သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ချိုမြိန်မှုကို မြည်းစမ်းခြင်း

13.12.2022

ဇောင်းလု နယ်သာလန်နိုင်ငံ

၂၀၂၁၊ မတ်လမှာ ကျွန်မခေါင်းဆောင်က ကျွန်မအတွက် အသင်းတော်တစ်ခုရဲ့ ဧဝံဂေလိအလုပ်အတွက် ဦးဆောင်ဖို့ စီစဉ်ပေးတယ်။ သတင်းကို ကြားပြီးတော့ ကျွန်မ စဉ်းစားကြည့်တယ်။ “ဒီအသင်းတော်က ဧဝံဂေလိအလုပ်က အမြဲတမ်း အသက်မပါဘူး။ အဲဒီမှာ ကြီးကြပ်ရေးမှူးတချို့ လုပ်ကြည့်ပြီးပြီ။ ဒါပေမဲ့ အလုပ်က ဘယ်တော့မှ ကောင်းကောင်းမပြီးဘူး။ ခေါင်းဆောင်က ဧဝံဂေလိအလုပ်ကို တစ်ခါဦးမဆောင်ခဲ့ဖူးတဲ့ မကျွမ်းကျင်သေးသူဖြစ်တဲ့ ငါ့ကို ဦးဆောင်စေချင်တယ်။ ဒါဆိုရင် ပိုဆိုးမှာမဟုတ်ဘူးလား။ ကျွန်မက ဒီအလုပ်ကို ယူပြီး ကောင်းကောင်းမလုပ်ရင် ငါက အလုပ်လုပ်ဖို့ အရည်အချင်းမရှိဘူးလို့ ပြရုံမကဘဲ ကျွန်မက ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘူး၊ ကိုယ့်ကိုယ်ကိုယ် မသိဘူးလို့လည်း သူများတွေက ပြောနိုင်တယ်။ ဒီအလုပ်ကို မယူတာ ကောင်းမယ်ထင်ပါတယ်” ပေါ့။ ဒီလိုစဉ်းစားပြီး ခေါင်းဆောင်ရဲ့ အစီအစဉ်တွေကို ကျွန်မ ငြင်းဆန်လိုက်တယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်က ကျွန်မဆီလာပြီး မိတ်သဟာယဖွဲ့တယ်။ သင့်တော်တဲ့သူမရှိဘူး၊ ဘုရားအလိုတော်ကို ထောက်ထားပြီး ဒီတာဝန်ကိုခံယူနိုင်ဖို့ သူမျှော်လင့်တယ်ဆိုပြီးပြောတယ်။ ခေါင်းဆောင်က ဒီလိုပြောတာကို ကျွန်မကြားရတဲ့အခါမှာ ဒီတာဝန်ကို ငြင်းဆန်တာက ဘုရားအလိုတော်မဟုတ်ဘူးဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို တွေးမိတယ်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။...သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင်ရဲ့ မေးခွန်းတွေကို ရင်ဆိုင်ရပြီး ကျွန်မ တော်တော်ရှက်သွားတယ်။ ကျွန်မတို့က ဧဝံဂေလိအလုပ်မှာ အခက်အခဲတွေဖြစ်နေတာ။ ဒီလို အရေးပါတဲ့အချိန်မှာ ဘုရားအလိုတော်ကို ကျွန်မ ထောက်ထားရမယ်။ ဒါပေမဲ့ ကျွန်မက ထုတ်ဖော်ခံရပြီး အထင်သေးခံရမှာကို ကြောက်နေတယ်။ တာဝန်ကို ရှောင်ခဲ့တယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး အသုံးမဝင်တာပဲ။ ဘုရားသခင်က ဒီလိုပြောတာကိုလည်း ကျွန်မ အမှတ်ရမိတယ်။ “ယေရုရှလင်သို့ သွားရာလမ်း၌ ယေရှုသည် သူ၏နှလုံးသားထဲတွင် ဓားတစ်ချောင်းဖြင့် မွှေနေသကဲ့သို့၊ မချိမဆံ့ သောကဝေဒနာကို ခံစားခဲ့ရသည်။ သို့သော် သူသည် သူ့စကားကို ပြန်ရုပ်သိမ်းရန် အနည်းငယ်မျှသော ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ တန်ခိုးကြီးမားသော အင်အားတစ်ခုက သူ ကားစင်တင် ကွပ်မျက်ခံရမည့် နေရာသို့ လှမ်းချီရန် သူ့အား အစဉ်တွန်းအားပေးခဲ့သည်။ နောက်ဆုံးတွင် သူသည် လက်ဝါးကားတိုင်၌ သံမှိုစွဲရိုက်ခံခဲ့ရပြီး အပြစ်ရှိသော ဇာတိပကတိ အသွင်သဏ္ဌာန်ဆောင်ခဲ့ကာ လူသားမျိုးနွယ်အား ရွေးနုတ်ခြင်းအမှုတော်ကို ပြီးဆုံးစေခဲ့၏။ သူသည် သေခြင်းနှင့် မရဏနိုင်ငံ၏ ချုပ်နှောင်မှုများမှ လွတ်မြောက်ခဲ့သည်။ သေခြင်း၊ ငရဲနှင့် မရဏနိုင်ငံတို့သည် သူ၏ရှေ့တွင် ၎င်းတို့၏တန်ခိုး ဆုံးရှုံးခဲ့ပြီး သူ၏နှိမ်နင်းခြင်းကို ခံခဲ့ကြရသည်။ သူသည် သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်နေထိုင်ခဲ့သော ကာလတစ်လျှောက်လုံးတွင် သူ၏ကိုယ်ရေးအမြတ်အရှုံးကို ဘယ်သောအခါမျှ မစဉ်းစားဘဲ၊ အဖဘုရားသခင်၏ အလိုတော်ကို အစဉ်မပြတ် စိတ်ထဲတွင်ထားကာ ထိုကာလရှိ ဘုရားသခင်၏ အမှုတော်အတိုင်း ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် သူသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ပြီးနောက် ဘုရားသခင်က ‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။’ ဟုမိန့်ဆိုခဲ့သည်။ ဘုရားသခင်ရှေ့၌ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတဖြစ်သော သူ၏အစေခံမှုကြောင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ရွေးနုတ်ရန်ဟူသော ကြီးမားသော ဝန်ထုပ်ကို သူ့ပခုံးပေါ်တွင်ထားခဲ့ကာ သူ့ကို ထိုအမှုတော်ကို ပြီးမြောက်စေခဲ့ပြီး၊ သူသည် ဤအရေးကြီးသော တာဝန်ကို ပြီးမြောက်ရန် အရည်အချင်းပြည့်မီပြီး အခွင့်ရှိသောသူ ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်အတွက် အတိုင်းမသိ ဒုက္ခဝေဒနာကို ကြံ့ကြံ့ခံခဲ့ပြီး စာတန်၏ မရေမတွက်နိုင်သော သွေးဆောင်ဖြားယောင်းခြင်းကို ကြိမ်ဖန်များစွာ ခံခဲ့ရသည်။ သို့သော် သူသည် ဘယ်သောအခါမျှ စိတ်မပျက်ခဲ့ပေ။ ဘုရားသခင်က သူ့ကို ယုံကြည်စိတ်ချပြီး ချစ်တော်မူခဲ့သောကြောင့်၊ ထိုကဲ့သို့သော ကြီးမားသည့် အမှုတော်ကို သူ့အားပေးအပ်ခဲ့သည်။ ထို့ကြောင့်ပင် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ‘ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်း။’ ဟု မိန့်ဆိုခဲ့ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း)အကယ်၍ သင်တို့သည် ယေရှုကဲ့သို့ ဘုရားသခင်၏ ဝန်ထုပ်ကို အစွမ်းကုန် အရေးစိုက်ပြီး သင်တို့၏ ဇာတိပကတိကို ကျောခိုင်းနိုင်ပါက၊ သင်တို့သည် ဘုရားသခင်ကို အစေခံရန် လိုအပ်သော အခြေအနေများနှင့် ပြည့်မီစေရန်အတွက် ဘုရားသခင်သည် သူ၏အရေးကြီးသော အမှုတော်များကို သင်တို့အား တာဝန်ပေးစေခိုင်းလိမ့်မည် ဖြစ်သည်။ ဤကဲ့သို့သော အခြေအနေများ၌သာ သင်တို့သည် ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နေပြီး သူ၏ တာဝန်ပေးစေခိုင်းချက်ကို အပြီးသတ်နေသည်ဟု အရဲစွန့်၍ဆိုနိုင်ပေလိမ့်မည်။ သို့မှသာလျှင် သင်တို့သည် သူ့အား စစ်မှန်စွာ အစေခံနေသည်ဟု သင်တို့ရဲဝံ့စွာ ဆိုနိုင်ပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အလိုတော်နှင့် သဟဇာတရှိစွာ အစေခံနည်း) ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ချင့်ချိန်စဉ်းစားရင်းနဲ့ အရမ်းတို့ထိခြင်းခံရပါတယ်။ သခင်ယေရှုက ကမ္ဘာမြေပေးမှာ အမှုပြုဖို့ လူ့ဇာတိခံကြွလာတယ်။ ခမည်းတော်ရဲ့အလိုတော်အတွက် သူတတ်နိုင်သမျှလုပ်တယ်။ ကားစင်တင်ခံရခြင်းရဲ့ နာကျင်မှုကို ရင်ဆိုင်ရပြီး အားနည်းနေပေမဲ့ နုတ်ထွက်ဖို့၊ နောက်ပြန်ဆုတ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ သူ့ရဲ့ တစ်ကိုယ်ရေအကျိုးအမြတ်၊ ဆုံးရှုံးမှုတွေကို လုံးဝ ထည့်မစဉ်းစားဘူး။ လူသားမျိုးနွယ်အားလုံးအတွက် ရွေးနုတ်ခြင်းအမှုကို အဆုံးမှာ ပြီးမြောက်ခဲ့တယ်။ စာတန်ဖျက်ဆီးတာခံရတဲ့ လူအနေနဲ့ ဧဝံဂေလိအလုပ်မှာ ပါဝင်နိုင်တာက ကျွန်မအတွက် ဂုဏ်ယူစရာပါ။ ထုတ်ဖော်ခံရမှာစိုးလို့ ဒီတာဝန်ကို ငြင်းရင် ဘုရားသခင်အတွက် ဝမ်းနည်းကြေကွဲစရာဖြစ်မှာပဲ။ ဒါကိုစဉ်းစားရင်းနဲ့ ကျွန်မ အရမ်းခွန်အားရမိတယ်။ ကျွန်မရဲ့ ကဏ္ဍက ဒီတာဝန်ကိုမတွန့်မဆုတ်နဲ့ အကောင်းဆုံးလုပ်ဖို့ပဲ။ ဘုရားသခင်က ကျွန်မကို ဦးဆောင်မယ်ဆိုတာ ယုံကြည်ခဲ့ပါတယ်။ အဲဒါနဲ့ ခေါင်းဆောင်ရဲ့ အစီအစဉ်ကို ကျွန်မလက်ခံပြီး ဧဝံဂေလိအလုပ်ကို ကြီးကြပ်တာကို စလုပ်ခဲ့တယ်။ အဲဒီအချိန်မှာ အလုပ်ကို ဘယ်လိုကောင်းကောင်းလုပ်ရမယ်ဆိုတာ မသိဘူး။ အဲဒါနဲ့ ဆုတောင်းပြီး ဘုရားသခင်ကို အော်ခေါ်ဖို့အတွက် ဘုရားရှေ့ကို ကျွန်မ ခဏခဏလာတယ်။ အလုပ်တစ်ခုကို ကောင်းကောင်းလုပ်ဖို့အတွက် အတူအလုပ်လုပ်နေတဲ့ လူကောင်းတချို့ရှိရမယ်။ အဲဒါနဲ့ တာဝန်ယူနိုင်ပြီး အလုပ်ကိုစလုပ်ဖို့အတွက် အစွမ်းအစကောင်းရှိတဲ့ ညီအစ်ကိုမောင်နှမတချို့ကို ကျွန်မ ရှာတယ်။ ခေါင်းဆောင်ကလည်း အလုပ်မှာ ကျွန်မတို့ကို ခဏခဏ လမ်းပြပေးတယ်။ ပြီးတော့လည်း တခြားအသင်းတော်တွေက ညီအစ်ကိုမောင်နှမတွေကလည်း ဧဝံဂေလိအလုပ်ကို သူတို့ဘယ်လိုလုပ်တယ်ဆိုတာ မျှဝေတယ်။ စက်တင်ဘာလရောက်တော့ ကျွန်မ ကြီးကြပ်တဲ့ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်က ဆယ်ဆနီးပါးပိုပြီး ထိရောက်လာတယ်။ ခေါင်းဆောင်ကလည်း ကျွန်မကို ချီးမွမ်းတယ်။ “အစ်မကြီးကြပ်တဲ့ အသင်းတော်က ဧဝံဂေလိအလုပ်က အခုတစ်လော တော်တော်ထိရောက်မှုရှိလာတယ်” တဲ့။ တခြားကြီးကြပ်ရေးမှူးကပြောတယ်။ “အစ်မ ကိုယ့်ကိုယ်ကိုယ် မကျွမ်းကျင်သေးတဲ့သူလို့ မထင်နဲ့တော့” တဲ့။ သူတို့က ဒါတွေပြောတာကို ကြားရတာ အရမ်းကျေနပ်စရာကောင်းတယ်။ ညီအစ်ကိုမောင်နှမတွေက အရည်အချင်းပြည့်မီတဲ့ ကြီးကြပ်ရေးမှူးအဖြစ် လက်ခံတာကို နောက်ဆုံးမှာ ကျွန်မ ရခဲ့တယ်။ နောက်ကျတော့ ကျွန်မက ကိုယ့်တာဝန်မှာ ပုံမှန်သွားနေသရွေ့ ဧဝံဂေလိအလုပ်ကို ထိရောက်အောင် သေချာစေသရွေ့ ကျွန်မက အပြောင်းခံရမှာ၊ အထုတ်ခံရမှာကို စိုးရိမ်စရာမလိုဘူး။

မကြာခင်မှာ ခေါင်းဆောင်က ဧဝံဂေလိအမှုထမ်းတချို့ကို ကျွန်မတို့အသင်းတော်ဆီကိုလာခိုင်းဖို့ စီစဉ်တယ်။ ကျွန်မက ဒါကိုကြားရတော့ နည်းနည်းအံ့သြသွားပြီး နည်းနည်း အတိုက်အခံဖြစ်လာတယ်။ “ခေါင်းဆောင်က လူတွေအများကြီးကို ပြောင်းရွှေ့တယ်။ ဒါဆို ဧဝံဂေလိအလုပ် သုံးလေးဆ ပိုထိရောက်မှာမဟုတ်လား။ ဒါက ငါ့အတွက် တော်တော်ခက်ခဲတယ်။ ဒီညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ အရင်အသင်းတော်တွေမှာ ဧဝံဂေလိကို ကောင်းကောင်းဟောကြတယ်။ ငါတာဝန်ယူရတဲ့ အသင်းတော်မှာ သူတို့ရဲ့ ဧဝံဂေလိအလုပ်ရလဒ်တွေက မကောင်းရင် ငါက အလုပ်အရည်အချင်းညံ့ပြီး သူများတွေထက် နိမ့်ကျတဲ့ပုံစံဖြစ်မှာမဟုတ်ဘူးလား။ ငါတို့အလုပ်ထိရောက်မှုက မတိုးတက်ရင် ငါ အထုတ်ခံရနိုင်တယ်။ ညီအစ်ကိုမောင်နှမတွေက ငါ့ရဲ့တကယ့်အတိုင်းအတာကို သိကြမယ်။ ခေါင်းဆောင်က ငါ့ကို သေချာပေါက် စိတ်ပျက်မယ်။ ငါ ဘယ်တော့မှ နောက်ထပ် ရာထူးတိုးမှာ၊ ပျိုးထောင်ခံရမှာမဟုတ်တော့ဘူး။ အခု ငါက အသင်းတော်မှာရှိတဲ့ အခြေအနေနဲ့ ရင်းနှီးတယ်။ ငါ ကောင်းကောင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်။ လတိုင်းမှာ နည်းနည်းပိုတိုးတက်လာတယ်။ ကြီးကြပ်ရေးမှူးအဖြစ် ငါ့အဆင့်အတန်းက စိတ်ချရတယ်။ ဒါပေမဲ့ အခုတော့ လူတွေအများကြီးပိုရှိလာတော့ နောင်မှာ ကိစ္စတွေက မဖြစ်မြောက်ရင် ဘယ်လိုလုပ်မလဲ။ လက်ရှိအခြေအနေအတိုင်း ထိန်းသိမ်းထားတာက ပိုကောင်းမယ်။ ဒီအစီအစဉ်တွေကို ငါလက်မခံရင် ငါက ဧဝံဂေလိအလုပ်ကို ပိတ်ဆို့မိမှာပဲ။ ခေါင်းဆောင်က ငါ့ကို သေချာပေါက် ထုတ်ပစ်မှာ။ ဒါပေမဲ့ ဒီအစီအစဉ်တွေကို လက်ခံဖို့ ငါ တကယ်ကျေနပ်နေတာတော့မဟုတ်ဘူး” ပေါ့။ ကျွန်မ ကွန်ပြူတာရှေ့မှာထိုင်လိုက်တယ်။ ပို့တော့မယ့်လူစာရင်းကိုကြည့်ရင်းနဲ့ တော်တော် စိတ်မကျေမနပ်ဖြစ်မိတယ်။ “အသင်းတော်မှာ နောက်ထပ် အမှုထမ်းနည်းနည်းရှိရင် ဧဝံဂေလိအလုပ်က ပိုထိရောက်မှာပဲ” လို့ အရင်က ခေါင်းဆောင်ကို ကျွန်မပြောခဲ့တာကို သတိရပြီး နောင်တရမိတယ်။ ခေါင်းဆောင်က နောက်ထပ်အမှုထမ်းတွေပို့ဖို့ မဆုံးဖြတ်ခင်မှာ ကျွန်မပြောခဲ့တာကို နားထောင်တာဖြစ်ရမယ်။ ကျွန်မတို့က ရလဒ်တွေမထွက်လာနိုင်ရင် ခေါင်းဆောင်က ကျွန်မကို တာဝန်ခံခိုင်းမှာလား။ စိတ်ထဲမှာ ဒီလိုတွေးမိပြီး အဲဒီအမှုထမ်းအသစ်တွေအတွက် အလုပ်စီစဉ်ပေးဖို့ကို ကျွန်မ နှေးနေတယ်။ ခေါင်းဆောင်က ကျွန်မအခြေအနေကိုမြင်ပြီးတော့ ကျွန်မက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေတယ်ဆိုပြီး ထောက်ပြတယ်။ သူက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း ကျွန်မဆီ ပို့တယ်။ “သင်သည် တာဝန်တစ်ခုခုကို ထမ်းဆောင်နိုင်သည်ဟု ခံစားရသော်လည်း တစ်ချိန်တည်းတွင် သင်သည် အမှားလုပ်မိပြီး အထုတ်ခံရမည်ကိုလည်း ကြောက်ရွံ့သောကြောင့် သင်သည် တွန့်ဆုတ်တတ်လျှင်၊ ရပ်တန့်ပြီး တိုးတက်မှုမရှိနိုင်လျှင် ယင်းမှာ နာခံခြင်းသဘောထားဖြစ်သလော။ ဥပမာ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို သူတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် သင်က ရွေးချယ်ခြင်းခံရသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ရန် ဝတ္တရားရှိသည်ဟု ခံစားရနိုင်သည်။ သို့သော် သင်က ဤတာဝန်ကို တက်ကြွသော သဘောထားဖြင့် မှတ်ယူခြင်းမရှိပေ။ သင်သည် အဘယ်ကြောင့် မတက်ကြွသနည်း။ ထိုအရာနှင့်ပတ်သက်ပြီး သင့်တွင် အတွေးများရှိသောကြောင့်ဖြစ်ပြီး၊ ‘ခေါင်းဆောင်ဖြစ်ရသည်မှာ လုံးဝ ကောင်းသောအရာမဟုတ်။ ဓားသွားပေါ်တွင် အသက်ရှင်နေရသကဲ့သို့၊ သို့မဟုတ် ပါးလွှာသော ရေခဲပြင်တွင် လမ်းလျှောက်နေရသကဲ့သို့ ဖြစ်သည်။ ငါသည် ကောင်းစွာလုပ်လျှင် အထူးဆုလာဘ်ရှိမည်မဟုတ်။ ကောင်းစွာမလုပ်လျှင် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခြင်းခံရမည်။ ကိုင်တွယ်ဖြေရှင်းခံရခြင်းသည် အဆိုးဆုံးပင်မဟုတ်သေးပေ။ လူစားထိုးခံရလျှင်၊ အထုတ်ခံရလျှင် မည်သို့ပြုမည်နည်း။ ထိုသို့ဖြစ်လျှင် ငါ့အတွက် အားလုံး ပြီးဆုံးသွားပြီမဟုတ်လော’ ဟု ခံစားရသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် သင်က စိတ်ရှုပ်ထွေးလာသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဤသည်မှာ သတိထားနေခြင်း၊ အထင်လွဲခြင်းဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တာဝန်အပေါ်် လူတို့ ရှိသင့်သည့် သဘောထားမဟုတ်ပေ။ ယင်းသည် စိတ်ဓာတ်ကျဆင်းစေပြီး အပျက်သဘောဆောင်သော သဘောထားဖြစ်သည်။...ဤသို့ဆိုလျှင် ဤပြဿနာကို အမှန်တကယ်တွင် မည်သို့ ဖြေရှင်းနိုင်သနည်း။ သင်သည် သမ္မာတရားကို တက်ကြွစွာ ရှာဖွေသင့်ပြီး ကျိုးနွံနာခံ၊ ပူးပေါင်းလုပ်ဆောင်တတ်သော သဘောထားကို ခံယူရမည်။ ယင်းက ပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်သည်။ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းသည် အသုံးမဝင်ပေ။ သင်က ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရခြင်းရှိမရှိနှင့် ခေါင်းဆောင်ဖြစ်ခြင်းတို့ကြားတွင် ဆက်နွှယ်မှုတစ်ခုခု ရှိသလော။ သင်သည် ခေါင်းဆောင်မဟုတ်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပျောက်သွားမည်လော။ အနှေးနှင့် အမြန် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ဖြေရှင်းရမည်။ ထို့အပြင် သင်သည် ခေါင်းဆောင်မဟုတ်လျှင် လက်တွေ့လုပ်ဆောင်ရန် အခွင့်အလမ်းများပို၍ ရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘဝတွင် စုံလင်ခြင်းခံရမည့် နည်းပါးသောအခွင့်အရေးများဖြင့် တိုးတက်မှုနှေးလိမ့်မည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းတွင် အနည်းငယ်ပို၍ ဒုက္ခခံရခြင်းရှိသော်လည်း ဆုလာဘ်များစွာလည်းရှိသည်။ သင်သည် သမ္မာတရားလိုက်စားခြင်းလမ်းကြောင်းကို လျှောက်နိုင်လျှင် စုံလင်ခြင်း ခံရနိုင်သည်။ ယင်းမှာ အလွန်ကြီးမြတ်သော ကောင်းချီးပါတကား။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံပြီး တက်ကြွစွာ ပူးပေါင်းသင့်သည်။ ဤအရာမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ရှေ့လျှောက်လမ်း မည်သို့ ရှိပါစေ၊ သင်၌ နာခံသည့် စိတ်နှလုံး ရှိသင့်သည်။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အသုံးပြုသင့်သည့် သဘောထား မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။) ဘုရားနှုတ်ကပတ်တော်က ကျွန်မအခြေအနေကို ဖွင့်ပြတယ်။ ဧဝံဂေလိအမှုထမ်းအရေအတွက်က တိုးလာတဲ့နောက်မှာ ကျွန်မအရင်ဆုံး စဉ်းစားတာက ကျွန်မရဲ့ ကိုယ်ပိုင်အနာဂတ်နဲ့ ကံကြမ္မာပဲ။ ခေါင်းဆောင်က တစ်ခါတည်းနဲ့ လူတွေအများကြီးထည့်ပြီးတဲ့နောက်မှာ ဧဝံဂေလိအလုပ်က ပိုပြီးထိရောက်မှုရှိမလာရင် ကျွန်မ ဖော်ထုတ်ခံရပြီး အထုတ်ခံရမယ်၊ ညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မရဲ့ တကယ့်အတိုင်းအတာကိုသိမယ်၊ ခေါင်းဆောင်က ကျွန်မကို ရိပ်စားမိပြီး ကျွန်မကို လုံးဝ နောက်ထပ် ရာထူးတိုးမှာ၊ ပျိုးထောင်ပေးမှာမဟုတ်တော့ဘူးလို့ ကျွန်မ စိုးရိမ်ခဲ့တယ်။ ဒါနဲ့ ကျွန်မကြောက်လို့ခုခံလာတယ်။ အထင်လွဲလာတယ်။ ဒီပတ်ဝန်းကျင်ကနေ လွတ်မြောက်ချင်တယ်။ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု တွေ့ခဲ့ပါတယ်။ ကိုယ့်တာဝန်မှာ ဘုရားရဲ့ အစီအစဉ်တွေကို ကျွန်မ အမြဲတမ်း နာခံသင့်တယ်။ ဒါက ကျွန်မတာဝန်ဖြစ်ပြီး ကိုယ့်တာဝန်အပေါ် ထားသင့်တဲ့ သဘောထားပဲ။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးတဲ့နောက်မှာ ကျွန်မ တဖြည်းဖြည်းချင်း ကိုယ့်ကိုယ်ကိုယ် စိတ်လျှော့လိုက်တယ်။ ဘုရားကို နာခံခြင်းဆုတောင်းချက်တစ်ခုပြုပြီး ဒီပတ်ဝန်းကျင်တစ်လျှောက် ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်ခဲ့တယ်။ ဆုတောင်းပြီးတော့ ဘုရားနှုတ်ကပတ်တော်တစ်ကြောင်းကို ကျွန်မ သတိရတယ်။ “ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားသည် လူသား၏ အလိုဆန္ဒနှင့် ကင်းလွတ်ပြီး လူသား၏ နှစ်သက်မှုနှင့် ရွေးချယ်မှုများအရ ပြောင်းလဲခြင်း မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ပတ်တော်တွေက အချိန်မီ သတိပေးချက်တစ်ခုပဲ။ ဧဝံဂေလိက နေရာတစ်နေရာကို အတိအကျ ဘယ်အချိန်မှာ ပျံ့တယ်ဆိုတာ ဘုရားရဲ့ အချုပ်အခြာအာဏာပေါ် လုံးဝ မူတည်ပါတယ်။ အရင် ခြောက်လအတွင်းမှာ ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မရဲ့ နယ်ပယ်အတွင်းက လူတွေအများကြီးပိုပြီးလက်ခံခဲ့တာက သန့်ရှင်းသောဝိညာဉ်တော်က သူတို့ကြားမှာ ပြင်းပြင်းထန်ထန်အလုပ်လုပ်နေတယ်ဆိုတဲ့ သက်သေပါပဲ။ ဘုရားသခင်က သူတို့ကြားမှာ လူတွေပိုပြီး ရချင်တယ်။ ဒီဟာရဲ့ နောက်ကွယ်မှာ ဘုရားအလိုတော်ရှိနေတာပဲ။ ဒါကိုကြည့်ရင် ဘုရားရဲ့ ဧဝံဂေလိကို ပိုပြီးတော့တောင်ကြီးတဲ့ အတိုင်းအတာအထိ ဖြန့်ဖို့ နောက်ထပ် ညီအစ်ကိုမောင်နှမတွေကို အတူတူလုပ်ဖို့ ပြောတာက မလွှဲမရှောင်နိုင်တဲ့ လမ်းကြောင်းလည်းဖြစ်တယ်။ အရမ်း ကျိုးကြောင်းသင့်တဲ့ အစီအစဉ်လည်းဖြစ်ပါတယ်။ နိုင်ငံတော်ဧဝံဂေလိတရားက သေချာပေါက် ဒီနယ်ပယ်မှာ ပျံ့နှံ့တယ်။ စိတ်ထဲမှာ ဒီလိုတွေးရင်းနဲ့ ကျွန်မစိတ်နှလုံးထဲမှာ ယုံကြည်မှုနည်းနည်းရှိလာတယ်။ ကျွန်မရဲ့ ခုခံမှုနဲ့ အထင်လွဲမှုကို ဧဝံဂေလိအလုပ်ကို နှောင့်နှေးခွင့်ပေးလို့ မဖြစ်ဘူး။ ဘုရားရဲ့ အစီအစဉ်တွေကို ကျွန်မ နာခံရမယ်။ ဧဝံဂေလိအလုပ်ကို ကောင်းကောင်း ကိုင်တွယ်ရမယ်။ ကိုယ့်တာဝန်ကိုလုပ်ရမယ်။ အဲဒါနဲ့ နောက်တစ်နေ့မနက်စောစောမှာ ညီအစ်ကိုမောင်နှမအသစ်တွေအားလုံးကို ကျွန်မ တာဝန်တွေ ချပေးတယ်။

အဲဒီနောက်မှာ ကျွန်မက ဘာကြောင့် တာဝန်ယူရတာကို အမြဲတမ်းကြောက်နေတယ်၊ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘာလို့ အမြဲတမ်းအရေးစိုက်နေတယ်ဆိုတဲ့အပေါ်မှာ ဆင်ခြင်သုံးသပ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် နည်းနည်းနားလည်လာတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အန္တိခရစ်များသည် ဉာဏ်များသော လူစားမျိုးဖြစ်၏၊ ဟုတ်သည် မဟုတ်လော။ ၎င်းတို့လုပ်သမျှတွင် ပူးပေါင်းကြံစည်ပြီး ရှစ်ကြိမ်၊ ဆယ်ကြိမ်၊ သို့မဟုတ် ထိုထက်ပို၍ပင် တွက်ချက်ကြသည်။ လူစုထဲတွင် ပိုမိုတည်ငြိမ်သော ရာထူးများ ရရှိအောင် မည်သို့ပြုလုပ်ရမည်၊ ပိုကောင်းသော ဂုဏ်သတင်းနှင့် ပိုမြင့်သော ဂုဏ်သိက္ခာကို မည်သို့ရရှိရမည်၊ အထက်ကို မည်သို့မျက်နှာလိုမျက်နှာရ လုပ်ရမည်၊ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများက ပံ့ပိုးအောင်၊ ချစ်ခင်လေးစားအောင် မည်သို့ပြုရမည်ဆိုသည်တို့နှင့်ပတ်သက်သည့် အတွေးများက ၎င်းတို့၏ ခေါင်းထဲတွင် ပြည့်နေပြီး ဤရလဒ်များ ရရှိရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ မည်သည့်လမ်းကြောင်းကို ၎င်းတို့လျှောက်နေကြသနည်း။ ၎င်းတို့အတွက်မူ ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ အသင်းတော်၏ အကျိုးစီးပွား၊ ဘုရားအိမ်တော်၏ အလုပ်တို့သည် ၎င်းတို့ အဓိက ထည့်သွင်းစဉ်းစားသည့်အရာ မဟုတ်ပေ။ ၎င်းတို့ အလေးထားသည့်အရာများ ဖြစ်ရန်မှာ ပို၍ပင် ဝေးသေး၏။ မည်သည့်အရာကို ၎င်းတို့စဉ်းစားသနည်း။ ‘ဤအရာအားလုံးက ငါနှင့်မဆိုင်။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရောသာ ဖြစ်သည်။ လူတို့သည် ကိုယ့်အတွက်ကိုယ် အသက်ရှင်ရမည်။ မိမိ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အသက်ရှင်ရမည်။ ဤသည်မှာ အမြင့်ဆုံးသော ပန်းတိုင်ပင်။ အကယ်၍ လူတစ်ယောက်သည် သူ့အတွက်သူ အသက်ရှင်သင့်ကြောင်းနှင့် သူ့ကိုယ်သူ ကာကွယ်သင့်ကြောင်းကို မသိလျှင် ငတုံးပင် ဖြစ်တော့၏။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ပြီး ဘုရားနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များကို နာခံဖို့ ငါ့ကို ပြောလာလျှင် ထိုအရာက ငါ့အတွက် အကျိုးတစ်ခုခုရှိမရှိ၊ ထိုသို့လုပ်ခြင်းဖြင့် အကျိုးကျေးဇူးတစ်ခုခု ရှိမရှိအပေါ်တွင် မူတည်လိမ့်မည်။ ဘုရားအိမ်တော်၏ အစီအအစဉ်များကို မနာခံသောကြောင့် ငါနှင်ထုတ်ခံရနိုင်ခြေရှိပြီး ကောင်းချီးများရဖို့ အခွင့်အလမ်းကို ဆုံးရှုံးရနိုင်ခြေရှိလျှင် ငါနာခံမည်’ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်ရန်အတွက် အလျော့အတင်းအချို့ လုပ်ရန် မကြာခဏရွေးချယ်ကြသည်။ အဆင့်အတန်းအတွက် အန္တိခရစ်များသည် မည်သည့်ဒုက္ခမျိုးကိုမဆို ခံနိုင်သည်၊ ဂုဏ်သတင်းကောင်း ရှိရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်နိုင်စွမ်းရှိသည်ဟု ဆိုနိုင်သည်။ ‘ကြီးမြတ်သောသူသည် မည်သည့်အချိန်တွင် အလျှော့ပေးပြီး မည်သည့်အချိန်တွင် အလျှော့မပေးရမည်ကို သိသည်’ ဆိုသည့် ဆိုရိုးစကားက ၎င်းတို့အတွက် မှန်ကန်ပုံရသည်။ ဤသည်မှာ စာတန်၏ တွေးခေါ်ပုံဖြစ်သည် မဟုတ်လော။ ဤသည်မှာ လောကတွင် အသက်ရှင်ခြင်းအတွက် စာတန်၏ အတွေးအခေါ်ဖြစ်သည်။ စာတန်၏ အသက်ရှင်သန်ရေး အခြေခံသဘောတရားလည်း ဖြစ်သည်။ ယင်းသည် လုံးလုံး စက်ဆုပ်ဖွယ်ပင် ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၂)) အန္တိခရစ်တွေက အရမ်းကောက်ကျစ်တယ်လို့ ဘုရားသခင်က ဖွင့်ပြတယ်။ သူတို့က ဘာကိုပဲလုပ်လုပ် သူတို့စိတ်နှလုံးထဲမှာ အစီအစဉ်တစ်ခုရှိတယ်။ သူတို့လုပ်နေတာက သူတို့ရဲ့ သိက္ခာနဲ့ အဆင့်အတန်းအတွက် ကောင်းသလား၊ လူတွေထဲမှာ ပိုမြင့်တဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဘယ်လိုရအောင်လုပ်ရမယ်ဆိုတာတွေကို အမြဲတမ်းစဉ်းစားတယ်။ ဒါပေမဲ့ ဘုရားအိမ်တော်ရဲ့အလုပ်က အန္တိခရစ်တွေရဲ့ စိတ်နှလုံးထဲမှာ အရေးမပါဘူး။ လုံးဝ ထည့်မစဉ်းစားကြဘူး။ ကျွန်မအပြုအမူက အန္တိခရစ်တစ်ယောက်နဲ့ အတူတူမဟုတ်ဘူးလား။ ခေါင်းဆောင်က ကျွန်မကို ကြီးကြပ်ရေးမှူးလုပ်ခိုင်းတော့ ကျွန်မအရင်ဆုံး စဉ်းစားတာက ငါက ဒီတာဝန်မှာ မကျွမ်းကျင်ဘူး၊ ခက်လွန်းတယ်၊ ကောင်းကောင်းမလုပ်ရင် ငါက အစွမ်းအစ၊ အလုပ်အရည်အချင်းမရှိဘူးလို့ ဖော်ထုတ်ခံရနိုင်တယ်၊ ဒီအတွက် အထုတ်ခံရရင် ဘယ်လောက်ရှက်စရာကောင်းမလဲဆိုတာတွေပဲ။ အဲဒါနဲ့ ဒီလို အသိအမှတ်ပြုမခံရတဲ့ တာဝန်ကို လက်မခံနိုင်ဘူးလို့ ခံစားမိခဲ့တယ်။ ခေါင်းဆောင်က ကျွန်မတို့အသင်းတော်ကို နောက်ထပ်အမှုထမ်းတွေပေးတော့ လူတွေပိုများတာက ဖိအားပိုများမယ့်သဘောပဲ၊ ပိုပြီးတော့ တာဝန်ကြီးလာမယ်၊ ဒီအမှုထမ်းတွေကို ပြောင်းရွှေ့ပြီးတဲ့နောက်မှာ ဧဝံဂေလိအလုပ်က မျှော်လင့်ထားသလို မထိရောက်ရင် ကျွန်မရဲ့ တကယ့်အတိုင်းအတာက ဖော်ထုတ်ခံရပြီး နောက်ဆုံးကျရင် ရာထူးကို ဆုံးရှုံးရနိုင်တယ်၊ ဒါဆိုရင် အရမ်းရှက်စရာကောင်းမှာပဲလို့ ခံစားမိခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့အတွက် ကျွန်မက အမှုထမ်းအရေအတွက်ကို တိုးမြှင့်ရမယ့်အစား အသင်းတော်အလုပ်ကို နှောင့်နှေးဖို့ လိုလားနေတယ်။ ကျွန်မက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါတယ်။ ကျွန်မလုပ်နေတာက အန္တိခရစ်တစ်ယောက်လိုပဲ မဟုတ်ဘူးလား။ ဒါကို ကျွန်မ ဆင်ခြင်သုံးသပ်ရင်းနဲ့ ကျွန်မအပြုအမူမှာ ကျွန်မပြခဲ့တာကို ကြောက်လာတယ်။ အထူးသဖြင့် အန္တိခရစ်တွေက အပြင်ပန်းမှာ နာခံတဲ့ပုံစံပေါ်နိုင်တယ်လို့ ဘုရားက ဖွင့်ပြတာကို ကျွန်မမြင်တဲ့အခါပေါ့။ ဒါပေမဲ့ တကယ်တမ်းတော့ ဒါက သူတို့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ပဲ။ သူတို့က တခြားလူတွေကို လှည့်စားဖို့အတွက် အပေးအယူအနေနဲ့ နာခံကြတာ။ ခေါင်းဆောင်က ကျွန်မတို့အသင်းတော်ကို ဧဝံဂေလိအမှုထမ်းတွေ ပိုပေးတော့ ကျွန်မမှာ အဲဒီအပေးအယူနည်းနည်းရှိနေတာကို စဉ်းစားမိတယ်။ ဒါက မြေကြီးလက်ခတ်မလွဲသေချာတယ်၊ ဒါကြောင့် အစီအစဉ်ကို ကျွန်မ လက်မခံရင် ဧဝံဂေလိအလုပ်ကို နှောင့်နှေးစေမှာပဲဆိုတာ ကျွန်မသိခဲ့တယ်။ အနည်းဆုံးတော့ လူတွေရဲ့ စိ်တ်နှလုံးထဲက ကျွန်မပုံရိပ်ကို ထိခိုက်မှာပဲ။ အခြေအနေက တော်တော်ဆိုးသွားရင် ကျွန်မ အပြောင်းရွှေ့ခံရနိုင်တယ်၊ ဒါမှမဟုတ် အထုတ်ခံရနိ်ုင်တယ်။ ဒီအကြောင်းပြချက်တွေကြောင့် ကျွန်မ နာခံရမယ်။ ကျွန်မပြသခဲ့တာက ဘုရားသခင် ဖွင့်ပြတဲ့ အန္တိခရစ်တွေနဲ့ အတူတူပဲမဟုတ်ဘူးလား။ ကျွန်မက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် ဘာကိုမဆို ဒုက္ခခံနိုင်ပြီး “ကြီးမြတ်သောလူတစ်ယောက်သည် အလျှော့ပေးရမည့်အချိန်နှင့် အလျှော့မပေးရမည့်အချိန်ကိုသိ၏” လို့ တွေးခဲ့တယ်။ ကျွန်မမှာရှိတဲ့ နာခံမှုမျိုးက ဘုရားအတွက် စက်ဆုပ်ရွံရှာစရာပါပဲ။

အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်တယ်။ “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ အသင်းတော်၏အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့ ၏ လုပ်ရပ်များသည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအချို့— ဤလူအမျိုးအစားသည် မိမိ၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် အသင်းတော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ အဆင့်အတန်းနှင့် သိက္ခာတို့ကို ၎င်းတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စားသောက်ပုံနှင့် သမ္မာတရားကို နားလည်ပုံကို ထိခိုက်သည်။ ၎င်းတို့၏ အသက်ဝင်ရောက်မှုကို တားဆီးသည်။ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် အသင်းတော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။ ဤသည်မှာ လူတို့၏ ကျော်ကြားမှုနှင့် ဂုဏ်အဆင့်အတန်းနောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဖြစ်သည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ၊ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ မိမိတို့၏ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားစဉ်တွင် လူများသည် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောသူများ၏ အသက်ဝင်ရောက်မှုကို နှောင့်ယှက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ကာ၊ အခြားသူများ၏ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား နားလည်ခြင်းတို့အပေါ်တွင် ဩဇာလွှမ်းမိုးမှုများ ရှိနိုင်ပြီး၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောကြောင့် ဖြစ်လေသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က ဤသည်မှာ မငြင်းခုံနိုင်သော အချက်ဖြစ်သည်။ လူများသည် မိမိတို့၏ ကိုယ်ပိုင် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့ကို လိုက်စားသည့်အခါတွင်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားမည် မဟုတ်ကြောင်း၊ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်မည်မဟုတ်ကြောင်းမှာ သေချာပေသည်။ ၎င်းတို့သည် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းအတွက်သာ ပြောဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ လုပ်ဆောင်သမျှသည် ထိုအရာများအတွက်သာ ဖြစ်သည်မှာ ခြွင်းချက်တစ်စက်မျှ မရှိပေ။ ထိုသို့သော ပြုမူလုပ်ဆောင်ခြင်းသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ခြင်း ဖြစ်သည်မှာ သံသယမရှိပေ။ ယင်းမှာ ဘုရားအမှုတော်အပေါ် အနှောင့်အယှက်နှင့် အဖျက်အဆီးဖြစ်ပြီး ယင်း၏ အကျိုးဆက်မျိုးစုံမှာ နိုင်ငံတော် ဧဝံဂေလိတရား ပျံ့နှံ့ခြင်းနှင့် အသင်းတော်အတွင်း ဘုရားအလိုတော် လွတ်လပ်စွာ စီးဆင်းခြင်းကို တားဆီးခြင်း ဖြစ်သည်။ ထို့ကြောင့် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားသူတို့ လိုက်လျှောက်သည့် လမ်းကြောင်းသည် ဘုရားသခင်ကို ခုခံသည့်လမ်းကြောင်း ဖြစ်သည်ဟု အသေအချာ ပြောနိုင်ပေသည်။ ယင်းမှာ သူ့ကို တမင်တကာ ခုခံခြင်း၊ ငြင်းပယ်ခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ခုခံခြင်းနှင့် သူ့ကို ဆန့်ကျင်ဖို့ ရပ်တည်ရာ၌ စာတန်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပေသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့နောက် လိုက်သည့် လူများ၏ သဘာဝ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဂုဏ်သိက္ခာနှင့် ဂုဏ်အဆင့်အတန်းကဲ့သို့သော တစ်ကိုယ်ရေ အကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ၎င်းတို့သည် အသင်းတော်တွင် အပျက်သဘောဆောင်သော ကဏ္ဍကို ပါဝင်လုပ်ဆောင်ကြသည်။ အသင်းတော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ ကောင်းကျိုးမပေးသည့်၊ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)) ခေါင်းဆောင်က ဧဝံဂေလိအမှုထမ်းအရေအတွက်ကို တိုးမြှင့်လိုက်တဲ့အခါမှာ ကျွန်မတို့မှာ ဧဝံဂေလိအမှုထမ်းအရမ်းနည်းတယ်၊ ဧဝံဂေလိဖြန့်ဝေတာက ပိုများတဲ့လူတွေနဲ့လုပ်တာလောက် သေချာပေါက် မြန်မှာမဟုတ်ဘူးဆိုတာ ကျွန်မ ရှင်းရှင်းလင်းလင်းသိတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်မအလုပ်နဲ့ပတ်သက်ရင် ကျွန်မက ရင်းနှီးကျွမ်းကျင်တယ်။ တော်တော်ကြာတော့ တိုးတက်မှုရှိလို့ တာဝန်မှာ ထိရောက်တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်ကြီးကြတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ အဆင့်အတန်း မဆုံးရှုံးရဖို့အတွက် ဧဝံဂေလိအမှုထမ်းအရေအတွက်ကို တိုးမြှင့်ဖို့ထက် ဧဝံဂေလိအလုပ် ချဲ့ထွင်တာ နှေးသွားဖို့ကို ပိုနှစ်သက်ခဲ့တယ်။ ကျွန်မက အသင်းတော်အလုပ်ကို နှောင့်ယှက်နေတာပဲမဟုတ်ဘူးလား။ ဒါ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်။ ဒါကိုစဉ်းစားရင်းနဲ့ ကျွန်မ အရမ်းကြောက်လာတယ်။ ကျွန်မလုပ်ခဲ့တာကို နောင်တရမိတယ်။ ကျွန်မ နောင်တရပြီး ပြောင်းလဲချင်တယ်။ ဒီလိုဆက်ပြီး မလိုက်စားချင်တော့ဘူး။ နောက်ပိုင်းမှာ ဘုရားရဲ့ စေခိုင်းချက်ကို နောဧက ဘယ်လိုသဘောထားခဲ့တယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်မှာ ကျွန်မ ဖတ်ရပြီး တော်တော် အားတက်မိတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “နောဧသည် ဤတာဝန်ပေးစေခိုင်းချက်ကို လက်ခံပြီးနောက်တွင် ဘုရားသခင့်စကားများ၏ အတိအလင်း ဖော်ပြမထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ခြင်း၊ ဘုရားသခင် ပြောထားခဲ့သည့် အရာအားလုံးကို ချင့်ချိန်အကဲဖြတ်ခြင်းအားဖြင့် ဤအရာမှာ ရိုးစင်းသောကိစ္စ၊ လွယ်ကူသောအလုပ်တာဝန် မဟုတ်ကြောင်း သိခဲ့သည်။...နောဧသည် သူ့အား ဘုရားသခင် တာဝန်ပေးထားခဲ့သည့် အရာနှင့်ဆိုင်သည့် ကြီးမားသော အခက်အခဲနှင့် သူရင်ဆိုင်ရသော ဒုက္ခသုက္ခက အဘယ်မျှကြီးမားမည်ကို သဘောပေါက် နားလည်ခဲ့သော်လည်း ငြင်းဆန်ဖို့ရည်ရွယ်ချက် မရှိခဲ့ဘဲ၊ ထိုအစား ယေဟောဝါဘုရားသခင်ကို လေးလေးနက်နက် ကျေးဇူးတင်ခဲ့သည်။ နောဧသည် အဘယ်ကြောင့် ကျေးဇူးတင်ရှိခဲ့သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သူ့ကို မမျှော်လင့်ဘဲ အလွန်အရေးပါသော အရာတစ်ခုကို တာဝန်ပေးခဲ့ပြီး အသေးစိတ်အချက်အလက်တိုင်းကို သူ့အား ကိုယ်တိုင်ကိုယ်ကျ ပြောပြကာ ရှင်းပြပေးထားခဲ့သောကြောင့် ဖြစ်သည်။ ပို၍ပင်အရေးကြီးသည်မှာ၊ ဘုရားသခင်က နောဧအား သင်္ဘောကို ဆောက်လုပ်ရမည့်အကြောင်းရင်းနှင့်ဆိုင်သည့် ဖြစ်စဉ်တစ်ခုလုံးကိုလည်း အစအဆုံး ပြောပြထားခဲ့ပြီးဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်သည့် အကြောင်းအရာတစ်ခု ဖြစ်သည်၊ ယင်းက ဘုရားသခင်ကိုယ်တိုင်၏ အရေးကိစ္စဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်က သူ့အား ဤအကြောင်းအရာနှင့် ပတ်သက်၍ ပြောပြထားခဲ့ကတည်းက နောဧသည် ယင်း၏ အရေးကြီးမှုကို သတိပြုမိခဲ့သည်။ အတိုချုပ်အားဖြင့်၊ ဤအရိပ်လက္ခဏာ အမျိုးမျိုးဖြင့် အကဲဖြတ်ခြင်း၊ ဘုရားသခင်၏ ပြောဆိုပုံသဘောသွားနှင့် နောဧကို ဘုရားသခင် ဖန်တီးပေးသည့် ကဏ္ဍအမျိုးမျိုးကို အကဲဖြတ်ခြင်းအားဖြင့် သူ့အား သင်္ဘောဆောက်လုပ်ရန် ဘုရားသခင်တာဝန်ပေးခြင်း၏ အရေးကြီးမှုကို နောဧက သတိပြုနိုင်ခဲ့သည်၊ ဤအရာကို သူ၏စိတ်နှလုံးထဲတွင် ကြိုဆိုနိုင်ခဲ့ပြီး ပေါ့ပေါ့တန်တန် သဘောမထားဝံ့ခဲ့သကဲ့သို့ အသေးစိတ်အချက်အလက် တစ်ခုတစ်လေကိုလည်း လျစ်လျူမရှုဝံ့ခဲ့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)) “အခက်အခဲ၊ ဆင်းရဲဒုက္ခနှင့် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ရသော်လည်း နောဧသည် နောက်မတွန့်ခဲ့ပေ။ သူ၏ ပို၍ခက်ခဲသော ဆောက်လုပ်ရေးလုပ်ငန်းအချို့ မကြာခဏ မအောင်မမြင်ဖြစ်ပြီး ထိခိုက်ပျက်စီးမှု ကြုံခဲ့ချိန်တွင်၊ နောဧသည် သူ၏စိတ်နှလုံးထဲတွင် သောကရောက်ပြီး စိုးရိမ်ကြောင့်ကြသော်လည်း ဘုရားသခင်၏ စကားများကို စဉ်းစားမိသောအခါ၊ သူ့အား ဘုရားသခင် မိန့်မှာခဲ့သော စကားလုံးတိုင်းနှင့် သူ့အပေါ် ဘုရားသခင်၏ မြှင့်တင်ပေးခြင်းကို သတိရသောအခါ သူသည် မကြာခဏ အလွန်အမင်း စိတ်ဓာတ်တက်ကြွခဲ့ရ၏— ‘ငါသည် အရှုံးပေး၍မဖြစ်၊ ဘုရားသခင်က ငါလုပ်ဆောင်ရန် မိန့်မှာပြီး တာဝန်ပေးခဲ့သည့် အရာကို ငြင်းကွယ်၍မရပေ။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ဖြစ်ပြီး ယင်းကို ငါ လက်ခံခဲ့သည့်အတွက်၊ ဘုရားသခင်ပြောဆိုခဲ့သော စကားများနှင့် ဘုရားသခင်၏အသံကို ငါကြားခဲ့သည့်အတွက်၊ ပြီးလျှင် ဤအရာကို ဘုရားသခင်ထံမှ ငါလက်ခံခဲ့ရသည့်အတွက် ငါသည် လုံးလုံးလျားလျား နာခံသင့်သည်။ ယင်းက လူသားတစ်ဦး ကြိုးပမ်းရရှိသင့်သည့်အရာပင် ဖြစ်၏။’ ထို့ကြောင့် သူသည် မည်သည့်အခက်အခဲမျိုးများကို ရင်ဆိုင်ခဲ့သည်ဖြစ်စေ၊ သူသည် မည်သည့်လှောင်ပြောင်သရော်မှု သို့မဟုတ် အမနာပပြောခြင်းမျိုးကို ကြုံတွေ့ခဲ့ရသည်ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်က မည်မျှပင်ပန်းနွမ်းနယ်လာခဲ့သည်ဖြစ်စေ၊ မည်မျှအားနည်းလာခဲ့သည်ဖြစ်စေ၊ သူသည် ဘုရားသခင် သူ့အား တာဝန်ပေးထားခဲ့သည့် အရာကို မကျောခိုင်းခဲ့သကဲ့သို့၊ ဘုရားသခင်က ပြောဆိုမိန့်မှာထားခဲ့သည့်အရာ၏ စကားတစ်ခွန်းစီတိုင်းကို စိတ်ထဲ၌ အမြဲတစေ မှတ်သားခဲ့ပေသည်။ သူ၏ပတ်ဝန်းကျင်က အဘယ်သို့ ပြောင်းလဲသွားသည်ဖြစ်စေ၊ သူရင်ဆိုင်ခဲ့ရသော အခက်အခဲက အဘယ်မျှကြီးမားသည်ဖြစ်စေ၊ သူသည် ဤအရာတစ်ခုမျှ ထာဝစဉ် တည်တံ့မည်မဟုတ်ကြောင်း၊ ဘုရားသခင်၏ စကားများသာလျှင် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းနှင့် ဘုရားသခင်က ပြုလုပ်ရန် မိန့်မှာခဲ့သောအရာသည်သာ ပြီးမြောက်ရမည်ဖြစ်ကြောင်းကို ယုံကြည်စိတ်ချခဲ့သည်။ နောဧသည် သူ၏စိတ်ထဲတွင် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ရှိသင့်သော နာခံမှုတို့ရှိခဲ့ပြီး ဘုရားသခင်က သူ့အား ဆောက်လုပ်ခိုင်းသော သင်္ဘောကို ဆက်၍ ဆောက်လုပ်ခဲ့ပေသည်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ်၊ နောဧမှာ ပို၍အိုမင်းလာခဲ့သော်လည်း သူ၏ယုံကြည်ချက်ကမူ ဆုတ်ယုတ်မသွားခဲ့သည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြီးမြောက်ရန်အတွက် သူ၏ သဘောထားနှင့် စိတ်ပိုင်းဖြတ်ခြင်း၌လည်း ပြောင်းလဲမှုမရှိခဲ့ပေ။ သူ၏ခန္ဓာကိုယ် မောပန်းချိနဲ့ကာ ဖျားနာပြီး သူ၏စိတ်နှလုံးထဲတွင် အားနည်းသည့် အချိန်များရှိခဲ့သော်လည်း ဘုရားသခင်၏ တာဝန်ပေးစေခိုင်းမှုကို ပြည့်စုံစေခြင်းနှင့် ဘုရားသခင်၏ စကားများကို နာခံခြင်းတို့အပေါ်ထားရှိသော သူ၏ စိတ်ပိုင်းဖြတ်ခြင်းနှင့် ဇွဲလုံ့လမှာ လျော့မသွားခဲ့ပေ။ သင်္ဘောဆောက်လုပ်ခဲ့သည့် နှစ်များအတောအတွင်း၌၊ နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် နာခံခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရားများထဲမှ တစ်ခုကို လက်တွေ့လုပ်ဆောင်ခဲ့သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ နောက်ဆက်တွဲ ၃- နောဧနှင့် အာဗြဟံတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခဲ့ပြီး သူ့ကို လိုက်နာခဲ့ပုံ (အပိုင်း ၂)) ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဆင်ခြင်ပြီး နောဧက ဘုရားရဲ့ စေခိုင်းချက်ကို အရမ်းကျေးဇူးတင်တာကို ကျွန်မ တွေ့ခဲ့တယ်။ ဘုရားရဲ့ ချီးမြှောက်ခြင်းနဲ့ ယုံကြည်ခြင်းအတွက် ဘုရားကို သူကျေးဇူးတင်တယ်။ နောဧက သင်္ဘောကြီးကို တည်ဆောက်ဖို့က ကြီးမားတဲ့စီမံကိန်းဖြစ်တယ်၊ အချိန်အရမ်းကြာမယ်၊ အနာဂတ်မှာ တွက်ချက်လို့မရတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရမယ်ဆိုတာ သိတယ်။ ဒါပေမဲ့ နောဧက ဘုရားရဲ့ စေခိုင်းချက်ကို လက်ခံဖို့ တွန့်ဆုတ်မနေခဲ့ဘူး။ ခဏလေးအောင် အားလျော့မသွားဘူး။ သင်္ဘောကြီးကိုဆောက်ဖို့ လိုအပ်တဲ့ကုန်ကြမ်းအမျိုးမျိုးကို စပြီးပြင်ဆင်တယ်။ ဒီအချိန်ကာလအတွင်းမှာ အခက်အခဲမျိုးစုံကို သူ ရင်ဆိုင်ရတယ်။ သူ့မိသားစုရဲ့ အထင်လွဲမှု၊ သူ့ဆွေမျိုးတွေ၊ မိတ်ဆွေတွေရဲ့ အသေရဖျက်မှုကို ရင်ဆိုင်ရတယ်။ သူရင်ဆိုင်ရတဲ့ စိတ်ခံစားချက်ဆိုင်ရာဖိအားက ကြီးမားတယ်။ လုပ်ငန်းစဉ်က စိတ်ကူးကြည့်လို့မရအောင်ကို ခက်ခဲမှာပဲ။ ဒါပေမဲ့ ဘာအခက်အခဲတွေကိုပဲ ရင်ဆိုင်ရပါစေ နောဧက လုံးဝ အရှုံးမပေးဘူး။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်း၊ နာခံခြင်းနဲ့ သင်္ဘောကြီးကို ဆက်ပြီးဆောက်တယ်။ ဘုရားသခင်က ပြောသည်- “နောဧသည် ဘုရားသခင်ပြောခဲ့သည့် စကားများအား နားထောင်ခြင်းနှင့် နာခံခြင်းကို လက်တွေ့လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးနှင့် သာမန်လူတစ်ဦးက ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အား ပြီးမြောက်ခြင်းနှင့် ဆိုင်သော အရေးကြီးသည့် သမ္မာတရားများထဲမှ တစ်ခုကို လက်တွေ့လုပ်ဆောင်ခဲ့သည်။” ဘုရားရဲ့ စေခိုင်းချက်အပေါ် နောဧရဲ့ သဘောထားက ကျွန်မကို အရှက်ရစေပြီး ခွန်အားရစေခဲ့တယ်။ ကျွန်မက နောဧထက် အများကြီးပိုပြီး ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခဲ့တယ်။ ဒါတောင်မှ ဘုရားသခင်ရဲ့ ဧဝံဂေလိအလုပ်ချဲ့ထွင်ဖို့အတွက် ကျွန်မရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်တဲ့အခါမှာ ကျွန်မက ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိုပဲ ကာကွယ်ချင်ခဲ့တယ်။ ဘုရားအလိုတော်ကို လုံးဝ မထောက်ထားဘူး။ ကျွန်မက တကယ်ပဲ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်။ ဘုရားကို ကျွန်မ အများကြီးအကြွေးတင်တယ်။ နိုင်ငံတော်ဧဝံဂေလိတရားကို ဖြန့်ဝေတာက ဘုရားသခင်ရဲ့ အရေးတကြီးဆန္ဒပါ။ ဘာအခက်အခဲတွေကိုပဲ ကျွန်မတို့ ရင်ဆိုင်ရပါစေ ဘုရားက ကျွန်မတို့ကို ဦးဆောင်လမ်းပြလိမ့်မယ်။ ဒါပြီးတော့လည်း ကျွန်မတို့ ဆက်သွယ်နိုင်တဲ့ ညီအစ်ကိုမောင်နှမတွေ အများကြီးရှိတယ်။ ကျွန်မတို့ ခေါင်းဆောင်တွေကလည်း ကျွန်မတို့ကို ခဏခဏ မိတ်သဟာယဖွဲ့ပြီး လမ်းပြပေးတယ်။ ကျွန်မ သေချာစဉ်းစားပြီး ကျွန်မအခက်အခဲတွေက နောဧနဲ့ယှဉ်ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူးဆိုတာ သဘောပေါက်သွားတယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၊ နာခံခြင်းနဲ့ ကိုယ့်တာဝန်ကိုကောင်းကောင်းလုပ်ပြီး၊ ဧဝံဂေလိအလုပ်ကို ကိုယ့်နယ်အတွင်းမှာ ချဲ့ထွင်ဖို့ ဘုရားကို အမှီပြုပြီးတော့ နောဧကို အတုခိုးသင့်တယ်ဆိုတာ ကျွန်မ သိခဲ့ပါတယ်။ နောက်ပိုင်းမှာ တခြားအသင်းတော်တွေမှာ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ရတဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ တွေ့ပြီး ဧဝံဂေလိအလုပ်ကို ပိုထိရောက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သူတို့နဲ့ ဆွေးနွေးခဲ့တယ်။ သူတို့က ကျွန်မကို အကြံနဲ့ စိတ်ကူးတချို့ပေးတယ်။ ပြီးတော့ ဒီအကြံတွေကို ကျွန်မ တစ်ဆင့်ချင်း လက်တွေ့လုပ်တယ်။

အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာ လမ်းမှန်ကို စူးစမ်းနေတဲ့လူတွေအများကြီးကို ကျွန်မတို့ လက်ခံရရှိခဲ့တယ်။ နေ့တိုင်းပဲ လူတွေအများကြီးက ဘုရားရဲ့ နောက်ဆုံးသောကာလအမှုတော်ကို လက်ခံကြတယ်။ ဒါပေမဲ့ ကျွန်မတို့က ရေလောင်းအမှုထမ်းတွေ နည်းနေတုန်းပဲ။ ဒီလူသစ်တွေက ရေလောင်းတာမရှိလို့ လမ်းမှန်ပေါ်ကို အုတ်မြစ်မချနိုင်ရင် အန္တိခရစ်တွေရဲ့ မကောင်းတဲ့အင်အားစုတွေက နှောင့်ယှက်တာကို ခံရနိုင်တယ်။ ဒီအတွေးကြောင့် ကျွန်မ အရမ်းအပြစ်ရှိပြီး ဒီလူသစ်တွေအပေါ် အများကြီးအကြွေးတင်နေတယ်လို့ ခံစားမိခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ ဘာလုပ်ရမှန်းမသိဘူး။ အရမ်းစိတ်သောကရောက်ပြီး ရှိုက်ငိုမိတယ်။ ဒါပေမဲ့ အကူအညီမဲ့သလိုခံစားနေရတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ ဘုရားနှုတ်ကပတ်တော်ကပြောတယ်။ “အမှုအရာများဖြစ်ပျက်သောအခါ လူတိုင်းသည် အတူတကွ ဆုတောင်းသင့်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသင့်သည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအပေါ် အမှီပြုပြီး ထင်ရာမြင်ရာ လုပ်ဆောင်ခြင်း လုံးဝမပြုသင့်ပေ။ ဘုရားသခင်ကို ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတွင် လူတို့စိတ်နှလုံး တစ်လုံးတစ်ဝတည်း ရှိသရွေ့ သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှု၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို ရရှိနိုင်လိမ့်မည်။ ဘုရားသခင်၏ ကောင်းချီးများကို ရရှိနိုင်လိမ့်မည်။ သခင်ယေရှုက မည်သို့ပြောသနည်း။ (‘မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် ပေးတော်မူလတံ့။ အကြောင်းမူကား၊ အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏၊ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်။(ရှင်မဿဲခရစ်ဝင် ၁၈:၁၉-၂၀)) ဤသည်မှာ မည်သည့်ပြဿနာကို ပုံဆောင်ပြသနည်း။ လူသားက ဘုရားသခင်ထံမှ မခွဲခွာနိုင်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်အပေါ် အမှီပြုရမည်ကိုလည်းကောင်း၊ လူသားသည် မိမိဘာသာ မလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း၊ မိမိသဘောအတိုင်း လုပ်ဆောင်ခြင်းက လက်မခံနိုင်ဖွယ်ဖြစ်သည်ကိုလည်းကောင်း ပြသည်။ လူသားသည် မိမိဘာသာ မလုပ်ဆောင်နိုင်ဟု ဆိုရာတွင် မည်သည်ကို ဆိုလိုသနည်း။ ဤသည်မှာ သင်တို့သည် လိုက်ဖက်ညီစွာ ပူးပေါင်းဆောင်ရွက်ရမည်၊ အမှုအရာများကို စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် လုပ်ဆောင်ရမည်၊ တူညီသောပန်းတိုင် ရှိရမည်ဟု ဆိုလိုသည်။ အရပ်သုံးစကားအားဖြင့်ဆိုလျှင် ‘စည်းထားသည့် ထင်းချောင်းများကို ချိုး၍မရ’ ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် သင်တို့သည် မည်သို့ ထင်းစည်းဖြစ်နိုင်မည်နည်း။ သင်တို့သည် သဘောတူညီမှုရှိရမည်။ ဤသို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်က ကျွန်မကို လမ်းကြောင်းနဲ့ ဦးတည်ချက်ပေးတယ်။ အဲဒါနဲ့ ကျွန်မ ဒီအခက်အခဲကို အဖွဲ့တစ်ခုစီက ကြီးကြပ်ရေးမှူးတွေနဲ့ ဆွေးနွေးတယ်။ ဖြေရှင်းချက်တွေကို အတူတူရှာကြတယ်။ ဒါက ကျွန်မတို့အားလုံး မျှဝေတဲ့ ဝန်ထုပ်ဝန်ပိုးပါပဲ။ လူသစ်တွေကိုရေလောင်းဖို့အတွက် ကျွန်မတို့အဖွဲ့တွေက ညီအစ်ကိုမောင်နှမတချို့ကို လွှတ်ဖို့ ကျွန်မတို့ အကြံပေးကြတယ်။ ဒါကြောင့် အသင်းတော်တွေမှာရှိတဲ့ ပြဿနာက ပြေလည်သွားတယ်။ ဒီဇင်ဘာလကုန်ရောက်တော့ ကျွန်မတို့ အသင်းတော်ရဲ့ဧဝံဂေလိရလဒ်တွေက နှစ်ဝက်ကထက် ဆယ်ဆတက်သွားတယ်။ အဲဒီအချိန်မှာ ညီအစ်ကိုမောင်နှမတွေက အရမ်းစိတ်လှုပ်ရှားပြီး ငိုကြတယ်။ ကျွန်မလည်း တော်တော်စိတ်လှုပ်ရှားတယ်။ ဘုရားရဲ့ လမ်းပြခြင်းအတွက် ကျွန်မစိတ်နှလုံးအတွင်းထဲကနေ ဘုရားကို ကျေးဇူးတင်ခဲ့တယ်။ ဘုရားရဲ့ အမှုတော်က ဘုရားကိုယ်တိုင်လုပ်တာပါ။ လူတွေက ပူးပေါင်းဆောင်ရွက်ရုံပဲ။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ဖြစ်တဲ့ ကျွန်မဆန္ဒကြောင့် ဧဝံဂေလိအလုပ်ကို တားဆီးလုနီးနီးဖြစ်သွားတာကြောင့်လည်း ကျွန်မ အရမ်းအပြစ်ရှိသလိုခံစားရပြီး ရှက်မိတယ်။

အချိန်နည်းနည်းကြာတော့ အသင်းတော်အလုပ်ကို ကြီးကြပ်ရတဲ့ ကျွန်မရဲ့ တွဲဖက်အစ်မက နည်းနည်းအလုပ်များနေတာကို ကျွန်မ တွေ့တယ်။ သူ့တာဝန်ကို သက်သာအောင် ကျွန်မ ကူညီပေးချင်တယ်။ သူက ကျေကျေနပ်နပ်နဲ့ သဘောတူတယ်။ ဒါပေမဲ့ အလုပ်ကို ကျွန်မစလုပ်တဲ့နောက်မှာ ကျွန်မထင်တာထက် အများကြီးပိုပြီး ရှုပ်ထွေးတာကို တွေ့ရတယ်။ ကျွန်မက အလုပ်အတွေ့အကြုံနည်းပြီး ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အသုံးပြုတဲ့နေရာမှာ မကျွမ်းကျင်ဘူး။ ကျွန်မက အလုပ်ကို ကောင်းကောင်းမလုပ်ရင် သူများတွေက ကျွန်မကို ဘယ်လိုထင်မလဲဆိုပြီး စိုးရိမ်မိတယ်။ ကျွန်မမှာ သမ္မာတရားစစ်မှန်မှုမရှိဘူး၊ ဘာမှအသုံးမဝင်ဘူးလို့ ခံစားရမှာလား။ ဒီပုံစံနဲ့ ကျွန်မက ကြီးကြပ်ရေးမှူးအနေနဲ့ သူတို့ကြားမှာ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ဖို့ ဖြစ်နိုင်မှာမဟုတ်ဘူး။ ကျွန်မစဉ်းစားလေလေ၊ ဒီအလုပ်က အန္တရာယ်များတယ်၊ မယူသင့်ဘူးလို့ ခံစားမိလေလေပဲ။ ကိစ္စတွေကို ဒီလိုရိုးရှင်းတဲ့နည်းနဲ့ စဉ်းစားတာကို ကျွန်မ နောင်တရမိတယ်။ နောက်ဆက်တွဲအလုပ်ကို ကျွန်မရဲ့ တွဲဖက်အစ်မကို လုပ်ခိုင်းဖို့ ဆင်ခြေရှာချင်ခဲ့တယ်။ ဒီအချိန်မှာ တစ်ချိန်က ကျွန်မရဲ့ ကျရှုံးမှုအတွေ့အကြုံကို သတိရသွားတာပဲ။ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သတင်းကို ခုခံကာကွယ်နေတုန်းပဲဆိုတာ သဘောပေါက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရမိတယ်။ “မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ မာနနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်က ကျွန်မရဲ့ အဆင့်အတန်းကို ကျွန်မ လက်လွှတ်ပြီး အသင်းတော်အလုပ်ကို ဦးစားပေးသင့်တယ်ဆိုတာကို အချိန်မီသတိပေးတာပဲ။ အသင်းတော်က အလုပ်တွေအများကြီးလုပ်ဖို့ရှိတယ်။ ကျွန်မရဲ့ တွဲဖက်အစ်မက အရမ်းအလုပ်ရှုပ်တယ်။ ဒါပေမဲ့ ကျွန်မက အချိန်နဲ့အားအင်နည်းနည်းရှိသေးတယ်။ ဒီတော့ တာဝန်ကို မျှဝေယူသင့်တယ်။ ကျွန်မက ကိုယ့်ဂုဏ်သတင်းကို ထိန်းသိမ်းဖို့အတွက် ကျွန်မရဲ့ တွဲဖက်ကို ဒီအလုပ်ကိုလုပ်ခိုင်းဖို့ ကြိုးစားရင် ဒါက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်မှာပဲ။ အဲဒါနဲ့ ကျွန်မ ဒီအကြံကို စွန့်လွှတ်လိုက်တယ်။ ဒီအလုပ်ကို ကောင်းကောင်းလုပ်ဖို့ ကျွန်မ တတ်စွမ်းသလောက်လုပ်ချင်ခဲ့ပါတယ်။

ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းရဲ့ ဆုပ်ကိုင်မှုကနေ ကျွန်မ လွတ်မြောက်တာ ရိုးသားစစ်မှန်တဲ့ နှလုံးသားနဲ့ ဘုရားရဲ့ ဝန်ထုပ်ကို ထည့်စဉ်းစားနိုင်တာ၊ ကျွန်မအရည်အချင်းနဲ့ အကောင်းဆုံးလုပ်နိုင်တာက အားလုံးက ဘုရားရဲ့ နှုတ်ကပတ်တော်ကြောင့်ရတဲ့ ရလဒ်တွေပါပဲ။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးနောက် နိုးထခြင်း

လျန်ရှင်း တရုတ်နိုင်ငံ ၂၀၂၀နှောင်းပိုင်းမှာ အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတဲ့ တာဝန်ယူခဲ့တယ်။ အစတော့ သူတို့ သိပ်များများစားစား မရှိလို့၊...

ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်၏- လူကို အဘယ်ကြောင့် ကိုးကွယ်ရမည်နည်း

ယိုရှင်း တောင်ကိုရီးယားနိုင်ငံ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်အတွက် ကျွန်မ တာဝန်ယူခဲ့ရတဲ့အချိန်တုန်းက ကျွန်မတို့အဖွဲ့လုပ်တာ သိပ်မကောင်းဘူး။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။