ခရစ်ယာန်တရားဟောချက်များ - သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

25.03.2022

ဂျန်းရှန်

ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော် ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေကြသူများသည် ဤမေးခွန်းကို ဧကန်မုချတွေးနေကြမည် ဖြစ်သော ညီအစ်ကို မောင်နှမများစွာ ရှိပါသည်၊ ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ အငယ် ၁၂ တွင် သခင်ယေရှုက "ငါသည်အလျင်အမြန်လာမည်" ဟု ပရောဖက်ပြုတော်မူခဲ့သည်။ သခင်က နောက်ဆုံးသောကာလ၌ သူ တစ်ဖန် ပြန်ကြွလာသည့်လာမည်ဖြစ်ကြောင်း ကတိတော်ထားခဲ့သည်၊ထို့ကြောင့် ယခု သူ ပြန်ကြွလာခဲ့ပြီးဖြစ်ပါသလား။ ဤမေးခွန်းက ကျွန်တော်တို့ ခရစ်ယာန်များအတွက် အလွန်အရေးကြီးပါသည်၊ ထို့ကြောင့် သခင်က အမှန်တကယ် ပြန်ကြွပြီးသည်၊ မကြွပြီးသည်ကို ကျွန်တော်တို့ မည်သို့ အတိအကျသိရမည်နည်း။ အမှန်မှာမူ သခင်ယေရှုက သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းများဖြင့် ကျွန်တော်တို့ကို ပြောပြနှင့်ပြီး ဖြစ်သည်၊ ကျွန်တော်တို့က အချက်အလက်များအားလုံးကို အတူတကွယူပြီး၊ အလွန်စိတ်ထက်သန်စွာ ချင့်ချိန်စဉ်းစားသမျှ ကာလပတ်လုံး အဖြေကို ရှာတွေ့ပါလိမ့်မည်။

၁။ စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှု နှင့် ငလျင်လှုပ်ခြင်းများ ပေါ်ပေါက်လာခြင်း

ရှင်မဿဲ အခန်းကြီး ၂၄၊ အငယ် ၆ မှ ၈ တွင် "သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိ ပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်း တို့သည် ဖြစ်ကြလိမ့်မည်။ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင် ဖြစ်သတည်း။" ဟု ပြောထားသည်။ လတ်တလောနှစ်များတွင် ကမ္ဘာအနှံ့ ဖြစ်ပေါ်ခဲ့သည့် ဘေးအန္တရာယ်များသည် ပို၍ ကြီးထွားခဲ့ပြီး၊ ပို၍ ပြင်းထန်လာခဲ့သည်၊ လူသားများကြောက်ရွံ့တုန်လှုပ်ရန်၊ ငလျင်လှုပ်ခြင်းများ၊ ရေကြီးခြင်းများ၊ မိုးခေါင်ခြင်းများ၊ တောမီးလောင်ခြင်းများ၊ ငတ်မွတ်ခေါင်းပါးမှု နှင့် ရောဂါများ ပေါ်ပေါက်ခြင်း စသည်တို့သည် မကြာခဏ ဖြစ်ပေါ်ကာ၊ ပျံ့နှံ့နေသည်၊ ကမ္ဘာကြီးသည် ပြောင်းလဲတတ်ပြီး ဆူပူအုံကြွသည့် အခြေအနေတွင်ရှိသည်၊ ပြီးလျှင် စစ်ပွဲများ၊ အကြမ်းဖက်လုပ်ရပ်များ၊ ဒေသဆိုင်ရာ ပဋိပက္ခများ နှင့် အကြမ်းဖက်သည့် တိုက်ခိုက်မှုများသည် မကြာခဏ ဖြစ်ပေါ်ကာ၊ ဆက်ပြီး အရှိန်မြှင့်လာသည်။ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ် ဧပြီလတွင် အမေရိကန်နိုင်ငံ၌ ပြည်နယ်ပေါင်း ၁၆ခုတို့က ၎င်းတို့တွင် ကြက်ငှက်တုတ်ကွေးရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်၊ ကျွမ်းကျင်သူပညာရှင်များက ဤသည်မှာ အမေရိကန်နိုင်ငံတွင် နှစ်ပေါင်း၃၀ အတွင်း အဆိုးရွားဆုံး ကြက်ငှက်တုတ်ကွေး ဖြစ်ပေါ်မှုဖြစ်ကြောင်း ညွှန်ပြခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် နီပေါလ်နိုင်ငံ အချက်အချာကျသည့်နေရာတွင် ၈.၁ ရစ်ချ်တာ စကေးရှိသည့် ငလျင်တစ်ခုဖြစ်ပွားခဲ့ပြီး၊ ရလဒ်အနေဖြင့် လူပေါင်း ၉၀၀၀ ခန့်သေဆုံးပြီး၊ ၂၂၀၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဤသည်မှာ နီပေါလ်တွင် နှစ်ပေါင်း၈၀အတွင်း ဖြစ်ပွားခဲ့သည့် အကြီးမားဆုံး သဘာဝဘေးအန္တရာယ် ဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် ဇူလိုင်လအထိ ပဲရစ်၊ ဘရပ်ဆဲလ်စ် နှင့် နိစ် မြို့တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများစွာကို တွေ့ကြုံခံစားခဲ့ရပြီး၊ အနည်းဆုံးလူဦးရေ ၂၀၀ သေဆုံးပြီး၊ ၇၀၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် အိန္ဒိယနိုင်ငံသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ခြင်းကို တွေ့ကြုံခံစားရသည်မှာ လူဦးရေ သန်းပေါင်း ၃၀၀ ကျော်တို့က လုံလောက်သည့် သောက်ရေ ရှာတွေ့ဖို့ ရုန်းကနခဲ့ရသည်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၄ရက်မှ ၆ရက်နေ့အထိ နှင်းထူထပ်သောကြောင့် အာဖဂန်နစ္စတန်နိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံတို့၏ နယ်စပ်တစ်လျှာက် ရေခဲထုနှင့် ကျောက်တုံးများ တစ်ဟုန်ထိုး လျှောကျခြင်း ဖြစ်ပေါ်ခဲ့ပြီး၊ လူပေါင်း ၁၀၀ကျော် သေဆုံးကာ၊ မိသားစု ၂၆၁၇ စုခန့်၊ စုစုပေါင်း လူပေါင်း ၁၅၇၀၂ ယောက်တို့ ထိခိုက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ရက်နေ့ အရုဏ်ဦး၌ ကိုလံဘီယာနိုင်ငံ မိုကိုဝါမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ခဲ့ပြီး၊ လူအနည်းဆုံး ၃၁၆ ဦး သေဆုံးကာ၊ ၃၃၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင်၊ ၁၀၃ ဦး ပျောက်ဆုံးခဲ့သည်။ ဤသည်မှာ ကိုလံဘီယာ သမိုင်းကြောင်းတွင် တတိယမြောက် ရာသီဥတုဆိုင်ရာ သဘာဝဘေးအန္တရာယ်ဖြစ်ပြီး၊ မိုကိုဝါမြို့တွင် အဆိုးဆုံးဖြစ်ပွားသည့် ဘေးအန္တရာယ်အဖြစ် သတ်မှတ်ကြသည်။ ဤဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားခြင်းသည် ဘုရားသခင်ထံမှ လူသားမျိုးနွယ်ကို သတိ ပေးချက်တစ်ခု အတိအကျပင် ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့မှနေပြီး ဤသမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းသည် ပြည့်စုံခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း နှင့် သခင်က တစ်ဖန် ပြန်ကြွလာပြီးဖြစ်ကြောင်းတို့ကို ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။

၂။ အစ္စရေးနိုင်ငံ နဂိုအတိုင်းပြန်ဖြစ်စေခြင်း

ရှင်မဿဲ အခန်းကြီး ၂၄၊ အငယ် ၃၂ မှ ၃၃ တွင် "သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတခုကိုမှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက် အလက်နု၍ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ထိုနည်းတူ၊ ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည်တံခါးဝ တိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။" ဟု ပြောထားသည်။ ကျွန်တော်တို့အားလုံး သိပြီးဖြစ်သည့်အတိုင်း သဖန်းပင် သည် အခက်အလက်နု၍ အရွက်ပေါက်ခြင်းက အစ္စရေးနိုင်ငံတော် နဂိုအတိုင်းပြန်ဖြစ်စေခြင်းကို ညွှန်းဆိုခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံသည် ၁၉၄၈ ခုနှစ် မေလ ၄ ရက်နေ့တွင် နဂိုအတိုင်းပြန်ဖြစ်ခဲ့သည်။ ဤကျမ်းပိုဒ် များက ကျွန်တော်တို့အနေဖြင့် အစ္စရေးနိုင်ငံတော် နဂိုအတိုင်းပြန်ဖြစ်သည်ကို မြင်တွေ့ရသည့်အချိန်တွင် လူသားသည် တံခါးဝတွင်ရှိနေပြီဖြစ်ကြောင်း ပြောထားသည်။ အစ္စရေးနိုင်ငံတော် နဂိုအတိုင်းပြန်ဖြစ်ခဲ့သည်မှာ ယခုတွင် နှစ်ပေါင်း ၇၀ ရှိခဲ့ပြီး၊ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀တွင် သခင်က တံခါးဝတွင် ရှိနေသောကြောင့် ကိုယ်တော်ပြန်ကြွလာခဲ့သည်မှာ ကြာပြီမဟုတ်ပါလား။ သခင်ယေရှု၏ ပြန်ကြွခြင်းနှင့်ဆိုင်သော ဤပရောဖက်ပြုချက် ပြည့်စုံခဲ့ပြီးဖြစ်သည်မှာ အလွန်ရှင်းလင်းလှပါသည်။

၃။ ဧဝံဂေလိတရားတော်ကို ကမ္ဘာလောက အရပ်ရပ်ရှိသမျှတို့တွင် ဟောရလိမ့်မည်

ရှင်မဿဲ အခန်းကြီး ၂၄ အငယ် ၁၄ တွင် "လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတံ့။" ဟု ပြောထားသည်။ "ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။" ဆိုသည်မှာ ကမ္ဘာလောကတစ်ခုလုံးက သခင်ယေရှု၏ ဧဝံဂေလိတရားကို ကြားနာရသည့်အချိန်တွင်၊ ခရစ်တော် ကြွလာမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ (ယင်းမှာ လူအယောက်စီတိုင်းက ဧဝံဂေလိကို ကြားရချိန် သို့မဟုတ် လူအယောက်စီတိုင်းက ခရစ်တော်ကို ယုံကြည်ချိန်ဟု မဆိုလိုပါ) သခင်ယေရှုက ကားတိုင်တွင် သံမှိုစွဲခံခဲ့ရပြီး၊ သူ့ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ကို စုံလင်စေခဲ့သည့်အချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်က တပည့်တော်များနှင့် တမန်တော်များ သခင်ယေရှုကို သက်သေခံရန်အတွက် စတင်လမ်းပြတော်မူခဲ့သည်။ ထိုအချိန်ကတည်းက သခင့်ဧဝံဂေလိတရားသည် ရေဒီယို၊ အင်တာနက်၊ စာအုပ်များ၊ ဧဝံဂေလိလက်ကမ်းစာစောင် သို့မဟုတ် ယုံကြည်သူများ၏ ဧဝံဂေလိတရားဟောခြင်းတို့ကဲ့သို့ နည်းဟန်လမ်းကြောင်းမျိုးစုံဖြင့် တဖြည်းဖြည်းချင်း ပျံ့နှံ့ခဲ့သည်။ ခရစ်ယာန်ဘာသာသည် တစ်ကမ္ဘာလုံးအနှံ့တွင် တည်ထောင်ခဲ့ပြီး၊ နိုင်ငံအများစုက ခရစ်ယာန်ဘာသာကို ၎င်းတို့၏ နိုင်ငံတော်ဘာသာအဖြစ်နှင့်ပင် ခံယူခဲ့ကြသည်။ ခရစ်ယာန်များသည် ကမ္ဘာတစ်လွှား ပျံ့နှံ့ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပြီး၊ ဘုရားမဲ့သော နိုင်ငံရေးပါတီ၏ အုပ်ချုပ်မှုခံရသည့် တရုတ်ပြည်၌ပင်လျှင် သခင်ယေရှု၏ ဧဝံဂေလိတရားတော်ကို လက်ခံသူ များစွာရှိပါသည်၊ သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ ဧဝံဂေလိတရားသည် ကမ္ဘာရေမြေဆုံးသည့်တိုင် ပျံ့နှံ့ခဲ့သည်မှာ ကြာခဲ့ပြီ။ ချစ်ခင်ရသည့် ညီအစ်ကို မောင်နှမများ၊ တခဏမျှ ထိုအကြောင်းကို တွေးကြည့်ပါ၊ ယခု ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊ မည်သည့်နယ်မြေဒေသက သခင်ယေရှု၏ ဧဝံဂေလိတရားတော် ကို လုံးဝ မကြားဖူးပဲ ရှိပါသနည်း။

၄။ မတရားသောအမှုတို့သည် များပြားသဖြင့် ယုံကြည်သူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်

ရှင်မဿဲ အခန်းကြီး ၂၄ အငယ် ၁၂ တွင် "မတရားသော အမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။" ဟု ပြောထားသည်။ မတရားသောအမှုသည် ယခုအခါတွင် ကမ္ဘာ၏ ဘာသာတရားထဲ၌ တိုးပွားလျက်ရှိနေပြီး၊ ယခုအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော် သို့မဟုတ် ဘုရားသခင်၏ မျက်မှောက်တော်မရှိပဲ ဖြစ်နေသည်။ အချို့သော လူများက ထက်သန်သော ယုံကြည်မှုတစ်ခုရှိသည့် အသွင်ပေါက်နိုင်သော်လည်း၊ သူတို့က လောကီဆိုင်ရာ လမ်းကြောင်းကို လျှောက်နေဆဲဖြစ်သည်။ ကြွယ်ဝမှုကို ငမ်းငမ်းတက် လိုလားခြင်းသည် ယုံကြည်သူများအကြားတွင် ပျံ့နှံ့လျက်ရှိသည်၊ အချို့က သူတို့ အသင်းတော်များတွင် ကုန်ပစ္စည်း မျိုးစုံကို ရောင်းဝယ်ကြပြီး၊ အချို့ကမူ စီးပွားရေး လုပ်ငန်းထဲဝင်ကာ၊ အချို့က စက်ရုံများ လည်ပတ်ခြင်း နှင့် ငွေရှာခြင်းတို့ဖြင့် သူတို့ဘာသာ အလုပ်ရှုပ်နေကြသည်။ သူတို့က သခင့်အတွက် အလုပ်လုပ်ဖို့ မတွေးကြပဲ၊ လောကီဆိုင်ရာ အရှုပ်အထွေးများတွင် ရုန်းမထွက်သာအောင် မိပြီး အသက်ရှင်နေထိုင်ကြသည်။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများ တရားဟောကြားသည့် အချိန်တွင် သူတို့က သခင့်နှုတ်ကပတ်တော်များကို ဟောကြားခြင်းအစား သမ္မာကျမ်းစာဆိုင်ရာ အသိပညာနှင့် ဓမ္မပညာဆိုင်ရာ အယူအဆများကိုသာ ရှင်းပြခြင်းတွင် အာရုံစိုက်ကြသည်၊ သူတို့သည် သခင့်ကို သက်သေမခံကြပါ သို့မဟုတ် သခင့်ကို မချီးမြှောက်ကြပါ၊ သူတို့က သခင့်အလိုတော်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားရန် ယုံကြည်သူများကို ဦးမဆောင်ကြပါ။ ထို့ကြောင့် သူတို့က သူတို့၏ ပရိတ်သတ်များကို သမ္မာကျမ်းစာဆိုင်ရာ အသိဉာဏ်ပညာ ရရှိစေရန်သာ ဦးဆောင်ခြင်းဖြင့် အဆုံးသတ်ကြသည်၊ ပြီးလျှင် သူတို့၏ ပရိတ်သတ်ကလည်း ဘုရားသခင်ထံမှ ပို၍ပို၍ ဝေးကွာလာရသည်၊ အချို့သော သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အချင်းချင်း ယှဉ်ပြိုင်ပြီး၊ မနာလိုသည့် အငြင်းပွားမှုများဖြစ်လိုက်ကြသည်မှာ သူတို့က အုပ်စုများပင် ဖွဲ့ပြီး ကွဲပြားသော ဂိုဏ်းဂဏများ အဖြစ် ကွဲထွက်ကုန်ခြင်း၊ အလှူငွေများကို ခိုးခြင်း၊ လိင်ပိုင်းဆိုင်ရာ လက်မခံနိုင်သည့်အပြုအမူများကို ပြုသည့်အပြင်၊ ဘုရားသခင်ကို ကြောက်သည့်နှလုံးသား တစ်စုံတစ်ရာလည်း မရှိကြပါ။ ဤမတရားသော လုပ်ရပ်များသည် ဘာသာရေးလောကတွင် ပို၍ပို၍ ဖြစ်လာနေပြီး၊ အသင်းတော်များသည် ပို၍ပို၍ ယိုယွင်းပျက်စီးလာနေသည်။ ဤအရာများက ကျွန်တော်တို့ကို ပညတ်တော်ခေတ်၏ အကုန်တွင် ယခင်က ယေဟောဝါ၏ဘုန်းတော်ဖြင့် ပြည့်နှက်ခဲ့သည့် ဗိမာန်တော်သည် ယိုယွင်းပျက်စီးလာခဲ့ပြီး၊ ယဇ်ပုရောဟိတ်များက ညံ့ဖျင်းသော ယဇ်ပူဇော်မှုများ လုပ်ဆောင်ခဲ့ကြပြီး ဗိမာန်တော်သည် စျေးကွက်တစ်ခု ဖြစ်လာသည့် အကြောင်းကို မလွဲဧကန် တွေးတောမိစေသည်။ ယနေ့အသင်းတော်များနှင့် ပညတ်တော်ခေတ် အကုန်မှ ဗိမာန်တော်တို့အကြား ကွာခြားချက်တစ်ခုတစ်လေရှိပါသလား။ သမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်းသည် လုံးလုံးပြည့်စုံကာ၊ သခင်ပြန်ကြွလာပြီ ဖြစ်ကြောင်း ဤအရာမှ ကျွန်တော်တို့ မြင်နိုင်ပါသည်။

မတရားသောအမှုတို့သည် များပြားသဖြင့် ယုံကြည်သူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်

၅။ ခရစ်တော်အတုအယောင်နှင့် ပရောဖက်အတုအယောင်များ ပေါ်ထွန်းခြင်း

ရှင်မာကု အခန်းကြီး ၁၃ အငယ် ၆ တွင် တပည့်တော်များက သခင်ယေရှုအား နောက်ဆုံးသောကာလတွင် ကိုယ်တော်၏ ပြန်ကြွလာခြင်း အတွက် မည်သည့် နိမိတ်များရှိမည်ကို မေးမြန်းခဲ့သည့်အချိန်တွင် သခင်ယေရှုက "အများသောသူတို့က၊ ငါသည် ဤမည်သောသူ ဖြစ်၏ဟုဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။" ဟု မိန့်တော်မူခဲ့သည်ဟု ဆိုထားပါသည်။ ပြီးနောက် ရှင်မဿဲ အခန်းကြီး ၂၄ အငယ် ၂၄ တွင် "အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြကြလိမ့်မည်။" ဟု မှတ်တမ်းတင်ထားသည်။

သခင်ယေရှုက ကိုယ်တော်သည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာသည့်အချိန်တွင် ခရစ်တော်အတုအယောင်များနှင့် ပရောဖက် အတုအယောင်များ ပေါ်ထွန်းလာမည်ဟု ပရောဖက်ပြုခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တစ်လျှောက်တွင်၊ တရုတ်၊ တောင်ကိုရီးယား နှင့် ဂျပန် ကဲ့သို့သော နိုင်ငံများတွင် ခရစ်တော် အတုအယောင်နှင့် ပရောဖက်အတုအယောင်များ တစ်ဦးပြီး တစ်ဦး ပေါ်ထွက်ပြီးဖြစ်သည်။ ၎င်းတို့သည် သူတို့ကိုယ်သူတို့ ခရစ်တော်ဟု ခေါ်ကြပြီးလျှင် သူတို့က သခင်ယေရှု၏ နာမတော်ဖြင့် အခြားသူများယုံကြည်အောင် ပြုလုပ်ရုံမျှမက၊ သူတို့က သခင်ယေရှု၏ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများ၊ နာမကျန်းသူများကို အနာငြိမ်းစေခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်း စသည်တို့ကို အတုခိုးဖို့လည်း ကြိုးစားကြသည်။ ခရစ်တော် အတုအယောင် ပေါ်ပေါက်သည့်အချိန်တွင် ခရစ်တော်အစစ်အမှန်က အမှန်တကယ်ပင် ပြန်ကြွလာပြီးဖြစ်သောကြောင့်၊ များစွာသော ခရစ်တော် အတုအယောင်များ ပေါ်ပေါက်ခြင်းမှ သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများ ပြည့်စုံခဲ့ပြီဖြစ်ကြောင်း ကျွန်တော်တို့တွေ့မြင်နိုင်သည်။ ဤအချိန်တွင် ကျွန်တော်တို့က လက်ဦးမှုကိုပို၍ပင် ယူကာ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေသင့်သည်။ အချို့သော ညီအစ်ကိုမောင်နှမများက "အခု ခရစ်တော်အတုအယောင်တွေ နဲ့ ပရောဖက်အတုအယောင်တွေ အများကြီး ပေါ်ပေါက်ခဲ့ပြီ။ ကျွန်မတို့က သူတို့ကို လက်ဦးမှုရအောင် ရှာဖွေပြီး၊ စုံစမ်းစစ်ဆေးတာလုပ်မယ်ဆိုရင်၊ ကျွန်တော်တို့ လှည့်စားခံရရရင် ဘာလုပ်မလဲ" ဟု မေးကောင်းမေးနိုင်သည်။ သို့သော်လည်း ကျွန်တော်တို့က လှည့်စားခံရမည်ကို ကြောက်သောကြောင့် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေပြီး စုံစမ်းစစ်ဆေးခြင်းမပြုပါက သခင်ပြန်ကြွလာပြီဖြစ်ကြောင်းကို ကျွန်တော်တို့ သိမည်မဟုတ်ပါ၊ ယင်းက ကျွန်တော်တို့ကို ပို၍ပင် စွန့်ပစ်ခံရဖို့ ဖြစ်စေမည် မဟုတ်ပါလား။ ကျွန်တော်တို့က အစာနင်မှာကို စိုးသောကြောင့် အစားစားခြင်းကို ရပ်တန့်လိုက်ခြင်းနှင့် အနည်းငယ် စုဆောင်းလို သောကြောင့် များစွာ ဆုံးရှုံးရခြင်းမျိုး ဖြစ်လိမ့်မည် မဟုတ်ပါလား။ ဤအချက်မှနေပြီး ကျွန်တော်တို့က လှည့်စားခံရမည်ကို စိုးသောကြောင့် သခင့်ကြွလာခြင်းအကြောင်း တရားဟောကြားသူများအားလုံးနှင့် ပတ်သက်ပြီး မည်သည့်အရာမျှ မကြား၊ မည်သည့်အရာမျှ မမြင်၊ မည်သည့် အရာမျှ မတို့ထိသော စိတ်သဘောထားကို ကျင့်သုံခြင်းသည် မိုက်မဲကြောင်း ကျွန်တော်တို့ တွေ့မြင်နိုင်ပါသည်။ သခင်ယေရှု ပြန်ကြွလာသည်ကို ကျွန်တော်တို့ ကြိုဆိုချင်လျှင်၊ ခရစ်တော် အတုအယောင်နှင့် ခရစ်တော် အစစ်အမှန်တို့အကြား ခြားနားချက်ကို ပြောနိုင်ဖို့ရန် အရေးပါလှပါသည်။ ဤနည်းအားဖြင့်သာလျှင် ကျွန်တော်တို့က သခင့်ကို ကြိုဆိုနိုင်ပြီး လှည့်စားမခံရပဲနေနိုင်မည်။ ထို့ကြောင့် ခရစ်တော် အတုအယောင်၏ အသွင်အပြင်လက္ခဏာများမှာ အဘယ်နည်း။ သခင်ယေရှုက "အကြောင်းမူကား၊ ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကို ပြကြလိမ့်မည်။" ဟု မိန့်တော်မူခဲ့သည်။ သခင့်နှုတ်ကပတ်တော်များမှ ခရစ်တော်အတုအယောင်၏ အဓိကအင်္ဂါရပ်များ ကို တွေ့မြင်နိုင်သည်၊ သူတို့က ရိုးရှင်းသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကိုသာ ပြုနိုင်ပြီး မှန်ကန်သည့် အသွင်ပေါက်သည့် ယုတ္တိအမှားများကိုသာ ဟောကြားသော်လည်း၊ ၎င်းတို့က လူများကို လှည့်စားရန် ဖြစ်ပြီး အမှန်တကယ်ပင် မှားယွင်းနေသည်၊ ၎င်းတို့သည် လူသားများ၏ အပြစ်ကျူးလွန်ခြင်းနှင့် ဝန်ခံခြင်းပြဿနာကို ဖြေရှင်းရန် မည်သည့်သမ္မာတရားကိုမျှ ထုတ်ဖော်ပြနိုင်စွမ်း လုံးလုံး မရှိကြပါ၊ ပြီးလျှင် သူတို့က လူသားမျိုးနွယ်ကို ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းမှ မကယ်တင်နိုင်ပါ။ ဤသည်မှာ ခရစ်တော်အတုအယောင်၏ အနှစ်သာရမှာ အလွန်အမင်း ဆိုးညစ်သော ဆိုးယုတ်သည့် ဝိညာဉ်များဖြစ်ပြီး၊ သူတို့က သမ္မာတရား လုံးလုံးကင်းမဲ့ကြသည်။ ခရစ်တော်သာလျှင် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်၊ ခရစ်တော်သာလျှင် သမ္မာတရားကို ဖော်ပြနိုင်ပြီး၊ ကျွန်တော်တို့ကို လမ်းခရီးပြသနိုင်ကာ၊ အသက်ပေးနိုင်သည်။ ကျွန်တော်တို့အတွက် ပေးရန် သမ္မာတရားကို မဖော်ထုတ်နိုင်ပဲနှင့်၊ ရိုးရှင်းသော နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုအချို့ တို့ကိုသာ ပြနိုင်သူများသည် ခရစ်တော်အတုအယောင်များဖြစ်သည်၊ ဤသည်မှာ ခရစ်တော် အတုအယောင်ကို ခရစ်တော်အစစ်နှင့် ခွဲခြားသည့် နည်းလမ်း၏ အခြေခံကျသည့်သဘောတရား ဖြစ်သည်။ သခင့် နှုတ်ကပတ်တော်များသည် ကျွန်တော်တို့၏ အခြေခံအုတ်မြစ်အနေဖြင့် ကျွန်တော်တို့က လှည့်စားခံရရန် စိတ်ပူဖို့မလိုအပ်ပါ။ ခရစ်တော် အတုအယောင် နှင့် ခရစ်တော် အစစ်တို့အကြား တိတိကျကျ မည်သို့ခွဲခြားရန်အတွက်ကို "ခရစ်တော်အစစ်နှင့် ခရစ်တော်အတုအယောင် တို့အကြား ပိုင်းခြားသိမြင်သည့်နည်းလမ်း" ဆိုသည့် ကောင်းမွန်သော ဤရုပ်ရှင်ကို ကျေးဇူးပြုပြီး ကြည့်ပါ။

အထက်မှ အချက်အလက်များအရ သခင်ယေရှု ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများအားလုံးသည် ပြည့်စုံခဲ့ပြီးဖြစ်ကြောင်း ကျွန်တော်တို့ တွေ့မြင်နိုင်သည်၊ သခင်ပြန်ကြွလာခဲ့ပါပြီ။ သို့သော်လည်း လူများစွာတို့က "သခင်ပြန်ကြွလာခဲ့ပြီးပြီဆိုရင်၊ ကျွန်မတို့က ဘာဖြစ်လို့ ကိုယ်တော့်ကို မကြိုဆိုကြသေးတာလဲ" ဟု ဧကန်မုချမေးကြလိမ့်မည်။ သခင်ယေရှု၏ ပြန်ကြွခြင်းကို ကြိုဆိုရာတွင် ကျွန်တော်တို့၏ လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းမှာ တစ်စုံတစ်ခု မှားယွင်းနေနိုင်သည်ဟု သင့်အနေဖြင့် တွေးဖူးပါသလား။ သခင်ယေရှုပြန်ကြွခြင်းနှင့် ပတ်သက်ပါက၊ လူအများစုက ခရစ်တော် အတုအယောင်ကို သတိထားခြင်းသာလျှင် သူတို့၏ ပထမဦးစားပေးအဖြစ် ထားကြသည်။ သူတို့က သူတို့၏ အတွေးအမြင်များနှင့် စိတ်ကူးစိတ်သန်းများကိုသာ ဖက်တွယ်ထားပြီး သခင့်ပြန်ကြွလာခြင်းကို သက်သေခံသည့်သူများအားလုံးက အတုအယောင်များ ဖြစ်သည်ဟု ယုံကြည်ကြသည်၊ ပြီးလျှင် သူတို့က ပညာရှိသတို့သမီးဖြစ်ရန် နှင့် ဘုရားသခင်၏ အသံတော်ကို နားထောင်ရန်တို့အတွက် နည်းလမ်းကို အာရုံမစိုက်ကြပါ။ အချို့လူများက စောင့်ကြည့်ခြင်းနှင့် စောင့်ဆိုင်းခြင်း၊ သခင်ယေရှု၏ နာမတော်ကို ဆုပ်ကိုင်ထားခြင်းနှင့်ကိုယ်တော့်၏ လမ်းခရီးကို ထိန်းသိမ်းခြင်းတို့ကို အာရုံစိုက်ကြသည်။ သို့သော်လည်း ဤသည်မှာ မလှုပ်မယှက် စောင့်ဆိုင်းခြင်းသာ ဖြစ်ပြီး၊ သူတို့သည် စဦးဆောင်ရွက်လှုပ်ရှားမှု ယူပြီး ရှေ့ဆက် ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ လုံးဝမရှိကြသည့်အပြင်၊ သခင့်အသံတော်ကို ကြားရန်အတွက်လည်း အာရုံမစိုက်ကြပါ။ သခင်ယေရှုက "ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။" (ရှင်ယောဟန် ၁၀:၂၇) "တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကိုခေါက်ကြလော့၊ ခေါက်လျှင်ဖွင့်မည်။" (ရှင်လုကာ ၁၁:၉) "စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။… စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။" (ရှင်မဿဲ ၅:၃၊၈) ဟု မိန့်တော်မူခဲ့သည်။ သခင်က သစ္စာစောင့်သိပါသည်၊ ကျွန်တော်တို့က ရှာဖွေခြင်းနှလုံးသားတစ်စုံ သိုထားကာ၊ နောက်ဆုံးသောကာလတွင် သခင့်ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို တက်ကြွစွာ စုံစမ်းစစ်ဆေးပြီး၊ သခင့်အသံတော်ကို စိတ်ထက်သန်စွာ နားထောင်ကာ၊ ဤနည်းလမ်းသည် သမ္မာတရားနှင့်ဆိုင်သော ဖော်ပြချက်တစ်စုံတစ်ရာ ရှိမရှိ နှင့် ကျွန်တော်တို့ကို အသက်ပေးနိုင်ခြင်းရှိမရှိကို ကြည့်သမျှကာလပတ်လုံး သူ၏ ဒုတိယအကြိမ် ကြွတော်မူခြင်းကို သတိပြုမိစေရန် သခင်က ကျွန်တော်တို့ကို ဧကန်မုချ လမ်းပြတော်မူလိမ့်မည်။

အယ်ဒီတာ့မှတ်စု- ဤဆောင်းပါးကို ဖတ်ရှုခြင်းဖြင့် သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်း များအားလုံးသည် ပြည့်စုံခဲ့ပြီဖြစ်ကြောင်း ကျွန်တော်တို့ ယခုနားလည် သဘောပေါက်ပါပြီ။ သို့ဆိုလျှင် ကျွန်တော်တို့က သခင်ယေရှု၏ ပြန်ကြွလာခြင်းကို မည်သို့ ကြိုဆိုသင့်သနည်း။ ကျွန်တော်တို့အနေဖြင့် ဤသမ္မာတရား၏ရှုထောင့်ကို ဆက်လက်ရှာဖွေပြီး လေ့လာနိုင်ရန် "သခင်ပြန်ကြွလာပြီ" ဆိုသည့် ဧဝံဂေလိစာမျက်နှာကို ကျွန်တော်တို့ အကြံပြုလိုပါသည်။ သင့်အနေဖြင့် ဤဆောင်းပါးနှင့် ပတ်သက်ပြီး အခြား သိမြင်မှု၊ အသိဉာဏ်အလင်းရခြင်း သို့မဟုတ် ခက်ခဲမှုတစ်စုံတစ်ရာ ရှိပါက ကျေးဇူးပြုပြီး မှတ်ချက်ပေးထားခဲ့ပါ၊ သို့မဟုတ် ကျွန်တော်တို့၏ ဝဘ်စာမျက်နှာ တိုက်ရိုက်စကားစမြည်ပြောဆိုခြင်းမှတစ်ဆင့် ကျွန်တော်တို့ကို အွန်လိုင်း၌ ဆက်သွယ်ပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘေးဒုက္ခကျရောက်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို သိနိုင်ပြီး သူ၏ ကွယ်ကာမှုကို ရနိုင်မည့်နည်းလမ်း

“ဆန်းသစ်သော ကိုရိုနာဗိုင်းရပ်စ်”— လူတို့၏ စိတ်နှလုံးများထဲသို့ အကြောက်တရားထည့်ပေးသည့် စကားလုံးများ- သည် တရုတ်ပြည်၊ ဝူဟန်မြို့တွင် စတင်...

နောက်ဆုံးသောအချိန် ပရောဖက်ပြုခြင်းများသည် ပြည့်စုံလေပြီ- သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုဆိုနည်း

အန်ရွမ်၊ ဖိလစ်ပိုင်နိုင်ငံ လွန်ခဲ့သည့် နှစ်နှစ်ထောင်က သခင်၏ နောက်လိုက်များက “ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည်...

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၅) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်- သခင့်ကိုကြိုဆိုရန် ပညာသတိရှိသော သတို့သမီးများဖြစ်လာနည်း

သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း...

ယေရှုခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်း နိမိတ်(၆)ခု ပေါ်ထွန်းလေပြီ- သူ့ကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့်သနည်း။

ရှင်းဂျီ လွန်ခဲ့သော အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက ကျွန်ုပ်တို့ကို ကတိပေးခဲ့၏။ “ငါသည်အလျှင်အမြန် လာသည်။” (ဗျာဒိတ်ကျမ်း ၂၂:၁၂) ယခုတွင်၊ သူ၏...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။