နောက်ဆုံးသောကာလ၏ နိမိတ်များကို မြင်တွေ့ရလေပြီ- ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ ရှာဖွေရမည်နည်း။

14.05.2020

နောဧ၏ နေ့ရက်များ ပေါ်ထွက်လာကြလေပြီ- ဤအရာက မည်သည့်အရာကို နိမိတ်ပြသနည်း။

နောဧ၏ အချိန်ကာလထဲက လူသားမျိုးနွယ်အကြောင်းကို ကျွန်ုပ်တို့ ပြောဆိုကြသည့်အခါ၊ လူသတ်ခြင်းနှင့် မီးရှို့ခြင်း၊ လုယှက်ခြင်းနှင့် ခိုးယူခြင်း၊ ပြီးလျှင် လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်းတို့သည် ထိုအချိန်ကာလ လူတို့အဖို့ ပင်ကိုစရိုက်သဖွယ်ပါနေသော အကျင့်ဖြစ်လာခဲ့သည်ကို အယောက်တိုင်း သိကြပါသည်။ သူတို့သည် ဘုရားသခင်ကို ရှောင်ဖယ်ခဲ့ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ခဲ့ကြသလို၊ နောက်ဆုံးတွင် ဘုရားသခင်က သူတို့ကို ကြီးမားသော ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခဲ့သည်။ ထို့နောက် ယနေ့လောကကြီး၏ လူတို့ကို ကျွန်ုပ်တို့ လေ့လာသည်- သူတို့သည် မကောင်းမှုကို ကြည်ညိုကြပြီး မြို့တိုင်းက လမ်းများနှင့် လမ်းကြိုလမ်းကြားများပေါ်တွင် ကာရာအိုကေ ဘားများ၊ ခြေအနှိပ်ခန်းများ၊ အရက်ဆိုင်များ နှင့် အက ကလပ်များကို တွေ့နိုင်သည်။ လူတို့သည် ဇာတိပကတိ၏ သာယာမှုများတွင် မွေ့လျော်ရင်း၊ စားကြ၊ သောက်ကြကာ ပျော်မြူးကြလေသည်။ လူအများစုသည် အချင်းချင်း တိုက်ခိုက်ရင်း၊ အချင်းချင်း လျှို့ဝှက်ကြံစည်ကြရင်းနှင့် မိတ်ဆွေများနှင့် ဆွေမျိုးများပါ မကျန် တစ်ဦးနှင့်တစ်ဦး လိမ်လည်လှည့်စားကြရင်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အချင်းချင်း ပြိုင်ဆိုင်ကြလေသည်။ လူအားလုံးသည် သမ္မာတရားကို ငြီးငွေ့ကြသည်၊ မတရားမှုကို ချစ်မြတ်နိုးပြီး အပြစ်ထဲတွင် အသက်ရှင်ကြလေသည်။ သမ္မာတရားကို ရှာဖွေဖို့ သို့မဟုတ် မှန်သော လမ်းခရီးကို ရှာဖွေဖို့ မည်သူမျှ ပဏာမခြေလှမ်း မလှမ်းကြသလို၊ ဘုရားသခင်ကိုပင် ပွင့်ပွင့်လင်းလင်း ငြင်းပယ်ပြီး အာခံကြလေသည်။ လူသားမျိုးနွယ်အားလုံးသည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်ကြပြီး သခင့်ကို ယုံကြည်သူများပင်လျှင် လောကီ ရေပန်းစားမှုများနောက်လိုက်ဖို့ မိမိတို့ကိုယ်ကိုယ် တန်ဖိုးလျော့စေကြလေသည်။ ၎င်းတို့သည် အပြစ်ပြုပြီးနောက် ဝန်ချခြင်း သံသရာထဲတွင် ရှင်သန်ရင်း၊ အပြစ်နှင့်ပြည့်သော ပျော်ပါးမှုများကို ၎င်းတို့ တပ်မက်ကြသလို၊ သခင့်၏ သွန်သင်ချက်များကို ကောင်းကောင်းသိကြသော်လည်း လက်တွေ့မလုပ်ဆောင်ကြချေ။ ထိုသို့သော မြင်ကွင်းများက လွန်ခဲ့သည့် အနှစ်နှစ်ထောင်က သခင်ယေရှု ပြုခဲ့သည့် ပရောဖက်ပြုချက်ကို မမှတ်မိဘဲမနေနိုင်ဖြစ်စေလေသည်- “နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့် နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။...လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၇:၂၆-၃၀) နောက်ဆုံးသော ကာလ၏ လူတို့သည် နောဧ၏ အချိန်ကာလက လူတို့ကဲ့သို့ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်လာသည့်အချိန်တွင် သခင် တစ်ဖန်ကြွလာမည်ဖြစ်သည်ကို ဤပရောဖက်ပြုချက်မှ ကျွန်ုပ်တို့ မြင်နိုင်သည်။ သို့သော် မည်သည့်နည်းလမ်းဖြင့် သခင်ပေါ်ထွန်းလိမ့်မည်နည်း။ ပြီးလျှင် သူ့ကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုနှုတ်ဆက်သင့်သနည်း။

နောက်ဆုံးသော ကာလတွင် သခင် မည်သို့ ကြွလာမည်နည်း။

သမ္မာကျမ်းစာထဲက ဤကျမ်းချက်ကို လူများစွာက ပြောဆိုကြသည်- “ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကို စီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၂၁:၂၇) သခင်ပြန်ကြွလာသည့်အခါ၊ မိုးတိမ်ပေါ် ထိုသို့ ပွင့်ပွင့်လင်းလင်း စီးလျက် ပြန်လာလိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ကို တိုက်ရိုက် ချီမသွားလိမ့်မည်ဖြစ်ကာ၊ အယောက်တိုင်းက သူ့ကို မြင်ကြလိမ့်မည်ဟု သူတို့ ယုံကြည်ကြလေသည်၊ ထို့ကြောင့် သခင် မိုးတိမ်ပေါ် ကြွလာဖို့ သူတို့ မလှုပ်မယှက် စောင့်ဆိုင်းကြလေသည်။ သို့သော်၊ အမှန်မှာ၊ “ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆)ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။(ဗျာဒိတ်ကျမ်း ၃:၃)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀)လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။(ရှင်မဿဲခရစ်ဝင် ၂၄:၂၇) နှင့် “ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၄၄) တို့ကဲ့သို့သော သခင် ပြန်ကြွလာမည့် နည်းလမ်းနောက်တစ်ခု ရှိသည်ဟု ဖော်ပြသော သမ္မာကျမ်းဆိုင်ရာ ပရောဖက်ပြုချက်များကို ကျွန်ုပ်တို့ လျစ်လျူရှုမိကြပြီဖြစ်သည်။ ဤပရောဖက်ပြုချက်များက “သူခိုးကဲ့သို့” သခင်၏ ပြန်ကြွလာခြင်းကို ဖော်ပြပြီး သူသည် “တံခါးရှေ့မှာ ရပ်၍ ခေါက်” မည်ဟု ဖော်ပြပါသည်။ ဤအရာက သခင်သည် တိတ်ဆိတ်စွာ နှင့် လျှို့လျှို့ဝှက်ဝှက် ကြွလာလိမ့်မည်ဖြစ်ပြီး ယင်းသည် မည်သူမျှ သတိပြုမိခြင်းမရှိဘဲ ဖြစ်လိမ့်မည်ဟု သက်သေပြပေသည်။ ဤကျမ်းချက်များက၊ “လူသား၏ ကြွလာခြင်း” နှင့် “လူသား ကြွလာသည်” ဟုလည်း ဖော်ပြပြီး “လူသား” ကို ဖော်ညွှန်းချက်တိုင်းသည် လူ့ဇာတိခံ ဘုရားသခင်ကို ဆိုလိုပေသည်။ လူမှမွေးပြီး သာမန် လူ့သဘာဝကို ပိုင်ဆိုင်သူတစ်ဦးကိုသာ “လူသား” ဟု ခေါ်ဆိုနိုင်ပေသည်။ သခင်သည် သူ၏ ထမြောက်ခြင်းနောက်တွင် သူ၏ ဝိညာဉ်ခန္ဓာ အသွင်ဖြင့် ကြွလာခဲ့ပါက၊ “လူသား” ဟု ခေါ်၍ရနိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်၊ နောက်ဆုံးသောကာလတွင် လူသားအလယ်၌ တိတ်တဆိတ် အမှုပြုဖို့ လူ့ဇာတိဖြင့် သခင်ပြန်ကြွလာသည်ကို ဤအရာက သက်သေပြပေသည်။

ဤအချိန်တွင်၊ အချို့သည် စိတ်ရှုတ်ထွေးနိုင်ပြီး၊ “သခင် မိုးတိမ်နှင့်အတူ ကြွလာလိမ့်မည်ဖြစ်ပြီး အားလုံး သူ့ကို မြင်ရလိမ့်မည်ဟု နှစ်ခုလုံးကို ကျမ်းစာက ပရောဖက်ပြုထားသော်လည်း၊ သခင်သည် လူ့ဇာတိဖြင့် တိတ်တဆိတ် ကြွလာလိမ့်မည်ဟုလည်း ပရောဖက်ပြုပါသည်။ဤသည်မှာ ဆန့်ကျင်ကွဲလွဲခြင်း တစ်ခု မဟုတ်ပါလား” ဟု တွေးနိုင်သည်။ အမှန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ဆန့်ကျင်ကွဲလွဲမှုတစ်ခုမျှ မရှိပါ။ သခင်၏ ကြွလာခြင်းသည် နည်းလမ်းနှစ်ခုဖြင့် ဖြစ်ပျက်ပေသည်။ နည်းလမ်းတစ်ခုမှာ သူသည် မိုးတိမ်များဖြင့် ပွင့်ပွင့်လင်းလင်း ကြွလာခြင်းဖြစ်သော်လည်း၊ အခြားတစ်ခုမှာ သူခိုးကဲ့သို့ လျှို့ဝှက်စွာ ကြွလာခြင်းဖြစ်သည်။ ဘုရားသခင် ပရောက်ဖက်ပြုသမျှတိုင်း ပြည့်စုံကာ ပြီးမြောက်လိမ့်မည်ဖြစ်သော်လည်း၊ ဘုရားသခင်သည် အဆင့်များဖြင့် အမှုပြုပြီး၊သူ၏ အမှုတော်အဖို့ အစဉ်အစဉ်တစ်ခု ရှိပါသည်။ ဘုရားသခင်သည် လူသားကို ကယ်တင်ဖို့ သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ ပထမဦးဆုံး လူ့ဇာတိခံကာ တိတ်တဆိတ် ကြွလာပြီးနောက်၊ ကောင်းသောသူကို ဆုလာဘ်ပေးပြီး ဆိုးယုတ်သောသူကို အပြစ်ပေးဖို့ မိုးတိမ်ပေါ် စီးလျက် အားလုံးထံ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းပေသည်။

နောက်ဆုံးသောကာလတွင် သခင်သည် မည်သည့်အမှုကို ပြုဖို့ ကြွလာပါသနည်း။

ဘုရားသခင်သည် အဘယ်ကြောင့် ပထမဦးဆုံး တိတ်တဆိတ် ကြွလာသနည်း။ ဤအရာသည် နောက်ဆုံးသော ကာလတွင် သူ ပေါ်ထွန်းသည့်အခါ ဘုရားသခင် ပြုသည့် အမှုနှင့် သက်ဆိုင်သည်။ သမ္မာကျမ်းစာမှ ဤကျမ်းချက်များကို ဖတ်ကြပါစို့- “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။(ဗျာဒိတ်ကျမ်း ၁၄:၇)အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။(ဗျာဒိတ်ကျမ်း ၃:၁၂)သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်- “ယေရှုသည် လူသားတို့အကြားတွင် အလုပ်များစွာ လုပ်ခဲ့သော်လည်း သူသည် လူသားမျိုးနွယ် အားလုံးအတွက် ရွေးနှုတ်ကယ်တင်ခြင်းကိုသာ ပြီးမြောက်စေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်ခဲ့သည်။ သို့သော် လူသားတို့၏ ယိုယွင်းပျက်စီးသော စိတ်သဘောထားကို ပယ်ရှင်းမပေးခဲ့ပါ။ စာတန်၏ လွှမ်းမိုးမှုမှ လူသားများကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုကို အပြစ်ဖြေရာယဇ်အဖြစ် လူသားတို့၏ အပြစ်များကို ယူဆောင်သွားရန် လိုအပ်သည်သာမက စာတန်ယိုယွင်း ဖျက်ဆီးခဲ့သော လူသားတို့၏ စိတ်သဘောထားကို လုံးဝပယ်ရှင်းရန် ဘုရားသခင်၏ ပိုကြီးမြတ်သော အမှုလည်း လိုအပ်သည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့အပြစ်မှ ခွင့်လွှတ်ခြင်းခံရပြီးနောက် ဘုရားသခင်သည် လူသားတို့ကို ခေတ်သစ်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားရန် လူ့ဇာတိအဖြစ် ပြန်ကြွလာခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအလုပ်ကို စတင်ခဲ့ကာ ထိုအလုပ်သည် လူသားတို့အား ပိုမိုကြီးမြတ်သော နယ်ပယ်တစ်ခုဆီသို့ ဆောင်ကြဉ်းခဲ့သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား)

နောက်ဆုံးသော ကာလတွင် သခင် ပြန်ကြွလာသည့်အခါ သူသည် သာ၍များသော သမ္မာတရားများကို ဖော်ပြလိမ့်မည်ဖြစ်ပြီး တရားစီရင်ခြင်းအမှုတော်ကို လုပ်ဆောင်လိမ့်မည်ဟု ဤနှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ သိနိုင်သည်။ ကျွန်ုပ်တို့ မိမိတို့ကိုယ်ကိုယ် ဆန်းစစ်နိုင်ဖို့၊ စစ်မှန်သော နောင်တရရှိပြီး ပြောင်းလဲနိုင်ဖို့၊ နောက်ဆုံးတွင် ဘုရားသခင်၏ သန့်စင်ခြင်းခံရကာ သူ၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံကြရသည့် အောင်မြင်သောသူများ ဖြစ်လာနိုင်ကြဖို့အဖို့ငှာ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို တရားစီရင်ပြီး ဖော်ထုတ်ဖို့ “(သူ)ပြောပြီးသည့် နှုတ်ကပတ်တော်” ကို သူ အသုံးပြုလိမ့်မည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် သခင်ယေရှုအားဖြင့် ရွေးနုတ်ခံရပြီးဖြစ်ကာ ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရပြီးဖြစ်သော်လည်း၊ ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်သော သဘာဝဖြစ်သည့် ကျွန်ုပ်တို့အပြစ်၏ အရင်းအမြစ်သည် ကျွန်ုပ်တို့၏ အတွင်းနက်နက်တွင် ကျန်ရှိပြီး ထိုအရာ၏ ထိန်းချူပ်ခြင်းခံရလျက် ကျွန်ုပ်တို့သည် အပြစ်များကို မကြာခဏ မကျူးလွန်ဘဲမနေနိုင်ကြပေ။ ဥပမာအနည်းငယ်မှာ ဤသို့သာဖြစ်သည်- ကျွန်ုပ်တို့၏ အကျိုးများနှင့် ဆန့်ကျင်သည့် အရာများကို အခြားလူများ လုပ်ဆောင်သည့်အခါ၊ သူတို့ကို ကျွန်ုပ်တို့ မုန်းနိုင်ပြီး စိတ်ဆိုးဒေါသပင် ထွက်လာကြသည်။ အများအားဖြင့်၊ ဘုရားသခင်ကို သစ္စာရှိပြီး သူ့ကို နာခံမည်ဟု ကျွန်ုပ်တို့ ပြောဆိုကြသော်လည်း၊ ကျွန်ုပ်တို့ မနှစ်သက်သည့်အရာတစ်ခုခု ဖြစ်သည့်အခါ၊ ဘုရားသခင်ကို ကျွန်ုပ်တို့ နားလည်မှုလွဲကာ အပြစ်တင်ကြသည်၊ ပြီးလျှင် ကြီးလေးသည့် ကိစ္စရပ်များတွင်၊ ဘုရားသခင်ကို ကျွန်ုပ်တို့ စွန့်ပင်စွန့်ပစ်ကြလေသည်။ ဤအရာက အပြစ်၏ အချုပ်အနှောင်များနှင့် ချုပ်ချယ်မှုများမှ မိမိတို့ကိုယ်ကိုယ် မဖယ်ရှားသေးကြောင်း၊ အပြစ်ပြုပြီးနောက် ဝန်ချခြင်း သံသရာထဲတွင် ကျွန်ုပ်တို့ အသက်ရှင်နေသေးကြောင်းနှင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို တစ်ကြိမ်နှင့်အပြီး သန့်စင်စေဖို့ တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ရန် လူ့ဇာတိခံ ဘုရားသခင်ကို ကျွန်ုပ်တို့ လိုအပ်ကြောင်းတို့ကို ပြပေသည်။ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ ကြားသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက် ချီမခံရပြီး ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံကြသည့်အခါ၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရပြီး၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ကာ၊ ဘုရားသခင်ကို ကိုးကွယ်ပြီး မည်သည့်အခြေအနေများအောက်တွင်မဆို ဘုရားသခင်ကို ချစ်နိုင်သည့်အခါ၊ ယင်းမှာ ဘုရားသခင်အားဖြင့် အောင်မြင်သောသူများအဖြစ်သို့ ကျွန်ုပ်တို့ ပြုလုပ်ခံရသည့်အချိန် ဖြစ်သည်။ ဤသူတို့သည် ဗျာဒိတ်ကျမ်းထဲတွင် ပရောဖက်ပြုထားသည့်အတိုင်း အောင်နိုင်သူ ၁၄၄၀၀၀ ဖြစ်ပြီး၊ ဗျာဒိတ်ကျမ်းထဲက အခန်းကြီး ၁၄၊ အပိုဒ်ငယ် ၄ ကို လုံးဝ ပြည့်စုံစေသည်- “ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။” သခင်သည် ပထမဦးစွာ ကြီးမားသော ဘုန်းအသရေနှင့် မိုးတိမ်တစ်ခုပေါ် ပြန်ကြွလာပါက၊ လူအားလုံးသည် သူ့ကို ကိုးကွယ်ဖို့ မိမိတို့ကိုယ်ကိုယ် ဝပ်စင်းကြလိမ့်မည်ဖြစ်သည်။ ထိုအခါ လူသား သဘာဝအတွင်းရှိ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် အာခံခြင်းတို့ကို ဖော်ထုတ်ဖို့ ဖြစ်နိုင်လိမ့်မည်မဟုတ်သလို၊ ကျွန်ုပ်တို့ကို တရားစီရင်ဖို့ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ပြခြင်းများအား ရည်ရွယ်၍ သမ္မာတရားများကို ဖော်ပြဖို့မှာ ဘုရားသခင်အတွက် အခြေအမြစ်ရှိမည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဘုရားသခင် ထုတ်ဖော်ပြခဲ့လျှင်ပင်၊ ကျွန်ုပ်တို့ လက်ခံကြလိမ့်မည်မဟုတ်ပေ၊ ပြီးလျှင် ကျွန်ုပ်တို့ သန့်စင်ခံရနိုင်မည်မဟုတ်သလို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ထိုသို့သာ ဖြစ်ပါက၊ ဘုရားသခင်သည် အောင်မြင်သူများကို ဖန်တီးခြင်းနှင့်ဆိုင်သည့် သူ၏ အမှုတော်ကို ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

ထို့အပြင်၊ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် လူအမျိုးအစားတိုင်းကိုလည်း ထုတ်ဖော်ပြလိမ့်မည်ဖြစ်သည်၊ အသီးသီးကို မိမိတို့၏ အမျိုးအစားအလိုက် ခွဲခြားလိမ့်မည်ဖြစ်ပြီး ကောင်းသောသူများကို ဆုလာဘ်ပေးကာ ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်။ သခင်သည် မိုးတိမ်ပေါ် ကြီးမြတ်သော ဘုန်းအသရေနှင့် ပြန်ကြွလာခဲ့ပါက၊ အားလုံးကု သူ့ကို မြင်ကြလိမ့်မည်ဖြစ်ပြီး သူ့ကို လက်ခံပြီး ကျိုးနွံနာခံဖို့ မိမိတို့ကိုယ်ကိုယ် မြေပေါ် ဝပ်စင်းကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်ကို သူတို့ ယုံကြည်သည်ဖြစ်စေ၊ စာတန်နှင့်သက်ဆိုင်သည်ဖြစ်စေ၊ သမ္မာတရားကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ၊ ဘုရားသခင်ကို နာခံသည်ဖြစ်စေ၊ အာခံသည်ဖြစ်စေ၊ မည်သူမျှ ဘုရားသခင်၏ ဖော်ထုတ်ခြင်းခံရနိုင်မည်မဟုတ်ပါ။ ထိုအခါ၊ သမ္မာကျမ်းထဲတွင် ကြိုတင်ဟောကိန်းထုတ်ထားသည့်အတိုင်း ရိတ်သိမ်းခြင်းနှင့် စပါးလှေ့ခြင်း၊ အသီးသီးကို မိမိတို့၏ အမျိုးအစားအတိုင်း ခွဲခြားခြင်း၊ ဆိတ်များမှ သိုးများကို ခွဲခြားခြင်း၊ တောပင်များမှ ဂျုံစပါးများကို ခွဲခြားခြင်းအလုပ် စသည်တို့သည် ဖြစ်လာနိုင်မည် မဟုတ်ပေ။ မည်သူက ကောင်းမြတ်ပြီး မည်သူက ဆိုးယုတ်သည်ကို ဘုရားသခင် သိသော်လည်း၊ လူတို့ ထုတ်ဖော်ပြမခံရပါက၊ ထိုအရာကို ၎င်းတို့ လက်ခံယုံကြည်ဖို့ မဆိုနှင့်၊ သိမှတ်ကြလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ လူကို တစ်ကြိမ်တည်းနှင့် အပြီးတိုင် ကယ်တင်ဖို့၊ အောင်မြင်သောသူ အုပ်စုတစ်စုကို ဖန်တီးဖို့နှင့် အသီးသီးကို မိမိတို့၏ အမျိုးအစားအလိုက် ခွဲခြားဖို့ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်မှာ သိသာထင်ရှားပေသည်။ ဤအရာကို လုပ်ဆောင်ဖို့၊ သူသည် ပထမဦးစွာ လူ့ဇာတိဖြစ်လာရမည်ဖြစ်ပြီး တိတ်တဆိတ် ကြွလာရမည်။ အောင်မြင်သောသူ အုပ်စုတစ်စုကို ပြုလုပ်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ လျှို့ဝှက်သော အမှုတော်၏ အချိန်ကာလ အဆုံးသတ်သို့ရောက်လာလိမ့်မည်ဖြစ်ပြီး ထိုအခါတွင်မှ ဘုရားသခင်သည် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းနှင့် ဆိုးယုတ်သော သူတို့ကို အပြစ်ပေးခြင်းအား စတင်ဖို့ တိုင်းနိုင်ငံများနှင့် လူမျိုးအားလုံးထံ ပေါ်ထွန်းလျက်၊ မိုးတိမ်များဖြင့် ပွင့်ပွင့်လင်းလင်း ကြွလာလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံပြီးဖြစ်ကာ သန့်စင်ခံရသူအားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရလိမ့်မည်ဖြစ်သော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်ကို လက်မခံကြသူများနှင့် ဘုရားသခင်ကို အာခံကာ၊ အသရေပျက်အောင် လုပ်ကြံပြောဆိုပြီး ပြစ်မှားစော်ကားသူများအားလုံးသည် ဆိုးယုတ်သော ငယ်သားများနှင့် တောပင်များအဖြစ် ထုတ်ဖော်ပြခံရလိမ့်မည်။ ထိုသို့သော လူများအားလုံးသည် များစွာသော ငိုကြွေးခြင်းနှင့် အံသွားခဲကြိတ်ခြင်းတို့ဖြင့် ကပ်ဘေးများထဲတွင် တွန်းပို့ခံရကြလိမ့်မည်။ ထိုအခါတွင်မှ ဗျာဒိတ်ကျမ်းထဲက ဤပရောဖက်ပြုချက် ပြည့်စုံလိမ့်မည်ဖြစ်သည်- “ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇)

သခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့်သနည်း။

လူ့ဇာတိခံ ဘုရားသခင် တိတ်တဆိတ် အမှုပြုနေစဉ်တွင်၊သခင့်ကို ကြိုဆိုနိုင်ဖို့ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်နိုင်ကြသနည်း။ ဗျာဒိတ်ကျမ်း ၃:၂၀ က၊ “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။”ဟု ဆိုပါသည်။ ရှင်မဿဲ ၂၅:၆က၊ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” ဟုဆိုပါသည်။ နောက်ဆုံးသောကာလတွင် ကျွန်ုပ်တို့၏ တံခါးများကို ခေါက်ဖို့ ဘုရားသခင်သည် သူ၏ မိန့်မြွက်ချက်များကို အသုံးပြုလိမ့်မည်ဖြစ်ပြီး၊ သတို့သား ပြန်ကြွလာပြီဟူသော သတင်းကို ကျွန်ုပ်တို့ထံ ကြွေးကြော်ဖို့ လူတို့ကို သူ အသုံးပြုလိမ့်မည်ဖြစ်သည်ကို ဤကျမ်းချက်များမှ ကျွန်ုပ်တို့ သိနိုင်ပေသည်။ ထို့ကြောင့်၊ တစ်စုံတစ်ယောက်က ဧဝံဂေလိတရားကို ကျွန်ုပ်တို့ထံ ဟောပြောသည့်အခါ၊ ဖွင့်ထားသော နှလုံးသားဖြင့် ကျွန်ုပ်တို့ ရှာဖွေသင့်ပြီး ဘုရားသခင်၏ အသံတော်ကို နားထောင်ခြင်းအပေါ် အာရုံစိုက်သင့်သည်။ ထိုအရာကို ဘုရားသခင်၏ အသံတော်အဖြစ် ကျွန်ုပ်တို့ သတိပြုမိသရွေ့၊ ထိုအခါ ကျွန်ုပ်တို့အနေဖြင့် အလျင်အမြန် လက်ခံပြီး ကျိုးနွံနာခံရမည်ဖြစ်ကာ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို အမှီလိုက်ရပါမည်။ ဤသည်မှာ သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။

ယခုအခါတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်တစ်ခုတည်းကသာ သခင်သည် လူ့ဇာတိဖြင့် တိတ်တဆိတ် ကြွလာပြီးဖြစ်ကြောင်းနှင့် သူသည် နောက်ဆုံးသော ကာလ၏ ခရစ်တော်ဖြစ်သည့် အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကြောင်းကို ပွင့်ပွင့်လင်းလင်း သက်သေခံနေပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နှုတ်ကပတ်တော် သန်းပေါင်းများစွာကို ဖော်ပြပြီးဖြစ်ကာ သူ၏ ရှေ့မှောက်သို့ လာကြသူအားလုံးကို သန့်စင်ရင်းနှင့် ကယ်တင်ရင်း၊ ဘုရားသခင်၏ အိမ်တော်နှင့် အစပြုသော တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်လေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် အနှစ် ၃၀ နီးပါးကြာ ပေါ်ထွန်းခဲ့ပြီး သူ၏ အမှုတော်ကို ဆောင်ရွက်နေပြီးဖြစ်ကာ အောင်မြင်သောသူများ အုပ်စုတစ်စုကို ပြုလုပ်နှင့်ပြီးဖြစ်သည်- ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်သည် ယခု ယင်း၏ အဆုံးသို့ ရောက်လုနီးနေပြီဖြစ်သည်။ ကပ်ဘေးများက တစ်ခုပြီးတစ်ခု ကမ္ဘာလောက အနှံ့ ဖြစ်ပွားနေသည်။ နောဧ၏ နေ့ရက်များ နီးလာပြီ။ ကျွန်ုပ်တို့အနေဖြင့် ပညာရှိသော သတို့သမီးများဖြစ်ရမည်ဖြစ်ပြီး အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို မြန်မြန်ဆန်ဆန် လေ့လာဆန်းစစ်ရမည်ဖြစ်သည်၊ အကြောင်းမှာ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သခင့်ကို ကြိုဆိုနုတ်ဆက်ဖို့ နှင့် ကပ်ဘေးများ မရောက်ရှိမီ ချီဆောင်ခံရမည့် အခွင့်အရေး ကျွန်ုပ်တို့ ရကြလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်ကို ရှာဖွေပြီး လေ့လာဆန်းစစ်ဖို့ ငြင်းဆန်လျက်၊ မိုးတိမ်များဖြင့် သခင်ကြွဆင်းလာခြင်းနှင့်ဆိုင်သည့် အယူအဆကို ဖက်တွယ်ပါက၊ သခင်၏ စွန့်ပစ်ခြင်းနှင့် ဖယ်ရှားခြင်းကို ကျွန်ုပ်တို့ ခံရလိမ့်မည်ဖြစ်ပြီး ကပ်ဘေးများထဲ တွန်းပို့ခံရကာ အပြစ်ပေးခံရကြလိမ့်မည်ဖြစ်သည်။ ယင်းမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က ပြောသည့်အတိုင်းသာ ဖြစ်သည်- “ငါပြောသည့်အရာများကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်။ သို့သော် ဖြူသောမိုးတိမ်ပေါ်မှနေ၍ ယေရှုသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြားပေါ်ထွက်လာခြင်းဖြစ်၏ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင်တွေ့ချိန်သည် အပြစ်ဒဏ် ပေးခံရရန် သင်ငရဲသို့ဆင်းချိန်ဖြစ်ကြောင်းကိုလည်း သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်မည်ဖြစ်ပြီး ဘုရားသခင်မှ ကောင်းသောသူများကို ဆုချ၍ စဉ်းလဲသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရားကို ဖော်ပြချက်သာရှိသည့် အချိန်ဖြစ်သော၊ လူသားသည် နိမိတ်လက္ခဏာများကို မမြင်မီတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုသည် ပြီးဆုံးခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခရစ်ယာန်တရားဟောချက်များ - သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော်...

ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိရန် နည်းလမ်း

ဟွဖေး မှ မာတိကာ သခင့်အပေါ် စစ်မှန်သောယုံကြည်ခြင်း ကျွန်ုပ်တို့ရှိပါသလား အမှန်တကယ် စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ ၁။ အာဗြဟံ၏...

ယေရှုခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်း နိမိတ်(၆)ခု ပေါ်ထွန်းလေပြီ- သူ့ကို ကျွန်ုပ်တို့ မည်သို့ ကြိုဆိုသင့်သနည်း။

ရှင်းဂျီ လွန်ခဲ့သော အနှစ်နှစ်ထောင်တွင်၊ သခင်ယေရှုက ကျွန်ုပ်တို့ကို ကတိပေးခဲ့၏။ “ငါသည်အလျှင်အမြန် လာသည်။” (ဗျာဒိတ်ကျမ်း ၂၂:၁၂) ယခုတွင်၊ သူ၏...

ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်ုပ်အား အသက်တာ၏ မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်ဖို့ လမ်းပြပေးသည်။

ဖန်ဟောက်၊ တရုတ်ပြည် ယခုနောက်ပိုင်းတွင် အင်တာနက်ပေါ်မှ ဆိုရိုးစကားတစ်ခုက လူသိများလာ ခဲ့သည်၊ “ငွေမရှိရင် ကိုယ့်မိသားစုအနှောင်အဖွဲ့တွေကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။