ဝေဖန်မှုမှ သင်ယူခြင်း
ဆုန်းယွိ နယ်သာလန်နိုင်ငံ ဒီနှစ် မေလမှာ အစ်မတစ်ယောက်က ကျွန်မကို သတင်းပို့တယ်။ အသင်းတော်ခေါင်းဆောင် အနည်းဆုံး သုံးယောက်က...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၂ ခုနှစ်တုန်းက အသင်းတော်မှာ လူသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ သြဂုတ်လအစပိုင်းမှာ ကျွန်မတို့ရဲ့ ခရိုင်ခေါင်းဆောင်တွေအားလုံး စီစီပီ ဖမ်းတာခံလိုက်ရတယ်လို့ ကျွန်မ သိလိုက်ရတယ်။ သတင်းကြားကြားချင်းပဲ ကျွန်မ လန့်သွားတာပေါ့။ “ဒီခေါင်းဆောင်တွေ အားလုံး ဘယ်လိုလုပ်ပြီး အဖမ်းခံလိုက်ရတာလဲ။ အသင်းတော်အလုပ်က ဘယ်လိုဆက်ဖြစ်မှာလဲ” ပေါ့။ နောက်မှ သူတို့ အဖမ်းခံရတဲ့နေ့ မနက်ပိုင်းက ခရိုင်ခေါင်းဆောင် နှစ်ယောက် ကျွန်မအိမ်ကိုလာပြီး လူသစ်တွေကို အတူတူ သွားရေလောင်းပေးခဲ့ကြတာကို ကျွန်မ သတိရလိုက်တယ်။ ကျွန်မက သူတို့နဲ့ ခဏခဏ အဆက်အသွယ်ရှိခဲ့တာလေ။ စီစီပီက ကျွန်မကိုရော စောင့်ကြည့်နေမလားပေါ့။ မကြာခင်မှာပဲ ညီအစ်ကိုမောင်နှမတွေ နောက်ထပ် အများကြီး အဖမ်းခံလိုက်ရတယ်လို့ ကျွန်မ ကြားလိုက်ရပြန်တယ်။ အဖမ်းခံရတဲ့သူ အားလုံးနီးပါးက ကျွန်မအိမ်ကို လာဖူးကြတယ်။ သူတို့သာ သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ ကျွန်မကို ဖော်ကောင်လုပ်လိုက်ရင်၊ အန္တရာယ်အရမ်းများတဲ့ အခြေအနေထဲ ကျွန်မ ရောက်သွားမှာပဲလေ။ နောက်ပြီး၊ ဘုရားသခင်ကို ကျွန်မ စယုံကြည်ခါစတုန်းက အတိုင်ခံခဲ့ရတော့ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်အတွင်းမှာ ရဲတွေက ကျွန်မကို အမြဲရှာနေခဲ့တာ။ ကျွန်မသာ အဖမ်းခံရရင်၊ ရဲတွေက သေချာပေါက် လွယ်လွယ်နဲ့လွှတ်ပေးမှာမဟုတ်ဘူး။ ကျွန်မက အရင်က ကင်ဆာဖြစ်ဖူးပြီး ခွဲစိတ်ထားရတော့ ကျန်းမာရေးက အားနည်းနေတာ။ ညှဉ်းဆဲတာကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲပေါ့။ မကြာခင်မှာပဲ စာတစ်စောင် ကျွန်မ ရခဲ့တယ်။ မကြာသေးခင်ကမှ ပြန်လွတ်လာတဲ့ အဖမ်းခံရတဲ့ ခေါင်းဆောင်တစ်ယောက်က ရဲတွေဟာ ကျွန်မနေတဲ့နယ်မြေကို စောင့်ကြည့်နေတယ်လို့ ပြောတဲ့အကြောင်း စာထဲမှာ ပါတယ်၊ ပြီးတော့ အမြန်ဆုံး အိမ်ကနေထွက်ပြီး သွားပုန်းနေခိုင်းတယ်။ ဒီသတင်းတွေ ဆက်တိုက်ကြားရတော့ ကျွန်မ အရမ်းကို ကြောက်လန့်နေခဲ့ရတယ်။ ကျွန်မလည်း ကတိုက်ကရိုက် ပစ္စည်းတွေသိမ်းပြီး အိမ်ပြောင်းလိုက်တယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါ အိမ်မှာပဲ နေတာ ပိုကောင်းမယ်၊ ငါ လူလုံးထွက်ပြလို့ မဖြစ်ဘူး” ပေါ့။ ဒါပေမဲ့ ကျွန်မက ရေလောင်းတဲ့အဖွဲ့ ခေါင်းဆောင်ဆိုတာကို သတိပြုမိလိုက်တယ်။ အခု လူတွေ အဖမ်းခံရပြီး နှိပ်စက်ညှဉ်းပန်းခံနေရချိန်မှာ၊ လူသစ်တွေက ရေလောင်းပေးမှုနဲ့ ပံ့ပိုးမှု လိုအပ်နေတယ်။ ဒီအချိန်မှာ အရေးတကြီး လုပ်ရမယ့်အလုပ်က ဒီလူသစ်တွေကို ကောင်းကောင်း ပံ့ပိုးပေးဖို့ပဲ။ ဒါပေမဲ့ လူသစ်တွေကို သွားရေလောင်းပေးတဲ့အခါ ရဲတွေနောက်ယောင်ခံလိုက်တာကို ငါ ခံရမလား။ စီစီပီရဲ့ စောင့်ကြည့်မှုတွေက နေရာတိုင်းမှာ ရှိတာလေ။ ငါသာ အဖမ်းခံရပြီး သက်သေခံချက်မှာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ဘဲ၊ အဲဒီအစား ယုဒဖြစ်သွားခဲ့ရင်၊ ဒီနှစ်တွေတစ်လျှောက်လုံး ငါ့ရဲ့ယုံကြည်မှုက အချည်းနှီးဖြစ်သွားမှာ မဟုတ်ဘူးလား။ ဒီလိုဆိုရင် ကောင်းတဲ့ ပန်းတိုင်ကို ငါ ဘယ်လိုလုပ် ရတော့မှာလဲ။ အဖမ်းမခံရအောင်လို့၊ ရေလောင်းတဲ့တာဝန်ကို အခုမှ စပြီး လေ့ကျင့်နေတဲ့ ညီအစ်မ ရှောင်လဲ့ကို လူသစ်တွေနဲ့ သွားစုဝေးခိုင်းလိုက်တယ်။
တစ်ခါတော့၊ ရှောင်လဲ့က စုဝေးပွဲကနေ ပြန်ရောက်လာပြီး လူသစ်တစ်ယောက်က အဖမ်းခံရမှာကြောက်လို့ ဘုရားသခင်ကို ဆက်မယုံကြည်ရဲတော့ဘူးလို့ ပြောတယ်။ နောက်လူသစ်တစ်ယောက်ကလည်း အဖမ်းခံရရင် သူ့ကလေးရဲ့ အနာဂတ်ကို ထိခိုက်မှာစိုးရိမ်လို့ ဆက်မယုံကြည်ရဲတော့ဘူးတဲ့။ ဒါကိုကြားတော့ ကျွန်မ တော်တော်လေး စိုးရိမ်ပူပန်သွားတယ်။ ရှောင်လဲ့က ဘုရားသခင်ကို ယုံကြည်တာ အချိန်တိုလေးပဲ ရှိသေးပြီး လူသစ်တွေကိုလည်း အရင်က တစ်ခါမှ ရေမလောင်းပေးဖူးဘူးဆိုတာ ကျွန်မ သိတယ်။ လူသစ်တွေမှာရှိတဲ့ ပြဿနာတချို့နဲ့ အခြေအနေတွေကို သူ အပြည့်အဝ ဖြေရှင်းမပေးနိုင်ဘူးလေ။ ဒီလူသစ်တွေရဲ့ ပြဿနာတွေကို သမ္မာတရားကို မိတ်သဟာယပြုပေးပြီး အမြန်ဆုံး ဖြေရှင်းပေးရမှာ။ မဟုတ်ရင် သူတို့ အသင်းတော်ကနေ ထွက်သွားမယ့် အန္တရာယ်ရှိတယ်။ ဒါပေမဲ့ လူသစ်တွေကို သွားရေလောင်းပေးဖို့ ငါ အပြင်ထွက်ရင် အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ငါက ရောဂါကြီးကြီးမားမား ဖြစ်ခဲ့ဖူးတာ၊ ရဲတွေရဲ့ ညှဉ်းဆဲမှုကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲပေါ့။ ညီအစ်ကိုမောင်နှမတွေ ညှဉ်းဆဲခံရတဲ့ မြင်ကွင်းတွေကို ကျွန်မ တွေးမိတယ်၊ ရဲတွေက သူတို့ကို ကြိုးဆွဲချပြီး ရိုက်နှက်တယ်၊ ခန္ဓာကိုယ်တွေပေါ် ရေနွေးပူတွေလောင်းချတယ်၊ လျှပ်စစ်ရှော့တိုက်တယ် စသဖြင့်ပေါ့။ သူတို့ မလုပ်တဲ့ ယုတ်မာတဲ့ နည်းလမ်းဆိုတာ မရှိဘူး။ ညီအစ်ကိုမောင်နှမ အများအပြားဟာ အဖမ်းခံရပြီးနောက်မှာ ညှဉ်းဆဲခံခဲ့ရတယ်။ တချို့ဆို မသန်စွမ်းဖြစ်သွားတယ်၊ တချို့ဆို ရိုက်သတ်ခံရတဲ့အထိပဲ။ ငါသာ အဖမ်းခံရပြီး ရဲတွေရဲ့ ညှဉ်းဆဲမှုကြောင့် သေဆုံးသွားခဲ့ရင်၊ ကယ်တင်ခြင်းရဖို့ ငါ့အခွင့်အရေး ဆုံးရှုံးသွားမှာပဲ။ တွေးလေလေ၊ ပိုကြောက်လာလေလေပဲ။ ကျွန်မ တွေးမိတယ်၊ “လူသစ်တွေကို ပံ့ပိုးဖို့ ရှောင်လဲ့ကိုပဲ လွှတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေနဲ့ သူ့ကို လူသိပ်မသိကြဘူးလေ” လို့ပေါ့။ ဒါပေမဲ့ ဒီလိုတွေးလိုက်တဲ့အခါ ကျွန်မစိတ်ထဲမှာ နည်းနည်းစနိုးစနောင့် ဖြစ်သွားတယ်၊ “ရှောင်လဲ့က လူသစ်တွေကို ရေလောင်းဖို့ အခုမှစပြီး လေ့ကျင့်နေတာ။ လူသစ်တွေရဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး သူ သိပ်ရှင်းရှင်းလင်းလင်း မိတ်သဟာယမပြုပေးနိုင်ဘူးလေ။ လူသစ်တွေက သမ္မာတရားကို နားမလည်ရင် ထွက်သွားဖို့ လွယ်တယ်၊ ပြီးတော့ သူတို့ရဲ့အသက်တာမှာ ဆုံးရှုံးမှုဖြစ်မှာပဲ။ နောက်ပြီး ဒီလူသစ်တွေက အမြဲတမ်း ငါ့ရဲ့တာဝန် ဖြစ်ခဲ့တာ။ တခြားလူတွေက သူတို့ရဲ့ အခြေအနေတွေကို နားမလည်ကြဘူးလေ။ ငါသွားပြီး သူတို့ကို ပံ့ပိုးပေးတာက အသင့်တော်ဆုံးပဲ။ ကိုယ့်လုံခြုံရေးကြောင့် သူတို့ကို ဘေးဖယ်ထားပြီး ဂရုမစိုက်ဘဲနေရင်၊ ဒါက ကိုယ့်တာဝန်အပေါ် တာဝန်မဲ့တာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါပေမဲ့ အပြင်ထွက်ရင် အဖမ်းခံရမှာကို ကျွန်မ ကြောက်နေခဲ့တယ်။ ဒီလို အကျပ်အတည်းထဲ ရောက်နေတော့၊ ဒီပတ်ဝန်းကျင်မှာ အသင်းတော်အလုပ်ကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ ကျွန်မကို လမ်းပြပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “စာတန်က မည်မျှပင် ‘အလွန့်အလွန် အာဏာရှိ’ ပါစေ၊ မည်မျှပင် ရဲတင်းပြီး ရည်မှန်းချက် ကြီးမားပါစေ၊ ထိခိုက်မှုများ ပေးနိုင်သော ၎င်း၏အစွမ်းက မည်မျှပင်ကြီးမားပါစေ၊ လူသားကို ၎င်း၏ ဖောက်ပြန်ပျက်စီးစေနိုင်စွမ်းနှင့် မျှားခေါ်နိုင်စွမ်းတို့က မည်မျှပင် ကျယ်ပြန့်ပါစေ၊ လူသားကို ၎င်းခြိမ်းခြောက်သည့် ပရိယာယ်များနှင့် လှည့်ကွက်များက မည်မျှပါးနပ်နေပါစေ၊ ၎င်းဖြစ်တည်နေသည့် ပုံစံက မည်မျှပင် မဆုံးနိုင်အောင် ပြောင်းလဲ၍ရနေပါစေ စာတန်သည် သက်ရှိအရာတစ်ခုကို တစ်ခါမျှ မဖန်ဆင်းနိုင်ခဲ့ပေ။ အရာအားလုံးဖြစ်တည်မှုအတွက် နိယာမများ၊ သို့မဟုတ် စည်းမျဉ်းတို့ကို တစ်ခါမျှ ၎င်းမချပေးနိုင်ခဲ့ပေ။ သို့မဟုတ် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ မည်သည့်အရာဝတ္ထုကိုမျှ ၎င်း အုပ်စိုးပြီး အချုပ်အခြာအာဏာ ကိုင်စွဲနိုင်စွမ်း တစ်ခါမျှ မရှိခဲ့ပေ။ စကြဝဠာနှင့် မိုးမျက်နှာကြက်အတွင်းတွင် စာတန်ထံမှ ပေါက်ဖွားလာသည့်၊ သို့မဟုတ် ၎င်းကြောင့် ဖြစ်တည်နေသည့် လူပုဂ္ဂိုလ်တစ်ယောက်တလေ၊ သို့မဟုတ် အရာဝတ္ထုတစ်ခုတလေမျှ မရှိပေ။ လူတစ်ဦးမျှ သို့မဟုတ် အရာဝတ္ထုတစ်ခုမျှ ၎င်း၏ အချုပ်အခြာအာဏာအောက်တွင်ဖြစ်စေ၊ ၎င်း၏ အုပ်စိုးခံရခြင်းဖြစ်စေ မရှိချေ။ ဆန့်ကျင်ဘက်အနေနှင့် ၎င်းသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် နေရရုံသာမကဘဲ ဘုရားသခင်၏ အမိန့်များနှင့် ခိုင်းစေမှုများအားလုံးကို ကျိုးနွံနာခံရသည်။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။ ဘုရားသခင်၏ အမြင်တွင် စာတန်သည် တောင်ပေါ်က နှင်းပန်းများ၊ လေထဲတွင် ပျံနေသည့်ငှက်များ၊ ပင်လယ်ထဲက ငါးများနှင့် ကမ္ဘာမြေကြီးပေါ်က လောက်များထက် နိမ့်ကျသည်။ အရာအားလုံးထဲတွင် ၎င်း၏ကဏ္ဍသည် အရာအားလုံးကို အစေခံရန်၊ လူသားမျိုးနွယ်အတွက် အစေခံရန်နှင့် ဘုရားသခင်၏အမှုနှင့် သူ၏စီမံခန့်ခွဲမှု အစီအစဉ်တို့ကို အစေခံရန်ဖြစ်သည်။ ၎င်း၏သဘာဝက မည်မျှပင် မလိုမုန်းထားတတ်ပါစေ၊ ၎င်း၏အနှစ်သာရက မည်မျှပင် ကောက်ကျစ်ဆိုးယုတ်ပါစေ ၎င်းလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ဘုရားသခင်အတွက် အစေခံမှုပေးခြင်းဟူသည့် ၎င်း၏ တာဝန်ကို ကျေပွန်စွာ လိုက်နာရန်နှင့် အဖြည့်ခံတစ်ဦးအနေဖြင့် ကောင်းမွန်စွာ အစေခံရန် ဖြစ်၏။ ယင်းမှာ စာတန်၏ အခြေအမြစ်နှင့် မူလနေရာဖြစ်သည်။ သူ၏ အနှစ်သာရသည် အသက်နှင့် ဆက်စပ်မှုမရှိပေ။ တန်ခိုးနှင့် ဆက်စပ်မှုမရှိပေ။ သြဇာအာဏာနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းသည် ဘုရားသခင်၏ လက်ထဲမှ ကစားစရာတစ်ခုမျှသာဖြစ်သည်။ အစေခံမှုအတွက် ဘုရားသခင် အသုံးချသည့် စက်ယန္တရားတစ်လုံးသာ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) စာတန် ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ၊ သူဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ အမြဲရှိနေတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ မြင်ခဲ့ရတယ်။ သူက ဘုရားသခင်ရဲ့ ညွှန်ကြားချက်တွေနဲ့ အမိန့်တွေကို နားထောင်ရမှာပဲ။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ မြေကြီးပေါ်က ရေတစ်ပေါက်၊ သဲတစ်ပွင့်ကိုတောင် သူ မထိရဲဘူးလေ။ အရာအားလုံးနဲ့ ဖြစ်ရပ်အားလုံးကို ဘုရားသခင်က ထိန်းချုပ်ထားတယ်ဆိုတဲ့ ယုံကြည်ခြင်းကို ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပေးခဲ့တယ်။ ကျွန်မ အဖမ်းခံရမလား၊ မခံရဘူးလားဆိုတာ ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်။ အခု ဒီလူသစ်တွေရဲ့ ပြဿနာတွေကို အရေးတကြီး ဖြေရှင်းဖို့ လိုနေပြီ။ ကိုယ့်လုံခြုံရေးကိုချည်းပဲ တွေးနေလို့ မရဘူးလေ။ လူသစ်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့က အရမ်းအရေးကြီးတယ်။ နောက်တစ်ခါ လူသစ်တွေ စုဝေးပွဲရှိရင် ငါ သွားကိုသွားရမယ်။ ငါသာ တကယ် အဖမ်းခံရရင်၊ အဲဒါက ဘုရားသခင်ရဲ့ ခွင့်ပြုလို့ပဲဖြစ်မှာ။ ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိရင် စာတန် ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ၊ ငါ ဘေးကင်းမှာပါလို့ပေါ့။ စုဝေးပွဲရှိတဲ့နေ့မှာ ကျွန်မ စောစောထွက်လာပြီး စုဝေးပွဲလုပ်မယ့် နေရာကို မသွားခင် ဟိုနားဒီနား လှည့်ပတ်သွားနေခဲ့တယ်။ စုဝေးပွဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေကို မိတ်သဟာယပြုပေးလိုက်တော့၊ လူသစ်တွေဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားကြပြီး အရင်လို ကြောက်ရွံ့တုန်လှုပ်မနေကြတော့ဘူး။ သူတို့ မျက်နှာပေါ်မှာ အပြုံးတွေ ပေါ်လာပြီး သူတို့ရဲ့ အခြေအနေတွေ ပြောင်းလဲသွားတယ်။ ကျွန်မရဲ့ စိတ်နှလုံးထဲမှာလည်း ပျော်ရွှင်ပြီး ငြိမ်သက်သွားတာပေါ့။
၂၀၂၃ ခုနှစ်မှာ အသင်းတော်မှာ ခေါင်းဆောင်တာဝန်ကို ကျွန်မ စပြီး ထမ်းဆောင်ခဲ့တယ်။ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ကျွန်မနဲ့အတူ အလုပ်တွဲလုပ်နေတဲ့ ညီအစ်မ ကောင်းလီဟာ ခေါင်းဆောင်တွေနဲ့ သင်းထောက်တွေဖြစ်တဲ့ လူသစ်သုံးယောက်နဲ့ စုဝေးပွဲလုပ်နေတုန်း အဖမ်းခံလိုက်ရတယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့အခါ ကျွန်မ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတာပေါ့။ “ကောင်းလီရဲ့အိမ်ကို ငါ နေ့တိုင်းနီးပါး သွားပြီး ဒီလူသစ်သုံးယောက်နဲ့ ခဏခဏ တွေ့ဖြစ်တယ်။ ဒီလူသစ်တွေက ဘုရားသခင်ကို ယုံကြည်တာ သိပ်မကြာသေးတော့ သမ္မာတရားကို နားလည်မှုက အပေါ်ယံပဲ ရှိသေးတယ်လေ။ သူတို့က ရဲတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံနိုင်ရည်ရှိပြီး သူတို့ရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါ့မလား။ သူတို့ ညှဉ်းဆဲတာကို မခံနိုင်ဘဲ ယုဒဖြစ်သွားပြီး ငါ့ကို ဖော်ကောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ငါက အစကတည်းက နေမကောင်းဖြစ်နေတာ၊ ငါသာ အဖမ်းခံရရင် ရဲတွေရဲ့ ညှဉ်းဆဲမှုကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ” လို့ပေါ့။ အဲဒီရက်တွေမှာ ကျွန်မနဲ့ အဆက်အသွယ်ရှိခဲ့တဲ့ ညီအစ်ကို မောင်နှမ ဘယ်သူဘယ်ဝါတော့ အဖမ်းခံလိုက်ရပြီဆိုတဲ့ စာတွေကို ခဏခဏ ရခဲ့တယ်။ ကျွန်မ အချိန်မရွေး အဖမ်းခံရနိုင်တယ်လို့ ခံစားနေရပြီး စိတ်ကို ငြိမ်အောင်မထားနိုင်ခဲ့ဘူး။ နေ့တိုင်း စိုးရိမ်ပူပန်မှုတွေနဲ့ပဲ အချိန်ကုန်နေခဲ့တာ။ နောက်ထပ် မျက်နှာမပြတော့ဘဲ သွားပုန်းနေလို့ရမယ့် နေရာတစ်ခုကိုပဲ ရှာချင်နေမိတယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်၊ ငါက အသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ၊ နောက်ဆက်တွဲအလုပ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့က ငါ့တာဝန်လေ။ အထူးသဖြင့် ကောင်းလီက ဘုရားနှုတ်ကပတ်တော် စာအုပ်တွေ လုံခြုံအောင် သိမ်းထားတဲ့ အိမ်တွေကို အရမ်းရင်းနှီးတာ။ စာအုပ်တွေကို အမြန်ဆုံး နေရာပြောင်းရွှေ့ဖို့ လိုနေတယ်။ ဒါပေမဲ့ အဲဒီအချိန်က ပတ်ဝန်းကျင်က အရမ်းကို ဆိုးရွားနေပြီး စောင့်ကြည့်မှုတွေက နေရာတိုင်းမှာ ရှိနေတာ။ ဒီစာအုပ်တွေအားလုံးကို နေရာပြောင်းနေတာကို ရဲတွေက တွေ့သွားရင် အကျိုးဆက်က တွေးမကြည့်ရဲအောင် အရမ်းဆိုးမှာပဲလေ။ ကိုယ်က အသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေကို ပြောမနေနဲ့တော့။ ငါက ခေါင်းဆောင်မှန်း ရဲတွေ သိသွားတာနဲ့၊ သေတဲ့အထိ ညှဉ်းဆဲမှာ သေချာတယ်။ ရဲတွေက ညီအစ်ကိုမောင်နှမတွေကို ညှဉ်းဆဲတဲ့ မြင်ကွင်းတွေကို တွေးလိုက်တာနဲ့၊ ငါ ကြောက်ပြီး တုန်သွားတာ။ ငါသာ ရဲတွေရဲ့ ရိုက်သတ်တာကို ခံလိုက်ရရင် ထာဝရ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာပဲ၊ ပြီးတော့ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့တာတွေက အလကားဖြစ်သွားမှာပေါ့။ ဒါပေမဲ့ ကောင်းလီက ညှဉ်းဆဲတာကို မခံနိုင်ဘဲ ယုဒဖြစ်သွားပြီး ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အချိန်မီ နေရာမပြောင်းဖြစ်ခဲ့ရင် ရဲတွေလက်ထဲ ဒီစာအုပ်တွေ ရောက်သွားနိုင်တယ်လေ။ အဲဒီလိုဆိုရင် ငါက ကိုယ့်တာဝန်ကို ပျက်ကွက်ရာကျသွားမှာပေါ့။ အဲဒါက ကြီးလေးတဲ့ ပြစ်မှားခြင်းတစ်ခုပဲ။ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို နေရာပြောင်းတဲ့ကိစ္စက တစ်ခဏလေးတောင် နှောင့်နှေးလို့ မရဘူးလေ။ အဲဒီညက ဘုရားသခင်ဆီကို အကြိမ်ကြိမ် ဆုတောင်းခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်တော့ ကျွန်မက ကြောက်ရွံ့စိတ်နဲ့ အသက်ရှင်နေခဲ့ပြီး မျက်နှာပြဖို့ကြောက်နေတာကို တွေ့လိုက်ရတယ်၊ အဲဒါက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီဘူး၊ နောက်ပြီး ကြောက်ရွံ့တုန်လှုပ်မှုဆိုတာက စာတန်ရဲ့ လှည့်စားမှုတွေပဲဆိုတာ တွေ့လိုက်ရတယ်။ ကျွန်မ ခဏခဏ ဖတ်ဖြစ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သတိရလိုက်တယ်။ “ငါ လိုအင်ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ လက်ရှိတွင် သက်သေခံချက်က အဘယ်အရာဖြစ်သည်၊ ချစ်ခြင်းမေတ္တာက အဘယ်အရာဖြစ်သည်ကို သင်မသိလျှင်ပင် ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး သင်၌ တစ်ခုတည်းသော ရတနာများဖြစ်သည့် သင်၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံခြင်းကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် ကျိုးနွံနာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် ကျိုးနွံနာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ ကျိုးနွံနာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံလိုမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိုလိမ့်မည်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်သွားတယ်။ စာတန်နဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်မ သက်သေခံနိုင်မလား၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိပြီး ကျိုးနွံနာခံမှု ရှိမရှိ ဆိုတာကို ဘုရားသခင်က အခုအချိန်မှာ စိစစ်နေတာပဲ။ အခု ပတ်ဝန်းကျင်က အန္တရာယ်များနေပြီး ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို အရေးတကြီး နေရာပြောင်းဖို့ လိုနေတယ်။ အသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီအလုပ်ကို တုံ့ဆိုင်းမနေဘဲ လုပ်ရမှာ။ စီစီပီက ဆိုးညစ်ပြီး စက်ဆုပ်စရာကောင်းသလို အကြံအစည်တွေနဲ့ ပြည့်နေတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ အဖမ်းခံရတဲ့ ညီအစ်ကိုမောင်နှမတွေက ရဲတွေရဲ့ ခြိမ်းခြောက်တာတွေ၊ သွေးဆောင်ဖြားယောင်းတာတွေကို ခံရချိန်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်မလားဆိုတာ ကျွန်မ မသိဘူးလေ။ နောက်ဆက်တွဲအလုပ်တွေကို အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်။ စာအုပ်တွေကို နေရာပြောင်းတဲ့ကိစ္စက တစ်ခဏလေးတောင် နှောင့်နှေးလို့မဖြစ်ဘူး။ ကျွန်မ ဒီထက်ပိုပြီး အချိန်ဆွဲမနေနိုင်တော့ဘူး။ စာအုပ်တွေကို ဘယ်လိုနေရာပြောင်းမလဲဆိုတာ တရားဟောဆရာနဲ့ အရေးတကြီး တိုင်ပင်ဆွေးနွေးခဲ့တယ်၊ ပြီးတော့ ဒီကိစ္စကို ကိုယ်တော့်ဆီ အပ်နှံရင်း ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေအားလုံးကို အဲဒီကနေ ဘေးကင်းကင်းနဲ့ ချောချောမွေ့မွေ့ နေရာပြောင်းဖြစ်ခဲ့တယ်။ အဲဒီတော့မှပဲ ကျွန်မ သက်ပြင်းချဖြစ်ခဲ့တယ်။
နောက်ပိုင်းမှာ ညီအစ်မ လီကျဲလည်း အဖမ်းခံရတယ်၊ နောက်ညီအစ်မ တစ်ယောက်ကတော့ အဖမ်းခံရပြီး သုံးရက်အကြာမှာ ရိုက်သတ်ခံရတယ်၊ အသင်းတော်က ညီအစ်ကိုမောင်နှမတွေကလည်း ရဲတွေရဲ့ နောက်ယောင်ခံလိုက်တာနဲ့ ဖမ်းဆီးတာကို ဆက်တိုက်ခံနေရတယ်ဆိုပြီး ပြောထားတဲ့ စာတစ်စောင်ကို ကျွန်မ ထပ်ရခဲ့တယ်။ ဒီသတင်းတွေကို ကြားလိုက်ရတဲ့အခါ ကျွန်မ ပြန်ပြီး စိုးရိမ်လာပြန်တယ်။ ငါသာ အဖမ်းခံရပြီး ညှဉ်းဆဲခံရလို့ ရိုက်သတ်ခံရရင် ဘယ်လိုလုပ်မလဲပေါ့။ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ကျွန်မရဲ့ စိတ်နှလုံးဟာ ကြောက်ရွံ့တုန်လှုပ်လာတယ်။ ငါ အပြင်ထွက်လို့ မဖြစ်တော့ဘူး၊ အိမ်မှာပဲ ပုန်းနေမှပါလို့ တွေးမိတယ်။ ဒီလိုအတွေးတွေ ထုတ်ဖော်မိတာက မှားနေမှန်း သဘောပေါက်မိပြီး ကိုယ့်ကိုယ်ကိုယ် စပြီးဆင်ခြင်သုံးသပ်ခဲ့တယ်။ အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ကြုံရတာနဲ့ ငါ ဘာလို့ ကြောက်ရွံ့တုန်လှုပ်စိတ်နဲ့ အသက်ရှင်ခဲ့ရပြီး ထွက်ပြေးချင်နေရတာလဲပေါ့။ ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကို စဉ်းစားခြင်းအပြင် အချို့သော အန္တိခရစ်များက မည်သည့်အရာကိုပါ စဉ်းစားကြသနည်း။...၎င်းနေထိုင်သည့် နေရာက ဘေးကင်းလုံခြုံခြင်း မရှိသောကြောင့် ရဲများထံ တိုင်ကြားခြင်းခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ မိမိတို့၏တာဝန်များကို လုပ်ဆောင်ရန် မကြာခဏ အပြင်ထွက်လွန်းပြီး အလွန်များသော လူတို့နှင့် ဆက်ဆံခဲ့ရသောကြောင့် အဆင်းနီသော နဂါးကြီး၏ သူလျှိုများက ပစ်မှတ်ထားခြင်း ခံရသည့် ခေါင်းဆောင်တစ်ဦးအကြောင်းကိုဖြစ်စေ၊ ဤလူများက ဖမ်းဆီးခြင်းခံရကာ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပုံကိုဖြစ်စေ ၎င်းတို့ ကြားရသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ကြောက်လန့်လာကြသည်။ ၎င်းတို့က ‘အို မဖြစ်ပါ၊ အဖမ်းခံရမည့် နောက်တစ်ယောက်မှာ ငါများ ဖြစ်လိမ့်မည်လော။ ဤအရာမှ ငါ သင်ယူရမည်။ ငါ အလွန် မတက်ကြွသင့်ပါ။ အသင်းတော် အလုပ်အချို့ကို လုပ်ဆောင်ခြင်းအား ငါ ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့မျက်နှာပြခြင်းကို ရှောင်ရှား၍ရနိုင်လျှင် ငါ ရှောင်ရှားလိုက်မည်။ ငါ့အလုပ်ကို ငါ ဖြစ်နိုင်သမျှ နည်းအောင်လုပ်မည်၊ အပြင်ထွက်ခြင်းကို ရှောင်မည်၊ မည်သူမဆိုနှင့် ဆက်ဆံခြင်းကို ရှောင်မည်ဖြစ်ပြီး ငါ ခေါင်းဆောင်ဖြစ်ကြောင်း မည်သူမျှမသိသည်ကို သေချာအောင်လုပ်မည်။ ယနေ့ခေတ်တွင် အခြားတစ်ဦးတစ်ယောက်ကို မည်သူက ဂရုစိုက်ဖို့ တတ်နိုင်မည်နည်း။ အသက်ရှင်နေဖို့သည်ပင် စိန်ခေါ်မှုတစ်ခု ဖြစ်နှင့်ပေပြီ’ဟု တွေးကြသည်။ ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍကို ယူကတည်းက အိတ်တစ်ခုကို သယ်ဆောင်ပြီး ပုန်းကွယ်ခြင်းမှလွဲ၍ မည်သည့်အလုပ်ကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အဖမ်းခံရကာ ပြစ်ဒဏ်ချမှတ်ခံရမည်ကို အမြဲကြောက်သောစိတ်ဖြင့် ရင်တမမ အသက်ရှင်နေကြသည်။ တစ်စုံတစ်ဦးက ‘သင် အဖမ်းခံရလျှင် အသတ်ခံရလိမ့်မည်။ သင် ခေါင်းဆောင်တစ်ဦး မဟုတ်လျှင်၊ သာမန် ယုံကြည်သူတစ်ဦးသာဖြစ်လျှင် ဒဏ်ငွေအနည်းငယ်မျှ ပေးပြီးနောက်တွင် လွတ်ကောင်းလွတ်မည် ဖြစ်သော်လည်း သင့်အနေဖြင့် ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတွက် ပြောရခက်ပေသည်။ အလွန် အန္တရာယ်များသည်။ အဖမ်းခံရသည့် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အချို့သည် မည်သည့် သတင်းအချက်အလက်ကိုမဆို ပေးဖို့ ငြင်းဆန်ကြပြီး ရဲများက သေသည်အထိ ရိုက်နှက်ခြင်းကို ခံရကြသည်’ဟု ပြောသည်ကို ကြားကြသည်ဆိုပါစို့။ တစ်စုံတစ်ဦးက သေသည်ထိ ရိုက်နှက်ခံရသည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အကြောက်တရားက ပြင်းထန်လာပြီး အလုပ်လုပ်ရန် သာ၍ပင် ကြောက်ရွံ့လာကြသည်။ နေ့စဉ် ၎င်းတို့တွေးသမျှအကြောင်းမှာ အဖမ်းခံရခြင်းအား မည်သို့ ရှောင်ရှားရမည်၊ မိမိတို့မျက်နှာများ ပြခြင်းအား မည်သို့ ရှောင်ရှားရမည်၊ စောင့်ကြည့်ခံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဆိုသည်နှင့် ၎င်းတို့၏ ညီအစ်ကို မောင်နှမများနှင့် ထိတွေ့ဆက်ဆံရခြင်းအား မည်သို့ ရှောင်ရှားရမည်ဟူသည်တို့ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို ဦးနှောက်ခြောက်ခံ စဉ်းစားကြပြီး မိမိတို့၏ တာဝန်များကို လုံးဝ မေ့လျော့ကြသည်။ ဤသည်တို့မှာ သစ္စာစောင့်သိသော လူများ ဖြစ်ကြသလော။ ဤကဲ့သို့သော လူများသည် အလုပ်တစ်ခုတလေကို ကိုင်တွယ်နိုင်ကြသလော။ (မကိုင်တွယ်နိုင်ကြပါ။) ဤကဲ့သို့သော လူများသည် ကြောက်သာကြောက်တတ်ကြပြီး ဤသရုပ်သကန်တစ်ခုတည်းအပေါ် အခြေခံ၍ အန္တိခရစ်များအဖြစ် ၎င်းတို့ကို ငါတို့ သေချာပေါက် သရုပ်ဖော်၍မရနိုင်သော်လည်း ဤသရုပ်သကန်၏ သဘာဝမှာ အဘယ်နည်း။ ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က လူတို့၏ ဘေးကင်းရေးကို ကာကွယ်ပေးနိုင်ကြောင်း ၎င်းတို့ မယုံကြည်ကြသကဲ့သို့ ဘုရားသခင်အတွက် အသုံးခံရန် မိမိကိုယ်ကို ရည်စူးအပ်နှံခြင်းသည် သမ္မာတရားအတွက် မိမိကိုယ်ကို ဆက်ကပ်ခြင်း ဖြစ်ကြောင်းနှင့် ထိုအရာသည် ဘုရားသခင် အသိအမှတ်ပြုသည့် အရာတစ်ခုဖြစ်ကြောင်းတို့ကို ၎င်းတို့ သေချာပေါက် မယုံကြည်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်ကို ၎င်းတို့ မကြောက်ရွံ့ ကြပေ။ စာတန်နှင့် ဆိုးယုတ်သော နိုင်ငံရေး ပါတီများကိုသာ ကြောက်ကြသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို ၎င်းတို့ မယုံကြည်ကြ။ အရာရာက ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ကို မယုံကြည်ကြသကဲ့သို့ သူ့အတွက်လည်းကောင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးစေခြင်းအတွက်လည်းကောင်း အရာရာကို အသုံးခံသည့် လူတစ်ဦးအား ဘုရားသခင် အသိအမှတ်ပြုလိမ့်မည် ဖြစ်သည်ကို သေချာပေါက် မယုံကြည်ကြပေ။ ဤအရာတစ်ခုကိုမျှ ၎င်းတို့ မယုံကြည်ကြပေ။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်ကြသနည်း။ ၎င်းတို့အနေဖြင့် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ကျရောက်သွားလျှင် မကောင်းသည့် အဆုံးသတ်တစ်ခု တွေ့ကြုံရမည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြစ်ဒဏ်ချမှတ်ခံရနိုင်မည့် သို့မဟုတ် ၎င်းတို့၏ အသက်များပင် ဆုံးရှုံးမည့် အန္တရာယ်ရှိနိုင်ကြောင်းကို ယုံကြည်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့၏ တစ်ကိုယ်ရေ ဘေးကင်းရေးကိုသာ စဉ်းစားကြပြီး အသင်းတော်၏ အလုပ်ကို မစဉ်းစားကြချေ။ ဤလူများသည် မယုံကြည်သူများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကျမ်းစာက မည်သည့်အရာ ပြောသနည်း။ ‘ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ဤစကားများကို ၎င်းတို့ ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် စွန့်စားရန် စေခိုင်းခြင်းခံရလျှင် မိမိတို့ကိုယ်ကို ပုန်းကွယ်ကာ ၎င်းတို့အား မည်သူမျှ မြင်ခွင့်မပေးရန် ဆန္ဒရှိကြလိမ့်မည် ဖြစ်သည်။ ကိုယ်ပျောက်သောသူ ဖြစ်ချင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ကြောက်ရွံ့သည့်အတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အထောက်အပံ့ဖြစ်သည်ကြောင်း၊ အရာရာက ဘုရားသခင်၏ လက်ထဲတွင် ရှိကြောင်း၊ တစ်စုံတစ်ရာ မှားယွင်းလျှင် သို့မဟုတ် ၎င်းတို့ အမှန်တကယ် အဖမ်းခံရလျှင် ထိုအရာကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်ကြောင်းနှင့် လူတို့အနေဖြင့် ကျိုးနွံနာခံသည့် စိတ်နှလုံးများရှိသင့်ကြောင်းတို့ကို ၎င်းတို့က မယုံကြည်ကြပေ။ ဤလူများသည် ဤစိတ်နှလုံးများ၊ ဤသိနားလည်မှု သို့မဟုတ် ဤပြင်ဆင်မှုတို့ မရှိကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ကြသလော။ (မယုံကြည်ကြပါ။) ဤသရုပ်သကန်၏ အနှစ်သာရမှာ မယုံကြည်သူတစ်ဦး၏ အနှစ်သာရ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) ဘုရားသခင် ဖော်ထုတ်ထားတာက ကျွန်မရဲ့ အခြေအနေ အတိအကျပဲလေ။ အတူအလုပ်လုပ်တဲ့ ညီအစ်မ အဖမ်းခံရတယ်လို့ ကြားကတည်းက စိုးရိမ်ပူပန်မှုနဲ့ ကြောက်လန့်စိတ်နဲ့ နေထိုင်ခဲ့ရတာ။ ကိုယ်က အသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ ကျွန်မတို့ ကြုံလာရတဲ့အခါ ဘုရားသခင်ရဲ့ ပူဇော်သက္ကာတွေနဲ့ ဘုရားနှုတ်ကပတ်တော် စာအုပ်တွေကို ပထမဦးစားပေးအနေနဲ့ ကာကွယ်ရမယ်ဆိုတာကို ကျွန်မ သိသားပဲလေ။ ဒါပေမဲ့ နောက်တော့ လက်ရှိပတ်ဝန်းကျင်က ဘယ်လောက် အန္တရာယ်များနေလဲ၊ နေရာတိုင်းမှာ စောင့်ကြည့်မှုတွေ ရှိနေတယ်ဆိုတာကို ကျွန်မ တွေးမိလိုက်တယ်။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ စာအုပ်တွေ အများကြီး နေရာပြောင်းရွှေ့နေတုန်း ရဲဖမ်းခံရပြီဆိုတာနဲ့ သူတို့က ကျွန်မကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ ကျွန်မသာ မသန်စွမ်းဖြစ်သွားတဲ့အထိ၊ ဒါမှမဟုတ် သေတဲ့အထိ ရိုက်နှက်ခံရရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး လုံးဝဆုံးရှုံးသွားမှာပဲလေ။ ဒီလို ကြောက်စရာကောင်းတဲ့ အကျိုးဆက်တွေကို တွေးမိတဲ့အခါ စာအုပ်တွေကို နေရာမပြောင်းရဲတော့ဘူး။ ဒီအလုပ်ကို တရားဟောဆရာဆီ ပုံချချင်ခဲ့တာ။ ဒီအရေးကြီးတဲ့ အချိန်ရောက်မှ ကိုယ့်ရဲ့ လုံခြုံရေးကိုပဲ တွေးနေမိတယ်။ ခေါင်းထဲမှာ ကိုယ့်အကျိုးစီးပွားတွေနဲ့ပဲ ပြည့်နေပြီး အသင်းတော်ရဲ့ အကျိုးစီးပွားကို လုံးဝ ထည့်မတွေးခဲ့ဘူး။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့အပြင် လူ့သဘာဝလည်း ကင်းမဲ့နေခဲ့တာပဲ။ ဒီလိုအခြေအနေမျိုးနဲ့ ကျွန်မတို့ မကြုံရခင်တုန်းက၊ အဆင်းနီတဲ့ နဂါးကြီးဆိုတာ ဘုရားသခင်ရဲ့ အလုပ်အတွက် အလုပ်လုပ်ပေးဖို့ ကိရိယာတစ်ခုသက်သက်ပဲ ဖြစ်တယ်၊ လူတွေကို ထုတ်ဖော်ပြီး စုံလင်အောင်ပြုဖို့ အဆင်းနီတဲ့ နဂါးကြီးရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ဘုရားသခင်က အသုံးပြုတယ်ဆိုတာကို ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ ခဏခဏ မိတ်သဟာယပြုခဲ့ဖူးတယ်။ ဒါပေမဲ့ အန္တရာယ်နဲ့ တကယ်ကြုံလာရတဲ့အခါ ကျွန်မ ထုတ်ဖော်ခံလိုက်ရတယ်။ တစ်နေ့လုံး ကြောက်ရွံ့တုန်လှုပ်စိတ်တွေနဲ့ပဲ ကျွန်မ နေခဲ့ရတယ်။ ရဲတွေက ကျွန်မကို သေတဲ့အထိညှဉ်းဆဲမှာကို ကြောက်နေခဲ့တာ။ ဘုရားသခင်အပေါ်မှာ ကျွန်မ စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိခဲ့ဘူး။ ပုံမှန်ဆိုရင် ကျွန်မ မိတ်သဟာယပြုခဲ့တာတွေ အားလုံးက စကားလုံးတွေနဲ့ အယူဝါဒတွေချည်းပဲဆိုတာ မြင်လိုက်ရတယ်။ ဘုရားသခင်အပေါ်မှာ ကျွန်မ ယုံကြည်ခြင်း တစ်စက်လေးတောင် မရှိခဲ့ဘူး။ ကျွန်မဟာ ဘုရားသခင် ဖော်ထုတ်လိုက်တဲ့ မယုံကြည်သူတစ်ယောက်ပဲ။
နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်သုံးသပ်မိတယ်။ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ ကြုံလာရတာနဲ့ ကိုယ့်တာဝန်ကို သူများဆီ ဘာလို့ အမြဲ ပုံချချင်နေရတာလဲ။ ဘယ်လို သဘာဝ အနှစ်သာရကများ ဒီလိုဖြစ်စေတာလဲပေါ့။ ဒါနဲ့ ရှာဖွေရင်း ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် အလွန်အမင်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းကြသည်။ ၎င်းတို့၌ ဘုရားသခင်အပေါ် သစ္စာရှိဖို့ မဆိုထားနှင့်၊ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ၎င်းတို့သည် ပြဿနာတစ်ခုကို ကြုံရသည့်အခါ မိမိကိုယ်ကိုသာ ကာကွယ်ပြီး ဘေးဆီးရန်ကာကြသည်။ ၎င်းတို့အတွက်မူ မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးထက် မည်သည့်အရာမျှ သာ၍ အရေးမကြီးချေ။ ၎င်းတို့ အသက်ရှင်နိုင်ပြီး အဖမ်းမခံရသရွေ့ အသင်းတော်၏ အလုပ်အဖို့ မည်မျှ ဘေးဖြစ်စေသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။...အန္တိခရစ်များသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင်၏ အလှူငွေများကို စွန့်ပစ်ကြပြီး၊ နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်ရန် လူတို့အတွက် မစီစဉ်ပေးကြပေ။ ဤသည်မှာ အဆင်းနီသော နဂါးကြီးအား ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် သူ၏ ရွေးချယ်ခြင်းခံရသည့် လူတို့ကို ဖမ်းဆီးခွင့်ပေးခြင်းနှင့် တူသည်။ ဤသည်မှာ ဘုရားသခင်၏ ပူဇော်သက္ကာများနှင့် သူ၏ ရွေးချယ်ထားသောလူတို့အပေါ် သွယ်ဝိုက်သောနည်းဖြင့် သစ္စာဖောက်ဖျက်ခြင်း ဖြစ်သည် မဟုတ်လော။ ဘုရားသခင်ကို သစ္စာစောင့်သိသည့်သူများက ပတ်ဝန်းကျင်တစ်ခုသည် အန္တရာယ် ရှိသည်ကို ရှင်းလင်းစွာ သိသည့်အခါတွင် ၎င်းတို့ကိုယ်တိုင် မဆုတ်ခွာမီ နောက်ဆက်တွဲ အခြေအနေကို ကိုင်တွယ်သည့် အလုပ်ကို လုပ်ဖို့ လိုလားဆဲဖြစ်ကာ ဘုရားအိမ်တော်ကို ဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ထိန်းသိမ်းကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကို ဦးစားမပေးကြပေ။ ငါ့ကိုပြောလော့၊ အဆင်းနီသောနဂါးကြီး၏ ဤကောက်ကျစ်ဆိုးယုတ်သောနိုင်ငံတွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းတွင် အန္တရာယ်လုံးဝ မရှိဟု မည်သူက သေချာစေနိုင်သနည်း။ မည်သည့်တာဝန်ကို တာဝန်ယူဆောင်ရွက်ပါစေ ယင်းက အန္တရာယ်အချို့ ပါဝင်သည်။ သို့တိုင် တာဝန်ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်စဉ်တွင် မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အန္တရာယ်ကို ခံယူရမည် ဖြစ်သည်။ အကြင်သူသည် ဉာဏ်ပညာကို အသုံးပြုသင့်ပြီး မိမိ၏ဘေးကင်းလုံခြုံရေးကို သေချာစေဖို့ ချိန်ဆရန် လိုအပ်သော်လည်း မိမိ၏ ကိုယ်ရေးကိုယ်တာ ဘေးကင်းလုံခြုံရေးကို ဦးစားမပေးသင့်ပေ။ ထိုသူသည် ဘုရားအိမ်တော်၏အလုပ်နှင့် ဧဝံဂေလိဖြန့်ဝေခြင်းကို ဦးစားပေးလျက် ဘုရားရည်ရွယ်ချက်များကို အလေးထားသင့်သည်။ မိမိအတွက် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ခြင်းသည် အရေးအကြီးဆုံး အရာဖြစ်ပြီး ဦးစားပေးဖြစ်သည်။ အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်၏ ဘေးကင်းရေးကိုသာ အဓိက ဦးစားပေးကြသည်။ အခြားမည်သည့်အရာမျှ ၎င်းတို့နှင့် မသက်ဆိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ အခြားသူတစ်ဦးကို တစ်စုံတစ်ခုဖြစ်သည့်အခါ၊ ထိုသူ မည်သူဖြစ်နိုင်ပါစေ ၎င်းတို့ ဂရုမစိုက်ကြချေ။ အန္တိခရစ်များ ကိုယ်တိုင် မည်သည့်ဆိုးရွားသည့်အရာမျှ မဖြစ်သရွေ့၊ ၎င်းတို့ စိတ်အေးလက်အေး ဖြစ်ကြသည်။ ၎င်းတို့၌ သစ္စာစောင့်သိခြင်း တစ်စက်မျှ မရှိပေ၊ ယင်းကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေး၏။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၂)) အန္တိခရစ်တွေဟာ အန္တရာယ်နဲ့ ကြုံရချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင်လုံခြုံရေးကိုပဲ စဉ်းစားတယ်လို့ ဘုရားသခင်က ဖော်ထုတ်ထားတယ်။ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေ ထိခိုက်မလားဆိုတာကို သူတို့ မစဉ်းစားသလို၊ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကိုလည်း ဂရုမစိုက်ကြဘူး။ သူတို့က အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတာပဲ။ ကျွန်မ ဖော်ထုတ်ခဲ့တဲ့ စိတ်သဘောထားကို အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ ယှဉ်ကြည့်လိုက်တဲ့အခါ၊ တစ်ထပ်တည်းကျနေတာကို တွေ့လိုက်ရတယ်။ ကျွန်မဟာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့ အဆိပ်အတောက်နဲ့ အသက်ရှင်နေခဲ့တာကိုး။ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်တွေမှာ ကိုယ့်အကျိုးစီးပွားကိုပဲ အရင်ဆုံး စဉ်းစားခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်မတို့ အသင်းတော်မှာ အခြေအနေတစ်ခု ပေါ်လာခဲ့တယ်။ ကျွန်မ အဖမ်းခံရပြီး ညှဉ်းဆဲခံရမှာကို စိုးရိမ်လို့ လူသစ်တွေကို သွားရေမလောင်းပေးရဲခဲ့ဘူးလေ။ ဒါကြောင့် လူသစ်တွေရဲ့ ပြဿနာတွေကို အချိန်မီ မဖြေရှင်းနိုင်ခဲ့ဘူး။ ကျွန်မနဲ့ အလုပ်အတူလုပ်တဲ့ ညီအစ်မနဲ့ ခေါင်းဆောင်တွေ၊ သင်းထောက် တချို့ အဖမ်းခံရတဲ့အခါ နောက်ဆက်တွဲအလုပ်တွေကို ကျွန်မ အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုနေခဲ့တာ။ ဒါပေမဲ့ အဖမ်းခံရလို့ ညှဉ်းဆဲခံရမှာကို ကျွန်မ ကြောက်ခဲ့ပြီး ရိုက်သတ်ခံရမှာကိုလည်း ကြောက်တုန်းဆိုတော့ ကိုယ့်တာဝန်ကို တခြားလူတွေဆီ ပုံချချင်ခဲ့တယ်။ အသင်းတော်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်မမှာ တာဝန်ရှိတာပေါ့။ ဒါပေမဲ့ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ ကြုံရတဲ့အခါ ရှေ့တန်းကနေ ထွက်ပြေးဖို့ပဲ အမြဲ တွေးနေမိတယ်၊ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့လောက်ပဲ တွေးပြီး ကိုယ့်တာဝန်ကို တခြားလူတွေဆီ ပုံချချင်နေခဲ့တာ။ သေရမှာကို အရမ်းကြောက်ပြီး ကိုယ့်အသက်ကို ဘယ်လိုနည်းနဲ့မဆို လောဘတကြီး ဖက်တွယ်ထားတာပေါ့။ ကိုယ့်ဇာတိပကတိအတွက်ပဲ ဂရုစိုက်ခဲ့တယ်။ ကျွန်မက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလွန်းတယ်။ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း တစ်စက်မှ မရှိခဲ့ဘူး။ စာတန်ရဲ့ အာဏာအောက်ကနေ လူသားတွေကို အပြည့်အဝ ကယ်တင်ဖို့အတွက် ဘုရားသခင်က ကျားတွင်းထဲ ကိုယ့်အသက်ကို စွန့်ပြီး ကိုယ်တိုင်ဝင်ရောက်ခဲ့တာကို ကျွန်မ တွေးမိတယ်။ တရုတ်နိုင်ငံရဲ့ အာဏာရပါတီက ဘုရားသခင်ကို အဆက်မပြတ် လိုက်လံဖမ်းဆီးနေပေမဲ့၊ ကျွန်မတို့ရဲ့ ကယ်တင်ခြင်းကို ဘယ်တော့မှ မစွန့်လွှတ်ဘဲ အဲဒီအစား ကျွန်မတို့ကို လမ်းပြဖို့ စကားတွေ၊ မြွက်ဆိုချက်တွေကို ဆက်ပြီး ပြောနေခဲ့တာပါ။ လူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာက အရမ်းကို ကြီးမားကျယ်ပြန့်တာပဲ။ ဘုရားသခင်အပေါ် တကယ်သစ္စာရှိတဲ့သူတွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးမှာပဲ။ စွန့်စားရမယ်ဆိုရင်တောင်မှ နောက်ဆက်တွဲအလုပ်တွေကို ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းကြမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထောက်ပံ့မှုနဲ့ သိုးထိန်းခြင်းကို ကျွန်မ မွေ့လျော်ခံစားခဲ့ရပေမဲ့၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားရကောင်းမှန်း မသိခဲ့ဘူး၊ ပြီးတော့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကျေးဇူးဆပ်ဖို့လည်း မတွေးခဲ့ဘူး။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ်ကို ကင်းမဲ့နေခဲ့တာ။ လူ့သဘာဝ တစ်စက်မှမရှိတဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ အန္တိခရစ်တစ်ယောက်နဲ့ ကျွန်မ ဘာမှမကွာဘူးလေ။ ကျွန်မသာ နောင်တမရရင် ဘုရားသခင် ရွံရှာတာကို ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ဒါကို သဘောပေါက်သွားတော့ ဆုတောင်းဖို့ ကပျာကယာ ဒူးထောက်လိုက်တယ်၊ “ချစ်လှစွာသော ဘုရားသခင်၊ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်နဲ့ ကြုံရတိုင်း သမီးရဲ့ လုံခြုံရေးကိုပဲ သမီး တွေးမိပါတယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကိုရော ညီအစ်ကိုမောင်နှမတွေရဲ့ လုံခြုံရေးကိုရော မစဉ်းစားခဲ့ပါဘူး။ သမီးက အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလွန်းပါတယ်။ သမီးရဲ့ အပြုအမူတွေက ကိုယ်တော့်အတွက် အရမ်းကို ရွံရှာစရာကောင်းနေမှာပဲနော်။ ချစ်လှစွာသော ဘုရားသခင်၊ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ သမီး ဆက်မရှင်သန်ချင်တော့ပါဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ဖို့ ကိုယ်တော့်ကိုပဲ အားကိုးဖို့ လိုလားပါတယ်” လို့ပေါ့။
နောက်ပိုင်းမှာ၊ အဖမ်းခံရမှာနဲ့ ရိုက်သတ်ခံရမှာကို အမြဲကြောက်နေတဲ့ ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်ရတယ်။ “သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် မာတုရဖြစ်ခဲ့ကြသူများသည် သူတို့၏ တာဝန်ကို မည်သည့်အတိုင်းအတာအထိ ထမ်းဆောင်ခဲ့ကြသနည်း။ယင်းက အဆုံးစွန်အတိုင်းအတာအထိ ဖြစ်ခဲ့သလော။ အဆုံးစွန်အတိုင်းအတာကို မည်သို့ထင်ရှားစေခဲ့သနည်း။ (၎င်းတို့က ၎င်းတို့၏ အသက်များကို ပူဇော်ဆက်ကပ်ကြသည်။) မှန်ပေသည်၊ ၎င်းတို့သည် ၎င်းတို့၏အသက်များဖြင့် အဖိုးအခကို ပေးဆပ်ခဲ့သည်။ မိသားစု၊ ကြွယ်ဝခြင်းနှင့် ဤအသက်တာ၏ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများသည် အပြင်ပန်းအရာများသာ ဖြစ်သည်။ ကိုယ်နှင့်ဆက်စပ်သည့် တစ်ခုတည်းသော အရာမှာ အသက်ဖြစ်သည်။ အသက်ရှင်သည့် လူတိုင်းအတွက် အသက်သည် တန်ဖိုးအထားထိုက်ဆုံးသော အရာ၊ အဖိုးတန်ဆုံးသော အရာဖြစ်ပြီး ဖြစ်ချင်တော့ ဤလူများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းနှင့်ပတ်သက်၍ အတည်ပြုချက် အနေဖြင့်လည်းကောင်း၊ သက်သေခံချက် အနေဖြင့်လည်းကောင်း ၎င်းတို့၏ အဖိုးအတန်ဆုံး ပိုင်ဆိုင်မှုကို ပူဇော်ဆက်ကပ်နိုင်ခဲ့ကြသည်။ ၎င်းတို့ သေဆုံးသည့်အချိန်အထိ ၎င်းတို့သည် ဘုရားသခင်၏နာမတော်ကို မငြင်းပယ်ခဲ့ကြသကဲ့သို့ ဘုရားသခင်၏ အမှုတော်ကိုလည်း မငြင်းပယ်ခဲ့ကြဘဲ ဤအဖြစ်မှန် တည်ရှိမှုအတွက် သက်သေခံဖို့ ၎င်းတို့အသက်၏ နောက်ဆုံးအခိုက်အတန့်များကို အသုံးပြုခဲ့ကြသည်။ ဤသည်မှာ အမြင့်မားဆုံး သက်သေခံသည့် ပုံစံမဟုတ်လော။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ တစ်စုံတစ်ဦး၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်း ဆိုသည့်အရာဖြစ်သည်။ စာတန်က ၎င်းတို့ကို ခြိမ်းခြောက်ပြီး ခြောက်လှန့်ကာ အဆုံး၌ စာတန်သည် သူတို့၏ အသက်ကို အဖိုးအခ ပေးစေသည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို မစွန့်ပစ်ခဲ့ပေ။ ဤသည်မှာ တစ်စုံတစ်ဦး၏ တာဝန်ကို အဆုံးစွန်သော အတိုင်းအတာအထိ ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းဖြစ်ပေသည်။ ဤအရာနှင့်ပတ်သက်၍ ငါ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်ကို သက်သေခံဖို့နှင့် သူ၏ဧဝံဂေလိတရားအား ဖြန့်ချိဖို့ တစ်ထေရာတည်းသော နည်းစနစ်ကို သင်တို့ အသုံးပြုစေဖို့ ငါရည်ရွယ်သလော။ ထိုသို့ ပြုလုပ်ရန် မလိုအပ်သော်လည်း ဤသည်မှာ သင်၏တာဝန် ဖြစ်ကြောင်း၊ ဘုရားသခင်က သင့်အား လိုအပ်ပါက ယင်းကို မလွဲမသွေ တာဝန်ရှိသည့်အရာတစ်ခုအဖြစ် သင် လက်ခံသင့်ကြောင်းကို သင်နားလည်ရမည်။ ယနေ့လူများသည် ၎င်းတို့ထဲ၌ ကြောက်စိတ်နှင့် စိုးရိမ်မှုတို့ ရှိကြသော်လည်း ထိုခံစားချက်များသည် မည်သည့်အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်စေဖို့ လိုအပ်ခြင်းမရှိပါက ယင်းနှင့်ပတ်သက်၍ စိုးရိမ်နေခြင်းမှာ မည်သည့် အသုံးတည့်မှုရှိသနည်း။ ဘုရားသခင်က သင့်အား ဤသည်ကို လုပ်ဖို့ လိုအပ်ပါက သင်သည် သင်၏တာဝန်ကို ခေါင်းမရှောင်သင့်သကဲ့သို့ မငြင်းပယ်သင့်ပေ။ သင်သည် တက်ကြွစွာ ပူးပေါင်းသင့်ပြီး စိတ်ပူခြင်းမရှိဘဲ လက်ခံသင့်သည်။ တစ်စုံတစ်ဦးသည် မည်သို့သေဆုံးပါစေ ၎င်းသည် စာတန်ရှေ့မှောက်တွင် မသေဆုံးသင့်ပေ၊ ပြီးလျှင် စာတန်၏လက်ထဲတွင် မသေဆုံးသင့်ပေ။ တစ်စုံတစ်ဦးက သေဆုံးတော့မည်ဖြစ်ပါက ၎င်းသည် ဘုရားသခင်၏လက်ထဲတွင် သေဆုံးသင့်သည်။ လူများသည် ဘုရားသခင်ထံမှ လာကြသည်၊ ပြီးလျှင် ဘုရားသခင်ထံသို့ ၎င်းတို့ ပြန်ကြသည်။ ယင်းမှာ ဖန်ဆင်းခံတစ်ဦး ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားနှင့် သဘောထားတို့ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဧဝံဂေလိတရားဟောခြင်းသည် ယုံကြည်သူများအားလုံး ကောင်းမွန်စွာ ဖြည့်ဆည်းရမည့် တာဝန်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ သတ်မှတ်ချက်တွေကို ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက်ဟာ ဘုရားသခင်အတွက် သက်သေခံဖို့ ကိုယ့်အသက်ကို ပေးဆပ်တယ်ဆိုရင်၊ ဒါက အမြင့်မားဆုံး သက်သေခံတဲ့ ပုံစံပဲ။ ဒါကို ဘုရားသခင်က အသိအမှတ်ပြုတယ်။ တရားမျှတတဲ့အရာအတွက် တစ်စုံတစ်ယောက်က ကိုယ့်အသက်ကို ပေးဆပ်တဲ့အခါ ဇာတိပကတိက သေဆုံးသွားပေမဲ့၊ ဝိညာဉ်ကတော့ ဘုရားသခင်ဆီ ပြန်သွားတာပဲလေ။ သမ္မာကျမ်းစာထဲမှာ ပြောထားသလိုမျိုးပေါ့။ “မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၀:၃၉) ပေတရုက ဘုရားသခင်အတွက် ဇောက်ထိုးကားတိုင်တင်ခံခဲ့ရပြီး သူ့ရဲ့ ဇာတိပကတိအသက်ကို ဆုံးရှုံးခဲ့ရပေမဲ့၊ သူဟာ ဘုရားသခင်အတွက် သက်သေခံခဲ့ပြီး ထာဝရအသက်ကို ရခဲ့တယ်။ အဲဒီလိုပဲ၊ အဆင်းနီတဲ့ နဂါးကြီးရဲ့ ညှဉ်းဆဲမှုအောက်မှာ ယုဒဖြစ်မယ့်အစား သေဖို့ကိုပဲ ရွေးချယ်ခဲ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေက ဘုရားသခင်အတွက် သက်သေခံဖို့ သေဆုံးခဲ့ကြတာပဲလေ။ ဒီလိုသေခြင်းမျိုးကို ဘုရားသခင်က အမှတ်ရတယ်။ ကိုယ့်တာဝန်ကို ထမ်းဆောင်နေရင်း ရဲတွေဖမ်းပြီး ရိုက်သတ်ခံရမှာကို ကျွန်မ အမြဲစိုးရိမ်နေခဲ့တာ၊ ဒါက အသက်နဲ့ သေခြင်းရဲ့ အဓိပ္ပာယ်ကို နားမလည်လို့ပဲလေ။ ကျွန်မရဲ့အသက်ဟာ ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိပြီး၊ ဘုရားသခင်က ကျွန်မအသက်ပေါ် အချုပ်အခြာအာဏာ ရှိတယ်။ ကျွန်မ အဆုတ်ထဲက အသက်ရှူသွင်းနေတဲ့ လေလေးကအစ ဘုရားသခင် ပေးထားတာပဲ။ ကျွန်မရဲ့ အသက်နဲ့ သေခြင်းကို ဘုရားသခင်ဆီ အပ်နှံပြီး၊ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်ကို ကျိုးနွံနာခံသင့်တာပေါ့။ ရဲတွေဖမ်းပြီး သေတဲ့အထိ ညှဉ်းဆဲခံရရင်တောင်မှ၊ ဘုရားသခင်အတွက် သက်သေခံချက်မှာ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့ရင် ဒါက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတာပဲ။ သခင်ယေရှု ပြောခဲ့သည်မှာ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။” (ရှင်မဿဲခရစ်ဝင် ၁၀:၂၈) စာတန်က လူတစ်ယောက်ရဲ့ ဇာတိပကတိကိုပဲ ဒုက္ခပေးနိုင်တာလေ။ ဘုရားသခင်ကို ယုံကြည်လို့ ကျွန်မတို့ကို စီစီပီက ညှဉ်းဆဲပြီး ကျွန်မတို့ရဲ့ ဇာတိပကတိ ဆင်းရဲဒုက္ခခံရရင်၊ ဒါမှမဟုတ် အာဇာနည်ဖြစ်ခဲ့ရင်တောင်မှ၊ ဒီဖြစ်စဉ်မှာ ကျွန်မတို့ဟာ ဘုရားသခင်ရှေ့မှာ သက်သေခံချက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့မှာပဲ။ ဒါက ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရတယ်။ ဒီဘဝမှာ၊ ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို လက်ခံရရှိခွင့်ရပြီး ဘုရားနှုတ်ကပတ်တော်တွေဆီကနေ ထောက်ပံ့မှုနဲ့ လမ်းပြမှု အများကြီး ရရှိခဲ့တာ ကျွန်မ ကံကောင်းတာပဲ။ ဘဝရဲ့ နက်နဲမှုတွေနဲ့ အဓိပ္ပာယ်တွေကို ကျွန်မ နားလည်ခဲ့ပြီး၊ စာတန်ရဲ့ အန္တရာယ်ပြုမှုနဲ့ လှည့်ကွက်တွေကနေ ချမ်းသာရာရခဲ့တယ်။ ဖန်ဆင်းရှင်ရဲ့ ဂရုစိုက်စောင့်ရှောက်မှုအောက်မှာ အသက်ရှင်နိုင်ခဲ့တယ်။ ဒီအရာတွေက အမြင့်မားဆုံး ကောင်းချီးမင်္ဂလာတွေပဲလေ။ အခု ကျွန်မသေရရင်တောင် တန်နေပါပြီ၊ ဒီဘဝက အလကားဖြစ်မသွားပါဘူး။ ဒါကို နားလည်သွားတဲ့အခါ၊ အရင်ကလို သေခြင်းတရားရဲ့ ဘောင်ခတ်တာကို ကျွန်မ မခံရတော့ဘူး။ ဘုရားသခင်ဆီ ဆုတောင်းဖို့၊ ဘုရားသခင်ကို အားကိုးဖို့နဲ့ နောက်ဆက်တွဲအလုပ်တွေကို ဖြေရှင်းရာမှာ ကိုယ့်ဉာဏ်ပညာကို သုံးဖို့ ကျွန်မ ဆန္ဒရှိလာတယ်။
နောက်ပိုင်းမှာ၊ ရဲတွေက ကျွန်မရဲ့ နာမည်အရင်းကို သိသွားပြီလို့ ညီအစ်မတစ်ယောက်က ပြောတယ်။ ဒီသတင်းကို ကြားတော့၊ နောက်ဆို ဒီထက်ပိုပြီးတော့ကို သတိထားရမယ်လို့ ကျွန်မ တွေးမိတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ၊ အရေးတကြီး အကောင်အထည်ဖော်ရမယ့် အလုပ်တချို့ရှိတယ်၊ ဒီကိစ္စကို သိတဲ့သူကို ရှာနိုင်တာ ကျွန်မ တစ်ယောက်တည်းပဲ ရှိတယ်လို့ ဆိုထားတဲ့ အထက်ခေါင်းဆောင်တွေဆီက စာရောက်လာတယ်။ ရဲတွေက ကျွန်မရဲ့ အခြေအနေမှန်ကို သိသွားပြီး နေရာတိုင်းမှာ စောင့်ကြည့်မှုတွေ ရှိနေတယ်ဆိုတာကို ကျွန်မ တွေးမိတယ်။ ငါ အပြင်ထွက်လို့ အဖမ်းခံရပြီး ရိုက်သတ်ခံရရင် ဘယ်လိုဖြစ်မလဲပေါ့။ အဲဒီအချိန်မှာ၊ ကျွန်မရဲ့ အခြေအနေက ထပ်ပြီး မှားနေပြန်ပြီဆိုတာကို သဘောပေါက်မိလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ စာတန်သည် ကုန်းမြေပေါ်မှ ရေတစ်စက်၊ သို့မဟုတ် သဲတစ်ပွင့်ကိုပင် အလွယ်တကူ မထိနိုင်ပေ။ ဘုရားသခင်၏ ခွင့်ပြုချက်မပါဘဲ ဘုရားသခင်ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကိုမဆိုထားနှင့်၊ စာတန်သည် ကုန်းမြေပေါ်က ပုရွက်ဆိတ်များကိုပင်လျှင် ထိပါးပိုင်ခွင့်မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ကျွန်မ အဖမ်းခံရမလား၊ မခံရဘူးလားဆိုတာ ဘုရားသခင်အပေါ်မှာပဲ မူတည်တယ်။ ကျွန်မသာ အဖမ်းခံရရင်တောင်၊ ဒါက ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်ခိုင်မာမာ ရပ်တည်ရမယ့်အချိန်ပဲ။ ရဲတွေက ကျွန်မကို သေတဲ့အထိ ရိုက်နှက်မယ်ဆိုရင်တောင်၊ လိုလိုလားလား လက်ခံပြီး ကျိုးနွံနာခံမယ်။ ယုဒ လုံးဝမဖြစ်ဘူး၊ ဘုရားသခင်ကို လုံးဝ သစ္စာမဖောက်ဘူးပေါ့။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုနဲ့ ဦးဆောင်မှုကြောင့်၊ စိုးရိမ်နေတဲ့ ကျွန်မရဲ့ စိတ်နှလုံးဟာ ငြိမ်သက်သွားပြီး ထပ်ပြီး ကြောက်ရွံ့တုန်လှုပ်မနေတော့ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်ပြီး အပြင်ထွက်ခဲ့တယ်၊ အရာအားလုံးကို အဆင်ပြေပြေ စီစဉ်ခဲ့တယ်။ အဲဒီအချိန်လေးမှာ ကျွန်မရဲ့ စိတ်နှလုံးဟာ အေးချမ်းပြီး ငြိမ်သက်သွားတာပေါ့။ အဲဒီနောက်ပိုင်းမှာ၊ ပတ်ဝန်းကျင်က အရမ်းကို အန္တရာယ်များနေသေးပေမဲ့၊ ဘုရားနှုတ်ကပတ်တော်တွေက ဦးဆောင်ပေးနေတော့ ကျွန်မ ကြောက်ရွံ့တုန်လှုပ်မနေတော့ဘူး။ အဲဒီအစား၊ ဘုရားသခင်ကို အားကိုးပြီး ကိုယ့်အလုပ်ကို ပြီးမြောက်ဖို့ ဉာဏ်ပညာကို သုံးခဲ့တယ်၊ အသင်းတော်ရဲ့ အသက်တာလည်း တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်သွားတယ်။
ဒီလို အခြေအနေတွေ ဆက်တိုက်ကြုံတွေ့ပြီးတဲ့နောက်မှာ၊ ဘုရားသခင်ရဲ့ ဉာဏ်ပညာနဲ့ အနန္တတန်ခိုးကို ကျွန်မ မြင်ခဲ့ရပြီး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရတယ်။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ကျွန်မရဲ့ စာတန်ဆန်တဲ့ ကိုယ့်သဘာဝနဲ့ ပတ်သက်ပြီးလည်း နားလည်မှုတချို့ ရရှိခဲ့တယ်။ ဘုရားသခင်ဆီ ဘယ်လိုဆုတောင်းရမယ်၊ ဘုရားသခင်ကို ဘယ်လိုအားကိုးရမယ်ဆိုတာကို သင်ယူခဲ့ရပြီး၊ ဘုရားသခင်နဲ့ ကျွန်မရဲ့ ဆက်ဆံရေး ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။ အခုဆိုရင် အဆင်းနီတဲ့နဂါးကြီးက ညီအစ်ကိုမောင်နှမတွေကို အရူးအမူး ဖမ်းဆီးနေတုန်းဆိုပေမဲ့၊ အဖမ်းခံရမှာကို ကြောက်တဲ့ အခြေအနေထဲမှာ ကျွန်မ ဆက်ပြီး အသက်မရှင်တော့ဘူး။ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်အားလုံးကို ကျိုးနွံနာခံပြီး၊ ဆင်းရဲဒုက္ခတွေကြားထဲမှာ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မ ဆန္ဒရှိနေပါပြီ။ ဘုရားသခင် ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဆုန်းယွိ နယ်သာလန်နိုင်ငံ ဒီနှစ် မေလမှာ အစ်မတစ်ယောက်က ကျွန်မကို သတင်းပို့တယ်။ အသင်းတော်ခေါင်းဆောင် အနည်းဆုံး သုံးယောက်က...
၂၀၂၃ ခုနှစ်၊ မတ်လတုန်းက ကျွန်မဟာ ခရိုင်ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်နေခဲ့ပါတယ်။ ကျွန်မမှာ ဝတ္တရားတွေအများကြီးရှိလို့...
ငယ်ငယ်ကတည်းက ကျွန်မက တော်တော်လေး တသီးတသန့်နေတတ်ပြီး ကိုယ်ပြောချင်တာကို ကောင်းကောင်းမပြောတတ်ဘူး။ လူစိမ်းတွေနဲ့ ဆက်ဆံတဲ့အခါမှာ စကားပြောဖို့...
ကျွေးချို တရုတ်နိုင်ငံ တစ်ခါတုန်းက အစ်ကိုတစ်ယောက်က ကျွန်မကို ပြောပြတယ်။ သူ့ရဲ့ညီမ လီပင်က ငယ်ငယ်ကတည်းက ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့တယ်၊...