ဖွင့်ပြောရမည်ကို ကြောက်ရွံ့ခြင်း၏ နောက်ကွယ်တွင် တည်ရှိသောအရာ
ရီရှင်းခေါင် မြန်မာနိုင်ငံ ၂၀၂၀ခုနှစ်၊ မတ်လတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ မကြာခင်တွင်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကျွန်မဟာ ရေလောင်းခြင်းအလုပ်ရဲ့ ကြီးကြပ်ရေးမှူးအဖြစ် ရာထူးတိုးခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ ကျွန်မက ရေလောင်းအဖွဲ့ခေါင်းဆောင် တချို့ရဲ့ အလုပ်ကို ကြီးကြပ်နေခဲ့တာ ဖြစ်ပါတယ်။ ကျွန်မဟာ အသစ်ဝင်ရောက်လာသူတွေကို ရေလောင်းပေးတဲ့နေရာမှာ အတန်အသင့် ကျွမ်းကျင်မှုရှိတယ်လို့ ခံစားခဲ့ရပါတယ်။ ဒါကြောင့် ဒီတာဝန်ကို ထမ်းဆောင်ရင် လူတွေက ကျွန်မကို အထင်ကြီးလေးစားကြလိမ့်မယ်လို့ သေချာနေခဲ့ပါတယ်။ ကျွန်မ ပီတိဖြစ်မိတာကို မထိန်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ ပျော်ရွှင်နေခဲ့ချိန် တစ်ဖက်မှာလည်း စိုးရိမ်နေခဲ့ပါတယ်။ ကျွန်မဟာ အဖွဲ့ခေါင်းဆောင်တွေကို အသစ်ဝင်ရောက်လာသူတွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်ပေမယ့် ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကိုလည်း ဖြေရှင်းပေးရပါတယ်။ ကျွန်မဟာ များသောအားဖြင့် အလုပ်ကိုပဲ အာရုံစိုက်ပြီး ကျွန်မရဲ့ အသက် ဝင်ရောက်မှုကို အာရုံမစိုက်ခဲ့တာကြောင့် သမ္မာတရားကို နားလည်သဘောပေါက်မှုက တော်တော်လေး လေးနက်မှုမရှိခဲ့ဘူး။ ကျွန်မဟာ အဖြစ်များတဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှာဖွေနိုင်ခဲ့ပေမယ့် ပိုပြီး ရှုပ်ထွေးတဲ့ပြဿနာတွေမှာကျတော့ ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်သလို ဘာလုပ်ရမှန်းမသိခဲ့ဘူး။ အရင်တုန်းကတော့ ကျွန်မဟာ တခြားအဖွဲ့ခေါင်းဆောင်တွေနဲ့ အဆင့်အတန်းတူ ဖြစ်ခဲ့တာကြောင့် သူတို့ရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ရင် ကိစ္စမရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ကျွန်မဟာ ကြီးကြပ်ရေးမှူး ဖြစ်နေခဲ့ပါပြီ။ ကျွန်မ သူတို့ရဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ရင် သူတို့က ကျွန်မကို ဘယ်လိုထင်ကြမလဲ။ ကျွန်မဟာ ဒီတာဝန်ကို ထမ်းဆောင်ဖို့ မသင့်တော်ဘူးလို့ သူတို့ ပြောကြမလား။ သူတို့ရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်သလို အလုပ်ရလဒ်တွေလည်း မထွက်တဲ့အတွက် ရာထူးကနေ ဖြုတ်ချခံရမယ်ဆိုရင် အရမ်းရှက်စရာကောင်းမှာပါ။ ကျွန်မက စံနှုန်းပြည့်မီတဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်လို့ လူတိုင်းက ထင်အောင် စုဝေးပွဲတိုင်းမှာ ကျွန်မရဲ့ အားသာချက်တွေကို ထုတ်ပြလေ့ရှိပါတယ်။ ဥပမာ အသစ်ဝင်ရောက်လာသူတွေရဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတွေကို ထောက်ပြတာတွေ၊ ဒါမှမဟုတ် ရေလောင်းခြင်းအလုပ်မှာ အဖွဲ့ခေါင်းဆောင်တွေရဲ့ လမ်းလွဲခြင်းတွေကို ပြုပြင်ပေးတာတွေ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင်တွေရဲ့ အလုပ်ကို ကောင်းကောင်း စီမံခန့်ခွဲပြီး အလုပ်ရလဒ်တွေ ထွက်နေသရွေ့ ကျွန်မကို အထင်သေးကြမှာ မဟုတ်သလို ရာထူးကလည်း ဖြုတ်ချခံရမှာ မဟုတ်ဘူးလို့ တွေးခဲ့ပါတယ်။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ တာဝန်ထမ်းဆောင်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကျွန်မ မေးခဲသလို၊ မေးဖို့တောင် မရဲခဲ့ပါဘူး။ မေးပြီး မဖြေရှင်းနိုင်ရင် မျက်နှာပျက်ရမှာကို ကြောက်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တစ်ယောက်က ကျွန်မတို့ရဲ့ စုဝေးပွဲကို လာတဲ့အခါဆို ပိုတောင် ဒီလို ဖြစ်ခဲ့ပါတယ်။ ကိုယ့်အပေါ် အမြင်ကောင်းအောင်၊ ကျွန်မက ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်လို့ သူ ထင်အောင် ကျွန်မမှာ အခက်အခဲတွေနဲ့ ပြဿနာတွေ ရှိနေရင်တောင် အကူအညီ မတောင်းခဲ့ပါဘူး။ ကျွန်မမှာ ဘာအခက်အခဲမှ မရှိသလို အမြဲတမ်း ဟန်ဆောင်ခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်တွေရဲ့ အခြေအနေတွေကို ဖြေရှင်းပေးတဲ့အခါမှာလည်း ကျွန်မ အရမ်း သတိထားခဲ့ပါတယ်။ ခေါင်းဆောင်က မိတ်သဟာယဖွဲ့ပြီးတဲ့အထိ စောင့်ပြီးမှ ကျွန်မက မိတ်သဟာယစကား နည်းနည်းပါးပါး ဝင်ပြောလေ့ရှိပါတယ်။ ကျွန်မရဲ့ အမြင်တွေက သူ့ရဲ့ အမြင်တွေနဲ့ တစ်ထပ်တည်းကျကြောင်း ပြဖို့ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် သူက ကျွန်မရဲ့ အားနည်းချက်တွေ ဒါမှမဟုတ် လမ်းလွဲခြင်းတွေကို မြင်ရတော့မှာ မဟုတ်ဘူး။
အချိန်နည်းနည်းကြာပြီးတဲ့နောက် အဖွဲ့ခေါင်းဆောင်တွေက အလုပ်တွေလုပ်ဖို့ ပြေးလွှားနေရတာနဲ့ပဲ အလုပ်ရှုပ်နေပြီး အသက် ဝင်ရောက်မှုကို လုံးဝ မရခဲ့ကြဘူးလို ညည်းနေတာကို ကြားခဲ့ရပါတယ်။ ကျွန်မ အတော်လေး အပြစ်ရှိသလို ခံစားခဲ့ရပါတယ်။ စုဝေးပွဲတွေက အလုပ်နောက်ဆက်တွဲ လိုက်တာလောက်ပဲဖြစ်ပြီး သူတို့ရဲ့ အခက်အခဲတွေကို မဖြေရှင်းပေးရင် ဒါဟာ ညီအစ်ကို မောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုကို ထိခိုက်စေမှာဖြစ်ပြီး သူတို့ရဲ့ တာဝန်ထမ်းဆောင်ရာမှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိကြမှာ မဟုတ်ဘူးဆိုတာကို ကျွန်မ သိခဲ့ပါတယ်။ နောက်ပိုင်း စုဝေးပွဲတွေမှာ အလုပ်ကိစ္စတွေကို မဆွေးနွေးခင် သူတို့ရဲ့ အခက်အခဲတွေကို အရင်ဆုံး ဖြေရှင်းပေးဖို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ ကျွန်မ ပြန်ပြီး စိုးရိမ်လာခဲ့ပါတယ်။ “ငါ မဖြေရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် အရမ်းရှက်စရာကောင်းမှာ မဟုတ်ဘူးလား” ပေါ့။ ဒါကြောင့် အဲ့ဒီအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ထပ်ပြီး စိတ်မပါတော့ပြန်ဘူး။ အဖွဲ့ခေါင်းဆောင်တွေရဲ့ အခြေအနေတွေ တကယ်ကို ဆိုးရွားနေပြီး တခြား ရွေးချယ်စရာ မရှိတော့တဲ့အခါမှသာ သူတို့ရဲ့ အခြေအနေတွေကို ကျွန်မ မေးမြန်းလေ့ရှိခဲ့ပါတယ်။ တစ်ခါတလေ သူတို့ရဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ဘဲ ဘာလုပ်ရမှန်း မသိတဲ့အခါ ကျွန်မဟာ ပွင့်ပွင့်လင်းလင်းနဲ့ အတူ အဖြေရှာဖို့ စိတ်ဆန္ဒ မရှိခဲ့ပါဘူး။ ပြီးသွားဖို့အတွက်ပဲ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အားတင်းပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကို ရှာပြီး အပေါ်ယံ မိတ်သဟာယတချို့ကိုပဲ ဝေငှခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ ညီအစ်ကို မောင်နှမတွေရဲ့ အထင်သေးခြင်းကို အမြဲ ကြောက်ရွံ့နေတဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့ရပါတယ်။ အထူးသဖြင့် စုဝေးပွဲတွေမှာ ကျွန်မဟာ အရမ်း ဖိနှိပ်ခံနေရသလို ခံစားခဲ့ရတယ်။ အမှောင်ထုနဲ့ နာကျင်မှုထဲမှာ အသက်ရှင်နေခဲ့ရပြီး လွတ်မြောက်မှုကို ရှာမတွေ့နိုင်ခဲ့ပါဘူး။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ သဘောတူခဲ့တာကိုတောင် နောင်တရမိခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကျွန်မရဲ့ အခြေအနေကို ညီအစ်ကို မောင်နှမတွေဆီ ရင်ဖွင့်ပြောခဲ့ပါတယ်။ ညီအစ်မတစ်ယောက်က ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် အမြင့်ပေါ်မှာတင်ထားနေတာလို့ ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်မ ဖတ်ဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ပိုဒ်ကိုလည်း ရှာပေးခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် ဘုံအားနည်းချက်တစ်ခု ရှိကြသည်။ ၎င်းတို့တွင် ဂုဏ်အဆင့်အတန်း မရှိသည့်အခါ အခြားသူများနှင့် ဆက်ဆံရာတွင် သို့မဟုတ် စကားပြောဆိုရာတွင် ၎င်းတို့သည် ဂိုက်ဆိုက်ထုတ်ခြင်း သို့မဟုတ် ပုံစံတစ်မျိုး ဖမ်းခြင်း မရှိကြပေ။ ၎င်းတို့၏ စကားပြောဆိုမှုတွင် ဟန်လုပ်ထားသော လေသံမရှိဘဲ သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်း မရှိကြ၊ သို့မဟုတ် အခြားသူများက ၎င်းတို့နှင့်ပတ်သက်၍ မည်သို့ထင်မည်ကို စိုးရိမ်ပူပန်ခြင်း မရှိကြပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်ပွင့်လင်းလင်း ရှိနိုင်ကာ အခြားလူများနှင့် မိတ်သဟာယဖွဲ့ကာ ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုနိုင်ကြ၏။ အခြားသူများက ၎င်းတို့ကို ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ကူသည်ဟု ခံစားရကာ ၎င်းတို့သည် အတော်အတန် ကောင်းမွန်သည်ဟု ထင်မြင်ကြလေသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိလာသည်နှင့် မာနကြီးလာကြလေသည်၊ သာမန်လူတို့ကို လျစ်လျူရှုကြသည်၊ သူတို့ကို မည်သူမျှ မချဉ်းကပ်နိုင်ကြပေ။ ၎င်းတို့ မြင့်မြတ်သည်ဟု ထင်မြင်ကြပြီး ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်။ ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး စကားပြောသောအခါ ဆိုက်ဂိုက်ထုတ်ကာ အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယ မဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်များတွင် ပုံရိပ်တစ်ခု ရှိရမည်၊ သာမန်လူများထက် ပို၍ မြင့်မြတ်ရမည်၊ ပို၍ကြီးမားသော ဝိညာဉ်ရင့်ကျက်မှုနှင့် ခံနိုင်ရည် ရှိရမည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူများနှင့် နှိုင်းယှဉ်ပါက ခေါင်းဆောင်များသည် ပို၍ သည်းခံနိုင်စွမ်း ရှိရမည်၊ ပို၍ ဆင်းရဲဒုက္ခခံနိုင်ပြီး အသုံးခံနိုင်ရမည်ဖြစ်ကာ စာတန်ထံမှ မည်သည့် စုံစမ်းသွေးဆောင်ခြင်းကိုမဆို တွန်းလှန်နိုင်ရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ မိဘများ သို့မဟုတ် အခြား မိသားစုဝင်များ သေဆုံးလျှင်ပင် ၎င်းတို့သည် မငိုရန် မိမိကိုယ်ကို ချုပ်တည်းမှု ရှိရမည် သို့မဟုတ် အခြားသူများရှေ့တွင် ငိုမည့်အစား မည်သူမျှ မမြင်နိုင်သောနေရာတွင် တိတ်တဆိတ် ငိုရမည်ဟု ၎င်းတို့ ခံစားကြရသည်။ ၎င်းတို့၏ အားနည်းချက်များ သို့မဟုတ် ချို့ယွင်းချက်များ သို့မဟုတ် ၎င်းတို့၏ ပျော့ကွက်တစ်ခုခုကို မည်သူ့ကိုမျှ ပေးမမြင်နိုင်ဟုလည်းကောင်း၊ ၎င်းတို့ အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှပင် အသိပေး၍ မရနိုင်ဟုလည်းကောင်း ၎င်းတို့ ထင်မြင်ကြသည်။ ထိုအစား ၎င်းတို့သည် ထိုသို့သောအရာအားလုံးကို ဖုံးကွယ်ထားရမည် ဖြစ်သည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအတိုင်းအတာအထိ ချုပ်တည်းသည့်အခါ ဂုဏ်အဆင့်အတန်းသည် ၎င်းတို့၏ ဘုရား၊ ၎င်းတို့၏ အရှင်သခင် ဖြစ်လာပြီ မဟုတ်သလော။ ဤသို့ဖြစ်သောကြောင့် ၎င်းတို့သည် ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သေးသလော။ ၎င်းတို့၌ ဤစိတ်ကူးများရှိသည့်အခါ မိမိတို့ကိုယ်ကို ဘောင်ခတ်ထားကာ ဤသို့ ဟန်ဆောင်ပြုမူသည့်အခါ အဆင့်အတန်းကို မစွဲမက်လာလေသလော။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ်ဟာ ကျွန်မရဲ့ အခြေအနေကို တိုက်ရိုက် မိန့်ဆိုခဲ့ပါတယ်။ ကျွန်မဟာ လွတ်မြောက်မှုကို မရှာဖွေနိုင်ဘဲ အမြဲတမ်း အမှောင်ထုထဲမှာ အသက်ရှင်နေခဲ့ရတာဟာ အဆင့်အတန်းရဲ့ နှောင်ကြိုးတွေကြားမှာ ကျွန်မ အသက်ရှင်နေခဲ့လို့ပဲဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မ ကြီးကြပ်ရေးမှူးတစ်ဦး မဖြစ်ခင်တုန်းက ကျွန်မဟာ တခြားအဖွဲ့ခေါင်းဆောင်တွေနဲ့ တန်းတူအဆင့်မှာ ရှိခဲ့ပြီး ကျွန်မတို့ကြားမှာ အဆင့်အတန်း ကွဲပြားမှု မရှိခဲ့ပါဘူး။ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက နည်းနည်း မလေးမနက်ဖြစ်နေခဲ့ပြီး ကျွန်မ မဖြေရှင်းနိုင်တဲ့ ပြဿနာတချို့ ရှိခဲ့ရင်တောင် ကျွန်မဟာ ဘာဖိအားမှ မခံစားခဲ့ရပါဘူး။ ဒါပေမဲ့ ကျွန်မ ကြီးကြပ်ရေးမှူး ဖြစ်လာကတည်းက ကိုယ့်ကိုယ်ကို အမြင့်ပေါ် တင်ထားခဲ့ပါတယ်။ သူတို့ရဲ့ အလုပ်ကို ကျွန်မက တာဝန်ယူထားရတဲ့အတွက် နေရာတိုင်းမှာ သူတို့ထက် ပိုတော်ရမယ်လို့ ခံစားခဲ့ရပါတယ်။ ပြီးတော့ ကျွန်မ မသိတာ ဒါမှမဟုတ် မလုပ်နိုင်တာတစ်ခုခု ရှိခဲ့ရင် သူတို့က ကျွန်မကို အထင်သေးပြီး ဒီတာဝန်ကို ကျွန်မ မလုပ်နိုင်ဘူးလို့ ပြောကြလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်တွေ ကျွန်မကို အထင်မသေးစေဖို့ စုဝေးပွဲတွေမှာ သူတို့ရဲ့ အခြေအနေတွေကို မမေးဘဲ အလုပ်အကြောင်းကိုပဲ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ ကျွန်မရဲ့ ခေါင်းဆောင် စုဝေးပွဲတွေကို လာတဲ့အခါ သူ့ရှေ့မှာ ကျွန်မရဲ့ ပြဿနာတွေ ပေါ်သွားမှာကို ကြောက်ခဲ့ရပါတယ်။ အဲဒါကြောင့် ကျွန်မရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ထားခဲ့ပါတယ်။ အလုပ်ထဲက အခက်အခဲတွေကို သတင်းမပို့ဘဲ ခေါင်းဆောင်အတွက် မမှန်ကန်တဲ့ အထင်အမြင်ကို ဖန်တီးခဲ့ပြီး သူက ကျွန်မဟာ ပြဿနာတွေကို ဖြေရှင်းနိုင်သလို ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နိုင်စွမ်းရှိတယ်လို့ ထင်မှတ်သွားစေခဲ့ပါတယ်။ ကျွန်မ ကြီးကြပ်ရေးမှူး ဖြစ်လာပြီးတဲ့နောက်မှာ ကိုယ့်တာဝန်ကို ကောင်းကောင်း ဆောင်ရွက်ဖို့ ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ မစဉ်းစားခဲ့ဘူး။ ကျွန်မ စဉ်းစားခဲ့သမျှက ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ဘယ်လို ကာကွယ်ရမလဲဆိုတာပါပဲ။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပါ။
နောက်ပိုင်းမှာ ကျွန်မဟာ ရှာဖွေပြီး ဆင်ခြင်သုံးသပ်ခဲ့ပါတယ်။ ငါဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဘာလို့ အမြဲတမ်း ဟန်ဆောင်ပြီး ရုပ်ဖျက်ထားခဲ့တာလဲ။ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဒါကို ထိန်းချုပ်နေခဲ့တာလဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ပါတယ်။ “မည်သည့် သမ္မာတရားများ၊ မှန်ကန်သည့် စကားများနှင့် အပြုသဘောဆောင်သော အရာများမဆိုသည် သမ္မာတရားကို ချစ်သောသူများ၊ ဘုရားနှုတ်ကပတ်တော်ကို ချစ်ပြီး ဘုရားသခင်အတွက် ကြီးစွာသော စိတ်ဆန္ဒပြင်းပြမှု ရှိသူတို့အတွက်သာ ဖြစ်သည်။ သမ္မာတရားကို နားထောင်ပြီးနောက်တွင် ဤအရည်အချင်းများ မပိုင်ဆိုင်သောသူတို့သည်လည်း သမ္မာတရား မှန်ကန်ပြီး သမ္မာတရား ကောင်းမြတ်သည်ဟု ပြောကြလိမ့်မည် ဖြစ်သော်လည်း ထိုသမ္မာတရားကို ၎င်းတို့ တွေးဆပြီး ‘မည်သည့်အရာအတွက် ငါ အသက်ရှင်နေသနည်း။ ဂုဏ်သိက္ခာ၊ အဆင့်အတန်း၊ သရဖူများ၊ ကိုယ်ရောင်ကိုယ်ဝါများနှင့် ဘုရားသခင်၏ ဆုလာဘ်များအတွက် ငါ အသက်ရှင်သည်။ ဤအရာများ မရှိဘဲနှင့် ငါ့ထံတွင် ဂုဏ်သိက္ခာ ရှိသေးပါသလော။ ငါ့ဘဝ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘုရားသခင်၌ ယုံကြည်ခြင်းဆိုသည်မှာ ဆုလာဘ်များနှင့် သရဖူများ နောက်လိုက်ရန် နည်းလမ်းတစ်ခုသာ ဖြစ်သည် မဟုတ်ပါလား။ ယခုတွင် ငါ၏ နှလုံးသွေးကို ငါ ပေးဆပ်ပြီးဖြစ်ကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက်တွင် ကောင်းမြတ်သူကို ဆုချီးမြှင့်ကာ ဆိုးယုတ်သူကို အပြစ်ပေးရန် ဘုရားသခင်အတွက် နောက်ဆုံးတွင် အချိန်ကျလာပြီဖြစ်သည်။ ဤသည်မှာ ငါ သရဖူဆောင်းပြီး ငါ၏ ဆုလာဘ် ရရှိသင့်သည့် အချိန်ဖြစ်သည်။ ဤအရာကို အခြားတစ်စုံတစ်ဦးထံ အဘယ်သို့ ငါ ပေးနိုင်မည်နည်း။ အခြား ရိုးရိုးလူများအားလုံးကဲ့သို့ပင် ပုံမှန်လူတစ်ဦး၊ သာမန်လူတစ်ဦးဖြစ်ရန် ထိုသို့ အသက်ရှင်ရာတွင် မည်သည့်အကျိုးရှိပါသနည်း။ ငါ ထိုမျှ မအပါ’ ဟု တွေးကြလိမ့်မည်။ ထိုသို့သောလူသည် ကုစားမရနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထိုသို့သောလူများကို ဖျောင်းဖျရန် မကြိုးစားနှင့်။ သမ္မာတရားသည် ၎င်းတို့အတွက် မဟုတ်သကဲ့သို့ ၎င်းတို့ လိုချင်သည်မှာ သမ္မာတရား မဟုတ်ပေ။ ဤလူစားမျိုးသည် ကောင်းချီးများနှင့် သရဖူများကိုသာ ရှာဖွေသည်။ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များသည် ပုံမှန်လူများအတွက် လိုအပ်သည့်အရာ၏ အကန့်အသတ် အတိုင်းအတာကို ကျော်လွန်သည်။ ဤလူစားမျိုးက အဘယ်ကြောင့် အဆင့်အတန်းနှင့် တန်ခိုးအာဏာကို ဖက်တွယ်ပြီး လက်မလွှတ်ချင်ရသည်ကို လူအချို့က တွေးမရပေ။ ဤသည်မှာ ဤလူစားမျိုး၏ အနှစ်သာရနှင့် မွေးရာပါ သဘာဝဖြစ်သည်။ သင်၏ အနှစ်သာရသည် ၎င်းတို့နှင့် ကွာခြားသောကြောင့် ထိုအရာကို သင် နားမလည်နိုင်သကဲ့သို့ ၎င်းတို့ကလည်း သင့်ကို သဘောပေါက်နားလည်နိုင်ခြင်း မရှိကြပေ။ သင် အဘယ်ကြောင့် အလွန် တုံးအသည်ကို ၎င်းတို့ မသိကြ။ သင်သည် အသင့်လုပ်ထားသည့် သရဖူများ၊ ကိုယ်ရောင်ကိုယ်ဝါများနှင့် ဂုဏ်သိက္ခာတို့ကို လိုချင်မည့်အစား သာမန်လူတစ်ဦးသာ ဖြစ်လိုသည်။ သင့်ကို မယုံကြည်နိုင်လောက်စရာ ဖြစ်သည်ဟု ၎င်းတို့ မြင်သည်။ ဤလူစားမျိုးက ‘သင်သည် သမ္မာတရားကို အသိတရားရှိရှိ လိုက်စားသည်၊ ဘုရားသခင် သင့်ကို ပြောပြသည့်အရာကို သင် လက်တွေ့လုပ်ဆောင်သည်၊ လုပ်ဆောင်ရန် သင့်ကို ဘုရားသခင် ပြောသည့်အရာကို သင် လုပ်ဆောင်ပြီး သင့်ကို လုပ်ဆောင်ရန် ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို သင် ကျိုးနွံနာခံသည်။ သင် အဘယ်သို့ အလွန် တုံးအရသနည်း’ဟု တွေးလေသည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့က တုံးအသည်၊ မသိနားမလည်ဖြစ်ကာ ဉာဏ်ထိုင်းသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ အသိပညာကို လိုက်စားခြင်းနှင့် သာလွန်သော လူတစ်ဦးအဖြစ်ပြုမူခြင်းက လိမ္မာပါးနပ်ခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ အရာရာကို ၎င်းတို့ နားလည်သည်ဟု တွေးထင်လျက် ၎င်းတို့က ‘အဆင့်အတန်းနှင့် ဂုဏ်သိက္ခာမရှိ၊ မိမိတို့ ခေါင်းပေါ်တွင် မည်သည့် သရဖူမျှ မဆောင်းသကဲ့သို့ လူများကြားတွင် တန်ဖိုးမရှိသည့်အပြင် ပြောစရာ ဩဇာအာဏာမရှိသည့် လူတစ်ဦး၏ ဘဝသည် တန်ဖိုးမရှိပါ။ လူတစ်ဦးသည် ကျော်ကြားမှုအတွက် အသက်မရှင်လျှင် ကိုယ်ကျိုးအတွက် အသက်ရှင်ရမည်။ ကိုယ်ကျိုးအတွက် အသက်မရှင်လျှင် ကျော်ကြားမှုအတွက် အသက်ရှင်ရမည်’ဟု ၎င်းတို့ ကောက်ချက်ချကြသည်။ ဤသည်မှာ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ် မဟုတ်လော။ စာတန်၏ ဆင်ခြင်တွေးခေါ်မှုစနစ်ဖြင့် အသက်ရှင်ရင်း ၎င်းတို့အတွက် ကုစား၍ မရနိုင်ပေ။ ၎င်းတို့သည် မည်သည့် ဘုရားနှုတ်ကပတ်တော်များ၊ အပြုသဘောဆောင်သောအရာများ သို့မဟုတ် မှန်ကန်သည့် အကြံတစ်ခုကိုမျှ လုံးဝ လက်ခံနိုင်ကြမည် မဟုတ်။ ဤအရာကို ၎င်းတို့ လက်မခံလျှင် မည်သည့်အရာ လုပ်စရာရှိပါသနည်း။ ငါတို့ ပြောဆိုသည့် ဤစကားများသည် ၎င်းတို့အတွက် မဟုတ်ပေ။ ဤစကားလုံးများသည် ပုံမှန် လူ့သဘာဝရှိသူများကိုသာ၊ ဘုရားသခင်အတွက် ကြီးစွာသော ဆန္ဒရှိသူများကိုသာ ရည်ညွှန်းထားခြင်း ဖြစ်သည်။ ထိုစကားများသည် ဤလူများအတွက်သာ ဖြစ်သည်။ ဤလူများသည်သာ ဘုရားနှုတ်ကပတ်တော်များကို ဂရုတစိုက် နားထောင်ပြီး တွေးဆနိုင်ကြသည်၊ သမ္မာတရား သိနားလည်ခြင်းကို ရယူနိုင်ကြသည်၊ သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ကြသည်၊ ဘုရားသခင် တောင်းဆိုသည့်အတိုင်း မိမိတို့၏ တာဝန်များကို ဆောင်ရွက်နိုင်ကြသည်၊ ဘုရားသခင် စီစဉ်ဖွဲ့စည်းသည့် ပတ်ဝန်းကျင်များတွင် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ကာ တွေ့ကြုံနိုင်ကြပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ တဖြည်းဖြည်း ဝင်ရောက်ကြလေသည်။ အပြုသဘောဆောင်သော အရာများနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် မိမိတို့ စိတ်နှလုံးတွင် မထီမဲ့မြင်ပြုခြင်းနှင့် ရန်လိုခြင်းတို့ သိုထားကြသူများအတွက်မူ မထူးခြားသကဲ့သို့ မကျော်ကြားသည့် ဘဝတစ်ခု အသက်ရှင်ရန်၊ သာမန်လူတစ်ဦးဖြစ်ရန်၊ ဘုရားရှေ့သို့ အသိတရားရှိရှိ လာပြီး မိမိတို့ နားမလည်သည့်အရာများနှင့် စပ်လျဉ်း၍ မိမိတို့ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေပြီး စောင့်ဆိုင်းရန် ၎င်းတို့ လက်မခံနိုင်ပေ။ ထိုသို့သော လူတစ်ဦးဖြစ်ရန် ၎င်းတို့ မရောင့်ရဲကြချေ။ ထိုသို့ဖြင့် ထိုသို့သော လူတစ်ဦးအတွက် ကယ်တင်ခံရရန် မဖြစ်နိုင်ပေ။ ကောင်းကင်နိုင်ငံတော်သည် ၎င်းတို့အတွက် ပြင်ဆင်ထားခြင်း မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) သမ္မာတရားကို ချစ်မြတ်နိုးပြီး လက်ခံတဲ့သူတွေကို ဘုရားသခင် ကယ်တင်တော်မူတယ်ဆိုတာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ နားလည်ခဲ့ပါတယ်။ ဘုရားသခင်က သူတို့အတွက် ပတ်ဝန်းကျင်တွေကို စီစဉ်ဖွဲ့စည်းပေးတဲ့အခါ အဲဒီလူတွေဟာ သမ္မာတရားကို ရှာဖွေနိုင်ကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်လိုအင်ဆန္ဒတွေကို စွန့်လွှတ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်နိုင်ကြပါတယ်။ သမ္မာတရားကို မချစ်မြတ်နိုးတဲ့သူတွေကတော့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် သူတို့ရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းဖို့ပဲ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတာဝန်ကို ထမ်းဆောင်ကြပါတယ်။ သူတို့ ဘာပဲလုပ်လုပ် ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် အကျိုးရှိမရှိကိုသာ ထည့်သွင်းစဉ်းစားကြပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတဲ့နည်းလမ်းနဲ့ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်း ထမ်းဆောင်ရမယ်ဆိုတာကို မစဉ်းစားကြပါဘူး။ အဲဒီလို လူတွေဟာ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာခြင်းကို ခံရပါတယ်။ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ကျွန်မ ခံခဲ့ရပါတယ်။ ပြီးတော့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကျွန်မရဲ့ လိုက်စားမှုရဲ့ မှန်ကန်တဲ့ ပန်းတိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကျွန်မဟာ အမြဲတမ်း အလေးစားခံချင်ခဲ့ပြီး ဘယ်တော့မှ အထင်သေးမခံချင်ခဲ့ပါဘူး။ အသင်းတော်က ကျွန်မကို ကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တဲ့အခါ ကျွန်မရဲ့ အသက်ဝင်ရောက်မှုက အတော်လေး လေးနက်မှုရှိမနေခဲ့တာကို ကျွန်မ ကောင်းကောင်း သိခဲ့ပါတယ်။ ပြီးတော့ ကျွန်မ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ အဖွဲ့ခေါင်းဆောင်တွေနဲ့အတူ ဆုတောင်းပြီး၊ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို အတူတကွ ရှာဖွေသင့်တယ်ဆိုတာလည်း သိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုနည်းလမ်းနဲ့ လက်တွေ့လုပ်ဆောင်တာက ကျွန်မရဲ့ အားနည်းချက်အတော်များများကို ပေါ်သွားစေပြီး သူတို့ ကျွန်မကို အထင်သေးကြမှာကို ကြောက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် စုဝေးပွဲတွေမှာ သူတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းမပေးဘဲ၊ အလုပ်နောက်ဆက်တွဲ လိုက်ဖို့ကိုပဲ အာရုံစိုက်ခဲ့ပါတယ်။ ဒီလိုနည်းနဲ့ အဖွဲ့ခေါင်းဆောင်တွေအနေနဲ့ အလုပ်ကို စီမံခန့်ခွဲဖို့အတွက် ကျွန်မမှာ အယူအဆတချို့ ရှိတာကို မြင်တွေ့နိုင်ရုံမကဘဲ အလုပ်က ရလဒ်ကောင်းတွေ ထွက်ပေါ်လာရင်လည်း ကျွန်မ ဖြုတ်ချခံရမှာ မဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။ ခေါင်းဆောင်က စုဝေးပွဲတွေကို လာတဲ့အခါ ကျွန်မရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ဖို့အတွက် သူ့ရဲ့ အမြင်တွေကို အရင်ပြောပြတာကို စောင့်ပြီးမှ ဝင်ပြောခဲ့ပါတယ်။ ကျွန်မရဲ့ ပင်ကိုယ်အရှိတရားကို ပေါ်လွင်စေပြီး အခြားသူတွေရဲ့ အမြင်မှာ ကျွန်မရဲ့ ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ ဘယ်အရာကိုမဆို ဖုံးကွယ်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ လှည့်ဖြားခြင်းနဲ့ လိမ်လည်ခြင်းတို့ကို အသုံးပြုခဲ့ပြီးတော့ပေါ့။ ကျွန်မဟာ သိပ်ကို စက်ဆုပ်ဖွယ်ကောင်းခဲ့တာပါ။ ကျွန်မရဲ့ ခေါင်းဆောင်နဲ့ အဖွဲ့ခေါင်းဆောင်တွေကို ခဏတာ လှည့်စားဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ပေမယ့် ကျွန်မဟာ ရိုးသားတဲ့သူတစ်ယောက် မဟုတ်ခဲ့သလို မှန်ကန်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းနေတာလည်း မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ဘုရားသခင်ကိုလည်း လှည့်ဖြားလို့ မရခဲ့ပါဘူး။ ကျွန်မရဲ့ တာဝန်မှာ ဘုရားသခင်ရဲ့ လမ်းပြမှုကို မရရှိနိုင်ခဲ့ဘဲ အသင်းတော်ရဲ့ အလုပ်လည်း ထိခိုက်ခဲ့ရပါတယ်။ ဒါဟာ ဘုရားသခင်က အချက်အလက်တွေနဲ့ ကျွန်မကို တရားစီရင်ခဲ့တာ မဟုတ်ဘူးလား။ ကျွန်မဟာ လူတွေ ကျွန်မကို လေးစားစေဖို့ လှည့်ဖြားခြင်းကို အသုံးပြုပြီး အထင်အမြင်မှားအောင်လုပ်ခဲ့ပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ ညီအစ်ကို မောင်နှမတွေဟာ နောက်ဆုံးမှာ ကျွန်မကို ပိုင်းခြားသိမြင်လာကြမှာဖြစ်ပြီး အဆုံးသတ်မှာတော့ ကျွန်မဟာ သူတို့ရဲ့ ငြင်းပယ်ခြင်းကို ခံရမှာဖြစ်ပါတယ်။ ဒါကို တွေးမိရင်း ကျွန်မ ကြောက်သွားတယ်။ ကျွန်မသာ နောင်တမရခဲ့ရင် တစ်ချိန်ချိန်တော့ ဖြုတ်ချခံရမှာပဲ။ ပိုဆိုးတာက ကျွန်မဟာ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာခြင်းနဲ့ စွန့်ပစ်ခြင်းကို ခံရမှာဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကျွန်မရဲ့ ပြဿနာတွေနဲ့ သက်ဆိုင်တဲ့ သမ္မာတရားတွေကို ရှာဖွေခဲ့ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ပါတယ်။ “ငါ့ကို ပြောလော့၊ သင်သည် သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော သူတစ်ဦး မည်သို့ ဖြစ်နိုင်မည်နည်း။ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် မဟာလူသားတစ်ဦး ဖြစ်ရန် မကြိုးစားဘဲ ဘုရားသခင် ပြောသည့်အတိုင်း ဖန်ဆင်းခံတစ်ဦး၏ သင့်လျော်သော နေရာကို သင် မည်သို့ ရယူနိုင်မည်နည်း။ သာမန်ဖြစ်ပြီး ပုံမှန်ဖြစ်သော လူတစ်ဦးဖြစ်ရန် သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤအရာကို မည်သို့ ဖြစ်မြောက်အောင်မြင်နိုင်မည်နည်း။ မည်သူ စကားပြောလိုသနည်း။ (ပထမဦးစွာ ကျွန်ုပ်တို့သည် သာမန်လူများ၊ အလွန် ရိုးရိုးသာမန်ဖြစ်သော လူများဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့ သဘောမပေါက်သော၊ နားမလည်သော၊ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသော အရာများစွာ ရှိကြောင်းကို ကျွန်ုပ်တို့ ဝန်ခံရပါမည်။ ကျွန်ုပ်တို့သည် ဖောက်ပြန်ပျက်စီးပြီး အပြစ်အနာအဆာရှိကြောင်းကို ကျွန်ုပ်တို့ ဝန်ခံရပါမည်။ ထို့နောက်တွင် ကျွန်ုပ်တို့သည် ရိုးသားဖြူစင်သော စိတ်နှလုံး ရှိရမည်ဖြစ်ပြီး ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာရပါမည်။) ပထမဦးစွာ မိမိကိုယ်ကို အမည်ဂုဏ်ပုဒ်တစ်ခု ပေးပြီး ‘ငါသည် ခေါင်းဆောင် ဖြစ်သည်၊ ငါသည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်၊ ငါသည် ကြီးကြပ်ရေးမှူး ဖြစ်သည်၊ သို့မဟုတ် ငါသည် ဤနယ်ပယ်တွင် အသိပညာအကြွယ်ဝဆုံးနှင့် နည်းပညာအရ အကျွမ်းကျင်ဆုံးသူ ဖြစ်သည်’ ဟု ဆိုပြီး ယင်းနှင့် မိမိကိုယ်ကို ဘောင်မခတ်နှင့်။ သင် ကိုယ်တိုင်ပေးထားသော အမည်ဂုဏ်ပုဒ်၏ ကန့်သတ်ချုပ်ချယ်ခြင်းကို မခံရစေနှင့်။ ဤအရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် ယင်းက သင့်ကို တင်းကျပ်စွာ ချည်နှောင်လိမ့်မည် ဖြစ်သည်၊ သင်၏ စကားများနှင့် လုပ်ရပ်များသည် ယင်း၏ သက်ရောက်မှုကို ခံရလိမ့်မည်ဖြစ်ပြီး သင်၏ ပုံမှန် တွေးခေါ်မှုနှင့် သုံးသပ်ဆုံးဖြတ်ချက်တို့သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်။ ဤအဆင့်အတန်း၏ ဘောင်ခတ်ချက်များမှ သင် ရုန်းထွက်လွတ်မြောက်ရမည်။ ပထမဦးစွာ ဤတရားဝင် အမည်ဂုဏ်ပုဒ်၏ ရာထူးမှ ဆင်းပြီး သာမန်လူတစ်ဦး၏ နေရာကို ရယူလော့။ ထို့နောက် သင်၏ စိတ်ဓာတ်သည် အတော်အတန် ပုံမှန် ဖြစ်လာလိမ့်မည်။ သင်သည် ဤသို့လည်း ဝန်ခံရမည်၊ ‘ဤအရာကို မည်သို့ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ၊ ပြီးလျှင် ထိုအရာကို ကျွန်ုပ် နားမလည်ပါ၊ ကျွန်ုပ် လေ့လာစုံစမ်းမှုအချို့ ပြုလုပ်ပြီး လေ့လာရမည်’ သို့မဟုတ် ‘ဤအရာကို ကျွန်ုပ် မည်သည့်အခါမျှ မကြုံဖူးပါ၊ ထို့ကြောင့် မည်သည့်အရာ လုပ်ဆောင်ရမည်ကို ကျွန်ုပ် မသိပါ’ ဟူ၍ ဖြစ်သည်။ သင် အမှန်တကယ် တွေးနေသည့်အရာကို သင် ပြောနိုင်ပြီး ဤကဲ့သို့ ရိုးသားစွာ ပြောဆိုနိုင်သောအခါ သင်သည် ပုံမှန် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ သင်သည် အခြားသူများကို သင့်အရှိအတိုင်း သိခွင့်ပေးပါက ၎င်းတို့သည် သင့်အပေါ် ပုံမှန် အမြင်တစ်ခု ရှိကြလိမ့်မည်ဖြစ်ပြီး သင်သည် ဟန်ဆောင်နေရန် လိုအပ်မည် မဟုတ်ပေ။ သင်သည် ပြင်းထန်စွာ စိတ်ဖိအားရသည်ဟု ခံစားရတော့မည် မဟုတ်ဘဲ အခြားသူများနှင့် ပုံမှန် ဆက်သွယ်ပြောဆိုနိုင်လိမ့်မည် ဖြစ်သည်။ ဤကဲ့သို့ အသက်ရှင်ခြင်းသည် စိတ်အေးလက်အေး ဖြစ်လေသည်။ ဘဝသည် အလွန် ပင်ပန်းသည်ဟု ခံစားရသူ မည်သူမဆိုသည် မိမိကိုယ်ကိုသာ အပြစ်တင်ရန် ရှိလေသည်။ မည်သည့်အရာကိုမျှ ဟန်မဆောင်နှင့် သို့မဟုတ် မဖုံးကွယ်နှင့်။ ပထမဦးစွာ လူတိုင်းက ယင်းတို့ကို သိရှိပြီး နားလည်စေရန်အလို့ငှာ သင်၏ စိတ်နှလုံးထဲတွင် သင် တွေးနေသည့်အရာနှင့် သင်၏ စစ်မှန်သော အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောဆိုလော့။ ဤသို့ဖြင့် သင်၏ စိုးရိမ်ပူပန်မှုများအပြင် သင်နှင့် အခြားသူများကြားရှိ အတားအဆီးများနှင့် သံသယများအားလုံးသည် ပပျောက်သွားလိမ့်မည် ဖြစ်သည်။ ထို့အပြင် သင့်ကို ချည်နှောင်နေသည့် အခြားအရာတစ်ခုလည်း ရှိသေးသည်၊ ယင်းမှာ သင်သည် မိမိကိုယ်ကို အဖွဲ့ခေါင်းဆောင်တစ်ဦး၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၊ ရာထူးရှိသူ၊ အဆင့်အတန်းနှင့် အနေအထားတစ်ခုရှိသူတစ်ဦးအဖြစ် အစဉ် မှတ်ယူထားခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင်က ဤအရာကို နားမလည်ပါ၊ ထိုအရာကို မလုပ်နိုင်ပါဟု ပြောပါက ယင်းမှာ မိမိကိုယ်ကို သိက္ခာချခြင်း မဟုတ်လော။ သင်၏ စိတ်နှလုံးထဲရှိ ဤချည်နှောင်မှုများကို သင် လွှတ်ချလိုက်သည့်အခါ၊ သင်သည် မိမိကိုယ်ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် တွေးတောခြင်းကို ရပ်တန့်လိုက်သည့်အခါ၊ သင်သည် အခြားလူများထက် ပိုတော်သည်ဟု တွေးတောခြင်းကို ရပ်တန့်လိုက်ပြီး ထိုအစား သင်သည် အခြားလူတိုင်းကဲ့သို့ပင် သာမန်လူတစ်ဦးဖြစ်ကြောင်းနှင့် အခြားသူများထက် နိမ့်ကျသော ကဏ္ဍအချို့ သင့်ထံတွင် ရှိကြောင်း ခံစားရသည့်အခါ၊ ထိုသို့သော စိတ်ဓာတ်ဖြင့် သမ္မာတရားနှင့် အလုပ်နှင့်သက်ဆိုင်သော ကိစ္စရပ်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ ရလဒ်များနှင့် အငွေ့အသက် နှစ်ခုစလုံးသည် ကွဲပြားသွားလိမ့်မည် ဖြစ်သည်။...ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်စေ၊ ညီအစ်ကို မောင်နှမများဖြစ်စေ၊ လူတိုင်းသည် သာမန်လူတစ်ဦး ဖြစ်၏။ ဤစည်းမျဉ်းကို ၎င်းတို့အားလုံး လက်တွေ့လုပ်ဆောင်သင့်သည်။ လူတိုင်းတွင် ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် ဝေစုတစ်ခုနှင့် တာဝန်ရှိသည်။ သင်သည် ခေါင်းဆောင်တစ်ဦး၊ အမှုဆောင်တစ်ဦး၊ အဖွဲ့၏ ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး သို့မဟုတ် အဖွဲ့ထဲတွင် အလွန်လေးစားခံရသည့်လူတစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သည်။ သင် မည်သူဖြစ်သည်ဖြစ်စေ ဤသို့ သင် လက်တွေ့လုပ်ဆောင်ရန် သင်ယူသင့်သည်။ သင်၏ ခေါင်းပေါ်တွင် ဆောင်းထားသည့် ကိုယ်ရောင်ကိုယ်ဝါနှင့် ဂုဏ်ပုဒ်ကို ချွတ်လိုက်လော့၊ သင့်အပေါ် အခြားသူများ ပေးအပ်ထားသည့် သရဖူများကို ချွတ်လော့။ ထို့နောက်တွင် ပုံမှန် လူတစ်ဦးဖြစ်လာရန် လွယ်ကူသည်ကို သင် တွေ့ရလိမ့်မည်ဖြစ်ပြီး အသိတရားနှင့် ဆင်ခြင်တုံတရားအရ စိတ်အေးသက်သာ သင် ပြုမူဆောင်ရွက်လိမ့်မည်။ ထို့နောက်တွင် သင်သည် နားမလည်သကဲ့သို့ မသိကြောင်း ဝန်ခံရုံမျှသည် မလုံလောက်သည်မှာ အမှန်ပေ။ ဤသည်မှာ ပြဿနာများကို ဖြေရှင်းသည့် နောက်ဆုံးဖြေရှင်းချက် မဟုတ်။ နောက်ဆုံး ဖြေရှင်းချက်မှာ အဘယ်နည်း။ ကိစ္စရပ်များနှင့် ပြဿနာများကို ဆုတောင်းပြီး ရှာဖွေရန် ဘုရားသခင် ရှေ့မှောက်သို့ ယူဆောင်လော့။ လူတစ်ဦးအနေဖြင့် တစ်ဦးတည်းဆုတောင်းရန် မလုံလောက်ပေ။ ထိုအစား ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ လူတိုင်းနှင့်အတူတကွ သင်သည် ဆုတောင်းချက်များကို ပူဇော်ဆက်ကပ်ရမည်ဖြစ်ပြီး ဤတာဝန်နှင့် ဝတ္တရားကို ထမ်းရွက်ရမည်ဖြစ်သည်။ ယင်းမှာ အမှုအရာများကို လုပ်ဆောင်ရန် ကောင်းမွန်သည့် နည်းလမ်းတစ်ခု ဖြစ်၏။ သင်သည် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးနှင့် မဟာလူသားတစ်ဦး ဖြစ်ရန် ကြိုးစားသည့် လမ်းကြောင်းကို ရှောင်ရှားလိမ့်မည်။ ဤအရာကို သင် လုပ်ဆောင်နိုင်ပါက သင်သည် ဖန်ဆင်းခံတစ်ဦး၏ သင့်တင့်လျောက်ပတ်သည့် နေရာကို အမှုမဲ့အမှတ်မဲ့ ခံယူမိလိမ့်မည်ဖြစ်ပြီး မဟာလူသားနှင့် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့၏ ဘောင်ခတ်ခြင်းများမှ မိမိကိုယ်ကို လွတ်မြောက်သွားစေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပြီး လက်တွေ့လုပ်ဆောင်ဖို့နဲ့ ဝင်ရောက်ဖို့ လမ်းကြောင်း ရခဲ့ပါတယ်။ အဆင့်အတန်းရဲ့ အချုပ်အနှောင်တွေနဲ့ ဘောင်ခတ်မှုတွေထဲက လွတ်မြောက်ဖို့အတွက် ကျွန်မရဲ့ စိတ်ကြီးဝင်မှုကို စွန့်လွှတ်ဖို့ လိုအပ်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာတွေကို ရပ်တန့်ပြီး ကိုယ်ဟာ ဘယ်သူ့ထက်မှ သာမနေတဲ့ သာမန်လူတစ်ယောက် ဖြစ်တယ်ဆိုတာကို လက်ခံဖို့ လိုအပ်ခဲ့တယ်။ ဘုရားသခင်တောင်းဆိုတဲ့အတိုင်း လက်တွေ့ကျကျ နည်းလမ်းနဲ့ ကျင့်ကြံပြုမူပြီး အသိတရားနဲ့ ဆင်ခြင်တုံတရားရှိတဲ့ သာမန်၊ ပုံမှန်လူတစ်ယောက် ဖြစ်ဖို့လည်း လိုအပ်ခဲ့တယ်။ ကျွန်မကိုယ်ကျွန်မ လေ့ကျင့်ခွင့်ရအောင် ဘုရားသခင်က ကြီးကြပ်ရေးမှူး ဖြစ်လာဖို့ အခွင့်အရေး ပေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်မရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုက မပြောင်းလဲသေးဘဲ ကိုယ့်အသက်ဝင်ရောက်မှုကလည်း အပေါ်ယံပဲ ရှိတာကြောင့် ကိုယ်တိုင် မကြုံဖူးသေးတဲ့ ကိစ္စတွေကို ထိုးထွင်း မမြင်နိုင်ခဲ့တဲ့အပြင် အချို့ ပြဿနာတွေကလည်း ကျွန်မ ဖြေရှင်းဖို့ အရမ်း ရှုပ်ထွေးနေခဲ့တယ်၊ ဒါတွေအားလုံးက လုံးဝ ပုံမှန်ပါပဲ။ ဘုရားသခင်တောင်းဆိုတဲ့အတိုင်း ကျွန်မဟာ ရိုးသားတဲ့လူတစ်ယောက် ဖြစ်သင့်ပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ အားလုံးနဲ့အတူ ရင်ဖွင့်ပြီး သမ္မာတရားကို ရှာဖွေသင့်ပါတယ်။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ တောင်းဆိုချက်အတိုင်း စတင်လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ ကိစ္စတစ်ခုခုနဲ့ ကြုံရတိုင်း ကျွန်မ ရင်ဖွင့်တယ်၊ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြီး အဖွဲ့ခေါင်းဆောင်တွေနဲ့ မိတ်သဟာယဖွဲ့လို့ ရှာဖွေခဲ့ပါတယ်။
နောက်ပိုင်းမှာ ရေလောင်းအဖွဲ့ခေါင်းဆောင်တွေနဲ့ စုဝေးပွဲတစ်ခုကို သွားခဲ့တယ်။ ပွဲမစခင်မှာ ကျွန်မ တွေးမိတယ်၊ “စီစီပီ ရဲ့ ဖမ်းဆီးမှုတွေကြောင့် ပတ်ဝန်းကျင်အခြေအနေ မကောင်းတဲ့အတွက် လူချင်း မတွေ့ရတာ အတော်ကြာပြီ။ ညီအစ်ကို မောင်နှမတွေမှာ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းရမယ့် အခက်အခဲတွေနဲ့ ပြဿနာတွေ အများကြီး ရှိနေမှာ သေချာတယ်။ အကယ်လို့ ဒါတွေကို ကျွန်မသဘောမပေါက်နိုင်ဘဲ မဖြေရှင်းပေးနိုင်ရင် ဘယ်လိုလုပ်မလဲ။ သူတို့ ကျွန်မကို အထင်သေးသွားကြမလား” လို့ပေါ့။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ကိုပဲ တွေးနေမိပြန်ပြီဆိုတာကို သတိပြုမိသွားတာကြောင့် စိတ်ထဲကနေ ဆုတောင်းလိုက်တယ်၊ ကျွန်မရဲ့ အားနည်းချက်တွေကို ရင်ဖွင့်နိုင်အောင်နဲ့ လူတိုင်းနဲ့အတူ ရှာဖွေဝင်ရောက်နိုင်အောင် ကျွန်မရဲ့ စိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ခဲ့ပါတယ်။ ဆုတောင်းပြီးတဲ့နောက်မှာတော့ နည်းနည်း ပိုပြီး တည်ငြိမ်သွားခဲ့တယ်။ အရင်ဆုံး အဖွဲ့ခေါင်းဆောင်တွေရဲ့ အခြေအနေကို မေးမြန်းခဲ့ပါတယ်။ သူတို့ထဲက တစ်ယောက်မှာ ခေါင်းဆောင်က အလုပ်တွေကို လိုက်လံစစ်ဆေးတဲ့ ပုံစံနဲ့ ပတ်သက်လို့ အဆင်မပြေတာ ရှိနေတယ်လို့ ကြားရတယ်။ ဒါကို ဖြေရှင်းဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဘယ်အပိုင်းကို ကြည့်သင့်တယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး၊ ဒါကြောင့် အားလုံးကိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြပြီး အဖြေကူရှာပေးအောင် သမ္မာတရားကို အတူ ရှာဖွေကြဖို့ ပြောခဲ့ပါတယ်။ ထိုအချိန်မှာ အခြားသူတွေရဲ့ ကြီးကြပ်မှုကို ဘယ်လို သဘောထားပြုမူရမလဲဆိုတာနဲ့ဆိုင်တဲ့ သမ္မာတရားကို တွေးမိသွားတာနဲ့ အဲ့ဒီနှုတ်ကပတ်တော်ကို ရှာပြီး အတူတူ ဖတ်ရှုခဲ့ကြပါတယ်။ ဖတ်ပြီးတဲ့အခါ ဒီဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက အတော်ကိုကောင်းပြီး ပြဿနာကို ဖြေရှင်းပေးနိုင်တယ်လို့ အားလုံးက ပြောကြတယ်။ ကျွန်မမှာ အားနည်းချက်တွေ အများကြီး ရှိနေသေးပေမဲ့လည်း၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ဟန်ဆောင်တာတွေနဲ့ အယောင်ဆောင်တာတွေကို ရပ်လိုက်ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အတိုင်း လက်တွေ့လုပ်ဆောင်ချင်စိတ် ရှိလာတဲ့အခါ ဘုရားသခင်ရဲ့ လမ်းပြမှုကို ရရှိနိုင်ခဲ့ပြီး အဖွဲ့ခေါင်းဆောင်တချို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးခဲ့ပါတယ်။ တစ်ခါတလေမှာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြီး ရှာဖွေရာကနေ ညီအစ်ကို မောင်နှမတွေရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေကနေလည်း အလင်းနဲ့ အတွေးအမြင်အချို့ ရရှိခဲ့ပါတယ်။ ဘုရားသခင်ကို အတော်လေး ကျေးဇူးတင်မိပါတယ်။
နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမတွေရဲ့ သတိပေးမှုကြောင့် ကျွန်မ အပေါ်ယံဆန်တဲ့ အသက်ဝင်ရောက်မှု ရှိတာနဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တာဟာ ကိုယ့်တာဝန်မှာ အလုပ်တွေကိုပဲ အမြဲအာရုံစိုက် လုပ်ဆောင်ခဲ့ပြီး ကိုယ့်အသက်ဝင်ရောက်မှုကို အာရုံမစိုက်မိခဲ့လို့ အဓိကဖြစ်တယ်ဆိုတာကို သတိပြုမိခဲ့ပါတယ်။ ဒီအတိုင်း ဆက်သွားနေရင်တော့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူးဆိုတာ သိလို့ ဒီအပိုင်းနဲ့ ပတ်သက်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှာဖွေခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားကို လက်ခံခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းသည် ကယ်တင်ခြင်းရရှိရန်အတွက် စစ်မှန်မှုအရှိဆုံး၊ လက်တွေ့အကျဆုံး လမ်းကြောင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို မရရှိနိုင်ပါက ဘုရားသခင်ကို ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အာရုံမစိုက်ဘဲ အနှစ်မရှိသော စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသောသူများ၊ ဆောင်ပုဒ်များကို အစဉ်သဖြင့် အော်ဟစ်ပြီး ကြီးကျယ်သော စိတ်ကူးများကို လေကြီးမိုးကြီး ပြောဆိုကာ စည်းမျဉ်းစည်းကမ်းများကို အစဉ် ပုံသေစောင့်ထိန်းသောသူများသည် ၎င်းတို့ နှစ်ပေါင်းမည်မျှပင် ယုံကြည်သည်ဖြစ်စေ မည်သည့်အရာကိုမျှ မရရှိကြပေ။ တစ်စုံတစ်ရာကို ရရှိသော လူများမှာ မည်သူတို့ ဖြစ်သနည်း။ မိမိတို့၏ တာဝန်ကို ရိုးသားဖြူစင်စွာ ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားသောသူများ၊ ဘုရားသခင်က ၎င်းတို့အား အပ်နှံထားသောအရာကို မိမိတို့၏ အထူးတာဝန်အဖြစ် သဘောထားသောသူများ၊ မိမိတို့၏ တစ်သက်တာလုံး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန် လိုလားစွာ အချိန်ပေးပြီး မိမိတို့ကိုယ်ကျိုးအတွက် အကောက်မကြံသောသူများ၊ လက်တွေ့ကျကျ ကျင့်ကြံပြုမူပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို လိုက်နာသောသူများ ဖြစ်ကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် ထိုသို့သော လူများသည် သမ္မာတရား စည်းမျဉ်းများကို နားလည်သဘောပေါက်နိုင်ကြသည်၊ အလုပ်တာဝန်တိုင်းကို ဂရုတစိုက် ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြပြီး ဘုရားသခင်အတွက် သက်သေခံခြင်း ရလဒ်ကို ရရှိကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းပေးနိုင်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ် အခက်အခဲများနှင့် ကြုံတွေ့ရသည့်အခါ ဘုရားသခင်ထံ ဆုတောင်းနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သဘောပေါက်ရန် ကြိုးစားနိုင်ကြသည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို လိုက်နာနိုင်ကြပြီး အမှုအရာများကို လုပ်ဆောင်သည့်အခါ သမ္မာတရားကို ရှာဖွေကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို မအော်ဟစ်ကြ သို့မဟုတ် ကြီးကျယ်သော စိတ်ကူးများကို လေကြီးမိုးကြီး မပြောဆိုကြဘဲ အမှုအရာများကို လက်တွေ့ကျကျ အသိတရားရှိရှိ လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို သေချာစွာ ကိုင်တွယ်ဖြေရှင်းခြင်းအပေါ်တွင်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှတွင် စိတ်နှစ်ထားကြပြီး အရာအားလုံးကို မိမိတို့၏ စိတ်နှလုံးဖြင့် တွေ့ကြုံခံစားကြသည်။ ကိစ္စရပ်အများစုတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်၊ အတွေ့အကြုံမှတစ်ဆင့် အသိနှင့် နားလည်သဘောပေါက်မှုကို ရရှိနိုင်ကြပြီး သင်ခန်းစာများကို သင်ယူကာ စစ်မှန်သော ရရှိမှုများ ရှိနိုင်ကြသည်။ ပြီးလျှင် ၎င်းတို့တွင် မှားယွင်းသော အတွေးများ သို့မဟုတ် မှားယွင်းသော အခြေအနေများ ရှိသည့်အခါ ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေနိုင်ကြသည်။ ၎င်းတို့သည် မည်သည့် သမ္မာတရားများကို နားလည်သည်ဖြစ်စေ ယင်းတို့နှင့်ပတ်သက်သော အတွေ့အကြုံနှင့် ယင်းတို့အပေါ် ထိုးထွင်းသိမြင်မှု ရှိကြပြီး ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေနိုင်ကြသည်။ ထိုသို့သော လူများသည် နောက်ဆုံးတွင် သမ္မာတရားကို ရရှိနိုင်ကြသည်။ စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ကိစ္စရပ်များကို မိမိတို့၏ စိတ်နှလုံးထဲတွင် မည်သည့်အခါမျှ မတွေးတောကြပေ။ ၎င်းတို့သည် အားထုတ်ခြင်းနှင့် ကိစ္စများ ဆောင်ရွက်ခြင်းအပြင် မိမိတို့ကိုယ်ကို ပြသခြင်းနှင့် ကိုယ်ရည်သွေးခြင်းတို့အပေါ်တွင်သာ အာရုံစိုက်ကြပြီး သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မည်သည့်အခါမျှ မရှာဖွေကြပေ။ ဤအရာက ၎င်းတို့ သမ္မာတရားကို ရရှိရန် ခက်ခဲစေသည်။ ယင်းကို စဉ်းစားကြည့်လော့၊ အတိအကျအားဖြင့် မည်သည့်လူစားမျိုးက သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်သနည်း။ (အမှုအရာများတွင် မိမိတို့၏ စိတ်နှလုံးကို ထည့်သွင်းသောသူများ၊ လက်တွေ့ကျသောသူများနှင့် မိမိတို့၏ တာဝန်များကို လက်တွေ့ကျကျ ထမ်းဆောင်သောသူများ ဖြစ်ပါသည်။) မှန်ပေသည်။ မိမိတို့၏ တာဝန်များကို အသိတရားရှိရှိ လက်တွေ့ကျကျ ထမ်းဆောင်ပြီး သမ္မာတရားကို လုံ့လရှိရှိ ရှာဖွေသောသူများသာလျှင် သမ္မာတရားကို နားလည်နိုင်ပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ကြသည်။ ထို့အပြင် ထိုသို့သော လူများသည် အရာအားလုံးတွင် လက်တွေ့ကျသောအရာကို အာရုံစိုက်ကြသည်၊ ၎င်းတို့သည် အတော်အတန် လက်တွေ့ကျကြသည်၊ အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးကြသည်၊ သမ္မာတရားကို လက်ခံနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြကာ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်းကို စွမ်းဆောင်ရရှိနိုင်ကြလေသည်။ သင်တို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ (လက်တွေ့မကျသည့်၊ ဟန်ပြရန်အတွက် အမှုအရာများကို အမြဲ လုပ်ဆောင်လိုပြီး မာယာသုံးလိုသော သူတစ်ဦးဖြစ်ပါသည်။) ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့် တစ်စုံတစ်ရာကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) သင်၏ ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းတစ်ခု သင် ရှာတွေ့ပြီလော။ ထိုအရာကို သင်သဘောပေါက်နိုင်ပြီး အမှုအရာများကို စတင်ပြောင်းလဲနိုင်ပါက သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် အမှုအရာများအပေါ် ရှုထောင့်အမြင်များ ပြောင်းလဲပြီးခြင်း ရှိမရှိဆိုသည်ကို သင် သိမည်လော။ (ထိုအရာများ အတော်အတန် ပြောင်းလဲပြီးဖြစ်သည်ဟု ကျွန်ုပ် ခံစားရပါသည်။) ရလဒ်များနှင့် တိုးတက်မှုရှိသရွေ့ ထိုအရာနှင့်ပတ်သက်၍ သင် မိတ်သဟာယပြုသင့်ပြီး အခြားသူများ တည်ဆောက်ခံရခွင့် ပေးသင့်၏။ သင်၏ အတွေ့အကြုံသည် အကန့်အသတ် ရှိသော်လည်း ယင်းမှာ အသက်တာတွင် ကြီးထွားမှု အတွေ့အကြုံတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ဘဝတွင် ကြီးထွားမှု ဖြစ်စဉ်မှာ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်း အတွေ့အကြုံ၊ ဘုရားနှုတ်ကပတ်တော်ကို တွေ့ကြုံခြင်းမှတစ်ဆင့် သင့်အသက်တာ ကြီးထွားခြင်း အတွေ့အကြုံ ဖြစ်သည်။ ဤအတွေ့အကြုံများသည် တန်ဖိုးအရှိဆုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မရဲ့ အသက်ဝင်ရောက်မှု မလေးနက်နေရတာက ကျွန်မရဲ့ တာဝန်မှာ သူများတွေ ကျွန်မကို အထင်ကြီးလေးစားဖို့အတွက် အလုပ်ရဲ့ ရလဒ်တွေ တိုးတက်ဖို့၊ အားထုတ်ပြီး အလုပ်လုပ်ဖို့ကိုသာ များသောအားဖြင့် အာရုံစိုက်နေခဲ့တာကြောင့် ဖြစ်ပါတယ်။ အရာရာမှာ သမ္မာတရားကို ရှာဖွေဖို့၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ဖို့နဲ့ ဘုရားသခင်ရဲ့ လိုအပ်ချက်တွေနဲ့အညီ လက်တွေ့လုပ်ဆောင်ဖို့ ကျွန်မဟာ အာရုံမစိုက်ခဲ့ပါဘူး။ ဒါကြောင့်ပဲ ဘုရားသခင်ကို ဒီလောက်ကြာအောင် ယုံကြည်ခဲ့ပေမယ့် ကျွန်မရဲ့ အသက်တာက သိပ်မကြီးထွားခဲ့ရတာ ဖြစ်ပါတယ်။ သခင်ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမယ့် ပေါလုဟာ ကိုယ့်ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့နဲ့ ကိုယ့်ကိုယ်ကို သိဖို့ ဘယ်တော့မှ အာရုံမစိုက်ခဲ့တာကို ကျွန်မ တွေးမိခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို လုံးဝ နားလည်သဘောပေါက်မှု မရှိခဲ့ပါဘူး။ သူဟာ ဧဝံဂေလိတရား ဟောပြောရာမှာ အများကြီး ဆင်းရဲဒုက္ခခံခဲ့ပေမယ့် ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ သူ့ရဲ့ သဘာဝဟာ လုံးဝ မပြောင်းလဲခဲ့ဘဲ နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ပေတရုကတော့ ကိစ္စကြီးတာရော၊ သေးတာရောမှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်ဖို့ ရှာဖွေတာကို အာရုံစိုက်ခဲ့ပါတယ်။ သူဟာ သူကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို နားလည်ခဲ့ရုံမကဘဲ အရာရာကို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့အညီ ပြုမူဆောင်ရွက်ဖို့လည်း လိုက်စားခဲ့ပြီး နောက်ဆုံးမှာ သူဟာ ဘုရားသခင်ရဲ့ အသိအမှတ်ပြုခြင်းကို ရရှိခဲ့ပါတယ်။ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ ပေတရု လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းဟာ အသက်ဝင်ရောက်မှုကို လိုက်စားတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အသက်တာဟာလည်း တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိခဲ့ပါတယ်။ အနာဂတ်မှာ ကျွန်မရဲ့ တာဝန်မှာ ပြင်ပအလုပ်တွေကို လုပ်ဖို့ပဲ အာရုံစိုက်လို့မဖြစ်ဘူး။ ကျွန်မရဲ့ အသက်ဝင်ရောက်မှုနဲ့ စိတ်သဘောထား ပြောင်းလဲမှုတွေကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိစ္စတိုင်းမှာ ကျွန်မရဲ့ ဘယ်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ထုတ်ဖော်မိခဲ့လဲဆိုတာကို သတိရှိရှိ ဆင်ခြင်သုံးသပ်ပါတော့တယ်။ ပြီးတော့ ကျွန်မရဲ့ ပြဿနာတွေနဲ့ သက်ဆိုင်တဲ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ရှာဖွေပြီး မှတ်စုတိုတွေ ရေးမှတ်ခဲ့ပါတယ်။ ဒီလိုမျိုး လက်တွေ့လုပ်ဆောင်ပြီး အချိန်နည်းနည်းကြာပြီးတဲ့နောက်မှာတော့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်သဘောပေါက်မှုတချို့ ရရှိခဲ့ပါတယ်။ ကျွန်မရဲ့ နှလုံးသားထဲမှာ နည်းနည်း ပိုသက်သောင့်သက်သာရှိလာပြီး စိတ်အေးချမ်းမှုကို ခံစားခဲ့ရပါတယ်။ ကိစ္စတွေကို အရင်ကထက် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ခဲ့ပါတယ်။ ကျွန်မ ရရှိခဲ့တဲ့ ဒီတိုးတက်မှုအသေးလေးဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ရီရှင်းခေါင် မြန်မာနိုင်ငံ ၂၀၂၀ခုနှစ်၊ မတ်လတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလအမှုတော်ကို ကျွန်မ လက်ခံခဲ့သည်။ မကြာခင်တွင်...
ချန်ချန်၊ တရုတ်ပြည်၂၀၂၂ ခုနှစ်မှာ ကျွန်တော် အသင်းတော်ခေါင်းဆောင်အနေနဲ့ ရွေးကောက်ခံခဲ့ရတယ်။ ကဏ္ဍတိုင်းမှာ ကျွန်တော် တော်တော်လေး...
မင်ရိ တရုတ်နိုင်ငံ မနှစ်က မတ်လမှာ အသင်းတော်က ကျွန်မကို အသင်းတော်တစ်ခုမှာ ကြီးကြပ်ရေးမှူးလုပ်ဖို့ တာဝန်ချပေးတယ်။ ကျွန်မ...
မနှစ်က ဒီဇင်ဘာလမှာ တာဝန်တွေကိုထမ်းဆောင်တာမှာ ကျွန်မရဲ့ တာဝန်မသိတတ်မှုကြောင့် ပြုပြင်ခြင်းနဲ့ ကျွန်မ ရင်ဆိုင်ခဲ့ရတယ်။...