ကယ်တင်ခြင်းသည် မည်သည့်အရာဖြစ်သည်နှင့် ဘုရားသခင်ထံမှ မည်သို့ရရှိပုံ

18.12.2021

ဂျွန်ယင်မှ ရေးသားသည်

ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ကယ်တင်ခြင်းသည် ဘုရားသခင်ထံမှ လာသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် ပြင်ဆင်ထားပြီး၊ ယင်းသည် လူသားတို့အတွက် ဘုရားသခင်၏ ကြီးမားသော မေတ္တာနှင့် ကရုဏာတို့ဖြင့် ပြည့်လျှံနေသည်။ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ကျွန်ုပ်တို့အနေဖြင့် ကယ်တင်ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုသည်နှင့် တိုက်ရိုက်သက်ဆိုင်ပေသည်။ ယခု ဘုရားသခင်၏ ကယ်တင်ခြင်းကို သူ၏ အမှုတော်မှ သိနားလည်လာပြီး ယင်းကို ကျွန်ုပ်တို့ မည်သို့ရရှိနိုင်သည်ကို ရှာဖွေကြပါစို့။

ပညတ်တော်ခေတ်တွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း

အစအဦး၌ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်။ အရာအားလုံးကို ထူထောင်ပြီးနောက်တွင်၊ လူသားများ၏ ဘိုးဘေးဘီဘင်များဖြစ်သော အာဒံနှင့် ဧဝတို့ကို သူဖန်ဆင်းခဲ့သည်။ ဘုရားသခင်သည် သူတို့ကို ဧဒင်ဥယျာဉ်ထဲတွင် ထားကာ သူ၏ ကွယ်ကာမှုအောက်တွင် ပျော်ရွှင်စွာ သူတို့ နေထိုင်ခဲ့ကြသည်။ သို့ရာတွင်၊ သူတို့သည် ဘုရားသခင်ကို သစ္စာဖောက်ရန် မြွေ၏သွေးဆောင်ခြင်းကို ခံခဲ့ရပြီးနောက် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရကာ ဖျားနာခြင်း၊ အိုမင်းခြင်း၊ သေဆုံးခြင်းတို့ကို စတင်ခံစားလာရတော့သည်။ ထိုအချိန်မှစ၍ လူသားမျိုးနွယ်သည် ပို၍ပို၍ ဖောက်ပြန်ပျက်စီးလာကာ ထိုသို့သော ဆိုးယုတ်မှုနှင့် ပျက်စီးခြင်းထဲသို့ ကျရောက်ခဲ့သောကြောင့် ဘုရားသခင်သည် နောဧမိသားစု ရှစ်ဦးကိုသာ အသက်ရှင်ကျန်ရစ်ခွင့်ပေးလျက်၊ ထိုအချိန်က လူသားအားလုံးကို ပယ်ရှင်းရန်အတွက် ကြီးစွာသောရေလွှမ်းမိုးမှုကို အသုံးပြုခဲ့သည်။ ထို့နောက်တွင် လူသားမျိုးနွယ်သည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက်ရှင်သန်ပြီး မျိုးပွားလာခဲ့သော်လည်း၊ ထိုအချိန်က လူတို့သည် အဘယ်သို့ လူကောင်းများဖြစ်ရမည်၊ ကမ္ဘာမြေပေါ် မည်သို့ အသက်ရှင်ရမည်၊ လူသားများ အဘယ်ကလာသည်၊ ဘုရားသခင်ကို မည်သို့ ကိုးကွယ်၊ ကြောက်ရွံ့ရမည်ကို နားမလည်ခဲ့ကြပေ။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ဘုန်းထင်ရှားစေရန် သို့မဟုတ် ချီးမြှောက်ရန် အစွမ်းအစမရှိကြသကဲ့သို့၊ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်ကို လုံးလုံးလျားလျား မဖြည့်ဆည်းနိုင်ခဲ့ကြပေ။ ဤသည်မှာ ဘုရားသခင်က လူသားတို့၏ ကယ်တင်ခြင်းအတွက် သူ၏ စီမံခန့်ခွဲခြင်း အမှုကို အစပြုခဲ့သည့်အကြောင်းရင်း ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် မြေကြီးပေါ်တွင် လူသားမျိုးနွယ်၏အသက်တာများကို လမ်းညွှန်ရန် သူ၏ပညတ်ချက်များနှင့် ပညတ်တရားကို ထုတ်ပြန်ရန် မောရှေကို အသုံးပြုခဲ့သည်။ ဥပမာအားဖြင့်၊ ဥပုသ်နေ့ကို စောင့်ထိန်းခြင်း၊ မိမိ၏မိဘကို ရိုသေခြင်း၊ ရုပ်တုဆင်းတုများကို မကိုးကွယ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း သို့မဟုတ် ခိုးယူခြင်း မပြုရခြင်းတို့ ဖြစ်သည်။ လူတို့၏ ယဇ်ပူဇော်ခြင်းများအတွက်၊ အစာအတွက်၊ ခိုးယူခြင်းအတွက် လျော်ကြေးပေးခြင်းအပြင် တိရစ္ဆာန်များကိုသတ်ခြင်းအတွက် စည်းမျဉ်းများကိုလည်း ချမှတ်ခဲ့သည်။ ဘုရားသခင်၏ ပညတ်တရားကို ချိုးဖောက်သူတိုင်း မီးရှို့ခံရမည် သို့မဟုတ် ကျောက်ခဲနှင့် ပစ်သတ်ခံရမည်ဖြစ်သော်လည်း၊ ယေဟောဝါ၏ ပညတ်တရားများနှင့် ပညတ်ချက်များကို လိုက်နာပါက သူ၏ ကောင်းချီးပေးခြင်းကို ခံစားရမည်ဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် သူ၏ပညတ်ချက်များနှင့် ပညတ်တရားများအားဖြင့် လူသားများကို ချုပ်ထိန်းထားသည်။ ဤအရာက လူများကို စံနှုန်းများအတိုင်း အမှုအရာများကို ဆောင်ရွက်ခွင့်ပေးကာ တစ်ဆူတည်းသော ဘုရားသခင်ကို ကိုးကွယ်သင့်သည်ကို သိခွင့်ပေးလျက်၊ မြေကြီးပေါ်တွင် ကောင်းမွန်သည့် စနစ်ကျသော နည်းလမ်းဖြင့် နေထိုင်ရန် လမ်းညွှန်ခဲ့သည်- ဤသည်မှာ ပညတ်တော်ခေတ်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်ခဲ့ပေသည်။ ဘုရားသခင်ရှေ့တော်သို့ လာခြင်း၊ ယေဟောဝါ၏ စကားများကို အလေးဂရုပြုခြင်း၊ သူ၏ ပညတ်တရားများနှင့် ပညတ်ချက်များကို ထိန်းသိမ်းခြင်းနှင့် ယေဟောဝါအား ချစ်ခင်သစ္စာရှိစွာ ဝတ်ပြုကိုးကွယ်ခြင်းအားဖြင့် လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ကောင်းချီးပေးခြင်းခံရနိုင်ကာ ပညတ်တော်ခေတ်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်ခဲ့ကြပေသည်။

ကျေးဇူးတော်ခေတ်တွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း

ပညတ်တော်ခေတ်နှောင်းပိုင်းတွင် လူတို့သည် ပို၍ ဖောက်ပြန်ပျက်စီးသထက် ပျက်စီးလာကြကာ ပညတ်တရားနှင့် ပညတ်ချက်များကို စောင့်ရှောက်နေကြသူ နည်းသထက် နည်းပါးလာခဲ့သည်။ သူတို့သည် ရုပ်တုကိုးကွယ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ ဆိုးယုတ်သော အကြံအစည်များကို ကြံစည်ခြင်း၊ ခိုးဆိုးလုယက်မှုကျူးလွန်ခြင်း၊ လောဘကြီးခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကဲ့သို့သော ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာများစွာကို ပြုလုပ်နေခဲ့ကြသည်။ သူတို့သည် ခြေကျိုးကာ မျက်စိကန်းသည့် ချိုးငှက်များ၊ နွားများနှင့် သိုးများကို ဘုရားသခင်အတွက် ယဇ်များအဖြစ်ပင် အသုံးပြုခဲ့ကြသည်။ ဘုရားသခင်သည် ဖြောင့်မတ်ကာ သန့်ရှင်းပေသည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ပုန်ကန်ပြစ်မှားခြင်းခံရသောကြောင့် ပညတ်တရားအားဖြင့် သတ်မှတ်ထားသည့်အတိုင်း လူတို့၏ ထိုသို့သောအပြုအမူမျိုးသည် မလွှဲမရှောင်သာ သူတို့၏ သေဆုံးခြင်းဆီသို့ ဦးတည်သွားစေခဲ့သည်။ သို့ရာတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ချစ်ကာ လူသားအားလုံးကို ဖျက်ဆီးလိုခြင်းမရှိသောကြောင့် လူသားမျိုးနွယ်ကို ရွေးနှုတ်ရန် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာရန် သူကိုယ်တိုင် လူ့ဇာတိခံခဲ့သည်။ လူ့ဇာတိခံ သခင်ယေရှုသည် ပညတ်တော်ခေတ်ကို အဆုံးသတ်ပြီး ကျေးဇူးတော်ခေတ်ကို စတင်ခဲ့သည်။ သူသည် လူသားမျိုးနွယ်ကို အသစ်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ထောက်ပံ့ပေးလျက် နောင်တတရားလမ်းကို ဖော်ပြခဲ့သည်။ သူသည် လူတို့အား မည်သို့ ခွင့်လွှတ်သည်းခံတတ်ရန်၊ ရန်သူများကို ချစ်ကာ အခြားသူများကို အကြိမ် ခုနစ်ဆယ် ခုနစ်လီ ခွင့်လွှတ်တတ်အောင် သင်ကြားပေးခဲ့သည်။ သခင်ယေရှုသည် ဖျားနာသောသူတို့ကိုလည်း ကုသပျောက်ကင်းစေကာ နတ်ဆိုးတို့ကို နှင်ထုတ်ခဲ့သည်။ သူသည် နိမိတ်လက္ခဏာမျိုးစုံကို လုပ်ဆောင်ခဲ့ပြီး လူများက စစ်မှန်စွာ ဝန်ချနေသမျှကာလပတ်လုံး သခင်ယေရှုသည် သူ၏ကြီးစွာသော သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့ဖြင့် ၎င်းတို့၏ အပြစ်များကို ခွင့်လွှတ်ပေးမည်ဖြစ်သည်။ နောက်ဆုံးတွင်၊ သခင်ယေရှုသည် လူသားမျိုးနွယ်အတွက် ထာဝရအပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် သံမှိုရိုက်နှက်ခံခဲ့ရသည်။ ကျေးဇူးတော်ခေတ်၏ ရွေးနှုတ်ခြင်းအမှုကို စွမ်းဆောင်ရရှိလျက်၊ လူသားမျိုးနွယ်၏ အပြစ်အားလုံးကို ခံယူခဲ့သည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်က လူသားမျိုးနွယ်ထံ ယူဆောင်လာခဲ့သော ကယ်တင်ခြင်းပင်ဖြစ်သည်။ သခင်ယေရှု၏ ကယ်တင်ခြင်းကို လက်ခံခြင်း၊ သူ၏နာမဖြင့် ဆုတောင်းခြင်းနှင့် သခင့်ထံ ဝန်ချကာ နောင်တရခြင်းအားဖြင့်၊ ကျွန်ုပ်တို့၏ အပြစ်များမှ ရွေးနှုတ်ခံရနိုင်ပြီး ဘုရားသခင် ဆောင်ကြဉ်းသော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ မွေ့လျော်ခံစားနိုင်ပေသည်။ ဤသည်မှာ ကျေးဇူးတော်ခေတ်ထဲက ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းဖြစ်သည်။

နောက်ဆုံးသော ကာလတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း

သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ခံရခြင်း အခွင့်ပေးလျက်၊ ကျွန်ုပ်တို့ကို ရွေးနှုတ်ခဲ့သည်။ သို့သော် ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝသည် ဖယ်ရှားခြင်း မခံရသေးပေ။ မာနထောင်လွှားခြင်း၊ လှည့်ဖြားတတ်ခြင်း၊ ခက်ထန်ခြင်း၊ ဆိုးယုတ်ခြင်း စသည့် ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများသည် ကျွန်ုပ်တို့အတွင်း၌ နက်ရှိုင်းစွာ အမြစ်တွယ်နေဆဲဖြစ်သည်။ ဤဆိုးယုတ်သော စိတ်သဘောထားများဖြင့် စိုးမိုးခံရလျက်၊ ကျွန်ုပ်တို့သည် မရည်ရွယ်ဘဲနှင့် အပြစ်ပြုကာ ဘုရားသခင်ကို ဆန့်ကျင်ကြဆဲဖြစ်သည်။ ဥပမာအားဖြင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ချစ်ရသူများကို ယုံကြည်မှုပင် ပျောက်ဆုံးလျက်၊ မိမိအကျိုးအတွက် ခိုက်ရန်ဖြစ်ခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်းတို့တွင် မကြာခဏ ပါဝင်ပတ်သက်မိကြသည်။ နာမကျန်းမှု၊ ဘေးဒုက္ခ သို့မဟုတ် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်ကို အပြစ်တင်ပြီး နားလည်မှုလွဲကြသည်။ ဘုရားကို ကျိုးကြောင်းပြပြောဆိုရန်ပင် ကျွန်ုပ်တို့ ကြိုးစားပြီး ဘုရားကို ဆန့်ကျင်ကြသည်။ ကျွန်ုပ်တို့သည် နာခံမှု လုံးဝကင်းမဲ့ကြလေသည်။ ယေဟာဝါဘုရားသခင် ပြောခဲ့သည်- “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅-၄၆) သခင်ယေရှု ပြောခဲ့သည်မှာ- “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဘုရားသခင်သည် သန့်ရှင်းပြီး ယုတ်ညံ့သောလူများ သူ၏နိုင်ငံတော်ထဲသို့ ဝင်၍မရနိုင်ပေ။ ကျွန်ုပ်တို့သည် အညစ်အကြေးနှင့် ဖုံးလွှမ်းနေကြသည်၊ ဖောက်ပြန်ပျက်စီးကာ မဖြောင့်မတ်သူများဖြစ်ကြပြီး၊ ဘုရားသခင်၏ မျက်နှာတော်ကိုမြင်ခြင်း သို့မဟုတ် သူ၏နိုင်ငံတော်သို့ဝင်ရောက်ခြင်းငှာ မထိုက်တန်ပေ။ သမ္မာကျမ်းစာတွင် ရေးထားပါသည်၊ “အပြစ်တရား၏ အခကားသေခြင်းပေတည်း။” (ရောမ ၆:၂၃) ကျွန်ုပ်တို့အနေဖြင့် အပြစ်၏ ချည်နှောင်မှုများနှင့် ချုပ်ချယ်မှုများကို ဘယ်သောအခါမျှ မစွန့်ပစ်နိုင်ဘဲ သိလျက်နှင့် မကြာခဏ ဆက်လက်အပြစ်ပြုမိပါက၊ ကျွန်ုပ်တို့၏အပြစ်များကြောင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတွင် ကျွန်ုပ်တို့ ရှိကြလိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သူ၏ ဖျက်ဆီးခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။

လူသားများကို အပြစ်တရားမှ လွတ်မြောက်စေပြီး ၎င်းတို့အား စာတန်၏ ချုပ်ကိုင်မှုမှ လုံးလုံးလျားလျား ကယ်တင်ရန်အလို့ငှာ၊ ဘုရားသခင်သည် ကျွန်ုပ်တို့အတွက် နောက်ဆုံးသောကာလ၏ ကယ်တင်ခြင်းကို ပြင်ဆင်ပေးပြီးဖြစ်သည်။ သမ္မာကျမ်းစာတွင် ရေးသားထားသည့်အတိုင်ပင် ဖြစ်သည်- “နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၄-၅) “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲသြဝါဒစာ ၉:၂၈) “သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ၊ သင်တို့ဆီသို့ ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မျှော်လင့်ကြလော့။” (ရှင်ပေတရုသြဝါဒစာပဌမစောင် ၁:၁၃) ဘုရားနှုတ်ကပတ်တော်များက ပြောပါသည်- “လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။” (—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)) နောက်ဆုံးသောကာလတွင် သခင်ယေရှု ပြန်ကြွလာခြင်းသည် ကျွန်ုပ်တို့အား အသက်လမ်းခရီးကို အပ်နှင်းရန်ဖြစ်သည်ကို ဤနှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ မြင်နိုင်ပေသည်။ ယင်းမှာ ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏အချုပ်အနှောင်များနှင့် ချုပ်ချယ်မှုများကို ဖယ်ရှားနိုင်ရန်၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော လူများဖြစ်လာနိုင်ရန်၊ ဘုရားသခင်၏ ကယ်တင်ခြင်းရရှိဖို့ စီမံနိုင်ရန်နှင့် သူ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီနိုင်ကြဖို့အလို့ငှာ၊ သန့်စင်ခံရပြီး ပြည့်ဝသော ကယ်တင်ခြင်းကို ရရှိရန် လိုအပ်သည့် သမ္မာတရားအားလုံးဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် နောက်ဆုံးသောကာလတွင် ဘုရားသခင်ပြင်ဆင်ပေးသော ကယ်တင်ခြင်းပင်ဖြစ်သည်။

နောက်ဆုံးသော ကာလ၏ ဘုရားသခင်က အဓိကလုပ်ဆောင်သည့် အမှုမှာ အဘယ်နည်း။ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈)ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၃)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) နောက်ဆုံးသော ကာလ၏ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သမ္မာတရားအားလုံးထဲသို့ ပို့ဆောငလျက်၊ ပို၍များသော နှုတ်ကပတ်တော်များကို မိန့်မြွက်မည်ဖြစ်ပြီး၊ တရားစီရင်ခြင်း အမှုပြုလိမ့်မည်ကို ကျွန်ုပ်တို့အား ဘုရားသခင်က ရှင်းရှင်းလင်းလင်း ပြောပြထားပြီး ဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းကို လက်ခံခြင်းအားဖြင့်၊ သမ္မာတရားကို ကျွန်ုပ်တို့ နားလည်နိုင်ပြီး သန့်စင်ခံရခြင်းသို့ရောက်မည့် လမ်းကြောင်းကို ရှာတွေ့နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပြုမူခြင်းအားဖြင့်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားများမှ မိမိကိုယ်ကိုယ် လွတ်မြောက်နိုင်လိမ့်မည်ဖြစ်ကာ၊ သန့်စင်ခံရပြီး၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်ထံမှ ပြီးပြည့်စုံသော ကယ်တင်ခြင်းကို ရရှိခြင်းဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ အသံတော်ကို အမှန်တကယ် အလေးဂရုပြုသော ပညာရှိ သတို့သမီးများ ဖြစ်ကြပါစေ၊၊ ပြီးလျှင် ဘုရားသခင်သည် နှုတ်ကပတ်တော်များကို မိန့်မြွက်နေပြီး တရားစီရင်ခြင်း အမှု ပြုနေသည်ဟု တစ်စုံတစ်ဦး သက်သေခံနေသည်ကို ကြားသောအခါ၊ ကြောင်းကျိုးမမြင်ဘဲ ငြင်းပယ်ခြင်း မပြုပါနှင့်။ ယင်းအစား၊ ကျွန်ုပ်တို့သည် ထိုအရာကို သတိဖြင့် ဆက်ဆံသင့်ပြီး ယင်းက ဘုရားသခင်၏ အမှု အမှန်တကယ် ဖြစ်သလော၊ သမ္မာတရား၏ ဖော်ပြချက်များပါရှိသလောဆိုသည်ကို တွေ့မြင်ရဖို့ တက်ကြွစွာ ရှာဖွေကာ စုံစမ်းစစ်ဆေးသင့်ပေသည်။ ဤသည်မှာ ပြန်ကြွလာသည့် သခင်ယေရှုကို ကြိုဆိုကာ ဘုရားသခင်၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ရရှိနိုင်ရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး (၂၅) ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်- သခင့်ကိုကြိုဆိုရန် ပညာသတိရှိသော သတို့သမီးများဖြစ်လာနည်း

သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သတင်းစကားကို၎င်း ကြားရကြလိမ့်မည်။ သို့သော်လည်း...

ဘုရားသခင်၌ စစ်မှန်သည့် ယုံကြည်ခြင်းရှိရန် နည်းလမ်း

ဟွဖေး မှ ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။...

ဘေးဒုက္ခကျရောက်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို သိနိုင်ပြီး သူ၏ ကွယ်ကာမှုကို ရနိုင်မည့်နည်းလမ်း

“ဆန်းသစ်သော ကိုရိုနာဗိုင်းရပ်စ်”— လူတို့၏ စိတ်နှလုံးများထဲသို့ အကြောက်တရားထည့်ပေးသည့် စကားလုံးများ- သည် တရုတ်ပြည်၊ ဝူဟန်မြို့တွင် စတင်...

ခရစ်ယာန်တရားဟောချက်များ - သခင်ယေရှုပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် သမ္မာကျမ်းစာထဲမှ ပရောဖက်ပြုခြင်း ၅ခုတို့သည် ပြည့်စုံပြီ

ဂျန်းရှန် ကျွန်တော်တို့က ယခုအခါတွင် နောက်ဆုံးသောကာလ၏ အဆုံးသတ်၌ ရောက်ရှိနေပြီ၊ ပြီးလျှင် သခင့်ကို ရိုးသားစွာ ယုံကြည်ပြီး ကိုယ်တော်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။