ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် နောက်ထပ် ဘောင်ခတ်ခြင်းမခံရတော့ပါ

10.06.2026

လီရှန်၊ တရုတ်ပြည်

၂၀၂၁ ခုနှစ်တုန်းက အသင်းတော်မှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ကျွန်မ ထမ်းဆောင်နေခဲ့တယ်။ ဒါပေမဲ့ ၂၀၂၂ အစပိုင်းမှာတော့ ကျွန်မကို တခြားတာဝန်တစ်ခု ပြောင်းပေးလိုက်တယ်။ နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကျွန်မရဲ့ ပြင်းထန်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကိုယ့်အမြင်တွေကိုပဲ အမြဲတမ်း ဖက်တွယ်ထားတာတွေကြောင့် ကျွန်မတာဝန်က စံနှုန်းမပြည့်မီခဲ့တာကို သဘောပေါက်သွားတယ်။ လပိုင်းလောက်ကြာတော့ ကျွန်မကို ခေါင်းဆောင်တွေက စာနဲ့ပတ်သက်တဲ့ တာဝန်တွေကို ဆက်ထမ်းဆောင်ခိုင်းတယ်။ တစ်နေ့မှာတော့ အရင်က ကျွန်မ တာဝန်ပြောင်းခံရတာ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့်ဆိုတာကို မတော်တဆ သိလိုက်ရတယ်။ စာနဲ့ပတ်သက်တဲ့ အလုပ်တွေ များလာပြီး စာနဲ့ပတ်သက်တဲ့ အမှုဆောင်တွေ မလောက်တာကြောင့်သာ အသင်းတော်က ကျွန်မကို ပြန်လာဖို့ စီစဉ်ပေးခဲ့တာတဲ့လေ။ ဒါကိုကြားတော့ ကျွန်မ အရမ်းကို စိတ်ဆင်းရဲသွားပြီး တွေးမိတယ်၊ “ဒီတစ်ခါ ငါ့ကို ပြန်ခေါ်တာ ငါ့မှာ အစွမ်းအစ နည်းနည်းရှိပြီး ဒီတာဝန်ကို ကိုင်တွယ်နိုင်လို့ပဲလို့ အစက ထင်ခဲ့တာ၊ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဒီလို အကဲဖြတ်ထားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒီတာဝန်မှာ ငါ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီး ဖြစ်မယ့်ပုံပဲ။ စာနဲ့ပတ်သက်တဲ့ အလုပ်ကို အခုမှ စထမ်းဆောင်တဲ့ ညီအစ်ကိုမောင်နှမတွေက အစွမ်းအစ ကောင်းကြတယ်၊ နည်းနည်းလောက် ပျိုးထောင်ပေးလိုက်ရင်ပဲ ငါ့ကို ကျော်တက်သွားကြမှာ။ ငါက ဒီတာဝန်မှာ ယာယီ အလုပ်လုပ်ပေးနေရုံပါပဲ။ အစွမ်းအစကောင်းတဲ့ ညီအစ်ကိုမောင်နှမတွေက သူတို့အလုပ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်တော့ သူတို့ ကယ်တင်ခံရဖို့ မျှော်လင့်ချက်က ပိုကြီးတယ်။ ဒါပေမဲ့ ငါ့ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစနဲ့ဆိုရင် အရေးကြီးတဲ့ အလုပ်တွေကို မကိုင်တွယ်နိုင်ဘူးဆိုတဲ့ သဘောပဲ။ ပြီးတော့ အချိန်မရွေး တာဝန်ပြောင်းခံရနိုင်တယ်ဆိုတော့ ငါ့မှာ ကယ်တင်ခြင်းရဖို့ ဘာမျှော်လင့်ချက် ရှိနိုင်တော့မှာလဲ။ ဒါကို လုပ်နေမဲ့အစား ဧဝံဂေလိတရား ဟောတာ၊ လူသစ်တွေကို ရေလောင်းတာကမှ ငါ့အတွက် ပိုကောင်းဦးမယ်။ အနည်းဆုံးတော့ ဧဝံဂေလိအလုပ်မှာ ကောင်းမှုတချို့ကို ငါ ပြင်ဆင်နိုင်ပြီး အသက်ရှင်ကျန်ရစ်ဖို့ မျှော်လင့်ချက် နည်းနည်းတော့ ရှိနိုင်သေးတယ်” လို့ပေါ့။ ဒါတွေကို တွေးမိပြီး ကျွန်မ တော်တော်လေးကို စိတ်မချမ်းမသာဖြစ်ရတယ်၊ စာနဲ့ပတ်သက်တဲ့ အလုပ်ကို ပြန်လာထမ်းဆောင်မိတာကိုတောင် နောင်တရမိတယ်။

နောက်ပိုင်းကျမှ ကျွန်မရဲ့ အခြေအနေ မှားနေတာကို သဘောပေါက်မိပြီး ဘုရားသခင်ရှေ့သွားပြီး ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ အရင်က ကျွန်မ တာဝန်ပြောင်းခံရတာ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့်လို့ ညီအစ်မတွေ ပြောတာကို ကျွန်မ ကြားခဲ့ရပါတယ်။ ကျွန်မ အရမ်းကို ဝမ်းနည်းရပေမဲ့ အပျက်သဘော မဆောင်သင့်ဘူး၊ အထင်မလွဲသင့်ဘူးဆိုတာကို သိပါတယ်။ ရှေ့ဆက် ကြိုးစားဖို့ ယုံကြည်ခြင်း ရှိနိုင်အောင် ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် ဉာဏ်အလင်းပေးဖို့ တောင်းလျှောက်ပါတယ်” လို့ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ သတိရသွားတယ်။ “ဘုရားသခင်၏အလိုဆန္ဒမှာ လူတိုင်း စုံလင်စေခြင်းခံရဖို့၊ နောက်ဆုံးတွင် သူ၏ရယူခြင်းခံရဖို့၊ သူ၏ လုံးဝသန့်စင်စေခြင်းကို ခံရဖို့နှင့် သူချစ်သော လူများဖြစ်လာကြရန် ဖြစ်၏။ သင်တို့ ခေတ်နောက်ကျန်နေသည် သို့မဟုတ် အရည်အချင်း ညံ့ဖျင်းသည်ဟု ငါပြောသည် မပြောသည်မှာ အရေးမကြီးပေ။ ဤအရာအားလုံးမှာ အမှန်တရားဖြစ်၏။ ငါ ဤသို့ပြောဆိုခြင်းမှာ ငါသည် သင်တို့ကို ကယ်တင်ရန် လိုလားခြင်းမရှိဖို့ မဆိုထားနှင့်၊ သင့်ကို စွန့်ပစ်ရန် ငါရည်ရွယ်သည်၊ ငါသည် သင်တို့၌ မျှော်လင့်ချက် ကုန်ဆုံးသည်ကို သက်သေမပြပေ။ ယနေ့တွင် ငါသည် သင်တို့၏ ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကြွလာပြီဖြစ်သည်၊ ဆိုလိုသည်မှာ ငါ လုပ်ဆောင်သည့်အမှုသည် ကယ်တင်ခြင်းအမှု၏ အဆက် ဖြစ်ပေသည်။ လူတိုင်း စုံလင်အောင်ပြုခြင်းခံရရန် အခွင့်အရေးရှိသည်။ သင် လိုလားပါက၊ သင် လိုက်စားပါက အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်မည်ဖြစ်ပြီး သင်တို့ထဲမှ တစ်ဦးတစ်ယောက်မျှ စွန့်ပယ်ခြင်းခံရမည် မဟုတ်ပေ။ သင်သည် အစွမ်းအစ ညံ့ဖျင်းပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ ညံ့ဖျင်းသော အစွမ်းအစနှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် အစွမ်းအစ မြင့်မားပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ မြင့်မားသော အစွမ်းအစနှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် အသိဉာဏ်မဲ့ပြီး စာမတတ်ပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ အသိဉာဏ်မဲ့ပြီး စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် စာတတ်ပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင် စာတတ်သည်ဟူသော အချက်နှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် သက်ကြီးရွယ်အိုဖြစ်ပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ အသက်အရွယ်နှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် ဧည့်ခံဝတ်ပြုသည့် တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိပါက သင့်အပေါ် ငါ၏ တောင်းဆိုချက်များသည် သင်၏ ဧည့်ခံဝတ်ပြုခြင်း တာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိခြင်းနှင့်အညီ ဖြစ်လိမ့်မည်၊ သင်သည် ဧည့်ခံဝတ်ပြုခြင်း တာဝန်ကို မထမ်းဆောင်နိုင်ဟု ဆိုပြီး ဧဝံဂေလိတရားကို ဟောပြောခြင်းဖြစ်စေ၊ အသင်းတော်ကို ဂရုစိုက်ခြင်းဖြစ်စေ၊ သို့မဟုတ် အခြားသော အထွေထွေကိစ္စရပ်များကို ဆောင်ရွက်ခြင်းဖြစ်စေ၊ သတ်သတ်မှတ်မှတ် တာဝန်တစ်ခုကိုသာ ထမ်းဆောင်နိုင်ပါက သင့်ကို ငါ၏ စုံလင်စေခြင်းသည် သင် ထမ်းဆောင်သော တာဝန်အတိုင်း ဖြစ်လိမ့်မည်။ သစ္စာစောင့်သိခြင်း၊ အဆုံးတိုင်အောင် ကျိုးနွံနာခံခြင်းနှင့် ဘုရားသခင်အပေါ် အမြင့်မြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို လိုက်စားခြင်းဟူသည့် ဤသည်တို့မှာ သင် ဖြစ်မြောက်အောင်မြင်ရမည့်အရာများဖြစ်ပြီး ဤအရာသုံးခုသာဖြစ်ကာ ဤသည်တို့မှာ အကောင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏ပုံမှန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မကို တကယ်ပဲ တို့ထိခဲ့ပါတယ်။ ဘုရားသခင်က လူတိုင်းအတွက် ကယ်တင်ခြင်းရဖို့ အခွင့်အရေးကို ပြင်ဆင်ပေးထားပါတယ်။ လူတစ်ယောက်ရဲ့ အစွမ်းအစက ညံ့ဖျင်းတာပဲဖြစ်ဖြစ်၊ ကောင်းတာပဲဖြစ်ဖြစ်၊ အသက်ကြီးတာပဲဖြစ်ဖြစ်၊ ငယ်တာပဲဖြစ်ဖြစ်၊ ဘုရားသခင်က လူတစ်ဦးစီရဲ့ လက်တွေ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစအပေါ် မူတည်ပြီး တောင်းဆိုမှုတွေ လုပ်ပါတယ်။ ပြီးတော့ လူတစ်ဦးစီအတွက် သင့်တော်တဲ့ တာဝန်တွေကို စီစဉ်ပေးပါတယ်။ လူတစ်ယောက်က ဘယ်လိုတာဝန်ကိုပဲ ထမ်းဆောင်ပါစေ၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်အပေါ် သစ္စာရှိသရွေ့၊ ဘုရားသခင်က မျက်နှာလိုက်တာမျိုး မရှိဘဲ သူ့ရဲ့ ကယ်တင်ခြင်းကို တန်းတူညီမျှ ပေးသနားမှာပါ။ “အသက်ကြီးသူက ဘုရားသခင်အတွက် သက်သေခံနိုင်ပါသေးသည်” ဆိုတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုထဲက ညီအစ်ကိုကို ကျွန်မ တွေးမိလိုက်တယ်။ သူက အသက်အရမ်းကြီးပြီး ဖျားနာနေပေမဲ့၊ ဧည့်ခံတဲ့ တာဝန်မှာ အကောင်းဆုံး ထမ်းဆောင်ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်အတွက် သက်သေခံဖို့ အတွေ့အကြုံဆိုင်ရာ ဆောင်းပါးတွေရေးဖို့ လက်တွေ့လုပ်ဆောင်ခဲ့တယ်။ သူက သမ္မာတရားတချို့ကို နားလည်နိုင်ခဲ့ပြီး သူ့ရဲ့ အသက်တာမှာ တိုးတက်မှုတွေ ပြသခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ပြသနေတာပါပဲ။ ဘုရားသခင်က လူတစ်ဦးစီရဲ့ နောက်ခံ၊ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစအပေါ် မူတည်ပြီး တောင်းဆိုမှုတွေ လုပ်ပါတယ်၊ ဘယ်သူ့ကိုမှ အခက်တွေ့အောင် လုပ်ဖို့ သူမကြိုးစားဘူး။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘဲ အစွမ်းအစ ကောင်းတဲ့သူတွေမှ ကယ်တင်ခံရနိုင်ပြီး၊ အစွမ်းအစ ညံ့ဖျင်းတဲ့သူတွေက ကယ်တင်မခံရနိုင်ဘူးလို့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့ တွေးထင်ခဲ့မိတယ်။ ဒါကြောင့် ကျွန်မမှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိတယ်၊ စာနဲ့ပတ်သက်တဲ့ အလုပ်အတွက် စံနှုန်းမပြည့်မီဘူးလို့ ညီအစ်ကိုမောင်နှမတွေက အကဲဖြတ်ထားတာကို သိလိုက်ရတဲ့အခါ၊ အသင်းတော်မှာ ကိုယ်က အရေးပါတဲ့ အခန်းကဏ္ဍကနေ မပါဝင်နိုင်ဘူး၊ ဘုရားသခင်က ကိုယ့်ကို မနှစ်သက်ဘူး၊ ကျွန်မမှာ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားခဲ့ရတယ်။ စာနဲ့ပတ်သက်တဲ့ အလုပ်ကို ပြန်လာထမ်းဆောင်မိတာကိုတောင် နောင်တရခဲ့တယ်။ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေထဲမှာ နေထိုင်ရင်း ဘုရားသခင်ကို အထင်လွဲနေခဲ့တာ၊ ကျွန်မ တကယ်ကို မိုက်မဲပြီး ဆင်ခြင်တုံတရား ကင်းမဲ့ခဲ့တာပဲ။ တကယ်တော့ ကျွန်မရဲ့ အစွမ်းအစ ဘယ်လိုရှိလဲဆိုတာကို ဘုရားသခင်က သိသလို၊ ညီအစ်ကိုမောင်နှမတွေကလည်း သိကြပါတယ်။ စာနဲ့ပတ်သက်တဲ့ အလုပ်ကို ထမ်းဆောင်ဖို့ အသင်းတော်က ကျွန်မကို စီစဉ်ပေးခဲ့တာဆိုတော့ ကျွန်မ ကျိုးနွံနာခံသင့်တယ်၊ ကျွန်မ နားလည်ထားတာတွေ၊ လုပ်နိုင်တာတွေကို အသုံးပြုပြီး ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်ဆောင်သင့်တယ်၊ ပြီးတော့ အသိစိတ်ရှင်းရှင်းနဲ့ ပြုမူသင့်တယ်။ ဒါ ကျွန်မလုပ်သင့်တဲ့အရာပဲ။ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် ကျွန်မ ဆက်ပြီး စိတ်မချမ်းမသာ ဖြစ်မနေသင့်တော့ပါဘူး။

အဲဒီနောက်မှာ၊ “ငါ့ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစအကြောင်း သိလိုက်ရတဲ့အခါ ငါဘာလို့ ဒီလောက်တောင် စိတ်မချမ်းမသာဖြစ်ပြီး ဝမ်းနည်းသွားရတာလဲ” လို့ ကိုယ့်ကိုယ်ကိုယ် မေးရင်း ကျွန်မ စရှာဖွေခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု အထက်အဆင့် ခေါင်းဆောင်တစ်ဦးက ပြောသည်ကို လူအချို့က ကြားသောအခါ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို သေချာပေါက် အလိုမရှိတော့ကြောင်း၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်မရှိတော့ကြောင်း ၎င်းတို့ ခံစားကြရသည်။ သို့သော် ၎င်းတို့ ဝမ်းနည်းသည်ဟူသော အချက်ရှိလင့်ကစား ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြဆဲဖြစ်သည်။ ထိုသို့သောလူတို့၌ ဆင်ခြင်တုံတရား အနည်းငယ် ရှိသည်။ လူအချို့သည် တစ်စုံတစ်ဦးက ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း ပြောသည်ကို ကြားသောအခါ အပျက်သဘောဆောင်လာကြပြီး မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြတော့ပေ။ ၎င်းတို့က၊ ‘ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု သင် ငါ့ကို ပြောသည်။ ယင်းမှာ ငါ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်မရှိဟု ဆိုလိုသည် မဟုတ်လော။ အနာဂတ်တွင် မည်သည့် ကောင်းချီးမျှ ငါ ရမည်မဟုတ်သည့်အတွက်၊ အဘယ်အရာအတွက် ငါ ယုံကြည်နေသေးသနည်း။ အစေခံမှုပေးစေခြင်းကို ငါ လက်ခံမည်မဟုတ်ပါ။ အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မရပါက မည်သူက သင့်အတွက် အလုပ်လုပ်ပေးမည်နည်း။ ငါသည် ထိုမျှ စဉ်းစားဉာဏ်မကင်းမဲ့ပါ’ဟု တွေးကြသည်။ ထိုသို့သောလူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ထံမှ အလွန်များပြားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားသော်လည်း ယင်းကို ပြန်လည်ပေးဆပ်ရန် မသိကြသည့်အပြင် အစေခံမှုပေးရန်ပင် အလိုမရှိကြပေ။ ဤသို့သော လူတို့သည် အဆုံးသတ်ပြီဖြစ်သည်။ ၎င်းတို့သည် အဆုံးတိုင် အစေခံမှုကိုပင် မပေးနိုင်ကြသကဲ့သို့ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြပေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်အတွက် ရိုးသားသော စိတ်နှလုံးနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိပါက ၎င်းတို့အနေဖြင့် မည်သို့ပင် အကဲဖြတ်ခံရသည်ဖြစ်စေ၊ ဤအရာက ၎င်းတို့အား မိမိတို့ကိုယ်ကို ပို၍ စစ်မှန်စွာနှင့် တိကျစွာ သိရှိနိုင်စေလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်သင့်ပြီး ဘုရားသခင်နောက် ၎င်းတို့လိုက်ခြင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထိုအရာက သက်ရောက်မှု မဖြစ်စေသင့်ပေ။ ၎င်းတို့အနေဖြင့် ကောင်းချီးများကို မရရှိနိုင်လျှင်ပင် ဘုရားသခင်အတွက် အဆုံးထိတိုင် အစေခံမှုပေးရန် လိုလားနေဆဲဖြစ်သင့်ပြီး ညည်းညူခြင်းများမရှိဘဲ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ၎င်းတို့ ခံသင့်သည်။ ထိုအခါမှသာ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ဦး ဖြစ်ကြလိမ့်မည်။ လူတစ်ဦးသည် ကောင်းချီးများကို လက်ခံရရှိခြင်း ရှိမရှိ သို့မဟုတ် ကံအကြောင်းမလှသည့်ဖြစ်ရပ်များကို ခံစားရခြင်း ရှိမရှိဟူသည်မှာ ဘုရားသခင်၏ လက်ထဲ၌ ရှိသည်။ ဘုရားသခင်သည် ဤအရာအပေါ် အချုပ်အခြာအာဏာရှိပြီး ဤအရာကို စီစဉ်ပေးသည်။ ယင်းမှာ လူတို့ တောင်းဆိုနိုင်သော သို့မဟုတ် ကြိုးစားလုပ်ဆောင်နိုင်သော အရာတစ်ခု မဟုတ်ပေ။ ယင်းအစား ယင်းမှာ ထိုလူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိဟူသည်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ ဘုရားသခင်သည် လူတစ်ဦးစီကို ၎င်းတို့၏ လုပ်ဆောင်ချက်များအတိုင်း ပြန်လည်ပေးဆပ်လိမ့်မည်။ တစ်စုံတစ်ဦး၌ ဤရိုးသားမှုအနည်းငယ် ရှိပြီး ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်အတွက် မိမိတို့ စုစည်းနိုင်သမျှ အစွမ်းခွန်အားအားလုံးကို ဆက်ကပ်ပါက ယင်းမှာလုံလောက်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးကို ၎င်းတို့ ရရှိကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်)အန္တိခရစ်တို့သည် အကျိုးအမြတ်နှင့် ကောင်းချီးများ ရရှိရန် ရည်ရွယ်ချက်တစ်ခုတည်းအတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ ဆင်းရဲဒုက္ခတစ်ခုခုကို ၎င်းတို့ ခါးစည်းခံရလျှင်၊ သို့မဟုတ် အဖိုးအခအချို့ကို ပေးရလျှင် ဘုရားသခင်နှင့် အပေးအယူလုပ်ရန်အလို့ငှာသာ ဖြစ်သည်။ ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်ဖြစ်သော ၎င်းတို့၏ ရည်ရွယ်ချက်နှင့် လိုအင်ဆန္ဒတို့သည် အလွန်ကြီးမားပြီး ထိုအရာကို ၎င်းတို့က တင်းကျပ်စွာ ဖက်တွယ်ကြသည်။ ဘုရားသခင် ဖော်ပြပြီးဖြစ်သည့် သမ္မာတရားများစွာထဲမှ တစ်ခုကိုမျှ ၎င်းတို့ လက်မခံကြပေ။ ၎င်းတို့က ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းချီးများ ရရှိခြင်းနှင့် ကောင်းမွန်သော ခရီးပန်းတိုင်တစ်ခုကို အရယူခြင်းအကြောင်းသာ ဖြစ်ကြောင်း၊ ယင်းမှာ အမြင့်ဆုံးသော စည်းမျဉ်းဖြစ်ပြီး ထိုအရာကို မည်သည့်အရာကမျှ မကျော်လွန်နိုင်ကြောင်း ၎င်းတို့၏ စိတ်နှလုံးများတွင် အမြဲ တွေးထင်ကြသည်။ ကောင်းချီးများ ရရှိဖို့အတွက် မဟုတ်လျှင် လူတို့အနေဖြင့် ဘုရားသခင်ကို မယုံကြည်သင့်ကြောင်းနှင့် ကောင်းချီးများအတွက် မဟုတ်လျှင် ဘုရားသခင်ကို ယုံကြည်မှုသည် မည်သည့် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးမျှ ရှိမည်မဟုတ်ကြောင်း၊ ထိုအရာက အဓိပ္ပာယ်နှင့် တန်ဖိုး ဆုံးရှုံးမည်ဖြစ်ကြောင်း ၎င်းတို့ တွေးထင်ကြလေသည်။ ဤအရာများကို အန္တိခရစ်များထဲသို့ အခြားတစ်စုံတစ်ဦးက သွတ်သွင်းပေးခဲ့ခြင်း ဖြစ်သလော။ ယင်းတို့သည် အခြားတစ်စုံတစ်ဦး၏ လေ့ကျင့်သင်ကြားပေးခြင်း သို့မဟုတ် လွှမ်းမိုးမှုမှ ဆင်းသက်သလော။ မဟုတ်ပေ၊ ယင်းတို့ကို မည်သူမျှ ပြောင်းလဲ၍ မရနိုင်သည့်အရာတစ်ခု ဖြစ်သော အန္တိခရစ်များ၏ ပင်ကိုသဘာဝ အနှစ်သာရက အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က ယနေ့ခေတ်တွင် နှုတ်ကပတ်တော်များစွာ ပြောဆိုနေလင့်ကစား အန္တိခရစ်များက ထိုအရာများထဲမှ တစ်ခုကိုမျှ လက်မခံကြဘဲ ထိုအစား ယင်းတို့ကို အတိုက်အခံလုပ်ကာ ပြစ်တင်ရှုတ်ချကြလေသည်။ သမ္မာတရားကို ၎င်းတို့၏ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်း သဘာဝသည် လုံးဝ မပြောင်းလဲနိုင်ပေ။ ယင်းတို့ မပြောင်းလဲနိုင်လျှင် ဤအရာက မည်သည့်အရာကို ညွှန်ပြသနည်း။ ၎င်းတို့၏ သဘာဝက ကောက်ကျစ်ဆိုးယုတ်ကြောင်း ညွှန်ပြပေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်း၊ မလိုက်စားခြင်း ကိစ္စတစ်ခု မဟုတ်ပေ။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ပြောင်ပြောင်တင်းတင်း ကန့်ကွက်ပြောဆိုခြင်းနှင့် ဘုရားသခင်ကို ရန်လုပ်ခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော စရိုက်အမှန်သာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်းကြောင့် ပြဿနာရဲ့ ဇာစ်မြစ်ကို ကျွန်မ တွေ့ခဲ့ရတယ်။ တကယ်တော့ ကျွန်မရဲ့ အပျက်သဘောဆောင်ခြင်းနဲ့ အထင်အမြင်လွဲမှားမှုတွေရဲ့ နောက်ကွယ်မှာ ဘာကို လိုက်စားရမလဲဆိုတဲ့ မှားယွင်းတဲ့ အမြင်တွေ ရှိနေတာကိုး။ ဘုရားသခင်ကို ယုံကြည်ခြင်းကနေ ကောင်းချီးတွေ ရဖို့ ရှာဖွေတာကို လိုက်စားရမယ့် တကယ့်ပန်းတိုင်တစ်ခုအနေနဲ့ ကျွန်မ သဘောထားခဲ့တယ်။ ကျွန်မရဲ့ ကောင်းချီးရလိုတဲ့ လိုအင်ဆန္ဒ မပြည့်ဝတဲ့အခါ စိတ်ဓာတ်ကျလာတယ်၊ စိတ်ပျက်လာတယ်၊ အပျက်သဘောဆောင်လာပြီး နာကျင်သွားတယ်။ ကျွန်မမှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိပြီး စာနဲ့ပတ်သက်တဲ့ အလုပ်အတွက် မသင့်တော်ဘူးလို့ အကဲဖြတ်ခံရတဲ့အခါ၊ ငါတော့ သွားပြီ၊ ငါ ဘယ်လောက်ပဲ လိုက်စားလိုက်စား အချည်းနှီးပဲ ဖြစ်မှာ၊ အနှေးနဲ့အမြန်ဆိုသလို ငါ ဖယ်ရှားရှင်းလင်း ခံရတော့မှာလို့ တွေးခဲ့မိတယ်။ အကျိုးဆက်အနေနဲ့ ကျွန်မက အပျက်သဘောဆောင်တဲ့ အခြေအနေမှာ နေထိုင်ခဲ့ပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု မရှိတော့ဘူးလေ။ ကျွန်မက ကောင်းချီးတွေရဖို့အတွက်ပဲ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်ပြီး၊ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” နဲ့ “ဆုလာဘ်မရှိဘဲ လုံးဝ မလုပ်နှင့်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်နေတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မလုပ်သမျှ အရာအားလုံးကို “အကျိုးအမြတ်” ဆိုတဲ့ စကားလုံးကပဲ တွန်းအားပေးနေတာ။ တစ်ခုခုက ကျွန်မရဲ့ အနာဂတ်အတွက် အကျိုးရှိမယ်၊ ဒါမှမဟုတ် ကောင်းချီးတွေ ယူဆောင်လာပေးနိုင်မယ်ဆိုရင် ကျွန်မ လုပ်ချင်စိတ်ရှိတယ်၊ ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးနိုင်တာကို တွေ့ရတယ်။ ဒါပေမဲ့ တစ်ခုခုက ကျွန်မအတွက် အကျိုးမရှိဘူးဆိုရင်တော့ လုပ်ချင်စိတ် မရှိဘူး၊ အဲဒါကို ရှောင်ချင်၊ ငြင်းချင်စိတ်တောင် ဖြစ်တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး အကျိုးအမြတ်ကိုပဲ မက်မောနေတာကို မြင်လိုက်ရတယ်လေ။ ဘုရားသခင်ကို စယုံကြည်ခဲ့တဲ့ အချိန်ကို ပြန်ကြည့်တော့၊ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ရဖို့အတွက် ဘုရားသခင် နောက်ကိုလိုက်ဖို့ အရာအားလုံးကို ကျွန်မ စွန့်လွှတ်ခဲ့တာကို မြင်ရတယ်။ ပြီးတော့ အသင်းတော်က ကျွန်မအတွက် ဘယ်လိုတာဝန်မျိုးတွေပဲ စီစဉ်ပေးပါစေ၊ ကျွန်မ လက်ခံပြီး ကျိုးနွံနာခံနိုင်ခဲ့တယ်၊ ဒုက္ခခံပြီး အဖိုးအခလည်း ပေးနိုင်ခဲ့တယ်။ ကျွန်မ ကယ်တင်ခံရပြီး အသက်ရှင်ကျန်ရစ်မယ်လို့ တွေးခဲ့လို့ အဆုံးအစမရှိတဲ့ ခွန်အားတွေ ရှိနေခဲ့တာပါ။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မမှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိတယ်လို့ အကဲဖြတ်လိုက်တဲ့အခါ၊ ကျွန်မမှာ ရာထူးတိုးဖို့နဲ့ ပျိုးထောင်ခံရဖို့ အခွင့်အရေးတွေ မရှိတော့ဘူး၊ အရေးကြီးတဲ့ အလုပ်တွေကို မလုပ်နိုင်တော့ဘူး၊ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်း ခံရတော့မှာလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်မ အပျက်သဘောဆောင်လာတယ်၊ အထင်အမြင်လွဲမှားမှုတွေကို ရင်ဘတ်ထဲ ထည့်ထားပြီး စာနဲ့ပတ်သက်တဲ့ အလုပ်ကို ဆက်ထမ်းဆောင်ဖို့ စိတ်မပါတော့ဘူး။ ဘုရားသခင်ကို ယုံကြည်ပြီး နောက်တော်ကို လိုက်နေတယ်လို့ ထင်ရပေမဲ့၊ ကျွန်မရဲ့ အဓိက အာရုံစိုက်မှုက ကိုယ့်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာအပေါ်မှာပဲ ရှိနေတုန်းပဲလေ။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာနဲ့ ကောင်းမွန်တဲ့ အဆုံးသတ်၊ ပန်းတိုင်တစ်ခုကို လဲလှယ်ချင်ခဲ့တာ၊ ဒီအထဲမှာ ကျွန်မက ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့၊ ဘုရားကို လှည့်စားဖို့ ကြိုးစားနေခဲ့တာ။ ကျွန်မက အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းပေါ် လျှောက်နေခဲ့တာပဲ။ ဒါတွေကို သဘောပေါက်သွားတော့ ကျွန်မ အရမ်းကို အပြစ်ရှိသလို ခံစားရတယ်။ အသင်းတော်က ကျွန်မကို စာနဲ့ပတ်သက်တဲ့ အလုပ်လုပ်ဖို့ စီစဉ်ပေးခဲ့ပြီး ကိုယ့်တာဝန်တွေမှာ လေ့ကျင့်ဖို့ အခွင့်အရေးပေးခဲ့တာကို စဉ်းစားမိတော့၊ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ဒါပေမဲ့ ကျွန်မက ကျေးဇူးတင်ဖို့လည်း မတွေးခဲ့ဘူး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်ဖို့လည်း မစဉ်းစားခဲ့ဘူး။ အဲဒီအစား ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ပဲ အမြဲ ကြိုးစားချင်ခဲ့တာ။ လူတစ်ယောက်မှာ ရှိသင့်တဲ့ အသိစိတ်နဲ့ ဆင်ခြင်တုံတရားတောင် ကျွန်မမှာ မရှိခဲ့ပါဘူး။ ကျွန်မဟာ တကယ်ကို လူ့သဘာဝ ကင်းမဲ့နေခဲ့တာပါ။ ဘုရားသခင်အပေါ် တကယ်ကို အကြွေးတင်နေတယ်လို့ ခံစားရတယ်၊ ဒီလောက်တောင် နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးနေတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမိပြီး ဒီလို အပျက်သဘောဆောင်မှုထဲမှာ ဆက်ရှိမနေချင်တော့ဘူး။

နောက်ပိုင်းမှာ ကျွန်မ ဆက်ပြီး ဆင်ခြင်သုံးသပ်မိတယ်၊ “ငါ့မှာ ညံ့ဖျင်းတဲ့ အစွမ်းအစရှိတယ်လို့ ညီအစ်ကိုမောင်နှမတွေ ပြောတဲ့အခါ ငါ စိတ်မချမ်းမသာဖြစ်ပြီး ဝမ်းနည်းသွားခဲ့ရတယ်။ ဒီအတွက် နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိသေးတယ်၊ အဲဒါက ကောင်းတဲ့ အစွမ်းအစ၊ ညံ့တဲ့ အစွမ်းအစဆိုတာ ဘာလဲဆိုတာကို ငါ မတိုင်းတာနိုင်ခဲ့လို့၊ နောက်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း မှန်မှန်ကန်ကန် သဘောမထားနိုင်ခဲ့လို့ပဲ” ဆိုပြီးတော့ပေါ့။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတစ်ဦး၏ အစွမ်းအစကို မည်သို့ အကဲဖြတ်သင့်သနည်း။ ယင်းကို ၎င်းတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်သည့် အတိုင်းအတာကို အခြေခံ၍ တိုင်းတာသင့်သည်။ ဤသည်မှာ တိကျမှန်ကန်မှု အရှိဆုံးသော ချဉ်းကပ်နည်း ဖြစ်သည်။ အချို့လူများသည် စကားပြောကောင်းကြသည်၊ ဉာဏ်ထက်မြက်ကြပြီး လူတို့နှင့် ဆက်ဆံရာတွင် အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သို့သော် ၎င်းတို့သည် တရားဒေသနာများကို နားထောင်သောအခါ မည်သို့ပင် ကြိုးစားသည်ဖြစ်စေ မည်သည့်အခါမျှ အဓိပ္ပာယ်မဖော်နိုင်ကြပေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သောအခါ ၎င်းတို့ကို နားမလည်နိုင်ကြပေ။ ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေသောအခါ ယင်းမှာ အစဉ်သဖြင့် စကားလုံးများနှင့် အယူဝါဒများသာ ဖြစ်သည်၊ ၎င်းတို့သည် လူပြိန်းများအဖြစ်သာ ထင်ရပြီး အခြားသူများက ၎င်းတို့တွင် ဝိညာဉ်ရေးရာ သိနားလည်မှု မရှိဟု ခံစားကြရသည်။ ဤလူများသည် ညံ့ဖျင်းသည့် အစွမ်းအစရှိသည့် လူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် အရေးကြီးဆုံးဖြစ်သည်)သမ္မာတရားကို သဘောပေါက်နားလည်ခြင်းဖြစ်စေ၊ အလုပ်အကိုင်တစ်ခု သို့မဟုတ် အထူးပြု ကျွမ်းကျင်မှုတစ်ခုကို သင်ယူခြင်းဖြစ်စေ အစွမ်းအစကောင်းရှိသည့်လူများသည် ထိုအရာများတွင် ပါဝင်သည့် စည်းမျဉ်းများကို သဘောပေါက်နိုင်ကြသည်၊ အမှုအရာများ၏ ရင်းမြစ်ကို နားလည်နိုင်ကြပြီး ယင်းတို့၏ စစ်မှန်မှုနှင့် အနှစ်သာရကို ပိုင်ခြားသိမြင်နိုင်ကြလေသည်။ ဤသို့ဖြင့် ၎င်းတို့ လုပ်ဆောင်သမျှအရာတိုင်းတွင်၊ ၎င်းတို့ ပါဝင်သည့် အလုပ်တိုင်းတွင် ၎င်းတို့သည် မှန်ကန်သည့် အကဲဖြတ်မှုများကို ပြုလုပ်ကြပြီး မှန်ကန်သည့် စံနှုန်းများနှင့် စည်းမျဉ်းများကို သတ်မှတ်ကြလေသည်။ ဤသည်မှာ အစွမ်းအစကောင်း ဟူသည့်အရာ ဖြစ်သည်။ အစွမ်းအစကောင်း ရှိသည့်လူများသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အပေါ် ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်နိုင်ကြသည်။ သာမန် သို့မဟုတ် ညံ့ဖျင်းသည့် အစွမ်းအစရှိသူများသည် ထိုသို့သော အလုပ်ကို မတတ်စွမ်းနိုင်ကြပေ။ ဤသည်မှာ ဘုရားအိမ်တော်က လူအချို့အပေါ် မျက်နှာသာပေးခြင်းဖြစ်စေ၊ အထင်သေးခြင်းဖြစ်စေ၊ လူတို့ကို မတူကွဲပြားစွာ ဆက်ဆံခြင်းဖြစ်စေ လုံးဝ မဟုတ်ပေ။ ထိုအရာမှာ များစွာသော လူတို့က ၎င်းတို့၏အစွမ်းအစကြောင့် ကြီးကြပ်ရေးတာဝန်ကို မကိုင်တွယ်နိုင်ခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ကြီးကြပ်ရေးတာဝန်ကို ၎င်းတို့ မကိုင်တွယ်နိုင်သနည်း။ ဖြစ်ကြောင်းရင်းမြစ်မှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်ကြခြင်း ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် အဘယ်ကြောင့် သမ္မာတရားကို နားမလည်ကြသနည်း။ ယင်းမှာ ၎င်းတို့၏ အစွမ်းအစသည် သာမန်ဖြစ်သောကြောင့်၊ သို့မဟုတ် အလွန်ပင် ညံ့ဖျင်းနေသောကြောင့် ဖြစ်သည်။ ထိုအကြောင်းကြောင့် သမ္မာတရားကို ၎င်းတို့ ဉာဏ်မမီနိုင်ကြ၊ ၎င်းတို့သည် သမ္မာတရားကို ကြားသည့်အခါ နားမလည်နိုင်ကြပေ။ လူအချို့က အလေးဂရုပြု၍ နားမထောင်သောကြောင့် သမ္မာတရားကို နားမလည်နိုင်ကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ၎င်းတို့သည် ငယ်ရွယ်ပြီး ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်မှု၌ မည်သည့်စိတ်ကူးစိတ်သန်းမျှ မရှိသေးသည့်အပြင် ၎င်းတို့အတွက် ယင်းက အထူးစိတ်ဝင်စားဖွယ် မကောင်းသောကြောင့် ဖြစ်နိုင်သည်။ သို့ရာတွင် ဤအရာများက အဓိက အကြောင်းအရင်း မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ ၎င်းတို့၏အစွမ်းအစသည် မလုံလောက်သောကြောင့် ဖြစ်သည်။ နိမ့်ကျသော အစွမ်းအစရှိသည့် လူများသည် ၎င်းတို့၏တာဝန်က မည်သည့်အရာ ဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့သည် မည်မျှကြာအောင် အလုပ်လုပ်နေခဲ့ပါစေ၊ ဒေသနာမည်မျှကို ၎င်းတို့ကြားနာရသည်ဖြစ်စေ၊ ၎င်းတို့ကို သမ္မာတရားမည်မျှကို သင်မိတ်သဟာယပြုပေးသည်ဖြစ်စေ ၎င်းတို့သည် နားမလည်နိုင်ကြသေး။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းတွင် အချိန်ဆွဲကာ အမှုအရာများကို လုံးလုံး ရှုပ်ထွေးစေပြီး မည်သည့်အရာမျှ မဖြစ်မြောက်ပေ။ အဖွဲ့ခေါင်းဆောင်များအဖြစ် အစေခံကြပြီး အလုပ်အချို့ကို ကြီးကြပ်ရေးတာဝန် ကိုင်တွယ်သည့် လူအချို့အတွက် အလုပ်အတွက် တာဝန်ကို ၎င်းတို့ စတင်ခံယူသည့်အချိန်တွင် ၎င်းတို့သည် စည်းမျဉ်းများကို သဘောမပေါက်ကြချေ။ ကျရှုံးမှုအချို့ကြုံရသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကို နားလည်လာကြပြီး မေးခွန်းများကို ရှာဖွေကာ မေးမြန်းခြင်းအားဖြင့် စည်းမျဉ်းများကို သဘောပေါက်လာကြလေသည်။ ထို့နောက် ဤစည်းမျဉ်းများကို အခြေခံ၍ ၎င်းတို့သည် ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်နိုင်ကြပြီး မိမိတို့ဘာသာ အလုပ်ကို ထမ်းရွက်နိုင်ကြသည်။ ဤသည်မှာ အစွမ်းအစရှိခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အခြားလူတို့အတွက် သင်သည် ၎င်းတို့ကို စည်းမျဉ်းအားလုံး ပြောပြနိုင်ပြီး ယင်းတို့ကို မည်သို့ အကောင်အထည်ဖော်ရမည်ကို အသေးစိတ်ပင် ဖော်ပြနိုင်ပြီး သင် ပြောသည့်အရာကို ၎င်းတို့ နားလည်ပုံရသော်လည်း အမှုအရာများကို လုပ်ဆောင်သည့်အခါ စည်းမျဉ်းများကို သဘောမပေါက်နိုင်ရှိကြဆဲ ဖြစ်သည်။ ထိုအစား မိမိတို့ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများကို မှီခိုကြပြီး ဤအရာ မှန်သည်ဟုပင် ယုံကြည်နေကြသည်။ သို့ရာတွင် စည်းမျဉ်းများနှင့်အညီ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်ခြင်း ရှိမရှိဟူသည်ကို ၎င်းတို့ ရှင်းလင်းစွာ မပြောနိုင်ကြသကဲ့သို့ အမှန်တကယ် မသိကြပေ။ အထက်က ၎င်းတို့ကို မေးခွန်းများမေးလျှင် ၎င်းတို့သည် ပျာယာခတ်လာကြပြီး မည်သည့်အရာ ပြောဆိုရမည်ကို မသိကြချေ။ အထက်က ကြီးကြပ်ရေးတာဝန်ကို ကိုင်တွယ်ကာ လမ်းညွှန်မှု ပေးသည့်အခါတွင်သာ ၎င်းတို့ ယုံကြည်စိတ်ချကြသည်။ ဤအရာက ၎င်းတို့၏ အစွမ်းအစ အလွန်ညံ့ဖျင်းသည်ကို ညွှန်ပြသည်။ ထိုသို့သော ညံ့ဖျင်းသည့် အစွမ်းအစနှင့်အတူ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို စိတ်ကျေနပ်ဖွယ်ပုံစံဖြင့် ထမ်းဆောင်ရန်မဆိုထားနှင့်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ ဖြည့်ဆည်းနိုင်ခြင်းမရှိ၊ သို့မဟုတ် သမ္မာတရား စည်းမျဉ်းများနှင့် လျော်ညီအောင် အသက်မရှင်နိုင်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် အရေးကြီးဆုံးဖြစ်သည်) အစွမ်းအစ ကောင်းတဲ့သူတွေက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားပြီးတဲ့အခါ အဓိကအချက်တွေကို နားလည်သဘောပေါက်နိုင်တယ်၊ ပြီးတော့ ဒီနှုတ်ကပတ်တော်တွေကနေ သူတို့က သမ္မာတရားကို နားလည်နိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိမြင်နိုင်တယ်၊ လက်တွေ့လုပ်ဆောင်မှုနဲ့ ဝင်ရောက်မှု လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ နောက်ပြီး အစွမ်းအစ ကောင်းတဲ့သူတွေက ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြပြီး အကင်းပါးကြတယ်။ အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ သူတို့က ဆက်စပ်တွေးခေါ်နိုင်ပြီး၊ ဘုရားသခင် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း တိတိကျကျ လက်တွေ့လုပ်ဆောင်နိုင်ကြတယ်။ တစ်ဖက်မှာကျတော့ အစွမ်းအစ ညံ့ဖျင်းတဲ့သူတွေက သမ္မာတရားကို သဘောပေါက်နားလည်ဖို့ ပိုအားနည်းတယ်၊ သိပ်အကင်းမပါးကြဘူး၊ ပြီးတော့ တရားဟောချက်တွေကို ဘယ်လောက်ပဲကြားကြား သူတို့ရဲ့ အသက်တာ ကြီးထွားမှုက နှေးကွေးတယ်။ ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေကို ဆုပ်ကိုင်နိုင်ဖို့ ရုန်းကန်ရပြီး၊ စည်းမျဉ်းစည်းကမ်းတွေကိုပဲ ပုံသေဖက်တွယ်ထားတတ်ကြလို့ သူတို့တာဝန်တွေရဲ့ ထိရောက်မှုက သိပ်မကောင်းကြဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ချင့်ချိန်စဉ်းစားရင်း၊ “စာနဲ့ပတ်သက်တဲ့ အလုပ်ကို ငါလုပ်နေတာ သုံးလေးနှစ်ရှိပြီ၊ စည်းမျဉ်းတွေကိုလည်း အများကြီး ကြားခဲ့ရပေမဲ့၊ သိပ်တိုးတက်မှု မရှိခဲ့ဘူး။ အထူးသဖြင့် နည်းနည်းလေး ရှုပ်ထွေးတဲ့ ပြဿနာတွေနဲ့ ကြုံလာရင် ခေါင်းရှုပ်သွားပြီး စည်းမျဉ်းစည်းကမ်းတွေကိုပဲ ပုံသေစောင့်ထိန်းဖြစ်တယ်။ ငါ အလုပ်တစ်ခု လုပ်ပြီးတိုင်း ခေါင်းဆောင်တွေက စစ်ဆေးပေးဖို့၊ လမ်းပြပေးဖို့ လိုနေတုန်းပဲ၊ ငါ့အလုပ်ရဲ့ ထိရောက်မှုကလည်း တော်တော်လေး ညံ့နေတယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်မိတယ်။ အဲဒီတော့မှပဲ ကျွန်မရဲ့ အစွမ်းအစက တကယ်ကို ညံ့ဖျင်းနေမှန်း သဘောပေါက်သွားတယ်။ အရင်တုန်းကတော့ ကျွန်မမှာ အစွမ်းအစ ကောင်းရှိတယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒါက သမ္မာတရား စည်းမျဉ်းတွေအပေါ် အခြေခံပြီး တိုင်းတာထားတာ မဟုတ်ဘဲ၊ ကိုယ့်အယူအဆတွေ၊ စိတ်ကူးတွေနဲ့ပဲ ဆုံးဖြတ်ထားခဲ့တာလေ။ အလုပ်တချို့ကို ကျွန်မ လုပ်နိုင်ပေမဲ့၊ ဒါက ကျွန်မမှာ အစွမ်းအစ ကောင်းရှိတယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ဒီအလုပ်ကို အချိန်အကြာကြီး လုပ်ခဲ့ပြီးတဲ့နောက်မှာ အလုပ်မှာ အတွေ့အကြုံတချို့ ရလာတာလောက်ပါပဲ။ ဒါပေမဲ့ တကယ် အစွမ်းအစ ကောင်းတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ယှဉ်လိုက်ရင်၊ ကျွန်မက တကယ်ကို လိုအပ်ချက်တွေ အများကြီး ရှိနေတုန်းပဲလေ။ ဒီအချိန်မှာ ကျွန်မရဲ့ တကယ့် အစွမ်းအစနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ အကဲဖြတ်မှုတစ်ခုကို ရရှိခဲ့ပြီး၊ ညီအစ်ကိုမောင်နှမတွေရဲ့ အကဲဖြတ်ချက်ကို ကျွန်မ ရင်ထဲကနေ လက်ခံ အသိအမှတ်ပြုနိုင်လာတယ်။ ကျွန်မရဲ့ အစွမ်းအစ သိပ်မကောင်းပေမဲ့လည်း၊ အသင်းတော်က စာနဲ့ပတ်သက်တဲ့ အလုပ်ကို လုပ်ဖို့ အခွင့်အရေး ပေးထားတုန်းပဲ။ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ ကျွန်မ အသိစိတ် ကင်းမဲ့နေလို့ မဖြစ်ဘူး၊ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်ဖို့ တက်တက်ကြွကြွ အလုပ်လုပ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရမယ်။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး၊ ကောင်းချီးရဖို့ လိုက်စားတာနဲ့ ပတ်သက်တဲ့ ကျွန်မရဲ့ မှားယွင်းတဲ့ အမြင်ကို နည်းနည်းပြင်ဆင်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “ကောင်းချီးများအား လိုက်စားခြင်းကို ရည်မှန်းချက်တစ်ခုအဖြစ် မှတ်ယူခြင်းသည် မည်သည့်ပုံစံဖြင့် မှားယွင်းသနည်း။ ယင်းသည် သမ္မာတရားနှင့် လုံးလုံးဆန့်ကျင်ပြီး လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ ရည်ရွယ်ချက်ဖြင့် ထပ်တူညီခြင်းမရှိ။ ကောင်းချီးခံစားရခြင်းသည် လူတို့လိုက်စားရန်အတွက် သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု မဟုတ်သောကြောင့် အဘယ်အရာက သင့်တင့်လျောက်ပတ်သည့် ရည်မှန်းချက်တစ်ခု ဖြစ်သနည်း။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲမှုများကို လိုက်စားခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများဖြင့် အစီအစဉ်များအားလုံးကို ကျိုးနွံနာခံနိုင်ခြင်း၊ ဤအရာတို့သည် လူတို့ လိုက်စားသင့်သည့် ရည်မှန်းချက်များဖြစ်သည်။ ဥပမာအားဖြင့် ပြုပြင်ခံရခြင်းက သင့်ကို အယူအဆများ၊ နားလည်မှုလွဲခြင်းများဖြစ်စေပြီး သင်သည် ကျိုးနွံနာခံခြင်းကို မလုပ်ဆောင်နိုင် ဖြစ်လာသည်ဆိုပါစို့။ အဘယ့်ကြောင့် မကျိုးနွံမနာခံနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ကောင်းချီးခံစားရဖို့ဖြစ်သည့် သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အိပ်မက်ကို ခက်ခဲသွားစေသည်ဟု သင် ခံစားရခြင်းကြောင့်ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်လာပြီး စိတ်မကောင်းဖြစ်လာသည်။ ပြီးလျှင် သင်၏တာဝန်ကို စွန့်လွှတ်လိုသည်။ ဤအရာအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ သင်၏ အားထုတ်လိုက်စားမှုတွင် ပြဿနာတစ်ခုရှိသည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤမှားယွင်းသော စိတ်ကူးများကို သင် ချက်ချင်းစွန့်ပစ်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ချက်ချင်းရှာဖွေရန် အလွန်အရေးကြီးသည်။ သင်သည် မိမိကိုယ်ကို ‘ငါ နုတ်ထွက်၍မဖြစ်။ ဖန်ဆင်းခံတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ကို ငါ ကောင်းစွာထမ်းဆောင်ရဦးမည်ဖြစ်ပြီး ကောင်းချီးခံစားရဖို့ ငါ၏ ဆန္ဒကို ဘေးချထားရမည်’ ဟူ၍ ပြောသင့်သည်။ သင်သည် ကောင်းချီးခံစားရဖို့ ဆန္ဒကို စွန့်လွှတ်ပြီး သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သောအခါတွင် သင်၏ ပခုံး၌ ဝန်တစ်ခုပေါ့သွားသည်။ သင်သည် အပျက်သဘောဆောင်နိုင်စွမ်း ရှိဦးမည်လော။ သင် အပျက်သဘောဆောင်သည့် အချိန်များရှိဆဲဖြစ်သော်လည်း သင်က ဤအရာကို သင့်အား ဘောင်ခတ်ခွင့်မပြုဘဲ သင်၏ စိတ်နှလုံးတွင် ဆက်လက်၍ ဆုတောင်းကာ ကြိုးစားသည်။ သင်၏ လိုက်စားမှု ရည်မှန်းချက်ကို ကောင်းချီးခံရခြင်းနှင့် ခရီးပန်းတိုင်တစ်ခုထားရှိခြင်းမှ သမ္မာတရား လိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲပြီး ‘သမ္မာတရားကို လိုက်စားခြင်းသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ဖြစ်သည်။ ယနေ့တွင် သမ္မာတရားအချို့ကို နားလည်ရန်အတွက် ပိုကောင်းသော အကျိုးတရားမရှိ။ ဤသည်မှာ အားလုံးထဲတွင် အကြီးမြတ်ဆုံးကောင်းချီးဖြစ်သည်။ ဘုရားသခင်က ငါ့အား အလိုမရှိလျှင်ပင်၊ ငါသည် ကောင်းမွန်သော ခရီးပန်းတိုင်မရှိဘဲ ငါ၏ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်များ ကြေမွသွားခဲ့လျှင်ပင် ငါ၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ဦးမည်။ ငါ ထိုသို့လုပ်ဆောင်ရန် ဝတ္တရားရှိသည်။ ငါ၏ တာဝန်ကို သင့်တင့်လျောက်ပတ်စွာ ထမ်းဆောင်ရာတွင် မည်သည့်အကြောင်းပြချက်ကိုမျှ ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ငါ ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ရာတွင် ထိခိုက်ခွင့်ပေးမည် မဟုတ်။ ဤသည်မှာ ငါပြုမူနေထိုင်သည့် စည်းမျဉ်းဖြစ်သည်’ ဟူ၍ သင် စဉ်းစားသည်။ ဤတွင် သင်သည် ဇာတိပကတိ၏ ဘောင်ခတ်မှုများကို ကျော်လွန်ပြီးဖြစ်သည်မဟုတ်လော။ အချို့က ‘ကောင်းပြီ၊ ငါ အပျက်သဘောဆောင်နေသေးလျှင် အဘယ်သို့ လုပ်ရမည်နည်း’ဟု ဆိုကောင်းဆိုနိုင်သည်။ သို့ဆိုလျှင် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို တစ်ဖန်ရှာဖွေလော့။ အပျက်သဘောဆောင်ခြင်းထဲသို့ အကြိမ်မည်မျှ သင် ကျရောက်ပါစေ ယင်းကို ဖြေရှင်းရန် သမ္မာတရားကိုသာ သင် ရှာဖွေမြဲ ရှာဖွေပြီး သမ္မာတရားအတွက် ကြိုးပမ်းမြဲ ကြိုးပမ်းပါက သင်၏ အပျက်သဘောဆောင်ခြင်းမှ တဖြည်းဖြည်း သင် လွတ်လာလိမ့်မည် ဖြစ်သည်။ တစ်နေ့တွင် သင်သည် ကောင်းချီးများရရှိရန် စိတ်ဆန္ဒမရှိဟု ခံစားရလိမ့်မည်ဖြစ်ပြီး သင်၏ ခရီးပန်းတိုင်နှင့် ရလဒ်များ၏ ဘောင်ခတ်ခြင်းကို မခံရတော့သကဲ့သို့ ဤအရာများဖြင့် အသက်မရှင်ဘဲ သင်သည် ပိုမို အေးဆေးကာ ပိုမိုလွတ်လပ်သည်ကို သင် ခံစားရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသက်ဝင်ရောက်မှု ရရှိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏) ဘုရားနှုတ်ကပတ်တော်တွေကနေ မှန်ကန်တဲ့ လိုက်စားရမဲ့ ပန်းတိုင်ကို ကျွန်မ ရှာတွေ့ခဲ့တယ်။ ယုံကြည်ခြင်းဆိုတာ ကောင်းချီးတွေ ရဖို့အတွက် မဖြစ်သင့်ဘူး၊ သမ္မာတရားကို လိုက်စားဖို့၊ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားဖို့နဲ့ ဘုရားသခင်ကို ကျိုးနွံနာခံမှု ရရှိဖို့ ဖြစ်သင့်တယ်။ ကျွန်မမှာ ကောင်းမွန်တဲ့ အဆုံးသတ်၊ ဒါမှမဟုတ် ပန်းတိုင်တစ်ခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ကျွန်မက ဖန်ဆင်းခံတစ်ဦးပါ၊ ဒါကြောင့် ဖန်ဆင်းခံတစ်ဦးအနေနဲ့ ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုးကွယ်သင့်တယ်၊ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။ ဒါဟာ ဖန်ဆင်းခံတစ်ဦးမှာ ရှိသင့်တဲ့ ဆင်ခြင်တုံတရားပဲလေ။ ကျွန်မတို့ရဲ့ ကယ်တင်ခြင်းအတွက် ဘုရားသခင် တောင်းဆိုထားတဲ့ စံသတ်မှတ်ချက် ဆယ့်တစ်ချက်ကို ကျွန်မ သတိရသွားတယ်၊ အဲဒီအထဲက တစ်ချက်က ဒီလိုပြောထားတယ်၊ “သင်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်ပါက၊ ဝတ်ကျေတမ်းကျေဆန်မှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း တစ်ခုမျှ မပါဘဲ၊ သင်သည် ငါ့ကို သစ္စာရှိရှိ အစေခံမှု ပေးနိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)) ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ကိုယ်ပိုင် လိုအင်ဆန္ဒတွေ၊ တောင်းဆိုမှုတွေ တကယ်ကို မပါဝင်သင့်ဘူး၊ ဘုရားသခင်က အမှုအရာတွေကို ဘယ်လိုပဲ စီစဉ်ညွှန်ကြားပါစေ၊ ကိုယ့်အတွက် ရွေးချယ်ဖို့ မကြိုးစားဘဲ ကျိုးနွံနာခံသင့်ပါတယ်။ ဘုရားသခင်က ကျွန်မကို အစေခံသူလို့ ပြောရင်တောင်မှ၊ ဘုရားသခင်အတွက် သစ္စာရှိရှိ အစေခံပြီး ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်နေရာမှာကိုယ် ရပ်တည်သင့်သေးတာပေါ့။ ဒီတစ်ကြိမ် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ညံ့ဖျင်းတဲ့ အစွမ်းအစရှိတယ်လို့ အကဲဖြတ်တာကို ကြားခဲ့ရတာဟာ ဘုရားသခင် ခွင့်ပြုထားတာဖြစ်ပြီး၊ ကျွန်မ သင်ယူရမဲ့ သင်ခန်းစာတစ်ခု ရှိနေလို့ပါ။ ဒီအခြေအနေကတစ်ဆင့် ကောင်းချီးရဖို့အတွက် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတဲ့ ကျွန်မရဲ့ စက်ဆုပ်စရာကောင်းတဲ့ ရည်ရွယ်ချက်တွေ ထုတ်ဖော်ခံခဲ့ရတယ်၊ ဒါကြောင့် ဘာကို လိုက်စားရမလဲဆိုတာနဲ့ ပတ်သက်တဲ့ အရင်က မှားယွင်းတဲ့ အမြင်တွေကို ချက်ချင်း သတိပြုမိ၊ နောင်တရပြီး ပြုပြင်ခွင့်ရခဲ့တယ်လေ။ ဒါဟာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာပါပဲ။ ဒါသာမရှိရင်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သိမှာမဟုတ်သလို၊ သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခံရဖို့ လမ်းကြောင်းပေါ် လျှောက်လှမ်းဖို့လည်း ကျွန်မအတွက် ခက်ခဲမှာပါ။ ဒီလို သဘောပေါက်သွားတော့၊ ဒီအခြေအနေကို အတိုက်အခံလုပ်ချင်စိတ် မရှိတော့ဘူး၊ ကျွန်မရဲ့ အနာဂတ်၊ ဒါမှမဟုတ် ပန်းတိုင်အတွက်လည်း စိုးရိမ်ပူပန်ချင်တဲ့စိတ်၊ စိတ်ပူချင်တဲ့စိတ် မရှိတော့ဘူး။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်၊ အဲဒါက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “‘ငါ့အစွမ်းအစက နည်းသော်လည်း ငါ့ထံတွင် ရိုးသားသည့် နှလုံးသားတစ်ခု ရှိသည်’ ဤစကားလုံးများသည် အလွန်စစ်မှန်သည်ဟု ထင်ရပြီး ဘုရားသခင်က လူများကို လုပ်ဆောင်ခိုင်းသည့် သတ်မှတ်ချက်တစ်ခုအကြောင်းကို ပြောသည်။ မည်သည့်လိုအပ်ချက်နည်း။ လူများသည် အစွမ်းအစနည်းပါက ယင်းသည် ကမ္ဘာပျက်သောကိစ္စ မဟုတ်ပေ၊ သို့သော် သူတို့တွင် ရိုးသားသောနှလုံးသားတစ်ခု ပိုင်ဆိုင်ရမည်၊ ထိုသို့ပိုင်ဆိုင်လျှင် သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရနိုင်လိမ့်မည်။ သင့်အခြေအနေ သို့မဟုတ် နောက်ကြောင်းရာဇဝင်က မည်သို့ပင်ရှိစေ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်၊ ရိုးရိုးသားသား ပြောဆိုရမည်၊ ရိုးရိုးသားသား ပြုမူရမည်၊ သင့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှဖြင့် ထမ်းဆောင်နိုင်ရမည်၊ သင့်တာဝန်ကို သစ္စာစောင့်သိရမည်၊ ဖြတ်လမ်းမလိုက်ရ၊ စိတ်မချရသော သို့မဟုတ် လိမ်လည်လှည့်ဖြားတတ်သောသူတစ်ဦး မဖြစ်ရ၊ မုသားမပြောရ သို့မဟုတ် မလှည့်စားရ၊ စကားကို ဝေ့လည်ကြောင်ပတ် မပြောရ။ သင်သည် သမ္မာတရားအတိုင်း ပြုမူရမည်ဖြစ်ပြီး သမ္မာတရားလိုက်စားသော သူတစ်ဦးဖြစ်ရမည်။ လူများစွာက သူတို့သည် အစွမ်းအစညံ့ပြီး သူတို့၏ တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ဟုဖြစ်စေ၊ စံနှုန်းပြည့်မီအောင် မလုပ်ဆောင်ဟုဖြစ်စေ ထင်ကြသည်။ သူတို့ လုပ်ဆောင်သည့်အရာတွင် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း စည်းမျဉ်းများကို သူတို့ မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ကြချေ။ ပြီးလျှင် အလွန်ကောင်းမွန်သော ရလဒ်များရအောင် မလုပ်နိုင်ကြသေးပေ။ နောက်ဆုံးတွင် သူတို့လုပ်နိုင်သမျှအားလုံးမှာ သူတို့သည် အစွမ်းအစ ညံ့လွန်းသည်ဟု မကျေမနပ်ပြောကြပြီး အပျက်သဘောဆောင်လာကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ လူတစ်ယောက်သည် အစွမ်းအစညံ့နေသည့်အခါတွင် ရှေ့ဆက်ရန်လမ်း မရှိတော့သလော။ အစွမ်းအစ ညံ့ခြင်းသည် သေစေနိုင်သောရောဂါတစ်ခု မဟုတ်ပေ၊ သည့်ပြင် ဘုရားသခင်က အစွမ်းအစညံ့သောလူများကို သူမကယ်တင်ပါဟု မည်သည့်အခါကမှ မပြောခဲ့ပေ။ ဘုရားသခင်သည် ရိုးသားသော်လည်း မသိနားမလည်သော သူများကြောင့် သူဝမ်းနည်းကြေကွဲရသည်ဟု ယခင်က ပြောခဲ့သည်။ မသိနားမလည်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ကိစ္စအတော်များများတွင် မသိနားမလည်ခြင်းသည် အစွမ်းအစညံ့ခြင်းမှ လာသည်။ လူများ အစွမ်းအစညံ့သောအခါ သူတို့ သမ္မာတရားအကြောင်း နားလည်ခြင်းသည် ပေါ့တန်လေသည်။ တိကျမှု သို့မဟုတ် လက်တွေ့ကျမှု လုံလုံလောက်လောက် မရှိချေ။ ပြီးလျှင် မကြာခဏ အပေါ်ယံအဆင့် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်သာ နားလည်ခြင်းဖြင့် အကန့်အသတ်ရှိနေသည်၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ နားလည်ခြင်းဖြင့် အကန့်အသတ် ရှိနေသည်။ ထို့ကြောင့်သာ သူတို့သည် ပြဿနာများစွာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘဲ သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ခြင်း သို့မဟုတ် သူတို့၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် အစွမ်းအစ ညံ့သောလူများကို အလိုမရှိသလော။ (သူအလိုရှိပါသည်။) ဘုရားသခင်က မည်သည့်လမ်းကြောင်းနှင့် ဦးတည်ရာတို့ဆီသို့ လူများကို ညွှန်ပြသနည်း။ (ရိုးသားသောလူတစ်ယောက်ဖြစ်ခြင်းဆီသို့ ညွှန်ပြပါသည်။) ထိုသို့ပြောရုံမျှဖြင့် သင်သည် ရိုးသားသော လူတစ်ယောက် ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ၊ သင့်တွင် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များ ရှိရမည်။) ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါတပါ မဖြစ်ခြင်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ ဘုရားအိမ်တော်မှ သင့်အား အပ်နှံထားသော လုပ်ငန်းဆောင်တာများကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြှုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) လူတစ်ယောက်ရဲ့ အစွမ်းအစဆိုတာ သူတို့ ကယ်တင်ခံရနိုင်သလားဆိုတာကို တိုင်းတာတဲ့ စံနှုန်းတစ်ခု မဟုတ်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်၊ အဓိကကျတာက လူတစ်ယောက်ဟာ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သလားဆိုတာနဲ့ အဆုံးမှာ သူတို့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲသွားသလား ဆိုတာပါပဲ။ တချို့လူတွေအတွက်တော့၊ သူတို့ရဲ့ အစွမ်းအစက ညံ့ဖျင်းပြီး သမ္မာတရားကို သဘောပေါက်နားလည်တာ နှေးပေမဲ့ သမ္မာတရားကို လိုက်စားကြတယ်၊ ရိုးသားတဲ့လူတွေဖြစ်ဖို့ လက်တွေ့လုပ်ဆောင်ကြတယ်၊ ပြီးတော့ သူတို့ရဲ့ တာဝန်တွေမှာ စိတ်နှစ်ပြီး အစွမ်းကုန် အားထုတ်ကြတယ်။ ဒီလိုလူမျိုးတွေက အဆုံးမှာ ကယ်တင်ခံရနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တွေးကြည့်တော့၊ ကျွန်မရဲ့ အစွမ်းအစက ညံ့ဖျင်းတယ်၊ ပြီးတော့ စည်းမျဉ်းစည်းကမ်းတွေကိုပဲ ပုံသေစောင့်ထိန်းဖြစ်လို့ ရလဒ်ကောင်းတွေ မရခဲ့ဘူး။ ဒါက ကျွန်မရဲ့ လက်တွေ့ အခြေအနေပါပဲ။ ဒါပေမဲ့ အစွမ်းအစ ညံ့ဖျင်းတာက သေနိုင်လောက်တဲ့ ရောဂါတစ်ခု မဟုတ်ဘူးလို့ ဘုရားသခင်က ပြောထားပါတယ်။ ကျွန်မရဲ့ အစွမ်းအစက ညံ့ဖျင်းပြီး သမ္မာတရားကို နားလည်သဘောပေါက်တာ နှေးကွေးတယ်ဆိုတော့၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအပေါ်မှာ ပိုပြီး အားထုတ်သင့်တယ်။ အထက်က တရားဟောချက်တွေနဲ့ မိတ်သဟာယတွေကို ပိုနားထောင်သင့်တယ်၊ ဘာပြဿနာ၊ ဘာအခက်အခဲဖြစ်ဖြစ် ညီအစ်ကိုမောင်နှမတွေနဲ့ ပိုပြီး ရှာဖွေ၊ မိတ်သဟာယပြု၊ ဆွေးနွေးသင့်တယ်။ ဒီလိုလုပ်ရင် ကျွန်မ တိုးတက်လာနိုင်ပြီး တကယ့် အလုပ်တချို့ကို လုပ်နိုင်မှာပါ။ အသင်းတော်မှာ ထုတ်ဖော်ခံရတဲ့ ခေါင်းဆောင်တုတွေနဲ့ အန္တိခရစ်တွေ အကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ တချို့က အစွမ်းအစကောင်းနဲ့ ဆုကျေးဇူးတွေ ရှိကြတယ်၊ ဒါပေမဲ့ သူတို့က သမ္မာတရားကို လုံးဝ မလိုက်စားဘဲ၊ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ တာဝန်တွေကို ထမ်းဆောင်ခဲ့လို့၊ နောက်ဆုံးမှာ အသင်းတော်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့ကြတယ်၊ အဲဒီလိုနဲ့ သူတို့ နှင်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတာပဲ။ တချို့ ညီအစ်ကိုမောင်နှမတွေမှာ အစွမ်းအစ ကောင်းကောင်း ရှိချင်မှရှိနိုင်မယ်၊ ဘုရားနှုတ်ကပတ်တော်တွေကနေ သူတို့ နားလည်ထားတာတွေကို လက်တွေ့လုပ်ဆောင်ကြတယ်၊ ကိုယ့်တာဝန်ကို စိတ်ပါလက်ပါ ကြိုးကြိုးစားစား လုပ်ကြတယ်၊ ပြီးတော့ အသင်းတော်က ဘယ်လိုတာဝန်မျိုးပဲ စီစဉ်ပေးပေး ကျိုးနွံနာခံကြတယ်။ သူတို့က မှန်ကန်တဲ့သူတွေ ဖြစ်တဲ့အတွက်၊ မှန်ကန်တဲ့ စိတ်နှလုံး ရှိကြပြီး၊ ဘုရားသခင်နဲ့ သူတို့ရဲ့ တာဝန်တွေအပေါ် ရိုးသားတဲ့ သဘောထား ရှိကြလို့၊ သူတို့တာဝန်တွေမှာ ရလဒ်တချို့ ရနိုင်ကြတာပေါ့။ ဟုတ်တာပေါ့၊ လူတစ်ယောက်ရဲ့ အစွမ်းအစက တကယ်ကို ညံ့ဖျင်းနေမယ်၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေ၊ ဒါမှမဟုတ် သမ္မာတရားကို လုံးဝနီးပါး နားမလည်နိုင်တဲ့ အဆင့်အထိ ဖြစ်နေမယ်ဆိုရင်တော့၊ သမ္မာတရားကို ရဖို့၊ အသက်စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိဖို့နဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို ခံရဖို့ သူတို့အတွက် ခက်ခဲသွားမှာပါ။ ဒါကလည်း လက်တွေ့ အခြေအနေပါပဲ။ ဒါကြောင့် လူတစ်ယောက် ကယ်တင်ခံရနိုင်သလားဆိုတာက၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို နားလည်နိုင်သလား၊ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သလား၊ ပြီးတော့ သူတို့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲသွားသလား ဆိုတာတွေအပေါ်မှာ မူတည်ပါတယ်။ ဒါတွေက အရေးအကြီးဆုံး အရာတွေပါပဲ။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ပြီး လက်တွေ့လုပ်ဆောင်ရမဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီး ပိုရှင်းသွားတယ်။ ဘုရားသခင်က ပြောသည် “လူတို့၏ အရည်အချင်း မြှင့်တင်ခြင်းဆိုသည်မှာ သင်တို့အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး ၎င်းတို့နှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ရမည်ကို သိရှိဖို့အလို့ငှာ သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်းများကို တိုးတက်စေဖို့ သတ်မှတ်ခြင်းဟု ဆိုလိုပေသည်။ ဤသည်မှာ အားလုံးထဲတွင် အခြေခံကျဆုံး သတ်မှတ်ချက် ဖြစ်သည်။ ငါပြောသည့် အရာကို နားမလည်ဘဲ ငါ့နောက်သို့ သင် လိုက်ပါက၊ သင်၏ ယုံကြည်ခြင်းသည် မရေမရာ ဖြစ်နေသည် မဟုတ်လော။ နှုတ်ကပတ်တော် မည်မျှ ငါ မိန့်မြွက်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များကို သင်တို့ လက်လှမ်းမမီနိုင်ပါက၊ မည်သည့်အရာကို ငါပြောသည်ဖြစ်စေ သင်တို့ သိပ်နားမလည်ပါက၊ ဤသည်မှာ သင်တို့ အရည်အချင်းညံ့ဖျင်းသည်ဟု ဆိုလိုပေသည်။ သဘောပေါက်နားလည်နိုင်စွမ်းများ မရှိဘဲ၊ ငါပြောသည့်အရာများထဲမှ မည်သည့်အရာကိုမျှ သင်တို့ နားမလည်ပေ၊ ယင်းက လိုချင်သော အကျိုးဆက်ကို ရရှိဖို့ အလွန်ခက်ခဲစေသည်။ သင်တို့ကို ငါ တိုက်ရိုက် ပြော၍မရသည့် အရာများစွာရှိနေပြီး၊ ရည်ရွယ်သည့် အကျိုးဆက်ကိုလည်း မရရှိနိုင်၊ ထို့ကြောင့် နောက်ထပ်အလုပ် လိုအပ်ပေသည်။ သင်တို့၏ သဘောပေါက်နားလည်နိုင်စွမ်း၊ အမှုအရာများကို သိမြင်နိုင်စွမ်းနှင့် သင် အသက်ရှင်သည့် စံနှုန်းများသည် မပြည့်ဝလွန်းသည့်အတွက်၊ ‘အရည်အချင်း မြှင့်တင်ခြင်း’ အလုပ်ကို သင်တို့တွင် ဆောင်ရွက်ရမည်ဖြစ်သည်။ ဤအရာကို ရှောင်လွှဲမရသကဲ့သို့၊ အခြားနည်းလမ်းလည်း မရှိပေ။ ဤသို့ဖြင့်သာ အချို့သော အကျိုးဆက်များကို ရရှိနိုင်ပေသည်။ သို့မဟုတ်ပါက၊ ငါပြောသမျှသော နှုတ်ကပတ်တော်အားလုံးသည် အချည်းနှီး ဖြစ်လိမ့်မည်။ ထိုအခါ သင်တို့အားလုံးသည် အပြစ်သားများအဖြစ် သမိုင်းတွင်သွားကြလိမ့်မည် မဟုတ်လော။ သင်တို့သည် ကမ္ဘာမြေ၏ လူဖျင်းများ ဖြစ်သွားကြလိမ့်မည် မဟုတ်လော။ သင်တို့၌ မည်သည့်အမှု ဆောင်ရွက်လျက်ရှိပြီး သင်တို့ကို မည်သည့်အရာ တောင်းဆိုထားသည်ကို သင်တို့ မသိကြသလော။ သင်တို့၏ ကိုယ်ပိုင်အရည်အချင်းကို သင်တို့ သိသင့်သည်။ ယင်းသည် ငါ၏ သတ်မှတ်ချက်များကို လုံးဝ မဖြည့်ဆည်းပေ။ ဤအရာက ငါ၏အမှုကို နှောင့်နှေးစေသည် မဟုတ်လော။ သင်တို့၏ လက်ရှိ အရည်အချင်းနှင့် လက်ရှိ သင်၏ အကျင့်စရိုက် အခြေအနေပေါ် အခြေခံ၍၊ သင်တို့ထဲမှ မည်သူမျှ ငါ့ကို သက်သေခံဖို့ မသင့်တော်သကဲ့သို့ ငါ၏ အနာဂတ်အမှုနှင့်ဆိုင်သည့် လေးလံသော တာဝန်များကို ထမ်းဆောင်ခြင်း အလုပ်ကို သင်တို့မည်သူမျှ မထမ်းဆောင်နိုင်ပေ။ သင်တို့ အလွန်အမင်း အရှက်မရကြသလော။ ဤသို့ သင် ဆက်ဖြစ်နေပါက၊ ငါ၏ ရည်ရွယ်ချက်များကို သင် အဘယ်သို့ ဖြည့်ဆည်းနိုင်မည်နည်း။ သင်သည် သင်၏အသက်တာကို အစွမ်းကုန် အသက်ရှင်သင့်၏။ အချိန်ကို အလဟဿ မကုန်စေနှင့်။ ထိုသို့ အချိန်ကုန်စေခြင်းသည် တန်ဖိုးမရှိပေ။ မည်သည့်အရာများဖြင့် သင် ပြင်ဆင်ထားသင့်သည်ကို သင် သိသင့်သည်။ မိမိကိုယ်ကိုယ် ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်သူဟု မထင်လေနှင့်၊ သင် သွားရမည့် ခရီးဝေးသေး၏။ သင်သည် လူ့သဘာဝ၏ အနိမ့်ဆုံး သာမန်အသိစိတ်ပင် မပိုင်ဆိုင်ပါက၊ နောက်ထပ် မည်သည့်အရာ ပြောစရာရှိသနည်း။ ထိုအရာအားလုံး အချည်းနှီး ဖြစ်သည်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစွမ်းအစကို မြှင့်တင်ခြင်းသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရေးအတွက် ဖြစ်သည်) ကျွန်မရဲ့ အစွမ်းအစက ညံ့ဖျင်းတယ်၊ သမ္မာတရားထဲကို ဝင်ရောက်တာ နှေးကွေးပြီး တခြားသူတွေထက် အလုပ်စွမ်းဆောင်ရည် နိမ့်ကျနေပေမဲ့၊ ကိုယ့်ကိုယ်ကိုယ် လက်မလျှော့လိုက်နိုင်ဘူး၊ အပျက်သဘော မဆောင်နိုင်ဘူး၊ နောက်မတွန့်နိုင်ဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ သမ္မာတရားအတွက် တက်တက်ကြွကြွ ကြိုးစားရမယ်၊ သက်ဆိုင်ရာ စည်းမျဉ်းတွေကို သင်ယူရမယ်၊ ကိုယ့်အစွမ်းအစကို တိုးတက်အောင်လုပ်ပြီး၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အကောင်းဆုံး ကြိုးစားရမယ်။ ညီအစ်ကိုမောင်နှမတွေဆီက ဒီအကဲဖြတ်ချက်သာ မရခဲ့ရင်၊ ကိုယ့်ကိုယ်ကိုယ် သိခဲ့မှာ မဟုတ်ဘူးလေ။ ကျွန်မမှာ အစွမ်းအစကောင်း ရှိတယ်၊ အလုပ်တချို့ကို လုပ်နိုင်စွမ်းရှိတယ်လို့ အမြဲ ထင်ခဲ့ပြီး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး၊ ကျေနပ်နေတဲ့ အခြေအနေမှာ နေထိုင်ခဲ့တာကိုး။ ဒီအတိုင်းသာ ဆက်သွားနေရင်၊ ဘယ်တော့မှ ဘာတိုးတက်မှုမှ ရမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတော့၊ ကိုယ့်ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစရဲ့ ဘောင်ခတ်တာကို မခံရတော့ဘူး၊ ဒီတာဝန်မှာ ဘယ်လောက်ကြာကြာ ဆက်ထမ်းဆောင်ရပါစေ၊ တာဝန်မှာ ကျွန်မရဲ့ ခွန်အားတွေကို ပေးအပ်ပြီး ဆက်ကြိုးစားသွားဖို့ ဆန္ဒရှိပါတယ်။ တစ်နေ့နေ့ကျလို့ ကျွန်မရဲ့ အစွမ်းအစက မလုံလောက်တော့ဘဲ တခြားတာဝန်တစ်ခုကို ထပ်ပြောင်းခံရမယ်ဆိုရင်တောင်၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်မရဲ့ အစွမ်းအစ တိုးတက်လာဖို့ စတင် အာရုံစိုက်လာတယ်။ ကျွန်မရဲ့ တာဝန်မှာ တက်တက်ကြွကြွ လေ့လာတယ်၊ သုတေသနလုပ်တယ်၊ အရင်တာဝန်တွေတုန်းက အမှားတွေ၊ လမ်းလွဲတာတွေကို ဆင်ခြင်သုံးသပ်ပြီး အကျဉ်းချုပ်တယ်၊ ပြီးတော့ စည်းမျဉ်းတွေအတိုင်း အလုပ်လုပ်ဖို့ အာရုံစိုက်လာတယ်။ ကျွန်မတောင် မသိလိုက်ဘဲနဲ့၊ တာဝန်တွေမှာ တိုးတက်မှုတချို့ စရရှိလာတယ်၊ ကြိုးကြိုးစားစား လုပ်လာတာနဲ့အမျှ တာဝန်တွေမှာ ကျွန်မရဲ့ စွမ်းဆောင်ရည်ကလည်း တိုးတက်လာတယ်။

ဒီအတွေ့အကြုံကနေတစ်ဆင့်၊ ကျွန်မအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကို ခံစားရတယ်၊ ပြီးတော့ အစွမ်းအစ မတူညီတဲ့ လူတွေအတွက် ဘုရားသခင်မှာ မတူညီတဲ့ တောင်းဆိုမှုတွေ ရှိတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ လူတစ်ယောက်မှာ ဘယ်လို အစွမ်းအစမျိုးပဲ ရှိနေပါစေ၊ သမ္မာတရားကို ရိုးရိုးသားသား လိုက်စားပြီး ကိုယ့်တာဝန်တွေမှာ သစ္စာရှိရှိ၊ ကျိုးနွံနာခံမယ်ဆိုရင်၊ သူတို့ ဘယ်သူပဲဖြစ်နေပါစေ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိပါတယ်။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်မှုပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါင်းဆောင်တစ်ဦး မဖြစ်လိုခြင်း၏ နောက်ကွယ်တွင် မည်သည့်အရာ ကွယ်ဝှက်နေသနည်း

ပက်ထရီရှာ၊ တောင်ကိုရီးယားနိုင်ငံ၂၀၂၄ ခုနှစ်၊ မေလအစပိုင်းမှာ ကျွန်မက အသင်းတော်မှာ အကတာဝန်ကို ထမ်းဆောင်နေခဲ့တယ်။ တစ်ညနေမှာ ခရိုင်ခေါင်းဆောင်က...

အသိပညာမရှိတာဟာ အကြောင်းပြချက်မဟုတ်ပါဘူး

၂၀၂၁ ခုနှစ် မေလမှာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ ကျွန်မရွေးချယ်ခံရပြီး ကျွန်မတို့ရဲ့ဗီဒီယိုထုတ်လုပ်ရေးပိုင်းကို အဓိကအနေနဲ့...

တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားလိုက်စားဖို့ လို၏

ဆွန်ယု နယ်သာလန်နိုင်ငံ လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်ကို ကျွန်မစတင်လက်တွေ့လုပ်ဆောင်ခဲ့သည်။ ဤတာဝန်ကို...

ဘဝမှာရှိတဲ့ အသေးအဖွဲကိစ္စတွေဟာလည်း သင်ယူစရာ အခွင့်အလမ်းတွေ ဖြစ်ပါတယ်

ချင်းရှင်း၊ တရုတ်ပြည်အချိန်ကာလတစ်ခုကြာတဲ့အထိ တရုတ်ကွန်မြူနစ်ပါတီက လိုက်ဖမ်းတာကိုရှောင်ဖို့ ကျွန်မက ဧည့်ခံအိမ်တစ်အိမ်မှာ ပုန်းပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။