်မအတွက် မှန်ကန်မှန်း သိပေမဲ့၊ ကျွန်မ စိတ်မကောင်းဖြစ်နေတုန်းပါပဲ။ အထွေထွေတာဝန်တွေ ထမ်းဆောင်ရတာက နိမ့်ကျတယ်လို့ ခံစားနေရသေးပြီး သူများတွေ ကျွန်မကို ဘယ်လိုထင်မလဲဆိုတာကိုလည်း အရမ်း ဂရုစိုက်နေမိတုန်းပါပဲ” လို့ပေါ့။ “အို ဘုရားသခင်၊ သမီးက လုံးဝ ကျိုးနွံနာခံနိုင်မှုမရှိဘဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အာရုံစိုက်နေမိတုန်းပါပဲ။ ဒါက သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပါ၊ ဒါပေမဲ့ ဒါကို ဖြေရှင်းဖို့ သမ္မာတရားကို သမီး ရှာဖွေဖို့ လိုလားပါတယ်။ သမီးရဲ့ မမှန်ကန်တဲ့ အခြေအနေကို ပြန်ပြောင်းလဲဖို့ ကျေးဇူးပြုပြီး လမ်းပြပေးပါ” လို့ပေါ့။

ဆုတောင်းပြီးတဲ့နောက်မှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရပြီး ရှာဖတ်ကြည့်လိုက်တယ်။ ဘုရားသခင်က ပြောသည် “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သည့်အပြင် ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို ဝေးလံခေါင်ဖျားသော တောနက်တောင်နက်ကြီးထဲတွင် သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို လက်လွှတ်မည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားနိုင်ပြီး ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် တန်းတူညီမျှ ထားရှိပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) အန္တိခရစ်တစ်ယောက်က ဘာပဲလုပ်လုပ် သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အမြဲ ဦးစားပေးစဉ်းစားတယ်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက သူတို့စိတ်နှလုံးကို လွှမ်းမိုးထားတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့ရဲ့ အခြေအနေက ဘယ်လိုပဲရှိရှိ၊ သူတို့ ဘာပဲလုပ်နေနေ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုက်စားတဲ့ ရည်မှန်းချက်ကို သူတို့ ပြောင်းလဲမှာ မမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒါက သူတို့ရဲ့ အရိုးထဲ၊ အသက်ထဲမှာ စွဲနေလို့ပဲ။ ဒါက သူတို့ရဲ့ သဘာဝအနှစ်သာရ ဖြစ်နေတာကိုး။ ကျွန်မက အန္တိခရစ်တစ်ယောက်လိုပဲ ပြုမူနေခဲ့တာ။ ခေါင်းဆောင်က ကျွန်မရဲ့ အစွမ်းအစက စာနဲ့ပတ်သက်တဲ့တာဝန်အတွက် မလုံလောက်ဘူးလို့ပြောပြီး အထွေထွေတာဝန်တွေ ထမ်းဆောင်ဖို့ စီစဉ်ပေးတဲ့အခါ၊ ပြဿနာတွေကို ကျွန်မ မှန်မှန်ကန်ကန် သဘောထားပြီး ဆင်ခြင်တုံတရားနဲ့ ကျိုးနွံနာခံလို့ မရခဲ့ဘူး။ အဲဒီအစား၊ ကျွန်မရဲ့ တန်ဖိုးက ရုတ်တရက် လျော့ကျသွားတယ်လို့ ခံစားလိုက်ရတယ်။ သူများတွေ ကျွန်မကို ဘယ်လိုမြင်မလဲဆိုတာကိုပဲ တောက်လျှောက် တွေးနေပြီး၊ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲက ကျွန်မရဲ့ အနေအထား မှေးမှိန်ကျဆင်းသွားမှာကို ကြောက်ခဲ့တယ်။ ပြီးတော့ ကျွန်မကို အရေးမပါတဲ့ အထွေထွေတာဝန်လုပ်သူတစ်ယောက်အနေနဲ့ပဲ သူတို့ မြင်ကြမှာကို ကြောက်ခဲ့တယ်။ ကျွန်မရဲ့ အစွမ်းအစက ညံ့ပြီး စာနဲ့ပတ်သက်တဲ့တာဝန်မှာ မတော်တော့ ခေါင်းဆောင်က တခြားတာဝန်တစ်ခုဆီ ပြောင်းလိုက်တာလေ။ ဒါက အသင်းတော်အလုပ်ကို ထည့်သွင်းစဉ်းစားပြီး လုပ်တာဖြစ်လို့ လုံးဝ သင့်တော်တာပေါ့။ ဆင်ခြင်တုံတရားရှိတဲ့လူဆိုရင် ဒီကိစ္စကို လက်ခံပြီး မှန်မှန်ကန်ကန် သဘောထားမှာ၊ ဒါပေမဲ့ ကျွန်မက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်း အလေးထားလွန်းတယ်။ အထွေထွေတာဝန်တွေ ထမ်းဆောင်ရတာက သူများတွေ ကျွန်မကို အထင်သေးစေမှာပဲဆိုပြီး အမြဲ ပူပန်နေခဲ့တယ်။ ဒါကြောင့် လုံးဝ ကျိုးနွံနာခံလို့ မရခဲ့ဘူး၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုချင်တဲ့ လိုအင်ဆန္ဒ မပြည့်ဘူးလို့ ခံစားရတဲ့အခါ ကျွန်မတာဝန်တွေမှာ အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားရတဲ့အထိပဲ။ ကိုယ့်တာဝန်ကို ငြင်းပယ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့ အတွေးတွေတောင် ရှိခဲ့သေးတယ်။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” “လူသားတို့အကြား သူရဲကောင်းတစ်ယောက်အဖြစ် ရှင်သန်ပါ၊ တစ္ဆေတို့အကြား အားသန်သော ဝိညာဉ်တစ်ခုအဖြစ် သေဆုံးပါ” ဆိုတဲ့ စာတန်ဆန်တဲ့အတွေးအခေါ်တွေနဲ့ အသက်ရှင်နေထိုင်ခဲ့တယ်။ ဘဝမှာ လူတစ်ယောက်က သူများထက် သာလွန်ရမယ်၊ သူများတွေ လေးစားအားကျအောင် လုပ်ရမယ်၊ အဲဒီလိုမှသာ ဘဝက ဂုဏ်ရှိပြီး တန်ဖိုးရှိမယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဘုရားသခင်ကို စတွေ့ကတည်းက၊ အမြဲ အသင်းတော်မှာ ရာထူးမြင့်မြင့် ရချင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုကို ခံချင်ခဲ့တယ်။ ကိုယ့်တာဝန်တွေမှာ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုက်စားတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ခဏခဏ ထုတ်ဖော်ခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော် အများကြီးကို ဖတ်ပြီးတာတောင်မှ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ခေါင်းမာမာနဲ့ လိုက်စားနေတုန်းပဲ။ ဒီစာတန်ဆန်တဲ့အဆိပ်တွေက ကျွန်မမှာ အရမ်းကို အမြစ်တွယ်လာခဲ့တာပဲ။ မပြောင်းလဲဘဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဆက်လိုက်စားနေရင်၊ ဒီလို စိတ်မချမ်းမသာဖြစ်တဲ့ အခြေအနေထဲမှာပဲ ကျွန်မ ဆက်ရှိနေမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုချင်တဲ့ လိုအင်ဆန္ဒတွေ မပြည့်ဝတဲ့အတွက် ဘုရားသခင်ကို သေချာပေါက် စွန့်ခွာသွားမိမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန့်ကျင်ပြီး ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုက်စားတာကို ရပ်တန့်မှ ဖြစ်မယ်။

တစ်နေ့ကျတော့၊ ခေါင်းဆောင်က ညီအစ်ကိုမောင်နှမတွေဆီ စာတချို့ သွားပို့ခိုင်းပါတယ်။ ကျွန်မ စိတ်ထဲမှာ၊ “ဒီတာဝန်က လက်တိုလက်တောင်းအလုပ်သက်သက်ပဲ” ဆိုတဲ့အတွေး ဝင်လာပြန်တယ်။ ဖိနှိပ်ခံထားရတဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ဖို့အတွက် သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်။ ကိုယ့်ရဲ့ မမှန်ကန်တဲ့ အခြေအနေကို သဘောပေါက်လိုက်တော့၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပုန်ကန်လိုစိတ်နဲ့၊ မာန၊ ဒါမှမဟုတ် အဆင့်အတန်းကို အာရုံမစိုက်မိအောင် လိုလားတဲ့စိတ်နဲ့ ဘုရားသခင်ဆီ အမြန် ဆုတောင်းလိုက်တယ်။ ဒီလို တွေးလိုက်တော့မှ နောက်ဆုံးမှာ စိတ်နည်းနည်း သက်သာရာရသွားတယ်။ အရင်က ကျွန်မ ဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို သတိရမိတယ်။ “ဘုရားသခင်၏ အိမ်တော်တွင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား လက်ခံခြင်းနှင့် မိမိတာ၀န်ကို ကောင်းစွာထမ်းဆောင်ခြင်းတို့နှင့် ပတ်သက်၍ အစဉ်ပြောဆိုကြသည်။ သို့ဆိုလျှင် တာဝန်သည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယေဘုယျအားဖြင့် ပြောရလျှင် ယင်းသည် လူသားမျိုးနွယ်ထံသို့ ကယ်တင်ခြင်း ဆောင်ကြဉ်းပေးသည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်၏ အကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာသည်။ တိတိကျကျ ပြောရလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်ကို လူသားမျိုးနွယ်အကြားတွင် လုပ်ဆောင်သည်နှင့်အမျှ အလုပ်အမျိုးမျိုး ပေါ်ပေါက်လာပြီး ယင်းတို့အားလုံးသည် လူတို့က မိမိတို့၏ အပိုင်းကို ပူးပေါင်းဆောင်ရွက်ကာ ပြီးမြောက်စေရန် လိုအပ်သည်။ ဤနည်းအားဖြင့် လူတို့၏ တာဝန်ဝတ္တရားများနှင့် အထူးတာဝန်များ ဖြစ်ပေါ်လာပြီး ဤတာဝန်ဝတ္တရားများနှင့် အထူးတာဝန်များသည် ဘုရားသခင်က လူတို့အပေါ် ပေးအပ်ချီးမြှင့်သည့် တာဝန်များ ဖြစ်ကြသည်။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည့် အလုပ်အမျိုးမျိုးမှာ ၎င်းတို့ထမ်းဆောင်သင့်သည့် တာဝန်များဖြစ်သည်။ ထို့ကြောင့် တာဝန်များကြားတွင် သာ၍ကောင်းမွန်ခြင်းနှင့် သာ၍ဆိုးခြင်း၊ မြင့်မားခြင်းနှင့် နိမ့်ကျခြင်း၊ သို့မဟုတ် ကြီးမြတ်ခြင်းနှင့် သေးငယ်ခြင်းတို့အရ ခြားနားချက်များရှိသလော။ ထိုသို့သော ခြားနားချက်များ မတည်ရှိပေ။ တစ်စုံတစ်ရာသည် ဘုရားသခင်၏ စီမံခန့်ခွဲခြင်းအမှုနှင့် ပတ်သက်သရွေ့၊ တစ်စုံတစ်ရာသည် သူ့အိမ်တော်အမှု၏ သတ်မှတ်ချက်တစ်ခု ဖြစ်သရွေ့၊ ဘုရားသခင်၏ ဧဝံဂေလိဖြန့်ဝေခြင်း၌ လိုအပ်သရွေ့ ယင်းသည် လူတစ်ဦး၏ တာဝန်ဖြစ်သည်။ ဤသည်မှာ တာဝန်၏ ဇာစ်မြစ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း)သို့ဆိုလျှင် ဤတာဝန်ကို သင်၏ လောကီရေးရာ အထူးတာဝန်နှင့် နှိုင်းယှဉ်သောအခါ မည်သည့်အရာက ပို၍ အရေးကြီးသနည်း။ (ကျွန်ုပ်၏တာဝန်ဖြစ်ပါသည်။) အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။ တာဝန်ဟူသည်မှာ ဘုရားသခင်က သင့်အား လုပ်ဆောင်ရန် တောင်းဆိုသည့် အရာဖြစ်ပြီး သူက သင့်ကို ပေးအပ်ထားသည့် အရာဖြစ်သည်။ ဤသည်မှာ အကြောင်းရင်း၏ အစိတ်အပိုင်းဖြစ်၏။ အခြားသော အဓိကကျသည့် အကြောင်းရင်းမှာ သင်သည် ဘုရားအိမ်တော်၌ တာဝန်ကို လက်ခံဆောင်ရွက်ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံသောအခါ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအလုပ်နှင့် သက်ဆိုင်မှုရှိလာသည်။ ဘုရားသခင်၏ အိမ်တော်၌ သင့်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် စီစဉ်ပေးသည့်အခါတိုင်း၊ ယင်းမှာ ပင်ပန်းသော သို့မဟုတ် မောပန်းသော အလုပ်ဖြစ်သည်ဖြစ်စေ၊ သင် လုပ်ဆောင်လိုသည်ဖြစ်စေ၊ မလုပ်ဆောင်လိုသည်ဖြစ်စေ ယင်းမှာ သင်၏ တာဝန် ဖြစ်သည်။ သင်သည် ယင်းကို ဘုရားသခင်က သင့်အား ပေးအပ်သော တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ဝတ္တရားတစ်ခုအဖြစ် မှတ်ယူနိုင်ပြီး ယင်းကို သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိသမျှဖြင့် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါက သင်လုပ်ဆောင်သောအလုပ်၊ သင်ထမ်းဆောင်သော တာဝန်သည် လူကို ကယ်တင်သည့် ဘုရားသခင်၏အလုပ်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်ပေသည်။ သင်သည် ဘုရားသခင်က သင့်အား ပေးအပ်သော တာဝန်ပေးစေခိုင်းချက်ကို လေးလေးနက်နက်နှင့် ရိုးသားစစ်မှန်စွာ လက်ခံနိုင်ပါက ကိုယ်တော်သည် သင့်ကို မည်သို့ သဘောထားမည်နည်း။ ကိုယ်တော်သည် သင့်ကို သူ၏ မိသားစုဝင်တစ်ဦးအဖြစ် သဘောထားတော်မူလိမ့်မည်။ ယင်းမှာ ကောင်းချီးလော သို့မဟုတ် အမင်္ဂလာလော။ (ကောင်းချီးဖြစ်ပါသည်။) ယင်းမှာ ကြီးမားသော ကောင်းချီးတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်လိုက်တာက အလုပ်တစ်ခုတည်း၊ ဒါမှမဟုတ် တာဝန်တစ်ခုတည်း ဖြစ်ပေမဲ့ ဘာသာတရားမရှိသူတွေရဲ့ လောကနဲ့ ဘုရားအိမ်တော်မှာ သဘောသဘာဝချင်း မတူကြဘူးဆိုတာပါပဲ။ ဘုရားအိမ်တော်က တာဝန်တိုင်းဟာ လူသားမျိုးနွယ်ကို ကယ်တင်မယ့် ဘုရားသခင်ရဲ့ စီမံခန့်ခွဲမှု အစီအစဉ်နဲ့ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေကနေ ပေါ်ပေါက်လာတာ ဖြစ်တယ်။ ပြီးတော့ အဆင့်အတန်း ခွဲခြားထားတာ မရှိဘူး၊ ပိုကောင်းတာ၊ ပိုဆိုးတာ၊ မြင့်မြတ်တာ၊ နိမ့်ကျတာ ဆိုပြီး ဘာကွာခြားချက်လည်း မရှိဘူး။ အလုပ်တစ်ခုက ဘယ်လောက်ပဲ သေးသိမ်ပုံပေါက်ပါစေ၊ ဒါဟာ ထမ်းဆောင်သင့်တဲ့ တာဝန်တစ်ခု ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ ကျွန်မက တာဝန်တွေကို အဆင့်အတန်း ခွဲခြားပြီး လူတွေရဲ့ အဆင့်အတန်းနဲ့ နေရာတွေကို သတ်မှတ်ဖို့ တာဝန်တွေကို အသုံးပြုခဲ့တယ်။ ခေါင်းဆောင်၊ ဒါမှမဟုတ် အမှုဆောင်ဖြစ်တာ၊ ဒါမှမဟုတ် စာနဲ့ပတ်သက်တဲ့တာဝန် ထမ်းဆောင်တာတွေက အသက် ဝင်ရောက်မှုနဲ့ဆိုင်တဲ့ ဉာဏအလုပ်တွေဖြစ်တယ်၊ ဒီတာဝန်တွေ ထမ်းဆောင်ရတာက ဂုဏ်တက်တယ်၊ မွန်မြတ်တယ်၊ အဆင့်အတန်းမြင့်တယ်၊ ပြီးတော့ လူတစ်ယောက်ကို အရေးပါစေတယ်လို့ ကျွန်မ ထင်ခဲ့တယ်။ တစ်ဖက်မှာကျတော့၊ အထွေထွေတာဝန်တွေက သာမည အသင်းတော်အလုပ်ပဲ၊ ဒီတာဝန်တွေက အလုပ်ကြမ်းသက်သက်ပဲဖြစ်ပြီး သိပ်အရေးမပါဘူး၊ ဒီတာဝန် ထမ်းဆောင်တဲ့သူတွေက နိမ့်ကျပြီး တခြားတာဝန် ထမ်းဆောင်တဲ့သူတွေလောက် အဆင့်မမြင့်ဘူးလို့ ကျွန်မ မြင်ခဲ့တယ်။ ဒီလိုမျိုး အမှုအရာတွေကို ဆုံးဖြတ်တာက သမ္မာတရားနဲ့ မကိုက်ညီပါဘူး။ ဘုရားအိမ်တော်မှာ၊ ဘုရားသခင်ရဲ့အိမ်တော်မှာ လူတိုင်းက ဧဝံဂေလိအလုပ် ပြန့်ပွားရေးအတွက် သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထည့်ဝင်ဖို့ တာဝန်တွေ ထမ်းဆောင်ကြတာပါ။ စက်တစ်ခုရဲ့ အစိတ်အပိုင်းတွေလိုပဲ၊ အစိတ်အပိုင်းတစ်ခုစီက သူ့အခန်းကဏ္ဍနဲ့သူ ပါဝင်ပြီး စက်တစ်ခုလုံးအတွက် မရှိမဖြစ် လိုအပ်တယ်။ ကျွန်မ ထမ်းဆောင်နေတဲ့ အထွေထွေတာဝန်တွေကလည်း အသင်းတော်အလုပ်အတွက် လိုအပ်တာပါပဲ။ ညီအစ်ကိုမောင်နှမတွေဆီ စာတွေ၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ လိုက်ပို့တာမျိုးက အထွေထွေတာဝန် သက်သက်ပဲလို့ ထင်ရပေမဲ့၊ အသင်းတော်အလုပ်နဲ့ ဆက်စပ်နေတာမို့လို့၊ ဒီတာဝန်တွေက လူတစ်ယောက်ယောက်အတွက် ထမ်းဆောင်ပေးရတာ မဟုတ်ဘဲ၊ ဘုရားသခင်ရှေ့မှောက်မှာ ဖြည့်ဆည်းရတဲ့ တာဝန်တစ်ခု ဖြစ်တယ်။ နောက်ပြီး၊ ကျွန်မရဲ့ တာဝန်ပြန်ပြောင်းခံရတာကနေတစ်ဆင့်၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်း လိုက်စားတဲ့ ကျွန်မရဲ့ လမ်းကြောင်းအမှား၊ ပြီးတော့ တာဝန်တွေအပေါ်ထားတဲ့ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေ ထုတ်ဖော်ခံလိုက်ရတယ်။ ဒါက ကျွန်မအတွက် ဘုရားသခင်ရဲ့ ကယ်တင်ခြင်းပါပဲ။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ပြီး တာဝန်တွေ ပြန်ပြောင်းခံရတာကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမယ်ဆိုတာ သင်ယူခဲ့ရတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် လူတိုင်းကို မျှတစွာနှင့် တန်းတူဆက်ဆံသည်။ သင်သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်သည့်အတွက် သင့်ကို ဧဝံဂေလိတရား ဟောခိုင်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်သည် အခြား မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်သည့် အခြေအနေများတွင် သင်၏ နောက်ဆုံးဖြစ်နိုင်ချေရှိသော စွမ်းဆောင်ရည်ကို ထမ်းဆောင်နိုင်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာအားဖြင့် သင့်ကို အခွင့်အရေးတစ်ခုနှင့် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေးနေခြင်း ဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ပိုင်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် သင့်အတွက် တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိနေဆဲဖြစ်ပြီး ကိုယ်တော်သည် သင့်အပေါ် ခွဲခြားဆက်ဆံခြင်း မရှိပေ။ ထို့ကြောင့် ဧဝံဂေလိအဖွဲ့များ၌ တာဝန်ပေးခြင်း ခံရသူတို့သည် စွန့်ပယ်ခံရသောနေရာသို့ အပို့ခံနေရခြင်း မဟုတ်သကဲ့သို့ စွန့်ပစ်ခံနေရခြင်းလည်း မဟုတ်ဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မတူညီသော နေရာတစ်ခုတွင် ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။...သင့်ကို မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ၊ သင်သည် မည်သည့်အချိန် သို့မဟုတ် နေရာတွင် ရှိနေသည်ဖြစ်စေ၊ သင်သည် မည်သည့်လူများနှင့် ထိတွေ့ဆက်ဆံပြီး မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင်က သင့်ကို အစဉ်သဖြင့် မြင်တွေ့မည်ဖြစ်ပြီး သင်၏ အနက်ရှိုင်းဆုံးသော စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်။ သင်သည် ဧဝံဂေလိအဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် ဘုရားသခင် သင့်ကို အာရုံမစိုက်၊ သို့မဟုတ် ဘုရားသခင် သင့်ကို မမြင်နိုင်၊ သို့ဖြစ်၍ သင်သည် လုပ်ချင်သမျှကို လုပ်ဆောင်နိုင်သည်ဟု မထင်မှတ်လေနှင့်။ ထို့ပြင် အကယ်၍ သင်သည် ဧဝံဂေလိအဖွဲ့၌ တာဝန်ပေးခံရပါက သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် မရှိတော့ဟု ထင်မှတ်ပြီး ယင်းကို အပျက်သဘောဖြင့် မကိုင်တွယ်လေနှင့်။ ဤတွေးခေါ်ပုံနှစ်ခုလုံး မှားယွင်းသည်။ သင့်ကို မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ရန် စီစဉ်သည်ဖြစ်စေ၊ ယင်းသည် သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သင်သည် ယင်းကို ဝီရိယရှိရှိနှင့် တာဝန်သိသိ လုပ်ဆောင်သင့်သည်။ သင့်အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မပြောင်းလဲသည်ဖြစ်၍ ဘုရားသခင်၏ အစီအစဉ်များအပေါ် သင်၏ ကျိုးနွံနာခံခြင်းသည်လည်း မပြောင်းလဲသင့်ပေ။ ဧဝံဂေလိအမှုဆောင်များ၏ အဆင့်အတန်းသည် အခြားသော တာဝန်များကို ထမ်းဆောင်သူတို့၏ အဆင့်အတန်းနှင့် တူညီ၏။ လူတစ်ဦး၏ တန်ဖိုးကို ၎င်းတို့ ထမ်းဆောင်သည့် တာဝန်အားဖြင့် မတိုင်းတာဘဲ သူသည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိနှင့် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်း ရှိမရှိအားဖြင့်သာ တိုင်းတာသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉)) ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ တာဝန် ပြန်ပြောင်းခံရတာနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေ ပြုပြင်ခံလိုက်ရတယ်။ အစတုန်းကတော့၊ အထွေထွေတာဝန်တွေ ထမ်းဆောင်ရတာက လူလေးစားခံရတဲ့ဘဝကနေ လမ်းပေါ်က သာမန်လူတစ်ယောက် ဖြစ်သွားတာပဲလို့ ကျွန်မ အမြဲ ခံစားခဲ့ရတယ်။ မေ့လျော့ခံရဖို့၊ ဘယ်သူမှ သတိမထားမိဘဲ ထာဝရ နေသွားရဖို့အတွက် ချောင်တစ်ချောင်မှာ အထားခံလိုက်ရသလိုမျိုးတောင် ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေအရ၊ ဒီနားလည်မှုက မှားယွင်းပြီး အဓိပ္ပာယ်မဲ့မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မရဲ့ အစွမ်းအစ ညံ့လို့၊ စာနဲ့ပတ်သက်တဲ့တာဝန်နဲ့ မသင့်တော်ခဲ့ဘူး။ အသင်းတော်က ကျွန်မရဲ့ အစွမ်းအစနဲ့ ကိုက်ညီမယ့် အထွေထွေတာဝန်တွေကို ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တာလေ။ ဒီအခြေအနေမှာ၊ ကျွန်မက အစွမ်းကုန် တာဝန်ထမ်းဆောင်ဖို့နဲ့ ကိုယ့်အခန်းကဏ္ဍမှာ ပါဝင်ဖို့ အခွင့်အရေး ရခဲ့တာပါ။ ဒါကို သဘောပေါက်လိုက်တော့၊ ကျွန်မ တကယ် အပြစ်ရှိတယ်လို့ ခံစားရတယ်။ ကျွန်မမှာ ဘာအထူးကျွမ်းကျင်မှုမှ မရှိဘဲ တခြားတာဝန်တွေ မထမ်းဆောင်နိုင်ပေမဲ့၊ ဘုရားအိမ်တော်က ကျွန်မအတွက် တာဝန်တစ်ခုကို အကြီးမားဆုံးအတိုင်းအတာအထိ စီစဉ်ပေးထားတုန်းဖြစ်ပြီး၊ ကယ်တင်ခံရဖို့ အခွင့်အရေး ပေးထားတယ်။ ဒါပေမဲ့ ဒါကို ကျွန်မ ဘယ်လို မြင်ခဲ့သလဲ။ ဒီတာဝန် ပြန်ပြောင်းခံရတာက ကျွန်မကို အထင်သေးတာနဲ့ ဘေးဖယ်ထားတာလို့ မြင်ခဲ့ပါတယ်။ ကျွန်မရဲ့ နားလည်မှုက အရမ်းကို အဓိပ္ပာယ်မဲ့ခဲ့သလို ကျွန်မအတွက် ဘာက ကောင်းသလဲဆိုတာကိုလဲ ကျွန်မ မသိခဲ့ဘူး။ တွေးလေလေ၊ ဘုရားသခင်ကို အကြွေးတင်သလို ခံစားရလေလေပါပဲ။ အထွေထွေတာဝန်ရဲ့ သတ်မှတ်ချက်တွေ၊ စည်းမျဉ်းတွေနဲ့အညီ ကျွန်မတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်၊ ဒါကို ဘုရားသခင်ဆီက တာဝန်ပေးစေခိုင်းချက်တစ်ခုအဖြစ် သဘောထားရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေကို အလဟဿမဖြစ်စေဖို့ ဒီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ရမယ်လို့ ကျွန်မ တွေးမိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “လုပ်ငန်းဆောင်တာများသည် မတူပေ။ ကိုယ်တစ်ခုတည်းရှိ၏။ မီးပွင့်တစ်ခုစီအတွက် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခု ရှိသင့်သည့်အတွက် သင်တို့အသီးသီးက သင်တို့၏ တာဝန်ကို ထမ်းဆောင်သင့်သည်၊ သင်တို့အသီးသီးက သင်တို့၏ တာဝန်ကို အကောင်းဆုံးထမ်းဆောင်လျက် မိမိ၏ နေရာတွင်ရှိသင့်သည်။ ပြီးလျှင် အသက်တာ၌ ရင့်ကျက်မှုကို လိုက်စားသင့်၏။ ထိုသို့ဖြင့် ငါသည် စိတ်ကျေနပ်ခြင်း ရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၁)) ကျွန်မ လုပ်နိုင်တာကို လုပ်ရမယ်၊ ကျွန်မမှာ ရှိတာကို အပြည့်အဝ အသုံးချရမယ်။ ကျွန်မ နေရာမှာ ကျွန်မ ရပ်တည်ပြီး ဂုဏ်သတင်း၊ ဒါမှမဟုတ် အဆင့်အတန်းကို ထည့်မစဉ်းစားဘဲ အစွမ်းကုန် ကြိုးစားရမယ်။ တာဝန်ထမ်းဆောင်နေရင်းနဲ့၊ သမ္မာတရားနဲ့ အသက် ဝင်ရောက်မှုကို လိုက်စားရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ သတ်မှတ်ချက်တွေကို အစွမ်းကုန် ဖြည့်ဆည်းဖို့ ကြိုးစားရမယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ပြီးတော့၊ ကျွန်မ စိတ်နှလုံးက ပိုပြီးတော့တောင် ဉာဏ်အလင်းရလာတယ်။ ဘုရားသခင်က ပြောသည် “ဘုရားသခင်သည် တစ်စုံတစ်ဦးအား နာကျင်မှုနှင့် ဆင်းရဲမွဲတေမှုကို ခံစားစေပါက ယင်းမှာ သူတို့သည် ကယ်တင်ခြင်း ခံရရန် မျှော်လင့်ချက် မရှိဟု ဆိုလိုသလော။ သူတို့သည် တန်ဖိုးနည်းပြီး လူမှုအဆင့်အတန်း နိမ့်ကျပါက ဘုရားသခင်သည် သူတို့ကို မကယ်တင်ဘဲ နေမည်လော။ သူတို့သည် လူ့အဖွဲ့အစည်း၌ အဆင့်အတန်း နိမ့်ကျပါက သူတို့သည် ဘုရားသခင်၏ အမြင်၌ အဆင့်အတန်း နိမ့်ကျသလော။ ဖြစ်ချင်မှ ဖြစ်ပေမည်။ ဤသည်မှာ အဘယ်အရာအပေါ် မူတည်သနည်း။ ယင်းမှာ ဤပုဂ္ဂိုလ် လျှောက်လှမ်းသော လမ်းကြောင်းအပေါ်လည်းကောင်း၊ သူတို့၏ လိုက်စားမှုအပေါ်လည်းကောင်း၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် သူတို့၏ သဘောထားအပေါ်၌လည်းကောင်း မူတည်သည်။ တစ်စုံတစ်ဦး၏ လူမှုအဆင့်အတန်းသည် အလွန် နိမ့်ကျပြီး သူတို့၏ မိသားစုသည် အလွန် ဆင်းရဲကာ သူတို့၌ ပညာအရည်အချင်း အဆင့်အတန်း နိမ့်ပါးသည့်တိုင် သူတို့သည် လက်တွေ့ကျသော နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ကြပြီး သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများကို ချစ်မြတ်နိုးကြပါက ဘုရားသခင်၏ အမြင်၌ သူတို့၏ တန်ဖိုးသည် မြင့်သလော သို့မဟုတ် နိမ့်သလော၊ ယင်းသည် မြင့်မြတ်သလော သို့မဟုတ် နိမ့်ကျသလော။ သူတို့သည် တန်ဖိုးရှိကြသည်။ ဤရှုထောင့်မှ ကြည့်လျှင် တစ်စုံတစ်ဦး၏ တန်ဖိုးသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ မြင့်မြတ်သည်ဖြစ်စေ၊ ယုတ်ညံ့သည်ဖြစ်စေ အဘယ်အရာအပေါ် မူတည်သနည်း။ ယင်းမှာ ဘုရားသခင်သည် သင့်ကို ရှုမြင်သည့်ပုံစံအပေါ်၌ မူတည်သည်။ ဘုရားသခင်သည် သင့်ကို သမ္မာတရားကို လိုက်စားသောသူတစ်ဦးအဖြစ် ရှုမြင်ပါက သင်သည် တန်ဖိုး ရှိပြီး အဖိုးတန်သည်။ သင်သည် တန်ဖိုးရှိသော တန်ဆာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သင် သမ္မာတရားကို မလိုက်စားသည်ကိုလည်းကောင်း၊ သင်သည် သူ့အတွက် စိတ်ရင်းမှန်ဖြင့် အသုံးမခံသည်ကိုလည်းကောင်း ရှုမြင်ပါက သင်သည် တန်ဖိုးမရှိသူဖြစ်ပြီး အဖိုးမတန်ပေ။ သင်သည် နိမ့်ကျသော တန်ဆာတစ်ရပ် ဖြစ်သည်။ သင်သည် မည်မျှပင်အဆင့်မြင့်ပညာတတ်ဖြစ်စေကာမူ သို့မဟုတ် သင်၏ လူ့အဖွဲ့အစည်းအတွင်းမှ အဆင့်အတန်းသည် မည်မျှပင် မြင့်မားစေကာမူ သင်သည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် နားမလည်ပါက သင်၏ တန်ဖိုးသည် မည်သည့်အခါမျှ မြင့်မားနိုင်မည် မဟုတ်ပေ။ လူများစွာတို့သည် သင့်ကို ထောက်ခံကြလျှင်ပင်၊ သင့်ကို ချီးမြှောက်ကြလျှင်ပင်၊ သင့်ကို ကြည်ညိုကြလျှင်ပင် သင်သည် ယုတ်ညံ့သော သတ္တဝါတစ်ဦးသာ ဖြစ်နေဆဲ ဖြစ်သည်။...ယခု ကြည့်လျှင် တစ်စုံတစ်ဦး၏ တန်ဖိုးကို မြင့်မြတ်သည် သို့မဟုတ် နိမ့်ကျသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုရန် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (ယင်းမှာ ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သော အမှုအရာများအပေါ် သူတို့၏ သဘောထား ဖြစ်ပါသည်။) မှန်ပေသည်။ ဦးစွာပထမအနေဖြင့် ဘုရားသခင်၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို နားလည်ရမည်။ ဘုရားသခင်၏ သဘောထားကို နားလည်ခြင်းနှင့် ဘုရားသခင် လူတို့ကို အမျိုးအစားခွဲသည့် စည်းမျဉ်းများနှင့် စံနှုန်းများကို နားလည်ခြင်း၊ ထို့နောက် ဘုရားသခင် လူတို့ကို ဆက်ဆံသည့် စည်းမျဉ်းများနှင့် စံနှုန်းများအပေါ် အခြေခံ၍ လူတို့အပေါ် ဆုံးဖြတ်သတ်မှတ်ခြင်း ဖြစ်သည်။ ဤသည်သာလျှင် အတိကျဆုံး၊ အသင့်လျော်ဆုံးနှင့် တရားအမျှတဆုံး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဘုရားသခင်က၊ လူတစ်ယောက်ရဲ့ တန်ဖိုးကို အပေါ်ယံ လူမှုအဆင့်အတန်းနဲ့ မတိုင်းတာဘူး၊ သူတို့ထမ်းဆောင်တဲ့ တာဝန်နဲ့လည်း မတိုင်းတာဘူး၊ သမ္မာတရားနဲ့ ဘုရားသခင်အပေါ်ထားတဲ့ သူတို့ရဲ့ သဘောထားနဲ့ပဲ တိုင်းတာတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လာတယ်။ သမ္မာတရားကို ချစ်ပြီး လိုက်စားတဲ့သူတွေက၊ ဘာတာဝန်ပဲ ထမ်းဆောင်ပါစေ၊ သူများတွေ လေးစားတာ ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ၊ ဘုရားသခင် မျက်မှောက်မှာ တန်ဖိုးရှိတယ်။ ဒါပေမဲ့ သမ္မာတရားကို မလိုက်စားတဲ့သူတွေကျတော့၊ သူတို့တာဝန်တွေက သူတို့ကို မွန်မြတ်ပြီး အရေးပါသလို ထင်ရစေပြီး လူအများကြီးရဲ့ လေးစားအားကျတာကို ခံရစေရင်တောင်၊ ဘုရားသခင် မျက်မှောက်မှာတော့ နိမ့်ကျပြီး တန်ဖိုးမဲ့နေတုန်းပါပဲ။ ဘုရားသခင်က အဲဒီလိုလူတွေကို လျစ်လျူရှုရုံတင်မကဘူး၊ ရွံရှာပြီး မုန်းတီးတယ်။ ဒါတွေကို သဘောပေါက်လိုက်တော့၊ ကျွန်မ စိတ်နှလုံး လင်းလက်ပြီး အေးချမ်းသွားတယ်။ ကျွန်မမှာ အတွေးတစ်ခုပဲ ရှိတော့တယ်၊ “ငါ ဘာတာဝန်ပဲ ထမ်းဆောင်ထမ်းဆောင်၊ သမ္မာတရား လိုက်စားဖို့ကိုပဲ အာရုံစိုက်တော့မယ်” လို့ပေါ့။ ဒီအချိန်မှာ၊ အထွေထွေတာဝန်ကို ကျွန်မတာဝန်အနေနဲ့ အမှန်တကယ် လက်ခံနိုင်ခဲ့ပြီး၊ ဒီတာဝန်ကို ဘယ်လို ကောင်းကောင်း ထမ်းဆောင်ရမလဲဆိုတာ တက်တက်ကြွကြွ စပြီး စဉ်းစားလာတယ်။ ညီအစ်ကိုမောင်နှမတွေဆီ စာတွေ၊ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ လိုက်ပို့ဖို့ ခေါင်းဆောင်က တာဝန်ပေးတဲ့အခါ၊ ကျွန်မ အတိုက်အခံမဖြစ်တော့ဘူး။ အဲဒီအစား၊ ဒါကို ကျွန်မတာဝန်၊ နောက်ပြီး ကျွန်မ လုပ်သင့်တဲ့အရာအနေနဲ့ မြင်ပြီး၊ တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်မ အခြေအနေ ပြန်ပြောင်းသွားပြီးတဲ့နောက်မှာ၊ စိတ်နှလုံး တည်ငြိမ်နိုင်သွားပြီး၊ တာဝန်ကို စိတ်အေးအေးနဲ့ ထမ်းဆောင်နိုင်ခဲ့တယ်။ ဒီနားလည်မှုနဲ့ အပြောင်းအလဲကို ရရှိခွင့်ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးမှုနဲ့ လမ်းပြမှုတို့အတွက် ကျွန်မ တကယ် ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဧဝံဂေလိ မျှဝေခြင်း၏ အသီးအပွင့်

ချူးရှင်း တောင်ကိုရီးယားနိုင်ငံအရင်တစ်ခါတုန်းက ထရီဆာလို့ ခေါ်တဲ့ ဖီလစ်ပိုင်လူမျိုး ခရစ်ယာန်တစ်ယောက်နဲ့ အွန်လိုင်းမှာ ကျွန်မ တွေ့ခဲ့တယ်။...

သက်သေခံချက် ရေးသားခြင်းမှ ရရှိခဲ့သည့်အရာ

ချန်ရှင်း တောင်ကိုရီးယားနိုင်ငံ ခုတစ်လော ညီအစ်ကို မောင်နှမ အတော်များများက သူတို့ အတွေ့အကြုံတွေအကြောင်း သက်သေခံချက်တွေ ရေးတာ သတိထားမိတယ်။...

သုံးသပ်ချက်ရေးရာမှ ရရှိသော သင်ခန်းစာများ

တရုတ်ပြည်မှ လင်ဖန်း၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ဝမ်ချီနဲ့ပတ်သက်ပြီး သုံးသပ်ချက်တစ်ခုရေးဖို့ အထက်ခေါင်းဆောင်က ကျွန်မဆီ စာပို့လာတယ်။ စာရရချင်း...

ယုံကြည်သူတစ်ဦးက သူ၏ အသက်အရွယ်ကြီးရင့်သည့် နှစ်ကာလများတွင် ရင်ဆိုင်ရသည့် အခက်အခဲများ

ကျန့်ချီ တရုတ်နိုင်ငံ ၂၀၀၇ ခုနှစ် ဆောင်းဦးရာသီမှာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။