အလုပ်များသည့် ပုံပန်းသဏ္ဌာန် နောက်ကွယ်တွင်ရှိသည်မှာ
မနှစ်က ဒီဇင်ဘာလမှာ တာဝန်တွေကိုထမ်းဆောင်တာမှာ ကျွန်မရဲ့ တာဝန်မသိတတ်မှုကြောင့် ပြုပြင်ခြင်းနဲ့ ကျွန်မ ရင်ဆိုင်ခဲ့ရတယ်။ ဆင်ခြင်သုံးသပ်ပြီးတဲ့နောက်မှာ အဲဒီအချိန်အတောအတွင်းတုန်းက ကျွန်မရဲ့ တာဝန်တွေထမ်းဆောင်မှုဟာ တကယ့်ကို တာဝန်မဲ့ခဲ့တယ်ဆိုတာ နားလည်ခဲ့တယ်။ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ စာနဲ့ပတ်သက်တဲ့အလုပ်ကိုပဲ ကျွန်မ နောက်ဆက်တွဲဆက်လုပ်ပြီး ကိုယ့်တာဝန်အောက်မှာ တိုက်ရိုက်မရှိတဲ့ ဒါမှမဟုတ် ကိုယ့်နာမည်နဲ့ ဂုဏ်ကို မထိခိုက်တဲ့ တခြားတာဝန်တွေအကုန်လုံးကို လျစ်လျူရှုခဲ့တယ်။ နောက်ထပ်အလုပ်တွေကို နောက်ဆက်တွဲဆက်လုပ်ဖို့ ကိုယ့်အချိန်တွေကို ပိုပြီးအကျိုးရှိရှိသုံးလို့ ရနိုင်ခဲ့တာတောင်မှ ဒုက္ခများပြီး ပင်ပန်းတယ်လို့ မြင်ခဲ့တော့ ကျွန်မ အပိုထပ်ဆောင်းအားမထုတ်ချင်ခဲ့ဘူး။ ရလဒ်အနေနဲ့ ဗီဒီယိုအလုပ်တာဝန်တွေမှာ ကြန့်ကြာမှုတွေရှိနေတာကို ကျွန်မ သတိမပြုမိခဲ့ဘူး။ စစ်မှန်တဲ့အလုပ်ကို ကျွန်မ တကယ် မလုပ်ခဲ့ဘူး။ ဘုရားအိမ်တော်က ကျွန်မကို ရာထူးက မထုတ်ပယ်ခဲ့ဘဲ တာဝန်တွေ ဆက်လက်ထမ်းဆောင်ဖို့ အခွင့်အရေးပေးတာကို မြင်တော့ “ငါ တကယ် နောင်တရပြီး ငါ့အကြွေးကို ဆပ်ရမယ်”လို့ ကျွန်မ စဉ်းစားခဲ့တယ်။
နောက်ပိုင်းမှာတော့ နေ့ဘက်ဆို အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဗီဒီယိုရိုက်တာတွေကို ကျွန်မ နောက်ဆက်တွဲဆက်လုပ်ပြီး ညဘက်ဆို စာရွက်စာတမ်းတွေကို ပြန်စစ်တယ်။ ကျွန်မရဲ့ အချိန်ဇယားက နေ့တိုင်း အပြည့်ဖြစ်ခဲ့တယ်။ အားလပ်ချိန်နည်းပေမဲ့ နေ့တိုင်း စိတ်ချမ်းသာခဲ့တယ်။ နောက်ပိုင်းမှာ ညတိုင်း မနက် ၂ နာရီ ၃ နာရီလောက်ထိ ကျွန်မ အိပ်ရာမဝင်ဘဲနေပြီး မနက်ဆို ၇ နာရီလောက်မှာ နိုးတယ်။ အဲဒီတုန်းကတော့ ပင်ပန်းတယ်လို့ ကျွန်မ မခံစားခဲ့ရဘူး။ ညဉ့်နက်နောက်ကျတဲ့အထိမအိပ်ဘဲနေတာက ကျွန်မကို အလုပ်တွေပိုပြီးစေပြီး အရင်ကလို သက်သောင့်သက်သာနေတာကို ပျော်မွေ့နေတာထက် ပိုကောင်းတယ်လို့ ထင်ခဲ့တယ်။ နောက်တော့ ကျွန်မအနားက ညီအမတွေက ကျွန်မရဲ့ မကြာခဏ နောက်ကျတတ်တဲ့ညတွေနဲ့ ဖြူဖပ်ဖြူရော်အသားအရေကို သတိပြုမိခဲ့ကြတယ်။ သူတို့က ကျွန်မကို စောစောအနားယူဖို့ သတိပေးခဲ့တယ်။ တခြားညီအစ်မတစ်ယောက်က ကျွန်မကို မေးတယ်။ “ညဘက်ဆို အရမ်းနောက်ကျတဲ့အထိ အစ်မ မအိပ်ဘဲနေပြီး နေ့လယ်နေ့ခင်းမှာ အနားယူတာ ရှားတယ်နော်၊ နေ့စဉ်ရက်ဆက်ဆို အစ်မ ဒါကို လုပ်နိုင်ပါ့မလား” တဲ့။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ဒါဆို ငါ ဆင်းရဲဒုက္ခခံတာကို ငါ့ညီအစ်ကိုမောင်နှမတွေ တွေ့သွားပြီ၊ ဒါဆိုရင် ဒီ ဒုက္ခဆင်းရဲကို တောင့်ခံရကျိုးနပ်တာပဲ၊ အနည်းဆုံးတော့ ငါရဲ့ နောင်တရတဲ့သဘောထားနဲ့ ငါဟာ သက်သောင့်သက်သာရှိဖို့ကို ရှာတတ်တဲ့သူမဟုတ်ဘဲ တာဝန် ထမ်းဆောင်ရာမှာ ဆင်းရဲဒုက္ခကို တောင့်ခံနိုင်တဲ့သူဆိုတာကို လူတိုင်းမြင်သွားတာပဲ” ပေါ့။ အဲဒီကာလအတောအတွင်းမှာ တချို့ညီအမတွေ ည ၁၁ နာရီမှာ အိပ်ရာဝင်တာကို ကျွန်မတွေ့တော့ ကျွန်မ စိတ်ထဲမှာ “ဒါက အရမ်းကို သက်သောင့်သက်သာရှိလွန်းတယ်၊ တာဝန်တွေ ထမ်းဆောင်ဖို့ ဆန္ဒစောတာတွေ အလျင်စလိုတွေ သူတို့မဖြစ်ဘူး၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးမထားဘူး” လို့ တွေးပြီး သူတို့ကို အထင်သေးခဲ့တယ်။ တာဝန်တွေထမ်းဆောင်မှုအပေါ် ထားတဲ့ ကျွန်မရဲ့ သဘောထားက သူတို့နဲ့မတူဘူးဆိုတာကို သူတို့ကို ပြဖို့ နောက်ကျတဲ့အထိ မအိပ်ဘဲနေပြီး စောစောနိုးတာကို ကျွန်မ ဆက်လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ကျတဲ့ ညတွေ ဆက်လာတော့ ကျွန်မခန္ဓာကိုယ်က ဆိုးကျိုးတုံ့ပြန်မှုတွေ စပြလာတယ်။ ညတိုင်း ၁၁ နာရီ၊ ၁၂ နာရီ လောက်ဆို ကျွန်မရဲ နှလုံးက တဒိန်းဒိန်းစပြီး ခုန်လာတယ်။ နောက်ကျတဲ့အထိ မအိပ်ဘဲနေတာဟာ ခန္ဓာကိုယ်အတွက် ဘေးအန္တရာယ်ရှိတယ်ဆိုတာရယ် ပုံမှန်အိပ်ချိန်ဇယားကို ထိန်းသိမ်းလိုက်နာဖို့ အကြိမ်ပေါင်းများစွာ ဘုရားသခင်က မိတ်သဟာယပြုခဲ့တာရယ်ကို ကျွန်မ သိပါတယ်။ ဒါပေမဲ့ ကျွန်မ စတွေးမိလာခဲ့တယ်။ “ငါ အိပ်ရာ စောစောဝင်ရင် ဘယ်လိုနေမလဲ၊ ညီအစ်ကိုမောင်နှမတွေက ငါ့ကို ဘယ်လိုမြင်ကြမလဲ။ ပြုပြင်ခြင်းကို ရင်ဆိုင်ဖို့ ‘အချိန်ကျလာရင်တော့ အစ်မက ဒုက္ခဆင်းရဲနည်းနည်းပါးပါးကို တောင့်ခံပြီး နည်းနည်းပေးဆပ်နိုင်တယ်။ ဒါပေမဲ့ အချိန်ကြာလာရင် အစ်မရဲ့ ဗီဇရုပ်အမှန်က ပေါ်လာတာပါပဲ၊ ဘာမှ ပြောင်းလဲမသွားပါဘူး’ လို့ သူတို့ ပြောမှာလား” ပေါ့။ ညီအစ်ကိုမောင်နှမတွေကို ကိုယ့်အပေါ်အဲဒီလိုအထင်အမြင်တွေ မရှိစေချင်ခဲ့ဘူး၊ ဝန်ထုပ်ရှိသူတစ်ယာက်ရဲ့ ပုံရိပ်ကို ထိန်းသိမ်းထားဖို့အတွက် ညဘက် ကျွန်မ အရမ်းပင်ပန်းနေချိန်မှာတောင်မှ အံကြိတ်ပြီး ဇွဲကောင်းကောင်းနဲ့ ကြိုးပမ်းခဲ့တယ်။ ဇာတိပကတိမှာ မွေ့လျော်ခံစားနေတယ် လို့ ညီအစ်ကိုမောင်နှမတွေက ပြောမှာကို ကြောက်လို့ နေ့လယ်ဘက်ဆို ကျွန်မ အကြာကြီး တစ်ရေးတစ်မော မအိပ်ရဲခဲ့ဘူး။ တစ်ခါတလေ ကျွန်မ နေ့လယ်တစ်ရေးတစ်မောမအိပ်တဲ့အခါ တကယ့်ကို ပင်ပန်းနွမ်းနယ်တော့ နိုးနိုးကြားကြားရှိအောင် ကော်ဖီတစ်ခွက်သောက်တယ်။ တစ်ခါတစ်ခါ ကျွန်မ ညဉ့်နက်တဲ့အထိ အလုပ်လုပ်တဲ့အခါ တခြားညီအစ်ကိုမောင်နှမတွေ ရုံးခန်းထဲမှာရှိနေတုန်းပဲ ဆိုတာကို မြင်ရင် ကျွန်မလည်း ညဉ့်နက်သန်းခေါင်ထိ မအိပ်ဘဲ အလုပ်လုပ်နေတယ်ဆိုတာ သူတို့သိသွားအောင် အသံဗလံတွေ တမင်သက်သက် ကျွန်မ လုပ်ခဲ့တယ်။ အချိန်မတူတဲ့နေရာတွေမှာရှိတဲ့ ညီအစ်ကိုမောင်နှမတချို့ကိုဆို သူတို့ ကျွန်မဆီ စာတိုပို့လိုက်ရင် ကျွန်မ လှဲနေရင်တောင်မှ သူတို့ဆီ စာ ပြန်ပို့တယ်။ “အရမ်းနောက်ကျနေပြီ အစ်မက မအိပ်သေးဘူးပဲ၊ အနားယူတော့လေ” လို့ သူတို့က ပြောတဲ့အခါတိုင်း ညီအစ်ကိုမောင်နှမတွေ ကျွန်မရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို မြင်နိုင်ပြီလို့ တွေးရင်း စိတ်ထဲက ကျေနပ်နေခဲ့တယ်။ နောက်ဆုံးမှာ အထက်ခေါင်းဆောင်က ကျွန်မရဲ့ တာဝန်ထမ်းဆောင်မှုအကြောင်း မေးလာတဲ့အခါ ကျွန်မအလုပ်က ဘယ်လိုဖြစ်သွားတယ် ဆိုတာ ထည့်မတွက်ဘဲ တာဝန်တွေထမ်းဆောင်ခြင်းအပေါ် ကျွန်မရဲ့သဘောထားကို ကောင်းမွန်တယ်လို့ မှတ်ယူမှာပါ။ ဘာအောင်မြင်မှုမှမရှိခဲ့ပေမဲ့ အလုပ်ကြိုးစားမှုကတော့ သေချာပေါက် ရှိခဲ့တယ်။ ကျွန်မရဲ့ နောင်တရတဲ့ အပြုအမူကို ညီအစ်ကိုမောင်နှမတွေက ချီးကျူးပြီး ကျွန်မကို စစ်မှန်တဲ့အလုပ်ကို လုပ်တဲ့ခေါင်းဆောင်လို့ မြင်ကြမှာ အသေအချာပါပဲ။ ဒါတွေကို တွေးရတာ ကျွန်မကို အမြဲ အတော်လေး စိတ်အေးလက်အေးဖြစ်စေခဲ့တယ်။
ဒါပေမဲ့ အချိန်အကြာကြီး ညဉ့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲနေခဲ့တာကြောင့် မနက်ခင်းတိုင်းမှာ ရင်တွေတလှပ်လှပ်တုန်ပြီး နိုးတယ်။ ဦးနှောက်က ပင်ပန်းနေတာကြောင့် နေ့ဘက်ဆို စာရွက်စာတမ်းတွေ ပြန်စစ်နေတုန်းမှာ အာရုံကောင်းကောင်းမစူးစိုက်နိုင်ခဲ့ပါဘူး။ ကျွန်မရဲ့အလုပ်စွမ်းဆောင်ထိရောက်မှုက နေ့ဘက်မှာ နည်းပါးခဲ့တော့ အလုပ်ပိုပြီးဖို့ ညဘက်မှာ နောက်ကျတဲ့အထိ မအိပ်ဘဲနေခဲ့ရတယ်။ ညဘက်မှာ နောက်ကျမှအိပ်တာကြောင့် နောက်နေ့မနက် ကျွန်မ မနက်စာစားပြီးတဲ့အချိန်မှာ ၈ နာရီထိုးခါနီးနေပါပြီ။ ဝိညာဉ်ရေးရာဆက်ကပ်ချင်ခဲ့ပေမဲ့ အချိန်မလောက်ဘူးဆိုတာ ကျွန်မ သိခဲ့တယ်။ ဒီတော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ကပျာကယာ မျက်စိတစ်ချက် ဝေ့ဖတ်ပြီးတော့ အလေးအနက် ဆင်ခြင်သုံးသပ်တာမရှိဘဲ အလုပ် စလုပ်ခဲ့တယ်။ ဆောင်းပါးတွေ ရေးရတာလည်း ပိုလို့တောင် ခက်ခဲလာပြီး ဘယ်လိုအချိန်မျိုးမှာမဆို တာဝန်တွေရှိနေတာ လုံးဝ အရမ်းကို အလုပ်များတယ်လို့ ခံစားခဲ့ရတယ်။ နောက်တော့ ကျွန်မရဲ့တာဝန်တွေမှာ ပြဿနာတွေ တစ်ခုပြီးတစ်ခု စ ပေါ်လာတော့ အဲဒီအချိန်မှာ ကျွန်မ စပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ ကျွန်မ ရည်ရွယ်ခဲ့တာပဲ၊ ဒါကို ဘာဖြစ်လို့ ပြဿနာတွေ များသထက် များလာရတာလဲ။ ကျွန်မရဲ့တာဝန်တွေက ထိရောက်မှု ဘာလို့ လျော့နည်းလာတာလဲ။ ဒီ အဆိုးသံသရာထဲမှာ ကျွန်မ ဆက်နေရင် ကျွန်မကို ရုပ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပန်းကျစေရုံသာမက ကျွန်မရဲ့အလုပ်မှာလည်း အကျိုးရလဒ်တွေကင်းမဲ့မှာဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ ဒီအခြေအနေကို ကျွန်မ အမြန် ပြောင်းလဲပစ်ဖို့ လိုအပ်ခဲ့တယ်။
နောက်မှ ကျွန်မ တွေးဆကြည့်တာက နောက်ကျတဲ့အထိ မအိပ်ဘဲနေတာဟာ ကိုယ့်ကျန်းမာရေးအတွက်မကောင်းဘဲ ကိုယ့်တာဝန်တွေရဲ့ ထိ ရောက်စွမ်းဆောင်မှုကို နည်းပါးစေတယ်ဆိုတာကို ကျွန်မသိတယ်ဆိုရင် ဘာဖြစ်လို့ ကျွန်မ ဒီလို ပေကပ်ပြီး လုပ်နေခဲ့တာလဲ။ ပြန်တွေးကြည့်ရင် ဒီကာလအတွင်းမှာ ကျွန်မက လူတွေရှေ့မှာ တစ်မူထူးခြားနေတဲ့ပုံပေါက်အောင် လုပ်နေခဲ့တာပဲလို့ ကျွန်မ နားလည်ခဲ့တယ်။ အဲဒီနောက် ဒီလိုအပြုအမူကြောင့် အန္တိခရစ်တွေကို ဘုရားသခင်က စိစစ်တဲ့ အကြောင်း ကျွန်မ စဉ်းစားမိတယ်။ ဒီတော့ ဘုရားနှုတ်ကပတ်တော်တွေမှာ ဒီအကြောင်းအရာကိုဖတ်ဖို့ ကျွန်မ လိုက်ရှာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “မိမိတို့အကြောင်း သက်သေခံရန် အခြားသူများက အပြုအမူများကို အသုံးပြုနေစဉ် လူအချို့သည် ဘာသာစကားကို အသုံးပြုပြီး မိမိတို့ကိုယ်ကို ကြွားဝါသည့် စကားအချို့ကို ပြောဆိုကြသည်။ မိမိကိုယ်ကို သက်သေခံရန် အပြုအမူများ အသုံးပြုသည့် လူတစ်ဦး၏ သရုပ်သကန်များမှာ အဘယ်နည်း။ အပေါ်ယံတွင် ၎င်းတို့သည် လူတို့၏ အယူအဆများနှင့် အတော်ပင် ကိုက်ညီပြီး လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်သည့်အပြင် အတော်အတန် မြင့်မြတ်ကာ လူ့ကျင့်ဝတ် စံနှုန်းများနှင့် အတော်ပင် ကိုက်ညီမှုရှိသည့်အရာအဖြစ် လူတို့ မြင်ကြသည့် အပြုအမူအချို့ကို လုပ်ဆောင်ကြသည်။ ဤအပြုအမူက ၎င်းတို့ ဂုဏ်အသရေရှိကြောင်း၊ တည်ကြည်မှုရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ချစ်ကြကြောင်း၊ အလွန် ဘာသာတရားကိုင်းရှိုင်းကာ ဘုရားကို ကြောက်ရွံ့သော စိတ်နှလုံး အမှန်တကယ် ပိုင်ဆိုင်ကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို လိုက်စားသော လူတစ်ဦးဖြစ်ကြောင်း လူတို့အား တွေးထင်စေသည်။ လူတို့ကို အထင်အမြင်မှားစေရန် အပြင်ပန်း အပြုအမူကောင်းအချို့ကို မကြာခဏ ၎င်းတို့ ပြသကြသည်။ ဤသည်မှာလည်း မိမိကိုယ်ကိုနှင့်ပတ်သက်၍ ချီးမြှောက်ကာ သက်သေခံသည့် သိသာထင်ရှားသော လက္ခဏာ ဖြစ်သည် မဟုတ်လော။ ပုံမှန်အားဖြင့် လူတို့သည် ၎င်းတို့ကို အထင်ကြီးကာ ကြည်ညိုလေးစားရန်အလို့ငှာ အများနှင့် ၎င်းတို့ ကွဲပြားကြောင်းနှင့် ၎င်းတို့တွင် အခြားသူများထက် ပိုအမြော်အမြင်ရှိသည့် အယူအဆများ ရှိကြောင်း ဖော်ပြဖို့ ရှင်းလင်းသော စကားကို အသုံးပြုလျက် စကားလုံးများဖြင့် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည်။ သို့ရာတွင် လူများသည် ၎င်းတို့အနေဖြင့် အခြားသူများထက် သာကြောင်း သက်သေခံရန် တိကျပြတ်သားသော စကားများမပါဝင်ဘဲ ထိုအစား အပြင်ပန်း အလေ့အထများကို သုံးသည့် နည်းလမ်းအချို့ ရှိသည်။... အလွန်ရိုးရှင်းသော ဥပမာတစ်ခုကို ငါ ပေးမည်။ လူအချို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေချိန်၊ အပေါ်ယံတွင် ၎င်းတို့ အလွန့်အလွန် အလုပ်များနေပုံရသည်။ အခြားသူများက အစာစားနေချိန်၊ သို့မဟုတ် အိပ်နေချိန်များတွင် ၎င်းတို့က တမင်တကာ ဆက်၍ အလုပ်လုပ်ကြပြီး အခြားသူများက မိမိတို့ တာဝန်များကို စတင်လုပ်ဆောင်ချိန်တွင် ၎င်းတို့က သွား၍ စားကြသည်၊ သို့မဟုတ် အိပ်ကြသည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့က အာရုံစိုက်ခံရရန် ဆွဲဆောင်လိုကြပြီး ၎င်းတို့အနေဖြင့် စားချိန်၊ အိပ်ချိန် မရှိအောင် မိမိတို့တာဝန်များကို ထမ်းဆောင်ရင်း အလွန် အလုပ်များကြောင်းကို လူတိုင်းအား ပြသလိုကြလေသည်။ ၎င်းတို့က ‘သင်တို့သည် တကယ်ကို ဝန်ထုပ် မထမ်းကြပါ။ အဘယ်သို့ဖြစ်ပြီး အစာစားခြင်းနှင့် အိပ်စက်ခြင်းတွင် သင်တို့ အလွန် တက်ကြွကြသနည်း။ သင်တို့ အသုံးမကျကြပါတကား။ ငါ့ကို ကြည့်ပါ၊ ငါသည် သင်တို့ အားလုံး အစာစားနေချိန်တွင် အလုပ်လုပ်နေပြီး သင်တို့ အိပ်နေချိန် ညဖက်တွင် အလုပ်လုပ်နေဆဲ ဖြစ်သည်။ ဤကဲ့သို့ သင်တို့ ဆင်းရဲဒုက္ခခံနိုင်ကြမည်လော။ ဤဆင်းရဲဒုက္ခကို ငါ သည်းညည်းခံနိုင်သည်။ ငါ၏ အပြုအမူဖြင့် ပုံသက်သေကို ငါ ပြသနေသည်’ဟု စဉ်းစားကြသည်။ ဤအပြုအမူနှင့် သရုပ်သကန်မျိုးကို သင်တို့ အဘယ်သို့ တွေးကြသနည်း။ ဤလူများသည် ဤအရာကို တမင်သက်သက် လုပ်ဆောင်နေကြခြင်း မဟုတ်လော။ လူအချို့သည် ဤအရာများကို တမင် လုပ်ဆောင်နေကြပြီး ဤသည်မှာ မည်သည့် အပြုအမူမျိုး ဖြစ်သနည်း။ ဤလူများသည် သူများနှင့်မတူ၊ တမူထူးသောသူများ ဖြစ်လိုကြသည်။ ၎င်းတို့သည် အများနှင့် ကွဲပြားချင်ကြပြီး ၎င်းတို့အနေဖြင့် တစ်ညလုံး အလုပ်များလျက် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြကြောင်း၊ အထူးသဖြင့် ဆင်းရဲဒုက္ခကို ၎င်းတို့ သည်းညည်းခံနိုင်ကြောင်း လူတို့အား ပြချင်ကြသည်။ ဤနည်းဖြင့် လူတိုင်းက ၎င်းတို့အနေဖြင့် အလုပ်အလွန်ဝန်ပိကာ မစားနိုင်၊ မအိပ်နိုင်အောင်ပင် အလုပ်ထဲ နစ်မြုပ်နေသည်အထိ မိမိတို့၏ ပုခုံးထက်တွင် လေးလံသော ဝန်ထုပ်တစ်ခု ရှိကြောင်း တွေးထင်လျက် ၎င်းတို့အတွက် အထူး စိတ်မကောင်းဖြစ်ကာ အထူးတလည် စာနာမှုကို ပြကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ ကယ်တင်မခံရနိုင်လျှင် လူတိုင်းက ၎င်းတို့အတွက် ဘုရားသခင်ကို အနူးအညွတ် တောင်းပန်ပေးကြလိမ့်မည်။ ၎င်းတို့ကိုယ်စား ဘုရားသခင်ထံ အသနားခံပေးကြလိမ့်မည် ဖြစ်ပြီး ၎င်းတို့အတွက် ဆုတောင်းပေးကြလိမ့်မည်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် ဤလူများသည် အခြားသူများကို လှည့်စားပြီး ၎င်းတို့၏ စာနာမှုနှင့် ချီးမွမ်းခြင်းတို့ကို လိမ်လည်လှည့်ဖြားလျက် ရရှိရန် အခက်အခဲများကို သည်းခံခြင်းနှင့် အဖိုးအခပေးခြင်းကဲ့သို့သော လူ၏ အယူအဆများနှင့် ကိုက်ညီသည့် ကောင်းမွန်သော အပြုအမူများနှင့် လက်တွေ့လုပ်ဆောင်မှုများကို အသုံးပြုနေကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံလာရပြီး ၎င်းတို့ အဖိုးအခပေးသည်ကို မြင်သောလူတိုင်းက ‘ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အရည်အချင်းအရှိဆုံး၊ ဆင်းရဲဒုက္ခကို အသည်းခံနိုင်ဆုံးနှင့် အဖိုးအခအပေးနိုင်ဆုံးသောသူ ဖြစ်သည်’ဟူ၍ တစ်သံတည်းဖြင့် အားလုံး ပြောဆိုကြလိမ့်မည်။ ထိုအခါ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေခြင်းတည်းဟူသော ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီး ဖြစ်သည် မဟုတ်လော။ ထို့နောက် တစ်နေ့တွင် ဘုရားအိမ်တော်က ‘သင်တို့၏ ခေါင်းဆောင်သည် တကယ့် အလုပ်ကို မလုပ်ပေ။ ၎င်းသည် မိမိကိုယ်ကို အလုပ်များစေပြီး ရည်ရွယ်ချက်မရှိဘဲ အလုပ်လုပ်သည်။ ၎င်းသည် မဆင်မခြင် ပြုမူကာ ထင်ရာမြင်ရာလုပ်ပြီး အာဏာရှင်ဆန်သည်။ ၎င်းသည် အသင်းတော်၏ အလုပ်ကို ရှုပ်ထွေးစေသည်။ ၎င်းအနေဖြင့် လုပ်သင့်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်လေပြီ။ ဧဝံဂေလိ အလုပ် သို့မဟုတ် ရုပ်ရှင်ထုတ်လုပ်ရေး အလုပ်ကို မဆောင်ရွက်သကဲ့သို့ အသင်းတော် အသက်တာကလည်း ကစဉ့်ကလျားဖြစ်နေသည်။ ညီအစ်ကို မောင်နှမများက သမ္မာတရားကို နားမလည်ကြ။ အသက်ဝင်ရောက်မှု မရှိကြသကဲ့သို့ သက်သေခံချက် ဆောင်းပါးများကို မရေးနိုင်ကြပေ။ သနားဖွယ်အကောင်းဆုံးသောအရာမှာ ၎င်းက အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကိုပင် ပိုင်းခြားသိမြင်နိုင်မှု မရှိခြင်း ဖြစ်သည်။ ဤခေါင်းဆောင်မျိုးသည် အလွန် အရည်အချင်းမဲ့လေသည်။ ၎င်းသည် ထုတ်ပယ်ခံရသင့်သည့် အယောင်ဆောင် ခေါင်းဆောင် ဖြစ်သည်’ဟု ပြောလေသည်။ ဤအခြေအနေများအောက်တွင် ၎င်းတို့ကို ထုတ်ပယ်ရန် လွယ်ကူလိမ့်မည်လော။ ခက်ခဲကောင်းခက်ခဲမည်ဖြစ်သည်။ ညီအစ်ကို မောင်နှမများအားလုံးက ၎င်းကို အသိအမှတ်ပြုကာ အားပေးထောက်ခံကြသည့်အတွက် ဤခေါင်းဆောင်ကို တစ်ဦးတစ်ယောက်က ထုတ်ပယ်ရန် ကြိုးစားလျှင် ညီအစ်ကို မောင်နှမများက ကန့်ကွက်စာ တင်ကြလိမ့်မည်ဖြစ်ပြီး ထိုသူကို ဆက်လက်ထားရှိရန် အထက်သို့ တောင်းလျှောက်ချက် တင်ပြကြလိမ့်မည်။ အဘယ်ကြောင့် ထိုသို့သော ရလဒ် ရှိလိမ့်မည်နည်း။ အဘယ်ကြောင့်ဆိုသော် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် လူတို့ကို တို့ထိခံစားစေရန်၊ သိမ်းသွင်းစည်းရုံးရန်နှင့် အထင်အမြင်မှားစေရန် အခက်အခဲကို သည်းခံခြင်းနှင့် အဖိုးအခပေးခြင်းအပြင် ကြားကောင်းသည့် စကားလုံးများကဲ့သို့သော အပြင်ပန်း ကောင်းမွန်သည့် အပြုအမူများကို အသုံးပြုကြသောကြောင့် ဖြစ်သည်။ လူတို့ကို အထင်အမြင်မှားစေရန် ၎င်းတို့က ဤအတုအယောင် သွင်ပြင်များကို အသုံးပြုပြီးသည်နှင့်တစ်ပြိုင်နက် လူတိုင်းက ၎င်းတို့အတွက် ပြောပေးကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို မစွန့်ခွာနိုင်ဖြစ်ကြလိမ့်မည်။ ဤခေါင်းဆောင်က တကယ့်အလုပ် များများစားစား မလုပ်ကြောင်းနှင့် ဘုရားသခင် ရွေးချယ်ထားသူများ သမ္မာတရားကို နားလည်ကာ အသက်ဝင်ရောက်မှုကို ရရှိရန် ဦးဆောင်လမ်းပြခြင်း မရှိကြောင်း ၎င်းတို့ ရှင်းလင်းစွာ သိကြသော်လည်း ဤလူများက ထိုခေါင်းဆောင်များကို အားပေးထောက်ခံကြဆဲ၊ အသိအမှတ်ပြုကာ ၎င်းတို့နောက် လိုက်ကြဆဲဖြစ်သည်။ ယင်းက သမ္မာတရားနှင့် အသက်ကို ၎င်းတို့ ရရှိမည်မဟုတ်သည့် သဘောလောဟူသည်ကိုပင် အရေးမစိုက်ဘဲ ရှိကြလေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ဘုရားသခင် ဖော်ထုတ်နေခဲ့တာဟာ ကျွန်မရဲ့ အပြုအမူပဲလို့ ကျွန်မ သိခဲ့တယ်။ ဝန်ထုပ်မရှိဘဲ ကိုယ့်တာဝန်တွေ ထမ်းဆောင်တာရယ် စစ်မှန်တဲ့အလုပ်ကို မလုပ်တာရယ်တွေ အတွက် အထက်ခေါင်းဆောင်က ကျွန်မကိုပြုပြင်ပြီးကတည်းက နောင်တရဖို့နဲ့ ပြောင်းလဲဖို့ကို ကျွန်မ တိတ်တိတ်လေး စိတ်ပိုင်းဖြတ်ခဲ့တယ်။ အစပိုင်းမှာတော့ ကျွန်မအကြွေးကို လက်တွေ့ကျတဲ့ လုပ်ရပ်နဲ့ ပြန်ပေးဆပ်ဖို့ ရည်ရွယ်ပြီး အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှုတွေ ကျွန်မမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျွန်မအပြုအမူရဲ့ သဘာဝက စ ပြောင်းလဲလာတယ်။ ကျွန်မ နောက်ကျတဲ့အထိ မအိပ်ဘဲနေလို့ ညီအစ်ကိုမောင်နှမတွေဆီက အာရုံစိုက်မှုနဲ့ အရေးစိုက်မှု ရတဲ့အခါ ဒီတစ်ခါတော့ ကျွန်မ နောင်တရသွားပြီး ကျွန်မရဲ့တာဝန်တွေအတွက် ပေးဆပ်ချင်နေတယ် ဆိုတာကို ကျွန်မရဲ့ စစ်မှန်တဲ့အပြုအမူကနေလူတိုင်းကို ကျွန်မ သက်သေပြချင်ခဲ့တယ်။ တကယ်လို့ တစ်နေ့မှာ အထက်ခေါင်းဆောင်က လူတိုင်းကို ကျွန်မအပေါ် သူတို့ရဲ့ အကဲဖြတ်သုံးသပ်ချက်ကို တောင်းခဲ့ရင် ကျွန်မက အပျင်းထူသူတစ်ယောက် ဒါမှမဟုတ် တာဝန်မသိတတ်တဲ့ ခေါင်းဆောင်တစ်ယောက် မဟုတ်ဘူး ဆိုတာကို ညီအစ်ကိုမောင်နှမတွေက သက်သေပြပြီး ကျွန်မကို အကောင်းပြောကြမှာ အသေအချာပါ။ ဒီတော့ ကျွန်မ ဒုက္ခဆင်းရဲကို မမောနိုင်မပန်းနိုင် တောင့်ခံခဲ့ပြီး နောက်ကျတဲ့ထိ မအိပ်ဘဲနေခဲ့တယ်။ ဒါကို တာဝန်တွေကို ကျွန်မက သစ္စာစောင့်သိပြီး ထမ်းဆောင်တာကို ပြတဲ့အနေနဲ့ အသုံးပြုခဲ့ပြီး ညီအစ်ကိုမောင်နှမတွေရှေ့မှာတောင် တမင်တကာ ကြွားဝါခဲ့တယ်။ တစ်ခါတလေ ကျွန်မ သိသိသာသာကို အရမ်းပင်ပန်းပြီး အိပ်ချင်နေပေမဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ “အလုပ်များတဲ့အချိန်ဇယား”ကို ထင်ရှားစေဖို့ အိပ်ရာနောက်ဆုံးဝင်တဲ့သူ ဖြစ် အောင် ကျွန်မ ကြိုးစားနေခဲ့တုန်းပဲ။ တစ်ခါတလေ ကျွန်မ ညဉ့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲနေတာကြောင့် နေ့ဘက်မှာ စိတ်ပိုင်းဆိုင်ရာခြေကုန်လက်ပန်းကျနေပြီး အာရုံစူးစိုက်မှု မရှိပါဘူး။ ဒီလိုကိစ္စမှာဆို တစ်ရေးတစ်မောအိပ်လိုက်တာဟာ ပုံမှန်ပဲ ဖြစ်မှာပါ။ ဒါပေမဲ့လည်း ဝန်ထုပ်ပိနေတဲ့ ပုံရိပ်ကို ထိန်းထားဖို့ ဆက်ပြီးတောင့်မခံနိုင်တော့တဲ့ အချိန်ကလွဲပြီး တစ်ခါတလေ နေ့လယ်မှာ ကျွန်မ အနားမယူခဲ့ဘူး။ ဒါတောင်မှ ကျွန်မ ဇိမ်ယူနေတယ်လို့ လူတိုင်းက ထင်မှာ ကြောက်လို့ သိပ် အကြာကြီး မအိပ်ရဲခဲ့ဘူး။ တချို့ညီအစ်ကိုမောင်နှမတွေ မအိပ်ဘဲနေနေသရွေ့ ကျွန်မ ညဉ့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲနေပြီး ကျွန်မ ဇွဲကောင်းကောင်းနဲ့ အလုပ်ကြိုးစားနေတုန်းပဲဆိုတာ သူတို့ကို သိစေချင်ခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်တွေအတွက်ဆင်းရဲဒုက္ခကို တောင့်ခံချင်စိတ်ရှိတဲ့သူတစ်ယောက်ဆိုတာကို လူပိုသိသွားအောင် တခြားနိုင်ငံတွေက ညီအစ်ကိုမောင်နှမတွေဆီကို စာတိုတောင်ပို့ခဲ့ပြီး အလုပ်ကြိုးစားတဲ့လူတစ်ယောက်ရဲ့ ပုံရိပ်ကို တည်ဆောက်ခဲ့တယ်။ တချို့လူတွေက သူတို့ကိုယ်သူတို့ သက်သေခံပြီး အထင်ကြီးခံရဖို့ ကြွားလုံးထုတ်တဲ့စကားတွေကို ပြောပြီး ဘာသာစကားကို အသုံးပြုတာတွေ၊ တခြားလူတွေက သူများတွေကို အထင်အမြင်မှားအောင်လုပ်ပြီး သူတို့ကို အထင်ကြီးပြီး ကြည်ညိုလေးစားအောင်လုပ်ဖို့အတွက် လူသားအယူအဆနဲ့ ညီတဲ့၊ မြင့်မြတ်ပြီးကိုယ်ကျင့်တရားစံနှုန်းတွေနဲ့ တော်တော်လေးညီတယ်လို့ သတ်မှတ်တဲ့ အပြုအမူတွေသုံးတာတွေကို ဘုရားသခင်က ဖော်ထုတ်တာကို ကျွန်မ မြင်တော့ ကျွန်မက ညနက်တဲ့အထိ မအိပ်ဘဲနေပြီး ဒုက္ခခံတာကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ်အပေါ် သဘောကျစရာကောင်းတဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ ကြိုးစားနေတာပဲဆိုတာ သဘောပေါက်သွားတယ်။ လူတိုင်းဆီက ထောက်ခံမှုကို ကျွန်မ ရချင်ခဲ့ပြီး ဆင်းရဲဒုက္ခကို တောင့်ခံခြင်းနဲ့ အဆုံးရှုံးခံပေးဆပ်ခြင်းဆိုတဲ့ အပြုအမူကောင်းကို ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ပြဖို့နဲ့ တခြားသူတွေကို အထင်အမြင်မှားစေဖို့ ကျွန်မအသုံးပြုနေခဲ့တယ်။ ဒါဟာ အန္တိခရစ်တွေရဲ့ သရုပ်သကန်တစ်ခုပါပဲ။ ဖာရိရှဲတွေဟာ အစာရှောင်ချိန်ဆိုတရားဇရပ်တွေနဲ့ လမ်းဆုံလမ်းထောင့်တွေမှာ တမင်တကာ မသာမယာမျက်နှာတွေနဲ့ ဆုတောင်းနေကြတဲ့ ကြောင်သူတော်တွေဖြစ်ခဲ့ကြပုံကို ကျွန်မ တွေးခဲ့မိတယ်။ သူတို့ရဲ့ လက်ဖွဲ့တွေကိုလည်း ကျယ်အောင်လုပ်ခဲ့ပြီး အပြင်ပန်းအပြုအမူကောင်းလုပ် ရပ်တွေကနေ သူတို့ကိုယ်သူတို့ပြယုဂ်ကောင်း အောင်လုပ်ဖို့နဲ့ သူတို့အကြောင်းသက်သေထူဖို့အတွက် အလှူပစ္စည်းတွေ ဟန်ပြပေးကမ်းမှု လုပ်ခဲ့တယ်။ ဖာရိရှဲတွေ လုပ်ခဲ့တာ အားလုံးဟာ လူတွေကို အထင်အမြင်မှားအောင်လုပ်ပြီး ထောင်ချောက်ဆင်ဖို့နဲ့ သူတို့ကိုယ်သူတို့ သက်သေထူပြီး လူတွေ သူတို့ကို ကြည်ညိုစေဖို့ပါပဲ။ ဖာရိရှဲတွေက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ လမ်းကို လျှောက်ခဲ့တယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ရာမှာ သမ္မာတရားစည်းမျဉ်းတွေအပေါ် အာရုံစူးစိုက်ရမယ့်အစား တခြားလူတွေ အထင်အမြင်မှားစေဖို့နဲ့ သူတို့ဆီက လေးစားအားကျမှုရအောင် အပြင်ပန်းသွင်ပြင်တွေကို အသုံးချပြီး မှားယွင်းတဲ့လမ်းကို ကျွန်မ လျှောက်နေခဲ့ပါတယ်။ တကယ့်ကို ယုတ်မာမှုပါပဲ။
ကျွန်မ ဆက်ပြီး ဆင်ခြင်သုံးသပ်တယ်။ ကျွန်မရဲ့ ညဉ့်နက်တဲ့အထိ ဆင်းရဲဒုက္ခခံခြင်းနောက်ကွယ်မှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘယ်လို သွင်ပြင်လက္ခဏာတွေ ပုန်းကွယ်နေခဲ့တာပါလဲ။ ဘုရားနှုတ်ကပတ်တော်တွေထဲက အပိုဒ်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြချေ။ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ ဤသည်မှာ အချက်တစ်ခုကို ထင်ရှားစွာ ညွှန်ပြသည်။ အန္တိခရစ်တို့သည် သမ္မာတရားစည်းမျဉ်းများအတိုင်း မည်သည့်အခါမျှ ပြုမူလုပ်ဆောင်ခြင်း မရှိချေ။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ယင်းက အန္တိခရစ်တစ်ဦး၏ အသိသာဆုံးသော သရုပ်သကန်ဖြစ်သည်။ ဂုဏ်သတင်းနှင့် အဆင့်အတန်းအပြင် ကောင်းချီးခံစားရခြင်းနှင့် ဆုလာဘ်ရခြင်းတို့မှလွဲ၍ ၎င်းတို့လိုက်စားသည့် နောက်အရာတစ်ခုမှာ ဇာတိပကတိ၏ စည်းစိမ်များနှင့် ဂုဏ်အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့ခံစားခြင်း ဖြစ်သည်။ သို့ဖြစ်၍ ၎င်းတို့သည် ပင်ကိုအားဖြင့် အနှောင့်အယှက်၊ အဖျက်အဆီးများကို ဖြစ်စေသည်။ ၎င်းတို့ လိုက်စားသည့်အရာ၊ ၎င်းတို့၏အပြုအမူနှင့် သရုပ်သကန်များသည် ဘုရားသခင် ချစ်သောအရာများ မဟုတ်သည်ကို ဤအချက်အလက်များက ပြလေသည်။ ပြီးလျှင် ဤအရာများသည် သမ္မာတရားကို လိုက်စားသော လူများ၏ လုပ်ရပ်များနှင့် အပြုအမူများ သေချာပေါက် မဟုတ်ချေ။ ဥပမာအနေဖြင့် ပေါလုကဲ့သို့ အန္တိခရစ်အချို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဆင်းရဲဒုက္ခခံဖို့ စိတ်ပိုင်းဖြတ်ချက်ရှိသည်။ ၎င်းတို့၏အလုပ်ကို လုပ်သည့်အခါ ၎င်းတို့သည် တစ်ညလုံး မအိပ်ဘဲနေနိုင်သလို အစားအစာမစားဘဲနေနိုင်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထိုး၍နှိပ်စက်နိုင်သည်။ မည်သည့်နာမကျန်းဖြစ်ခြင်းနှင့် မသက်မသာဖြစ်ခြင်းတို့ကိုမဆို အောင်မြင်ကျော်လွှားနိုင်သည်။ ပြီးလျှင် ဤအရာများအားလုံးကို လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘေးသို့ဖယ်နိုင်စွမ်းရှိကြောင်း၊ မိမိတို့ကိုယ်ကို ဖယ်ကြဉ်နိုင်စွမ်းရှိကြောင်း၊ ၎င်းတို့အတွက်မှာမူ တာဝန်သာ ရှိကြောင်း လူတိုင်းကို ပြဖို့ဖြစ်သည်။ ဤအရာအားလုံးကို ၎င်းတို့က အခြားလူများ ရှေ့တွင် ပြကြသည်။ လူများအနီးအနားတွင် ရှိသည့်အခါ ၎င်းတို့သည် နားသင့်သည့်အချိန်တွင် မနားဘဲ ၎င်းတို့၏ အလုပ်အချိန်ကို တမင်သက်သက်ပင် တိုးချဲ့လျက် စောစောထကာ နောက်ကျမှ အိပ်ရာဝင်လျက် ယင်းကို အပြည့်အဝ ပြသကြသည်။ သို့သော် အန္တိခရစ်တို့ ဤကဲ့သို့ နံနက်မှ ညအထိ အလုပ်ကို ပင်ပင်ပန်းပန်းလုပ်သည့်အခါတွင် အလုပ်၏ ထိရောက်မှုနှင့် ၎င်းတို့၏တာဝန် ထိရောက်မှုတို့က မည်သည့်အခြေအနေရှိသနည်း။ ဤအရာများသည် ၎င်းတို့ ထည့်တွက်စဉ်းစားသည့်အရာများထဲ၌ မပါပေ။ ၎င်းတို့သည် ဤအရာအားလုံးကို အခြားသူများရှေ့တွင် လုပ်ဆောင်ရန်သာ ကြိုးစားကြသည်။ ဤနည်းအားဖြင့် အခြားသူများက သူတို့ ဒုက္ခခံသည်ကို တွေ့မြင်နိုင်ပြီး ကိုယ့်အတွက်ကို တစ်စက်မျှ မစဉ်းစားဘဲ ဘုရားသခင်အတွက် ၎င်းတို့ မည်သို့အသုံးခံသည်ကို တွေ့မြင်နိုင်သည်။ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်နှင့် ၎င်းတို့ လုပ်ဆောင်သည့် အလုပ်တို့သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ခြင်း ရှိမရှိအတွက်ကိုမူ ၎င်းတို့ လုံးဝ မစဉ်းစားကြချေ။ ၎င်းတို့၏ အပြင်ပန်း အပြုအမူကောင်းကို လူတိုင်း တွေ့မြင်ပြီးခြင်း ရှိမရှိ၊ လူတိုင်းက ယင်းကို သတိပြုမိခြင်း ရှိမရှိ၊ ၎င်းတို့သည် လူတိုင်းအပေါ် ထင်မြင်ချက်ဖြစ်စေခြင်း ရှိမရှိနှင့် ဤထင်မြင်ချက်သည် ထိုလူတို့ထဲတွင် လေးစားအားကျခြင်းနှင့် ထောက်ခံခြင်းတို့ကို ဖြစ်ပေါ်စေမည် ဟုတ်မဟုတ်၊ ၎င်းတို့၏ နောက်ကွယ်တွင် ဤလူများက ‘သူတို့သည် ဆင်းရဲဒုက္ခကို အမှန်တကယ် ကြံ့ကြံ့ခံနိုင်ကြသည်၊ သူတို့၏ သည်းခံသည့်စိတ်ဓာတ်နှင့် ထူးခြားသော ဇွဲလုံ့လတို့က ကျွန်ုပ်တို့ထဲမှ မည်သူ့ထက်မဆို သာလွန်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသည့်သူတစ်ဦးဖြစ်သည်။ ကြီးသောဝန်ကို ဒုက္ခခံနိုင်ပြီး သည်းခံနိုင်သည့်သူဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ ဒေါက်တိုင်ဖြစ်သည်’ဟု ပြောလျက် အားပေးပံ့ပိုးမည် ဟုတ်မဟုတ်ကိုသာ ၎င်းတို့ စဉ်းစားကြသည်။ ဤအရာကို ကြားသည့်အခါ အန္တိခရစ်တို့သည် စိတ်ကျေနပ်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့က ‘ထိုကဲ့သို့ ဟန်ဆောင်သည်မှာ ကျွန်ုပ် အလွန် ပါးနပ်ပေသည်။ ဤအရာကို လုပ်သည်မှာ ကျွန်ုပ် အလွန်တော်ပေသည်။ လူတိုင်းက အပြင်ပန်းကိုသာ ကြည့်မည်ကို ကျွန်ုပ်သိသည်။ ပြီးလျှင် ၎င်းတို့သည် ဤအပြုအမူကောင်းတို့ကို နှစ်သက်ကြသည်။ ဤကဲ့သို့ ကျွန်ုပ် ပြုမူလျှင် လူများ၏ ထောက်ခံချက်ကို ရမည်၊ ကျွန်ုပ်ကို ၎င်းတို့ အားပေးပံ့ပိုးကြလိမ့်မည်၊ ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းရာ၌ ကျွန်ုပ်ကို အားကျကြလိမ့်မည်။ ကျွန်ုပ်ကို မြင်သည့်အမြင်သည် လုံးလုံးပြောင်းလဲသွားလိမ့်မည်။ ပြီးလျှင် ကျွန်ုပ်ကို မည်သူကမျှ နောက်တစ်ကြိမ် လုံးဝ အထင်သေးမည် မဟုတ်ပေ။ ကျွန်ုပ်သည် လက်တွေ့အလုပ်ကို မလုပ်နေကြောင်း အထက်မှ သိရှိသွားသည့် နေ့ရက်အချိန် ရောက်လာပြီး ကျွန်ုပ်ကို ထုတ်ပယ်သည့်အခါ ကျွန်ုပ်အတွက် ခုခံကာကွယ်ပေးသည့် လူ၊ ကျွန်ုပ်အတွက် ငိုကြွေးသည့်လူနှင့် ကျွန်ုပ်ကို နေဖို့ တိုက်တွန်းသည့်သူ၊ ပြီးလျှင် ကျွန်ုပ်၏ကိုယ်စား ပြောပေးသူများစွာ မလွဲဧကန်ရှိလိမ့်မည်’ ဟု တွေးကြသည်။ ၎င်းတို့သည် မိမိတို့၏ အတုအယောင် အပြုအမူကို တိတ်တဆိတ် ကြည်နူးနေကြပြီး ဤကြည်နူးခြင်းက အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရကိုလည်း ထုတ်ဖော်မပြသလော။ ပြီးလျှင် ဤသည်မှာ အဘယ်အနှစ်သာရဖြစ်သနည်း။ (ကောက်ကျစ်ဆိုးယုတ်ခြင်း ဖြစ်သည်။) မှန်ပေသည်။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်ခြင်း၏ အနှစ်သာရဖြစ်ပေသည်။ ဤကောက်ကျစ်ဆိုးယုတ်ခြင်း အနှစ်သာရ၏ စိုးမိုးခြင်းခံရလျက် အန္တိခရစ်များသည် မိမိဘာသာ အားရကျေနပ်မှုနှင့် မိမိကိုယ်ကို လေးစားခြင်း အခြေအနေတစ်ခု ပေါက်ဖွားကာ ယင်းက ၎င်းတို့အား မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် တိတ်တဆိတ် ကန့်ကွက်စေပြီး ဆန့်ကျင်စေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ကြီးမားသည့် အဖိုးအခကို ပေးကာ ၎င်းတို့၏ ဇာတိပကတိက ဆင်းရဲဒုက္ခများစွာ ခါးစီးခံရပုံ ပေါ်သော်လည်း ဘုရားသခင်၏ ဝန်ထုပ်ကို ၎င်းတို့ အမှန်တကယ် အလေးထားကြသလော။ ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို စစ်မှန်စွာ အသုံးခံကြသလော။ မိမိတို့၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နိုင်ကြသလော။ ၎င်းတို့ မထမ်းဆောင်နိုင်ကြပေ။...အန္တိခရစ်များသည် ကောက်ကျစ်ဆိုးယုတ်သော စိတ်သဘောထားတစ်ခု ရှိကြသည် မဟုတ်လော။ ၎င်းတို့၏ ဆင်းရဲဒုက္ခနောက်ကွယ်တွင် ၎င်းတို့သည် ထိုသို့သော ရည်မှန်းချက်များနှင့် မသန့်စင်မှုများ ထားရှိကာ ထိုအကြောင်းကြောင့် ဘုရားသခင်က ထိုသို့သော လူများနှင့် ထိုသို့သော စိတ်သဘောထားကို စက်ဆုပ်ခြင်း ဖြစ်သည်။ သို့သော် အန္တိခရစ်များသည် ဤအချက်ကို မည်သည့်အခါတွင်မျှ မမြင် သို့မဟုတ် မသိမှတ်ကြချေ။ ဘုရားသခင်သည် လူ၏ အတွင်းစိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လူကမူ လူ၏ အပြင်ပန်း အသွင်အပြင်ကိုသာ မြင်သည်။ အန္တိခရစ်တို့နှင့်ပတ်သက်၍ စဉ်းစားဉာဏ်အမဲ့ဆုံးသောအရာမှာ ၎င်းတို့က ဤအချက်ကို မသိမှတ်သကဲ့သို့ မမြင်နိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဒုက္ခခံစားပြီး အခက်အခဲကို ခါးစီးခံနိုင်ကြောင်း၊ သာမန်လူများ ကြံ့ကြံ့မခံနိုင်သည့် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ကြောင်း၊ သာမန်လူများ မလုပ်နိုင်သည့် အလုပ်ကို လုပ်နိုင်ကြောင်း အခြားသူများက တွေးထင်ရန်အလို့ငှာ ၎င်းတို့တွင် ခံနိုင်ရည်ရှိကြောင်း၊ ၎င်းတို့၏ ကိုယ်ကိုထိုး၍နှိပ်စက်နိုင်ကြောင်းနှင့် မိမိတို့ကိုယ်ပိုင် ဇာတိပကတိ အကျိုးစီးပွားများ သို့မဟုတ် ပျော်ရွှင်မှုတို့ကို ထည့်သွင်းစဉ်းစားခြင်း မရှိကြောင်း အခြားသူများ တွေးထင်ရန်အလို့ငှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြရုပ်တင်ကာ စွဲမက်ဖွယ်ဖြစ်စေရန် ကောင်းသော အပြုအမူကို အသုံးပြုဖို့ တတ်နိုင်သမျှ လုပ်ဆောင်ကြလေသည်။ တစ်ခါတစ်ရံ ၎င်းတို့သည် တမင်သက်သက် မိမိတို့၏ အဝတ်အစားများကိုပင် အနည်းငယ် ညစ်ပတ်သည်ထိတိုင် ဝတ်ဆင်ကာ မလျှော်ဘဲနေကြသည်။ နံလာသည့်အခါတွင်ပင် မလျှော်ကြချေ။ အခြားသူများက ၎င်းတို့အား ကိုးကွယ်စေသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လုပ်ဆောင်ကြသည်။ အခြားသူများရှေ့တွင် ၎င်းတို့ ရှိလေ၊ ၎င်းတို့အား သာမန်လူများနှင့် မတူကြောင်း၊ ဘုရားသခင်အတွက် ၎င်းတို့၏ မိမိတို့ကိုယ်ကို အသုံးခံရလိုသော ၎င်းတို့၏ လိုအင်ဆန္ဒသည် သာမန်လူများထက် ကြီးမားကြောင်း၊ ဆင်းရဲဒုက္ခခံရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်သည် သာမန်လူများထက် ပိုကြီးမားကြောင်းနှင့် ဆင်းရဲဒုက္ခကို သည်းညည်းခံခြင်းအတွက် ၎င်းတို့၏ ခံနိုင်ရည်သည် သာမန်လူများထက် ကြီးမားကြောင်းတို့ကို အခြားသူများ မြင်ရန်အလို့ငှာ မိမိတို့ကိုယ်ကို ပြသရန် တတ်နိုင်သမျှ ၎င်းတို့ လုပ်ဆောင်လေ ဖြစ်သည်။ အန္တိခရစ်များသည် ဤအခြေအနေမျိုးများတွင် ထိုသို့သော အပြုအမူများ ပေါက်ဖွားကာ ဤအပြုအမူများနောက်ကွယ်တွင် ရှိသည်မှာ လူတို့က ၎င်းတို့ကို ကိုးကွယ်ကာ အထင်ကြီးစေဖို့အတွက် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်နက်တွင်ရှိသည့် အန္တိခရစ်များ၏ လိုအင်ဆန္ဒ ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် မိမိတို့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိကြသည့်အခါ၊ လူတို့၏ ချီးမွမ်းမှုများကို ၎င်းတို့ ကြားသည့်အခါနှင့် လူတို့က ၎င်းတို့ကို အားကျကာ လေးစားပြီး သဘောကျသည့် အကြည့်များဖြင့် ကြည့်ကြသည်ကို ၎င်းတို့ မြင်သည့်အခါ ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဝမ်းသာပြီး ကျေနပ်ကြသည့် အချိန်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၁၀)) အန္တိခရစ်တွေရဲ့ စိတ်သဘောထားဟာ ဆိုးညစ်တယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိခဲ့တယ်။ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သမ္မာတရားစည်းမျဉ်းတွေကို ဒါမှမဟုတ် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့အညီ ဘယ်လိုပြုမူရမလဲဆိုတာ ကို သူတို့မရှာကြဘူး။ အဲဒီအစား အပြင်ပန်းအပြုအမူတွေကိုပဲ သူတို့အာရုံစိုက်ခဲ့ကြတယ်။ သူတို့ခန္ဓာကိုယ်တွေကို စည်းကမ်းကြပ်မတ်၊ သူတို့ရဲ့ဇာတိပကတိကို ပုန်ကန်ပြီး သူများတွေ အထင်အမြင်မှားစေဖို့ အပေါ်ယံလုပ်ရပ်ကောင်းတွေကို အသုံးပြုကြတယ်။ အဲ့ဒီလို အပြုအမူမျိုးကို ကျွန်မ ပြုမူခဲ့တယ်။ အချိန်အတော်ကြာ ညဉ့်နက်နောက်ကျတဲ့ထိ မအိပ်ဘဲနေပြီး အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုရတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက ကျွန်မအပေါ် စိုးရိမ်တာတွေ၊ လေးစားတာတွေတောင်ပြတော့ ကျွန်မရဲ့ ဆင်းရဲဒုက္ခခံခြင်းနဲ့ ပေးဆပ်စွန့်လွှတ်ခြင်းဟာ လုပ်သင့်လုပ်ထိုက်တယ်လို့ ကျွန်မ စပြီး ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့ ဝန်ထုပ်ပိနေတဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့အတွက်အလုပ်ချိန်နာရီတွေကို တမင် ပိုတိုးခဲ့တယ်။ စောစောနားလို့ ရနေခဲ့တာတောင်မှ အရမ်းနောက်ကျတဲ့အထိ အိပ်ချိန်ကို ရွှေ့ဆိုင်းခဲ့တယ်။ အန္တိခရစ်တွေဟာ လူတွေရှေ့မှာပဲ အလုပ်လုပ်ပြီး သူတို့လုပ်ရပ်တွေကို လူတွေမြင်မလားဆိုတာနဲ့ တခြားသူတွေ အထင်ကြီးမလားဆိုတာကိုပဲ စိုးရိမ်ပူပန်ကြတယ်လို့ ဘုရားသခင်က ပြောခဲ့တယ်။ သူတို့အလုပ်က ထိရောက်မှုရှိမရှိတို့ သူတို့ရဲ့အလုပ်မှာ အကျိုးရှိမှုတို့လိုမျိုး အပြုသဘောဆောင်တဲ့ အရာတွေနဲ့ပတ်သက်လို့ကတော့ ဒါတွေကို သူတို့ လုံးဝ အလေးမထားပါဘူး။ အဲဒါဟာ ကျွန်မ ပြုမူခဲ့တဲ့ပုံစံ အတိအကျပါပဲ။ မကြာသေးခင်ကမှ ကျွန်မရဲ့တာဝန်ထမ်းဆောင်မှုမှာ တာဝန်မခံတာနဲ့ စစ်မှန်တဲ့အလုပ်ကို ထမ်းဆောင်ဖို့ ပျက်ကွက်တာကြောင့်ပြုပြင်ခြင်းကို ကျွန်မ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်မ အမှန်တကယ် နောင်တရချင်ခဲ့တယ်ဆိုရင် ကျွန်မရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ခဲ့သင့်တယ်။ အလုပ်ထိရောက်စွမ်းဆောင်မှုကို ဘယ်လို တိုးတက်အောင်လုပ်မလဲဆိုတာကို ချင့်ချိန်စဉ်းစားပြီး သမ္မာတရားစည်းမျဉ်းတွေမှာ ပိုပြီး အားထုတ်ခဲ့သင့်တယ်။ အဲ့ဒီအစား အလုပ်ချိန်နာရီတွေကို ပိုတိုးပြီး ဟန်ပြတွေ ဆက်လုပ်ဖို့ပဲ ညဉ့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲ နေခဲ့တယ်။ ညဘက်နောက်ကျတဲ့အထိ တာဝန်ထမ်းဆောင်ချိန်မှာ ကျွန်မစိတ်က မကြည်လင်ခဲ့သလို နေ့ဘက်မှာ အာရုံစူးစိုက်မှုအားနည်းပြီး ကျွန်မ ထိုင်းမှိုင်းနေခဲ့တယ်။ ခြုံပြောရရင်တော့ ကျွန်မရဲ့ အလုပ်ထိရောက်စွမ်းဆောင်မှုက နည်းပါးခဲ့တယ်။ ဒါပေမဲ့လည်း ဘုရားအိမ်တော်ရဲ့အမှုတော် နှောင့်နှေးသွားမှာကို ကျွန်မ အလေးမထားခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးတွေထဲမှာ ကျွန်မရဲ့ ပုံရိပ်ကောင်းလေး မြဲမြံနေသရွေ့ ကျွန်မအတွက် လုံလောက်နေခဲ့တယ်။ ကိုယ့်တာဝန်ထမ်းဆောင်ဖို့ အခွင့်အလမ်းကောင်းတွေကို ကိုယ့်ကိုယ်ကိုယ် ကြွားဝါဖို့နဲ့ လေးစားအထင်ကြီးမှုရဖို့ အသုံးပြုခဲ့တယ်။ ကိုယ့်တာဝန်တွေကို ကျေပွန်ဖို့နဲ့ ဘုရားသခင်ကို ကျေနပ်စေဖို့မဟုတ်ဘဲ ဂုဏ်အတွက် ကျွန်မ အလုပ်လုပ်နေခဲ့ပါတယ်။ ကျွန်မအတွေးတွေက အရမ်းယုတ်မာပြီး ဆိုးညစ်ခဲ့တယ်။ နောက်ပြီးတော့ ကျွန်မရဲ့အတွင်းစိတ်ထဲမှာ ပိုပြီးတော့တောင် စက်ဆုပ်စရာကောင်းတဲ့ အတွေးရှိခဲ့တယ်။ ကျွန်မ အပြုပြင်ခံနေရတုန်းက ကျွန်မ ပြောင်းလဲသွားပြီလားဆိုတာကို ညီအစ်ကိုမောင်နှမတွေနဲ့ အထက်ခေါင်းဆောင်က စောင့်ကြည့်နေခဲ့တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ စစ်မှန်တဲ့အလုပ်ရယ် တကယ့်ပြဿနာတွေကို ဖြေရှင်းခြင်းရယ်ဟာ အရမ်းကို ပင်ပန်းပြီး အကျိုးရလဒ်တွေ ချက်ချင်းရှိမလာနိုင်ဘူး၊ ညည့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲနေပြီး ဇာတိပကတိကို ပုန်ကန်ခြင်းကတော့ တော်တော်လေး လွယ်တယ်လို့ ကျွန်မ တွေးခဲ့တယ်။ တစ်နေ့မှာ ကျွန်မ အလုပ်ကို ကောင်းကောင်းမလုပ်ဘူး ဆိုရင် တောင် ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ အောင်မြင်မှုကို မမြင်ရပေမဲ့ အားထုတ်ကြိုးပမ်းမှုကို မြင်ခဲ့တယ် ဆိုတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်မဘက်က ဝင်ပြောပေးကြမှာပါ။ ဒီလိုနဲ့ ကျွန်မ ထုတ်ပယ်ခံခဲ့ရမယ်ဆိုရင်တောင် ရှက်စရာအရမ်းမကောင်းတော့ ပါဘူး။ အနည်းဆုံးတော့ ဒုက္ခဆင်းရဲကို ကျွန်မတောင့်ခံနိုင်ခဲ့ပြီး အလုပ်ကို ကောင်းကောင်းလုပ်ချင်စိတ်ရှိတယ်လို့ လူတိုင်းက မြင်မှာပါ။ ဒီအတွေးတွေ ရည်ရွယ်ချက်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မ ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ခဲ့တယ်။ အရင်က ကျွန်မရဲ့ စစ်မှန်တဲ့အလုပ်ကင်းမဲ့မှုဟာ တာဝန်တွေကို နှောင့်နှေးစေခဲ့ပြီး ကျွန်မကို လူစားထိုးသင့်ခဲ့တာပါ။ ကျွန်မ ဆက်ပြီးလက်တွေ့လုပ်ဆောင်ဖို့ ဘုရားအိမ်တော်က အခွင့်အလမ်းကောင်းတစ်ခု ပေးခဲ့ပေမဲ့ ကျွန်မ နောင်တမရခဲ့ဘူး၊ မပြောင်းလဲခဲ့ပါဘူး။ အဲ့ဒီအစား ကျွန်မရဲ့ အမှားတွေကို ပိုဆိုးစေပြီး အပေါ်ယံဟန်ပြဆင်းရဲဒုက္ခခံခြင်းနဲ့ သူများတွေကို အထင်အမြင်မှားစေခဲ့တယ်။ ညဉ့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲနေတာဟာ တခြားသူတွေကို ခဏတာ အထင်အမြင်မှားစေနိုင်ခဲ့ရင်တောင် ဘုရားသခင်က လူသားရဲ့စိတ်နှလုံးအတွင်းကျကျထိကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပါတယ်။ ဒီလိုပုံစံ ကိုယ့်ကိုယ်ကို ပြရုပ်တင် တန်ဆာဆင်တာဟာ ဘုရားသခင်ကို စက်ဆုပ်မှုခံစားစေပြီး အလွန်အမင်းမနှစ်မြို့စေမှာပါ။ ပြီးတော့ ဘုရားသခင်က ခေါင်းဆောင်တွေကို စစ်မှန်တဲ့အလုပ် လုပ်နိုင်မလုပ်နိုင်ဆိုတာနဲ့ တိုင်းတာပါတယ်။ ညဉ့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲနေနိုင်မနေနိုင်တို့၊ အလုပ်ချိန်နာရီအကြာကြီးလုပ်နိုင်မလုပ်နိုင်တို့နဲ့ မတိုင်းတာပါဘူး။ သူတို့ ဘယ်လောက်အချိန်အကြာကြီးပဲ အလုပ်လုပ်ပါစေ၊ အလုပ်မှာ ပြဿနာတွေ သူတို့မတွေ့ရှိနိုင်ဘူး မဖြေရှင်းနိုင်ဘူးဆိုရင်၊ ညီအစ်ကိုမောင်နှမတွေ အသက်ဝင်ရောက်မှုမှာ ရှိတဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယမပြုနိုင်ဘူးဆိုရင်၊ ပြီးတော့ သူတို့ရဲ့ တာဝန်ဝတ္တရားတွေမှာ စစ်မှန်တဲ့ထိရောက်စွမ်းဆောင်မှုကို မရရှိနိုင်ရင် အဲဒါဟာ စစ်မှန်တဲ့အလုပ်အဖြစ် အရည်အချင်းမပြည့်မီပါဘူး။
နောက်ပိုင်းမှာ ကျွန်မ ထပ်ပြီး ချင့်ချိန်တွေးဆကြည့်တယ်။ ကျွန်မတို့ ပုံမှန်အိပ်ချိန်ဇယားကို ထိန်းသိမ်းလိုက်နာဖို့နဲ့ ခန္ဓာကိုယ်ရဲ့ သဘာဝစည်းချက်တွေကို စွဲမြဲစောင့်ထိန်းဖို့ ဘုရားသခင်က အမြဲ အလိုရှိတယ်။ ဒါပေမဲ့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို မလိုက်နာခဲ့ဘူး။ “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ” ဆိုတာကို အားကျချီးမွမ်းစရာလို့တောင် ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်တာမှာ ဒီလိုမျိုး မမောနိုင်မပန်းနိုင် စောင့်ထိန်းလိုက်နာခဲ့တယ်။ ဒီရှုထောင့်မှာရှိတဲ့ အမှားက အတိအကျ ဘယ်မှာရှိတာလဲ။ ဒီကိစ္စအကြောင်းကို ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ကျွန်မ ရှာဖွေခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်က သင့်အား လွတ်လပ်သောစိတ်၊ သာမန်လူ့သဘာဝ၏ အသိဉာဏ်၊ လူသားတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပေးခဲ့သည်။ သင်သည် ဤအရာများကို ကောင်းစွာ၊ မှန်ကန်စွာ အသုံးပြုလျှင်လည်းကောင်း၊ ရုပ်ခန္ဓာ၏ ရှင်သန်ရေး ဥပဒေသများကို လိုက်နာလျှင်လည်းကောင်း၊ သင်၏ ကျန်းမာရေးကို သင့်လျော်စွာ ကြည့်ရှုစောင့်ရှောက်လျှင်လည်းကောင်း၊ ဘုရားသခင်က သင့်အား တောင်းဆိုသည့်အရာကို တည်ကြည်ခိုင်မာစွာ လုပ်ဆောင်လျှင်လည်းကောင်း၊ ဘုရားသခင်က သင့်အား စွမ်းဆောင်ရရှိရန် တောင်းဆိုသည့်အရာကို စွမ်းဆောင်ရရှိလျှင်လည်းကောင်း ဤသည်မှာ လုံလောက်ပြီး အလွန်လည်း ရိုးရှင်းသည်။ ဘုရားသခင်က သင့်အား အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရန်တောင်းဆိုခဲ့သလော။ သင့်ကိုယ်သင် ညှင်းပန်းရန် တောင်းဆိုခဲ့သလော။ (မတောင်းဆိုခဲ့ပါ။) ဘုရားသခင်က ဤသို့သောအရာများကို မတောင်းဆိုပေ။ လူတို့သည် မိမိတို့ကိုယ်ကို မညှဉ်းပန်းသင့်ဘဲ ပုံမှန်အသိစိတ်ရှိသင့်ပြီး ကိုယ်ခန္ဓာ၏ အမျိုးမျိုးသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးသင့်သည်။ ရေဆာသောအခါတွင် ရေသောက်လော့။ ဆာလောင်သောအခါတွင် သင်၏ အစာကို ဖြည့်စွက်လော့။ ပင်ပန်းသောအခါတွင် အနားယူလော့။ အချိန်ကြာမြင့်စွာ ထိုင်ပြီးနောက်တွင် လေ့ကျင့်ခန်းလုပ်လော့။ ဖျားနာသောအခါတွင် ဆရာဝန်ထံသွားလော့။ တစ်ရက် သုံးနပ်စားခြင်းကို စွဲမြဲလုပ်ဆောင်လော့။ ပြီးလျှင် ပုံမှန်လူ့သဘာဝ၏ ဘဝကို ထိန်းသိမ်းလော့။ သင်၏ ပုံမှန်တာဝန်များကိုလည်း ဆက်လက်၍ လုပ်ဆောင်သင့်သည်မှာ ပြောစရာမလိုပေ။ သင်၏ တာဝန်များတွင် သင်နားမလည်သော အထူးပြုပညာရပ်တစ်ခုခုပါဝင်လျှင် သင်သည် သွားရောက်လေ့လာပြီး လေ့ကျင့်သင့်သည်။ ဤသည်မှာ ပုံမှန်ဘဝဖြစ်သည်။ လူတို့အတွက် ဘုရားသခင် အဆိုပြုသော အမျိုးမျိုးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ ပုံမှန်လူ့သဘာဝ၏ အသိဉာဏ်က နားလည်သဘောပေါက်နိုင်သော အရာများဖြစ်ပြီး လူတို့ နားလည်ပြီး လက်ခံနိုင်သောအရာများဖြစ်ကာ ပုံမှန်လူ့သဘာဝ၏ နယ်ပယ်ကို အနည်းငယ်မျှပင် မကျော်လွန်ပေ။ ယင်းတို့အားလုံးသည် လူသားများ ရယူနိုင်သည့် နယ်ပယ်အတွင်းတွင်ရှိသည်။ ပြီးလျှင် သင့်လျော်သောအရာ၏ ဘောင်ကန့်သတ်ချက်များကို လုံးဝ မကျော်လွန်ပေ။ ဘုရားသခင်က လူတို့အား သာမန်လူထက်ပို၍ အစွမ်းရှိသော လူသားဖြစ်ရန်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသော လူများဖြစ်ရန် မတောင်းဆိုပေ။ ကိုယ်ကျင့်တရား အပြုအမူဆိုင်ရာ ဆိုရိုးစကားများကမူ လူတို့အား သာမန်လူထက်ပို၍ အစွမ်းရှိသောလူသားဖြစ်ရန်၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသောလူများ ဖြစ်ရန် ပြင်းပြသောဆန္ဒရှိဖို့ အတင်းအကျပ်စေခိုင်းသည်။ လူတို့သည် ၎င်းတို့၏ နိုင်ငံနှင့် လူမျိုး၏ ကြီးမြတ်သော အရေးကိစ္စကို တာဝန်ယူလုပ်ဆောင်ရမည်သာမကဘဲ အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားရန်လည်း လိုအပ်သည်။ ဤသည်မှာ ၎င်းတို့၏ အသက်ကို စွန့်လွှတ်ဖို့ အတင်းအကျပ်ခိုင်းစေသည်။ ယင်းသည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် လုံးဝ ဆန့်ကျင်သည်။ လူတို့၏ အသက်အပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်နည်း။ ဘုရားသခင်သည် လူတို့အား အခြေအနေတိုင်းတွင် ဘေးကင်းစေရန် လုပ်ဆောင်သည်။ ပြီးလျှင် သွေးဆောင်ခြင်းသို့ မကျရောက်ရန်နှင့် အခြားသော အန္တရာယ်ရှိသော အကျပ်အတည်းများမှ ကာကွယ်စောင့်ရှောက်ပေးပြီး ၎င်းတို့၏ အသက်ကို ကာကွယ်သည်။ ဤသို့ လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား မိမိတို့၏ ဘဝများကို ကောင်းမွန်စွာ နေထိုင်ရစေရန်ဖြစ်သည်။ လူတို့အား မိမိတို့၏ ဘဝများကို ကောင်းမွန်စွာ နေထိုင်စေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သူသည် အရာရာကို အုပ်စိုးရာတွင်၊ အရာရာကို စီစဉ်ညွှန်ကြားရာတွင်၊ လူသားမျိုးနွယ်ကို အုပ်စိုးရာတွင် သူ၏ နေရာကို ယူရန် မဆိုထားနှင့်၊ သင့်အား သာမန်လူထက်ပို၍ အစွမ်းရှိသော လူသားဖြစ်ရန်၊ သို့မဟုတ် ကောင်းကင်အောက်တွင်ရှိသော အရာရာတိုင်းကို သင်၏ စိတ်နှလုံးတွင် ထည့်ထားရန်၊ သို့မဟုတ် နိုင်ငံနှင့် ပြည်သူတို့အတွက် စိတ်ပူရန် အတင်းအကျပ်စေခိုင်းခြင်းပင်မရှိပေ။ ထိုထက် ဘုရားသခင်သည် သင့်အား ဖန်ဆင်းခံတစ်ယောက်၏ သင့်လျော်သောနေရာကို ခံယူရန်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များကို ဖြည့်ဆည်းရန်၊ လူတို့ ထမ်းဆောင်သင့်သည့် တာဝန်များကို ထမ်းဆောင်ရန်၊ လူတို့ လုပ်ဆောင်သင့်သည့်အရာများကို လုပ်ဆောင်ရန် တောင်းဆိုသည်။ သင်လုပ်ဆောင်သင့်သည့်အရာများစွာရှိသည်။ ၎င်းတို့တွင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးခြင်း၊ ကောင်းကင်အောက်တွင်ရှိသော အရာရာကို သင်၏ စိတ်နှလုံး၌ ထည့်ထားခြင်း၊ သို့မဟုတ် သင်၏ စိတ်နှလုံးတွင် လူသားမျိုးနွယ်၊ သင်၏ ဇာတိမြေ၊ အသင်းတော်၊ ဘုရားအလိုတော်၊ သို့မဟုတ် ဘုရားသခင်၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းဖြစ်သည့် ကြီးမြတ်သော တာဝန်ကို ထားရှိခြင်းတို့ မပါဝင်ပေ။ ဤအရာများ ပါဝင်ခြင်းမရှိပေ။ ဤသို့ဆိုလျှင် သင်လုပ်ဆောင်သင့်သည့် မည်သည့်အရာများ ပါဝင်သနည်း။ သင့်အား ဘုရားသခင်က အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်၊ သင့်အား ဘုရားသခင်ပေးသည့် တာဝန်များ၊ အချိန်ကာလတိုင်းတွင် ဘုရားအိမ်တော်က သင့်အပေါ် ချပေးသော သတ်မှတ်ချက်တိုင်းတို့ ပါဝင်သည်။ ဤသည်မှာ မရိုးရှင်းသလော။ လုပ်ဆောင်ရန် မလွယ်ကူသလော။ ယင်းသည် အလွန်ရိုးရှင်းပြီး လုပ်ဆောင်ရန် လွယ်ကူသည်။ သို့သော် လူတို့သည် အစဉ်သဖြင့် ဘုရားသခင်အား နားလည်မှုလွဲပြီး ဘုရားသခင်က ၎င်းတို့ကို အလေးအနက်မထားဟု ထင်ကြသည်။ ‘ဘုရားသခင်ကို ယုံကြည်လာသောသူတို့သည် မိမိတို့ကိုယ်ကို အလွန်အရေးပါသည်ဟု မမြင်သင့်၊ ၎င်းတို့၏ ရုပ်ခန္ဓာကို စွဲလန်းမနေသင့်ဘဲ ပို၍ ဒုက္ခခံသင့်သည်၊ ညတွင် အိပ်ရာစောစောမဝင်သင့်၊ အဘယ်ကြောင့်ဆိုသော် အလွန်စော၍ အိပ်ရာဝင်လျှင် ဘုရားသခင်က မပျော်ရွှင်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် စောစောထပြီး နောက်ကျမှ အိပ်ရာဝင်သင့်သည်၊ ပြီးလျှင် တစ်ညလုံး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လျက် အားသွန်ခွန်စိုက်လုပ်သင့်သည်။ ရလဒ်များမရလျှင်ပင် မနက်နှစ်နာရီ၊ သုံးနာရီအထိ မအိပ်ဘဲ နေရဦးမည်ဖြစ်သည်’ ဟူ၍ ထင်မြင်သောသူများရှိသည်။ ရလဒ်အနေဖြင့် ဤသို့သောသူများသည် အလွန်ပင်ပန်းနွမ်းနယ်ပြီး လမ်းလျှောက်ဖို့ကို အလွန့်အလွန် အားထုတ်ရသည်အထိပင် မိမိတို့ကိုယ်ကို လဲကျစေသည်အထိ အလုပ်လုပ်ကြသည်၊ သို့တိုင်အောင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရသောကြောင့် ၎င်းတို့သည် ပင်ပန်းနွမ်နယ်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ ဤသည်မှာ လူတို့၏ မိုက်မဲမှုနှင့် မသိနားမလည်ခြင်းကြောင့် ဖြစ်သည်မဟုတ်လော။ ‘အနည်းငယ်ထူးခြားပြီး ကောင်းမွန်သော အဝတ်များကို ကျွန်ုပ်တို့ဝတ်သောအခါ ဘုရားသခင်က မပျော်ရွှင်သကဲ့သို့ ကျွန်ုပ်တို့သည် နေ့စဉ် အသားနှင့် ကောင်းသောအစားအစာများကို စားလျှင်လည်း သူသည် မပျော်ရွှင်ပေ။ ဘုရားအိမ်တော်တွင် ကျွန်ုပ်တို့သည် အလုပ်တာဝန်အတွက် ရည်စူးဆက်ကပ်ထားပြီး သေသည့်နေ့ရက်အထိ အစွမ်းကုန် ကြိုးစားခြင်းကိုသာ လုပ်ဆောင်နိုင်သည်’ ဟု ထင်သော အခြားလူများရှိကြသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများအနေဖြင့် သေသည်အထိ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရမည်၊ ဤသို့မဟုတ်လျှင် ဘုရားသခင်က ၎င်းတို့ကို ချမ်းသာပေးမည်မဟုတ်ဟူ၍ ခံစားကြရသည်။ ဤသည်မှာ စင်စစ်အားဖြင့် မှန်ကန်သလော။ (မမှန်ကန်ပါ။) ဘုရားသခင်က လူတို့အား ၎င်းတို့၏ တာဝန်ကို တာဝန်ခံယူမှုနှင့် သစ္စာစောင့်သိမှုဖြင့် ထမ်းဆောင်ရန် တောင်းဆိုသည်။ သို့သော် ၎င်းတို့၏ ကိုယ်ခန္ဓာကို မညှာမတာခိုင်းစေဖို့ အတင်းအကျပ်မစေခိုင်းပေ။ ပြီးလျှင် ၎င်းတို့အား ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်ဆောင်ရန်၊ သို့မဟုတ် အချိန်ဖြုန်းရန် ပို၍ပင် မစေခိုင်းပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူတို့အား ဤနည်းဖြင့် တာဝန်များကို ထမ်းဆောင်ရန် စီစဉ်ပြီး ထိရောက်မှုကို မတောင်းဆိုဘဲ လူတို့၏ အချိန်နှင့် အားအင်ကို ဖြုန်းတီးနေသည်ကို ငါ မြင်ရသည်။ အမှန်မှာ ၎င်းတို့သည် လူတို့၏ ဘဝကို ဖြုန်းတီးနေခြင်းဖြစ်သည်။ အဆုံးတွင် ရေရှည်၌ လူအချို့သည် ကျန်းမာရေးပြဿနာများ၊ ခါးပြဿနာများရှိလာကြပြီး ဒူးနာကြသည်။ ပြီးလျှင် ကွန်ပြူတာဖန်သားပြင်ကို ကြည့်သောအခါတိုင်းတွင် မူးဝေကြသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ (၎င်းတို့သည် မိမိတို့ဘာသာ ဖြစ်စေခြင်းဖြစ်သည်။) လူတိုင်းအား ည ၁၀ နာရီ မထိုးမီတွင် အနားယူဖို့ ဘုရားအိမ်တော်က တောင်းဆိုသည်။ သို့သော် လူအချို့မှာ ည ၁၁ နာရီ၊ သို့မဟုတ် ၁၂ နာရီအထိ အိပ်ရာမဝင်ပေ။ ယင်းသည် အခြားလူတို့၏ အနားယူမှုကို ထိခိုက်သည်။ အချို့သောသူများမှာ သာမန်အနားယူသောသူများကို ဘဝ၏ သက်သာမှုများကို တပ်မက်ခြင်းကြောင့် အပြစ်ပင်တင်ကြသည်။ ဤသည်မှာ မှားသည်။ သင်၏ ကိုယ်ခန္ဓာသည် ကောင်းစွာ အနားမယူရလျှင် သင်သည် မည်သို့ အလုပ်ကောင်းကောင်း လုပ်နိုင်မည်နည်း။ ဘုရားသခင်က ဤအရာနှင့်ပတ်သက်ပြီးမည်သို့ ပြောသနည်း။ ဘုရားအိမ်တော်က ဤအရာကို မည်သို့ စည်းမျဉ်းသတ်မှတ်သနည်း။ အရာရာတိုင်းကို ဘုရားနှုတ်ကပတ်တော်နှင့် ဘုရားအိမ်တော်၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်သင့်ပြီး ဤသည်ကသာ မှန်ကန်သည်။ လူအချို့တွင် အဓိပ္ပာယ်မရှိသော နားလည်မှုများရှိသည်။ အစဉ်သဖြင့် အလွန်အကျွံလုပ်ဆောင်ကြပြီး သူတစ်ပါးတို့ကိုပင် ထိန်းချုပ်ကြသည်။ ဤသည်မှာ သမ္မာတရားစည်းမျဉ်းများနှင့်မညီပေ။ လူအချို့မှာ ပိုင်းခြားသိမြင်မှု လုံးဝမရှိသည့် အဓိပ္ပာယ်မရှိသော လူအများသာဖြစ်ကြသည်။ ပြီးလျှင် ၎င်းတို့က ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရန်အတွက် အလုပ်မရှုပ်လျှင်ပင် ညနက်သည်အထိ နေရမည်ဟု ထင်မြင်ပြီး ပင်ပန်းသောအခါတွင် မိမိကိုယ်ကို အိပ်ခွင့်မပေးပေ။ ဖျားနာလျှင် မိမိကိုယ်ကို မည်သူ့ကိုမျှပြောခွင့်မပေးဘဲ ပို၍ပင် ဆိုးသည်မှာ ဆရာဝန်နှင့်ပင် ပြခွင့်မပေးခြင်းဖြစ်သည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်နှေးစေသည့် အချိန်ဖြုန်းတီးမှုဖြစ်သည်ဟု ၎င်းတို့က မှတ်ယူကြသည်။ ဤအမြင်ရှုထောင့်မှာ မှန်ကန်သလော။ ယုံကြည်သူများသည် တရားဒေသနာများစွာ ကြားပြီးနောက်တွင်ပင် အဘယ်ကြောင့် ဤသို့သော အဓိပ္ပာယ်မရှိသော အမြင်များထွက်လာသေးသနည်း။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်ကို မည်သို့ စည်းမျဉ်းသတ်မှတ်သနည်း။ သင်သည် ည ၁၀ နာရီတွင် အချိန်မှန် အနားယူရမည်။ မနက် ၆ နာရီထွက် ထရမည်။ အိပ်စက်သည့်အချိန် ရှစ်နာရီရှိစေရန် သေချာလုပ်ဆောင်ရမည်။ ထို့အပြင် အလုပ်ပြီးနောက်တွင် လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် သင်၏ ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်သင့်သည်၊ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစားပုံနှင့် ပုံမှန်လုပ်ရိုးလုပ်စဉ်တို့ကို စွဲကိုင်သင့်သည့်အပြင် တာဝန်ထမ်းဆောင်ရာတွင် ကျန်းမာရေးပြဿနာများကို ရှောင်ကြဉ်ရန်ဖြစ်သည်ဟု ထပ်ခါထပ်ခါပင် အလေးပေးပြောကြားသည်။ သို့သော် လူအချို့မှာ နားကိုမလည်ကြပေ။ ၎င်းတို့သည် စည်းမျဉ်းများကို မလိုက်နာနိုင်ပေ၊ သို့မဟုတ် စည်းကမ်းများကို မနာခံနိုင်ပေ။ ပြီးလျှင် မလိုအပ်ဘဲ ညနက်သည်အထိနေပြီး မစားသင့်သောအရာများကို စားသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖျားနာစေသည်နှင့် တာဝန်ကို မထမ်းဆောင်နိုင်တော့ဘဲ ထိုအချိန်တွင် နောင်တရခြင်းက အကျိုးမရှိတော့ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၂)) ဆာရင် စား၊ ပင်ပန်းရင် နား၊ ဖျားနာရင် ဆေးကုသမှုခံယူဆိုတဲ့ လူတွေအပေါ် ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေဟာ အရမ်းလက်တွေ့ကျတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သိခဲ့တယ်။ ကိုယ့်တာဝန်ဝတ္တရားတွေကို ထမ်းဆောင်ဖို့အတွက်နဲ့ လူတွေဟာ မဟာလူသားဖြစ်ဖို့၊ ခန္ဓာကိုယ်ရဲ့ သဘာဝစည်းချက်တွေကို ချိုးဖောက်ဖို့ကို ဘုရားသခင်က အလိုမရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်မရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ နားလည်မှုကြောင့် စောစောအိပ်တာဟာ ပျင်းရိတာဖြစ်ပြီး ညဉ့်နက်သန်းခေါင်ထိ မအိပ်ဘဲအလုပ်လုပ်တာနဲ့ အိပ်စက်ခြင်းကို လျစ်လျူရှုတာဟာ သစ္စာစောင့်သိတဲ့ တာဝန်ထမ်းဆောင်ခြင်းကို ကိုယ်စားပြုတယ်လို့ ကျွန်မထင်မိခဲ့တယ်။ အထူးသဖြင့် ဘာသာတရားမရှိသူတွေတောင် ဒီနည်းလမ်းနဲ့ လုံ့လဝီရိယကို လိုက်စားခဲ့တာကို ကျွန်မ မြင်ခဲ့တဲ့အခါမှာ ဒီလိုက်စားမှုနောက်ကို ကျွန်မ လိုက်ခဲ့တယ်။ လူအဖွဲ့အစည်းထဲက အလုပ်ကြိုးစားမှုရဲ့ စံပြတွေဆီကနေ သင်ယူဖို့ ကျွန်မတို့ကို ကျောင်းတွေနဲ့ လူ့အဖွဲ့အစည်းက ကလေးဘဝကတည်းသင်ကြားခဲ့တယ်။ တချို့တွေက သူတို့ရဲ့ရာထူးတွေကို နာရီပေါင်းဒါဇင်နဲ့ချီပြီး မမှိတ်မသုန် စွဲကိုင်ခဲ့ကြတယ်။ နောက်ဆုံးမှာ အလုပ်လုပ်လွန်းတာကြောင့် မေ့လဲသွားတဲ့အထိပေါ့။ တချို့ကတော့ သူတို့နေရာမှာတင်ပဲ ရုတ်တရက် သေတောင်သွားခဲ့ကြတယ်။ အလုပ်မှာနှစ်မြှုပ်နိုင်တဲ့ သူတို့ရဲ့ စိတ်ဓာတ်ကို နောက်မျိုးဆက်တွေက ချီးကျူးအားကျကြတယ်။ ဒီ မှားယွင်းတဲ့ ရှုထောင့်ကို ကျွန်မ လက်ခံခဲ့ပြီး ကျွန်မမှာ ကိုယ့်တာဝန်အတွက် ဝန်ထမ်းတယ်ဆိုတာကို ညဉ့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲနေခြင်းနဲ့ သက်သေပြချင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ည ၁၁ နာရီ၊ ၁၂ နာရီလောက်ဆို ကျွန်မရဲ့ နှလုံးက စပြီး အခုန်မြန်နေပါပြီ။ နောက်နေ့မနက်ကျရင် ခေါင်းက လေးလံထိုင်းမှိုင်းပြီး ခန္ဓာကိုယ်က နှေးတိနှေးကန်နဲ့ ကျွန်မ နိုးလာမယ်။ အလုပ်လုပ်တဲ့ အခြေအနေကို မရောက်နိုင်ခင်မှာ ကျင့်သားရဖို့ ကျွန်မ အတော်လေး အချိန်ယူခဲ့ရတယ်။ အာရုံစိုက်မှုက မပြတ်သားတော့ တာဝန်တွေမှာ ကျွန်မရဲ့ အမှားနှုန်းက တိုးလာပြီး အလုပ် စွမ်းဆောင်ထိရောက်မှုက မများခဲ့ဘူး။ နောက်ကျမှ နိုးတော့ ဝိညာဉ်ရေးရာဆက်ကပ်တာကို ကျော်ပြီး အလုပ်ဆီကိုပဲ တန်းသွားခဲ့တယ်။ ကျွန်မ ထုတ်ဖော်ခဲ့တဲ့ ဖောက်ပြန်ပျက်စီးမှုကို ဆင်ခြင်သုံးသပ်ဖို့ ဒါမှမဟုတ် ကိုယ့်တာဝန်ထမ်းဆောင်မှုမှာ သွေဖည်တာတွေကို ခြုံငုံသုံးသပ်ဖို့ ကျွန်မ နေ့တိုင်းပျက်ကွက်ခဲ့ပြီး အသက်ဝင်ရောက်မှုမရှိဘဲ အလုပ်လုပ်ပေးတဲ့အခြေအနေနဲ့ ကိုယ့်တာဝန်ကို ကျွန်မ ထမ်းဆောင်ခဲ့တယ်။ ပြီးတော့ ကျွန်မ တာဝန်ထမ်းဆောင်တာမှာ ထိရောက်မှုက ပိုဆိုးလာတယ်။ တခြားလူတွေရဲ့ လေးစားအားကျမှုကိုရဖို့ အပို ၂ နာရီ၊ ၃ နာရီလောက် ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မရဲ့ အလုပ်ထိရောက်စွမ်းဆောင်မှုက သိပ်မတိုးတက်ခဲ့ဘဲ ရေရှည်မှာ ကိုယ့်ကျန်းမာရေးပဲ ဆိုးရွားလာခဲ့တယ်။ ကိုယ့်တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်တယ်လို့ သက်သေပြဖို့ ညဉ့်နက်နောက်ကျတဲ့အထိ မအိပ်ဘဲနေတာဟာ အမိုက်မဲဆုံးနဲ့ အဓိပ္ပါယ်အမဲ့ဆုံး နည်းလမ်းပဲဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ “အလုပ်တာဝန်ကို စိတ်ပိုင်းဖြတ်ထားပြီး၊ သေသည်အထိ အစွမ်းကုန် ကြိုးစားပါ” တို့၊ “နွေဦးပိုးများသည် သေသည်ထိ ရက်လုပ်ကြလိမ့်မည်ဖြစ်ပြီး ဖယောင်းတိုင်များသည် မီးစာကုန်သည်အထိ လင်းကြလိမ့်မည်” တို့လိုမျိုး စာတန်က လူတွေကို သွတ်သွင်းခဲ့တဲ့ အတွေးတွေအကုန်လုံးက လူတွေကို ဘေးအန္တရာယ်ဖြစ်စေပြီး သူတို့ဘဝတွေကို ထိခိုက်စေတယ်ဆိုတာကိုလည်း ကျွန်မ နားလည်ခဲ့တယ်။ လူသားဘဝကို ဘုရားကပဲ မြတ်နိုးတန်ဖိုးထားပြီး အလုပ်လုပ်ဖို့နဲ့ အနားယူဖို့ ပုံမှန်နာရီတွေကို သတ်မှတ်တယ်။ လူတွေကို ပုံမှန်စည်းမျဉ်းတွေအတိုင်းပဲ နေထိုင်ပြီးအလုပ်လုပ်စေတယ်။ ဒီထဲမှာ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာရှိတယ်။ လူတွေဟာ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ တာဝန်ကို သစ္စာစောင့်သိစွာ ဖြည့်ဆည်းဖို့ ဘုရားသခင်က အလိုရှိပါတယ်။ ဒီ သစ္စာစောင့်သိမှုဆိုတာ ကျွန်မတို့ ခန္စာကိုယ်တွေကို ဖျားနာမှုနဲ့ ခြေကုန်လက်ပန်းကျမှုဆီ တွန်းပို့ဖို့ မဟုတ်ဘဲ တာဝန်တွေကို ကျွန်မတို့အရည်အချင်းနဲ့ အကောင်းဆုံးထမ်းဆောင်ခြင်း၊ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ကိုယ့်ဘာသာပြန်လည်ဆန်းစစ်ဖို့ အာရုံစိုက်ခြင်း၊ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းတွေအတိုင်း ဆောင်ရွက်ခြင်းပါပဲ။ ဒါပေမဲ့လည်း ကျွန်မ ဖော်ပြခဲ့တာက မိုက်မဲတဲ့ သစ္စာစောင့်သိမှုနဲ့ လူတွေကို အထင်အမြင်မှားစေဖို့ ဟန်လုပ်ထားတဲ့ အပြုအမူကောင်းတွေလောက်ပါပဲ။ ဒါကို ကျွန်မ နားလည်လိုက်တော့ ပိုလို့တောင် နောင်တရပြီး အကြွေးတင်ခဲ့တယ်။ ဒီလို မမှန်ကန်တဲ့ စိတ်အားတက်ကြွမှုမျိုးကို ကိုယ့်တာဝန်ထမ်းဆောင်ရာမှာ ကျွန်မ ဆက်ပြီး မသယ်ဆောင်နိုင်ပါဘူး။
နောက်နေ့မှာ ကျွန်မရဲ့ အလုပ်ချိန်ဇယားကို ပြန်ပြီး အစီအစဉ်ချတယ်။ စောစောအိပ်၊ စောစောထပြီး မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ လေ့ကျင့်ခန်းလုပ်တယ်။ အချိန်အတော်ကြာ လုပ်ကြည့်ပြီးတဲ့နောက် ကျွန်မရဲ့ ရင်တလှပ်လှပ်တုန်တာနဲ့ နှလုံးခုန်မြန်တာက တကယ့်ကို ပျောက်သွားခဲ့တယ်။ ပြီးတော့ မနက်ဘက်မှာ စောစောအိပ်ရာထတော့ ဝိညာဉ်ရေးရာဆပ်ကပ်ဖို့နဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးတွေရေးဖို့ အချိန်ယူနိုင်လာခဲ့တယ်။ ကျွန်မရဲ့ နှလုံးကလည်း တော်တော်လေး ငြိမ်သက်လာခဲ့တယ်။ အချိန်ကို စဉ်းစဉ်းစားစား စီမံပြင်ဆင်ခြင်းကနေ ကျွန်မရဲ့ အလုပ်စွမ်းဆောင်ထိရောက်မှုက တိုးတက်လာတယ်။ ကျွန်မရဲ့ စိတ်အခြေအနေလည်း အများကြီး တိုးတက်လာခဲ့တယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။