ဟန်ဆောင်မှုကို ဖယ်ရှားလိုက်ခြင်းက ကြီးမားစွာ စိတ်သက်သာရာရစေခဲ့

01.09.2026

ရှောင်မေး၊ တရုတ်ပြည်

၂၀၂၁ ခုနှစ် မတ်လတုန်းက ကျွန်မ ဗီဒီယိုအလုပ်ကို တာဝန်ယူခဲ့ရတယ်။ အစပိုင်းမှာတော့ ကိုယ့်မှာ ချို့ယွင်းချက်တွေ အများကြီးရှိနေတယ်လို့ ခံစားခဲ့ရတယ်။ နားမလည်တာတစ်ခုခုရှိရင် ခေါင်းဆောင်တွေ ဒါမှမဟုတ် တခြား ညီအစ်ကိုမောင်နှမတွေကို ခဏခဏ မေးဖြစ်တယ်။ တစ်ခါက ခေါင်းဆောင်တွေက တခြားသူဆီရေးထားတဲ့ စာတစ်စောင်ကို ကျွန်မ အမှတ်မထင် တွေ့လိုက်ရတယ်။ စာထဲမှာရေးထားတာက ကျွန်မ ဒီတာဝန်ကို ထမ်းဆောင်နေတာ သိပ်မကြာသေးပေမဲ့ ကျွန်မမှာ အစွမ်းအစတချို့ရှိတယ်၊ ဗီဒီယိုထုတ်လုပ်တဲ့နေရာမှာ တိုးတက်မှုက အတော်လေးမြန်တယ်၊ ပျိုးထောင်ပေးဖို့ သင့်တော်တဲ့သူတစ်ယောက် ဖြစ်တယ်လို့ စာထဲမှာ ရေးထားတယ်။ ပြီးတော့ စာထဲမှာ တခြား ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကိုလည်း ဖော်ပြထားသေးတယ်။ ကျွန်မတစ်ယောက်တည်းပဲ ချီးကျူးခံခဲ့ရတာလေ။ ကျွန်မရဲ့ စိတ်အခြေအနေက မသိမသာ ပြောင်းလဲသွားတာပေါ့။ တခြား ညီအစ်ကိုမောင်နှမတွေထက် ငါပိုသာတယ်၊ ပြီးတော့ ငါက ကြီးကြပ်ရေးမှူးပဲလို့ ခံစားလာရတယ်။ ဒါကြောင့် နောင်မှာ သူတို့က ဗီဒီယိုနည်းပညာနဲ့ပတ်သက်ပြီး မေးခွန်းတွေမေးလာရင် ငါဖြေရှင်းပေးနိုင်မှဖြစ်မယ်လို့ တွေးမိတာပေါ့။ တစ်ခါက ကျွန်မတို့ အလုပ်အကြောင်း ဆွေးနွေးနေကြတုန်း ညီအစ်မတစ်ယောက်က မေးခွန်းတစ်ခုမေးလာပေမဲ့ ကျွန်မ မဖြေရှင်းနိုင်ခဲ့ဘူး။ “ငါ ဒါကို ဘယ်လိုလုပ်ရမှန်းမသိဘူး၊ နားမလည်ဘူးလို့ ပြောလိုက်ရင် သူတို့ ငါ့ကို အထင်သေးသွားမလား။ ငါက ဘာမှသိပ်ထူးခြားတဲ့သူမဟုတ်ဘူး၊ သူတို့ထက်လည်း တကယ်တော့ ဘာမှပိုမတော်ဘူးလို့ သူတို့ ထင်သွားမလား” လို့ ကိုယ့်ဘာသာ တွေးမိတယ်။ ဒါနဲ့ တခြား ညီအစ်ကိုမောင်နှမတွေမှာ ဘာအကြံဉာဏ်ရှိလဲဆိုပြီး ကျွန်မ မေးလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ ကိုယ်ပိုင်အမြင်တွေကို ပြောနေကြချိန်မှာ၊ ကျွန်မက ကမန်းကတန်း အချက်အလက်တွေ အမြန်လိုက်ရှာနေလိုက်တယ်။ သူတို့ပြောလို့ပြီးသွားတဲ့အခါ သူတို့မပြောသွားတဲ့ ဖြေရှင်းနည်းတချို့ကို ကျွန်မက ဖြည့်စွက်ပြောလိုက်တယ်။ ကျွန်မ ပြောလို့ပြီးတာနဲ့ ညီအစ်မတချို့က “အစ်မနဲ့သာ ဒါကို မဆွေးနွေးဖြစ်ခဲ့ရင်၊ ဒီအပိုင်းကို ကျွန်မတို့ တကယ်နားလည်သွားမှာ မဟုတ်ဘူး။ အစ်မ ကျွန်မတို့နဲ့ ဆွေးနွေးလိုက်တာနဲ့ ကျွန်မတို့ ပိုပြီး ရှင်းလင်းသွားတယ်” လို့ ပြောကြတယ်။ နောက်ပိုင်းမှာ တစ်ယောက်ယောက်က ပြဿနာ ဒါမှမဟုတ် အခက်အခဲတွေရှိရင် ကျွန်မနဲ့ ဆွေးနွေးချင်လာကြတယ်။ ကျွန်မ အရမ်းပျော်သွားတာပေါ့။ “သူတို့အားလုံး ငါ့ကို အခု လေးစားနေကြပြီ။ ငါ ကြီးကြပ်ရေးမှူးလုပ်တာ တော်တယ်လို့ သူတို့ သေချာပေါက် ထင်နေကြမှာပဲ။ ငါ ကောင်းကောင်း လုပ်ပြရမယ်။ အမှားအယွင်း လုံးဝ အဖြစ်ခံလို့ မဖြစ်ဘူး” လို့ ကိုယ့်ဘာသာ တွေးမိတယ်။

တစ်ခါက ခေါင်းဆောင်တစ်ယောက်က ကျွန်မဆီကို ဗီဒီယိုတစ်ခု ပို့ပေးတယ်။ အဲဒါက ညီအစ်မ ရှောင်ရန် ထုတ်လုပ်ထားတာဖြစ်ပြီး ပြဿနာတချို့ ရှိနေတယ်။ ရှောင်ရန်ရဲ့ နည်းပညာစွမ်းရည်က ဗီဒီယိုကို တည်းဖြတ်ဖို့ မလုံလောက်ဘူးလို့ ခေါင်းဆောင်တွေက စိုးရိမ်တဲ့အတွက် သူနဲ့အတူတူ တည်းဖြတ်ဖို့ ကျွန်မကို ခိုင်းခဲ့တယ်။ ဗီဒီယိုထဲက ပြဿနာတွေကို မြင်ရတော့ တည်းဖြတ်ဖို့ အကြံဉာဏ်တချို့ ကျွန်မဆီမှာ ရှိခဲ့တယ်။ ဒါပေမဲ့ နည်းပညာတချို့ကို ကျွန်မ ကောင်းကောင်း မကျွမ်းကျင်ခဲ့သလို ဗီဒီယိုကို ကောင်းကောင်း ဘယ်လိုတည်းဖြတ်ရမလဲဆိုတာကို တကယ်ကို နားလည်ခဲ့ဘူး။ “ဗီဒီယိုကို ငါ တည်းဖြတ်တာ မကောင်းရင် ခေါင်းဆောင်တွေက ငါ့ကို ဘယ်လိုထင်မလဲ။ အရင်က သူတို့ငါ့အပေါ် အရမ်းအကောင်းမြင်ခဲ့တာ။ ဒီဗီဒီယိုကို ကောင်းကောင်းမတည်းဖြတ်နိုင်ရင် ခေါင်းဆောင်တွေက ငါ့ကို အရည်အချင်းမရှိဘူး၊ သူတို့ထင်ထားသလောက် မတော်ဘူးလို့ ထင်သွားမလား။ အဲဒီလိုဆိုရင်တော့ မဖြစ်ဘူး။ ခေါင်းဆောင်တွေကို ဒီလိုထင်သွားလို့ မဖြစ်ဘူး” လို့ ကိုယ့်ဘာသာ တွေးမိတယ်။ အဲဒီအချိန်မှာ ကျွန်မတွေးမိတယ်၊ “ဘာပဲဖြစ်ဖြစ် ဒီဗီဒီယိုက ရှောင်ရန် လုပ်ထားတာပဲ။ ရှောင်ရန်ကိုပဲ သူ့ဘာသာ ပြန်တည်းဖြတ်ခိုင်းလိုက်ရင်ရော။ သူ ကောင်းကောင်း မတည်းဖြတ်ရင် အဲဒါ သူ့ပြဿနာပဲလေ။ ခေါင်းဆောင်တွေက နောက်မှ ဒီအကြောင်းမေးလာရင် ငါ့မှာ တခြား အရေးကြီးတဲ့ အလုပ်တွေရှိလို့ပါလို့ပဲ ပြောလိုက်မယ်” ပေါ့။ ဒါပေမဲ့ ရှောင်ရန်က ဗီဒီယိုကို ဘယ်လိုတည်းဖြတ်ရမှန်းမသိတော့ ကျွန်မရဲ့အမြင်ကို တောင်းခံလာတယ်။ “ဒီဗီဒီယိုမှာပါတဲ့ နည်းပညာတွေကို ငါ ကောင်းကောင်းနားမလည်ဘူးလို့ ပြောလိုက်ရင် ရှောင်ရန်က ငါ့ကို ဘယ်လိုထင်မလဲ။ ကြီးကြပ်ရေးမှူးဖြစ်ပြီးတော့ ဒါလေးတောင် မလုပ်နိုင်ဘူးလို့ သူ ထင်သွားမလား” ဆိုပြီး ကိုယ့်ဘာသာ တွေးမိတယ်။ ဒါကြောင့် ကျွန်မရဲ့စိတ်ထဲမှာ ဘာရှိနေလဲဆိုတာကို ညီအစ်မ မရိပ်မိအောင်လို့၊ ဘယ်လိုတည်းဖြတ်မလဲဆိုတဲ့ ကျွန်မရဲ့ အကြံဉာဏ်တွေကိုပဲ ပြောပြလိုက်တယ်။ သီးခြားနည်းပညာပိုင်းဆိုင်ရာတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ အပေါ်ယံပဲ ပြောလိုက်တယ်။ ရှောင်ရန်ရဲ့ တွေဝေရှုပ်ထွေးနေတဲ့ မျက်နှာကို ကြည့်ရင်း ကျွန်မ ထပ်ပြီး ဘာမှ မမေးရဲတော့ဘူး။ ကျွန်မသာ မေးခွန်းတွေ ထပ်မေးလိုက်ရင်၊ ပြီးတော့ သူက ကျွန်မ မဖြေနိုင်တဲ့ တခြားမေးခွန်းတွေ ပြန်မေးလာရင်၊ ဘာလုပ်ရမှန်း မသိဖြစ်သွားမှာကို ကျွန်မ ကြောက်နေခဲ့တယ်။ ဘုရားသခင်ကို ခဏခဏဆုတောင်းပြီး ဘုရားသခင်ကို ကိုးစားဖို့ပဲ သူ့ကို ပြောလိုက်တယ်။ နောက်ပိုင်းမှာ ရှောင်ရန်က တည်းဖြတ်တာကို မလုပ်နိုင်သေးဘူး။ ဘာမှတတ်နိုင်တော့ဘူးလေ။ သတ္တိမွေးပြီး သူနဲ့အတူတူ တည်းဖြတ်ပေးလိုက်ရတာပေါ့။ ကျွန်မ မတည်းဖြတ်တာကို ရှောင်ရန် မရိပ်မိအောင်လို့၊ အချက်အလက်တွေကို ခိုးရှာပြီး သင်ခန်းစာတွေကို ကြည့်ခဲ့ရတယ်။ အလုပ်အရမ်းများလွန်းလို့ ခေါင်းမူးပြီး ဦးနှောက်တွေတောင် ဖောယောင်သွားသလို ခံစားခဲ့ရတယ်၊ စိတ်ထဲမှာလည်း အရမ်းပင်ပန်းခဲ့တယ်။ နောက်ဆုံးတော့ ဒီဗီဒီယိုတည်းဖြတ်တာ ပြီးဖို့ကို တစ်လနီးပါးလောက် အချိန်ကြန့်ကြာသွားခဲ့တယ်။

နောက်ပိုင်းမှာ ခေါင်းဆောင်တွေက ဗီဒီယိုနည်းပညာနဲ့ပတ်သက်တဲ့ လေ့လာစရာစာရွက်စာတမ်းတချို့ ပေးလာတယ်၊ အဲဒါမှ ကျွန်မတို့ အတူတူဆွေးနွေးပြီး သင်ယူနိုင်မှာလေ။ ဒီလို ဗီဒီယိုနည်းပညာအသစ်မျိုးကို အရင်က မထိတွေ့ဖူးတော့ လေ့လာစရာစာရွက်စာတမ်းတချို့ကို ကျွန်မ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အရှိအတိုင်း ဖွင့်ဟပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ဒါကို မဆွေးနွေးချင်ခဲ့ဘူး။ ရလဒ်အနေနဲ့ လေ့လာစရာစာရွက်စာတမ်းတွေကို ဖတ်ဖို့ ကျွန်မအတွက် အားထုတ်မှုတွေ ပိုပိုပြီး လိုအပ်လာတာပေါ့။ တစ်ခါက လေ့လာစရာစာရွက်စာတမ်းတစ်ခုအကြောင်း ဆွေးနွေးနေကြတဲ့အချိန်မှာပေါ့၊ လီရှင်းက ဗီဒီယိုထုတ်တဲ့ ပုံစံတစ်မျိုးအတွက် နည်းပညာ၊ စည်းမျဉ်းနဲ့ သတ်မှတ်ချက်တွေက ဘာတွေလဲဆိုပြီး ကျွန်မကို မေးတယ်။ အဲဒီအချိန်က ကျွန်မ သိပ်မသေချာဘူး။ ဘာမှမပြောနိုင်ရင် လီရှင်းက ကျွန်မကို ဘယ်လိုထင်မလဲဆိုတာ စိုးရိမ်တာနဲ့ ဟန်ကိုယ်ဖို့လုပ်ပြီး ဝတ်ကျေတမ်းကျေပဲ ပြန်ဖြေလိုက်တယ်။ လီရှင်းရဲ့ နားမလည်တလည် မျက်နှာပေးကို ကြည့်ပြီး ကျွန်မအဖြေက သူ့ပြဿနာကို မဖြေရှင်းပေးနိုင်ဘူးဆိုတာ သိလိုက်တယ်၊ ဒါကြောင့် သူ့အာရုံပြောင်းသွားအောင် တခြားမေးခွန်းတစ်ခုကို ကမန်းကတန်း မေးလိုက်တယ်။ အဲဒီနောက် လီရှင်းက တခြားကိစ္စတွေအကြောင်း ကျွန်မနဲ့ ပြောတယ်။ အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် နည်းနည်းအပြစ်တင်မိပြီး ဒီလိုပြုမူလိုက်တာ မသင့်တော်ဘူးဆိုတာ သိခဲ့ပေမဲ့၊ သိပ်အလေးအနက်မတွေးဘဲ ဒီတိုင်းပဲ ထားလိုက်တယ်။ တစ်ခါတလေ အခက်အခဲတွေပေါ်လာရင် ခေါင်းဆောင်တွေကို မေးချင်ပေမဲ့၊ ဒါပေမဲ့ နောက်တော့ “ငါ့ရဲ့ အစွမ်းအစနဲ့ဆို ဒီပြဿနာကို ဖြေရှင်းနိုင်သင့်တယ်လို့ ခေါင်းဆောင်တွေက ထင်ထားပေမဲ့၊ ငါက စာရေးပြီး သွားမေးလိုက်ရင် ငါ့ကို သူတို့ ဘယ်လိုထင်ကြမလဲ။ ငါ့အစွမ်းအစက စံနှုန်းမမီဘူး၊ ဘာမှမတိုးတက်လာဘူးလို့ သူတို့ ထင်သွားမလား။ ငါက တခြား ညီအစ်ကိုမောင်နှမတွေနဲ့ ဘာမှမကွာဘူးလို့ ထင်သွားမလား” ဆိုပြီး တွေးမိတယ်။ ဒီလိုတွေးမိတော့ အခက်အခဲတွေကြုံလာရင် အထက်လူကြီးတွေဆီက အကူအညီမတောင်းဖြစ်တော့ဘူး။ အဲဒီအစား ပြဿနာတွေကို ကိုယ့်ဘာသာ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပဲ စဉ်းစားနေလိုက်တယ်။ ဖြေရှင်းနည်းကို စဉ်းစားလို့မရတဲ့အတွက် ဗီဒီယိုတချို့ရဲ့ တိုးတက်မှုက နှောင့်နှေးသွားခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ အသက်ရှင်နေရတာက ကျွန်မကို အရမ်း စိတ်မချမ်းမသာဖြစ်စေပြီး ဘုရားသခင်က ကျွန်မကို စွန့်ပစ်လိုက်သလိုပဲ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါမှာ အလင်းမရတော့ဘူး၊ တစ်ခါတလေဆို ရင်ထဲမှာ အရမ်းပိတ်လှောင်နေလို့ ငိုချင်လာတယ်။ ကိုယ့်ညီအစ်မတွေကို ရင်ဖွင့်ပြီး ကိုယ့်အခြေအနေအကြောင်း မိတ်သဟာယဖွဲ့ချင်ပေမဲ့ နောက်တော့ စိတ်ပြောင်းသွားတယ်၊ “သူတို့အားလုံးမှာလည်း တာဝန်တွေမှာ အခက်အခဲတွေ အများကြီးရှိနေပြီး နည်းနည်း အပျက်သဘောဆောင်နေကြတာ။ ငါပါ အပျက်သဘောဆောင်နေရင် သူတို့ ပိုပြီးတော့တောင် အပျက်သဘောဆောင်သွားမှာ မဟုတ်ဘူးလား။ ငါက ကြီးကြပ်ရေးမှူးပဲ။ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်လေ။ တခြားသူတွေ အပျက်သဘောဆောင်ချင်ဆောင်မယ်၊ ဒါပေမဲ့ ကြီးကြပ်ရေးမှူးအနေနဲ့ ငါကတော့ ဘယ်လိုအခက်အခဲပဲကြုံကြုံ တောင့်ခံထားရမှာပဲ” လို့ပေါ့။ ဒီလိုတွေးလိုက်တဲ့အခါ စကားလုံးတွေက နှုတ်ခမ်းဖျားကနေ ထွက်မလာတော့ဘူး။ သူတို့ကို အားပေးဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေးပြီး စကားလုံးတွေနဲ့ အယူဝါဒတချို့ကိုပဲ အတင်းပြောခဲ့ရပေမဲ့ အဲဒါတွေက ကိုယ့်အတွက်တောင် ခြောက်ကပ်ကပ်နိုင်လွန်းတယ်။ အဲဒီအချိန်တုန်းက ကျွန်မရဲ့စိတ်နှလုံးက မချိတင်ကဲခံစားခဲ့ရပြီး ဒီတာဝန်ကို ထမ်းဆောင်ရတာ အရမ်းခက်ခဲတယ်လို့ ခံစားရတယ်။ တစ်ခါတလေ စက်ဘီးစီးနေရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်၊ တစ်ခါတလေ ညီအစ်ကိုမောင်နှမတွေရဲ့ အိမ်တွေကို သွားလည်တဲ့အခါ ရေချိုးခန်းထဲဝင်ပြီး ငိုရတယ်။ ငိုလို့ပြီးသွားရင် မျက်ရည်တွေကို သုတ်ပြီး မှန်ထဲကို ကြည့်တယ်။ အပြင်ကို ပြန်ထွက်လာတဲ့အခါ ဘာမှမဖြစ်သလို ဟန်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေးရတယ်။ အဲဒီအချိန်တုန်းက ကိုယ့်အခြေအနေနဲ့ အခက်အခဲတွေကို အမြဲတမ်း ဖိနှိပ်ထားခဲ့တယ်။ ကျွန်မရဲ့ စိတ်နှလုံးက အရမ်းကို စိတ်မချမ်းမသာဖြစ်နေခဲ့တယ်။ ကျွန်မ ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ ရှင်သန်နေထိုင်မိလို့ ဒီလိုမျိုး ဖြစ်ရတာလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ ၂၀၂၂ ခုနှစ် မတ်လရဲ့ တစ်နေ့မှာတော့ ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ်။ ကျွန်မရဲ့ တာဝန်တွေက ဘာလို့ အချိန်အတော်ကြာတဲ့အထိ ရလဒ်မထွက်ရတာလဲဆိုတဲ့ အတိအကျ အကြောင်းရင်းကို မေးထားတယ်။ ကျွန်မ လမ်းကြောင်းအမှားကို လျှောက်နေတာလားတဲ့လေ။ အဲဒီတော့မှ ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်မိတော့တယ်။ ကြီးကြပ်ရေးမှူးဖြစ်လာကတည်းက ဖြစ်ခဲ့တဲ့ မြင်ကါင်းတိုင်းကို ကျွန်မစိတ်ထဲမှာ အခေါက်ခေါက်အခါခါ ပြန်တွေးနေမိတယ်။ ကျွန်မစိတ်ထဲမှာ စကားလုံးတစ်လုံး ပေါ်လာတယ်၊ အဲဒါက ဟန်ဆောင်မှုပဲ။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ ဘုံပြဿနာတစ်ခု၊ လူတိုင်း၏ လူ့သဘာဝတွင် တည်ရှိသည့် ဘုံပြဿနာတစ်ခု၊ အပြင်းထန်ဆုံးသော ပြဿနာတစ်ခု ရှိ၏။ ဤဘုံပြဿနာသည် ၎င်းတို့ လူ့သဘာဝ၏ အားအနည်းဆုံး၊ အဆိုးရွားဆုံးသော အစိတ်အပိုင်း ဖြစ်ပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရတွင် ရှာဖွေတွေ့ရှိရန် သို့မဟုတ် ပြောင်းလဲရန် အခက်ခဲဆုံးသော အရာ ဖြစ်သည်။ ဤပြဿနာမှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ လူသားများသည် ထူးခြားသော၊ မဟာလူသား၊ ပြီးပြည့်စုံသော လူများ အမြဲ ဖြစ်လိုကြခြင်း ဖြစ်သည်။ လူတို့သည် ပင်ကိုအားဖြင့် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ဖန်ဆင်းခံများသည် အနန္တတန်ခိုးကို ရရှိနိုင်သလော။ ၎င်းတို့သည် စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ရရှိနိုင်သလော။ ၎င်းတို့သည် အရာရာတိုင်းတွင် ကျွမ်းကျင်မှုကို ရရှိနိုင်သလော၊ အရာရာတိုင်းကို နားလည်သဘောပေါက်လာနိုင်သလော၊ အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နိုင်သလော၊ ပြီးလျှင် အရာရာတိုင်းကို လုပ်ဆောင်နိုင်စွမ်း ရှိသလော။ ၎င်းတို့ မရရှိနိုင်ပေ။ သို့ရာတွင် လူတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၊ သေနိုင်လောက်သော အားနည်းချက်တစ်ခု ရှိလေသည်။ ယင်းမှာ ၎င်းတို့သည် ကျွမ်းကျင်မှုတစ်ခု သို့မဟုတ် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်သည်နှင့်တစ်ပြိုင်နက် လူတို့က မိမိတို့သည် လုပ်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ မိမိတို့သည် အဆင့်အတန်းနှင့် တန်ဖိုးရှိသော လူများဖြစ်သည်ဟုလည်းကောင်း၊ မိမိတို့သည် ပညာရှင်များ ဖြစ်သည်ဟုလည်းကောင်း ခံစားကြရခြင်း ဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော အစွမ်းအစသည် မည်သည့်အရာပင် ဖြစ်ပါစေ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကို ကျော်ကြားသော သို့မဟုတ် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် အမွှမ်းတင်လိုကြသည်၊ အတော်အတန် လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိုကြပြီး ၎င်းတို့သည် ချို့ယွင်းချက် တစ်ခုတလေမျှ မရှိဘဲ စုံလင်ကာ အပြစ်အနာအဆာကင်းသည်ဟု အခြားသူများကို ထင်မှတ်စေလိုကြသည်။ ၎င်းတို့သည် လုပ်နိုင်စွမ်းရှိသော၊ တန်ခိုးကြီးသော၊ ထူးချွန်သော သို့မဟုတ် ကျော်ကြားပြီး ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ်၊ ကြီးကျယ်ခမ်းနားသော ပုံရိပ်တစ်ခုရှိကာ မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်းရှိပြီး ၎င်းတို့ မလုပ်နိုင်သောအရာဟူ၍ မရှိသူအဖြစ် အခြားလူများ၏ မြင်တွေ့ခြင်းကို ခံလိုကြသည်။ ၎င်းတို့က အခြားသူများ၏ အကူအညီကို ရှာဖွေပါက မိမိတို့သည် လုပ်နိုင်စွမ်းမရှိသည့်အပြင် နိမ့်ပါးပုံပေါက်မည်ဖြစ်ပြီး လူများက မိမိတို့ကို အထင်သေးကြလိမ့်မည်ဟု ခံစားကြရသည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် အမြဲတစေ ဟန်ဆောင်နေလိုကြသည်။ လူအချို့ကို တစ်စုံတစ်ခု လုပ်ခိုင်းသည့်အခါ မည်သို့လုပ်ဆောင်ရသည်ကို ၎င်းတို့ အမှန်တကယ် မသိသော်ငြားလည်း သိသည်ဟု ပြောကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအကြောင်းကို တိတ်တဆိတ် ရှာဖွေကြပြီး မည်သို့လုပ်ဆောင်ရမည်ကို သင်ယူဖို့ ကြိုးစားကြသော်လည်း နှစ်ရက်သုံးရက် လေ့လာပြီးသည့်နောက် မည်သို့လုပ်ရမည်ကို ၎င်းတို့နားမလည်ကြသေး။ ၎င်းတို့ အခြေအနေမည်သို့ရှိသည်ကို အမေးခံရသည့်အခါ ၎င်းတို့က ‘မကြာမီ ပြီးမည်၊ မကြာမီပြီးမည်’ ဟု ပြောကြသည်။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးထဲ၌ ‘စောလွန်းသေးတယ်၊ မရသေးဘူး။ ငါ ဘာမျှ မသိ။ ငါ ဘာလုပ်ရမည်ကိုလည်း မသိ။ လျှို့ဝှက်ချက်ကို ငါ ပြောလိုက်၍ မဖြစ်၊ ဆက်၍ ဟန်ဆောင်ရမည်၊ ငါ၏ အားနည်းချက်များနှင့် မသိနားမလည်မှုများကို လူတို့အား မြင်ခွင့်ပေး၍ မဖြစ်။ ငါ့ကို အထင်သေးခွင့်ပြု၍ မဖြစ်’ ဟု ၎င်းတို့ တွေးနေကြသည်။ ဤသည်မှာ အဘယ်ပြဿနာနည်း။ ဤသည်မှာ မည်သို့ပင်ဖြစ်စေ သိက္ခာဆည်ရန် ကြိုးစားသည့် အသက်ရှင်နေစဉ်ဖြစ်သော ငရဲဖြစ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ ဤသို့သောသူများ၏ မာနထောင်လွှားမှုသည် အကန့်အသတ်မရှိပေ။ ၎င်းတို့သည် ဆင်ခြင်တုံတရားအားလုံး ပျောက်ဆုံးပေပြီ။ ၎င်းတို့သည် လူတိုင်းကဲ့သို့ မဖြစ်လိုပေ။ သာမန်၊ ပုံမှန်လူများ မဖြစ်လိုကြဘဲ မဟာလူသားများ၊ ထူးခြားသော ပုဂ္ဂိုလ်များ၊ သို့မဟုတ် အစွမ်းထက်သူများ ဖြစ်လိုကြသည်။ ဤသည်မှာ အလွန်ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်သည်။ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ မသိနားမလည်မှု၊ မိုက်မဲမှုနှင့် ပုံမှန်လူ့သဘာဝအတွင်းမှ သိနားလည်မှု ကင်းမဲ့ခြင်းနှင့် စပ်လျဉ်း၍ ယင်းတို့အားလုံးကို သူတို့ ဖုံးကွယ်ပြီး အခြားသူများကို မြင်ခွင့်မပေးဘဲ မိမိတို့ကိုယ်ကို ဆက်လက် အယောင်ဆောင်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) လူတွေက ဖန်ဆင်းခံတွေဖြစ်ပြီး အရာရာကို မတတ်စွမ်းနိုင်ဘူးလို့ ဘုရားသခင်က ပြောတယ်။ အရာအားလုံးကို ကျွမ်းကျင်နိုင်ပြီး အကုန်လုံးကို နားလည်လာဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ လူတွေမှာ ကိုယ့်ကိုယ်ကိုယ် သိမြင်မှု ကင်းမဲ့နေပြီး၊ တစ်ခုခုကို နည်းနည်းလေး သင်ယူလိုက်ရတာနဲ့ သူတို့ကိုယ်သူတို့ တစ်ခုခုထူးခြားနေပြီလို့ ထင်တတ်ကြတယ်။ ဘာမဆို လုပ်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်လို ဟန်ကိုယ်ဖို့လုပ်ပြီး ဟန်ဆောင်တတ်ကြတယ်။ သူတို့မှာ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ ရှိနေရင်တောင်မှ၊ ဘယ်သူမှ မမြင်အောင် ဟန်ဆောင်ဖို့ ကြီးကြီးမားမား အားထုတ်မှုတွေကို လုပ်ကြတယ်။ ဒါက လူတွေရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် ဖြစ်ရတာပါ။ ခေါင်းဆောင်တွေဆီက ချီးကျူးခံရတာနဲ့ တစ်ပြိုင်နက် ကျွန်မက တခြား ညီအစ်ကိုမောင်နှမတွေထက် ပိုသာတယ်လို့ တွေးခဲ့မိတာကို သတိရတယ်။ နောက်ပြီး ကျွန်မက ကြီးကြပ်ရေးမှူးဆိုတော့ ညီအစ်ကိုမောင်နှမတွေ မေးလာတဲ့ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်သင့်တယ်လို့ ခံစားခဲ့ရတယ်။ ဒါကြောင့် အရာအားလုံးကို နားလည်သယောင် စပြီးဟန်ဆောင်ခဲ့တယ်။ ကိုယ့်မှာ ဘယ်လိုအခက်အခဲတွေ၊ ချို့ယွင်းချက်တွေပဲရှိရှိ၊ အဲဒါတွေကို လူတွေသိအောင် မလုပ်ချင်ခဲ့ဘူး။ ခေါင်းဆောင်တွေက ရှောင်ရန်နဲ့ ကျွန်မကို ဗီဒီယိုတည်းဖြတ်ခိုင်းခဲ့တယ်။ ကျွန်မရဲ့ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို မဖော်ထုတ်ချင်တဲ့အတွက်၊ ပြဿနာတွေကို ရှောင်ရန်ဆီ ပုံချခဲ့တယ်။ သူက ကျွန်မရဲ့ အမြင်တွေကို မေးတဲ့အခါ၊ နားလည်သလိုလို ဟန်ဆောင်ပြီး သူ့ကို ဝတ်ကျေတမ်းကျေပုံစံနဲ့ အရူးလုပ်ခဲ့တယ်။ နောက်ဆုံးတော့ တခြားရွေးချယ်စရာ မရှိတော့မှသာ သူနဲ့အတူတူ ဗီဒီယိုကို တည်းဖြတ်ပေးခဲ့တယ်။ ဒီလိုလုပ်ခဲ့တာကြောင့် ဗီဒီယိုတည်းဖြတ်တာ ပြီးဖို့ တစ်လလောက် နှောင့်နှေးသွားခဲ့ရတယ်။ လီရှင်းက ကျွန်မ လုံးဝနားမလည်တဲ့ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ခက်ခဲတဲ့မေးခွန်းတစ်ခုကို မေးလာခဲ့တယ်။ ဒါပေမဲ့ ညီအစ်မ ကျွန်မကို အထင်သေးသွားမှာ ကြောက်ပြီး ဝတ်ကျေတမ်းကျေ စကားနည်းနည်းလောက်ပဲ ပြန်ဖြေလိုက်တယ်။ နောက်ပိုင်း ညီအစ်မက ထပ်မေးလာတဲ့အခါ၊ သိသွားမှာကြောက်လို့ ညီအစ်မရဲ့ အာရုံကို လွှဲဖို့ လှည့်ဖြားမှုတွေကို သုံးခဲ့တယ်။ တာဝန်မှာ နားမလည်တာတွေရှိရင် အထက်လူကြီးတွေကို မမေးခဲ့ဘူး။ ဒီလိုလုပ်လိုက်ရင် အရည်အချင်းမရှိတဲ့သူလို့ အထင်ခံရမယ်ဆိုပြီး အမြဲတမ်း ခံစားရလို့၊ ခေါင်းဆောင်တွေ မသိအောင် ဟန်လုပ်ခဲ့တယ်။ အရာအားလုံးကို နားလည်သယောင် ဟန်ဆောင်ခဲ့တယ်။ ဒီလိုလုပ်ခဲ့တာကြောင့် ပြဿနာတချို့က အချိန်အကြာကြီး မပြေလည်ဘဲ ရှိနေခဲ့ပြီး ဗီဒီယိုထုတ်လုပ်ရေးရဲ့ တိုးတက်မှုကို တိုက်ရိုက်ထိခိုက်စေခဲ့တယ်။ တကယ်တော့ ကျွန်မက ဒီတာဝန်ကို စထမ်းဆောင်ခါစပဲ ရှိသေးတာ။ တိုးတက်မှုတချို့ ရှိခဲ့ပေမဲ့၊ အရင်က မထိတွေ့ဖူးတဲ့ နည်းပညာတချို့လည်း ရှိသေးတော့ နားမလည်တာလေးတွေ ရှိနေတာက လုံးဝကို ပုံမှန်ပါပဲ။ ဆင်ခြင်တုံတရား နည်းနည်းလေးရှိတဲ့ ဘယ်သူမဆို သူတို့ကိုယ်သူတို့ ပြီးပြည့်စုံတဲ့သူတွေ မဟုတ်ဘူး၊ အရာအားလုံးကို နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကို သိကြတယ်။ ဒါကြောင့် သူတို့ တာဝန်တွေထမ်းဆောင်တဲ့အခါ တခြားသူတွေရဲ့ လမ်းညွှန်မှုနဲ့ အကူအညီ လိုအပ်တယ်၊ မေးစရာရှိရင်လည်း တခြားသူတွေကို တက်တက်ကြွကြွ မေးမြန်းကြမှာပဲ။ ဒါက လုံးဝကို ပုံမှန်ပဲလေ။ ဒါပေမဲ့ အဲဒါက ကျွန်မအတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်လာခဲ့တယ်။ ကိုယ့်ရဲ့ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေကို မရင်ဆိုင်နိုင်ခဲ့ဘူး၊ ချို့ယွင်းချက်တွေရှိတဲ့ သာမန်လူတစ်ယောက် မဖြစ်ချင်ခဲ့ဘူး။ ဟန်လုပ်ပြီး ပြီးပြည့်စုံတဲ့သူတစ်ယောက်ပဲ အမြဲတမ်း ဖြစ်ချင်နေခဲ့တယ်။ အမြဲတမ်းလိုလို ဟန်ဆောင်နေခဲ့တယ်။ အခက်အခဲကြုံတဲ့အခါ တခြားသူတွေကို မေးမြန်းတာက အရည်အချင်းမရှိတာကို ပြသတာဖြစ်ပြီး၊ တခြားသူတွေ ကိုယ့်ကို အထင်သေးဖို့ အခွင့်အရေးပေးသလို ဖြစ်လိမ့်မယ်လို့တောင် တွေးခဲ့သေးတယ်။ ကျွန်မက တကယ်ကို မာနအရမ်းထောင်လွှားပြီး အရမ်းကို ကြောင်သူတော်ဆန်လွန်းတာပဲ။ ကိုယ့်ရဲ့ ဆင်ခြင်သုံးသပ်မှုတွေက ဒီအဆင့်ထိရောက်လာတော့၊ ကိုယ့်ကိုယ်ကိုယ် ရင်ထဲကနေ မုန်းတီးလာတယ်။ ကျွန်မ လုပ်ခဲ့တာတွေက တကယ်ကို ရွံစရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။

နောက်ပိုင်းမှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ်လည်း ဆင်ခြင်သုံးသပ်ခဲ့တယ်။ ငါ ဘာလို့ အမြဲတမ်း ဟန်ဆောင်ပြီး ဟန်လုပ်နေရတာလဲပေါ့။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်တော့ ကျွန်မရဲ့ စိတ်နှလုံးက ပိုလင်းလက်ပြီး ရှင်းလင်းသွားသလို ခံစားလိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခြေအနေမှာ မည်သို့ဖြစ်ပါစေ ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ အန္တိခရစ်တစ်ဦးသည် ၎င်းအနေဖြင့် အားမနည်းကြောင်း၊ ၎င်းသည် အစဉ် စိတ်ဓာတ်ကြံ့ခိုင်ကာ ယုံကြည်စိတ်ချမှု အပြည့်ရှိ၍ မည်သည့်အခါမျှ အပျက်သဘောမဆောင်ကြောင်း အသွင်အပြင်ကို ကြိုးစားပြီး ပြလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကိုဖြစ်စေ၊ ဘုရားအပေါ် စစ်မှန်သော သဘောထားကိုဖြစ်စေ လူတို့က မည်သည့်အခါမျှ မမြင်စေရန် ဖြစ်၏။ အမှန်တကယ်တွင် ၎င်းတို့၏စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့ မလုပ်နိုင်သည့်အရာ လုံးဝ မရှိဟု ၎င်းတို့ အမှန်တကယ် ယုံကြည်သလော။ ၎င်းတို့၌ အားနည်းခြင်း မရှိကြောင်း၊ အပျက်သဘောဆောင်ခြင်း မရှိကြောင်း၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်း မရှိကြောင်း ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လုံးဝ မယုံကြည်ပေ။ ၎င်းတို့သည် ဟန်ဆောင်ရာ၌ တော်သည်၊ အမှုကိစ္စများကို ကွယ်ဝှက်ထားရာ၌ ကျွမ်းကျင်ကြသည်။ ၎င်းတို့၏ ကြံ့ခိုင်ပြီး အလွန်ကောင်းမွန်သည့်ဘက်ကို လူများအား ပြလိုကြသည်။ ၎င်းတို့၏အားနည်းပြီး စစ်မှန်သည့် ဘက်ကို ထိုသူတို့အား မမြင်စေလိုကြပေ။ ၎င်းတို့၏ရည်ရွယ်ချက်က သိသာထင်ရှားပေသည်။ ယင်းမှာ ၎င်းတို့၏ အချည်းနှီးသောဂုဏ်ကို ထိန်းသိမ်းဖို့နှင့် သိက္ခာဆည်ဖို့၊ လူများ၏စိတ်နှလုံးထဲ၌ ၎င်းတို့ရထားသည့်‌ နေရာကို ကာကွယ်ဖို့သက်သက်ပင် ဖြစ်သည်။ အခြားသူများအရှေ့တွင် ၎င်းတို့၏ကိုယ်ပိုင် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်တို့ကိုလည်းကောင်း၊ ၎င်းတို့၏ ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးသောဘက်အကြောင်းကိုလည်းကောင်း ဖွင့်ဟလျှင် ဤသည်မှာ ၎င်းတို့၏ဂုဏ်အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့အဖို့ ဆိုးဆိုးရွားရွား ထိခိုက်မှု ဖြစ်လိမ့်မည် ဖြစ်ပြီး ကောင်းကျိုးထက် ဆိုးကျိုးက ပိုဖြစ်စေသည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းသည့်အချိန်၊ ပုန်ကန်သည့်အချိန်နှင့် အပျက်သဘောဆောင်သည့်အချိန်များ ရှိခြင်းကို ဝန်ခံဖို့ထက် သေသာသေလိုက်ချင်ကြသည်။ လူတိုင်းက ၎င်းတို့၏ အားနည်းပြီး ပုန်ကန်လိုသည့်ဘက်ကို တွေ့သည့်နေ့ရက်ကို ရောက်လာလျှင်ပင် ၎င်းတို့က ဖောက်ပြန်ပျက်စီးပြီး လုံးဝ မပြောင်းလဲသည်ကို သူတို့ တွေ့မြင်သည့်အခါ ၎င်းတို့က ဆက်လက် ဟန်ဆောင်နေဦးမည် ဖြစ်သည်။ ၎င်းတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိခြင်း၊ သာမန်လူတစ်ဦးဖြစ်ခြင်း၊ အရေးမပါသောသူတစ်ဦး ဖြစ်ခြင်းကို ဝန်ခံလျှင် လူများ၏ စိတ်နှလုံးထဲတွင် ၎င်းတို့၏နေရာကို ဆုံးရှုံးကာ လူတိုင်း၏ ကိုးကွယ်မှုနှင့် ကြည်ညိုလေးစားမှုတို့ကို ဆုံးရှုံးပြီး သို့ဖြစ်၍ လုံးလုံး ရှုံးနိမ့်ရလိမ့်မည်ဟု ထင်မြင်ကြသည်။ ထို့ကြောင့် မည်သည့်အရာပင် ဖြစ်ပါစေ ၎င်းတို့သည် ဟန်ဆောင်မှုကင်းသော ဟန်ပန်ဖြင့် လူများကို ဖွင့်ပြောမည် မဟုတ်ဘဲ မည်သည့်အရာဖြစ်ပါစေ ၎င်းတို့၏အာဏာနှင့် ဂုဏ်အဆင့်အတန်းတို့ကို အခြားမည်သူတစ်ဦးကိုမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့က ယှဉ်ပြိုင်ဖို့ အစွမ်းကုန်ကြိုးစားမည်ဖြစ်ကာ မည်သည့်အခါမျှ လက်လျှော့မည် မဟုတ်ပေ။...အန္တိခရစ်များသည် မိမိတို့ကိုယ်ကို စွဲမြဲစွာ အားကိုးထိုက်သော၊ စိတ်ခိုင်မာသောသူအဖြစ်၊ စွန့်လွှတ်ပြီး ဒုက္ခခံနိုင်သူ၊ အပြစ်အနာအဆာကင်းပြီး အမှားများ၊ ပြဿနာများမရှိသူအဖြစ် ဖော်ပြကြသည်။ လူတစ်ယောက်က ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို ထောက်ပြလျှင်၊ ၎င်းတို့ကို တန်းတူ ဆက်ဆံလျှင်၊ သာမန်ညီအစ်ကိုမောင်နှမအဖြစ် ဆက်ဆံလျှင်၊ ပွင့်ပွင့်လင်းလင်းပြောပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင် ၎င်းတို့က ဤအရာကို မည်သို့ သဘောထားသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သက်သေထူပြီး မှန်ကန်ကြောင်းပြဖို့၊ ၎င်းတို့က မှန်ကန်သည်ဟု သက်သေပြရန်၊ နောက်ဆုံးတွင် ၎င်းတို့တွင် ပြဿနာမရှိ၊ ၎င်းတို့သည် ပြည့်စုံသော၊ ဝိညာဉ်ရေးရာ ပြည့်ဝသောသူဖြစ်သည်ဟု လူတို့အားမြင်စေရန် အစွမ်းကုန် လုပ်ဆောင်ကြသည်။ ဤအရာအားလုံးမှာ အယောင်ဆောင်၍ လိမ်လည်ခြင်းမဟုတ်လော။ မိမိတို့ကိုယ်ကို အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ထင်သူအားလုံးသည် အယောင်ဆောင်၍ လိမ်လည်သူများဖြစ်ကြသည်။ ၎င်းတို့အားလုံးက အယောင်ဆောင်များဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ငါ့ကို ပြောလော့။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တွင် အပြစ်အနာအဆာကင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ အမှန်တကယ် သန့်ရှင်းသောသူ တစ်စုံတစ်ယောက်ရှိသလော။ (မရှိပါ။) လုံးဝ မရှိပေ။ လူသားသည် စာတန်ကြောင့် အလွန်ဖောက်ပြန်ပျက်စီးပြီး၊ သမ္မာတရားကို ပင်ကိုအားဖြင့် မပိုင်သောအခါ အပြစ်အနာအဆာကင်းမဲ့ခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။ ဘုရားသခင်သာလျှင် သန့်ရှင်းသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် ညစ်ညမ်းသည်။ လူတစ်ယောက်သည် အပြစ်အနာအဆာ ကင်းမဲ့သည်ဟု ပြောဆိုလျက် သန့်ရှင်းသူတစ်ဦးအဖြစ် အယောင်ဆောင်ခဲ့လျှင် ထိုသူသည် မည်သည့်အရာဖြစ်မည်နည်း။ နတ်ဆိုးတစ်ကောင်၊ စာတန်တစ်ကောင်နှင့် ကောင်းကင်တမန်မင်းတစ်ပါး ဖြစ်လိမ့်မည်။ ထိုသူသည် အန္တိခရစ်စစ်စစ် ဖြစ်လိမ့်မည်။ အန္တိခရစ်ကသာ အပြစ်အနာအဆာ ကင်းပြီး သန့်ရှင်းသည်ဟု ပြောဆိုလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မရဲ့ နှလုံးသားကို ဓားနဲ့ထိုးခံလိုက်ရသလို ခံစားလိုက်ရတယ်။ အန္တိခရစ်တွေက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အသက်ထက်တောင် ပိုအရေးကြီးတယ်လို့ သတ်မှတ်ကြတယ်။ သူတို့က ဟန်ဆောင်တာနဲ့ လှည့်စားတဲ့နေရာမှာ အထူးသဖြင့် ကျွမ်းကျင်ကြတယ်။ သူတို့က အားနည်းချက် ဒါမှမဟုတ် ချို့ယွင်းချက် မရှိသလို၊ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်တာလည်းမရှိတဲ့ ပြီးပြည့်စုံတဲ့ ပုံရိပ်တစ်ခုလို သူတို့ကိုယ်သူတို့ ပုံဖော်ကြတယ်။ တခြားသူတွေက သူတို့ကို ကိုးကွယ်ပြီး အထင်ကြီးလေးစားလာအောင် လုပ်ဖို့ဆိုတဲ့ သူတို့ရဲ့ ပန်းတိုင်ကို ပြည့်မြောက်စေဖို့ သူတို့ ဒီလို လုပ်ကြတာပဲ။ ဘုရားသခင် ဖော်ထုတ်ထားတဲ့ အန္တိခရစ်တွေနဲ့ ကျွန်မက တစ်ပုံစံတည်းပဲ။ ကျွန်မကလည်း ကိုယ့်ရဲ့ ခိုင်မာပြီး တောက်ပတဲ့ဘက်ကို တခြားသူတွေမြင်အောင် ပြရတာကို အရမ်းပဲ သဘောကျတယ်၊ တခြားသူတွေ ကိုယ့်ကို လေးစားအားကျတာ၊ သူတို့ရဲ့ စိတ်နှလုံးထဲမှာ အဆင့်အတန်းတစ်ခု ရှိတာကို ကြိုက်တယ်။ ခေါင်းဆောင်တွေက ကျွန်မကို ဗီဒီယိုတည်းဖြတ်ခိုင်းတာပဲဖြစ်ဖြစ်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို မေးခွန်းတွေမေးတာပဲဖြစ်ဖြစ်၊ ကျွန်မက အမြဲတမ်း ဟန်ဆောင်ပြီး နားမလည်ရင်တောင် နားလည်သယောင် ဟန်လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေကို လှည့်စားပြီး အထင်အမြင်မှားအောင်တောင် လုပ်ခဲ့သေးတယ်။ ညီအစ်ကိုမောင်နှမတွေက မေးခွန်းတွေမေးလာလို့ ကျွန်မ နားမလည်တဲ့အခါ၊ ဘာလို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား မရှိနိုင်ခဲ့တာလဲ။ သူတို့က ကျွန်မရဲ့ ချို့ယွင်းချက်တွေကို မြင်သွားပြီး ကျွန်မကလည်း သူတို့လိုပဲ သာမန်လူတစ်ယောက်ပဲလို့ ထင်သွားပြီး ကျွန်မကို မလေးစား၊ အားမကျတော့မှာကို ကြောက်လို့ မဟုတ်ဘူးလား။ ကြီးကြပ်ရေးမှူးဆိုတဲ့ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့အတွက် တာဝန်မှာ နားမလည်တဲ့အရာတွေနဲ့ပတ်သက်ပြီး မေးခွန်းတွေ မမေးရဲခဲ့ဘူး။ ခေါင်းဆောင်တွေက အရင်က သူတို့ပြောခဲ့သလို ကျွန်မက အစွမ်းအစရှိတဲ့သူမဟုတ်ဘူးလို့ ထင်ပြီး ကျွန်မကို အထင်သေးသွားမှာကို ကြောက်ခဲ့တယ်။ ကိုယ့်တာဝန်တွေနဲ့ အသက် ဝင်ရောက်မှုမှာ ရှေ့ဆက်ဖို့ လမ်းကြောင်းမရှိတဲ့ အခက်အခဲတွေကြုံနေရလို့ ကျွန်မ စိတ်ဆင်းရဲနေရပြီးပြီဆိုပေမဲ့ ကိုယ့်ရဲ့ အပျက်သဘောဆောင်တာတွေ၊ အားနည်းချက်တွေကို တခြားသူတွေသိအောင် မဖော်ထုတ်ဘဲ ကိုယ့်ဘာသာ တိတ်တိတ်လေး ငိုဖို့ကိုပဲ ရွေးချယ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အစွမ်းအစကို မြင်သွားပြီး ကျွန်မကို အထင်မကြီးတော့မှာကို အရမ်းကို ကြောက်နေခဲ့တာ။ ကျွန်မက တကယ်ကို ကြောင်သူတော်ဆန်လွန်းပြီး ဟန်ဆောင်တဲ့နေရာမှာ သိပ်ကို ကျွမ်းကျင်လွန်းတာပဲ။ ဖန်ဆင်းခံတွေအားလုံးမှာ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေ ရှိကြတယ်။ ဒါပေမဲ့ ကိုယ့်မှာ ချို့ယွင်းချက်တွေ ရှိနေတာကို ကျွန်မ လက်မခံနိုင်ခဲ့ဘူး၊ ချို့ယွင်းချက်တွေနဲ့ အားနည်းချက်တွေအားလုံးကို ဖုံးကွယ်ဖို့ ဟန်လုပ်ခဲ့တယ်။ ဟန်ဆောင်မှု မျက်နှာဖုံးကို အမြဲတမ်းတပ်ထားပြီး၊ ထာဝရ ခိုင်မာပြီး ယုံကြည်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ ပုံစံမျိုးကို လုပ်ပြခဲ့တယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က တခြားသူတွေရဲ့ စိတ်နှလုံးထဲမှာ အဆင့်အတန်းတစ်ခုရှိဖို့နဲ့ လူတွေက ကျွန်မကို လေးစားအားကျလာအောင် လုပ်ဖို့ပါပဲ။ တစ်နေ့ကုန် ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ ခေါင်းစားနေပြီး၊ ရတာတွေ ဆုံးရှုံးတာတွေအတွက်ပဲ ပူပန်နေခဲ့ပေမဲ့၊ ကျွန်မရဲ့ အဓိကတာဝန်တွေနဲ့ တကယ်သက်ဆိုင်တဲ့ အလုပ်တွေမှာတော့ စိတ်အားထက်သန်မှု မရှိခဲ့ဘူး။ တကယ့်အလုပ်ကို ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ဘူး။ ဗီဒီယိုကို ကောင်းကောင်းမတည်းဖြတ်နိုင်ရင် သိက္ခာကျမှာကို ကြောက်တဲ့အတွက် အချိန်ဆွဲထားပြီး မတည်းဖြတ်ရဲခဲ့ဘူး။ အဲဒါက ဗီဒီယိုအလုပ်ရဲ့ တိုးတက်မှုကို ထိခိုက်စေခဲ့တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ အဓိကအလုပ်က ညီအစ်ကိုမောင်နှမတွေနဲ့အတူ တာဝန်တွေထမ်းဆောင်ရာမှာ ပေါ်လာတတ်တဲ့ ပြဿနာအမျိုးမျိုးကို ဖြေရှင်းပေးဖို့နဲ့ ဗီဒီယိုအလုပ်တွေ ချောချောမွေ့မွေ့ ဖြစ်စေဖို့ပါပဲ။ ဒါပေမဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းခဲ့ဘဲ အမြဲတမ်း ဟန်ဆောင်နေခဲ့တယ်။ ကျွန်မမှာ လူ့သဘာဝ သိပ်ကို ကင်းမဲ့နေခဲ့တာပဲ။ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ တွေးမိတယ်။ “ဖန်ဆင်းခံများသည် အနန္တတန်ခိုးကို ရရှိနိုင်သလော။ ၎င်းတို့သည် စုံလင်ခြင်းနှင့် အပြစ်အနာအဆာကင်းခြင်းကို ရရှိနိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် စတင်ရန် ပြည့်စုံရမည့် သတ်မှတ်ချက် ငါးချက်) လူတွေက သေးငယ်ပြီး မပြောပလောက်ပါဘူး။ သူတို့က အရာရာကို တတ်စွမ်းခြင်းရရှိဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ရိုးရိုးပြောရရင်တော့၊ ကျွန်မရဲ့ အပြုအမူဟာ ကိုယ့်ကိုယ်ကိုယ် အရာရာကို လုပ်ဆောင်နိုင်တဲ့၊ ပြည့်စုံတဲ့ လူတစ်ယောက် ဖြစ်အောင် လုပ်ဖို့ ကြိုးစားမှုတစ်ခုပါပဲ။ ဖောက်ပြန်ပျက်စီးတဲ့သူတစ်ယောက်အနေနဲ့၊ အရာရာကို ဘယ်လိုတတ်စွမ်းအောင် လုပ်ရမလဲဆိုတာကိုပဲ တစ်နေကုန် တွေးနေခဲ့တယ်။ ကျွန်မရဲ့ သဘာဝက တကယ်ကို ဆိုးယုတ်လွန်းတာပဲ။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့ရတယ်။ “သင်၏စိတ်နှလုံးတွင် သင်သည် မည်သို့သောလူမျိုးဖြစ်သည်၊ သင်၏ အနှစ်သာရ အဘယ်သို့ရှိသည်၊ သင်၏ အားနည်းချက်များက မည်သည့်အရာဖြစ်ပြီး မည်သည့် ဖောက်ပြန်ပျက်စီးမှုကို သင် ထုတ်ဖော်ပြသည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ သိရှိလျှင် ဤအရာကို အခြားလူများနှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ဤသို့ဖြင့် သင်၏ အခြေအနေမှန်က မည်သို့ရှိသည်၊ သင်၏ အတွေးများနှင့် ထင်မြင်ချက်များက မည်သို့ရှိသည်တို့ကို ၎င်းတို့ မြင်တွေ့နိုင်ဖို့ဖြစ်သည်။ ဤသို့အားဖြင့် ဤကဲ့သို့သော အရာများနှင့်ပတ်သက်ပြီး သင့်တွင် မည်သည့်အသိပညာရှိသည်ကို ၎င်းတို့ သိရှိဖို့ရန်ဖြစ်သည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မည်သူမျှ မသိရန်အလို့ငှာ အယောင်မဆောင်နှင့်၊ သို့မဟုတ် ဟန်မလုပ်နှင့်။ သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်များကို သူတစ်ပါးတို့အား မဖုံးကွယ်နှင့်။ ဤအယောင်ဆောင် အပြုအမူမျိုးသည် သင်၏ စိတ်နှလုံးတွင် အတားအဆီးတစ်ခု ဖြစ်သည်။ ဖောက်ပြန်ပျက်စီးခြင်းတစ်ခုလည်းဖြစ်ပြီး လူတို့ကို နောင်တရခြင်း၊ ပြောင်းလဲခြင်းမှ တားဆီးနိုင်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်။ အခြားလူတို့က သင့်ကို ပေးသည့် ချီးမွမ်းခြင်း၊ သင့်အား ၎င်းတို့ ပုံပေးသည့် ဂုဏ်ကျက်သရေနှင့် ၎င်းတို့ပေးအပ်သော သရဖူများကဲ့သို့သော အယောင်ဆောင်ဖြစ်သောအရာများအား သုံးသပ်ခြင်း၊ စိစစ်ခြင်းတို့ကို ထိန်းသိမ်းရမည်။ ဤအရာများက သင့်အပေါ်တွင် ဖြစ်စေသော ထိခိုက်နစ်နာမှုကို သင်မြင်ရမည်။ ထိုသို့ပြုလုပ်ရာတွင် သင်သည် သင်ကိုယ်တိုင်၏ ဆောင်ရွက်မှုကို သိလိမ့်မည်။ မိမိကိုယ်ကို သိမြင်မှုကို ရရှိလိမ့်မည်။ သင့်ကိုယ်သင် မဟာလူသားတစ်ဦးအဖြစ်၊ သို့မဟုတ် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ယောက်ယောက်အဖြစ် မြင်တော့မည်မဟုတ်ပေ။ ဤသို့သော မိမိကိုယ်ကို သိမြင်မှုကို သင် ရရှိသည်နှင့် သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်များနှင့် သင်၏ စိတ်နှလုံးတွင်းသို့ လူသားအပေါ် ဘုရားသခင် တောင်းဆိုသောအရာကို လက်ခံရန်၊ သင့်အပေါ် ဖန်ဆင်းရှင်၏ ကယ်တင်ခြင်းကို လက်ခံရန်၊ တည်ကြည်ခိုင်မာစွာဖြင့် သာမန်လူတစ်ယောက်ဖြစ်ရန်၊ ရိုးသားပြီး အားကိုးရနိုင်သည့် တစ်စုံတစ်ဦးဖြစ်ရန်နှင့် ဖန်ဆင်းခံဖြစ်သော သင်ကိုယ်တိုင်နှင့် ဖန်ဆင်းရှင်ဖြစ်သော ဘုရားသခင်ကြား သာမန်ဆက်ဆံရေးကို တည်ဆောက်ရန် သင့်အတွက် လွယ်ကူလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူတို့အပေါ် တောင်းဆိုသောအရာ အတိအကျဖြစ်ပြီး ၎င်းတို့အဖို့ လုံးဝ ရယူနိုင်သောအရာတစ်ခုလည်းဖြစ်သည်။...သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ငါ ချခင်းပေးသည့် နည်းစနစ်ကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သာမန်လူတစ်ဦး ဖြစ်လော့၊ မိမိကိုယ်ကို ဟန်မဆောင်နှင့်၊ ဘုရားသခင်ထံ ဆုတောင်းပြီး ရိုးရှင်းသည့် နည်းလမ်းဖြင့် မိမိကိုယ်ကို ဖွင့်ဟကာ အခြားသူများနှင့် လှိုက်လှိုက်လှဲလှဲ စကားပြောရန် သင်ယူလော့။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် အလိုအလျောက် အကျိုးဖြစ်ထွန်းလိမ့်မည်။ တဖြည်းဖြည်းနှင့် သင်သည် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်ယူလိမ့်မည်။ ဘဝကို ငြီးငွေ့တော့မည် မဟုတ်၊ ပူပင်သောကရောက်တော့မည် မဟုတ်သကဲ့သို့ စိတ်ဆင်းရဲတော့မည် မဟုတ်ပေ။ လူအားလုံးသည် သာမန်လူများ ဖြစ်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများ ကွာခြားပြီး အစွမ်းအစတွင် အတော်အတန် ခြားနားသည်မှလွဲ၍ ၎င်းတို့ကြားတွင် ကွဲပြားမှု မရှိပေ။ ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကွယ်ကာမှုကြောင့် မဟုတ်လျှင် ၎င်းတို့အားလုံး မကောင်းမှု ပြုမည်ဖြစ်ကာ အပြစ်ဒဏ်ပေးခြင်းကို ခံစားရမည် ဖြစ်သည်။ သင်သည် သာမန်လူတစ်ဦးဖြစ်ကြောင်း ဝန်ခံနိုင်လျှင်၊ လူ၏ စိတ်ကူးများနှင့် အနှစ်မဲ့သည့် အတွေးမှားများမှ သင် ထွက်နိုင်ပြီး ရိုးသားသော လူတစ်ဦးဖြစ်ရန် ကြိုးစားကာ ရိုးသားသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်လျှင်၊ ဘုရားသခင်ကို တာဝန်သိစွာ ကျိုးနွံနာခံနိုင်လျှင် သင်သည် ပြဿနာများရှိလိမ့်မည် မဟုတ်သကဲ့သို့ လူသား ပုံသဏ္ဌာန်ကို အပြည့်အဝ အသက်ရှင်လိမ့်မည်။ ထိုမျှ ရိုးရှင်းသောကြောင့် အဘယ်ကြောင့် လမ်းကြောင်း မရှိရသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်)သင့်အနေဖြင့် ‘ကျွန်ုပ် မတတ်နိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် ဉာဏ်မမီနိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် ထိုးထွင်းမမြင်နိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် မတွေ့ကြုံရသေးပါ’၊ ‘မည်သည့်အရာကိုမျှ ကျွန်ုပ် လုံးဝ မသိပါ’၊ ‘ကျွန်ုပ် အဘယ်ကြောင့် အလွန် အားနည်းရသနည်း။ အဘယ်ကြောင့် ကျွန်ုပ် အလွန်ပင် အသုံးမကျဖြစ်ရသနည်း’၊ ‘ကျွန်ုပ် ထိုမျှ အစွမ်းအစ ညံ့ဖျင်းပါသည်’၊ ‘ကျွန်ုပ် အလွန် ထုံထိုင်းပြီး နုံအပါသည်’၊ ‘ကျွန်ုပ် အလွန် မသိနားမလည်သည်မှာ ဤအရာကို ကျွန်ုပ် နားလည်ပြီး တာဝန်မယူနိုင်မီ ရက်အတန်ကြာ အချိန်ယူရလိမ့်မည် ဖြစ်သည်’ ဆိုသည်နှင့် ‘ဤအရာကို တစ်စုံတစ်ဦးနှင့် ငါ ဆွေးနွေးရန် လိုအပ်သည်’ဟု ပြောဖို့ သင်ယူရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ရန် သင် သင်ယူရမည်။ ဤသည်မှာ သင်သည် ပုံမှန်လူတစ်ဦးဖြစ်ကြောင်း သင်၏ ဝန်ခံခြင်းနှင့် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်၏ ဆန္ဒ၏ အပြင်ပန်း လက္ခဏာရပ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စပြီးတွေးဆမိတယ်။ တကယ်တော့ အရင်တုန်းက ခေါင်းဆောင်တွေ ကျွန်မကို ချီးကျူးခဲ့တုန်းက၊ အဲဒီအချိန်တုန်းမှာ ကျွန်မက ကျွမ်းကျင်မှုပိုင်းဆိုင်ရာတွေကို လေ့လာတဲ့နေရာမှာ တော်တော်လေး တက်ကြွခဲ့သလို ဗီဒီယိုတချို့ ထုတ်လုပ်ထားပြီး တိုးတက်မှုတချို့ ပြသခဲ့လို့ပါပဲ။ အတန်းထဲမှာ နှစ်ရက်သုံးရက်လောက် စာသေချာနားထောင်လို့ ဆရာတွေရဲ့ ချီးကျူးမှုကို နှစ်ခါသုံးခါလောက် ရလိုက်တဲ့ ပထမတန်း ကျောင်းသားလေးတစ်ယောက်လိုပေါ့၊ ဒါနဲ့ပဲ သူက တခြား အတန်းဖော်တွေထက် ပိုတော်တယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ စာအုပ်တွေအားလုံးထဲက ဗဟုသုတတွေ အကုန်လုံးကို သူ သင်ယူတတ်မြောက်သွားပြီဆိုတဲ့ သဘောလည်းမဟုတ်ဘူး။ ခေါင်းဆောင်တွေဆီက ချီးကျူးခံရတာက ကျွန်မက ဗီဒီယိုနည်းပညာပိုင်းမှာ ကျွမ်းကျင်ပညာရှင်ဖြစ်သွားပြီ၊ ဘာပြဿနာမှ မရှိတော့တဲ့သဘော မဟုတ်ပါဘူး။ တကယ်တော့ ကျွန်မက နည်းပညာတွေကို တစ်ဝက်တစ်ပျက်လောက်ပဲ နားလည်သေးတဲ့ လက်သင်ပဲ ရှိပါသေးတယ်။ ကျွန်မမှာ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေ အများကြီး ရှိနေပါသေးတယ်။ သင်ယူစရာ၊ နားလည်အောင်လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ဆက်ဆံသင့်ပြီး ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရင့်ကျက်မှုနဲ့ အရည်အချင်းအဆင့်အမှန်ကို ရှင်းရှင်းလင်းလင်း မြင်သင့်တယ်။ တခြားသူတစ်ယောက်ဆီက ချီးကျူးစကားတစ်ခွန်းကြောင့် ကိုယ့်အတိုင်းအတာကို ကိုယ်မေ့သွားမယ်ဆိုရင်တော့၊ နောက်ဆုံးမှာ ဆင်ခြင်တုံတရား လုံးဝကင်းမဲ့ပြီး မာနထောင်လွှားတဲ့သူ တစ်ယောက်အနေနဲ့ပဲ အဆုံးသတ်သွားမှာပါ။ အရင်တုန်းက ကျွန်မ အမြဲတွေးခဲ့မိတာက ကိုယ်က ကြီးကြပ်ရေးမှူးဖြစ်နေတော့၊ တခြားသူတွေ အပျက်သဘောဆောင်တာက ကိစ္စမရှိပေမဲ့ ကိုယ်ကတော့ မဖြစ်ရဘူးလို့ပေါ့။ ဘယ်လိုပြဿနာတွေပဲ ပေါ်လာပေါ်လာ၊ ကိုယ်ကတော့ တောင့်ခံထားရမယ်၊ ကိုယ့်ရဲ့ အားနည်းချက်ကို တခြားသူတွေ မမြင်အောင်လုပ်ရမယ်လို့ တွေးခဲ့တယ်။ တကယ်တော့ ဒါက ကိုယ့်ကိုယ်ကိုယ် မဟာလူသားတစ်ယောက်လို သဘောထားနေတာပဲ၊ ပုံမှန် လူ့သဘာဝရဲ့ ဖော်ပြမှု မဟုတ်ပါဘူး။ ကျွန်မက ကြီးကြပ်ရေးမှူးဖြစ်ပေမဲ့ တခြား ညီအစ်ကိုမောင်နှမတွေထက် ပိုသာတယ်လို့ မဆိုလိုပါဘူး။ ဒါက တာဝန်နဲ့ ဝတ္တရား ကွာခြားမှုလေးပဲလေ။ အသက် ဝင်ရောက်မှုမှာပဲဖြစ်ဖြစ်၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ် လူတိုင်းမှာ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေ ရှိကြတာချည်းပါပဲ။ ပြဿနာတချို့ကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်တာ၊ နားမလည်တာက လုံးဝကို ပုံမှန်ပါပဲ။ ဒါက ရေးကြီးခွင်ကျယ်လုပ်စရာကိစ္စမှ မဟုတ်တာ။ ရိုးသားတဲ့ သဘောထားရှိပြီး ကိုယ့်အားနည်းချက်တွေကို ဝန်ခံသင့်တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေနဲ့အတူ လေ့လာစရာ အချက်အလက်တွေကို ရှာဖွေသင့်တယ်။ နားမလည်တာတစ်ခုခုရှိရင် အထက်လူကြီးတွေကို မေးမြန်းသင့်တယ်။ ဒါမှ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး အသင်းတော်အလုပ်ကို အနှောင့်အယှက် မဖြစ်စေမှာလေ။

စုဝေးပွဲတစ်ခုမှာ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ ရင်ဖွင့်ပြီး ပြောပြခဲ့တယ်။ အဲဒီအချိန်အတောအတွင်း ဟန်လုပ်ပြီး ဟန်ဆောင်နေခဲ့တဲ့ ကျွန်မရဲ့ အခြေအနေကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာခဲ့တယ်။ ကျွန်မရဲ့ ချို့ယွင်းချက်တွေ၊ အားနည်းချက်တွေကို ပြောပြလိုက်တော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ အစွမ်းအစနဲ့ ဝိညာဉ်ရင့်ကျက်မှုကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွားတာပေါ့။ တစ်ချိန်တည်းမှာပဲ ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကိုလည်း ကျွန်မ ပြောင်းလဲလိုက်တယ်။ ဗီဒီယိုထုတ်လုပ်တဲ့အခါ ဘာစိတ်ကူးမှ မရတဲ့အခါ ဟန်မလုပ်တော့ဘူး။ အဲဒီအစား ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ သွားရှာဖွေတယ်။ ညီအစ်ကိုမောင်နှမတွေက တစ်ခွန်း၊ ကျွန်မက တစ်ခွန်းနဲ့ ကျွန်မတို့မသိလိုက်ခင်မှာပဲ အခက်အခဲတချို့ ပြေလည်သွားခဲ့တယ်။ ဟန်ဆောင်မှု မျက်နှာဖုံးကို ဖယ်ရှားလိုက်တဲ့အခါ တာဝန်တွေထမ်းဆောင်ရတာ ပေါ့ပါးသွားသလို ခံစားရတယ်။ အရင်ကလို လှောင်ပိတ်ပြီး စိတ်ဆင်းရဲစရာ မကောင်းတော့ဘူး။ တစ်ခါက ညီအစ်မတစ်ယောက်က ပုံစံသစ် ဗီဒီယိုတစ်ခုကို ဘယ်လိုထုတ်လုပ်ရမလဲလို့ ကျွန်မကို မေးတယ်။ ဗီဒီယိုရဲ့ စည်းမျဉ်းတွေနဲ့ သတ်မှတ်ချက်တွေကို ကျွန်မ သိပ်မရှင်းတဲ့အတွက် အဲဒါကို ထုတ်လုပ်ဖို့ ဘာစိတ်ကူးမှမရှိခဲ့ဘူး။ “ငါ နားမလည်ဘူးလို့ ပြောလိုက်ရင် ညီအစ်မက ငါ့ကို ဘယ်လိုထင်မလဲ၊ ကြီးကြပ်ရေးမှူးဖြစ်ပြီးတော့ ဒီလို ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဗဟုသုတလေးတောင် မသိဘူးလို့ ထင်သွားမလား။ ညီအစ်မက ငါ့ကို အထင်သေးသွားမလား” လို့ ကိုယ့်ဘာသာ တွေးမိတယ်။ အဲဒီအချိန်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို သတိရလိုက်တယ်။ “သင့်အနေဖြင့် ‘ကျွန်ုပ် မတတ်နိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် ဉာဏ်မမီနိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် ထိုးထွင်းမမြင်နိုင်ပါ’၊ ‘ထိုအရာကို ကျွန်ုပ် မတွေ့ကြုံရသေးပါ’၊...ဤသို့ လက်တွေ့လုပ်ဆောင်ရန် သင် သင်ယူရမည်။ ဤသည်မှာ သင်သည် ပုံမှန်လူတစ်ဦးဖြစ်ကြောင်း သင်၏ ဝန်ခံခြင်းနှင့် ပုံမှန်လူတစ်ဦးဖြစ်ရန် သင်၏ ဆန္ဒ၏ အပြင်ပန်း လက္ခဏာရပ်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဟန်ဆောင်တဲ့ အခြေအနေမှာ အသက်ရှင်နေရတဲ့ အရင်က မချိမဆံ့နာကျင်စရာ အတွေ့အကြုံကို ပြန်တွေးမိတဲ့အခါ၊ အဲဒီလို ထပ်ပြီး အသက်မရှင်ချင်တော့ဘူး။ ကိုယ့်တာဝန်ကို ထမ်းဆောင်တာနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ ရည်ရွယ်ချက်တွေ၊ သဘောထားတွေကို ပြောင်းလဲပြီး ပုံမှန်လူတစ်ယောက်လို နေဖို့ လိုအပ်တယ်လေ။ နောက်တော့ ညီအစ်မကို ရင်ဖွင့်ပြီး “အစ်မလည်း ဒါကို နားမလည်ဘူး၊ ဒီလို ဗီဒီယိုမျိုးရဲ့ ထုတ်လုပ်မှု စည်းမျဉ်းတွေကို သိပ်မရှင်းဘူးဖြစ်နေတယ်” လို့ ပြောလိုက်တယ်။ အဲဒီနောက်မှာ အတူတူ လေ့လာလို့ရအောင် ဒီအပိုင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ၊ သက်ဆိုင်ရာ သင်ခန်းစာ အချက်အလက်တွေကို ကျွန်မတို့ ရှာဖွေခဲ့ကြတော့ ထုတ်လုပ်ရမယ့် လမ်းကြောင်းကို ပိုပြီး ရှင်းလင်းသွားတယ်။ ရင်ထဲမှာ ပေါ့ပါးပြီး လွတ်မြောက်သွားသလို ခံစားရတယ်။ အချိန်တစ်ခုကြာတော့ ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ်။ စာထဲမှာ ကျွန်မတို့ ထုတ်လုပ်ခဲ့တဲ့ ဗီဒီယိုတချို့က တိုးတက်မှုရှိတယ်လို့ ရေးထားပြီး၊ အလုပ်ကို ဒီထက်ပိုကောင်းအောင် ဆက်လုပ်ခိုင်းထားတယ်။ ခေါင်းဆောင်တွေဆီက အားပေးစာကို မြင်ရတော့ ကျွန်မ တကယ်ကို စိတ်လှုပ်ရှားသွားပြီး မျက်ရည်တွေက အလိုလို ကျလာတယ်။ တစ်ဖက်မှာတော့ ကျွန်မ ရှက်မိတယ်၊ ဘာလို့လဲဆိုတော့ အရင်က ဟန်ဆောင်ပြီး ဟန်လုပ်တဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့လို့ ဗီဒီယိုအလုပ်တွေ နှောင့်နှေးခဲ့ရတာကိုး။ နောက်တစ်ဖက်မှာတော့ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်းကို ကျွန်မ တွေ့ကြုံခံစားရတယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်ပြီး အချိန်အတော်ကြာတဲ့အထိ မပြောင်းလဲနိုင်ခဲ့တုန်းက ဘုရားသခင်က ကျွန်မကို လမ်းမပြခဲ့ဘူး။ ကျွန်မ ဘုရားသခင်ဘက်ကို လှည့်ပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ဖို့ ဆန္ဒရှိလာတဲ့အခါမှာတော့ ဘုရားသခင်ရဲ့ ပြုံးနေတဲ့ မျက်နှာတော်ကို ကျွန်မ မြင်ခဲ့ရတယ်။ အခုဆိုရင် ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်မှုတချို့ ရရှိနေပြီဖြစ်ပြီး၊ ဟန်လုပ်တာ၊ ဟန်ဆောင်တာတွေလည်း တော်တော်လေး ပြောင်းလဲလာပါပြီ။ ဒီရလဒ်တွေအားလုံးဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုကြောင့်သာ ရရှိခဲ့တာပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မ နားမလည်တာကို ဖုံးကွယ်ရတဲ့ အကြောင်းအရင်း

မြောင်မြောင်၊ တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ရိုးသားခြင်းဟူသည်မှာ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ ပေးအပ်ခြင်းကို ဆိုလို၏၊...

ကျွန်ုပ်သည် ဟန်ဆောင်မှုများနှင့် လှည့်စားမှုဖြင့် မိမိကိုယ်ကို ထိခိုက်နစ်နာစေခဲ့သည်

၂၀၂၁ ခုနှစ်စက်တင်ဘာလမှာ၊ ဗီဒီယိုသစ်တစ်ခု ထုတ်လုပ်ရေး ပရောဂျက်မှာ ပါဝင်ဖို့ အသင်းတော်က ကျွန်မအတွက် စီစဉ်ပေးခဲ့တယ်။ အဲဒါက အတော်လေး...

သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော ဝန်ထုပ်

ဆုဝမ် တရုတ်နိုင်ငံ ၂၀၂၀ ခုနှစ် ဩဂုတ်လမှာ၊ အဆင့်အတန်းကို လိုက်စားပြီး အိုးနင်းခွက်နင်း လုပ်နေလို့ ခေါင်းဆောင်မှု တာဝန်ကနေ ကျွန်မ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။