နောက်ဆုံးသောအချိန် ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ- သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုနည်း

26.03.2022

အန်ရွမ်၊ ဖိလစ်ပိုင်နိုင်ငံ

လွန်ခဲ့သည့် နှစ်နှစ်ထောင်က သခင်၏ နောက်လိုက်များက “ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း။” (ရှင်မဿဲခရစ်ဝင် ၂၄:၃) ဟု ယေရှုကို မေးခဲ့ကြသည်။ သခင်ယေရှုက “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအsမှုအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြ လိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။(ရှင်မဿဲခရစ်ဝင် ၂၄:၆-၈) ဟု ပြန်လည် ဖြေကြားခဲ့လေသည်။ ယနေ့၊ ကမ္ဘာအနှံ့တွင် ဘေးဒုက္ခများ ပို၍ပို၍ ပေါ်ပေါက်နေသည်။ မြေငလျင်များ၊ ကူးစက်ရောဂါများ၊ အစာငတ်မွတ်ခေါင်းပါးခြင်း၊ စစ်ပွဲ နှင့် ရေလွှမ်းမိုးခြင်းများ တို့သည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေသည်။ ၂၀၁၉ အကုန်တွင် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ်တစ်ခုသည် တရုတ်ပြည် ဝူဟန်မြို့တွင် ပေါ်ထွန်းခဲ့သည်။ ၎င်း၏ ကူးစက်မှုနှုန်းသည် စိုးရိမ်ဖွယ်ဖြစ်လေသည်။ လအနည်းငယ်မျှသော ကာလတွင် ရောဂါဖြစ်ပွားမှုသည် တစ်နိုင်ငံလုံးအနှံ့ ပေါ်ထွန်းခဲ့ပြီး၊ တရုတ်ပြည်သည် ရုတ်ချည်း ကမောက်ကမဖြစ်ခြင်းထဲသို့ ထိုးကျသွားခဲ့ပါသည်။ အသက်ဆုံးရှုံးမှုနှုန်း ဆက်လက် တိုးမြင့်လာသည်နှင့်အညီ စီရင်စုများ၊ ဒေသန္တရ အုပ်ချုပ်ရေး နယ်များနှင့် ကျေးရွာများစွာတို့သည်လည်း တစ်ခုပြီးတစ်ခု ရောဂါခြေချုပ်ထားခံနေရပါသည်။ ထိုဗိုင်းရပ်စ်သည် ကမ္ဘာပေါ်တွင် အခြားနိုင်ငံပေါင်း နှစ်ဆယ်ကျော်ကိုလည်း ပျံ့နှံ့လေပြီ။ ဤထက်ပိုပြီးလျှင် ၂၀၁၉ ခုနှစ် စက်တင်ဘာလ နှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်း သြစတြေးလျမှ တောမီးလောင်ခြင်းက အဆောက်အဦး ၅၉၀၀ကျော်ကို ဖျက်ဆီးခဲ့ပြီး၊ တိရစ္ဆာန် တစ်ဘီလီယံကျော်ကို သတ်ဖြတ်ခဲ့သည်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ထိုတိုက်တွင်ပင် ရာစုနှစ်တစ်ခုလျှင် တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိသည့် ရေချိုသတ္တဝါ များစွာကို သေစေခဲ့သည့် ရေလွှမ်းမိုးမှုကို ဖြစ်စေသော ဒလဟော မိုးရွာသွန်းမှုကို ရင်ဆိုင်ခဲ့ရသည်။ ထိုလတွင်ပင် အင်ဒိုနီးရှားတွင် ရေလွှမ်းမိုးမှု၏ အကျိုးဆက်တစ်ခုအနေဖြင့် သောင်းနှင့်ချီသော လူများသည် အိမ်ခြေရာမဲ့ဖြစ်ရလေသည်။ ဖိလစ်ပိုင်တွင် မီးတောင်ပေါက်ကွဲမှုတစ်ခု၊ အာဖရိကတွင် ၂၅နှစ်အတွင်း၌ အဆိုးရွားဆုံး ကျိုးကောင် ပြန့်ပွားမှု၊ ရှင်းဂျီအန်းတွင် ၆.၄ ပမာဏရှိသည့် ငလျင်တို့သည်လည်း ဖြစ်ပွားခဲ့သည်။…ထိုစာရင်းသည် ပြော၍ပင် မကုန်နိုင်ပါ။ သခင်၏ ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ။ သခင်ပြန်ကြွလာသည်မှာ ဖြစ်တန်သည်- ထို့ကြောင့် ကျွန်ုပ်တို့က သူ၏ ကြွရောက်လာခြင်းကို အဘယ့်ကြောင့် မကြိုဆိုရသေးသနည်း။ ဤအရာ ဆက်ဖြစ်နေပါက၊ ကျွန်ုပ်တို့သည် ကြီးစွာသော ဘေးဒုက္ခထဲသို့ ထိုးဆင်းမည်သာ မဟုတ်လား။ ပြီးလျှင် သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ကျွန်ုပ်တို့ မည်သည့်အရာကို ပြုလုပ်သင့်သနည်း။

သခင် မည်သို့ ကြွလာမည်နည်း

လူများစွာတို့သည် ဤနှုတ်ကပတ်တော်များကို သမ္မာကျမ်းစာထဲတွင် ဖတ်ရှုခဲ့ရသည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍။(ဗျာဒိတ်ကျမ်း ၁:၇)လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၀) သခင်သည် မိုးတိမ်များနှင့် ကြွလာမည်ဟု သူတို့က သေချာကြသည်။ သို့သော် ကျွန်ုပ်တို့က ထိုသို့သော မြင်ကွင်းမျိုးကို အဘယ့်ကြောင့် မမြင်ရသေးသနည်း။ ဤသည်မှာ သခင်ပြန်လာမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသလား။ သခင်၏ ကြွလာခြင်းနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ သတိမမူမိသည့် အဓိကအချက်တစ်ခု အမှန်တကယ် ရှိလေသည်။ ကျမ်းစာထဲတွင် ဘုရားသခင်သည် တိတ်တဆိတ် လာမည့်အကြောင်း အောက်ပါတို့ကဲ့သို့ ပရောဖက်ပြုခြင်း များလည်း ရှိသည်။ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄)ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)

သခင်သည် နောက်ဆုံးသောကာလအတွင်း ပြန်ကြွလာ သည့်အချိန်တွင်၊ သူသည် တိတ်တဆိတ် အလွန်တိုးညှင်းစွာ ပြန်လာမည်ဟု “သူခိုးကဲ့သို့” နှင့် “သန်းခေါင်ယံ၌ကြည့်ပါ။ ကြွေးကြော်လျှင်” ဆိုသည့် ကျမ်းစာကိုးကားချက်များက ညွှန်ပြနေသည်။ “လူသား” က မည်သည့်အရာကို ညွှန်းဆို သနည်း။ “လူသား” သည် မိခင် နှင့် ဖခင်တို့ဖြင့်၊ အသွေးအသားမှနေပြီး၊ လူတစ်ယောက်မှ ဧကန်မုချ မွေးဖွား လာခြင်း ဖြစ်သည်သည်။ သခင်ယေရှုကို နမူနာကြည့်ပါ၊ သူသည် လူတို့အကြားတွင် အသက်ရှင်နေထိုင်သော သာမာန်လူသား တစ်ယောက်၏ ပုံသဏ္ဌာန်၌ လူ့ဇာတိခံယူခဲ့သည်။ သို့ဖြစ်၍ “လူသား” သည် လူ့ဇာတိခံဘုရားသခင်ကို ညွှန်းဆိုထားကြောင်း ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ ဝိညာဉ်တော်ကို လူသား ဟု ခေါ်ဆို၍မရနိုင်ပါ။ ထို့အပြင် ကျမ်းစာထဲတွင် “ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” ဟု လည်း ပြောထားသည်။ ဤကျမ်းစာပိုဒ်က သခင်ပြန်ကြွလာသည့် အချိန်တွင်၊ သူသည် ဆင်းရဲဒုက္ခများစွာကို ခံစားရပြီး၊ ဤလူမျိုး၏ ငြင်းပယ်ခြင်းကို ခံရမည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ဇာတိပကတိ၌ ဘုရားသခင်သည် အလွန်သာမာန်ဖြစ်ပြီး၊ လူများက သူ့ကို မသိကြသည့်အတွက် ဘုရားသခင် လူသားအဖြစ် ဇာတိပကတိ၌ လူ့ဇာတိခံယူစဉ် တွင်သာ ငြင်းပယ်ခံရနိုင်သည်ကို ကျွန်ုပ်တို့ အားလုံး သိရှိထားပါသည်။ ၎င်းတို့က သူ့ကို သာမာန်လူတစ်ယောက် အနေဖြင့် ဆက်ဆံကြပြီး၊ အကျိုးဆက်အနေဖြင့် ကြီးစွာသော ဆင်းရဲဒုက္ခကို သူခံစားရလေသည်။ သခင်သည် လူသားများထံသို့ ဝိညာဉ်တော် အဖြစ်နှင့် ပေါ်ထွန်းခဲ့ပါကမူ၊ ၎င်းတို့သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယုံကြည်သူများဖြစ်စေ၊ မယုံကြည်သူများဖြစ်စေ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်သူများသည်ပင်လျှင် အားလုံးသည် ဘုရားသခင် ရှေ့တော်မှောက်တွင် ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုခြင်း၌ လဲပြိုကြလိမ့်မည်- သို့ဖြစ်၍ ဘုရားသခင်ကို မည်သူက ငြင်းပယ်နိုင်မည်နည်း။ ပြီးနောက်တွင် သူသည် မည်သို့ ဒုက္ခခံစားရမည်နည်း။ ဤအရာက နောက်ဆုံးသောကာလ၏ သခင်သည် လူသားမျိုးနွယ်ထံသို့ လူ့ဇာတိခံယူသော လူသားအဖြစ်နှင့် ပေါ်ထွန်းကြောင်းကို ပြနေသည်။

သခင်ပြန်ကြွလာသည့်အချိန်တွင် သူမည်သည့်အမှုကို လုပ်ဆောင်မည်နည်း

ယခုအချိန်တွင် ညီအစ်ကိုမောင်နှမ အချို့တို့သည် စိတ်ရှုပ်ထွေးကောင်း ရှုပ်ထွေးနေနိုင်သည်။ သခင်က နောက်ဆုံးသော ကာလအတွင်းတွင် အမှု ဆောင်ရွက်ဖို့ လူတို့အကြားတွင် တိတ်တဆိတ် ကြွလာခဲ့ပါက၊ မိုးတိမ်တိုက်တစ်ခုဖြင့် သူ၏ ကြွလာခြင်း နှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းသည် မည်သို့ ပြည့်စုံသနည်း။ ဘုရားသခင်၏ အမှုတော်တွင် အဆင့်များနှင့် အစီအစဉ်တစ်ခု ရှိသည်။ ဘုရားသခင်သည် သူ၏ လူသားတို့ကို ကယ်တင်ခြင်း အမှုကို ဆောင်ရွက်ဖို့ ပထမဦးစွာ လူ့ဇာတိခံယူပြီး၊ တိတ်တဆိတ် ကြွရောက်လာသည်၊ ပြီးနောက် မိုးတိမ်တိုက်တစ်ခုတွင် လူပုံအလယ်၌ ပေါ်ထွန်းသည်။ ဤမေးခွန်းကို နားလည်ဖို့ရာ၊ နောက်ဆုံးသောကာလအတွင်းတွင် သခင်ပြန်ကြွလာသည့် အချိန်တွင် သူဆောင်ရွက်သည့်အမှု အကြောင်း ကျွန်ုပ်တို့ ပို၍ သင်ယူရမည်။ သခင်ယေရှုက “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃) ဟု ပြောခဲ့သည်။ သမ္မာကျမ်းစာကလည်း “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ဟု ပြောထားသည်။ ဤ နှုတ်ကပတ်တော် ကျမ်းပိုဒ်များက နောက်ဆုံးသောကာလ ဘုရားသခင်သည် နှုတ်ကပတ်တော်များကို မိန့်မြွက်ရန်၊ ဘုရားသခင်၏ အိမ်တော်မှစတင်သည့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ရန် အဓိက ကြွလာသည်ဟု ကျွန်ုပ်တို့အား ပြောထားသည်။ အကျိုးဆက်အားဖြင့် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော်ကို လက်ခံသူများသည် သခင်၏ ကြွရောက်လာခြင်းကို ကြိုဆိုနေကြပြီး၊ ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ချီမခံကြရသည်။ ယနေ့အခါ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသည့် သန်းပေါင်းများစွာသော နှုတ်ကပတ်တော်များကို မိန့်မြွက်ခဲ့လေပြီ။ ဤစာအုပ်ထဲတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားမျိုးနွယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သည့် သမိုင်းကြောင်း၊ စာတန်က လူသားမျိုးနွယ်ကို မည်သို့ ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားသခင်က လူသားတို့ကို မည်သို့ ကယ်တင်ပုံ၊ ဘုရားသခင် ချစ်မြတ်နိုးသူများသည် မည်သည့် လူမျိုးများ ဖြစ်သည်၊ မည်သည့်လူများသည် ဘုရားသခင်၏ မုန်းတီးစက်ဆုပ်ခံရသည်၊ လူမျိုးစုံတို့၏ အဆုံးသတ်များနှင့် ပန်းတိုင်များ နှင့် စသည်တို့ကဲ့သို့သော ယခင်က ကျွန်ုပ်တို့ နားမလည်နိုင်ခဲ့သည့် နက်နဲမှုများစွာကို ထုတ်ဖော်လေသည်။ ဤအရာသာမက၊ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖောက်ပြန် ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်လျက်၊ တရားစီရင်ခြင်း နှင့် ပြစ်တစ်ဆုံးမခြင်း နှုတ်ကပတ်တော်များ ကိုလည်း ဖော်ပြခဲ့ပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်း နှုတ်ကပတ်တော်များကို လက်ခံသူများ အားလုံးသည် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ပြီး ပြောင်းလဲခြင်းကို ခံရလိမ့်မည်။ ၎င်းတို့သည် ကြီးစွာသော ဘေးဒုက္ခမတိုင်မီ အောင်မြင်သူများ အဖြစ် ပြုလုပ်ခံရပြီး၊ အဆုံးသတ်တွင် ထာဝရ အတိသုခကို ပျော်မွေ့ခံစားဖို့ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင် ဇာတိပကတိတွင် ရှိပြီး၊ တိတ်တဆိတ် အမှုဆောင်ရွက်နေသည့် ကာလအတွင်းတွင် ဘုရားသခင်၏ အသံတော်ကို ကြားဖို့ ကြိုးပမ်းအားထုတ်မှု မပြုသူများ၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုတော်ကို လက်မခံသူ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း လူ့ဇာတိခံ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး၊ ပြစ်မှားစော်ကားသူများ တို့သည် ဘုရားသခင်၏ ဖော်ထုတ်ခြင်း နှင့် သုတ်သင် ဖယ်ရှင်းခြင်းတို့ကို ခံရလိမ့်မည်။ ထို့ကြောင့် စပါး နှင့် တောပင်များ၊ သိုးနှင့် ဆိတ်များ၊ ပညာရှိသတို့သမီးများ နှင့် မိုက်မဲသော သတို့သမီးများ၊ ကျွန်ကောင်းများနှင့် ကျွန်ဆိုးများ၊ သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် သမ္မာတရားကို မုန်းတီးစက်ဆုပ်သူများ- တစ်ဦးချင်းစီတို့သည် ဖော်ထုတ်ခံရပြီး၊ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ခံရမည်။ ထို့နောက်တွင် ဘုရားသခင်က တိမ်တိုက်များဖြင့် ကြွလာကာ၊ ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများနှင့် လူမျိုးများအားလုံးထံသို့ လူပုံအလယ်တွင် ပေါ်ထွန်းပြီး၊ ကောင်းမြတ်သူများကို စတင် ဆုလာဘ်ချီးမြှင့်ကာ၊ ဆိုးယုတ်သူများကို အပြစ်ဒဏ် ပေးလိမ့်မည်၊ ဤသို့ဖြင့် သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများကို ပြည့်စုံစေမည်။ “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၀) ထိုအချိန်တွင် ဘုရားသခင်ကို ဆန့်ကျင်၊ ငြင်းပယ်ပြီး၊ ပြစ်တင်ရှုတ်ချခဲ့သူများသည် သူတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များကြောင့် ၎င်းတို့၏ ရင်ကိုထုပြီး၊ နောင်တများဖြင့် ပြည့်နှက်လိမ့်မည်။ ဘုရားသခင်၏ အမှုတော်မှနေပြီး ဘုရားသခင်သည် မည်မျှ ဖြောင့်မတ်ပြီး၊ အနန္တတန်ခိုးရှင်ဖြစ်ကာ၊ အမြော်အမြင် ရှိသည်ကို ကျွန်ုပ်တို့ တွေ့မြင်ပါသည်။

သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုနည်း

ယနေ့အခါ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူတစ်စုကို သိမ်းပိုက်အောင်မြင်ကာ၊ ကယ်တင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အောင်မြင်သူများကိုလည်း စုံလင်စေခဲ့ပြီ ဖြစ်သည်။ ဘုရားသခင်၏ တိတ်တဆိတ် ဆောင်ရွက်သည့် အမှုတော်သည် မကြာမီ အဆုံးသတ်တော့မည်၊ ယင်းပြီးနောက်တွင် ကြီးစွာသော ဘေးဒုက္ခ အမျိုးမျိုးအားလုံးတို့သည် ကမ္ဘာမြေပေါ်သို့ ရုတ်ချည်း ကျရောက်လိမ့်မည်။ ကျွန်ုပ်တို့ အရှေ့တွင် အရေးပေါ် လုပ်ဆောင်ချက်တာဝန် တစ်ခု ရှိလေသည်။ သခင်ယေရှု၏ ပြန်ကြွလာခြင်းကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့်ပြီး၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်ုပ်တို့ မည်သို့ လက်ခံယုံကြည်သင့်သနည်း။ သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဟု မိန့်တော်မူခဲ့သည်။ ဤပရောဖက်ပြုခြင်းများ သည်လည်း သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။ “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။(ဗျာဒိတ်ကျမ်း ၂:၇)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ပြီးလျှင် အနန္တတန်ခိုးရှင် ဘုရားသခင်က “ဘုရားသခင်၏အမှုသည် ကြီးမားသော လှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးတက်လေသည်။ မည်သူကမျှ သူ့ကို မထိန်းနိုင်သကဲ့သို့ မည်သူကမျှ သူ၏ ချီတက်ခြင်းကို မရပ်တန့်စေနိုင်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သေချာစွာ နားထောင်သောသူများနှင့် ဘုရားသခင်ကို ရှာဖွေကာ ဆာငတ်သောသူတို့သာ ဘုရားသခင်၏ ခြေလှမ်းများနောက်လိုက်နိုင်ပြီး၊ သူ၏ကတိကို ရရှိနိုင်ပေသည်။ ထိုသို့မဟုတ်သူများသည် ပြင်းထန်သော ဘေးဒုက္ခနှင့် အလွန် ထိုက်တန်သည့် အပြစ်ပေးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။” (—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဟု မိန့်တော်မူခဲ့သည်။ သင်သည် သိုးသငယ်၏ ခြေလှမ်းများ နောက်သို့ လိုက်ဖို့ ဆန္ဒရှိပါသလား။ သခင့်ကို သင်ကြိုဆိုလို ပါသလား။ ကြီးစွာသော ဘေးဒုက္ခမတိုင်မီ သင်ချီဆောင်ခံရ လိုပါသလား။ ကျွန်ုပ်တို့သည် သခင့်ကို ကြိုဆိုမည်ဆိုပါက၊ အနန္တတန်ခိုးတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များသည် သမ္မာတရား ဟုတ်မဟုတ်၊ ၎င်းတို့သည် အသင်းတော်များကို မိန့်တော်မူသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များ ဟုတ်မဟုတ်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ အသံတော်ကို ကြားရန် နည်းလမ်းကို ကျွန်ုပ်တို့ သင်ယူလေ့လာဖို့မှာ အဓိကသော့ချက် ဖြစ်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ပြောထားပါသည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရှာဖွေပြီး တောင့်တသည့် နှိမ့်ချသော စိတ်နှလုံး ပိုင်ဆိုင်ပါက၊ သခင်ကို မကြာမီ ကြိုဆိုရာတွင် ဘုရားသခင်က ကျွန်ုပ်တို့အား ဦးဆောင်လမ်းပြလိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်ဖို့ လမ်းပြပေးသည်။

ဖန်ဟောက်၊ တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို...

ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိရန် နည်းလမ်း

ဟွဖေး မှ မာတိကာ သခင့်အပေါ် စစ်မှန်သောယုံကြည်ခြင်း ကျွန်ုပ်တို့ရှိပါသလား အမှန်တကယ် စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ ၁။ အာဗြဟံ၏...

ဘုရားသခင်၏ သိုးသည် ဘုရားသခင်၏ အသံတော်ကို ကြားသည်- စစ်မှန်သော လမ်းခရီးကို လေ့လာစုံစမ်းသည့်အခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်ကို ကြားသင့်သည်

ဤကမ္ဘာ့ကပ်ဆိုးကြီးသည် လတ်တလော လများတွင် ဆက်လက်ပျံ့နှံ့နေပြီး၊ ရောဂါအတည်ပြုလူနာများနှင့် သေဆုံးမှု အရေအတွက်များသည် ယခင်ကထက် တိုး၍...

ကယ်တင်ခြင်းသည် မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်ထံမှ မည်သို့ရရှိပုံ

ဂျွန်ယင်မှ ရေးသားသည် ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ကယ်တင်ခြင်းသည် ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူသားမျိုးနွယ်ကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။