ကျွန်တော် ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် သဘောထားတတ်လာပြီ
တယ်ရီ၊ အီတလီနိုင်ငံ၂၀၂၄ ခုနှစ်မှာ၊ ခေါင်းဆောင်က ကျွန်တော့်ကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေမှာ သရုပ်ဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ငယ်ငယ်ကတည်းက ကျွန်မက ရှက်တတ်ပြီး ဉာဏ်ထိုင်းတယ်။ ကျွန်မက မလည်ဘူး၊ ထိုင်းတယ်လို့ မိသားစုဝင်တွေအားလုံးက ပြောကြတယ်။ ဒါ့အပြင် ကျွန်မက စကားပြောလည်း မကျွမ်းကျင်တော့ လူအများကြီးရှေ့မှာ စကားပြောရရင် လွယ်လွယ်နဲ့ စိတ်လှုပ်ရှားတတ်တယ်။ စိတ်လှုပ်ရှားလာတာနဲ့ ခေါင်းထဲမှာ ဗလာဖြစ်သွားလို့ အမြဲလိုလို နှုတ်ဆိတ်နေတတ်တယ်။ ကျောင်းမှာ ဆရာမက မေးခွန်းတစ်ခုမေးရင် အတန်းဖော်တွေအားလုံးက တက်တက်ကြွကြွ ဖြေကြပေမဲ့၊ ကျွန်မကတော့ အဖြေကို သိနေရင်တောင် မဖြေရဲဘူး။ ဆရာမက နာမည်ခေါ်တာကိုပဲ ငြိမ်ပြီး စောင့်ရင်စောင့်တယ်၊ ဒါမှမဟုတ် စိတ်ထဲကနေပဲ တိတ်တိတ်လေး ဖြေဖြစ်တယ်။ မိသားစုနဲ့ သူငယ်ချင်းတွေ အကုန်လုံးကလည်း ကျွန်မကို ဉာဏ်ထိုင်းတယ်၊ စကားပြောမတတ်ဘူးလို့ ပြောကြတယ်။ နှေးတဲ့ငှက်တွေက သူတို့ရဲ့ စွမ်းဆောင်ရည်အားနည်းချက်ကို ကာမိအောင် တခြားငှက်တွေထက်အရင် စပြီးပျံသန်းရတယ်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကိုလည်း အဖေက ခဏခဏ ပြောပြတတ်တယ်။ အချိန်တွေကြာလာတော့ ကျွန်မကိုယ်တိုင်လည်း နည်းနည်းထိုင်းတယ်လို့ ခံစားလာရပြီး ကိုယ်လုပ်သမျှ ဘာတစ်ခုကမှ သူများကို ချပြလောက်အောင် မကောင်းဘူးလို့ ခံစားခဲ့ရတယ်။ ဒါကြောင့် ကျွန်မက တော်တော်လေး တသီးတသန့်နေဖြစ်လာတယ်။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာတော့ ညီအစ်ကိုမောင်နှမတွေ ဘယ်လိုသဘောကောင်းလဲဆိုတာ တွေ့ရပြီး သူတို့ကို ကိုယ့်မိသားစုလိုပဲ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မရဲ့ အခြေအနေနဲ့ အခက်အခဲတွေကိုလည်း ညီအစ်ကိုမောင်နှမတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုဖြစ်ခဲ့တယ်။ အားလုံးက ကျွန်မကို ကူညီပြီး အားပေးကြလို့ ကျွန်မလည်း သိပ်ပြီး ဘောင်ခတ်မခံရတော့ဘူး။ ရင်ထဲမှာလည်း လွတ်လပ်ပြီး အပျော်တွေပြည့်နေတာပေါ့။ ဒါပေမဲ့ လူအများကြီးရှေ့မှာ စကားပြောရရင် ကျွန်မက အရမ်းကို ဘောင်ခတ်ခံရသလို ခံစားရတုန်းပဲ။ လူအများကြီးရှိတဲ့ စုဝေးပွဲတချို့မှာ ကျွန်မ မိတ်သဟာယဖွဲ့ရမဲ့ အလှည့်ရောက်တော့ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး တုန်တုန်ယင်ယင်လာတယ်။ အတွေးတွေ အကုန်ရှုပ်ထွေးသွားပြီး စကားတွေ ထစ်ငေါ့ကုန်တာပေါ့။ ညီအစ်မတချို့က ခေါင်းမော့ပြီး ကျွန်မကို ကြည့်လာတော့ ကျွန်မလည်း ရှက်ရှက်နဲ့ ပြုံးပြလိုက်ရတယ်။ အဲဒီအချိန်တုန်းက ရှက်လွန်းလို့ မျက်နှာတွေ ပူထူလာပြီး မြေကြီးကပွင့်လာရင် ဝင်ချသွားစိတ်တောင် ပေါက်သွားတယ်။ ကျွန်မ တွေးမိလာတာပေါ့၊ “ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုထင်နေမလဲ။ ငါက သိပ်ကို အသုံးမကျဘူးလို့များ ထင်နေကြမလား။ နောင်ဆိုရင် ငါ စကားနည်းနည်းပဲပြောပြီး အစွမ်းအစကောင်းတဲ့ ညီအစ်ကိုမောင်နှမတွေကိုပဲ ပိုပြီး မိတ်သဟာယပြုခိုင်းတာ ကောင်းမယ်” လို့ပေါ့။ အဲဒီနောက်ပိုင်း စုဝေးပွဲတွေမှာ လူများရင် ကျွန်မက အမြဲတမ်း နောက်ဆုံးမှ မိတ်သဟာယဖွဲ့တဲ့သူ ဖြစ်နေတတ်တယ်။ တစ်ခါတလေဆို လုံးဝကို မိတ်သဟာယမဖွဲ့တော့ဘူး။ လူသိပ်မများတဲ့အချိန် ဒါမှမဟုတ် ကိုယ် သေချာ ရင်းနှီးတဲ့ ညီအစ်ကိုမောင်နှမတွေ ရှေ့မှာပဲ ရိုးရိုးရှင်းရှင်း မိတ်သဟာယဖွဲ့ရဲတော့တယ်။ တစ်ခါတလေ ကျွန်မတာဝန် ထမ်းဆောင်တဲ့နေရာမှာ ရလဒ်တချို့ ရလာတဲ့အခါ၊ အားလုံး လေ့လာပြီး မှီငြမ်းလို့ရအောင် ကောင်းတဲ့နည်းလမ်းတွေ၊ နည်းစနစ်တွေကို ဆွေးနွေးပြဖို့ ကြီးကြပ်ရေးမှူးက ပြောတယ်။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမ အများကြီးရှေ့မှာ ဆွေးနွေးရမယ်လို့ တွေးလိုက်တာနဲ့ ကျွန်မ တကယ်ကို ကြောက်သွားတယ်။ အဲဒီအချိန်ကျရင် စိတ်လှုပ်ရှားပြီး ဗလုံးဗထွေး စကားပြောမိမှာကို စိုးရိမ်တာလေ။ အဲဒီလိုဆိုရင် ဘယ်လောက်များ ရှက်စရာကောင်းလိုက်မလဲ။ ဒါကြောင့် ကျွန်မဆီမှာ ဘာထူးခြားတဲ့ နည်းလမ်းမှ မရှိပါဘူးဆိုပြီး အကြိမ်ကြိမ် ငြင်းခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မ တွေးဆမိတယ်၊ လူအများကြီးရှေ့မှာ စကားပြောရမယ့်အချိန်တိုင်း ငါ ဘာလို့ ကြောက်ပြီး နောက်တွန့်တွန့်သွားရတာလဲပေါ့။
တစ်ခါတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “အချို့သောလူတို့သည် ငယ်စဉ်ကတည်းက ဉာဏ်ထိုင်းကြပြီး စကားကို လုံးစေ့ပတ်စေ့ မပြောတတ်ကြသည့်အပြင် ရုပ်ရည်မပြေပြစ်ကြသောကြောင့် ၎င်းတို့၏ မိသားစုများနှင့် လူ့အဖွဲ့အစည်းရှိ အခြားသူတို့က ၎င်းတို့နှင့်ပတ်သက်၍ အပျက်သဘောဆောင်သော မှတ်ချက်အချို့ကို ပေးကြသည်။ ဥပမာအားဖြင့် လူတို့က ‘ဤကလေးသည် ဉာဏ်ထိုင်းသည်၊ သူသည် အမှုအရာများအပေါ် တုံ့ပြန်မှုနှေးကွေးပြီး စကားပြောရာတွင် ညံ့ဖျင်းသောသူတစ်ဦး ဖြစ်သည်။ ထိုသူ၏ ကလေးကို ကြည့်ပါဦး၊ သူမ၏ ချိုချိုသာသာ စကားပြောဆိုခြင်းက လူတို့ကို အမှန်တကယ်ပင် စွဲဆောင်သည်။ ဤကလေးသည် လူတို့နှင့် တွေ့သောအခါ အဘယ်အရာ ပြောရမည်ကို သို့မဟုတ် လူတို့ကို မည်သို့ ပျော်ရွှင်စေရမည်ကို မသိသည့်အပြင် သူ အမှားတစ်စုံတစ်ရာ လုပ်မိသောအခါတွင်လည်း မိမိကိုယ်ကို မည်သို့ ရှင်းပြရမည် သို့မဟုတ် မှန်ကြောင်း ရှင်းချက်ထုတ်ရမည်ကို မသိပေ။ ဤကလေးသည် လူအတစ်ဦး ဖြစ်သည်’ ဟု ပြောဆိုကြမည်ဖြစ်သည်။ ၎င်းတို့၏ မိဘများက ဤသို့ ပြောဆိုကြပြီး ၎င်းတို့၏ ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ဆရာများကလည်း ထိုသို့ပင် ပြောဆိုကြသည်။ ဤပတ်ဝန်းကျင်သည် ထိုသို့သော လူတစ်ဦးချင်းစီအပေါ်တွင် မသိမသာ ဖိအားတစ်ခု သက်ရောက်စေပြီး ၎င်းတို့အား စိတ်သဘောထားတစ်မျိုးကို အမှုမဲ့အမှတ်မဲ့ ဖြစ်ပေါ်စေသည်။ အဘယ်သို့သော စိတ်သဘောထားမျိုးနည်း။ ၎င်းတို့သည် မိမိတို့ ရွက်ကြမ်းရေကျိုဖြစ်ပြီး မည်သူမျှ မိမိတို့၏ ရုပ်ရည်ကို မနှစ်သက်ဟုလည်းကောင်း၊ မိမိတို့၏ ပညာရေးတွင် အဆင့်ကောင်းများ မရရှိသည့်အပြင် တုံ့ပြန်မှု နှေးကွေးသည်ဟုလည်းကောင်း ခံစားကြရသည်။ ၎င်းတို့သည် အခြားသူများကို မြင်သောအခါ ပါးစပ်ဖွင့်၍ စကားပြောရန် အစဉ်သဖြင့် ရှက်ကြောက်နေကြပြီး လူတို့က ၎င်းတို့အား တစ်စုံတစ်ရာ ပေးသောအခါ ကျေးဇူးတင်စကား ပြောဆိုရန် အလွန် ရှက်ကြောက်နေကြသည်။ ၎င်းတို့က ‘အဘယ်ကြောင့် ငါသည် ဤသို့ စကားပြောရာတွင် ညံ့ဖျင်းရသနည်း။ အဘယ်ကြောင့် အခြားလူတို့သည် ဤသို့ စကားအလွန်တတ်ကြရသနည်း။ ငါသည် တုံးအသူတစ်ဦးသာ ဖြစ်သည်’ ဟု မိမိတို့ဘာသာ တွေးထင်ကြသည်။ မသိစိတ်ထဲတွင် ၎င်းတို့သည် မိမိတို့ အလွန်ပင် အသုံးမကျဟု ထင်ကြသော်လည်း ထိုသို့ အသုံးမကျခြင်း၊ ထိုသို့ တုံးအခြင်းကို ဝန်ခံရန်ကား မလိုလားကြသေးပေ။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ‘ငါသည် တကယ်ပင် ထိုသို့ တုံးအနေသလော။ ငါသည် တကယ်ပင် ထိုသို့ မနှစ်သက်ဖွယ်ကောင်းသလော’ ဟု မိမိတို့ကိုယ်ကို မကြာခဏ မေးလေ့ရှိကြသည်။ ၎င်းတို့၏ မိဘများက ၎င်းတို့ကို မနှစ်သက်ကြသကဲ့သို့ ၎င်းတို့၏ ညီအစ်ကိုမောင်နှမများ၊ ဆရာများနှင့် အတန်းဖော်များကလည်း မနှစ်သက်ကြပေ။ အခါအားလျော်စွာလည်း ၎င်းတို့၏ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ၎င်းတို့နှင့်ပတ်သက်၍ ‘သူသည် အရပ်ပုသည်၊ သူ၏ မျက်လုံးနှင့် နှာခေါင်းတို့သည် သေးငယ်ပြီး ထိုသို့သော ရုပ်ရည်ဖြင့် သူကြီးလာသောအခါ များစွာ အရာရောက်မည်မဟုတ်ပေ’ ဟု ပြောဆိုကြသည်။ ဤပတ်ဝန်းကျင်မျိုးတွင် ၎င်းတို့သည် အစပိုင်း၌ မိမိတို့၏ စိတ်နှလုံးထဲတွင် အတိုက်အခံလုပ်ခြင်းကို ခံစားရခြင်းမှ မိမိတို့၏ ပျော့ကွက်များနှင့် ချို့တဲ့မှုများကို တဖြည်းဖြည်း လက်ခံကာ အသိအမှတ်ပြုသည်အထိ ဖြစ်လာကြသော်လည်း တစ်ချိန်တည်းမှာပင် ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာ၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤစိတ်ခံစားချက်ကို အဘယ်အရာဟု ခေါ်သနည်း။ သိမ်ငယ်စိတ် ဖြစ်သည်။ သိမ်ငယ်စိတ်ရှိသော လူတို့သည် မိမိတို့၏ အားနည်းချက်များကိုသာ မြင်ပြီး မိမိတို့၏ အားသာချက်များကို မမြင်ကြပေ။ ၎င်းတို့သည် မိမိတို့ ဆွဲဆောင်မှုမရှိကြောင်း၊ မချစ်ခင်ဖွယ်ကောင်းကြောင်း၊ မိမိတို့၏ စိတ်များသည် မထက်မြက်ဘဲ တုံ့ပြန်မှုများ နှေးကွေးကြောင်းနှင့် လူတို့၏စိတ်ကို မမှန်းဆတတ်ကြောင်း အစဉ်သဖြင့် ခံစားကြရသည်။ တိုတိုပြောရလျှင် ၎င်းတို့သည် လုံးလုံးလျားလျား အသုံးမကျဟု ခံစားကြရသည်။ ဤသိမ်ငယ်စိတ်သည် သင်၏ စိတ်နှလုံးအတွင်း၌ တဖြည်းဖြည်း လွှမ်းမိုးလာပြီး ယင်းသည် သင်၏ စိတ်နှလုံးကို ရစ်ပတ်ချည်နှောင်ထားသည့် ဖယ်ရှား၍မရသော စိတ်ခံစားချက်တစ်ခု ဖြစ်လာသည်။ သင်သည် ကြီးပြင်းလာပြီး လောကထဲသို့ ထွက်သွားပြီးသည့်နောက်တွင် သို့မဟုတ် အိမ်ထောင်ပြုပြီး သင်၏ အလုပ်အကိုင်ကို တည်ထောင်ပြီးသည့်နောက်တွင် သင်၏ လူမှုအဆင့်အတန်းနှင့် ရာထူး မည်သို့ပင်ဖြစ်စေကာမူ ငယ်စဉ်ကတည်းက သင့်အား ပြုစုပျိုးထောင်မှုတွင် သွတ်သွင်းခံခဲ့ရသော ဤသိမ်ငယ်စိတ်သည် သင့်အပေါ် ဆက်လက်၍ သက်ရောက်မှုရှိပြီး ထိန်းချုပ်နေဆဲဖြစ်ကာ အခြားလူတို့ထက် ပို၍ နိမ့်ကျသည်ဟု သင့်အား ဘက်ပေါင်းစုံမှ ခံစားရစေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ အခြေအနေနဲ့ အရမ်းကို ကိုက်ညီနေတယ်။ ငယ်ငယ်ကတည်းက ကျွန်မကို စကားပြောမတတ်ဘူး၊ ဉာဏ်နှေးတယ်လို့ ပတ်ဝန်းကျင်ကလူတွေက ပြောကြတယ်။ မိသားစုကလည်း “နင့်အစ်မ ဘယ်လောက်ဉာဏ်ကောင်းလဲ ကြည့်စမ်း။ နင့်ပုံစံနဲ့ကတော့ ဘယ်နေရာမှာမှ အဆင်ပြေမှာ မဟုတ်ဘူး...” လို့ ခဏခဏ ပြောတတ်ကြတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မက သူများတွေထက် ဉာဏ်နည်းတယ်လို့ ပိုပိုပြီး ခံစားလာရတယ်၊ နောက်ပြီး သိမ်ငယ်စိတ် ဝင်လာခဲ့တယ်။ ငယ်ငယ်ကနေ အရွယ်ရောက်လာတဲ့အထိ ကိုယ့်ဆီမှာ အားသာချက်တစ်ခုခု ရှိတယ်လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျွန်မရဲ့ ပြောဆိုနိုင်စွမ်းကလည်း ညံ့တယ်၊ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ကလည်း အားနည်းတော့ လူအများကြီးရှေ့မှာ စကားပြောရင် စိတ်လှုပ်ရှားတတ်တယ်။ နောက်ပြီး ကျွန်မက ဉာဏ်ထက်တဲ့သူ မဟုတ်တော့ စကားသိပ်မပြောဖြစ်သလို အမှုအရာ တော်တော်များများမှာလည်း မပါဝင်ဖြစ်ခဲ့ဘူး။ ဘုရားသခင်ကို စယုံကြည်ပြီးတဲ့နောက်မှာ ကျွန်မက ကိုယ်ပြောချင်တာကို ကောင်းကောင်း မပြောပြတတ်လို့ ညီအစ်ကိုမောင်နှမတွေ အထင်သေးမှာကို ခဏခဏ ကြောက်ခဲ့တယ်။ ဒါကြောင့် အရှက်မကွဲရအောင် စကားကို တတ်နိုင်သမျှ နည်းနည်းပဲ ပြောဖို့ ကြိုးစားခဲ့တယ်။ စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့တဲ့အခါ တက်တက်ကြွကြွ လုံးဝမရှိခဲ့ဘဲ ကိုယ့်တာဝန်ထမ်းဆောင်ရာကနေ ရလာတာတွေကို မဆွေးနွေးခဲ့ဘူး၊ အမြဲ နောက်တွန့်နေဖို့ပဲ ရွေးချယ်ခဲ့တယ်။ သိမ်ငယ်စိတ်ရဲ့ လွှမ်းမိုးမှုကြောင့် သမ္မာတရားကို ရယူဖို့ အခွင့်အရေးအများကြီး ဆုံးရှုံးခဲ့ရပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ တာဝန်တွေကိုတောင် မထမ်းဆောင်နိုင်ခဲ့ဘူး။ ကိုယ့်ဘဝက သနားစရာကောင်းတယ်လို့ ခံစားရလို့ ဒီပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေချင်ခဲ့တယ်။
တစ်နေ့မှာတော့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်၊ “သင်၏ စိတ်နှလုံးသည် ဤသိမ်ငယ်သော စိတ်ခံစားချက်ဖြင့် ပြည့်နေပြီး ဤစိတ်ခံစားချက်သည် အချိန်ကြာမြင့်စွာ ထင်ရှားနေခဲ့သည်။ ယာယီဖြစ်သော စိတ်အနေအထားတစ်ခုခု မဟုတ်ချေ။ ထို့ထက် သင့်စိတ်ဝိညာဉ်၏ အတွင်းနက်နက်မှ သင်၏ အတွေးများကို တင်းကျပ်စွာ ထိန်းချုပ်လေသည်။ သင်၏ နှုတ်ကို တင်းကျပ်စွာ ပိတ်ပြီး ထို့ကြောင့် အမှုအရာများကို သင် မည်မျှ မှန်ကန်စွာ နားလည်သည်ဖြစ်စေ၊ သို့မဟုတ် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် မည်သည့် အမြင်များနှင့် အယူအဆများ သင်၌ ရှိသည်ဖြစ်စေ၊ မည်သည့်အခါတွင်မျှ ကျယ်ကျယ် မပြောဝံ့ဘဲလျက် အမှုအရာများကို သင်၏ ကိုယ်ပိုင်စိတ်နှလုံးထဲတွင်သာ စဉ်းစားပြီး ပြန်ပြောင်းတွေးဝံ့လေသည်။ သင်ပြောသည့်အရာကို အခြားလူများက လက်ခံမည်ဖြစ်စေ၊ သို့မဟုတ် သင့်ကို ပြုပြင်ကာ ဝေဖန်မည်ဖြစ်စေ၊ ထိုသို့သော ရလဒ်ကို သင် ရင်ဆိုင်ဝံ့၊ မြင်ဝံ့လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်၏ စိတ်ထဲတွင် ရှိသော သင်၏ သိမ်ငယ်သော စိတ်ခံစားချက်က ‘ထိုအရာကို မလုပ်နှင့်၊ သင်သည် ထိုအရာအတွက် တကယ်ကို စံမမီပါ။ ထိုအစွမ်းအစမျိုး သင်မရှိပါ။ ထိုလက်တွေ့ကျမှုမျိုး မရှိပါ၊ ထိုအရာကို သင်မလုပ်သင့်ပါ၊ သင်သည် ထိုပုံစံမျိုးမဟုတ်ပါ။ ယခု မည်သည့်အရာကိုမျှ မလုပ်၊ မည်သည့်အရာကိုမျှ မတွေးနှင့်။ သိမ်ငယ်မှုဖြင့် အသက်ရှင်ခြင်းအားဖြင့်သာ သင်သည် သင်အစစ်အမှန် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားရန်၊ သို့မဟုတ် သင်၏ စိတ်နှလုံးကို ဖွင့်ဟပြီး အခြားလူများ လုပ်ဆောင်သည့်အတိုင်း သင် ပြောလိုသည့်အရာပြောကာ အခြားသူများနှင့် ဆက်သွယ်ရန် သင် အရည်အချင်း မပြည့်မီပါ။ ယင်းမှာ သင်သည် မတော်သောကြောင့် သူတို့လောက် မတော်သောကြောင့် ဖြစ်သည်’ဟု သင့်ကို ပြောနေသောကြောင့် ဖြစ်သည်။ ဤသိမ်ငယ်သော စိတ်ခံစားချက်သည် လူတို့ စိတ်များထဲတွင် လူတို့၏ အတွေးများကို လမ်းညွှန်သည်။ ပုံမှန်လူတစ်ဦး ထမ်းဆောင်သင့်သည့် တာဝန်ဖြည့်ဆည်းခြင်းနှင့် ၎င်းတို့ အသက်ရှင်နေထိုင်သင့်သည့် ပုံမှန်လူ့သဘာဝနှင့်သက်ဆိုင်သော ဘဝကို အသက်ရှင်ခြင်းမှ ၎င်းတို့ကို ချုပ်ချယ်ကန့်သတ်ထားစဉ်တွင် လူများနှင့် အမှုအရာများကို ၎င်းတို့ မှတ်ယူပုံ၊ ၎င်းတို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်ကြပုံနှင့်သက်ဆိုင်သည့် နည်းလမ်းနှင့် နည်းစနစ်များ၊ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ကိုလည်း ညွှန်ကြားလေသည်။...ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခုဖြစ်သည့် သိမ်ငယ်သော စိတ်ခံစားချက်သည် သက်ရောက်မှု စတင် ရှိလာပြီး လူတို့၏ အတွင်းကျကျ စိတ်နှလုံးများတွင် အမြစ်တွယ်ပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အနေဖြင့် သမ္မာတရားကို မလိုက်စားပါက ထိုအရာကို အမြစ်ဖြတ်ပြီး ထိုအရာ၏ ဘောင်ခတ်ခြင်းမှ ရုန်းထွက်လွတ်မြောက်ရန် အလွန် ခက်ခဲလိမ့်မည်ဖြစ်ကာ ၎င်းတို့ လုပ်သမျှတိုင်းတွင် ထိုအရာ၏ ဘောင်ခတ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်ကို ဤတိကျသော သရုပ်သကန်များနှင့် ထုတ်ဖော်ပြချက်များမှ ငါတို့ တွေ့မြင်နိုင်သည်။ ဤစိတ်ခံစားချက်ကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအဖြစ် ပြော၍မရနိုင်သော်လည်း ပြင်းထန်သည့် အပျက်သဘောဆောင်သော အကျိုးဆက်ကို ဖြစ်စေနှင့်ပြီး ဖြစ်သည်။ ထိုအရာက ၎င်းတို့၏ လူ့သဘာဝကို ပြင်းထန်စွာ ထိခိုက်နစ်နာစေပြီး ၎င်းတို့ ပုံမှန်လူ့သဘာဝ၏ အမျိုးမျိုးသော စိတ်ခံစားချက်များ၊ စကားနှင့် လုပ်ရပ်များအပေါ် အလွန်ဆိုးရွားသည့် အကျိုးဆက်များဖြင့် ကြီးမားသည့် အပျက်သဘောဆောင်သော သက်ရောက်မှုတစ်ခု ရှိလေသည်။ ယင်း၏ သေးငယ်သော လွှမ်းမိုးမှုမှာ ၎င်းတို့၏ ပင်ကိုစရိုက်၊ ၎င်းတို့၏ မက်မောမှုများနှင့် ရည်မှန်းချက်များကို ထိခိုက်ရန်ဖြစ်သည်။ ယင်း၏ အကြီးစား လွှမ်းမိုးမှုက ဘဝတွင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ဦးတည်ချက်များကို ထိခိုက်ရန် ဖြစ်သည်။ ဤသိမ်ငယ်သော စိတ်ခံစားချက်၏ အကြောင်းတရားများမှ၊ ယင်း၏ ဖြစ်စဉ်နှင့် လူတစ်ဦးထံ ဆောင်ကြဉ်းသည့် အကျိုးဆက်များမှ၊ သင် ကြည့်သည့် မည်သည့် ရှုထောင့်မဆိုမှ၊ ထိုအရာမှာ လူတို့ လက်လွှတ်သင့်သည့် အရာတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ သိမ်ငယ်စိတ်နဲ့ နေထိုင်ရခြင်းရဲ့ ဆိုးကျိုးကို ကျွန်မ သဘောပေါက်သွားတယ်။ သိမ်ငယ်စိတ်ဆိုတာ ရိုးရှင်းတဲ့ ခံစားချက်တစ်ခု မဟုတ်ဘဲ လူတစ်ယောက်ရဲ့ ကျင့်ကြံပြုမူပုံနဲ့ လုပ်ရပ်တွေကို တိုက်ရိုက်သက်ရောက်ပြီး လူကို ချည်နှောင်၊ တုပ်နှောင်ထားတာပဲ။ ငယ်ငယ်ကတည်းက ပတ်ဝန်းကျင်ကလူတွေ အကုန်လုံးက ကျွန်မကို ဉာဏ်ထိုင်းတယ်၊ စကားပြောမတတ်ဘူးလို့ ပြောခဲ့ကြတယ်။ အဖေကလည်း နှေးတဲ့ငှက်တွေက သူတို့ရဲ့ စွမ်းဆောင်ရည်အားနည်းချက်ကို ကာမိအောင် တခြားငှက်တွေထက်အရင် စပြီး ပျံသန်းရတယ်ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို ခဏခဏ ပြောပြတတ်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မက သူများတွေထက် မွေးရာပါ ဉာဏ်ထိုင်းတယ်လို့ တွေးလာမိလို့ အမြဲလိုလို နှုတ်ဆိတ်နေပြီး ကိုယ်လုပ်နိုင်တဲ့ကိစ္စတွေကိုတောင် ကိုယ်တိုင် စပြီးမလုပ်ရဲခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေ စုဝေးပြီး ဘုရားနှုတ်ကပတ်တော်အပေါ် သူတို့ရဲ့ သဘောပေါက်နားလည်မှုတွေကို မိတ်သဟာယဖွဲ့တာက အပြုသဘောဆောင်တဲ့အရာ ဖြစ်သင့်ပေမဲ့ ကျွန်မကတော့ စကားပြောမကောင်းဘူးလို့ အမြဲခံစားရပြီး ကောင်းကောင်းမပြောနိုင်ရင် ညီအစ်ကိုမောင်နှမတွေ အထင်သေးမှာကို ကြောက်လို့ လွတ်လွတ်လပ်လပ် စကားမပြောရဲ၊ မိတ်သဟာယမဖွဲ့ရဲခဲ့ဘူး။ တစ်ခါတလေ ဘုရားနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီး အလင်းနဲ့ သိနားလည်မှုတချို့ ရလာရင်တောင်မှ မိတ်သဟာယမဖွဲ့ရဲခဲ့ဘူး။ တကယ်တော့ ကိုယ့်တာဝန်ထမ်းဆောင်ပြီး ရလဒ်တချို့ ရလာတယ်ဆိုတာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ ဦးဆောင်မှုကြောင့်ပဲလေ။ ညီအစ်ကိုမောင်နှမတွေ ပိုပြီး အကျိုးရနိုင်အောင် ဒါတွေကို ဝေမျှပြောပြသင့်တာပေါ့။ ဒါပေမဲ့ ကျွန်မက သိမ်ငယ်စိတ်ရဲ့ လွှမ်းမိုးမှုကြောင့် ထိခိုက်နေပြီး စိတ်လှုပ်ရှားလို့ ကောင်းကောင်းမပြောနိုင်ရင် အရှက်ကွဲမှာကို စိုးရိမ်ခဲ့တယ်။ အဲဒီအစား ရှောင်ပြေးဖို့ပဲ ရွေးချယ်ခဲ့လို့ လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးတစ်ခု ဆုံးရှုံးခဲ့ရတယ်။ သိမ်ငယ်စိတ်က ကျွန်မကို ချည်နှောင်ထားလို့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော ဘောင်ခတ်ခံရသလို ခံစားစေခဲ့ရတယ်။ ဝန်တာတွေကို တက်တက်ကြွကြွ တာဝန်မယူရဲခဲ့သလို ကျွန်မရဲ့ အသက် ဝင်ရောက်မှုမှာလည်း ဘာတိုးတက်မှုမှ မရှိခဲ့ဘူး။ သိမ်ငယ်စိတ်နဲ့ အသက်ရှင်နေရတာရဲ့ ဆိုးကျိုးကို မြင်လိုက်ရတဲ့အခါ ကျွန်မ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ ငယ်ငယ်ကတည်းကနေ အရွယ်ရောက်လာတဲ့အထိ သိမ်ငယ်စိတ်က သမီးကို အမြဲ ချည်နှောင်ထားခဲ့ပါတယ်။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာလည်း အဲဒီစိတ်ရဲ့ ဘောင်ခတ်တာကို ခံနေရတုန်းပဲဖြစ်ပြီး ကိုယ့်တာဝန်ကိုတောင် ကောင်းကောင်း မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ဒီသိမ်ငယ်စိတ်တွေနဲ့ ဆက်ပြီး မနေချင်တော့ပါဘူး၊ အခြေအနေတွေကို ပြောင်းလဲပစ်ချင်ပါတယ်။ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေရဲ့ နှောင်ကြိုးတွေကို ဖယ်ရှားနိုင်အောင် သမီးကို ကူညီပေးတော်မူပါ” လို့ပေါ့။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်၊ “သို့ဆိုလျှင် သင်သည် သင့်ကိုယ်သင် တိကျစွာ မည်သို့ အကဲဖြတ်ပြီး သိနိုင်မည်နည်း၊ သိမ်ငယ်စိတ်မှ မည်သို့ ရုန်းထွက်လွတ်မြောက်နိုင်မည်နည်း။ သင်သည် သင့်ကိုယ်သင် သိရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအဖြစ် ယူသင့်သည်။ သင်၏ လူ့သဘာဝ မည်သို့ရှိသည်၊ သင်၏ အစွမ်းအစနှင့် အရည်အချင်းများ အမှန်တကယ် မည်သို့ရှိသည်၊ သင်၌ မည်သည့်အားသာချက်များ ရှိသည်ကို သိရန် ကြိုးစားလော့။ ဥပမာအားဖြင့် သင်သည် သီချင်းဆိုခြင်းကို နှစ်သက်လေ့ရှိပြီး ကောင်းစွာ သီဆိုသော်လည်း သင်သည် ဂီတသံစဉ် အတက်အကျ ခွဲခြားနိုင်စွမ်း မရှိကြောင်းနှင့် သင်၏ သီဆိုခြင်းသည် ကီးမကိုက်ကြောင်း ပြောလျက် သင့်ကို လူအချို့က ဝေဖန်မြဲဝေဖန်ကာ သေးသိမ်စေသောကြောင့် သင်သည် ကောင်းစွာ သီချင်းဆိုနိုင်ခြင်းမရှိဟု ခံစားရပြီး အခြားသူများရှေ့တွင် ထိုသို့မလုပ်ဆောင်ဝံ့တော့ဟု ဆိုပါစို့။ ထိုလောကီလူသားတို့၊ ထိုနားဝေတိမ်တောင်ဖြစ်သော လူများနှင့် သာမညောင်ည လူများက သင်နှင့်ပတ်သက်၍ မှန်ကန်တိကျမှုမရှိသော အကဲဖြတ်ချက်များနှင့် ဝေဖန်သုံးသပ်မှုများကို ပြုလုပ်သောကြောင့် သင်၏ လူ့သဘာဝက ရထိုက်သည့် လုပ်ပိုင်ခွင့်များကို ကန့်သတ်ပစ်ကာ သင်၏ ပါရမီကို ဖိနှိပ်လေသည်။ အကျိုးဆက်အနေဖြင့် သင်သည် သီချင်းတစ်ပုဒ်ကိုပင် မဆိုဝံ့သကဲ့သို့ မိမိတစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် သီချင်းအော်ဆိုပြီး စိတ်လွတ်ကိုယ်လွတ်နေဖို့ သတ္တိရှိလေသည်။ သာမန်အားဖြင့် သင်သည် ဆိုးဆိုးရွားရွား ဖိနှိပ်ခံထားရသောကြောင့် အတိအကျပင်လျှင် သင်တစ်ဦးတည်း မဟုတ်သည့်အခါ သီချင်း မဆိုဝံ့ခြင်း ဖြစ်၏။ တစ်ဦးတည်း ရှိသည့်အခါတွင်သာ သင်သည် သီချင်းဆိုဝံ့သည်၊ ကျယ်ကျယ်နှင့် ကြည်လင်စွာ သီချင်းဆိုနိုင်သည့်အချိန်တွင် ပျော်မွေ့ခံစားသည်၊ ယင်းမှာ ကောင်းလိုက်သည့်၊ လွတ်လပ်လိုက်သည့်၊ လွတ်မြောက်လိုက်သည့် အချိန်ပါတကား။ ထိုသို့ ဖြစ်သည် မဟုတ်လော။ သင့်ကို လူတို့လုပ်ဆောင်သည့် ထိခိုက်နစ်နာမှုကြောင့်၊ သင် အမှန်တကယ် လုပ်ဆောင်နိုင်သည့်အရာက မည်သည့်အရာ ဖြစ်သည်၊ မည်သည့်အရာတွင် သင် တော်ပြီး မည်သည့်အရာတွင် မတော်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ မသိ၊ မမြင်နိုင်ချေ။ ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်စွမ်းရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သို့ရှိသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ညံ့ခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း တိကျမှန်ကန်သော အကဲဖြတ်ချက်နှင့် သိနားလည်မှု ရှိသင့်သည်။ သင်ကိုယ်တိုင်၏ ပြဿနာများအပေါ် နားမလည်နိုင်လျှင်ဖြစ်စေ၊ ရှင်းလင်းသည့် သိမြင်မှု မရှိနိုင်လျှင်ဖြစ်စေ သင့်အနီးအနားရှိ သိနားလည်မှုရှိသည့်လူများကို သင့်အပေါ် အကဲဖြတ်ချက်ပြုလုပ်ရန် တောင်းဆိုသင့်သည်။ ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အဖို့ ကိုးကားရန် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင့်အား ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို အခြေခံကျသော အကဲဖြတ်ချက် သို့မဟုတ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းတစ်ခု ရရှိဖို့ သင့်ကို ထောက်ကူပေးမည်ဖြစ်သည်။ ထိုအခါ သင်သည် အပျက်သဘောဆောင်သည့် ဤစိတ်ခံစားချက်နှင့်ဆိုင်သော၊ သင်၏ သိမ်ငယ်သော စိတ်ခံစားချက်နှင့်ဆိုင်သော ပဓာနကျသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီး ထိုအရာများမှ တဖြည်းဖြည်း လွတ်လာလိမ့်မည်။ သိမ်ငယ်သော စိတ်ခံစားချက်ကို ပိုင်းခြားသိမြင်နိုင်ကာ ယင်းမှ နိုးထကာ သမ္မာတရားကို ရှာဖွေပါက ယင်းကို ဖြေရှင်းရန် လွယ်ကူ၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်တွေဆီကနေ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ချိန်ဆပြီး အကဲဖြတ်သင့်တယ်။ တခြားသူတွေရဲ့ မမှန်ကန်တဲ့ အကဲဖြတ်မှုတွေကြောင့် မထိခိုက်သင့်သလို ကိုယ့်ကိုယ်ကိုယ် ရှုမြင်သုံးသပ်မှုအပေါ် လွှမ်းမိုးခွင့် မပေးသင့်ဘူး။ ကိုယ်ရင်းနှီးတဲ့ ညီအစ်ကိုမောင်နှမတွေကို ကိုယ့်အပေါ် သူတို့ရဲ့ အကဲဖြတ်မှုကို မေးကြည့်နိုင်ပြီး ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကိုယ့်ကိုယ်ကိုယ် ဓမ္မဓိဋ္ဌာန်ကျကျ ချိန်ဆကြည့်နိုင်တယ်လို့ ဘုရားသခင်ပြောခဲ့တာကို ကျွန်မ တွေးမိတယ်။ ဒါကြောင့် ကျွန်မကို ကောင်းကောင်းသိတဲ့ ညီအစ်မတချို့ကို မေးကြည့်လိုက်တယ်။ သူတို့က “တကယ်တော့ နင်ပြောသလောက်ကြီးလည်း နင်က အသုံးမကျတာ မဟုတ်ပါဘူး။ ပုံမှန်ဆိုရင် နင့်တာဝန်နဲ့သက်ဆိုင်တဲ့ စည်းမျဉ်းတွေအပေါ် နင့်မှာ ကိုယ်ပိုင် သဘောပေါက်နားလည်နိုင်စွမ်း ရှိပါတယ်။ ဘုရားနှုတ်ကပတ်တော်အပေါ် သိနားလည်မှုတချို့ကိုလည်း ဆွေးနွေးနိုင်တယ်။ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေကိုလည်း ကူညီပေးနိုင်သေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် သဘောထားသင့်တယ်” လို့ ပြောကြတယ်။ ကိုယ့်အပေါ် ညီအစ်မတွေရဲ့ အကဲဖြတ်မှုကို ကြားရတဲ့အခါ ကျွန်မထင်ထားသလောက် ဆိုးမနေဘူးဆိုတာကို သဘောပေါက်သွားတယ်။ တခြားသူတွေရဲ့ ကိုယ့်အပေါ် မမှန်ကန်တဲ့ အကဲဖြတ်မှုတွေထဲမှာ ဆက်နေပြီး ကိုယ့်ကိုယ်ကိုယ် အပျက်သဘောနဲ့ အကဲမဖြတ်သင့်တော့ဘူး။ တကယ်တော့ ကျွန်မဆီမှာ အားသာချက် လုံးဝမရှိတာတော့ မဟုတ်ပါဘူး။ ကျွန်မရဲ့ ပင်ကိုစရိုက်က နည်းနည်း တသီးတသန့်ဆန်ပြီး တခြားသူတွေလောက် ကိုယ်ပြောချင်တာကို မပြောပြတတ်ပေမဲ့၊ အချိန်တော်တော်များများမှာ ကိစ္စတချို့ကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တယ်။ ကိုယ့်တာဝန်ကိုယ် ထမ်းဆောင်ရာမှာ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကောင်းတချို့ကို ရှာနိုင်ပြီး အခန်းကဏ္ဍတချို့ကနေ ပါဝင်နိုင်တယ်။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဆင်ခြင်တုံတရားရှိရှိ သဘောထားသင့်တယ်။ အဲဒီနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် အပျက်သဘောဆောင်တဲ့ အတွေးတွေ ဝင်လာတဲ့အခါတိုင်း ကျွန်မ တွေးမိတယ်၊ “လူတစ်ယောက်ရဲ့ စကားပြောနိုင်စွမ်းဆိုတာ ဘုရားသခင်က အမိန့်နဲ့ပြဋ္ဌာန်းထားတာပဲ။ ဒီအပိုင်းမှာ အားနည်းချက်တွေ ရှိနေတာနဲ့ပဲ သူများတွေအောက် နိမ့်ကျတယ်လို့ ခံစားပြီး နေရာတိုင်းမှာ ဘောင်ခတ်ခံနေလို့မဖြစ်ဘူး။ မှန်ကန်တဲ့ စိတ်ထား ထားရှိပြီး ဒါကို မှန်မှန်ကန်ကန် သဘောထားသင့်တယ်၊ ကိုယ် ကောင်းကောင်း လုပ်နိုင်တဲ့အရာတွေကို အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစားသင့်တယ်” လို့ပေါ့။
တစ်ခါတော့ ကျွန်မရဲ့ အခြေအနေကို အစ်မတစ်ယောက်ဆီ ပြောပြလိုက်တယ်။ ကျွန်မရဲ့ အဓိကပြဿနာက ဂုဏ်သိက္ခာကို အရမ်းအလေးထားပြီး တခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မလဲဆိုတာကို အရမ်းဂရုစိုက်လွန်းနေတာလို့ သူက ပြောတယ်။ ဒီလိုအခြေအနေမျိုးကို ဖြေရှင်းတာနဲ့သက်ဆိုင်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖတ်ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “မိသားစုရှိ အကြီးအကဲများက သင့်အား ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟု မကြာခဏ ပြောဆိုသည့်အခါ ယင်းမှာ သင်သည် မိမိကိုယ်ကို အမြင်ကောင်းအောင် ပြုလုပ်ခြင်း၊ လေးစားဖွယ်ကောင်းသော ဘဝဖြင့် နေထိုင်ခြင်းတို့ကို အရေးထားစေရန်နှင့် သင့်အပေါ် ဂုဏ်သိက္ခာကျဆင်းစေမည့် အမှုအရာများကို မလုပ်ဆောင်စေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤစကားသည် လူတို့ကို အပြုသဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော သို့မဟုတ် အပျက်သဘောဆောင်သော နည်းလမ်းဖြင့် လမ်းညွှန်သလော။ ယင်းက သင့်ကို သမ္မာတရားဆီသို့ ပို့ဆောင်နိုင်သလော။ ယင်းက သင့်ကို သမ္မာတရားကို နားလည်စေရန် ပို့ဆောင်နိုင်သလော။ (မဖြစ်နိုင်ပါ၊ မပို့ဆောင်နိုင်ပါ။) အသေအချာဆုံးမှာမူ မပို့ဆောင်နိုင်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်က လူတို့အပေါ် လိုအပ်သည့်အရာမှာ ၎င်းတို့ ရိုးသားရန် ဖြစ်သည်။ သင်သည် ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ခဲ့သည့်အခါ၊ သို့မဟုတ် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ၊ သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ သင်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန်၊ သင်၏အမှားကို သိရှိရန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်၊ ဤနည်းလမ်းဖြင့်သာ သင်သည် စစ်မှန်သော နောင်တကို ရရှိနိုင်ပြီး ထို့နောက်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူနိုင်မည်ဖြစ်သည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ရန် လူတို့သည် မည်သို့သော စိတ်နေသဘောထားမျိုးကို ပိုင်ဆိုင်ရန် လိုအပ်သနည်း။ လိုအပ်သော စိတ်နေသဘောထားနှင့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားဖြင့် စံနမူနာပြထားသည့် ရှုမြင်ပုံအကြားတွင် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိသလော။ (ရှိပါသည်။) အဘယ်သို့ ကွဲလွဲမှုရှိသနည်း။ လူတို့သည် ၎င်းတို့၏ အကျည်းတန်သောဘက်ကို ဖော်ထုတ်၍ မကောင်းသည့်အရာများ သို့မဟုတ် ဂုဏ်သရေညှိုးစေသောအရာများကို လုပ်ဆောင်မည့်အစား ကိုယ်ရည်သွေးကာ ၎င်းတို့ကို အကောင်းမြင်စေမည့်အရာများ ပို၍ လုပ်ဆောင်ရသည်ကိုလည်းကောင်း၊ လေးစားမခံရသော သို့မဟုတ် ဂုဏ်သရေမရှိသော ဘဝကို အသက်ရှင်ရခြင်းမျိုးမှ ရှောင်ကြဉ်ဖို့ကိုလည်းကောင်း အလေးထားရန်ကို ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးက ပြောနေသည်။ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်၊ မိမိကိုယ်ကို ကြည့်ကောင်းအောင် လုပ်ဖို့အတွက် လူတစ်ဦးသည် မိမိ၏ အမှောင်ဘက်နှင့် ရှက်ဖွယ်ကောင်းသော ကဏ္ဍများအကြောင်းကို အခြားသူများအား ပြောပြရန် မဆိုထားနှင့်၊ မိမိကိုယ်ကို လုံးဝတန်ဖိုးမရှိသူအဖြစ်ပင် မပြောဆိုနိုင်ပေ၊ အကြောင်းမှာ လူတစ်ဦးသည် လေးစားဖွယ်ကောင်းပြီး ဂုဏ်ရှိသော ဘဝဖြင့် နေထိုင်ရမည်ဖြစ်ပြီး ဂုဏ်ရှိရန်အတွက် ဂုဏ်သိက္ခာကို လိုအပ်ကာ ဂုဏ်သိက္ခာရှိရန်အတွက် ဟန်ဆောင်ပြီး မိမိကိုယ်ကို ပြင်ဆင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် မကွဲလွဲပေလော။ (ကွဲလွဲပါသည်။) သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်နေသည့်အခါ ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသော စကားကို သင် စွန့်လွှတ်ပြီးဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ဦး ဖြစ်လိုပါက သင်၏ ပုံရိပ်ကို အရေးမထားနှင့်၊ လူတစ်ဦး၏ ပုံရိပ်သည် တစ်ပြားတစ်ချပ်မျှ မတန်ပေ။ သမ္မာတရားနှင့် ရင်ဆိုင်ရသည့်အခါ လူတစ်ဦးသည် ဟန်ဆောင်ခြင်း သို့မဟုတ် အယောင်ဆောင် မျက်နှာဖုံးတစ်ခု ဖန်တီးခြင်းမပြုဘဲ မိမိကိုယ်ကို ဖော်ထုတ်သင့်သည်။ လူတစ်ဦးသည် ၎င်းတို့ အမှန်တကယ် တွေးတောသည့်အရာ၊ ၎င်းတို့ လုပ်ခဲ့သည့် အမှားများနှင့် သမ္မာတရား စည်းမျဉ်းများကို ၎င်းတို့ ချိုးဖောက်သည့် နည်းလမ်းများတို့ကဲ့သို့ မိမိနှင့်ပတ်သက်သည့် အဖြစ်မှန်များနှင့် အမှန်တရားတို့အားလုံးကို ဘုရားသခင်ကို ထုတ်ဖော်ပြရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကိုလည်း ချခင်းပြရမည်။ ယင်းမှာ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စမဟုတ်ဘဲ ထိုအစား ရိုးသားသောသူတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ သမ္မာတရားကို လိုက်စားရန်အတွက် အသက်ရှင်နေထိုင်ခြင်း၊ စစ်မှန်သော ဖန်ဆင်းခံတစ်ဦးဖြစ်ရန်အတွက် အသက်ရှင်နေထိုင်ခြင်းနှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး ကယ်တင်ခြင်းခံရရန်အတွက် အသက်ရှင်နေထိုင်ခြင်း ကိစ္စဖြစ်သည်။ သို့သော် သင်သည် ဤသမ္မာတရားကို နားမလည်သည့်အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သည့်အခါတွင်လည်းကောင်း သင်၏ မိသားစုမှ သင့်အပေါ် ပုံစံသွင်းပေးခဲ့သော အရာများသည် သင်၏ စိတ်နှလုံးထဲတွင် အဓိကနေရာယူလေ့ရှိသည်။ သို့ဖြစ်၍ သင်သည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သည့်အခါ ‘ကျွန်ုပ်သည် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနိုင်၊ ပြီးလျှင် ဤအကြောင်းကို သိသော အခြားမည်သူ့ကိုမျှလည်း လူများကို ပြောခွင့်မပြုပါ။ သင်တို့ထဲမှ တစ်စုံတစ်ဦးက တစ်စုံတစ်ယောက်ကို ပြောလျှင် သင့်ကို ကျွန်ုပ် အလွယ်တကူ ခွင့်လွှတ်မည်မဟုတ်။ ကျွန်ုပ်၏ ဂုဏ်သိက္ခာသည် ဦးစားပေးဖြစ်သည်။ အသက်ရှင်ခြင်းသည် အခြားမည်သည့်အရာအတွက်မျှ မဟုတ်ဘဲ လူတစ်ဦး၏ ဂုဏ်သိက္ခာအတွက်သာဖြစ်ပြီး ယင်းမှာ အခြားမည်သည့်အရာထက်မဆို ပို၍ အရေးကြီးသည်။ လူတစ်ဦးတွင် ဂုဏ်သိက္ခာမရှိလျှင် ၎င်းတို့၏ ဂုဏ်အားလုံးကို ဆုံးရှုံးသည်။ ထို့ကြောင့် သင်သည် အမှန်အတိုင်း မပြောဆိုနိုင်၊ သင်သည် ဟန်ဆောင်ရမည်၊ အမှုအရာများကို ဖုံးကွယ်ထားရမည်၊ သို့မဟုတ်ပါက သင်သည် ဂုဏ်သိက္ခာ သို့မဟုတ် ဂုဏ် မရှိတော့ဘဲ သင်၏ အသက်တာသည် တန်ဖိုးမဲ့သွားလိမ့်မည်။ မည်သူမျှ သင့်ကို မလေးစားလျှင် သင်သည် တန်ဖိုးမရှိသူသာဖြစ်သည်၊ သင်သည် အပေါစား အမှိုက်သရိုက်သာ ဖြစ်သည်’ ဟု တွေးတောလျက် ယင်းကို သင် ဖုံးကွယ်ပြီး ဟန်ဆောင်လေသည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရိုးသားသောသူတစ်ဦး ဖြစ်လာရန် ဖြစ်နိုင်ချေရှိသလော။ သင့်ကိုယ်သင် ချခင်းပြပြီး ပိုင်းခြားစိစစ်ဖို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သိသာစွာပင် ဤသို့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင့်မိသားစုက သင့်အား ပုံစံသွင်းပေးခဲ့သည့် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကားကို လိုက်နာနေခြင်းဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဤဆိုရိုးစကားကို လက်လွှတ်လျှင် ယင်းသည် သင့်အား ထိခိုက်မှုရှိမည်မဟုတ်တော့ပေ။ ယင်းသည် သင်၏ ဆောင်ပုဒ်၊ သို့မဟုတ် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် သင်၏ စည်းမျဉ်းဖြစ်တော့မည်မဟုတ်ပေ။ ထိုအစား သင်လုပ်ဆောင်သည့်အရာသည် ‘သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်’ ဟူသည့် ဆိုရိုးစကား၏ ဆန့်ကျင်ဘက် အတိအကျပင် ဖြစ်လိမ့်မည်။ သင်သည် သင်၏ ဂုဏ်သိက္ခာအတွက် အသက်ရှင်မည်မဟုတ်သကဲ့သို့ သင်၏ သိက္ခာအတွက်လည်း အသက်ရှင်မည်မဟုတ်ပေ။ ထိုအစား သင်သည် သမ္မာတရားအား လိုက်စားခြင်း၊ ရိုးသားသူတစ်ဦးဖြစ်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေပြီး စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် အသက်ရှင်ရန် အားထုတ်ခြင်းတို့အတွက် အသက်ရှင်လိမ့်မည်။ သင်သည် ဤစည်းမျဉ်းကို လိုက်နာလျှင် သင့်မိသားစုကသင့်အပေါ် ဖြစ်ပေါ်စေသည့် ပုံစံသွင်းသည့် သက်ရောက်မှုများကို လက်လွှတ်ပြီးဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၂)) ဘုရားနှုတ်ကပတ်တော်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်တော့ ကိုယ်ပြောချင်တာကို ဘာလို့ မဖွင့်ပြောရဲတာလဲ၊ ကိုယ့်ထင်မြင်ချက်ကို ဘာလို့ မထုတ်ဖော်ရဲတာလဲဆိုတာကို ကျွန်မ နားလည်သွားတယ်။ အဓိကပြဿနာက “သစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတာနဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်တွေရဲ့ သက်ရောက်မှုကို ကျွန်မ ခံခဲ့ရလို့ပဲ။ ကျွန်မက ကိုယ့်မာနကို တခြားအရာအားလုံးထက် ပို အရေးကြီးတယ်လို့ သတ်မှတ်ခဲ့ပြီး မျက်နှာပျက်တာနဲ့ ဂုဏ်သိက္ခာပါ ကျတာပဲလို့ တွေးခဲ့တယ်။ ကျွန်မက ဉာဏ်နှေးတယ်၊ စကားပြောလည်း မကျွမ်းကျင်တော့ သူများတွေထက် အများကြီး နိမ့်ကျတယ်လို့ ခံစားရပြီး အရမ်းကို သိမ်ငယ်ခဲ့တယ်။ လူအများကြီးရှေ့မှာ စကားပြောရရင် လွယ်လွယ်နဲ့ စိတ်လှုပ်ရှားတတ်ပြီး ကိုယ်ပြောချင်တာကို ကောင်းကောင်းမပြောနိုင်ရင် ညီအစ်ကိုမောင်နှမတွေ အထင်သေးမှာကို ကြောက်လို့ နှုတ်ဆိတ်နေရတာကို ပိုကြိုက်ခဲ့တယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ နည်းစနစ်ကောင်းတွေ၊ နည်းလမ်းကောင်းတွေ ကိုယ့်မှာ ရှိတဲ့အခါ ညီအစ်ကိုမောင်နှမတွေကို အကူအညီဖြစ်စေရုံသာမက သူတို့တာဝန်တွေ ထမ်းဆောင်ရာမှာ ရလဒ်နဲ့ လုပ်ရည်ကိုင်ရည် ပိုကောင်းလာအောင်လည်း ဒါတွေကို ဝေမျှပေးသင့်တယ်။ ဒါပေမဲ့ ကိုယ့်သိက္ခာကိုယ် ကာကွယ်ဖို့အတွက် ကျွန်မက အကြိမ်ကြိမ် ငြင်းဆန်ပြီး ဆင်ခြေပေးခဲ့တယ်။ ကျွန်မက ဂုဏ်သိက္ခာကို အရမ်းအလေးထားပြီး အချိန်တိုင်း ကိုယ့်အတွက်ပဲ စဉ်းစားခဲ့မှန်း သဘောပေါက်သွားတယ်။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လွန်းတာပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က လူတွေကို ရိုးသားစေချင်ပြီး ကိုယ့်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောတတ်ဖို့နဲ့ ကိုယ့်ရဲ့ အားနည်းချက်နဲ့ လိုအပ်ချက်တွေကိုတောင် အရှိအတိုင်း ဖွင့်ဟပြတတ်ဖို့ပဲ။ အမှုအရာတွေကို ဖုံးကွယ်ထားတာ၊ ဟန်ဆောင်တာမျိုး မလုပ်သင့်ဘူး။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ တောင်းဆိုချက်ကို နားလည်သွားတဲ့အခါ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သမီးရဲ့ ဂုဏ်သိက္ခာကြောင့် အမြဲတမ်း ချည်နှောင်၊ ဘောင်ခတ်ခံဖို့ မလိုလားတော့ပါဘူး။ သိမ်ငယ်တဲ့ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေကို စွန့်လွှတ်ချင်ပါတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့ သမီးကို ဦးဆောင်တော်မူပါ” လို့ပေါ့။
တစ်ခါတော့ ကျွန်မတာဝန်မှာ ရလဒ်တချို့ ရလာလို့ အလုပ်တွေကို အနှစ်ချုပ်ကြတဲ့အခါ အဲဒီအကြောင်း ပြောပြဖို့ ကြီးကြပ်ရေးမှူးက ပြောတယ်။ လူအများကြီးရှေ့မှာ မိတ်သဟာယဖွဲ့ရမယ်လို့ တွေးလိုက်တာနဲ့ ကျွန်မ နည်းနည်းကြောက်သွားတယ်။ ကျွန်မ ငြင်းလိုက်တော့မလို့ပဲ၊ အဲဒီအချိန်မှာ ကျွန်မ နေ့တိုင်း ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်တွေအားလုံးဟာ ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်လာတာလို့ ရုတ်တရက် သဘောပေါက်သွားတယ်။ ဒါဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားသခင်က အခွင့်အရေးပေးတာဖြစ်လို့ ကျွန်မ ရင်ဆိုင်သင့်တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်၊ “သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုလျှင် ယင်းတို့ကို တည်ရှိခွင့်ပြုလော့၊ အခြားသူများက သင်၏ ချို့ယွင်းချက်များကို မြင်လျှင်ပင် ဤသည်မှာ သင့်အတွက် အကျိုးရှိနိုင်ပြီး သင်မာနထောင်လွှားကာ စိတ်ကြီးဝင်ခြင်းမှ ကာကွယ်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်သည်။ မုချပင် လူများစွာအတွက် မိမိတို့၏ ကိုယ်ပိုင်ချို့ယွင်းချက်များနှင့် ဟာကွက်များကို ထုတ်ဖော်ရန် သတ္တိလိုအပ်သည်။ အချို့လူများက ‘လူတိုင်းက မိမိတို့၏ အားသာချက်များနှင့် ကောင်းကွက်များကို ထုတ်ဖော်ကြသည်။ မည်သူကများ မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို တမင်သက်သက် ထုတ်ဖော်မည်နည်း’ ဟုဆိုကြသည်။ သင်က ယင်းတို့ကို တမင်သက်သက် ထုတ်ဖော်ခြင်းမဟုတ်ဘဲ ယင်းတို့ကို ထုတ်ဖော်ခံရခွင့်ပြုခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် ကြောက်တတ်ပြီး လူများစွာရှိသည့်အခါ စကားပြောရန် မကြာခဏ စိတ်လှုပ်ရှားလျှင် သင်သည် အခြားသူများကို ‘ကျွန်ုပ်က စကားပြောလျှင် အလွယ်တကူ စိတ်လှုပ်ရှားတတ်သည်၊ လူတိုင်းက နားလည်ပေးပြီး ကျွန်ုပ်ကို အပြစ်မတင်ဖို့ ကျွန်ုပ် တောင်းဆိုပါသည်’ ဟု အလျင်ဦးအောင် ပြောနိုင်သည်။ သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို လူတိုင်းအား မိမိဘာသာ ထုတ်ဖော်ခြင်းဖြင့် ၎င်းတို့က သင့်ကို နားလည်ပေးပြီး သည်းခံနိုင်ရန်နှင့် လူတိုင်းက သင့်ကို သိလာစေရန် ဖြစ်သည်။ လူတိုင်းက သင့်ကို ပို၍သိလာလေလေ၊ သင်၏ စိတ်နှလုံးသည် ပို၍ စိတ်သက်သာရာရလေလေဖြစ်ပြီး သင်သည် သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များ၏ ဘောင်ခတ်ခြင်းကို ခံရခြင်း နည်းပါးလေလေ ဖြစ်လိမ့်မည်။ ဤသည်မှာ အမှန်တကယ်တွင် သင့်အတွက် အကျိုးရှိပြီး အထောက်အကူ ဖြစ်ပေလိမ့်မည်။ သင်၏ ချို့ယွင်းချက်များနှင့် ဟာကွက်များကို အမြဲဖုံးကွယ်ထားခြင်းက သင်သည် ၎င်းတို့နှင့်အတူ ယှဉ်တွဲတည်ရှိလိုခြင်းမရှိကြောင်း သက်သေပြသည်။ သင်သည် ယင်းတို့ကို သင်နှင့်အတူ ယှဉ်တွဲတည်ရှိခွင့်ပြုလျှင် ယင်းတို့ကို ထုတ်ဖော်ရမည်၊ ရှက်သည်ဟု သို့မဟုတ် စိတ်ဓာတ်ကျသည်ဟု မခံစားနှင့်၊ အခြားသူများထက် နိမ့်ကျသည်ဟု မခံစားနှင့်၊ သို့မဟုတ် သင်သည် မကောင်းဟုဖြစ်စေ၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်မရှိဟုဖြစ်စေ၊ ရှက်စရာဖြစ်သည်ဟုဖြစ်စေ မထင်နှင့်။ သင်သည် သမ္မာတရားကို လိုက်စားနိုင်သရွေ့၊ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့် စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သရွေ့၊ သင်၏ စိတ်နှလုံးသည် ရိုးသားဖြောင့်မတ်ပြီး သင်သည် ဘုရားသခင်အပေါ် ဝတ်ကျေတမ်းကျေလုပ်နေခြင်း မဟုတ်သရွေ့ သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) လူတစ်ယောက်မှာ လိုအပ်ချက်နဲ့ ပြဿနာတချို့ ရှိနေရင် ဘုရားသခင်က အပြစ်မတင်သလို၊ အဲဒီလူက တခြားသူတွေအောက် နိမ့်ကျတယ်လို့လည်း မဆိုလိုဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ တွေ့ခဲ့ရတယ်။ ကျွန်မတို့ရဲ့ လိုအပ်ချက်တွေကို မှန်မှန်ကန်ကန် သဘောထားပြီး အဲဒါတွေကို ကိုယ်နဲ့အတူ ယှဉ်တွဲတည်ရှိခွင့်ပြုဖို့ ဘုရားသခင်က မျှော်လင့်တယ်။ သူများတွေ အထင်သေးမှာကို ကြောက်လို့ ကိုယ့်လိုအပ်ချက်တွေကို ဖုံးကွယ်ထားမယ်ဆိုရင် ဒါဟာ ဟန်ဆောင်တာ၊ လှည့်ဖြားတာပဲ။ ပြီးတော့ နေရာတိုင်းမှာ ဘောင်ခတ်ခံရပြီး ကိုယ်လုပ်နိုင်တဲ့အရာတွေကိုတောင် အပြည့်အဝ အသုံးချနိုင်မှာ မဟုတ်ဘူး။ ကျွန်မက ပင်ကိုယ်ကတည်းက တသီးတသန့်နေတတ်ပြီး လူအများကြီးရှေ့ရောက်ရင် စိတ်လှုပ်ရှားတတ်တယ်၊ စကားပြောနိုင်စွမ်းလည်း ညံ့တယ်။ ဒါက ဘုရားသခင် အမိန့်နဲ့ပြဋ္ဌာန်းထားတာပဲ။ စကားပြောတဲ့အခါ စိတ်မလှုပ်ရှားအောင် ဘယ်လိုလုပ်ရမလဲ၊ ဒါမှမဟုတ် ကိုယ်ပြောချင်တာ ကောင်းကောင်းမပြောတတ်တာကို ဘယ်လိုလုပ်ရမလဲဆိုတာချည်းပဲ အမြဲ မတွေးနေသင့်ဘူး။ ကျွန်မ ဘုရားသခင်ကို မျက်နှာမူပြီး ရိုးသားတဲ့သူတစ်ယောက်ဖြစ်အောင် လက်တွေ့လုပ်ဆောင်သင့်တယ်၊ ကိုယ်ဘယ်လို အလုပ်လုပ်ခဲ့တယ်၊ ဘာတွေကြုံတွေ့ခဲ့ရတယ်ဆိုတာကို တိတိကျကျ ပြောပြသင့်တယ်။ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ကြိုးစားနေသရွေ့ လုံလောက်ပါပြီ။ ကျွန်မ စိတ်ထဲကနေ ဘုရားသခင်ကို တိတ်တိတ်လေး ဆုတောင်းလိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ သမီးရဲ့ ဂုဏ်သိက္ခာကို မစဉ်းစားချင်ပါဘူး။ ဒီဆွေးနွေးပွဲကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ရိုးသားတဲ့သူတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးတစ်ခုအနေနဲ့ပဲ သဘောထားချင်ပါတယ်။ သမီးကို ဦးဆောင်တော်မူပါ” ပေါ့။ ဒါကြောင့် ဒီကာလအတွင်းမှာ ကျွန်မ ကြုံတွေ့ခဲ့ရတာတွေနဲ့ တာဝန်ထမ်းဆောင်ရင်း ရလာတဲ့ အကျိုးကျေးဇူးတွေကို အားလုံးနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။ တစ်ခါတလေ စိတ်လှုပ်ရှားပြီး စကားပြောတာ သိပ်မချောမွေ့ခဲ့ပေမဲ့ ဒါကြောင့် ကျွန်မ ဘောင်ခတ်မခံရတော့ဘဲ စိတ်နှလုံးထဲမှာ လွတ်မြောက်သွားသလို ခံစားရတယ်။ ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ဖြစ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် နားလည်ခဲ့တယ်၊ သိမ်ငယ်စိတ်ရဲ့ နှောင်ကြိုးတွေနဲ့ ဘောင်ခတ်မှုတွေကိုလည်း တဖြည်းဖြည်း ဖယ်ရှားပေးခဲ့လို့ ကျွန်မ ကိုယ့်တာဝန်ကို တက်ကြွပြီး အပြုသဘောဆောင်တဲ့ သဘောထားနဲ့ ထမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
တယ်ရီ၊ အီတလီနိုင်ငံ၂၀၂၄ ခုနှစ်မှာ၊ ခေါင်းဆောင်က ကျွန်တော့်ကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတွေမှာ သရုပ်ဆောင်ဖို့ စီစဉ်ပေးခဲ့တယ်။...
ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...
ရှခေါ၊ တရုတ်နိုင်ငံကျွန်မက ငယ်ငယ်ကတည်းက စကားအပြောဆို မတတ်ခဲ့ဘူး။ ကျွန်မရဲ့အစ်မကတော့ စကားပြောကောင်းပြီး ရှင်းရှင်းလင်းလင်း ပြောတတ်တယ်၊...
ဝမ်ရှင်းဖင် တရုတ်နိုင်ငံ၂၀၂၀ ခုနှစ်၊ မတ်လမှာ အသင်းတော်သစ်ကို ကျွန်မပြောင်းတယ်။ အရင်အသင်းတော်မှာ ကျွန်မက ခေါင်ဆောင်တစ်ယောက်ဖြစ်ပြီး ညီအစ်ကို...