သတိထား အန္တိခရစ်တွေက သင့်အနားမှာရှိနေတယ်

13.12.2022

ထရီ အာဂျင်တီးနားနိုင်ငံ

၂၀၂၁၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီးဖတ်တယ်။ ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ စုဝေးတယ်။ မကြာခင်မှာပဲ ကျွန်မက အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာတယ်။ အသင်းတော်မှာ ကျွန်မ ကလော်ဒီယာနဲ့ တွေ့ခဲ့တယ်။ သူက ပြောတယ်။ သူက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခဲ့တာ တစ်နှစ်ခွဲရှိပြီ၊ အခု သူက ရေလောင်းသင်းထောက်ဖြစ်ပြီး စုဝေးပွဲအဖွဲ့တွေအများကြီးကို စီမံနေတယ်၊ ရေလောင်းပြီး ညီအစ်ကိုမောင်နှမတွေကို ဘယ်လိုပံ့ပိုးရမယ်ဆိုတာ သူ ကောင်းကောင်းသိတယ် တဲ့။ သူက ကျွန်မကိုလည်း တော်တော်ခင်ပါတယ်။ သူက ကျွန်မကို နေ့တိုင်းနှုတ်ဆက်ပြီး ကျွန်မနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်နှုတ်ကပတ်တော်တွေကို မျှဝေတယ်။ ဒါကြောင့် ကျွန်မက တော်တော်ပျော်တယ်။ ကျွန်မကို သူဂရုစိုက်တယ်လို့ ခံစားမိတယ်။ သူက ကျွန်မကိုပြောသေးတယ်။ ကျွန်မက ဘုရားကိုယုံကြည်တာမကြာသေးတော့ အဖွဲ့ခေါင်းဆောင်လုပ်တာကို တစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူး၊ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ နားမလည်ရင် အမှားတွေ လုပ်နိုင်ခြေရှိတယ် တဲ့။ ဒါကြောင့် သူက စုဝေးပွဲတိုင်းကို သူ့ကို အသိပေးဖို့ ကျွန်မကိုပြောတယ်။ သူဒီလိုပြောတာကိုကြားရတော့ ကျွန်မ တော်တော်စိတ်ပူတယ်။ ကျွန်မ အမှားတွေလုပ်မိမှာကို စိုးရိမ်မိတယ်။ အဲဒါနဲ့ ကျွန်မက စုဝေးပွဲတစ်ခုစီစဉ်တင်ဆက်တိုင်းမှာ သူ့ကို အသိပေးတယ်။ သူ မိတ်သဟာယဖွဲ့တာကောင်းတယ်၊ ကျွန်မက တစ်ယောက်တည်းမလုပ်နိုင်တော့ သူ့အကူအညီလိုတယ်လို့ ထင်ခဲ့တယ်။ တစ်ခါတော့ ပုံမှန်မလာတဲ့ အစ်မတစ်ယောက်ကို ကျွန်မက သွားပြီးပံ့ပိုးပေးမလို့။ ကလော်ဒီယာက ကျွန်မကိုပြောတယ်။ “အစ်မက စပြီး ယုံကြည်တာ မကြာသေးဘူး။ အကြောင်းအရာတွေကို မသိဘူး။ လူသစ်ကို အစ်မတစ်ယောက်တည်း ပံ့ပိုးပေးလို့မရဘူး။ အစ်မကို ပံ့ပိုးလမ်းပြဖို့ ကျွန်မ အမြဲတမ်းရှိနေမယ်” တဲ့။ သူက ကျွန်မကိုပိုပြီး သင်ပေးချင်တယ်လို့လည်း ပြောတယ်။ ကျွန်မ ဒုက္ခရောက်နေတိုင်းမှာ သူက ကျွန်မကို လာကူညီပေးတော့ သူက အရမ်းကောင်းတဲ့အစ်မတစ်ယောက်လို့ကျွန်မ ထင်ခဲ့တယ်။

နောက်ပိုင်းမှာ အသင်းတော်က ခေါင်းဆောင်နဲ့ သင်းထောက်အသစ်တွေ ရွေးဖို့လိုလာတယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာ ကလော်ဒီယာက ကျွန်မကိုပြောတယ်။ “အထက်ခေါင်းဆောင်က စုဝေးပွဲတွေမှာ ကောင်းကောင်းမိတ်သဟာယမဖွဲ့ဘူး။ သူ့ကို ဆန့်ကျင်ပြီး အတိုက်အခံလုပ်ဖို့ ကျွန်မတို့ ရပ်တည်ရမယ်။ သူ့ကို ခေါင်းဆောင်ဆက်လုပ်ခွင့်ပေးလို့မဖြစ်ဘူး။ သူက တစ်ခုခုကို ကောင်းကောင်းမလုပ်ဘူးဆိုတာ တွေ့ရင် သူမှားနေတယ်ဆိုတဲ့ သဘောပဲ။ ဒါတွေကို အစ်မရှာတွေ့ရင် ကျွန်မကို ပြောဖို့လိုတယ်။ ကျွန်မကို ပြောရင် အစ်မက ဘုရားကို သစ္စာဖောက်နေတာပဲ” တဲ့။ ကျွန်မက ပြောတယ်။ “ခေါင်းဆောင်က တစ်ခုခုမှားနေတယ်လို့ ကျွန်မ မထင်ပါဘူး။ အစ်မပြောတာကို ကျွန်မ မလုပ်နိုင်ဘူး။ ကျွန်မမသိတာကို ပြောလို့မရဘူး” ပေါ့။ သူက ဆက်ပြောတယ်။ “ကျွန်မက အသင်းတော်မှာ လုပ်တာ တစ်နှစ်ခွဲရှိပြီ။ ဘယ်လိုဦးဆောင်ရမယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ အထက်ခေါင်းဆောင်က ကျွန်မကို ခေါင်းဆောင်အဖြစ် တစ်ခါမှ မရွေးဘူး။ သူတို့ ရွေးကောက်ပွဲကို အစ်မဆန့်ကျင်ဖို့လိုတယ်။ ဒါက ခေါင်းဆောင်အဖြစ် အရွေးခံရဖို့ တစ်ခုတည်းသောနည်းလမ်းပဲ” တဲ့။ သူက မမှန်ဘူးလို့ ကျွန်မ ခံစားမိတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ ခေါင်းဆောင်ဖြစ်လို့မရဘူးလေ။ ခေါင်းဆောင်တွေအားလုံးက စည်းမျဉ်းတွေကို အခြေခံပြီး ညီအစ်ကိုမောင်နှမတွေက ရွေးထားတာ။ ကျွန်မတို့က ဦးဆောင်ဖို့ ရွေးခံရသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဘုရားရဲ့ အစီအစဉ်တွေကို ကျွန်မတို့အားလုံး နာခံသင့်တယ်။ မကြာခင်မှာပဲ ကျွန်မက သင်းထောက်အဖြစ် အရွေးခံရတယ်။ ကလော်ဒီယာက သိသွားတော့ အရမ်းစိတ်ဆိုးပြီး ခေါင်းဆောင်က အမှားလုပ်လိုက်တယ်လို့ ပြောလာတယ်။ သူက ပြောသေးတယ်။ “အစ်မက လူသစ်ပဲ။ ဘာကိုမှ မသိသေးဘူး။ သူတို့က အစ်မကို ဘယ်လိုလုပ် သင်းထောက်ဖြစ်ခွင့်ပေးတာလဲ” တဲ့။ သူဒီလိုပြောတာကို ကြားပြီးတော့ ကျွန်မ ဘာလုပ်ရမှန်းမသိဘူး။ တာဝန်ကို ကျွန်မ မငြင်းပယ်ချင်ဘူး။ ဒါပေမဲ့ ကောင်းကောင်းမလုပ်မှာ စိုးရိမ်တယ်။ ကျွန်မ တော်တော်စိတ်ရှုပ်ထွေးသွားတယ်။

နောက်ပိုင်းမှာ ကလော်ဒီယာက သင်းထောက်တွေ၊ အဖွဲ့ခေါင်းဆောင်တွေနဲ့ ကျွန်မကို အဖွဲ့တစ်ဖွဲ့ဆီ ခေါ်လာတယ်။ အဲဒီမှာ စုစုပေါင်း လူဆယ့်နှစ်ယောက်လောက်ရှိတယ်။ သူက ကျွန်မကို ခေါင်းဆောင်တွေကို လုံးဝ မပြောဖို့ ပြောတယ်။ ကျွန်မက ဘာလို့လဲလို့ မေးတယ်။ သူကပြောတယ်။ “ကျွန်မက အစ်မတို့အားလုံးကို သင်ပေးဖို့ ဒီအဖွဲ့ကို တည်ထောင်လိုက်တာ။ သမ္မာတရားတွေကို ပိုပြီးနားလည်အောင် လမ်းပြပြီး တာဝန်တွေကို ပိုကောင်းအောင် ထမ်းဆောင်နိုင်ဖို့ ကျွန်မ ကူညီပေးနိုင်တယ်။ ဒီအဖွဲ့က ခေါင်းဆောင်တွေနဲ့ ဘာမှမဆိုင်ဘူး။ အစ်မတို့ကောင်းဖို့အတွက် ကျွန်မက လုပ်တာ” တဲ့။ အဲဒီအချိန်မှာ ကလော်ဒီယာက အရမ်းကောင်းတာပဲ၊ သူက ကျွန်မတို့ကို ကူညီဖို့ အမြဲတမ်း အရမ်းစိတ်ထက်သန်တယ်လို့ တွေးမိတယ်။ ကျွန်မစဉ်းစားတယ်။ “ဟုတ်ပြီ။ ဒါ ငါတို့ကောင်းဖို့အတွက်ပဲဆိုတော့ ခေါင်းဆောင်တွေကို မပြောလည်းရပါတယ်” ပေါ့။ နောက်ပိုင်းမှာ ကလော်ဒီယာက ဒီအဖွဲ့ထဲမှာ ပြောတယ်။ ခေါင်းဆောင်တွေက မကောင်းဘူး၊ သူတို့အလုပ်ကို ဘယ်လိုလုပ်ရမှန်းမသိဘူး၊ သူတို့အားလုံးက အယောင်ဆောင်ခေါင်းဆောင်တွေ၊ ကျွန်မတို့က ပိုင်းခြားသိမြင်ရမယ် စသဖြင့်ပေါ့။ သူပြောတာ မှန်တယ်လို့ ကျွန်မ မထင်ဘူး။ ကျွန်မတို့ ခေါင်းဆောင်တွေက ချစ်ခင်တတ်တယ်၊ ကျွန်မတို့တွေ ဘုရားနှုတ်ကပတ်တော်ကို နားလည်အောင်၊ တာဝန်တွေကို ထမ်းဆောင်အောင် ကူညီပေးတယ်။ ခေါင်းဆောင်တွေနဲ့ပတ်သက်ပြီး သူပြောတာက မမှန်ကန်ဘူး။ အဲဒီအချိန်တုန်းက အစ်ကိုတစ်ယောက်က သူ့ကို ပြန်ချေပတယ်။ “အစ်မပြောတာက မမှန်ဘူး။ ဒီလိုပြောတာမှားနေတယ်” ဆိုပြီးပြောတယ်။ ဒါပေမဲ့ ကလော်ဒီယာက ဒါကိုကြားပြီးနောက်မှာ အရမ်းစိတ်ဆိုးသွားပြီး ဒီအစ်ကိုနဲ့ ငြင်းခုံတယ်။ နောက်တော့ အဲဒီအစ်ကိုက တခြားအစ်မတစ်ယောက်နဲ့အတူ အဖွဲ့ကနေ ထွက်သွားတယ်။ နောက်ပိုင်းမှာ ကျွန်မ ကလော်ဒီယာဆီကိုသွားတယ်။ ကျွန်မက ပြောလိုက်တယ်။ “ခေါင်းဆောင်တွေကို သူတို့နောက်ကွယ်မှာ ဝေဖန်တာက အစ်မ မှားတယ်။ အစ်ကိုက အစ်မကို ထောက်ပြတော့ ဘာလို့ စိတ်ဆိုးတာလဲ။ ဘာလို့ သူနဲ့ ငြင်းခုံတာလဲ” ပေါ့။ ကလော်ဒီယာက ဒါကို လက်မခံရုံတင်မကဘူး။ အရမ်းလည်း စိတ်ဆိုးတယ်။ နောက်ပိုင်းမှာ ကျွန်မလည်း အဖွဲ့ကနေ ထွက်လိုက်တယ်။

သူက တွဲဖက်အမှုဆောင် အစည်းအဝေးတိုင်းမှာ ခေါင်းဆောင်တွေရဲ့ ပြဿနာကို ထုတ်ထုတ်ပြီးပြောမယ်လို့ ကျွန်မ လုံးဝ မျှော်လင့်မထားဘူး။ တွဲဖက်အမှုဆောင်အစည်းအဝေးတစ်ခုမှာ အဖွဲ့ထဲမှာ စာတစ်စောင်ပို့ဖို့ သင်းထောက်တစ်ယောက်ကို သူက စည်းရုံးလိုက်တယ်။ စာထဲမှာ အသင်းတော်ခေါင်းဆောင် နိုလီယာလုပ်တာ မကောင်းဘူး၊ သူက ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မဖြေရှင်းဘူး၊ အဖွဲ့ခေါင်းဆောင်တွေကို ပျိုးထောင်မပေးဘူး သူက နုတ်ထွက်သင့်ပြီး ရာထူးကို တစ်ခြားတစ်ယောက်ကိုပေးသင့်တယ်ဆိုပြီးပြောထားတယ်။ အထက်ခေါင်းဆောင်ကပြောတယ်။ “နိုလီယာက အရင်တစ်ခါတုန်းက နေမကောင်းလို့ တချို့အလုပ်တွေကို မလုပ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ သူက သူ့တာဝန်မှာ တော်တော်တာဝန်ယူလေ့ရှိပါတယ်” တဲ့။ ဒါပေမဲ့ ကလော်ဒီယာက ဒါကိုကြားပြီးတဲ့နောက်မှာတောင် အလျှော့မပေးဘူး။ “သူက ခေါင်းဆောင်ပဲ။ ဒီတော့ ကျွန်မတို့ထက်ပိုပြီး အလုပ်ကြိုးစားရမှာပေါ့” ဆိုပြီးပြောတယ်။ နောက်တော့ သူက စာတစ်စောင်ပို့တယ်။ “ကျွန်မက အသင်းတော်အလုပ်ကို ကာကွယ်နေတာပါ။ အရင်တုန်းက ခေါင်းဆောင်က ကျွန်မကို ဖြစ်သလိုလုပ်ပြီး လက်တွေ့အလုပ်မလုပ်လို့ဆိုပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဒါ ကျွန်မကို ထိခိုက်တယ်။ ဒါပေမဲ့ ဘုရားက ကျွန်မစိတ်နှလုံးကိုသိတယ်။ အားလုံးက ပေါ်လွင်လာမှာပါ” ဆိုပြီးပြောတယ်။ နောက်ပိုင်းမှာ ကျွန်မတို့အသင်းတော်က မကောင်းဘူး၊ ခေါင်းဆောင်တွေက အယောင်ဆောင်တွေဖြစ်တယ်၊ သူ့တာဝန်ကို တခြားအသင်းတော်မှာလုပ်ချင်တယ်ဆိုပြီး ကလော်ဒီယာက အမြဲတမ်းပြောတယ်။ စုဝေးပွဲတွေမှာ ဒီဟာက မကောင်းဘူး၊ ဟိုဟာက မမှန်ဘူးဆိုပြီး သူပြောနေတာကို ကျွန်မ အမြဲတမ်းတွေ့ရတယ်။ အဲဒါကြောင့် လူတိုင်းက စိတ်တည်ငြိမ်အောင်ထားပြီး ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ဖို့က မဖြစ်နိုင်တော့ဘူး။ ဒါက တော်တော်ဆိုးတယ်လို့ ကျွန်မ ခံစားမိတယ်။ ဒီအခြေအနေကို ကျွန်မ မကြိုက်ဘူး။ အသင်းတော်ဆိုတာ ဘုရားကို ကိုးကွယ်တဲ့နေရာ၊ ညီအစ်ကိုမောင်နှမတွေက ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့ စုဝေးတဲ့နေရာဖြစ်ဖို့ ရည်ရွယ်တာ။ ဒါပေမဲ့ ဒီအချိန်မှာ ဒါက လုံးဝ ပျက်စီးနေပြီ။ ကျွန်မက ဒါကို ခေါင်းဆောင်ကို တင်ပြချင်တယ်။ ဒါပေမဲ့ ကလော်ဒီယာသိသွားရင် သူက ကျွန်မအပေါ် ထင်မြင်ချက်တွေရှိလာပြီး ကျွန်မက သူ့အကြောင်းကောလာဟလတွေ ဖြန့်နေတယ်လို့ ထင်မှာကို စိုးရိမ်မိတယ်။ ဘယ်သူ့ကိုမှ ကျွန်မ စိတ်ဆိုးအောင်မလုပ်ချင်ဘူး။ အဲဒါနဲ့ ဘာမှမပြောခဲ့ဘူး။ နောက်ပိုင်းမှာ ကလော်ဒီယာက ကျွန်မဆီ ထပ်လာတယ်။ အသင်းတော်ခေါင်းဆောင်တွေက အယောင်ဆောင်တွေဖြစ်တယ်၊ သူတို့ကို ဆန့်ကျင်ပြီးရပ်တည်ရမယ်ဆိုပြီးပြောတယ်။ အဲဒီအချိန်တုန်းက ကျွန်မက အသိအမြင်မရှိဘူး။ ဘာလုပ်ရမှန်းမသိဘူး။ အဲဒါနဲ့ တော်တော်စိတ်ဒုက္ခရောက်တာပေါ့။ ဒါတွေကို ဘုရားရှေ့ကို ကျွန်မ ယူလာပြီး ဆုတောင်းတယ်။ ကျွန်မကို ဦးဆောင်ဖို့ ဘုရားကို ဆုတောင်းတယ်။ နောက်ပိုင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ငါ၏ရှေ့မှောက်သို့ သင်၏စိတ်နှလုံးထားရှိရာတွင် သင်၏ရှိသမျှလုံ့လစိုက်လော့၊ ပြီးလျှင် ငါသည် သင့်ကို နှစ်သိမ့်ကာ သင့်ထံ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း ယူဆောင်လာပေးမည်။ အခြားသူတို့ရှေ့တွင် ပုံစံတစ်မျိုး ဖြစ်ဖို့ မကြိုးပမ်းနှင့်။ ငါ့ကို ကျေနပ်စေခြင်းသည် သာ၍တန်ဖိုးရှိပြီး အလေးသာသည် မဟုတ်လော။ ငါ့ကို ကျေနပ်စေခြင်းဖြင့်၊ သင်သည် ထာဝရတည်ပြီး ရာသက်ပန်ဖြစ်သော ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းတို့ဖြင့် သာ၍ပင် ပြည့်လိမ့်မည်မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ အမှုတော်နှင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကလော်ဒီယာက အသင်းတော်အသက်တာကို နှောင့်ယှက်နေတာကို ကျွန်မ မြင်တယ်။ ဒါပေမဲ့ မတိုင်ရဲခဲ့ဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို အရမ်းဂရုစိုက်လွန်းပြီး လူတွေကို စိတ်ဆိုးအောင်လုပ်မိမှာ ကြောက်လို့ပဲ။ ဒါပေမဲ့ အသင်းတော်အသက်တာကို မကာကွယ်ရင် ကျွန်မက စာတန်ဘက်ကနေ ရပ်တည်နေမယ်ဆိုတာ လုံးဝ မတွေးမိဘူး။ ဒါက ဘုရားက အရမ်းမုန်းတီးတဲ့အရာပဲ။ ကျွန်မစိတ်နှလုံးထဲမှာ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းမရှိဘဲ နာကျင်ခြင်း၊ ဒုက္ခခံရခြင်းပဲရှိတယ်။ ဒါတွေအားလုံးက သမ္မာတရားကို လက်တွေ့မလုပ်လို့ပေါ့။ ကျွန်မက လူတွေနဲ့ ကျွန်မဆက်ဆံရေးကို မကာကွယ်နိုင်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့အညီလက်တွေ့လုပ်ပြီး အသင်းတော်အသက်တာကို ကာကွယ်ရမယ်။ တစ်နေ့မှာ အထက်ခေါင်းဆောင်က ကျွန်မကိုမေးတယ်။ စုဝေးပွဲတွေမှာ ကလော်ဒီယာရဲ့ အပြုအမူကို ကျွန်မ ဘယ်လိုထင်လဲပေါ့။ ကျွန်မက ပြောလိုက်တယ်။ “သူလုပ်တာက မမှန်ဘူး။ ဒီလိုဟာမျိုးက အသင်းတော်မှာ မဖြစ်သင့်ဘူး” ဆိုပြီးတော့။ ကလော်ဒီယာရဲ့ တခြားအပြုအမူတချို့ကိုလည်း ခေါင်းဆောင်ကို ပြောပြလိုက်တယ်။

နောက်ပိုင်းမှာ အသင်းတော်ခေါင်းဆောင်က ကလော်ဒီယာကို ဘယ်လိုပိုင်းခြားသိမြင်ရမယ်ဆိုတာကို ကျွန်မတို့နဲ့ မိတ်သဟာယဖွဲ့ပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ကြတယ်။ “လှည့်စားခြင်းနှင့် ဖြားယောင်းခြင်းတို့သည် အဓိပ္ပာယ်အရ ဆင်တူသော်လည်း၊ ယင်းတို့၏ အနှစ်သာရနှင့် နည်းစနစ်တို့၌ ကွာခြားချက်တစ်ခုရှိသည်။ လှည့်စားခြင်းသည် လူများကို လှည့်ဖြားရန် ထွင်လုံးများကို သုံးခြင်းနှင့် ၎င်းတို့အား ထိုထွင်လုံးများကို အမှန်တရားအဖြစ် မှတ်ယူစေခြင်းဖြစ်သည်။ ဖြားယောင်းခြင်းသည် နည်းစနစ်အချို့ကို တမင်တကာ အသုံးပြုကာ၊ မိမိပြောသည့်အရာကို လူများကို လုပ်ဆောင်စေပြီး မိမိ၏လမ်းကြောင်းကို လိုက်လျှောက်စေခြင်း ဖြစ်သည်။ ဤစိတ်ဓာတ်လှုံ့ဆော်ခြင်းသည် အတော်အတန် သိသာထင်ရှားပေသည်။ လှည့်စားခြင်းနှင့် ဖြားယောင်းခြင်းတို့သည် လူများကို ထင်ယောင်ထင်မှားဖြစ်စေဖို့အလို့ငှာ မှန်ကန်သည့် စကားများသုံးခြင်း ဖြစ်သည်။ ယင်းမှာ လူတို့သည် လုံးလုံး မှန်ကန်သည်ဟု ခံစားရပြီး လက်ခံရန် လွယ်ကူသော အရာများကို ပြောဆိုခြင်း၊ ၎င်းတို့ မသိလိုက်ဘဲ၊ စကားပြောသူကို ယုံကြည်လာစေရင်း၊ သူ့နောက်သို့ လိုက်စေကာ၊ သူနှင့် လိုက်လျောညီထွေဖြစ်စေရင်း၊ ထို့နောက်တွင် ၎င်းတို့သည် သူ၏ အပေါင်းအသင်း ရောင်းရင်းအဖွဲ့ဖြစ်လာကြပေသည်။ ယင်းမှာ မှန်ကန်သောအုပ်စုမှ လူများကို မိမိ၏ကိုယ်ပိုင် အုပ်စုထဲသို့ ဆွဲသွင်းရန် ဖြစ်သည်။ အတိုချုပ်အားဖြင့် လူများသည် အန္တိခရစ်တစ်ဦး၏ ထိုသို့သော ချဉ်းကပ်မှုတစ်ခုကို လက်ခံပါက၊ ၎င်းတို့သည် အန္တိခရစ်ကို ယုံကြည်လာကာ သူ့နောက်လိုက်ကြပြီး၊ ထိုမှစ၍ အန္တိခရစ် ပြောသမျှအရာကို လက်ခံကာ နာခံကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ မသိလိုက်ဘဲနှင့် အန္တိခရစ်နောက်သို့ လိုက်လာမိကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ကလိမ်ကျခြင်းခံရပြီးဖြစ်သည် မဟုတ်လော။ အန္တိခရစ်အချို့သည် လူများကို လှည့်စားခြင်းနှင့် ဖြားယောင်းခြင်းဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို ရရှိဖို့အလို့ငှာ၊ လူများကို ဆက်သွယ်ပြောဆိုရန် ကြိုးစားခြင်းနှင့် ၎င်းတို့၏ စကားများတွင် အချို့သောနည်းစနစ်များကို မကြာခဏ အသုံးပြုကြသည်။ ဤအရာက အသင်းတော်၌ ဂိုဏ်းများ၊ အုပ်စုကွဲမှုများနှင့် လူတန်းစားများ ဖြစ်ပေါ်စေသည်။...ဤနည်းအားဖြင့် အန္တိခရစ်တစ်ဦးသည် သိက္ခာစောင့်စည်းမှုမရှိဘဲ ဂိုဏ်းများနှင့် အုပ်စုကွဲမှုများကို ဖြစ်ပေါ်စေလျက်၊ လူများကို လှည့်စားပြီး ဖြားယောင်းလေသည်။ ၎င်းတို့သည် အသင်းတော်ကို ကွဲစေပြီး ထိန်းချုပ်ဖို့ ဤနည်းစနစ်များကို အသုံးပြုကြသည်။ ဤသို့လုပ်ဆောင်ရာ၌ ၎င်းတို့၏ပန်းတိုင်မှာ အဘယ်နည်း။ (သီးခြားဖြစ်သော နိုင်ငံတစ်ခု ဖွဲ့စည်းရန် ဖြစ်သည်။) သီးခြားဖြစ်သော နိုင်ငံတစ်ခု ဖွဲ့စည်းခြင်း၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းမှာ ခရစ်တော်ကို ရန်ငြိုးထားရန်၊ ဘုရားသခင် ရွေးချယ်ထားသောလူများပေါ် အတင်းအဓမ္မစိုးမိုးအုပ်ချုပ်ရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ရန်တို့ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ပြိုင်ဆိုင်ရန် ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်ပေသည်၊ ယင်းမှာ ထိုအရာပင် ဖြစ်ပေတော့သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၅- ၎င်းတို့သည် လူတို့ကို လှည့်စားကာ၊ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏) ကလော်ဒီယာရဲ့ အပြုအမူအကြောင်းကို ကျွန်မတို့နဲ့ မိတ်သဟာယဖွဲ့ဖို့ ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုတယ်။ ကလော်ဒီယာက သူများတွေရှေ့မှာ သူက သမ္မာတရားတွေအများကြီးနားလည်တယ်၊ ခေါင်းဆောင်တွေ၊ သင်းထောက်တွေရဲ့ အလုပ်ကို လုပ်နိုင်တယ်ဆိုပြီး ခဏခဏ သက်သေခံတယ်။ ဒါကြောင့် လူသစ်တွေအများကြီးက သူလှည့်စားတာကိုခံရပြီး သူ့ကို ကိုးကွယ်ကြတယ်။ သူခေါင်းဆောင်မဖြစ်တာ မတရားဘူးလို့ ငြင်းခုံကြတယ်ဆိုပြီး ပြောပြတယ်။ တကယ်တော့ သူ သင်းထောက်လုပ်တဲ့အချိန်မှာ သူက အမြဲတမ်း ဖြစ်သလိုလုပ်တယ်။ ဘယ်တော့မှ လက်တွေ့အလုပ်ကို မလုပ်ဘူး။ သူရေလောင်းတဲ့လူသစ်တွေအများကြီးက စုဝေးပွဲတွေကို ပုံမှန် မတက်ဘူး။ အထက်ခေါင်းဆောင်က သူ့ပြဿနာတွေအကြောင်းကို သူနဲ့ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ သူက သူ့ကိုယ်သူ ပြန်မဆင်ခြင်ရုံတင်မကဘူး။ သူက မတရားဆက်ဆံခံရတယ်လို့ပြောဆိုပြီး ဘုရားက သူ့စိတ်နှလုံးကိုသိတယ်လို့ ပြောတယ်။ ပြီးတော့လည်း သူက အသင်းတော်မှာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ခဏခဏယှဉ်ပြိုင်တယ်။ အသင်းတော်က သူ့ကို ခေါင်းဆောင်အဖြစ် မရွေးချယ်တော့ အရွေးခံရတဲ့ ခေါင်းဆောင်တွေက အတွေ့အကြုံမရှိဘူး၊ အလုပ်မလုပ်နိုင်ဘူးလို့ စဖြန့်တယ်။ အထက်ခေါင်းဆောင်က ခေါင်းဆောင်တွေကို ရွေးကောက်တဲ့စည်းမျဉ်းတွေကို သူနဲ့ မိတ်သဟာယဖွဲ့တယ်။ သမ္မာတရားကိုလိုက်စားတဲ့ လူ့သဘာဝကောင်းရှိတဲ့သူတွေက အရွေးခံရတယ် အလုပ်အတွေ့အကြုံအများဆုံးရှိတဲ့သူတွေပဲ ရွေးခံရတာမဟုတ်ဘူးလို့ ပြောပြတယ်။ ဒါပေမဲ့ သူက လုံးဝ လက်မခံဘူး။ အဖွဲ့တစ်ခုကိုတောင် သူက လျှို့ဝှက်ပြီး တည်ထောင်တယ်။ အဲဒီမှာ သူနဲ့နီးစပ်တဲ့သူတွေအားလုံးကို အတူတူစုလိုက်တယ်။ အဲဒီမှာ ခေါင်းဆောင်က အလုပ်မလုပ်နိုင်ဘူးလို့ သူက မသိမသာလေး ထောင်ပေးတယ်။ ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတွေကြားကို သဘောထားကွဲလွဲမှုဖြစ်အောင် ဆွတယ်။ ခေါင်းဆောင်အသစ်တွေကို တိုက်ခိုက်ဖို့ သင်းထောက်တချို့ကိုတောင် စည်းရုံးပြီး သူတို့တွေက အောက်ကိုဆင်းသင့်တယ်လို့ ပြောတယ်။ အသင်းတော်မှာ ဖရိုဖရဲဖြစ်အောင် ဖန်တီးတယ်။ ဒီတော့ အဲဒီအသင်းတော်အလုပ်က ပုံမှန် မဆောင်ရွက်နိုင်ဘူး။ ကလော်ဒီယာက အသင်းတော်အသက်တာကို တမက်တကာ နှောင့်ယှက်ပြီး အသင်းတော်ကို ခွဲတဲ့ အန္တိခရစ်တစ်ယောက်ပဲ။ အချိန်ခဏလောက်အထိတော့ ခေါင်းဆောင်ပြောတာကို လက်ခံဖို့ ကျွန်မ ခက်နေတယ်။ ကျွန်မ မယုံနိုင်ဘူး။ ကလော်ဒီယာက ဘယ်လိုလုပ် အန္တိခရစ်ဖြစ်နိုင်မလဲ။ အချိန်အများစုမှာ သူက သဘောကောင်းပုံရတယ်။ လူတွေကိုကူညီဖို့ အမြဲတမ်းစိတ်ထက်သန်နေတာ။ သူလုပ်တာတချို့က မှားပေမဲ့ ဒါကြောင့်မို့ သူက အန္တိခရစ်ဖြစ်မသွားဘူးမို့လား။ နောင်တရဖို့ နောက်ထပ် အခွင့်အရေးမပေးသင့်ဘူးလား။ ဒီလိုစဉ်းစားပြီးတော့ ဘုရားသခင်ကိုကျွန်မ ဆုတောင်းလိုက်တယ်။ ဘုရားအလိုတော်ကို နားလည်ဖို့လမ်းပြပြီး ကလော်ဒီယာကို ပိုင်းခြားသိမြင်အောင်ကူညီပေးဖို့ တောင်းလျှောက်လိုက်တယ်။

ခေါင်းဆောင်က အန္တိခရစ်တွေရဲ့ စကားတွေ၊ လုပ်ရပ်တွေရဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တွေနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုပြီးတဲ့နောက်မှာ နောက်ဆုံးတော့ ကလော်ဒီယာကို ကျွန်မ နည်းနည်းရိပ်စားမိလာတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အန္တိခရစ်များ၏ အပြုအမူနှင့်သက်ဆိုင်သည့် အနှစ်သာရသည် ရာထူးအဆင့်အတန်း ရှိခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်းနှင့် လူများကို ၎င်းတို့နောက်လိုက်စေပြီး ကြည်ညိုစေခြင်းတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အစဉ်အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သည်၊ သို့ရာတွင် တစ်ခုတော့ သေချာပေသည်။ ၎င်းတို့သည် လူသားများအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်သည့်အခါတွင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ရရှိဖို့ ဆန္ဒရှိဆဲဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည်ကို ၎င်းတို့သဘောပေါက်သည့် နေ့ရက်အချိန် ရောက်လာပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို အနည်းငယ် ချုပ်တည်းလျှင်ပင်၊ ၎င်းတို့သည် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လိုက်စားရန် အမျိုးမျိုးသော နည်းလမ်းများကို အသုံးချဆဲဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ၎င်းတို့သည် သူတစ်ပါးတို့၏ လက်ခံမှုနှင့် လေးစားမှုကို ရယူခြင်းအားဖြင့် တရားဝင်ဖြစ်သော ဂုဏ်အဆင့်အတန်းကို ရယူလိမ့်မည်မှာ ၎င်းတို့အတွက် ရှင်းလင်းသည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များလုပ်ဆောင်သမျှတိုင်းက တာဝန်များထမ်းဆောင်ခြင်း ပါဝင်သည့်ပုံစံရှိသော်လည်း အကျိုးဆက်က လူတို့ကို လိမ်လည်လှည့်စားရန်၊ ၎င်းတို့ကို လူများက ကိုးကွယ်နာခံရန်ဖြစ်သည်။ ဤအခြေအနေတွင် ဤသို့၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သက်သေခံခြင်းဖြစ်သည်။ လူတို့ကို ထိန်းချုပ်ရန်၊ အသင်းတော်တွင် ဂုဏ်အဆင့်အတန်းနှင့် အာဏာကိုရရှိရန် ဖြစ်သော ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ ဤသည်မှာ လုံးဝ အန္တိခရစ်တစ်ယောက်သာဖြစ်သည်။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူများကို သူမည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ အန္တိခရစ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်တို့နှင့် လိုက်လျောညီထွေဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းပေ၊ သူ၏မိန့်မြွက်ချက်များနှင့် သမ္မာတရား ၏ အဓိပ္ပာယ်အနည်းငယ်ကို နားလည်သဘောပေါက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ၎င်းတို့၏ လိုက်စားခြင်းကိုလည်း ၎င်းတို့မစွန့်ပယ်ပေ။ ၎င်းတို့၏ ရည်မှန်းချက်နှင့် ဆန္ဒများက ကျန်ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများကို နေရာယူပြီး ၎င်းတို့၏ အလုံးစုံကို ထိန်းချုပ်ဆဲဖြစ်ကာ ၎င်းတို့၏ အပြုအမူနှင့် အတွေးများကို ညွှန်ကြားသည်။ ၎င်းတို့လျှောက်သည့်လမ်းကြောင်းကို ဆုံးဖြတ်သည်။ ဤသည်မှာ အမှန်တကယ် အန္တိခရစ်တစ်ယောက်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၅- ၎င်းတို့သည် လူတို့ကို လှည့်စားကာ၊ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်လေ၏) ခေါင်းဆောင်က မိတ်သဟာယဖွဲ့တယ်။ “အန္တိခရစ်တွေကို ထုတ်ဖော်ပြတဲ့ ဘုရားနှုတ်ကပတ်တော်ကိုကြည့်ရင် သူတို့တွေက ဂုဏ်အဆင့်အတန်းအတွက်၊ အာဏာရဖို့ဖြစ်တဲ့ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် ဘုရားကို ယုံကြည်တယ်ဆိုတာ မြင်နိုင်ပါတယ်။ ဂုဏ်အဆင့်အတန်းကို ရဖို့အတွက် သူတို့ကိုယ်သူတို့ ခဏခဏ မြှင့်တင်ပြီး သက်သေခံတယ်။ သူတို့ကို သူများတွေ အထင်ကြီးလေးစားအောင်ပေါ့။ တစ်ခါတလေမှာ သူတို့က အုပ်စုတွေတောင်ဖွဲ့ပြီး အသင်းတော်မှာ သဘောထားကွဲလွဲမှုဖြစ်အောင် သွေးထိုးတယ်။ အခု ကလော်ဒီယာကို ပိုင်းခြားသိမြင်ဖို့ အန္တိခရစ်တွေရဲ့ အပြုအမူကို ကျွန်မတို့ အသုံးပြုနိုင်တယ်။ သူက ရေလောင်းသင်းထောက်ဖြစ်ကတည်းက အမြဲတမ်း ခေါင်းဆောင်ဖြစ်ချင်တယ်။ ညီအစ်ကိုမောင်နှမတွေက လက်ခံတာကိုရဖို့၊ ဒီလိုနဲ့ သူ့ကို ခေါင်းဆောင်အဖြစ် ရွေးကြဖို့အတွက် သူက ဘုရားသခင်ကို ယုံကြည်တာ တော်တော်ကြာပြီ၊ အဖွဲ့တွေအများကြီးကို ဦးဆောင်ခဲ့တယ် အလုပ်အတွေ့အကြုံရှိတယ်၊ သမ္မာတရားတွေအများကြီးကိုနားလည်တယ်ဆိုပြီး ခဏခဏ ဂုဏ်တင်ပြီး သက်သေခံတယ်။ ယုံကြည်သူအသစ်တွေကိုလည်း သူတို့က ဘာမှနားမလည်ဘူးလို့ပြောပြီး တိုက်ခိုက်တယ်။ သူတို့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့အတွက် သူ့ရဲ့ ကူညီပံ့ပိုးမှုလိုအပ်တယ်လို့ ပြောဆိုတယ်။ ဒါကြောင့် လူတချို့က သူ့ကို ကိုးကွယ်နာခံကြတယ်။ အသင်းတော်က သူ့လောက် ဘုရားသခင်ကို ယုံကြည်တာ မကြာသေးတဲ့သူတွေကို ခေါင်းဆောင်တွေ၊ သင်းထောက်တွေအဖြစ်ရွေးတာကို သူမြင်တဲ့အခါ မကျေမနပ်ဖြစ်တယ်။ ဒါတွေက အယောင်ဆောင်ခေါင်းဆောင်တွေဆိုပြီး စွပ်စွဲတာတွေကို အသင်းတော်မှာ ဖြန့်တယ်။ ခေါင်းဆောင်တွေကို ငြင်းပယ်ဖို့၊ သူ့ကို ပံ့ပိုးဖို့၊ သူပြောတာနားထောင်ဖို့ လူတိုင်းကို ပြောတယ်။ ဒီနည်းနဲ့ သူက ခေါင်းဆောင်အဖြစ် အရွေးခံရနိုင်အောင်ပေါ့။ အသစ်ရွေးကောက်ထားတဲ့ ခေါင်းဆောင်တွေကို တိုက်ခိုက်ပြီး ရှုတ်ချဖို့အတွက် လူတချို့ကိုလည်း စည်းရုံးတယ်။ ဒါကြောင့် အသစ်ရွေးကောက်ခံရတဲ့ ခေါင်းဆောင်တွေက စိတ်ကျဉ်းကျပ်ပြီး အပျက်သဘောဆောင်လာကြတယ်။ အသင်းတော်ဆိုတာ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ဖို့၊ ဘုရားကို ကိုးကွယ်ဖို့ နေရာအဖြစ် ရည်ရွယ်တာပါ။ ဒါပေမဲ့ ကလော်ဒီယာက သဘောထားကွဲလွဲအောင် သွေးထိုးပြီး လူတိုင်းကို နှောင့်ယှက်တယ်။ ဒါကြောင့် ညီအစ်ကိုမောင်နှမတွေက ပုံမှန်အသင်းတော်အသက်တာကို မရကြဘူး။ သူက ဂုဏ်အဆင့်အတန်းရဖို့အတွက် ဘာမဆို ကျင့်သုံးတယ်။ သူ့ရဲ့ သဘာဝနဲ့ အနှစ်သာရက အရမ်းကို မသိမသာအန္တရာယ်များပြီး ဆိုးယုတ်တယ်။ သူက သမ္မာတရားကို မုန်းပြီး ဘုရားကိုရန်လိုတဲ့ အန္တိခရစ်တစ်ယောက်ပဲ” တဲ့။ ဘုရားနှုတ်ကပတ်တော်ကိုဖတ်ပြီး ခေါင်းဆောင်ရဲ့ မိတ်သဟာယကို ကြားပြီးတဲ့နောက်မှာ ကလော်ဒီယာအကြောင်းကို နောက်ဆုံးမှာ ကျွန်မ နည်းနည်းသိလာတယ်။ သူက ကြင်နာတယ်၊ သူ့တာဝန်မှာ စိတ်အားထက်သန်ပြီး လူတွေကို ကူညီတယ်လို့ ကျွန်မ ထင်ခဲ့ဖူးတယ်။ ဒါက အသင်းတော်ကောင်းဖို့အတွက် သူလုပ်တာလို့ ကျွန်မ ထင်ခဲ့တာ။ သူက ခေါင်းဆောင်တွေကိုသူတို့နောက်ကွယ်မှာ ဝေဖန်ပေမဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ စကားများပေမဲ့ သူ့စကားတွေ၊ လုပ်ရပ်တွေရဲ့နောက်ကွယ်က ပန်းတိုင်၊ ရည်ရွယ်ချက်တွေကို ကျွန်မ မရိပ်စားမိနိုင်ခဲ့ဘူး။ အခုတော့ ကလော်ဒီယာက ခေါင်းဆောင်ဖြစ်ဖို့အတွက် ဒါတွေအားလုံးကိုလုပ်နေတာဆိုတာ ကျွန်မ သဘောပေါက်သွားတယ်။ သူက ကျွန်မကို နေ့တိုင်း နှုတ်ဆက်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပို့ပေးတယ်။ သူက သူ့တာဝန်ကိုထမ်းဆောင်တာ တစ်နှစ်ကျော်ပြီ၊ ဘုရားနှုတ်ကပတ်တော်တွေအများကြီးကိုသိတယ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုရှိတယ်လို့ ကျွန်မကိုပြောတယ်။ အသစ်ရွေးကောက်ထားတဲ့ ခေါင်းဆောင်တွေအားလုံးက အယောင်ဆောင်တွေဖြစ်တယ်၊ အထက်ခေါင်းဆောင်လည်းပါတယ်လို့လည်းပြောတယ်။ သူက သူများတွေကို သူ့ကိုခေါင်းဆောင်အဖြစ်ရွေးချယ်စေချင်တာကြောင့် သူပြောသမျှ၊ လုပ်သမျှက သူ့ကိုယ်သူ ဂုဏ်တင်ပြီး ခေါင်းဆောင်တွေကို သေးသိမ်အောင်လုပ်ဖို့ပဲ။ သူက အဖွဲ့တစ်ခုကို လျှို့ဝှက်ပြီး တည်ထောင်တယ်။ ခေါင်းဆောင်တွေကို တိုက်ခိုက်ပြီး ဝေဖန်တယ်။ ခေါင်းဆောင်ကို ငြင်းပယ်အောင် လူတိုင်းကို လှုံ့ဆော်တယ်။ ပြီးတော့ သူများတွေက သူ့ကို မမှန်တာတစ်ခုခုကိုပြောလို့ အပြစ်တင်တဲ့အခါ သူက လက်ခံတာ၊ နောင်တရတာ မလုပ်ရုံမကဘဲ သူတို့နဲ့ မပြီးမဆုံးနိုင်အောင် ငြင်းခုံတယ်။ သူက ဂုဏ်အဆင့်အတန်းကိုရဖို့အတွက် အုပ်စုဖွဲ့တယ်၊ ခေါင်းဆောင်တွေနဲ့ သဘောထားကွဲလွဲအောင် လှုံ့ဆော်တယ်၊ အသင်းတော်ကို ခွဲဖို့ ကြိုးစားတယ်ဆိုတာ အခု ကျွန်မ ရှင်းရှင်းလင်းလင်းမြင်သွားတယ်။ သူက တကယ်ကို အန္တိခရစ်တစ်ယောက်ပဲ။

ခေါင်းဆောင်က ဆက်ပြောတယ်။ “ကလော်ဒီယာက ဒါတွေလုပ်တာကို တုံ့ပြန်တဲ့အနေနဲ့ အထက်ခေါင်းဆောင်က သူ့ကို ကူညီဖို့အတွက် ဆက်စပ်မှုရှိတဲ့ သမ္မာတရားစည်းမျဉ်းတွေကို ခဏခဏ မိတ်သဟာယဖွဲ့တယ်။ ဒါပေမဲ့ သူက လုံးဝ လက်မခံဘူး။ အဲဒီအစား သူက အသင်းတော်မှာ ဆက်ပြီး သဘောထားကွဲလွဲအောင် သွေးထိုးတယ်။ အုပ်စုတွေဖွဲ့တယ်။ အဖွဲ့ခွဲတွေ ဖန်တီးတယ်။ ဒါကြောင့် အသင်းတော်အလုပ်က အရမ်းအနှောင့်အယှက်ဖြစ်ခဲ့တယ်” တဲ့။ ခေါင်းဆောင်က ကျွန်မတို့ကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ဖတ်ပြတယ်။ “ညီအစ်ကိုမောင်နှမများအကြား မိမိတို့၏ အပျက်သဘောကို အစဉ်အမြဲ ဖွင့်ပြောသောသူများသည် စာတန်၏ အစေအပါးများဖြစ်ကြပြီး သူတို့သည် အသင်းတော်ကို အနှောင့်အယှက်ပေးကြ၏။ ထိုသို့သောလူများကို တစ်နေ့တွင် နှင်ထုတ်ပြီး ပယ်ထုတ်ရမည်။...မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်- အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် သေချာပေါက် ပယ်ထုတ်ခြင်းခံရသည့်သူများဖြစ်သည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ခေါင်းဆောင်က မိတ်သဟာယဖွဲ့တယ်။ “ဘုရားနှုတ်ကပတ်တော်က ကျွန်မတို့ကို ရှင်းရှင်းလင်းလင်းပြောတယ်။ အပျက်သဘောတွေကို ခဏခဏဖြန့်တဲ့၊ သဘောထားကွဲလွဲအောင်သွေးထိုးတဲ့၊ အသင်းတော်မှာ အုပ်စုတွေဖွဲ့တဲ့သူတွေက အနှောင့်အယှက်တွေ လုပ်လေ့ရှိတယ်၊ အပြုသဘောဆောင်တဲ့နေရာကနေ ဘယ်တော့မှမနေဘူး၊ နောင်တရဖို့ ငြင်းဆန်တယ် တဲ့။ သူတို့တွေအားလုံးက ဘုရားက ထုတ်ပယ်မယ့်လူတွေပဲ။ အားလုံးကို အသင်းတော်ကနေ ရှင်းလင်းပစ်သင့်တယ်။ ဒါက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားပဲ။ အသင်းတော်က မကောင်းမှုပြုသူတွေကို စည်းမျဉ်းနဲ့အညီ ဆက်ဆံတယ်။ တချို့လူတွေက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားပဲရှိကြတယ်။ ဒါပေမဲ့ အနှစ်သာရမှာ သူတို့က မကောင်းတဲ့လူတွေမဟုတ်ဘူး။ သမ္မာတရားကို လက်ခံနိုင်ကြတယ်။ မကောင်းမှုလုပ်ပြီးတဲ့နောက်မှာ မိတ်သဟာယဖွဲ့ပြီးတော့ သူတို့က နောင်တရနိုင်ကြတယ်။ အသင်းတော်က ဒီလိုလူတွေကို နောက်ထပ် အခွင့်အရေးပေးတယ်။ ဒါပေမဲ့ တချို့လူတွေက သူတို့သဘာဝကိုက ကြမ်းတမ်းပြီး သမ္မာတရားကို လုံးဝ လက်မခံဘူး။ သူတို့နဲ့ သမ္မာတရားကို မိတ်သဟာယဖွဲ့တဲ့သူတိုင်းကို သူတို့က မုန်းတယ်။ နောက်ပိုင်းမှာ မကောင်းမှုကို ဆက်လုပ်တယ်။ သူတို့ပြတာက ဖောက်ပြန်ပျက်စီးမှုကို ခဏတာ ဖော်ပြတာမဟုတ်ဘူး။ သူတို့ရဲ့ အနှစ်သာရက သမ္မာတရားကို မုန်းတီးပြီး ဘုရားကို အာခံခြင်းပဲ။ ဒါတွေက အန္တိခရစ် စစ်စစ်တွေပဲ။ သူတို့ကို ဘယ်နေရာမှာပဲ တွေ့ရပါစေ အသင်းတော်က သူတို့ကို ရှင်းလင်းပစ်တယ်” တဲ့။ ဘုရားနှုတ်ကပတ်တော်နဲ့ ခေါင်းဆောင်ရဲ့ မိတ်သဟာယကနေ ကျွန်မ နားလည်သွားတာက ကလော်ဒီယာက ညီအစ်ကိုမောင်နှမတွေကြားမှာ အမြဲတမ်း ကွဲလွဲမှုဖြစ်အောင် သွေးထိုးတယ်။ ခေါင်းဆောင်တွေကို တိုက်ခိုက်ဝေဖန်တယ်။ အသင်းတော်အသက်တာကို နှောင့်ယှက်တယ်။ အသင်းတော်ကို စွန့်ခွာပြီး သူ့နောက်လိုက်ဖို့အတွက် ညီအစ်ကိုမောင်နှမတွေကို စည်းရုံးတယ်။ ဒါတွေအားလုံးကြောင့် သူဟာ အန္တိခရစ်စစ်စစ်ပဲ။ အစကတော့ ကျွန်မ ပိုင်းခြားသိမြင်မှုမရှိဘူး။ ကျွန်မ စဉ်းစားတယ်။ “ကလော်ဒီယာကို နောင်တရဖို့ အခွင့်အရေးပေးလိုက်ပါလား” ပေါ့။ တကယ်တော့ သူက မိတ်သဟာယတွေ၊ အကူအညီတွေ ခဏခဏရခဲ့ပြီး အခွင့်အရေးတွေ အများကြီးပေးခဲ့ပြီးပြီ။ ဒါပေမဲ့ သမ္မာတရားကို လက်မခံသေးဘဲ နောင်တရဖို့ ငြင်းဆန်တယ်။ သူ့သဘာဝက သမ္မာတရားကို မုန်းတီးပြီး ဘုရားသခင်ကို ရန်လိုတယ်။ ဘယ်လောက်ပဲ အခွင့်အရေးပေးပေး ဘယ်တော့မှ တကယ်နောင်တရမှာမဟုတ်ဘူး။ ဒါကြောင့် သူ့ကို ရှင်းလင်းပစ်ရမယ်။ ဒါကို သဘောပေါက်သွားတာနဲ့ ကျွန်မ မနေနိုင်ဘဲ တွေးမိတယ်။ “ငါက ဘုရားကို စယုံကြည်ခါစပဲရှိသေးတာကို ဒီလိုလူကို ဘယ်လိုတွေ့ရတာလဲ။ အသင်းတော်မှာ ဘာလို့ အန္တိခရစ်တွေပေါ်လာရတာလဲ” ပေါ့။

ခေါင်းဆောင်က ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်မတို့ကို ဖတ်ပြပြီးတဲ့နောက်မှာ ဘုရားအလိုတော်ကို နောက်ဆုံးတော့ ကျွန်မ နားလည်သွားတယ်။ “အန္တိခရစ်တို့သည် ပေါ်ပေါက်လာပြီး အသင်းတော်ကို နှောင့်ယှက်သောအခါ၊ ယင်းက ကောင်းသည့်အရာဖြစ်သလော၊ ဆိုးသည့်အရာ ဖြစ်သလော။ (ဆိုးပါသည်။) အဘယ်သို့ ဆိုးရသနည်း။ ဘုရားသခင်က အမှားလုပ်မိ၍များ ဖြစ်သလော။ ဘုရားသခင်က အနီးကပ် စောင့်ကြပ်ခဲ့ခြင်း မရှိဘဲ၊ အန္တိခရစ်တို့ကို ဘုရားအိမ်တော်သို့ ထိုးဖောက်ဝင်ရောက်ခွင့် ပြုခဲ့ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ (ကျွန်ုပ်တို့ ချင့်ချိန်နိုင်စွမ်းတိုးပွားစေရန်၊ အန္တိခရစ်တို့၏ သဘာဝနှင့် အနှစ်သာရကို ရိပ်စားမိဖို့နည်းကို သင်ယူရန်၊ စာတန်ကို ကျွန်ုပ်တို့အား မည်သည့်အခါမျှ လှည့်စားခွင့်မပေးရန်နှင့် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရန်အလို့ငှာ၊ ဘုရားသခင်က အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်းဖြစ်ပါသည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပါသည်။) စာတန်သည် မည်မျှဆိုးယုတ်ကာ၊ ရက်စက်ကြမ်းကြုတ်ပြီး မလိုမုန်းထားမှုရှိကြောင်း၊ စာတန်သည် သမ္မာတရားကို စိတ်ကုန်ပြီး မုန်းတီးကြောင်း ကျွန်ုပ်တို့ အစဉ်ပြောကြသည်။ ဤအရာကို သင်မြင်နိုင်သလော။ ဝိညာဉ်ရေးရာ လောကတွင် မည်သည့်အရာကို စာတန် လုပ်ဆောင်သည်ကို သင်မြင်နိုင်သလော။ ၎င်းသည် မည်သို့ စကားပြောပြီး ပြုမူသည်၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ် ၎င်း၏သဘောထား၊ ၎င်း၏ဆိုးယုတ်မှု တည်ရှိသည့်နေရာတို့ကို သင်မြင်နိုင်သလော— ဤအရာများထဲမှ တစ်ခုမျှ သင်မမြင်နိုင်ပေ။ သို့ဖြစ်၍ စာတန်သည် ဆိုးယုတ်ကြောင်း၊ ၎င်းသည် ဘုရားသခင်ကို အာခံကြောင်းနှင့် ၎င်းသည် သမ္မာတရားကို စိတ်ကုန်ကြောင်းတို့ကို ငါတို့ မည်မျှပြောပါစေ ယင်းသည် ဖော်ပြချက်တစ်ခုသက်သက်သာ ဖြစ်သည်။ ယင်းတွင် စစ်မှန်သော ပုံရိပ်မရှိပေ။ ယင်းသည် အလွန်ပေါ့တန်ပြီး လက်တွေ့မကျပေ။ ယင်းသည် လက်တွေ့ကျသည့် ရည်ညွှန်းချက်အဖြစ် အသုံးပြု၍မရပေ။ သို့ရာတွင် အကြင်သူသည် အန္တိခရစ်တစ်ဦးနှင့် ဆက်သွယ်မှုရှိသည့်အခါ၊ စာတန်၏ဆိုးယုတ်မှု၊ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားနှင့် သမ္မာတရားကို စိတ်ကုန်သည့် ၎င်း၏အနှစ်သာရတို့ကို အနည်းငယ် သာ၍ ရှင်းလင်းစွာ သူမြင်ပြီး စာတန်ကို သူ၏ သိနားလည်မှုသည် အနည်းငယ် သာ၍ ပြတ်သားကာ လက်တွေ့ကျသည်။ လူများ ဆက်သွယ်ပြီးမြင်ဖို့အတွက် ဤစစ်မှန်သော နမူနာများနှင့် အဖြစ်အပျက်များမရှိပါက၊ လူများနားလည်သည့် သမ္မာတရားများသည် မရှင်းလင်းပြတ်သားမည်မဟုတ်၊ ပေါ့တန်ကာ၊ လက်တွေ့ကျမည် မဟုတ်ပေ။ သို့ရာတွင် လူများက ဤအန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် တကယ့် ဆက်သွယ်မှုရှိသည့်အခါ ၎င်းတို့ မည်သို့ ဆိုးယုတ်မှုလုပ်ပြီး ဘုရားသခင်ကို ခုခံသည်ကို ၎င်းတို့မြင်တွေ့နိုင်ပြီး၊ စာတန်၏ သဘာဝနှင့် အနှစ်သာရတို့ကို ခွဲခြားနိုင်သည်။ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့သည် စာတန်ဝင်စားခြင်း ဖြစ်ကြောင်း— ၎င်းတို့သည် အသက်ရှင်နေသော စာတန်၊ အသက်ရှင်နေသော နတ်ဆိုးဖြစ်ကြောင်း ၎င်းတို့ မြင်ရသည်။ အန္တိခရစ်များ၊ ဆိုးယုတ်သော လူများနှင့် ဆက်သွယ်ခြင်းသည် ထိုသို့သော အကျိုးသက်ရောက်မှု ရှိနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉- ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၈)) “အသင်းတော်၌ အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ ရန်သူဖြစ်ရုံသာမက၊ ဘုရားသခင် ရွေးချယ်ထားသောသူများ၏ ရန်သူလည်း ဖြစ်ပေသည်။ သင်သည် အန္တိခရစ်တစ်ဦးကို ခွဲခြားဖော်ထုတ်နိုင်ခြင်း မရှိပါက၊ လှည့်စားခံရပြီး သိမ်းသွင်းစည်းရုံးခံရနိုင်ကာ၊ အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း ခံရဖို့ ဖြစ်နိုင်ပေသည်။ ထိုသို့ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် လုံးလုံး ကျရှုံးပြီးဖြစ်သည်။ ကယ်တင်ခြင်းပေးအပ်ခံရဖို့ လူများသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ ဦးစွာ ၎င်းတို့သည် သမ္မာတရားများစွာကို နားလည်ရမည်ဖြစ်ပြီး အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၊ စိတ်သဘောထားနှင့် လမ်းကြောင်းတို့ကို ခွဲခြားဖော်ထုတ်နိုင်ရမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်စဉ် လူများကို မကိုးကွယ်ဖို့၊ သို့မဟုတ် နောက်မလိုက်ဖို့ သေချာစေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ တကယ့်အဆုံးထိ ဘုရားနောက်လိုက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အန္တိခရစ်တစ်ဦးကို ခွဲခြားဖော်ထုတ်နိုင်သည့် လူများသာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်နိုင်ကာ၊ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ အန္တိခရစ်တစ်ဦးကို ခွဲခြားဖော်ထုတ်ခြင်းသည် ရိုးရှင်းသောကိစ္စမဟုတ်သကဲ့သို့၊ ၎င်းတို့၏ အနှစ်သာရကို ရှင်းလင်းစွာမြင်နိုင်ကာ ၎င်းတို့ လုပ်ဆောင်သမျှ နောက်ကွယ်ရှိ လျှို့ဝှက်ကြံစည်မှုများ၊ လှည့်ကွက်များနှင့် ရည်ရွယ်ထားသည့် ပန်းတိုင်များကို ရိပ်စားမိနိုင်စွမ်း ရှိဖို့ လိုအပ်သည်။ ထိုသို့ဖြင့် သင်သည် ၎င်းတို့၏ လှည့်စားခြင်း၊ သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရမည်မဟုတ်သကဲ့သို့၊ ခိုင်မာစွာ ရပ်တည်နိုင်ကာ၊ သမ္မာတရားကို ဘေးကင်းစွာနှင့် လုံခြုံစွာ လိုက်စားနိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်တွင် တည်မြဲနိုင်ပေမည်။ သင်သည် အန္တိခရစ်တစ်ဦးကို ခွဲခြားဖော်ထုတ်နိုင်ခြင်း မရှိပါက၊ သင်သည် ကြီးမားသော အန္တရာယ်တွင်ရှိနေပြီး အန္တိခရစ်၏ လှည့်စားပြီး ဖမ်းဆီးခံရကာ စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်လာရနိုင်ဖွယ်ရှိသည်ဟု ဆိုနိုင်ပေသည်။...ထို့ကြောင့် သင်သည် ကယ်တင်ခြင်း ရရှိနိုင်သည့် နေရာသို့ ရောက်ရှိလိုပါက၊ သင်အောင်မြင်ရမည့် ပထမဆုံး စစ်ဆေးချက်မှာ စာတန်ကို ရိပ်စားမိနိုင်ခြင်းဟူသော စစ်ဆေးချက်တစ်ခု ဖြစ်ပြီး၊ သင်သည် ထရပ်ကာ စာတန်ကို ဖော်ထုတ်ကာ စွန့်ပစ်ဖို့ သတ္တိလည်း ရှိရမည်။ သို့ဆိုလျှင် စာတန် အဘယ်မှာရှိသနည်း။ စာတန်သည် သင့်နံဘေးနှင့် သင်၏ ဘက်ပေါင်းစုံတွင် ရှိသည်။ သူသည် သင့်စိတ်နှလုံးအတွင်းတွင်ပင် အသက်ရှင်နေနိုင်သည်။ သင်သည် စာတန်၏ စိတ်သဘောထားအတွင်းတွင် အသက်ရှင်နေပါက၊ သင်သည် စာတန်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်၏။ သင်သည် ဝိညာဉ်လောကနှင့်ဆိုင်သည့် စာတန်နှင့် ဆိုးယုတ်သော ဝိညာဉ်များကို မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သော်လည်း လက်တွေ့ဘဝတွင် တည်ရှိသည့် စာတန်နှင့် အသက်ရှင်သော နတ်ဆိုးများသည် နေရာတကာတွင် ရှိ၏။ သမ္မာတရားကို စိတ်ကုန်သည့်သူ မည်သူမဆိုသည် ဆိုးယုတ်ပြီး သမ္မာတရားကို လက်မခံသည့် မည်သည့်ခေါင်းဆောင်၊ သို့မဟုတ် မည်သည့်အမှုတော်ဆောင်မဆိုသည် အန္တိခရစ်တစ်ဦး၊ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် စာတန်များနှင့် ရှင်သန်နေသည့်နတ်ဆိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤလူများမှာ သင်ကိုးကွယ်ပြီး ကြည်ညိုသည့်သူများစင်စစ် ဖြစ်နေနိုင်၏။ ၎င်းတို့မှာ သင့်ကို ဦးဆောင်သော လူများ၊ သို့မဟုတ် သင်၏စိတ်နှလုံးထဲတွင် သင်ကြာမြင့်စွာ လေးစားနေခဲ့ရသူများ၊ ယုံကြည်ကိုးစားပြီး အားကိုးနေခဲ့ရသူများနှင့် မျှော်လင့်နေခဲ့ရသူများ ဖြစ်နိုင်သည်။ သို့သော်၊ စင်စစ်အားဖြင့် ၎င်းတို့သည် သင့်ကိုတားဆီးနေပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်းတို့မှ သင့်ကိုဟန့်တားနေသည့် လမ်းဆို့များဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များဖြစ်ကြ၏။ ၎င်းတို့သည် သင်၏ဘဝနှင့် သင်လျှောက်လှမ်းသည့် လမ်းကြောင်းတို့ကို ထိန်းချုပ်နိုင်ပြီး၊ ကယ်တင်ခြင်း ပေးအပ်ခံရမည့် သင်၏အခွင့်အရေးကို ဖျက်ဆီးနိုင်သည်။ ၎င်းတို့ကို သင်မခွဲခြားနိုင်သကဲ့သို့ မရိပ်စားမိနိုင်ပါက၊ အချိန်မရွေး၊ သင်သည် ၎င်းတို့၏ လှည့်စားခြင်း၊ ၎င်းတို့၏ ဖမ်းဆီးခြင်းနှင့် ခေါ်ဆောင်သွားခြင်းကို ခံရနိုင်ပေသည်။ ထို့ကြောင့်၊ သင်သည် ကြီးမားသော အန္တရာယ်တွင် ရှိ၏။ ဤအန္တရာယ်မှ သင့်ကိုယ်သင် မလွတ်မြောက်စေနိုင်ပါက၊ သင်သည် စာတန်၏ ပူဇော်ရာ သားကောင်ဖြစ်ပေသည်။ အန္တိခရစ်တစ်ဦး၏ လှည့်စားခြင်းနှင့် ထိန်းချုပ်ခြင်းခံရကာ အန္တိခရစ်တစ်ဦး၏ နောက်လိုက်များဖြစ်လာသည့် လူများသည် မည်သို့ပင်ဖြစ်စေကာမူ ကယ်တင်ခြင်းကို မည်သည့်အခါမျှ မရရှိနိုင်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်သလို၊ လိုက်စားခြင်း မရှိသောကြောင့်၊ ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လှည့်စားခြင်းခံရနိုင်ပြီး နောက်လိုက်မိနိုင်သည်။ ဤသည်မှာ ရှောင်လွှဲ၍မရနိုင်သော ရလဒ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်) ခေါင်းဆောင်က မိတ်သဟာယဖွဲ့တယ်။ “ကျွန်မတို့က ပိုင်းခြားသိမြင်မှုတွေ၊ သင်ခန်းစာတွေသင်ယူနိုင်ဖို့အတွက် အသင်းတော်မှာ အန္တိခရစ်တွေကို ဘုရားက ပေါ်ခွင့်ပြုထားတာ။ ပြီးတော့ လူမျိုးစုံကိုလည်း ထုတ်ဖော်ပြဖို့ပေါ့။ အန္တိခရစ်တွေကို ကျွန်မတို့ မရိပ်စားမိနိုင်ရင် အန္တိခရစ်တွေက ကျွန်မတိို့ကို လှည့်စားနှောင့်ယှက်တဲ့အခါမှာ ကျွန်မတို့က မစဉ်းမစားနဲ့ ကိုးကွယ်နာခံကြမှာပဲ။ ကျွန်မတို့က သူတို့အရူးလုပ်တာခံရပြီး ထိန်းချုပ်ခံရဖို့က လွယ်တယ်။ ကျွန်မတို့က အန္တိခရစ်တွေနောက်ကိုတောင်လိုက်ပြီး မကောင်းမှုတွေလုပ်၊ ဘုရားကို အာခံပြီးတော့ ဘုရားက ထုတ်ပယ်တာကို ခံရနိုင်တယ်။ ဒါမှမဟုတ် အန္တိခရစ်တွေက ကျွန်မတို့ကို ဖိနှပ်ပြီး အပြစ်ပေးတဲ့အခါ ကျွန်မတို့က သူတို့ကို အာခံပြီး ငြင်းဆန်ရဲမှာမဟုတ်ဘူး။ ကျွန်မတို့ စိတ်နှလုံးထဲမှာ မှောင်မိုက်မှုနဲ့ နာကျင်မှုကို ခံစားရမယ်။ ပိုဆိုးတာက ဘုရားကို စွန့်ခွာပြီး သစ္စာဖောက်မယ်။ ဘုရားရဲ့ ကယ်တင်ခြင်းခံရဖို့ ကျွန်မတို့ အခွင့်အရေးကို စွန့်လွှတ်ကြမယ်။” ခေါင်းဆောင်က ဆက်ပြောတယ်။ “ဒီအတွေ့အကြုံကတစ်ဆင့် သမ္မာတရားကို ကျွန်မတို့ ရှာဖွေပြီး လူအမျိုးမျိုးကို ပိုင်းခြားသိမြင်ဖို့ သင်ယူကြတယ်။ အန္တိခရစ်တွေက ဘာတွေလဲဆိုတာ၊ ဘယ်လိုပြုမူတယ်ဆိုတာ သိကြတယ်။ အန္တိခရစ်တွေရဲ့ သဘာဝနဲ့ အနှစ်သာရကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ အန္တိခရစ်တွေကို ရိပ်စားမိနိုင်တယ်။ တိုင်နိုင်တယ်။ ငြင်းပယ်နိုင်တယ်။ ကျွန်မတို့ကိုယ်တိုင်နဲ့ အန္တိခရစ်တွေကြားမှာ စည်းခြားထားနိုင်တယ်။ ဒီနည်းနဲ့သာ စာတန်ရဲ့ လှည့်စားမှု၊ ထိန်းချုပ်မှုကို ကျွန်မတို့ လွတ်မြောက်နိုင်တယ်။ ကျွန်မတို့က ပိုင်းခြားသိမြင်မှုမရှိဘဲ အန္တိခရစ်တွေကို မငြင်းပယ်နိုင်ရင် အန္တိခရစ်တွေ လှည့်စားတာကို ခံရနိုင်ပြီး ကယ်တင်ခံရပြီး စုံလင်ခံရဖို့ အခွင့်အရေးကို ဆုံးရှုံးရနိုင်တယ်” တဲ့။ ခေါင်းဆောင်ရဲ့ မိတ်သဟာယပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့တွေ သမ္မာတရားနဲ့ ပိုင်းခြားသိမြင်မှုကို ရပြီး စာတန်ရဲ့ လှည့်စားမှု၊ ထိန်းချုပ်မှုကနေ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်စေနိုင်အောင် ဘုရားသခင်က အသင်းတော်မှာ အန္တိခရစ်တွေပေါ်လာခွင့်ပေးထားတာပဲ။ အန္တိခရစ်တွေနဲ့ တကယ်ထိတွေ့ခြင်းမရှိဘဲနဲ့ လူတွေကို ကျွန်မတို့ ရိပ်စားမိနိုင်မှာမဟုတ်ဘူး။ အန္တိခရစ်တွေ လှည့်စားတာကိုခံရနိုင်ပြီး သူတို့နောက်လိုက်နေဦးမှာပဲ။ ဒီအန္တိခရစ်က လှည့်စားတာ၊ နှောင့်ယှက်တာခံရတာကို ကြုံတွေ့ပြီးတဲ့နောက်မှာ ကျွန်မလည်း နားလည်သွားတယ်။ အကြောင်းအရာတွေ ဖြစ်ပျက်တဲ့အခါ ဘုရားနှုတ်ကပတ်တော်ရဲ့ စည်းမျဉ်းတွေကို အခြေခံပြီး သမ္မာတရားကိုရှာပြီး အကြောင်းအရာတွေကို မြင်ရမယ်။ တစ်ယောက်ယောက်က စည်းမျဉ်းတွေကို ချိုးဖောက်တာကို ကျွန်မတို့မြင်ရင် သမ္မာတရားကို လက်တွေ့လုပ်ပြီး ဒါကို ဖော်ထုတ်ရမယ်။ ခေါင်းဆောင်ကို အချိန်မီတင်ပြရမယ်။ ပြီးတော့လည်း ကျွန်မက လူ့အကြိုက်လိုက်သူဖြစ်ခဲ့ဖူးတယ်။ လူတွေ စိတ်ဆိုးအောင်လုပ်မိမှာကို အမြဲတမ်းကြောက်တယ်။ သူတို့နဲ့ ကျွန်မ ဆက်ဆံရေးကို အမြဲတမ်းထိန်းသိမ်းတယ်။ ဒါက ဆိုးယုတ်တဲ့ အတွေးအခေါ်ပဲဆိုတာ ကျွန်မ အခု မြင်သွားတယ်။ သမ္မာတရားနဲ့ ဆန့်ကျင်တာတစ်ခုကို ကျွန်မတို့ မြင်တဲ့အခါမှာ ဒါကို ချက်ချင်းပြောရမယ်။ အသင်းတော်အလုပ်ကို ကာကွယ်ပေးသင့်တယ်။ လူတွေနဲ့ ကျွန်မတို့ ဆက်ဆံရေးကို မဟုတ်ဘူး။ အဲဒါက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ရွံရှာစေတဲ့အရာပဲ။

အဲဒီနောက်မှာ ညီအစ်ကိုမောင်နှမတွေအားလုံးက ကလော်ဒီယာကို ရိပ်စားမိသွားကြတယ်။ အားလုံးက သူ့ကို အသင်းတော်ကနေ ထုတ်ဖို့ သဘောတူကြတယ်။ အဖွဲ့ကနေ သူထွက်သွားပြီးတဲ့နောက်မှာ သူက ကျွန်မကို ခေါ်တယ်။ သူက ငိုရင်းနဲ့ ပြောတယ်။ “ကျွန်မက အန္တိခရစ်ဆိုပြီး အသင်းတော်ကလူတွေကပြောတယ်။ ကျွန်မကို အဲဒီလိုပြောလို့မရဘူးလေ။ အစ်မ အသင်းတော်ကနေ ထွက်ဖို့ လိုတယ်။ အသင်းတော်ခေါင်းဆောင်တွေအားလုံးက အယောင်ဆောင်တွေ။ အားလုံးက လူလိမ်တွေပဲ။ နေနေတာက အစ်မက သူတို့အလိမ်အညာတွေကို ပံ့ပိုးပေးနေတာပဲ” တဲ့။ ကျွန်မ သူ့ကိုပြောလိုက်တယ်။ “ဘုရားသခင်ကို ယုံကြည်သူတွေအနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မတို့ နာခံသင့်တယ်။ ခေါင်းဆောင်တွေရဲ့ မိတ်သဟာယက ဘုရားနှုတ်ကပတ်တော်နဲ့ညီတယ်။ ဒီတော့ သူတို့ပြောတဲ့အတိုင်း လုပ်ရမှာပေါ့။ အစ်မက နားမထောင်ချင်ဘူး။ ဒါက အစ်မအလုပ်ပဲလေ။ ကျွန်မကို စည်းရုံးဖို့ မကြိုးစားပါနဲ့။ အစ်မက ကယ်တင်ခံရဖို့ အခွင့်အရေးဆုံးရှုံးသွားတယ်။ ကျွန်မကတော့ မဆုံးရှုံးချင်ဘူး” ဆိုပြီးတော့။ အဲဒီနောက်မှာ ကျွန်မ သူ့ကို အများကြီးထပ်မပြောတော့ဘူး။ သူက ကျွန်မကို လုံးဝ ထပ်ပြီးစကားပြောဖို့ မကြိုးစားတော့ဘူး။ ကလော်ဒီယာက အသင်းတော်ကနေ ထွက်ပြီးတဲ့နောက်မှာ သူ့ကို လုံးဝ မရိပ်စားမိဘဲ ဘယ်မိတ်သဟာယကိုပဲကြားပါစေ သူ့နောက်ကိုပဲ ခေါင်းမာမာနဲ့လိုက်နေတဲ့လူနှစ်ယောက်ရှိတယ်။ သူတို့လည်း နောက်ဆုံးကျတော့ အသင်းတော်ကနေ ထွက်သွားတယ်။ ဒီအတွေ့အကြုံကနေ ကျွန်မအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ လမ်းပြမှုနဲ့ ကယ်တင်ခြင်းကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မကို ကာကွယ်ပေးခဲ့တာ၊ အန္တိခရစ်တွေကို ရိပ်စားမိဖို့ သင်ယူရာမှာ လမ်းပြပေးခဲ့တာ လမ်းမှန်ပေါ်မှာ နေပြီး အန္တိခရစ်တွေလှည့်စားတာကို မခံရအောင် ကူညီပေးခဲ့တာက ဘုရားနှုတ်ကပတ်တော်ပဲ။ ကျွန်မမှာ ချို့ယွင်းချက်တွေ အများကြီးရှိနေသေးတယ်၊ သမ္မာတရားတွေ အများကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် တပ်ဆင်ဖို့လိုသေးတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ပြီး ဘုရားကို အမှီပြုမယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဧဝံဂေလိ ဝေမျှရင်း အခက်အခဲများကို ရင်ဆိုင်ရန်နည်းလမ်း

ကယ်လ်ဗင် ပီရူးနိုင်ငံ ပီရူးက မြို့ငယ်လေးမှာ ကျွန်တော် နေတယ်။ တစ်မိသားစုလုံးနဲ့ အဲဒီက တခြားရွာသား အများစုက ကက်သလစ်ဘာသင်တွေ ဖြစ်တယ်။ ဒါပေမဲ့...

ယုံကြည်သူတစ်ဦးက သူ၏ အသက်အရွယ်ကြီးရင့်သည့် နှစ်ကာလများတွင် ရင်ဆိုင်ရသည့် အခက်အခဲများ

ကျန့်ချီ တရုတ်နိုင်ငံ ၂၀၀၇ ခုနှစ် ဆောင်းဦးရာသီမှာ ကျွန်တော့်မိန်းမနဲ့ ကျွန်တော်က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ကြတယ်။...

တရားစီရင်ခြင်းသည်အလင်းဖြစ်သည်

ရှန်ဒေါင် စီရင်စုမှ၊ ကျိုးရှာ ရေးသားသည် ကျွန်မနာမည် ကျိုးရှာ ဖြစ်ပါသည်။ ကျွန်မသည် သာမန်မိသားစုတစ်စုတွင် ဖွားမြင်ခဲ့ပါသည်။ “ငန်းသည်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။