ဘုရားသခင်၏ သိုးသည် ဘုရားသခင်၏ အသံတော်ကို ကြားသည်- စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားသင့်သည်

11.07.2020

to-whom-we-should-listen

ဤကမ္ဘာ့ကပ်ဆိုးကြီးသည် လတ်တလော လများတွင် ဆက်လက်ပျံ့နှံ့နေပြီး၊ ရောဂါအတည်ပြုလူနာများနှင့် သေဆုံးမှု အရေအတွက်များသည် ယခင်ကထက် တိုး၍ မြင့်မားလာသည်။ ပိုးမွှားအုပ်ကြီးများ၊ ရေလွှမ်းမိုးမှုများနှင့် မီးများ၊ ပြီးလျှင် ဖြစ်ပွားအံ့သော စစ်ပွဲများ၏ ခြိမ်းခြောက်မှု တို့ကဲ့သို့သော ဘေးဒုက္ခများသည် တစ်ကမ္ဘာလုံးအနှံ့ အောတိုက်နေသည်။ ခရစ်ယာန်များစွာက သခင်သည် ပြန်ကြွလာနှင့်ပြီးဖြစ်သည်ကို သတိပြုမိလာကြပြီး၊ သူ၏ ပေါ်ထွန်းမှုကို ယခု ရှာဖွေနေကြသည်။ ယခုအခါ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သာလျှင် သခင်ပြန်ကြွလာပြီးဖြစ်သည်ကို သက်သေခံနေပြီး၊ လူများစွာတို့က အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ယခု ရှာဖွေပြီး လေ့လာစုံစမ်းနေကြသည်။ ပို၍ပို၍ များပြားသော လူများက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးသည့်နောက် ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏အသံတော် ဖြစ်သည်ကို သေချာလာကြပြီး၊ ထို့နောက်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလာကြသည်။ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်သည် တရုတ်ကွန်မြူနစ်ပါတီအစိုးရ နှင့် ဘာသာရေး လောကမှ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ၏ အသရေဖျက်ခြင်းနှင့် ပြစ်တင်ရှုတ်ချြခင်းကို ခံရသည်ကို မြင်ရသည့်အခါ၊ ၎င်းတို့ နောက်သို့ လိုက်ဖို့ဆုံးဖြတ်သည့် လူအချို့လည်း ရှိသည်။ ၎င်းတို့က ဤသည်မှာ စစ်မှန်သော လမ်းခရီးဖြစ်သည်ကို မယုံကြည်ဘဲ၊ ယင်းကို ရှာဖွေခြင်း သို့မဟုတ် လေ့လာစုံစမ်းခြင်း မပြုလုပ်ဝံ့ပေ။ ကျွန်ုပ်တို့သည် စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ သတိထားသင့်သော်လည်း၊ တစ်စုံတစ်ခုသည် စစ်မှန်သော လမ်းခရီး သို့မဟုတ် မှားယွင်းသော လမ်းခရီး ဟုတ်မဟုတ်ကို ဆုံးဖြတ်ဖို့အတွက် စံနှုန်းအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများတို့၏ စကားများကို လက်ကိုင်ထားခြင်းသည် သမ္မာတရားနှင့် ကိုက်ညီပါသလား။ ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုနိုင်ဖို့ အလို့ငှာ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ မည်သူ့ကို အတိအကျ နားထောင်သင့်သနည်း။ ဤကိစ္စကို ဤနေရာတွင် ကျွန်ုပ်တို့ မိတ်သဟာယပြုပြီး၊ စူးစမ်းလေ့လာကြပါမည်။

တရုတ်ကွန်မြူနစ်ပါတီ၏ ပြစ်တင်ရှုတ်ချခြင်းကို ယုံကြည်ခြင်းသည် စာတန်၏ စကားများကို ယုံကြည်ခြင်း ဖြစ်သည်

တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘာသာတရားမဲ့သော အစိုးရဖြစ်သည်ကို ကျွန်ုပ်တို့ အားလုံး သိထားကြသည်။ ယင်း အာဏာရလာပြီးကတည်းက၊ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားမဲ့ဝါဒ၊ ရုပ်ဝါဒနှင့် ဆင့်ကဲဖြစ်စဉ်ဝါဒတို့ကို မြှင့်တင်ပြီး ဖြစ်သည်။ ယင်းသည် ဘုရားသခင် တည်ရှိမှုကို အမြဲတမ်း ငြင်းပယ်ပြီး၊ “ကယ်တင်ရှင် မည်သည့်အခါကမျှ မရှိခဲ့ပေ၊” “လူတစ်ဦး၏ကံကြမ္မာသည် ထိုသူ၏လက်ထဲတွင် ရှိ၏၊” နှင့် “လူသားသည် သာယာသော ဇာတိမြေကို မိမိ၏ကိုယ်ပိုင်လက်များဖြင့် ဖန်တီးနိုင်၏။” တို့ကဲ့သို့သော ဆိုးယုတ်သည့် ယုတ္တိအမှားများကို ထောက်ခံအားပေးပြီး ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် ခရစ်ယာန်ဘာသာကို “ရှဲကျောက်” အဖြစ်လည်းကောင်း၊ သမ္မာကျမ်းစာကို “ရှဲကျောက်” စာအုပ်တစ်အုပ် အဖြစ်လည်းကောင်း လူပုံအလယ်တွင် ပြစ်တင်ရှုတ်ချပြီးလည်း ဖြစ်လေသည်။ အသင်းတော်ပေါင်းများစွာကိုလည်း ဖြိုချဖျက်ဆီးကာ၊ မရေမတွက်နိုင်သော သမ္မာကျမ်းစာ မိတ္ထူများကို မီးရှို့ ဖျက်ဆီးပြီး၊ ခရစ်ယာန်များနှင့် ကတ်သလစ်များကိုလည်း အကြောင်းမဲ့သက်သက် ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်ပြီး ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီသည် သမ္မာတရားနှင့် ဘုရားသခင်ကို အစက်ဆုပ်ဆုံးဖြစ်သည်ကို ခရစ်ယာန်ဘာသာနှင့် ကတ်သလစ်ဝါဒကို ယင်း၏ သေွးရူးသွေးတန်း ညှဉ်းပန်းနှိပ်စက်မှုမှနေ ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ ဘုရားသခင်ကို ခုခံသည့် ဆိုးယုတ်သောအစိုးရတစ်ခုသည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို မည်သို့ အသိအမှတ်ပြုနိုင်မည်နည်း။ တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင် ရှိသည်ကို လက်ခံဖို့ မဆိုထားနှင့်၊ စစ်မှန်သော လမ်းခရီးကဲ့သို့သော အရာတစ်ခုရှိသည်ကို လက်ခံဖို့ ယတိပြတ် ငြင်းဆန်ခဲ့သည်။ လမ်းခရီးတစ်ခုသည် စစ်မှန်သော လမ်းခရီး ဟုတ်မဟုတ်ကို ဆုံးဖြတ်ခြင်းနှင့် ပတ်သက်ပါက၊ တရုတ်ကွန်မြူနစ်ပါတီ၏ ကောလာဟလများနှင့် မုသားများကို ယုံကြည်ခြင်းနှင့် စာတန်နတ်ဆိုး၏စကားများကို ယုံကြည်ခြင်းတို့ကြားမှ ကွာခြားချက်မှာ အဘယ်နည်း။

ထို့အပြင် စစ်မှန်သော လမ်းခရီးသည် မမှတ်မိနိုင်သည့် အချိန်ကာလကတည်းက ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပြီးဖြစ်သည်ကို ကျွန်ုပ်တို့ အားလုံး သိထားကြသည်။ ဆိုးယုတ်သော အစိုးရအားလုံးသည် ဘုရားသခင်နှင့် သမ္မာတရားအတွက် အဆုံးစွန်သော မုန်းတီးမှုရှိကြပြီး၊ တစ်စုံတစ်ခုသည် ဘုရားသခင်နှင့် ပို၍သက်ဆိုင်လေလေ၊ ၎င်းတို့က ယင်းကို ပို၍ အရူးအမူး ဆန့်ကျင်လေဖြစ်သည်။ ထိုအကြောင်းကြောင့် ဘုရားသခင် သူ၏အမှုတော်ကို ဆောင်ရွက်ဖို့ ကြွလာသည့်အခါတိုင်း၊ သူသည် ဆိုးယုတ်သောအစိုးရ၏ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းကို မလွှဲမရှောင်သာ ခံရခြင်းဖြစ်လေသည်- ဤသည်မှာ ငြင်းဆန်၍ မရနိုင်သည့် အမှန်တရားဖြစ်သည်။ သခင်ယေရှုက ထိုနှစ်များတစ်လျှောက်လုံးတွင် သူ၏ဒေသနာတော်များကို ဟောကြားပြီး၊ သူ၏အမှုတော်ကို ဆောင်ရွက်ခဲ့သည့်အချိန်က၊ ဂျူးယုံကြည်မှု၏ ယဇ်ပုရောဟိတ်ကြီးများနှင့် ဖာရိရှဲများသည် သခင်ယေရှုကို ကားတိုင်တွင် သံမှိုစွဲဖို့ ရောမအာဏာပိုင်များနှင့် ပူးပေါင်းကြံစည်ခဲ့ကြသည်။ သို့ပါက အုပ်ချုပ်သည့်အစိုးရ၏ ပြစ်တင်ရှုတ်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုသားများနှင့် အသရေဖျက်မှုတို့ကြောင့် သခင်ယေရှုသည် ခရစ်တော် ဖြစ်သည်ဆိုသည့် အမှန်တရားကို ကျွန်ုပ်တို့ ငြင်းပယ် နိုင်ပါသလား။ ထိုနည်းတူစွာပင် ဘုရားသခင်သည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ ယခု ပြန်ကြွလာပြီးဖြစ်ကာ၊ တရုတ်ကွန်မြူနစ်ပါတီသည်လည်း ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ယင်း၏ရူးသွပ်စွာ ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းအား တိုးမြှင့်လိုက်ပြီး ဖြစ်လေသည်။ ယင်းသည် ခရစ်ယာန်များကို အကြောင်းမဲ့သက်သက် ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သည်၊ ပြီးလျှင် ဘုရားသခင်၏ အမှုတော်ကို အသရေဖျက်ပြီး သမ္မာတရားကို မသိသူများအား လှည့်စားလျက် ယင်း၏ အလိမ်အညာများကို ဖြန့်ဝေဖို့ ပြည်တွင်းပြည်ပ နှစ်နေရာလုံးတွင် အွန်လိုင်းမီဒီယာကို အသုံးပြုလေသည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင် ပေါ်ထွန်းပြီးဖြစ်ကာ၊ အမှုတော်ကို ဆောင်ရွက်နေသည်ကိုလည်းကောင်း၊ လူသားမျိုးနွယ် တစ်ခုလုံးသည် သမ္မာတရားကို လက်ခံပြီး၊ ဘုရားသခင်ထံသို့ ပြန်လာလိမ့်မည် ဖြစ်သည်ကိုလည်းကောင်း ကြောက်သောကြောင့် ယင်းက ဤအရာကိုကြောက်စိတ်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ ထို့ထက်ပို၍ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကမ္ဘာပေါ်တွင် အမှန်တကယ် ဖြစ်ပေါ်လာလိမ့်မည်ကိုလည်းကောင်း၊ သူ၏နိုင်ငံတော်သည် ကမ္ဘာပေါ်တွင် ပေါ်ထွန်းလိမ့်မည်ဖြစ်ပြီးနောက်၊ လူသားမျိုးနွယ် အားလုံးသည် တရုတ်ကွန်မြူနစ်ပါတီကို ငြင်းပယ်မည်ကို လည်းကောင်း ယင်းက ကြောက်ရွံ့လေသည်။ ဤအကြောင်းကြောင့် တရုတ်အစိုးရသည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အရူးအမူး ဖိနှိပ်ပြီး ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်နေခြင်းဖြစ်သည်။ ဤသည်မှာ ယင်းက ဘုရားသခင်၏ အမှုတော်ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချရသည့် အခြေခံကျသော အကြောင်းအရင်း ဖြစ်လေသည်။ ကျွန်ုပ်တို့တွင် အမှန်တကယ် ထိုးထွင်းသိမြင်မှု ရှိပါက၊ ဆိုးယုတ်သောအစိုးရ အဆန့်ကျင်ဆုံးနှင့် အမုန်းဆုံးသော အရာအားဖြင့် စစ်မှန်သော လမ်းခရီးသည် မည်သည့်အရာ ဖြစ်ကြောင်းကို ဆုံးဖြတ်သင့်သည်။ ဆန့်ကျင်ဖက်အားဖြင့် တရုတ်အစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ဆန့်ကျင်ပြီး ပြစ်တင်ရှုတ်ချသောကြောင့် ထိုအမှုတော်ကို လေ့လာစုံစမ်းခြင်းအား လက်လျှော့လိုက်ပါက၊ ကျွန်ုပ်တို့သည် အမှန်တကယ်ပင် အလွန်အမင်း မိုက်မဲသူများဖြစ်ပေလိမ့်မည်။

စစ်မှန်သော လမ်းကြောင်းကို လေ့လာစုံစမ်းသည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားမထောင်ဘဲ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသည့်အရာကို ယုံကြည်ခြင်းသည် မှန်ကန်သလော

တရုတ်ကွန်မြူနစ်ပါတီ အစိုးရသည် ဘုရားသခင် အမြဲတမ်း ခုခံပြီး၊ အွန်လိုင်းတွင် ယင်းတင်သမျှ အရာတစ်ခုမျှ ယုံကြည်၍ မရနိုင်သော်လည်း၊ အခြားတစ်ဖက်တွင်မူ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သမ္မာကျမ်းစာကို နောကျေနေပြီး နားလည်ကြသောကြောင့် စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ ၎င်းတို့ကို နားထောင်ခြင်းအားဖြင့်၊ အမှားမရှိနိုင်ဟု လူအချို့က တွေးထင်ကြသည်။ သို့သော် အောက်ပါအချက်ကို ကျွန်ုပ်တို့ တစ်ခါမျှ ဆင်ခြင်တွေးတောဖူး ပါသလား။ သမ္မာကျမ်းစာကို နောကျေနေသည့် လူတစ်ယောက်သည် ၎င်းတို့ သမ္မာတရားကို နားလည်ကြောင်း သက်သေသာဓကနှင့် လက်တွေ့ပြနိုင်ပါသလား။ ၎င်းတို့သည် ဘုရားသခင်ကို သိကျွမ်းကြောင်း ယင်းက လက်တွေ့ ပြနိုင်ပါသလား။ ဂျူးယုံကြည်မှု၏ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများတို့အကြောင်းကို ကျွန်ုပ်တို့ ပြန်တွေးပါက၊ ၎င်းတို့သည် သမ္မာကျမ်းစာကို နောကျေခဲ့ပြီး အခြားသူများကို သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး မကြာခဏ အသေးစိတ်ရှင်းပြခဲ့ကြသည်။ သို့သော် သခင်ယေရှု ပေါ်ထွန်းပြီး သူ၏အမှုတော်ကို ဆောင်ရွက်ခဲ့သည့်အချိန်တွင်၊ ၎င်းတို့သည် သူ့ကို မေရှိယအဖြစ် သတိပြုမိခဲ့ကြပါသလား။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ်၊ ဘုရားသခင်၏ အသံတော်အဖြစ် ၎င်းတို့က သတိပြုမိပါသလား။ ၎င်းတို့သည် သခင့်ကို သတိမပြုမိနိုင်ရုံသာမက၊ ၎င်းတို့၏ ရာထူးများနှင့် အသက်မွေးမှုများအတွက် သခင့်ကို ဆန့်ကျင်ပြီး သမ္မာကျမ်းစာ၏ တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆိုမှုကို စွဲကိုင်ခဲ့ကြသည်၊ ထို့အပြင် ကိုယ်တော်နှင့် ပတ်သက်သည့် ကောလာဟလများကို ၎င်းတို့ လုပ်ဇာတ်ခင်းကြပြီး၊ သူ့ကို သိက္ခာချခဲ့ကြသည်။ ၎င်းတို့သည် သူ့ကို အပြင်းအထန် ညှဉ်းပန်းနှိပ်စက်ပြီး ပြစ်မှားစော်ကားခဲ့ကြသည်၊ နောက်ဆုံးတွင် ၎င်းတို့သည် သခင်ယေရှုကို ကားစင်တင်ဖို့ ရောမအာဏာပိုင်များ နှင့် ပူးပေါင်းကြံစည်ခဲ့ကြသည်။ တစ်စုံတစ်ယောက်က သမ္မာကျမ်းစာကို နောကျေပြီး မကြာခဏ အသေးစိတ် ရှင်းပြသောကြောင့်၊ ဤသည်မှာ ၎င်းတို့က ဘုရားသခင်ကို သိကျွမ်းဖို့ မဆိုထားနှင့်၊ သမ္မာတရားကိုပင် နားလည်သည်ဟုပင် မဆိုလိုကြောင်း ဤဖြစ်စဉ်များက လုံလောက်စွာ လက်တွေ့ပြနေလေသည်။ ဤသည်မှာ ထိုအချိန်က ဘာသာတရားကိုင်းရှိုင်းသော ဂျူးများ အပြည့်အဝ နားလည်နိုင်ခဲ့သည့် အရာတစ်ခု မဟုတ်ခဲ့ဘဲ၊ ဖာရိရှဲများနှင့် ပတ်သက်ပါက ၎င်းတို့ထံတွင် ချင့်ချိန်နိုင်စွမ်း မရှိကြပေ။ သခင့်ကို ကြိုဆိုခြင်းကိစ္စနှင့် ပတ်သက်ပါက၊ ၎င်းတို့က မိမိတို့၏ ဘာသာရေးခေါင်းဆောင်များ ပြောသည့်အရာကို မျက်စိမှိတ် ယုံကြည်ခဲ့ကြပြီး၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များ နှင့် အမှုတော်တို့သည် သြဇာအာဏာနှင့် တန်ခိုးတို့ ပိုင်ဆိုင်သည်ကို အချို့က ကောင်းစွာ သိထားခဲ့ကြသော်လည်း၊ ၎င်းတို့သည် ဘာသာရေးဆိုင်ရာ ဖာရိရှဲများ မဟုတ်တမ်းတရားပြောသည့် ကောလာဟလများနှင့် အသရေဖျက်ခြင်းများကို ယုံကြည်ခဲ့ကြသေးသည်။ ထို့ကြောင့် ၎င်းတို့သည် လှည့်စားခံရပြီး သခင်ယေရှုကို ပြစ်တင်ရှုတ်ချခြင်းနှင့် ငြင်းပယ်ခြင်းတို့တွင် ၎င်းတို့၏ ဘာသာရေးခေါင်းဆောင်များနှင့်အတူ ပူးပေါင်းခဲ့ကြသည်။ ၎င်းတို့သည် သခင်၏ ကယ်တင်ခြင်းကို မရရုံမျှမက၊ ယင်းအစား ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကိုပါ ခံခဲ့ကြရလေသည်။

ထိုနည်းတူစွာပင် ယနေ့ခေတ် သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သမ္မာကျမ်းစာကို နောကျေ နေကြသော်လည်း၊ ဤအရာက ၎င်းတို့သည် သမ္မာတရားကို နားလည်သည် သို့မဟုတ် ဘုရားသခင်ကို သိကျွမ်းသည်ဟု လက်တွေ့မပြပါ။ ပုံမှန်အားဖြင့် ၎င်းတို့ ဟောကြားသည့်အရာ အများစုသည် သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ အယူအဆတို့ဖြစ်ကြသည်။ ၎င်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ဟောကြားခဲလှသကဲ့သို့ သက်သေလည်း ခံခဲလှသည်။ ၎င်းတို့၏ သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ အယူအဆတို့က လူများ၏ အသက်တာများအတွက် အာဟာရကို မထောက်ပံ့နိုင်ကြဘဲ၊ ၎င်းတို့ မည်မျှ တတ်သိပါစေ၊ ယင်းက ၎င်းတို့သည် သမ္မာတရားကို နားလည်သည် သို့မဟုတ် သခင့်ကို သိကျွမ်းသည်ဟု လုံးဝ မပြပေ။ ယခုအခါ ကျွန်ုပ်တို့ အလိုအပ်ဆုံးသောအရာမှာ ဘာသာရေးလောက အလွန် ယိုယွင်းပျက်ဆီးရခြင်းအကြောင်းအရင်း၊ အသင်းတော် ယိုယွင်းပျက်စီးခြင်းကို ဖြစ်စေသည့် အရင်းအမြစ်ကို ဖြေရှင်းမည့်နည်းလမ်း၊ ဘုရားသခင်၏ ခြေလှမ်းများကို ရှာဖွေဖို့နည်းလမ်း၊ သခင့်ကို ကြိုဆိုဖို့နည်းလမ်း၊ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ဖို့နှင့် သခင့်ကို နာခံဖို့ နည်းလမ်း၊ အပြစ်၏ အချုပ်အနှောင်များနှင့် ချည်နှောင်မှုများမှ လွတ်မြောက်ပြီး ခရစ်တော်နှင့် သဟဇာတဖြစ်လာအောင် သန့်စင်ခြင်းခံရဖို့နည်းလမ်း စသည်တို့ကဲ့သို့သော သမ္မာတရား အချို့ကို နားလည်ဖို့ဖြစ်သည်။ သင်းအုပ်ဆရာများ နှင့် အကြီးအကဲများသည် ဤကဲ့သို့သော သမ္မာတရားများကို မိမိတို့ကိုယ်တိုင် နားမလည်ကြသောကြောင့် ထိုသမ္မာတရားများကို တစ်ခါမျှ မဟောကြားခဲ့ဖူးပေ။ ၎င်းတို့သည် သမ္မာတရားကို ဧကန်နားလည်ခဲ့ပါက၊ ယုံကြည်သူများသည် ရေလောင်းခြင်းနှင့် အားဖြည့်ခြင်း ခံရလိမ့်မည် ဖြစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ကိုယ်တိုင်ပင်လျှင် သမ္မာတရားကို နားမလည်သကဲ့သို့၊ သခင့်ကိုလည်း မသိကျွမ်းကြသည့်အတွက်၊ ၎င်းတို့သည် သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်ုပ်တို့ကို မည်သို့ ဦးဆောင်လမ်းပြနိုင်မည်နည်း။ သမ္မာကျမ်းစာထဲမှာ- “သင်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။(မဿဲ ၄:၁၀)ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီး ကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ။(ရှင်မဿဲခရစ်ဝင် ၁၅: ၈-၉)လူကို ယုံကြည်ကိုးစား၍ ဇာတိပကတိကို လက်နက် ခွန်အားအဖြစ် အသုံးပြုကာ၊ ယေဟောဝါထံမှ စိတ်နှလုံး သွေဖည်သောသူသည် ကျိန်ခြင်းအမင်္ဂလာ ခံထိုက်သူ ဖြစ်၏။(ယေရမိအနာဂတ္တိကျမ်း ၁၇:၅) ကျွန်ုပ်တို့သည် မိမိတို့၏ ယုံကြည်မှုတွင် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ချီးမြှောက်ရမည်ဖြစ်ပြီး၊ ဘုရားသခင်ကို ကျွန်ုပ်တို့၏ စစ်မှန်သော စိတ်နှလုံးဖြင့် ကိုးကွယ်ရမည်ဟု သခင်က ကျွန်ုပ်တို့ကို အကြံပြုတိုက်တွန်းထားသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ထားရှိ၍မဖြစ်သကဲ့သို့ အခြားသူများပြောသည့်အရာကို အလွယ်တကူ ယုံကြည်၍မဖြစ်ပေ၊ သို့မဟုတ်ပါက ကျွန်ုပ်တို့သည် သခင့်နောက်သို့ မည်မျှ လိုက်လျှောက်ပါစေ၊ သူက ကျွန်ုပ်တို့ကို မည်သည့်အခါမျှ ချီးကျူးလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် ကျွန်ုပ်တို့သည် စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းခြင်းနှင့် သက်ဆိုင်သည့် အရေးကြီးသော ကိစ္စနှင့် ပတ်သက်ပါက သင်းအုပ်ဆရာများနှင့် အကြီးအကဲများကိုသာ မျက်စိစုံမှိတ်ယုံကြည်ပြီး၊ ကျွန်ုပ်တို့၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်များကို စီစဉ်ဖို့ ၎င်းတို့အပေါ်တွင် ထားရှိပါက၊ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ယင်းသည် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်ပါသလား၊ သို့မဟုတ် ယင်းသည် လူများကို ယုံကြည်ခြင်းဖြစ်ပါသလား။ ကျွန်ုပ်တို့ စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ ဘုရားသခင် ပြောသည့်အရာကို ကျွန်ုပ်တို့ နားထောင်သင့်သလား၊ သို့မဟုတ် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောသည့်အရာကို နားထောင်သင့်သလား။ ကျွန်ုပ်တို့သည် စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်း နေစဉ်တွင်၊ မိမိတို့ကိုယ်ပိုင် အမြင်ရှုထောင့်များမရှိဘဲ၊ အခြားသူများ၏ စကားများကိုသာ မျက်စိစုံမှိတ် ယုံကြည်နေပါက၊ ဤသည်မှာ မိမိတို့၏ကိုယ်ပိုင် အသက်တာများ အတွက် တာဝန်မယူနိုင်ခြင်း မဟုတ်ပါသလား။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ထိုနှစ်များတစ်လျှောက် သာမန်ဂျူးလူမျိုးများ ပြုလုပ်ခဲ့သကဲ့သို့သော တထေရာတည်းသော အမှားမျိုးကို ကျူးလွန်နိုင်ဖွယ် ရှိလိမ့်မည်ဖြစ်ပြီး၊ သခင်၏ စွန့်ပယ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ကျွန်ုပ်တို့ ခံရပေလိမ့်မည်။

ကျွန်ုပ်တို့သည် စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ ဘုရားသခင်၏ အသံတော်ကို နားထောင်သင့်သည်

ကျွန်ုပ်တို့သည် စစ်မှန်သည့်လမ်းခရီးကို လေ့လာစုံစမ်းခြင်း နှင့် ပတ်သက်ပါက သင်းအုပ်ဆရာများ၊ အကြီးအကဲများ သို့မဟုတ် တရုတ်အစိုးရတို့က ပြောသည့်အရာကို မျက်စိစုံမှိတ် ယုံကြည်ခြင်းထက် မိမိတို့၏ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိသင့်သည်။ သခင်၏နှုတ်ကပတ်တော်များအတိုင်း ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ရမည်၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့သည် သခင်၏ ပေါ်ထွန်းခြင်းကို ကြိုဆိုနိုင်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ သခင်ယေရှု ပြောခဲ့သည်မှာ- “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀) “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဗျာဒိတ်ကျမ်း၏ အခန်းကြီး ၂ နှင့် ၃တို့တွင် အကြိမ်ပေါင်းများစွာ ပရောဖက်ပြုထားသည်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်မှာ၊ “ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေ နေကြသည်နှင့်အညီ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင် ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ ‘ဘုရားသခင်သည် လမ်းခရီး ဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏' ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏) ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသည့်အခါ ပို၍များသော နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီး၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းအပေါ် အာရုံစိုက်သည့် ပညာရှိသတို့သမီးများ ဖြစ်သင့်သည်ကို ဤအရာမှ ကျွန်ုပ်တို့ မြင်တွေ့နိုင်ပါသည်။ ပညာရှိသတို့သမီးများသည် အစွမ်းအစရှိပြီး၊ ဝိညာဉ်ရေးရာအရ အမြော်အမြင်ရှိကြသည်။ ၎င်းတို့သည် ခရစ်တော်၏ မိန့်မြွက်ချက်မှနေပြီး ဤနှုတ်ကပတ်တော်များသည် သမ္မာတရား၊ အသက်၏ လမ်းခရီးဖြစ်သည်ကို သတိပြုနိုင်သောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အသံတော်ကို သတိပြုမိနိုင်ပြီး၊ သူ၏ ပေါ်ထွန်းမှုကို ကြိုဆိုနိုင်လေသည်။ ဥပမာအားဖြင့် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု‌ ပေါ်ထွန်းပြီး သူ၏အမှုတော်ကို ဆောင်ရွက်ခဲ့သည့်အချိန်က၊ သူက “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) နှင့် သက်ဆိုင်သည့် လမ်းခရီးကို ဖော်ပြခဲ့သည်။ သခင်ယေရှုနောက်ကို လိုက်ခဲ့သော ပေတရု၊ ယောဟန်နှင့် အခြား တပည့်တော်များအားလုံးက ဘုရားသခင်၏ အသံတော်မှတစ်ဆင့် သခင့်ကို သတိပြုမိခဲ့ကြသည်။ သခင် ဖော်ပြနေခဲ့သည့်အရာသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ကြားနိုင်ခဲ့သောကြောင့် သခင့်နောက်သို့ လိုက်ဖို့ ၎င်းတို့၏ မိဘများနှင့် နေအိမ်များကို တွန့်ဆုတ်ခြင်းမရှိဘဲ စွန့်လွှတ်ခဲ့ကြပြီး၊ ၎င်းတို့သည် သူ၏ ကိုယ်တိုင်ကိုယ်ကျ ရေလောင်းခြင်းနှင့် ထိန်းကျောင်းခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့ သခင်ယေရှု၏နောက်သို့ လိုက်လျှောက်သည့်အချိန်ကာလအတွင်းတွင်၊ ၎င်းတို့သည် ဖာရိရှဲများ၏ နည်းမျိုးစုံ ဒုက္ခပေးခြင်းနှင့် နှောင့်ယှက်ခြင်းကို ခံခဲ့ရပြီး၊ ရောမအာဏာပိုင်များ၏ အသရေဖျက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ကို ခံခဲ့ရသည်။ သို့သော်လည်း ၎င်းတို့သည် အုပ်ချုပ်သည့် အာဏာရှင် သို့မဟုတ် ဘာသာရေး ဖာရိရှဲများ၏ နှောင့်ယှက်ခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရဖို့ ငြင်းဆန်လျက်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကိုသာ နားထောင်ခဲ့ပြီး၊ သူ့ကို နာခံခဲ့သည်။ ခရစ်တော်ကို သတိပြုမိလျက်၊ ၎င်းတို့သည် သူ၏နောက်သို့ လမ်းဆုံးအထိ လိုက်ခဲ့ကြကာ၊ သူ့ထံသို့ ဆုတောင်းပြီး၊ သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံ ခံစားခဲ့ကြသည်။ ၎င်းတို့သည် အသက်တာတွင် ဖြည်းဖြည်းချင်း ရင့်ကျက်လာပြီး၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာအချို့ ရှိလာကြသည်။ သို့သော် တင်းကျပ်ကာ၊ မသိနားမလည်ဘဲ၊ ခေါင်းမာပြီး ဘာသာတရားကိုင်းရှိုင်းသော ဂျူးတို့ကမူ သခင်ယေရှု၏ နှုတ်ကပတ်တော်များတွင် သြဇာအာဏာနှင့် တန်ခိုးတို့ကို ၎င်းတို့ ကြားကြပြီး၊ မည်သည့်လူတစ်ယောက်ကမျှ ထိုသို့သော အရာများကို မပြောနိုင်သည်ကို သိခဲ့ကြသော်လည်း၊ ၎င်းတို့သည် သူ့ကို မယုံကြည်နိုင်ဆဲ သို့မဟုတ် သူ့နောက်ကို လိုက်မလျှောက် နိုင်ဆဲသာ ဖြစ်လေသည်။ ၎င်းတို့သည် ဖာရိရှဲများ၏ နှောင့်ယှက်ခံရခြင်းနှင့် လှည့်စားခံရခြင်းနှင့် ပတ်သက်သည့် ကနဦးအရိပ်အငွေ့မျှတွင်ပင် ပြိုယိုင်လဲကုန်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့သော်လည်း၊ သူ၏နှုတ်ကပတ်တော်များကို မကြားနိုင်ခဲ့ကြပေ၊ ၎င်းတို့သည် ထိုးထွင်းသိမြင်မှု သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့် တစ်ခုတစ်လေမျှ မရှိကြဘဲ၊ ဘုရားသခင်ကို အာခံဖို့ စာတန်၏ ဘက်တွင် ရပ်ကြသည်အထိပင် ဆောင်ရွက်ခဲ့ကြသည်။ နောက်ဆုံးတွင် ထိုကဲ့သို့သော လူများသည် ထာဝရ အပြစ်ဒဏ် ပေးခံရဖို့အတွက် ငရဲထဲသို့ ကျရောက်လျက်၊ ဘုရားသခင်၏ စွန့်ပစ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းကိုသာ ခံရနိုင်ပေသည်။ ထို့ကြောင့် စစ်မှန်သော လမ်းခရီးကို ကျွန်ုပ်တို့ လေ့လာစုံစမ်းသည့်အခါ၊ အခြားသူများပြောသည့်အရာကို မျက်စိစုံမှိတ် ယုံကြည်၍မဖြစ်ဘဲ၊ ဘုရားသခင်၏ အသံတော်ကို ကြားခြင်းနှင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ဖြစ်သည်ကို သတိပြုမိခြင်းတို့အပေါ် အာရုံစိုက်ရမည် ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံး ဖြစ်သည်။

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ ဧဝံဂေလိတရားသည် ယခုအခါ စကြဝဌာတစ်ခုလုံး အနှံ့ ချဲ့ထွင်နေပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြခဲ့သည့် ပဓာနကျသော နှုတ်ကပတ်တော်များ စာအုပ်ဖြစ်သည့်- နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏— ကို ဘာသာစကားပေါင်း ၂၀ ကျော်သို့ ဘာသာပြန်ဆိုပြီးဖြစ်ကာ၊ လူသားမျိုးနွယ်တစ်ခုလုံး ရှာဖွေပြီး လေ့လာစုံစမ်းဖို့ ထိုစာအုပ်ကို အွန်လိုင်းတွင် လူသိရှင်ကြား ရရှိနိုင်ပြီဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်မှုသည် မည်သည့်အရာဖြစ်သည်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ချစ်ခြင်းသည် မည်သည့်အရာဖြစ်သည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ဖို့ နည်းလမ်း၊ ကျွန်ုပ်တို့သည် ခရစ်တော်နှင့် သဟဇာတဖြစ်နိုင်မည့် နည်းလမ်း၊ ကျွန်ုပ်တို့သည် အဓိပ္ပာယ်ရှိသော အသက်တာများကို အသက်ရှင်နေထိုင်နိုင်ဖို့ နည်းလမ်း စသည့်တို့ကဲ့သို့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သမ္မာတရားအားလုံးကို ဖော်ပြလေသည်။ ဘုရားသခင်ပေါ်ထွန်းဖို့ကို တမ်းတခဲ့ကြသည့် ကမ္ဘာအနှံ့ရှိ တိုင်းနိုင်ငံအားလုံးမှ လူများသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ဘုရားသခင်၏ အသံတော်ကို သတိပြုမိပြီးဖြစ်လေသည်။ ဤနှုတ်ကပတ်တော်များသည် လူတို့ကို သန့်စင်ဖို့နှင့် ကယ်တင်ဖို့ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများဖြစ်သည်ကို ၎င်းတို့ သေချာလာပြီး၊ တစ်ယောက်ပြီးနောက်တစ်ယောက် ဘုရားသခင်၏ အိမ်တော်သို့ ပြန်လာပြီးဖြစ်သည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက ဟန့်တားဖို့ မည်သို့ပင် ကြိုးစားပါစေ၊ သို့မဟုတ် တရုတ်အစိုးရက မည်သည့် အသေရေဖျက်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းမျိုးကို ဖြန့်ဝေပါစေ၊ ၎င်းတို့သည် ဘုရားသခင်၏နောက်သို့ မဆုတ်မနစ် လိုက်လျှောက်ကြသည်။ ဤလူများသည် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက်သို့ ချီဆောင်ခြင်းခံရပြီးဖြစ်သည့် ပညာရှိ သတို့သမီးများဖြစ်ပြီး၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်အားဖြင့် အောင်မြင်သူများအဖြစ် ပြုလုပ်ခြင်း ခံရမည့်သူများ ဖြစ်လေသည်။ ထို့နောက် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် သမ္မာတရားများအားလုံးဖြစ်ကြောင်း၊ ထိုနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ အသံတော် ဖြစ်ကြောင်းတို့ကို မြင်သော်လည်း၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ ပြောကြားသည့် တားမြစ်ပိတ်ပင်ခြင်းများကို ကြားပြီးနောက် လှည့်စားခြင်းနှင့် ဘောင်ခတ်ခြင်းတို့ကို ခံရပြီး၊ ဘုရားသခင်၏ အမှုတော်ကို မလေ့လာမစုံစမ်းဝံ့သည့် သူများလည်း ရှိကြသည်။ ၎င်းတို့သည် စစ်မှန်သော လမ်းခရီးနှင့် ဘုရားသခင်၏ အမှုတော်ကို သံသယဝင်သည်အထိပင် ဖြစ်ကြလေသည်- ဤသည်မှာ ပညာရှိသတို့သမီးများ ပြုမူသည့်နည်းလမ်းဖြစ်ပါသလား။ ဘုရားသခင်သည် နှုတ်ကပတ်တော် ရာနှင့်ချီ၍ ပြောကြားနိုင်သော်ငြားလည်း၊ ၎င်းတို့သည် ထိုနှုတ်ကပတ်တော်များကို အပြည့်အဝ ယုံကြည်နိုင်စွမ်း ရှိမည်မဟုတ်ဘဲ၊ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ယောက်က စကားတစ်လုံးမျှ ပြောသည့်အခါ၊ ယင်းကို ၎င်းတို့ လှိုက်လှိုက်လှဲလှဲ လက်ခံကြသည်- ဤသည်မှာ မိုက်မဲသော သတို့သမီးများ မဟုတ်ပါလား။ ၎င်းတို့သည် စစ်မှန်သည့် လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ၊ မိုက်မဲသော သတို့သမီးများသည် ဘုရားသခင်၏ အသံတော်ကို နားမထောင်ဘဲ၊ ယင်းအစား လူတို့၏ အသံကိုသာ နားထောင်ကြလေသည်။ ၎င်းတို့သည် စာတန်၏ စဉ်ဆက်မပြတ် နှောင့်ယှက်ခြင်းနှင့် လှည့်စားခြင်းကို ခံကြရသည်၊ ပြီးလျှင် နောက်ဆုံးတွင် ၎င်းတို့သည် စာတန်၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်၏ စွန့်ပယ်ခြင်းနှင့် သုတ်သင်ဖယ်ရှင်းခြင်းတို့ကို ခံရလိမ့်မည်ဖြစ်ကာ၊ ဘေးဒုက္ခများ၏ ဖယ်ရှင်းခြင်းကို ခံကြရလိမ့်မည် ဖြစ်သည်။ ဤသည်မှာ သမ္မာကျမ်းစာထဲရှိ ဤနှုတ်ကပတ်တော်များကို အပြည့်အဝ ပြည့်စုံစေသည်။ “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏။(ဟော ၄:၆-၉) နှင့် “မိုက်သောသူတို့မူကား၊ ဉာဏ်မ ရှိသောကြောင့် သေကြလိမ့်မည်။” (သုတ္တံကျမ်း ၁၀:၂၁)

ယခုအခါတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် မကြာမီ အဆုံးသတ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အသံတော်ကို ကြားပြီး သခင့်ကို ကြိုဆိုသည့်လူများဖြစ်ဖို့ ပေတရုကဲ့သို့ ဖြစ်လိုပါသလား။ သို့မဟုတ် သင်သည် သင်းအုပ်ဆရာများ၊ အကြီးအကဲများ နှင့် ဆိုးယုတ်သော အစိုးရတို့က ပြောသည်ကို မျက်စိစုံမှိတ် လိုက်လျှောက်လျက် ဘာသာတရားကိုင်းရှိုင်းသော ဂျူးများကဲ့သို့ ဖြစ်သောကြောင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆုံးရှုံးလိုပါသလား။ ကျွန်ုပ်တို့သည် စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားထောင်ဖို့ ရွေးချယ်၏ မရေွးချယ်၏၊ လူတို့၏ စကားများကို နားထောင်ဖို့ ရွေးချယ်၏ မရွေးချယ်၏ တို့က ကျွန်ုပ်တို့၏ ကံကြမ္မာနှင့် ကျွန်ုပ်တို့၏ နောက်ဆုံးအဆုံးသတ်ကို ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသကဲ့သို့ပင်ဖြစ်သည်၊ “ဘုရားသခင်၏အလုပ်သည် အားပါးတရ တဟုန်ထိုး တက်နေသော လှိုင်းလုံးများကဲ့သို့ ဖြစ်သည်။ မည်သူတစ်ဦး တစ်ယောက်ကမျှ သူ့ကို မထိန်းချုပ်နိုင်သကဲ့သို့ မည်သူကမျှလည်း သူ၏ခြေလှမ်းများကို မရပ်တန့် စေနိုင်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာနားထောင်သော သူများနှင့် ဘုရားသခင်ကို ဆာငတ်လျက် ရှာဖွေသော သူများသည်သာ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်နိုင်မည်ဖြစ်ပြီး သူ၏ကတိတော်များကို ရရှိမည်ဖြစ်သည်။ ထိုသို့မဟုတ်သူများမှာမူ ပြင်းထန်သော ဘေးဒုက္ခကို တွေ့ကြုံခံစားရမည်ဖြစ်ပြီး အပြစ်ဒဏ်ကျ ခံထိုက်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

အယ်ဒီတာ၏ မှတ်စု- သင့်ထံတွင် မေးစရာမေးခွန်းများ သို့မဟုတ် ပြဿနာများ ရှိပါက၊ ကျွန်ုပ်တို့ကို တိုက်ရိုက် စကားဝိုင်းမှတစ်ဆင့် ကျေးဇူးပြု၍ ဆက်သွယ်လိုက်ပါ၊ ပြီးလျှင် ၎င်းတို့ကို ကျွန်ုပ်တို့ အတူတကွ စူးစမ်းလေ့လာပြီး ဆွေးနွေးနိုင်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နောက်ဆုံးသောကာလ၏ နိမိတ်များကို မြင်တွေ့ရလေပြီ- ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ ရှာဖွေရမည်နည်း။

နောဧ၏ နေ့ရက်များ ပေါ်ထွက်လာကြလေပြီ- ဤအရာက မည်သည့်အရာကို နိမိတ်ပြသနည်း။ နောဧ၏ အချိန်ကာလထဲက လူသားမျိုးနွယ်အကြောင်းကို ကျွန်ုပ်တို့...

နောက်ဆုံးသောအချိန် ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ- သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုနည်း

အန်ရွမ်၊ ဖိလစ်ပိုင်နိုင်ငံ လွန်ခဲ့သည့် နှစ်နှစ်ထောင်က သခင်၏ နောက်လိုက်များက “ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည်...

ယေရှုခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်း နိမိတ်(၆)ခု ပေါ်ထွန်းလေပြီ- သူ့ကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့်သနည်း။

ရှင်းဂျီ လွန်ခဲ့သော အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက ကျွန်ုပ်တို့ကို ကတိပေးခဲ့၏။ “ငါသည်အလျှင်အမြန် လာသည်။” (ဗျာဒိတ်ကျမ်း ၂၂:၁၂) ယခုတွင်၊ သူ၏...

ကယ်တင်ခြင်းသည် မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်ထံမှ မည်သို့ရရှိပုံ

ဂျွန်ယင်မှ ရေးသားသည် ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ကယ်တင်ခြင်းသည် ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူသားမျိုးနွယ်ကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။