အသက်တာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိခြင်း
ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကျွန်မ နယ်မြေခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံခဲ့ရတယ်။ နေ့တိုင်း နောက်ဆက်တွဲ လိုက်လုပ်ပြီး အကောင်အထည်ဖော်ရမဲ့ အလုပ်တွေ အများကြီးရှိတယ်။ အစပိုင်းမှာတော့ ကျွန်မရဲ့ စိတ်အခြေအနေက တော်တော်လေး ကောင်းပါတယ်။ ကိုယ့်မှာ လိုအပ်ချက်တွေ အများကြီးရှိမှန်း ကျွန်မ သိတာပေါ့၊ ဒါကြောင့် ရှေ့ဆက်ရမဲ့ လမ်းကြောင်းတွေကို ရှာဖို့ အထက်ခေါင်းဆောင်တွေဆီက လမ်းပြပေးတဲ့ စာတွေကို ဖတ်ဖို့ပဲ အာရုံစိုက်ခဲ့တယ်။ ကိုယ့်တွဲဖက်တွေနဲ့လည်း ကိစ္စတွေကို တိုင်ပင်ဆွေးနွေးခဲ့တယ်၊ တဖြည်းဖြည်းနဲ့ အလုပ်ကို ဘယ်လို လိုက်လုပ်ရမလဲဆိုတာ သင်ယူလာခဲ့တယ်။ သုံးလေးရက်ကြာတော့ လကုန်ရင် အလုပ်နဲ့ပတ်သက်ပြီး အစီရင်ခံစာတစ်ခု ရေးဖို့လိုတယ်လို့ ကျွန်မရဲ့ တွဲဖက်တွေက ပြောတယ်။ အစီရင်ခံရမဲ့ အချက်တွေ အများကြီးရှိတယ်ဆိုတာ ချက်ချင်း သိသာသွားတယ်၊ ဥပမာ- အလုပ်တစ်ခုစီရဲ့ တိုးတက်မှု၊ ပြီးတော့ အဲဒီထဲမှာ ပြဿနာတွေ ဒါမှမဟုတ် လမ်းလွဲမှုတွေ ရှိမရှိ၊ အဲဒီအပြင် ညီအစ်ကိုမောင်နှမတွေရဲ့ တာဝန်တွေမှာရှိတဲ့ အားနည်းချက်တွေနဲ့ အခက်အခဲတွေ၊ ပြီးတော့ သူတို့ရဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ ဆိုတာတွေပေါ့။ ဒီကိစ္စတွေအားလုံးနဲ့ တခြားအရာတွေကို ကျွန်မတို့ စုံစမ်းပြီး ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်တယ်။ အလုပ်အစီအစဉ်တွေနဲ့ ဖြေရှင်းနည်းတွေကိုလည်း ရေးရဦးမယ်လေ။ ရုတ်တရက် ကျွန်မ တော်တော်လေး စိတ်တိုလာပြီး တွေးမိတယ်၊ “အလုပ်အစီရင်ခံစာထဲမှာ အသေးစိတ်တွေ ဒီလောက်အများကြီး ထည့်ရမှာ၊ ဘယ်လောက်တောင် အားထုတ်ရပြီး ဦးနှောက်တွေ စားရမှာလဲ” လို့ပေါ့။ ဖတ်လေလေ၊ ဖိအားတွေ ပိုများလာလေလေလို့ ခံစားရတယ်။ အထူးသဖြင့် ကိုယ်နဲ့ မရင်းနှီးတဲ့ အလုပ်တွေ၊ ပြီးတော့ အချိန်ပေးပြီး အားထုတ်လေ့လာရမဲ့၊ ရင်းနှီးကျွမ်းဝင်အောင် လုပ်ရမဲ့ သက်ဆိုင်ရာ စည်းမျဉ်းတွေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို တွေ့ရတဲ့အခါ၊ ကိုယ့်ဘာသာ တွေးမိတယ်၊ “ငါ ဒီတာဝန်ကို စလုပ်ခါစပဲ ရှိသေးတာ၊ ဒါကြောင့် ဒီလအတွက် အလုပ်အစီရင်ခံစာကို ငါ မပြီးနိုင်ရင်တောင် ကိုယ့်တွဲဖက်တွေကို အားကိုးလို့ ရသေးတယ်။ ဒါပေမဲ့ နောက်လကျရင် ဒါတွေအကုန်လုံးကို ငါ့ဘာသာ ကိုင်တွယ်ရတော့မှာ မဟုတ်ဘူးလား။ အဲဒါက အားထုတ်မှုတွေ အများကြီး လိုအပ်ပြီး တော်တော် အလုပ်ရှုပ်မှာပဲ” လို့ပေါ့။ ပြီးခဲ့တဲ့ သုံးလေးရက်က ပုံနေတဲ့ အလုပ်တွေကို တွေးမိတော့ ကျွန်မ ခေါင်းတွေ မူးလာတယ်၊ ပြီးတော့ ဒီတာဝန်ကနေ တကယ်ပဲ ထွက်ပြေးချင်ခဲ့တယ်။ ဒီအတွေးတွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုတာ ကျွန်မ သိတယ်လေ၊ ဒါကြောင့် ရှေ့ဆက်ဖို့ နည်းလမ်းရှာရင်းနဲ့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ဒါပေမဲ့ တစ်ခါတလေ ညီအစ်မတွေက အလုပ်ထဲက ပြဿနာတွေအကြောင်း ဆွေးနွေးနေတာကို ကြားတဲ့အခါ၊ သူတို့ဆွေးနွေးမှုတွေမှာ မပါဝင်ချင်လို့ ဓမ္မတေးတွေ နားထောင်ဖို့ နားကြပ်ကို တမင်တကာ တပ်ထားလိုက်တယ်။ ဒီလိုဆိုရင် ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာကို ငါ စဉ်းစားစရာ မလိုတော့ဘူး၊ စိတ်ပူစရာ၊ ပင်ပန်းစရာ မလိုတော့ဘူးပေါ့။
အလုပ်ကို နှိုက်နှိုက်ချွတ်ချွတ် ဝင်လုပ်လေလေ၊ အလုပ်တစ်ခုချင်းစီမှာ အသေးစိတ်တွေ အများကြီး ပါဝင်နေတယ်ဆိုတာကို ကျွန်မ သဘောပေါက်လာလေလေပဲ၊ ပြီးတော့ ဖြေရှင်းနည်းတွေ သတ်မှတ်ဖို့နဲ့ ရလဒ်ကောင်းတွေ ရဖို့အတွက် အဲဒါတွေအားလုံးက သေချာ စဉ်းစားဖို့ လိုအပ်တယ်လေ။ ဒီအလုပ်ပမာဏက ကျွန်မ အရင်ကလုပ်ခဲ့တဲ့ သီးသန့်အလုပ်တာဝန်ထက် အများကြီး ပိုများတယ်၊ ဒါကြောင့် ကျွန်မ တော်တော်လေး အတိုက်အခံလုပ်မိပြီး တွေးမိတယ်၊ “ဘာလို့များ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းခံပြီး ဒီလောက်တောင် စိုးရိမ်ပူပန်နေရမှာလဲ။ သီးသန့်အလုပ်တစ်ခုကိုပဲ လုပ်ရတာက အများကြီး ပိုကောင်းပါတယ်။ အဲဒီတုန်းက နေ့တိုင်း ဒီလောက် ဖိအားတွေ အများကြီးနဲ့ ရင်ဆိုင်စရာ မလိုခဲ့ဘူးလေ” လို့ပေါ့။ ဇာတိပကတိ သက်သာမှုကို မက်မောလေလေ၊ ခေါင်းဆောင်တစ်ယောက်ဖြစ်ရတာ ပိုပင်ပန်းတယ်လို့ ခံစားရလေလေပဲ။ ကျွန်မ အရမ်းကို စိတ်မွန်းကျပ်ပြီး စိတ်ဆင်းရဲခဲ့ရတယ်၊ ပြီးတော့ ခဏခဏ စိတ်မကြည်ဖြစ်ခဲ့တယ်။ ကိုယ့်တွဲဖက်တွေက ကျွန်မနဲ့ အလုပ်အကြောင်း ဆွေးနွေးတဲ့အခါ၊ ကျွန်မက တိုတိုတုတ်တုတ်နဲ့ ဝတ်ကျေတမ်းကျေပဲ ပြန်ဖြေလိုက်တယ်၊ ပြီးတော့ ကိုယ့်အလုပ်ထဲမှာပဲ စိတ်နှစ်ထားလိုက်တယ်။ ကျွန်မရဲ့ အခြေအနေ မမှန်ဘူးဆိုတာ သဘောပေါက်ခဲ့လို့၊ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီတာဝန်က ဘယ်လောက် ပင်ပန်းတယ်ဆိုတာကို သမီး အမြဲ ညည်းညူနေမိတယ်။ သမီးရဲ့ ဇာတိပကတိအတွက် သက်သာမှုကို ရှာဖွေနေပြီး ကိုယ့်တာဝန်ကို ဝမ်းမြောက်ဝမ်းသာ မထမ်းဆောင်နိုင်ဘူး ဖြစ်နေတယ်။ ဒီအခြေအနေမှာပဲ ဆက်မနေချင်တော့ပါဘူး။ သမီးရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်အောင် လမ်းပြတော်မူပါ” လို့ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်လိုက်ရပြီး ကျွန်မရဲ့ အခြေအနေနဲ့ပတ်သက်လို့ နားလည်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့က ‘ယုံကြည်သူများက လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည်၊ ယုံကြည်သူများသည် အထူးပင် ပျော်ရွှင်၊ ငြိမ်းချမ်းပြီး ဝမ်းမြောက်ဖွယ်ဘဝများကို နေထိုင်ကြသည်ဟု လူတိုင်းက ဆိုသည်။ ကျွန်ုပ်သည် အဘယ်ကြောင့် အခြားလူများကဲ့သို့ ပျော်ရွှင်စွာ၊ ငြိမ်းချမ်းစွာ အသက်မရှင်နိုင်သနည်း။ အဘယ်ကြောင့် မည်သည့် ဝမ်းမြောက်မှုကိုမျှ မခံစားရသနည်း။ အဘယ်ကြောင့် အလွန် ဖိနှိပ်ချုပ်ချယ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုကို ခံစားရသနည်း။ အခြားလူများက အလွန်ပျော်ရွှင်သော ဘဝများကို နေထိုင်ရသည်မှာ အဘယ်သို့နည်း။ ကျွန်ုပ်၏ ဘဝသည် အဘယ်ကြောင့် အလွန် စိတ်မချမ်းမြေ့ဖွယ်ဖြစ်သနည်း’ ဟူ၍ ဆိုကြသည်။ ငါ့အားပြောလော့။ ဤအရာ၏ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုသည် မည်သည့်အရာကြောင့်ဖြစ်သနည်း။ (၎င်းတို့၏ ရုပ်ခန္ဓာတို့သည် ကျေနပ်ခြင်းမရှိဘဲ ၎င်းတို့၏ အသွေးအသားက ဒုက္ခခံရသည်။) လူတစ်ယောက်သည် မိမိ၏ ရုပ်ခန္ဓာက ဒုက္ခခံရပြီး မိမိမှာလည်း မတရားခံရသည်ဟု ခံစားရသောအခါ သူ၏ နှလုံးသားနှင့် စိတ်တွင် ယင်းကို လက်ခံနိုင်လျှင် သူ၏ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခက အလွန်ကြီးမားခြင်းမရှိတော့ဟု ခံစားရမည်မဟုတ်လော။ သူသည် သူ၏ နှလုံးသားနှင့် စိတ်တွင် နှစ်သိမ့်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို ရှာတွေ့လျှင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဦးမည်လော။ (မခံစားရပါ။) ထို့ကြောင့် ဖိနှိပ်ချုပ်ချယ်မှုသည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကြောင့်ဖြစ်သည်ဟု ဆိုခြင်းသည် မခိုင်လုံပေ။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို အလွန်အကျွံ ခံစားရခြင်းကြောင့် ဖိနှိပ်ချုပ်ချယ်ခံရမှု ဖြစ်ပေါ်လာလျှင် သင်တို့သည် ဒုက္ခခံနေရခြင်းမဟုတ်လော။ သင်တို့နှစ်သက်သလို မလုပ်ဆောင်နိုင်ခြင်းကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသလော။ သင်တို့ နှစ်သက်သလို မလုပ်ဆောင်နိုင်သောကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များတွင် ပိတ်မိနေသလော။ (မဟုတ်ပါ။) သင်တို့၏ နေ့စဉ်အလုပ်များတွင် အလုပ်ရှုပ်သလော။ (အတော်အတန် အလုပ်ရှုပ်သည်။) သင်တို့အားလုံးသည် မနက်မှ ညအထိ အလုပ်လုပ်လျက်ဖြင့် အတော်လေး အလုပ်ရှုပ်ကြသည်။ အိပ်ခြင်းနှင့် စားခြင်းမှလွဲ၍ သင်တို့သည် ကွန်ပြူတာရှေ့တွင် တစ်နေကုန်နီးပါး ကုန်ဆုံးပြီး သင်တို့၏ မျက်လုံးနှင့် ဦးနှောက်ကို ပင်ပန်းစေသည်။ သင်တို့၏ ကိုယ်ခန္ဓာကို ပင်ပန်းနွမ်းနယ်စေသည်။ သို့သော် ဖိနှိပ်ချုပ်ချယ်မှုကို သင်တို့ ခံစားရသလော။ ဤပင်ပန်းခြင်းက သင်တို့တွင် ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်ပေါ်စေသလော။ (မဖြစ်ပေါ်စေပါ။) လူတို့၏ ဖိနှိပ်ချုပ်ချယ်ခံရခြင်းကို မည်သည့်အရာက ဖြစ်စေသနည်း။ ရုပ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုကြောင့် မဟုတ်သည်မှာ သေချာသည်။ ဤသို့ဆိုလျှင် မည်သည့်အရာက ဖြစ်စေသနည်း။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် ပျော်ရွှင်မှုကို စဉ်ဆက်မပြတ် ရှာဖွေလျှင်၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနှင့် သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားလျှင်၊ ဒုက္ခမခံလိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်၊ သူတစ်ပါးတို့ထက် အနည်းငယ်ပို၍ ဒုက္ခခံခြင်း၊ သို့မဟုတ် ပုံမှန်ထက် အနည်းငယ်ပို၍ အလုပ်ပိသည်ဟု ခံစားရခြင်းသည်ပင် ၎င်းတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေလိမ့်မည်။ ဤသည်မှာ ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်စေသည့်အရာတစ်ခုဖြစ်သည်။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်ကို အလွန်ဆိုးရွားသည်ဟု မသတ်မှတ်လျှင်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မလိုက်စားဘဲ ဘုရားသခင်အား ကျေနပ်စေရန်အတွက် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် သမ္မာတရားအား လိုက်စားပြီး ရှာဖွေလျှင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို မကြာခဏ ခံစားရမည်မဟုတ်ပေ။ ၎င်းတို့သည် အနည်းငယ်အလုပ်ရှုပ်ခြင်း၊ ပင်ပန်းခြင်း၊ သို့မဟုတ် အားကုန်ခြင်းကို ရံဖန်ရံခါ ခံစားရလျှင်ပင် အိပ်ပျော်ပြီးနောက်တွင် နိုးထသောအခါ သက်သာလိမ့်မည်။ ထို့နောက် ၎င်းတို့၏ အလုပ်ကို ဆက်လက် လုပ်ဆောင်လိမ့်မည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် ၎င်းတို့၏တာဝန်နှင့် အလုပ်အပေါ်တွင် ရှိလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ကို သိသာထင်ရှားသော ပြဿနာတစ်ခုအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ သို့ရာတွင် လူတို့၏ အတွေးထဲတွင် ပြဿနာတစ်ခုပေါ်လာပြီး ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားသောအခါ ၎င်းတို့၏ ရုပ်ခန္ဓာက အနည်းငယ် နစ်နာခြင်း၊ သို့မဟုတ် စိတ်ကျေနပ်မှုကို ရှာမတွေ့နိုင်ခြင်းဖြစ်သည့် မည်သည့်အချိန်မဆိုတွင် ၎င်းတို့အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ ဖြစ်ပေါ်လိမ့်မည်။ ဤသို့ဆိုလျှင် မိမိနှစ်သက်သလို အစဉ် လုပ်ဆောင်လိုပြီး မိမိ၏ ဇာတိပကတိကို အလိုလိုက်ကာ ဘဝကို ပျော်မွေ့လိုသော ဤသို့သောသူမျိုးသည် ကျေနပ်ခြင်း မရှိသည့်အခါတိုင်းတွင် ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်အတွင်းတွင် အဘယ်ကြောင့် မကြာခဏ ပိတ်မိနေမည်နည်း။ (သက်သာခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုကို လိုက်စားသောကြောင့်ဖြစ်သည်။) ဤသည်မှာ လူအချို့အတွက် မှန်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ကျွန်မက ဇာတိပကတိ သက်သာမှုကို လိုက်စားနေပြီး ရုပ်ပိုင်းဆိုင်ရာ အလိုမပြည့်ဘူးလို့ ခံစားနေရမှန်း သဘောပေါက်ခဲ့တယ်၊ ဒါကြောင့် စိတ်မွန်းကျပ်မှုနဲ့ စိတ်မချမ်းမသာဖြစ်ခြင်းဆိုတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲမှာ နေထိုင်နေခဲ့ပြီး ကိုယ့်တာဝန်တွေမှာ အမြဲတမ်း စိတ်ဆင်းရဲတဲ့အပြင် စိတ်တိုနေခဲ့တာပဲ။ အရင်က သီးသန့်အလုပ်တစ်ခုကို လုပ်တုန်းကဆို အလုပ်ပမာဏ သိပ်မများခဲ့ဘူး၊ ပြီးတော့ ကျွန်မက အဲဒီအလုပ်မှာ ကျွမ်းကျင်တဲ့အတွက် နေသားတကျဖြစ်နေသလို ခံစားခဲ့ရတယ်။ ကိုယ့်ခန္ဓာကိုယ်လည်း မပင်ပန်းသလို စိတ်ထဲမှာလည်း ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ဘူးလေ။ အခု ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလုပ်တွေအများကြီးကို တာဝန်ယူရတော့ စိုးရိမ်စရာတွေ ပိုများလာတယ်၊ ပြီးတော့ ကျွန်မ စဉ်းစားပြီး ဖြေရှင်းရမဲ့ ပြဿနာတွေလည်း ပိုများလာတယ်။ အလုပ်တော်တော်များများက ကိုယ်နဲ့မရင်းနှီးတဲ့အပြင် ဒီကိစ္စတွေကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ မသိတဲ့အတွက် အစကနေ ပြန်သင်ယူခဲ့ရတယ်။ ဒါက ကျွန်မကို စိတ်မွန်းကျပ်စေတယ်၊ စိတ်တိုစေပြီး ဒီအခြေအနေကနေ ထွက်ပြေးချင်စိတ် ပေါက်စေခဲ့တာပဲ။ တကယ်တော့ ကျွန်မက ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနဲ့ အေးအေးဆေးဆေး နေရတာကို လိုက်စားမဲ့အစား ကိုယ့်တာဝန်ကို ဦးစားပေးခဲ့ရင် ပင်ပန်းတယ်လို့ ခံစားရရင်တောင်မှ နိုင်နိုင်နင်းနင်း လုပ်နိုင်မှာပါ။ ကျွန်မရဲ့ အတွေးတွေ လမ်းလွဲနေမှန်း သဘောပေါက်လိုက်တယ်။
နောက်ပိုင်းမှာ လူတွေ ဘာလို့ စိတ်မွန်းကျပ်ရသလဲဆိုတာကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပြီး ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန်၊ သမ္မာတရားအား မိတ်သဟာယဖွဲ့ရန် စိတ်မပါကြပေ။ ၎င်းတို့သည် အသင်းတော်အသက်တာကို နေသားမကျသေးပေ။ နေသားကျအောင် မနေနိုင်ပေ။ ပြီးလျှင် အစဉ်သဖြင့် အထူးပင် စိတ်ဒုက္ခရောက်ပြီး အကူအညီမဲ့သလို ခံစားရသည်။ ဤသို့ဆိုလျှင် ထိုလူများကို ငါပြောမည်။ သင်သည် လျင်မြန်စွာ ထွက်ခွာသင့်သည်။ သင်၏ ကိုယ်ပိုင်ပန်းတိုင်နှင့် ဦးတည်ချက်ကို ရှာဖွေရန်အတွက် လောကီကမ္ဘာထဲသို့ သွားလော့။ ပြီးလျှင် သင် အသက်ရှင်သင့်သည့် ဘဝကို အသက်ရှင်လော့။ ဘုရားအိမ်တော်က မည်သူ့ကိုမျှ လုံးဝ အတင်းအဓမ္မမခိုင်းစေပေ။...ဤသို့သောသူများသည် ဖိနှိပ်ချုပ်ချယ်မှုကို အစဉ်သဖြင့် ခံစားရသည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့၏ ဆန္ဒသည် ၎င်းတို့၏ ဇာတိပကတိကို အလိုလိုက်ပြီး ၎င်းတို့၏ ဆန္ဒကို ဖြည့်ဆည်းဖို့ဖြစ်သည်။ ၎င်းတို့သည် အလွန်ပင် တစ်ကိုယ်ကောင်းဆန်လွန်းသည်။ ၎င်းတို့သည် စည်းကမ်းများကို လျစ်လျူရှုပြီး အမှုကိစ္စများကို စည်းမျဉ်းနှင့်အညီ မကိုင်တွယ်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ၊ နှစ်သက်မှုများနှင့် ဆန္ဒများကို အခြေခံ၍သာ အမှုအရာများကို လုပ်ဆောင်ပြီး ၎င်းတို့၏ ကိုယ်ကျိုးကို အခြေခံ၍သာ ပြုမူဆောင်ရွက်လျက် အရာရာကို ၎င်းတို့ စိတ်ကူးပေါက်သကဲ့သို့၊ ကျေနပ်သကဲ့သို့ လုပ်ဆောင်လိုကြသည်။ ၎င်းတို့သည် ပုံမှန် လူ့သဘာဝ ကင်းမဲ့ပြီး ဤသို့သောသူများသည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်ပေ။ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်သောသူတို့သည် ၎င်းတို့ လုပ်ဆောင်သမျှတွင်၊ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့က တစ်ဦးတည်း နေထိုင်နေလျှင်ပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရမည်ဖြစ်သည်။ ချိုသာစွာ ပြောဆိုရလျှင် ဤလူတို့သည် အလားအလာကောင်းသော ပုဂ္ဂိုလ်များမဟုတ်ဘဲ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်ပေ။ ပို၍ အတိအကျဆိုရလျှင် ၎င်းတို့၏ လူ့သဘာဝသည် မူမမှန်ဘဲ ၎င်းတို့သည် အနည်းငယ် ဉာဏ်နည်းသောသူများဖြစ်သည်။ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်သော သူများသည် မည်သည့်ပုံစံရှိသနည်း။ ၎င်းတို့သည် အစားအစာ၊ အဝတ်အထည်၊ နေအိမ်နှင့် သယ်ယူပို့ဆောင်ရေးတို့ကဲ့သို့သော ၎င်းတို့၏ အခြေခံလိုအပ်ချက်များကို ရိုးရှင်းသောနည်းလမ်းဖြင့် မှတ်ယူသောသူများ ဖြစ်သည်။ ဤအရာများသည် သာမန်စံနှုန်းကို ပြည့်မီသရွေ့ ၎င်းတို့အတွက် လုံလောက်သည်။ ၎င်းတို့သည် ဘဝတွင်ရှိသော ၎င်းတို့၏ လမ်းကြောင်း၊ လူသားများအဖြစ် ၎င်းတို့၏ အထူးတာဝန်၊ ၎င်းတို့၏ ဘဝအပေါ် ရှုမြင်သုံးသပ်ချက်နှင့် စံနှုန်းများကို ပို၍ အရေးစိုက်ကြသည်။ အလားအလာမရှိသောသူများသည် မည်သည့်အရာကို တစ်နေကုန် တွေးတောကြသနည်း။ ၎င်းတို့သည် မည်သို့ အချောင်ခိုရမည်၊ တာဝန်ကို ရှောင်နိုင်ရန်အတွက် မည်သို့ လှည့်စားရမည်၊ မည်သို့ ကောင်းစွာ စားသောက်ပြီး ပျော်အောင်နေရမည်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် ဇိမ်ခံမှုတို့ဖြင့် မည်သို့ အသက်ရှင်ရမည်ဆိုသည်တို့ကို အစဉ်သဖြင့် တွေးတောနေပြီး မည်မည်ရရဖြစ်သော အရာများကို ထည့်မစဉ်းစားပေ။ ထို့ကြောင့် ၎င်းတို့သည် ဘုရားအိမ်တော်တွင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရသည့် နေရာနှင့် ပတ်ဝန်းကျင်တွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဘုရားအိမ်တော်က လူတို့အား ၎င်းတို့၏တာဝန်များကို ပို၍ ကောင်းစွာ ထမ်းဆောင်နိုင်ရန်အတွက် ၎င်းတို့၏ တာဝန်များနှင့် ဆက်နွှယ်သည့် အထွေထွေနှင့် အတတ်ပညာပိုင်းဆိုင်ရာ အသိပညာအချို့ကို သင်ယူဖို့ တောင်းဆိုသည်။ သမ္မာတရားအား လူတို့ ပို၍ နားလည်မှုရှိနိုင်ရန်၊ သမ္မာတရား၏ လက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်နိုင်ရန်၊ ပြုမူဆောင်ရွက်မှုတိုင်းအတွက် စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို သိနိုင်ရန်အတွက် ဘုရားအိမ်တော်သည် လူတို့အား ဘုရားနှုတ်ကပတ်တော်ကို ကြိမ်ဖန်များစွာ စားသောက်ဖို့ တောင်းဆိုသည်။ ဘုရားအိမ်တော်က မိတ်သဟာယပြုပြီး ပြောဆိုသည့် ဤအရာများအားလုံးသည် လူတို့၏ ဘဝများနှင့် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း နယ်ပယ်အတွင်းတွင် ကျရောက်သော အကြောင်းအရာများ၊ လက်တွေ့ကျသော အမှုကိစ္စများ စသည်တို့နှင့် ဆက်နွှယ်ပြီး လူတို့အား ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်ရန်၊ မှန်ကန်သော လမ်းကြောင်းကို လျှောက်ရန် ကူညီပေးဖို့ ရည်ရွယ်သည်။ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်သော၊ မိမိတို့ နှစ်သက်သလို လုပ်ဆောင်သော ဤလူများသည် ဤ သင့်တင့်လျောက်ပတ်သောအရာများကို မလုပ်ဆောင်လိုပေ။ ၎င်းတို့ အလိုရှိသည့်အရာမှန်သမျှကို လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့ ရရှိလိုသည့် အဆုံးစွန်ပန်းတိုင်မှာ ရုပ်ပိုင်းဆိုင်ရာ ဇိမ်ခံမှု၊ သာယာမှုနှင့် သက်သာမှုတို့ဖြစ်ပြီး မည်သည့်နည်းဖြင့်မျှ ချုပ်ထိန်းခြင်းကိုဖြစ်စေ၊ မတရားပြုခြင်းကိုဖြစ်စေ မခံရရန်ဖြစ်သည်။ ၎င်းတို့ စားလိုသည့်အရာမှန်သမျှကို ကျေနပ်လောက်အောင် စားနိုင်ပြီး ၎င်းတို့ နှစ်သက်သကဲ့သို့ လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ကျင့်စရိုက်နှင့် စိတ်အတွင်းတွင်ရှိသော လိုက်စားမှုကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ မကြာခဏ ခံစားရခြင်းဖြစ်သည်။ သင်သည် ၎င်းတို့နှင့် သမ္မာတရားအကြောင်းကို မည်သို့ မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့က ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုက ပြေလည်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤသို့သောသူမျိုးများသာ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်သောသူများသာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ သက်သာရာကို အမြဲ မွေ့လျော်ခံစားပြီး ကိုယ့်ဇာတိပကတိ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းနေတဲ့သူတွေဟာ ကိုယ် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို မလုပ်ကြဘဲ အလားအလာ မရှိဘူးဆိုတာကို နောက်ဆုံးမှာ ကျွန်မ သဘောပေါက်သွားတယ်။ အဲဒီလိုလူတွေက ကိုယ့်လိုအင်ဆန္ဒအတိုင်းပဲ အသက်ရှင်ချင်ကြတာလေ၊ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ရမဲ့အချိန်ကျတော့ ခိုကပ်ပြီး ပျင်းရိနေကြတယ်၊ သူတို့ရဲ့ ဇာတိပကတိအတွက် စိုးရိမ်ပူပန်ရတာ၊ ဝန်ထုပ်ဝန်ပိုးဖြစ်ရတာမျိုး ကြုံရင် စိတ်မွန်းကျပ်ပြီး စိတ်ဆင်းရဲကြတာပဲ။ ဒီလူတွေက အသိတရားနဲ့ ဆင်ခြင်တုံတရား ကင်းမဲ့နေကြတယ်။ ဒါကို သဘောပေါက်မိတော့ ကျွန်မရဲ့ လတ်တလော အခြေအနေကို ပြန်ကြည့်လိုက်တယ်။ အလုပ်အမျိုးမျိုးမှာရှိတဲ့ ပြဿနာတွေ၊ အခက်အခဲတွေကို နေ့တိုင်း စဉ်းစားဖြေရှင်းရမှာကို မြင်တဲ့အခါ၊ ပြီးတော့ ဒါက စိတ်ပိုင်းဆိုင်ရာ အားထုတ်မှု တော်တော်လေး လိုအပ်တယ်ဆိုတာကို သိတဲ့အခါ၊ ကိုယ့်ခန္ဓာကိုယ် ပိုသက်သာအောင်လို့ ပိုလွယ်ကူရိုးရှင်းတဲ့ တာဝန်တစ်ခုကို ကျွန်မ လိုချင်လာခဲ့တယ်။ ကိုယ့်တွဲဖက်တွေ အလုပ်အကြောင်း ဆွေးနွေးနေတာကို ကြားရင်တောင်၊ သူတို့ဆွေးနွေးမှုမှာ မပါချင်လို့ ဓမ္မတေးတွေ နားထောင်ဖို့ နားကြပ်ကို တမင်တကာ တပ်ထားလိုက်တယ်။ ညီအစ်မတွေက အလုပ်ကိစ္စတွေ ဆွေးနွေးဖို့ ကျွန်မဆီ လာတဲ့အခါ၊ ကျွန်မ မပါဝင်ချင်ဘူး၊ တတ်နိုင်သမျှ သူတို့ကို ရှောင်နေခဲ့တယ်၊ တကယ်လို့ ရှောင်လို့မရတော့ဘူးဆိုရင်လည်း၊ တိုတိုတုတ်တုတ်နဲ့ ဝတ်ကျေတမ်းကျေပဲ ပြန်ဖြေလိုက်တယ်လေ၊ အဲဒါကြောင့် အလုပ်တွေ အကောင်အထည်ဖော်တဲ့နေရာမှာ အမှားတွေဖြစ်ပြီး ပြန်လုပ်ရတာတွေ ရှိခဲ့တယ်။ ဒါတွေဟာ ကျွန်မရဲ့ ဇာတိပကတိကို မွေ့လျော်ခံစားမိတဲ့ အကျိုးဆက်တွေပါပဲ။ ကိုယ့်ရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်တဲ့သူတွေအကြောင်း ကျွန်မ တွေးမိတယ်။ သူတို့တာဝန်တွေအတွက် စိုးရိမ်ပူပန်ရတဲ့အခါ ဒါမှမဟုတ် ဝန်ထုပ်ဝန်ပိုး ထမ်းရတဲ့အခါ၊ ဒါမှမဟုတ် အသိပညာတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီး လေ့လာရတဲ့အခါ သူတို့ အချိန်အင်အား၊ လူအင်အားကို ဝမ်းမြောက်ဝမ်းသာ ရင်းနှီးမြှုပ်နှံကြပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ သူတို့တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရအောင် ရှာဖွေကြတယ်။ ကျွန်မကျတော့ သက်သာမှုနဲ့ အေးအေးဆေးဆေး နေရတာကိုပဲ ဆက်တိုက် လိုက်စားနေခဲ့တယ်၊ ပြီးတော့ တာဝန်တွေကြောင့် စိုးရိမ်ပူပန်ရတဲ့အခါ၊ ဝန်ထုပ်ဝန်ပိုး ထမ်းရတဲ့အခါ၊ အတိုက်အခံလုပ်ချင်စိတ်ဖြစ်ပြီး အဲဒါတွေကို ရှောင်ခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးပေးပြီး ဘုရားသခင်က ကျွန်မကို ကျေးဇူးတော် ပြခဲ့တာပါ၊ ဒါက ကျွန်မရဲ့ အသက်တာ ကြီးထွားရင့်ကျက်မှုအတွက် အကျိုးရှိတယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်တစ်ယောက်ဖြစ်ရတာဟာ အလုပ်အမျိုးမျိုးမှာ ပါဝင်ရပြီး စည်းမျဉ်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ရတယ်၊ အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေတာ၊ ပိုဆုတောင်းတာ၊ ပြီးတော့ ဘုရားသခင်ကို ပိုအားကိုးတာတွေမှာ မဖြစ်မနေ လုပ်ရလို့ပဲ။ တစ်ချိန်တည်းမှာပဲ သက်ဆိုင်ရာ လုပ်ငန်းပိုင်း ကျွမ်းကျင်မှုတွေ၊ အသိပညာတွေကို လေ့လာရပြီး လူတစ်ယောက်ရဲ့ နားလည်မှုနဲ့ အတွေ့အကြုံကို ကျယ်ပြန့်လာစေတယ်၊ ဒါမှ ရှုထောင့်အမျိုးမျိုးမှာ လေ့ကျင့်ပြီး ပိုမြန်မြန် ကြီးထွားလာဖို့ အခွင့်ပေးတယ်လေ။ လူတစ်ယောက်က ကြီးထွားလာပြီး ဘုရားအိမ်တော်မှာ အလုပ်တစ်ခုကို ပခုံးထမ်းနိုင်ပြီဆိုရင်၊ သူက အသုံးဝင်တဲ့လူတစ်ယောက် ဖြစ်လာပြီပေါ့။ ဒါပေမဲ့ ကျွန်မကတော့ ဇာတိပကတိ သက်သာဖို့အတွက်ပဲ လိုချင်ပြီး ရုပ်ပိုင်းဆိုင်ရာ သက်သာရာကိုပဲ ဆက်တိုက် လိုအင်ဆန္ဒရှိနေခဲ့တယ်၊ ပြီးတော့ ဘာအတွက်မှ အားထုတ်ချင်စိတ်၊ စဉ်းစားချင်စိတ် မရှိခဲ့ဘူး။ ငါက လုံးဝ အသုံးမကျတဲ့သူ ဖြစ်နေတာ မဟုတ်ဘူးလား။ ဒီလိုလူတွေကို “အလားအလာ မရှိဘူး”၊ “လူ့သဘာဝ မမှန်ဘူး”၊ ပြီးတော့ “ဉာဏ်တိမ်တယ်” လို့ ဘုရားသခင် ပြောတာ အံ့သြစရာ မဟုတ်ပါဘူး။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ အသက်ရှင်နေတဲ့ပုံစံက ဘယ်လောက်တောင် သနားစရာကောင်းသလဲဆိုတာ မြင်သွားတယ်၊ ဒါကြောင့် ဘုရားသခင်ဆီ ဆုတောင်းပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့ ဇာတိပကတိကို ပုန်ကန်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်တွေအပေါ်မှာပဲ အာရုံစိုက်ဖို့ ဆန္ဒရှိပါတယ်။ သမီးတာဝန်တွေမှာ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေမယ်၊ ကိုယ့်ရဲ့ ချို့ယွင်းချက်အမျိုးမျိုးကို ဖြည့်ဆည်းဖို့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ အသိပညာတွေကို လေ့လာမယ်၊ ပြီးတော့ ကိုယ်တော့်အိမ်တော်မှာ အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားပါမယ်” လို့ပေါ့။ အဲဒီနောက်မှာ ကျွန်မရဲ့ စိတ်ထား နည်းနည်း ပြောင်းလဲသွားတယ်။ ကိုယ့်တာဝန်တွေလုပ်တဲ့အခါ ကျွန်မရဲ့ အခြေအနေကလည်း တော်တော်လေး တိုးတက်လာပြီး အရင်ကလို စိတ်မွန်းကျပ်တာ၊ စိတ်တိုတာတွေ မရှိတော့ဘူး။ နေ့တိုင်း လုပ်စရာအလုပ်တွေ အများကြီးရှိပေမဲ့ အကောင်းဆုံး ကြိုးစားခဲ့တယ်၊ ကိုယ်မသိတဲ့ အလုပ်မျိုးနဲ့ ကြုံလာရင် သက်ဆိုင်ရာ သမ္မာတရား စည်းမျဉ်းတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ အသိပညာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်။ အလုပ်ထဲမှာ ပြဿနာတွေကို တွေ့ရင် ကိုယ့်တွဲဖက်တွေနဲ့ တင်ပြပြီး ဖြေရှင်းနည်းတွေကို ဆွေးနွေးခဲ့တယ်။
ကျွန်မရဲ့ စိတ်မွန်းကျပ်တဲ့ ခံစားချက်တွေ ပြေလည်သွားပြီလို့ ထင်ခဲ့တာ။ ဒါပေမဲ့ တစ်လလောက်ကြာတော့ တစ်နေ့ကျမှ၊ အထက်ခေါင်းဆောင်တွေဆီက စာတစ်စောင် ရောက်လာတယ်။ ကျွန်မတို့နယ်မြေက ညီအစ်မတစ်ယောက်ကို ရဲတွေက ပစ်မှတ်ထားနေတယ်လို့ ဆိုတယ်။ ရဲတွေက ဒီလူကို ဖမ်းဖို့ နာမည်တပ်ထားပြီးသားမို့၊ အဲဒီညီအစ်မကို ပုန်းနေဖို့ ပြောရင်း မြန်မြန် အကြောင်းကြားရမယ်လို့ ပါလာတယ်။ ပြီးတော့ နောက်ထပ်စာတစ်စောင် ထပ်ရောက်လာတယ်။ အနီးအနားက အသင်းတော်တွေကို စီစီပီက ညှိနှိုင်းချိတ်ဆက်ပြီး ဝင်ဖမ်းနေတယ်လို့ ဆိုတယ်။ ဒါက ကျွန်မတာဝန်ယူထားတဲ့ နယ်မြေက ညီအစ်ကိုမောင်နှမ တော်တော်များများကိုပါ ထိခိုက်စေခဲ့တယ်။ ဒီသတင်းနှစ်ခုကို ကြားလိုက်ရတော့ ကျွန်မခေါင်းပေါ်ကို မည်းမှောင်နေတဲ့ တိမ်တိုက်ကြီးတွေ ရုတ်တရက် ဖိချလိုက်သလို ခံစားရတယ်၊ ပြီးတော့ ကျွန်မက စိတ်မွန်းကျပ်မှုနဲ့ ဝမ်းနည်းမှု အခြေအနေထဲကို ထပ်ပြီး ကျရောက်သွားပြန်တယ်။ ဒီလို ဖမ်းဆီးမှုတွေကြောင့် အသင်းတော်အလုပ် အမျိုးမျိုးမှာ အခက်အခဲ ကြီးကြီးမားမားတွေ ဖြစ်သွားတယ်၊ ပြီးတော့ လူတော်တော်များများက လုံခြုံရေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရပြီး သူတို့တာဝန်တွေကို ပုံမှန် မလုပ်နိုင်ကြတော့ဘူး။ အသင်းတော်အလုပ်ကို ကောင်းကောင်းလုပ်ဖို့ဆိုရင်၊ ကျွန်မက ပိုပြီး စဉ်းစား၊ ပိုပြီး အားထုတ်ဖို့ လိုတယ်ဆိုတာ သိတာပေါ့။ ဒီအခက်အခဲတွေကို တွေးမိတဲ့အခါ ကျွန်မမှာ ဖိအားတွေ အများကြီး ခံစားရတယ်၊ အထူးသဖြင့် အလုပ်ထဲမှာ လုံးဝ ဖြေရှင်းလို့ မရနိုင်တော့ဘူးလို့ ထင်ရလောက်အောင် အဆုံးမရှိတဲ့ ပြဿနာတွေကို မြင်ရတဲ့အခါ၊ အကြောသေသွားသလို ခံစားရပြီး ဘာလုပ်ချင်စိတ်မှ မရှိတော့ဘူး၊ ဒါပေမဲ့ ကိုယ့်အလုပ်ထဲမှာ မတတ်သာဘဲ ဆက်လုပ်နေရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိခဲ့ဘူးလေ။ တစ်ခါက ကျွန်မ စာမပြန်ရေးရသေးတဲ့ စာတစ်စောင်ရှိတယ်လို့ တွဲဖက်တစ်ယောက်က သတိပေးတယ်၊ အဲဒီတော့ ကျွန်မက သူ့ကို မနေနိုင်ဘဲ ငေါက်လိုက်မိတယ်၊ “စာပြန်ဖို့ အချိန်မရသေးဘူးလေ” လို့ပေါ့။ ဒီလိုပြောပြီးမှ၊ ကိုယ့်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုတွေကို ကိုယ့်တာဝန်အပေါ်မှာ ပုံချနေမိတယ်ဆိုတာ၊ ပြီးတော့ ဒါက ဆင်ခြင်တုံတရား လုံးဝ ကင်းမဲ့နေတာပဲဆိုတာ သဘောပေါက်သွားတယ်။ အဲဒါနဲ့ စာကို အင်တင်တင်နဲ့ ထုတ်ပြီး ပြန်ရေးလိုက်တယ်။ အဲဒီနောက်ပိုင်းမှာလည်း အလုပ်တွေ ပုံလာလို့ စိတ်တိုပြီး ညီအစ်မတွေကို ခပ်ကြမ်းကြမ်း ပြောမိတာတွေ အကြိမ်ကြိမ် ရှိခဲ့သေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့၊ ကိုယ့်ဇာတိပကတိရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ နာကျင်မှုတွေကြောင့် ကျွန်မဟာ စိတ်မွန်းကျပ်မှုဆိုတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲမှာ ထပ်ပြီး အသက်ရှင်နေမိပြန်ပြီဆိုတာ သဘောပေါက်လိုက်တယ်။
ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “နှစ်ပေါင်းများစွာ ရှင်သန်ရေးအတွက် လူတို့ အမှီပြုခဲ့ကြသော အတွေးအခေါ်များသည် ၎င်းတို့၏ စိတ်နှလုံးများကို တိုက်စားခဲ့သည်မှာ ၎င်းတို့သည် ကောက်ကျစ်စဉ်းလဲသူ၊ သူရဲဘောကြောင်သူနှင့် ယုတ်ညံ့သိမ်ဖျင်းသူများ ဖြစ်လာကြသည့် အခြေအနေအထိပင် ဖြစ်၏။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး မာနထောင်လွှားလာကြကာ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ မိမိကိုယ်ကို ကျော်လွှားရန် စိတ်ပိုင်းဖြတ်ချက် လုံးဝကင်းမဲ့သည့်အပြင် ဤအမှောင်စွမ်းအားများ၏ ဘောင်ခတ်ခြင်းများကို ဖယ်ရှားရန် သတ္တိအနည်းငယ်မျှပင် သာ၍ မရှိကြပေ။ လူတို့၏ အတွေးအခေါ်များနှင့် ဘဝများသည် အလွန် ပုပ်သိုးနေကြသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ နောက်ကွယ်မှ ၎င်းတို့၏ အမြင်ရှုထောင့်များသည် မခံရပ်နိုင်လောက်အောင် အကျည်းတန်နေသေးသည့်အပြင် တကယ့်ကိုပင် နားခါးလေ၏။ လူတို့အားလုံးသည် သူရဲဘောကြောင်သည်၊ အစွမ်းမဲ့သည်၊ စက်ဆုပ်ဖွယ်ကောင်းပြီး အကဲဆတ်ကြသည်။ ၎င်းတို့သည် အမှောင်ထု၏ စွမ်းအားကို စက်ဆုပ်ခြင်းမရှိသည့်အပြင် အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) “သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိကို အလိုလိုက်ပြီး စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်အခက်အခဲများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။...ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်တာကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်တာကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်တာက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝမျိုး၊ ဝက်တစ်ကောင်၏ဘဝမျိုးတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ရင်ဆိုင်ဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်၊ ရုပ်ပိုင်းဆိုင်ရာ အေးအေးဆေးဆေး နေရဖို့နဲ့ သက်သာဖို့ကို ဘာလို့ ဒီလောက်တောင် အာရုံစိုက်နေရတာလဲဆိုတာ ဆင်ခြင်သုံးသပ်ကြည့်တယ်၊ အဲဒါက “လူ့ဘဝက တိုတောင်းတယ်၊ ဒါကြောင့် ရတုန်းလေး ပျော်လိုက်” ဆိုတာနဲ့ “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ” ဆိုတဲ့ စာတန်ရဲ့ ရှင်သန်ခြင်းဆိုင်ရာ နိယာမတွေရဲ့ လွှမ်းမိုးမှုနဲ့ အဆိပ်ခတ်တာကို ခံထားရလို့ပဲဆိုတာ မြင်သွားတယ်။ ဒီအတွေးအခေါ်တွေကို ဉာဏ်ပညာရှိတဲ့ စကားတွေလို ကျွန်မ သဘောထားခဲ့တာကိုး။ ကိုယ့်ရဲ့ ပျင်းတဲ့ သဘာဝနဲ့ ပေါင်းသွားတော့၊ ငယ်ငယ်ကတည်းက ဆင်းရဲဒုက္ခနဲ့ အားသွန်ခွန်စိုက် လုပ်ခဲ့ရတာကို ကျွန်မ ကြောက်ခဲ့တယ်။ သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေး နေရတဲ့ ဘဝမျိုးကို ကိုယ့်ရဲ့ ပန်းတိုင်အနေနဲ့ သတ်မှတ်ခဲ့တယ်၊ ပြီးတော့ အရမ်းပင်ပန်းမယ့် အလုပ်မျိုး ဒါမှမဟုတ် ဘဝမျိုးနဲ့ မနေချင်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဖိအားအရမ်းများအောင် လုပ်တာမျိုးကို ရှောင်တယ်၊ စိုးရိမ်စရာမရှိဘဲ နေရရင် ကျေနပ်နေပြီလို့ ခံစားခဲ့တယ်၊ စားဖို့၊ သောက်ဖို့နဲ့ အိပ်ဖို့ကိုပဲ ကိုယ့်ရဲ့ နေ့စဉ် အာရုံစိုက်စရာလို ထားခဲ့တယ်။ ဒီသဘောထားက ကျွန်မရဲ့ တာဝန်တွေဆီကိုပါ ကူးစက်လာခဲ့တာပဲ။ ဒီတစ်ခါတော့ စီစီပီရဲ့ ဖမ်းဆီးမှုတွေကြောင့် အသင်းတော်အလုပ် အမျိုးမျိုး အဟန့်အတားဖြစ်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အချိန်နဲ့ အားထုတ်မှုတွေ ပိုလိုလာတဲ့အခါ ကျွန်မ ညည်းညူပြီး အခက်အခဲတွေကြောင့် ငိုကြွေးမိတာကို မလုပ်ဘဲ မနေနိုင်ခဲ့ဘူး။ သီးသန့်အလုပ်တစ်ခုကိုပဲ လုပ်ခဲ့ရတဲ့ အချိန်တွေကို လွမ်းဆွတ်လာတယ်၊ ပြီးတော့ ငါက ဘုရားသခင်ကို ယုံကြည်ရာမှာ နည်းနည်းပဲ ပေးဆပ်ပြီး ကောင်းချီးကြီးကြီး ရချင်တဲ့ လိုအင်ဆန္ဒအပေါ် အခြေခံထားတယ်ဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မတာဝန်မှာ ဘယ်လို မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းရမလဲဆိုတာကို စဉ်းစားဖို့ လိုအပ်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ အများကြီးရှိလာတဲ့အခါ၊ ပြီးတော့ ခန္ဓာကိုယ်က စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲတွေကို ခံစားရတဲ့အခါ၊ ကျွန်မ အတိုက်အခံလုပ်ချင်စိတ်ဖြစ်ပြီး ဒေါသထွက်လာတယ်၊ ဘယ်လောက်တောင်လဲဆိုရင် ကိုယ့်ရဲ့ စိတ်အနှောင့်အယှက်ဖြစ်မှုတွေကို ကိုယ့်တွဲဖက်တွေအပေါ် ပုံချတဲ့အထိပဲ။ ငါ တကယ်ကို လူ့သဘာဝ ကင်းမဲ့နေတာပဲ။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို လုပ်ဖို့ဆိုတာ လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတပါတယ်၊ ပြီးတော့ ဒါဟာ ကိုယ့်အတွက် ကောင်းမှုတွေကို ပြင်ဆင်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်တယ်။ ကိုယ့်တာဝန်ကို လုပ်ပြီး သမ္မာတရားကို လိုက်စားတော့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားနိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်တယ်။ ဒါတောင်မှ ကျွန်မက ခေါင်းဆောင်တစ်ယောက်ဖြစ်လာတာဟာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို အနှောင့်အယှက်ပေးတယ်လို့ ခံစားရပြီး ဆင်ခြင်တုံတရားမရှိတဲ့အပြင် ပုန်ကန်တဲ့အပြုအမူတွေ လုပ်ခဲ့မိတယ်။ ငါ တကယ်ကို ဆင်ခြင်တုံတရား ကင်းမဲ့နေတာပဲ။ ကိုယ့်ဇာတိပကတိကို ဖြည့်ဆည်းဖို့ပဲ ဆက်တိုက် ရှာဖွေခဲ့တယ်၊ ကိုယ့်တာဝန်အပေါ် အကြိမ်ကြိမ် အတိုက်အခံလုပ်ချင်စိတ် ဖြစ်ခဲ့တယ်၊ ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်တယ်၊ အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တယ်၊ ပြီးတော့ ထပ်ခါထပ်ခါ ပြစ်မှားခဲ့တယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ဖတ်ခဲ့တယ်။ “အရွယ်ရောက်သူတိုင်းသည် ဆင်းရဲဒုက္ခများ၊ နာမကျန်းမှုများနှင့် အမျိုးမျိုးသော အခက်အခဲများကဲ့သို့သော ဖိအားများကို မည်မျှ ရင်ဆိုင်ရပါစေ အရွယ်ရောက်သူတစ်ယောက်၏ တာဝန်များကို တာဝန်ယူ ထမ်းရွက်ရမည်။ ဤအရာများသည် လူတိုင်း ကြုံတွေ့ပြီး ခံယူသင့်သည့် အရာများဖြစ်သည်။ ဤသည်မှာ ပုံမှန်လူတစ်ယောက်၏ ဘဝ၏ ပကတိအခြေအနေဖြစ်သည်။ သင်သည် ဖိအားကို မခံနိုင်လျှင်၊ ဆင်းရဲဒုက္ခကို ကြံ့ကြံ့မခံနိုင်လျှင်၊ သို့မဟုတ် ထိုးနှက်မှုများကို မခံနိုင်လျှင် ယင်းက သင်၌ ဇွဲလုံ့လ သို့မဟုတ် စိတ်ပိုင်းဖြတ်ချက် မရှိကြောင်းနှင့် သင်သည် အလွန် ပျော့ညံ့ပြီး အသုံးမကျကြောင်း ဆိုလိုသည်။ လူတိုင်းသည် လူ့အဖွဲ့အစည်း၌ဖြစ်စေ၊ ဘုရားအိမ်တော်၌ဖြစ်စေ မိမိတို့၏ အသက်တာတွင် ဤဆင်းရဲဒုက္ခကို ခံနိုင်ရမည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူတိုင်း ခံယူသင့်သော တာဝန်ဝတ္တရားဖြစ်သည်၊ ၎င်းတို့ ထမ်းပိုးသင့်သော ဝန်ထုပ်ဖြစ်ပြီး မည်သူမျှ ရှောင်လွှဲ၍မရပေ။ သို့ဖြစ်၍ သင်သည် ယင်းကို ရှောင်တိမ်းရန် မကြိုးစားသင့်ပေ။...တစ်ဖက်တွင် သင်သည် အရွယ်ရောက်ပြီးသူများ ရှိသင့်ပြီး တာဝန်ယူထမ်းဆောင်သင့်သော တာဝန်များနှင့် ဝတ္တရားများကို ထမ်းပိုးရန် သင်ယူရမည်။ အခြားတစ်ဖက်တွင် သင်သည် ပုံမှန်လူ့သဘာဝ၌ သင်၏ နေထိုင်မှုနှင့် အလုပ်လုပ်သည့် ပတ်ဝန်းကျင်တွင် အခြားသူများနှင့် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရန် သင်ယူသင့်သည်။ သင်နှစ်သက်သလိုသာ မလုပ်ဆောင်နှင့်။ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ အရွယ်ရောက်ပြီးသူတစ်ဦးအနေဖြင့် သင်ဖြည့်ဆည်းသင့်သော အလုပ်နှင့် ဝတ္တရားများနှင့် တာဝန်များကို ပိုမိုကောင်းမွန်စွာ ပြီးမြောက်စေရန် ဖြစ်သည်။ သင်သည် မည်သည့်အလုပ်ကိုပင် သို့မဟုတ် မည်သည့်တာဝန်ကိုပင် ထမ်းဆောင်ပါစေ၊ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ၊ စာတန်၏ စွမ်းအားများ၏ နှောင့်ယှက်မှုများ၊ ဖျက်စီးမှုများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည် ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရမည်ဖြစ်ပြီး ဤသို့ဖြင့် သင်၏အလုပ်နှင့် တာဝန်၏ရလဒ်များ အနည်းငယ် ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ဤသည်မှာ စိတ်ပိုင်းဖြတ်ချက်ရှိသူတစ်ဦး ဖြစ်မြောက်အောင်မြင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်ပါက အလုပ်လုပ်သည့်အခါ ဤအရာကို ပြီးမြောက်အောင် လုပ်ဆောင်သင့်သည်။ အလုပ်ဖိအားနှင့်ပတ်သက်လျှင် ယင်းသည် အထက်မှဖြစ်စေ၊ ဘုရားအိမ်တော်မှဖြစ်စေ၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက သင့်အပေါ် ပေးသော ဖိအားဖြစ်စေ ယင်းသည် သင်ခံယူသင့်သည့်အရာ ဖြစ်သည်။ သင်က ‘ဖိအားကြောင့် ကျွန်ုပ် ဤအရာကို လုပ်တော့မည် မဟုတ်ပါ။ ကျွန်ုပ်က ဘုရားအိမ်တော်တွင် မိမိ၏တာဝန်ထမ်းဆောင်ပြီး အလုပ်လုပ်ရာ၌ နားနားနေနေရှိမှု၊ အေးဆေးသက်သာရှိမှု၊ ပျော်ရွှင်မှုနှင့် သက်သာခြင်းတို့ကိုသာ ရှာနေခြင်းဖြစ်သည်’ ဟု ပြော၍မရပေ။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်၊ ပြီးလျှင် ဤသည်မှာ ပုံမှန်အရွယ်ရောက်ပြီးသူတစ်ဦး ပိုင်ဆိုင်သင့်သည့် အတွေးမဟုတ်ပေ၊ ဘုရားအိမ်တော်သည် သင် သက်သာခြင်းတွင် မွေ့လျော်ခံစားနေရန် နေရာတစ်ခုမဟုတ်ပေ။ လူတိုင်းသည် မိမိတို့၏ ဘဝနှင့် အလုပ်တွင် ဖိအားနှင့် စွန့်စားမှု ပမာဏတစ်ခုကို ယူကြရသည်။ မည်သည့်အလုပ်တွင်မဆို အထူးသဖြင့် ဘုရားအိမ်တော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်ရာ၌ သင်သည် အကောင်းဆုံးသော ရလဒ်များအတွက် ကြိုးစားသင့်သည်။ ကျယ်ပြန့်သော အတိုင်းအတာအရ ဤသည်မှာ ဘုရားသခင်၏ သွန်သင်ချက်နှင့် တောင်းဆိုချက်ဖြစ်သည်။ သေးငယ်သော အတိုင်းအတာအရ ဤသည်မှာ လူတိုင်း၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များတွင် ပိုင်ဆိုင်သင့်သည့် သဘောထား၊ ရှုမြင်ပုံ၊ စံနှုန်းနှင့် စည်းမျဉ်းတို့ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေကို ပခုံးထမ်းရမယ်လို့ ဘုရားသခင်က ပြောတယ်၊ ပြီးတော့ အဲဒါတွေက ဘဝမှာဖြစ်ဖြစ် ကိုယ့်တာဝန်မှာဖြစ်ဖြစ် အခက်အခဲတွေ၊ ဖိအားတွေပဲဖြစ်နေပါစေ၊ ဒါတွေဟာ အရွယ်ရောက်ပြီးသူတစ်ယောက် ရင်ဆိုင်ပြီး ထမ်းရွက်ရမဲ့ အရာတွေပါ၊ ခေါင်းရှောင်ရမဲ့၊ ဒါမှမဟုတ် ရှောင်ပြေးရမဲ့ အရာတွေ မဟုတ်ပါဘူး။ ဘုရားအိမ်တော်မှာ ကိုယ့်တာဝန်ကို စိတ်ရင်းမှန်နဲ့ လုပ်တဲ့သူတွေဟာ ဇာတိပကတိ ဆင်းရဲဒုက္ခခံဖို့လိုတဲ့ အလုပ်ဖိအားတွေ ဒါမှမဟုတ် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ဘုရားသခင်ကို ကျေနပ်စေချင်တဲ့ စိတ်နှလုံး ရှိကြတယ်။ သူတို့က ဘုရားသခင်ဆီ ဆုတောင်းနိုင်တယ်၊ သမ္မာတရားကို ရှာဖွေနိုင်တယ်၊ ပြီးတော့ သူတို့ရဲ့ ဇာတိပကတိကို ပုန်ကန်နိုင်ကြတယ်၊ သူတို့ရဲ့ တာဝန်မှာ အလေးအနက်ထားပြီး လက်တွေ့ကျကျ လုပ်ကြတယ်၊ ပြီးတော့ အကောင်းဆုံးရလဒ်တွေရဖို့ ကြိုးစားကြတယ်။ ဒီလိုလူတွေမှာ တာဝန်ယူစိတ်ရှိပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီကြတယ်။ ဒါပေမဲ့ ကျွန်မကတော့ ပျင်းရိပြီး ရည်မှန်းချက်မရှိတဲ့၊ ယိုယွင်းနေတဲ့ အတွေးတွေနဲ့ပဲ အသက်ရှင်နေခဲ့တာကိုး။ ဘာအခက်အခဲမှ မခံနိုင်ခဲ့ဘဲ၊ ဘာမှဖြစ်မလာမဲ့ လမ်းကြောင်းပေါ်ကို ရောက်နေခဲ့တာပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက အသုံးမကျဘူး၊ လူလို့တောင် ခေါ်ဖို့ မထိုက်တန်ဘူးလေ။ တကယ်တော့ ဇာတိပကတိ ဆင်းရဲဒုက္ခခံရတာနဲ့ ဖိအားနည်းနည်း ခံရတာဟာ ကောင်းတဲ့ကိစ္စပါ၊ ဒါက သမ္မာတရားကို ဆင်ခြင်သုံးသပ်တဲ့နေရာမှာ ပိုကြိုးစားဖို့ ကျွန်မကို တွန်းအားပေးနိုင်လို့၊ ကျွန်မရဲ့ အသက်တာ ကြီးထွားမှုအတွက် အကျိုးရှိပါတယ်။ ကိုယ့်မှာ အားနည်းချက်တွေ အများကြီးရှိပြီး ရှုပ်ထွေးတဲ့ ပြဿနာတချို့ကို မဖြေရှင်းနိုင်သေးပေမဲ့၊ ဒီအရာတွေကို ရှောင်မပြေးဘဲ တာဝန်ယူစိတ်ရှိတဲ့သူတစ်ယောက် ဖြစ်ရမယ်၊ ပိုဆုတောင်းပြီး ဘုရားသခင်ကို ပိုအားကိုးရမယ်၊ ပြဿနာတွေကို ဖြေရှင်းဖို့ ကိုယ့်တွဲဖက်တွေနဲ့အတူ သမ္မာတရားကို ရှာဖွေရမယ်၊ ပြီးတော့ ကိုယ်တတ်နိုင်သမျှ အကုန်လုပ်ရမယ်လေ။ အရွယ်ရောက်ပြီးသူတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေနဲ့ မျှော်လင့်ချက်တွေကို နားလည်သွားတော့၊ ကျွန်မရဲ့ စိတ်ထား နည်းနည်း ပြောင်းလဲသွားတယ်၊ ပြီးတော့ တာဝန်ယူစိတ်ရှိတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်ချင်လာခဲ့တယ်။ နောက်ပိုင်းမှာ အလုပ်အမျိုးမျိုးကို လိုက်လုပ်ဖို့ အထက်ခေါင်းဆောင်တွေဆီက စာတွေ ရောက်လာတဲ့အခါ၊ ကျွန်မ အတိုက်အခံလုပ်ချင်စိတ်၊ စိတ်တိုချင်စိတ် မရှိတော့ဘူး၊ ပြီးတော့ ဒီအရာတွေဟာ ကျွန်မရဲ့ တာဝန်ပဲဆိုတာကို အသိအမှတ်ပြုနိုင်ခဲ့တယ်၊ ကိုယ့်ရဲ့ အဓိကအလုပ်ကို ဖြည့်ဆည်းဖို့ အကောင်းဆုံး ကြိုးစားချင်စိတ် ဖြစ်လာခဲ့တယ်။
အချိန်နည်းနည်း ကြာလာတော့ အလုပ်တွေ ပိုများလာတယ်၊ အထက်ခေါင်းဆောင်တွေက အလုပ်ကို အနီးကပ် လိုက်လုပ်တဲ့အခါ၊ ဖိအားတော့ ခံစားရသေးတာပေါ့၊ ဒါပေမဲ့ ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုက ကျွန်မတာဝန်ကို ကောင်းကောင်းလုပ်ရာမှာ ထောက်ကူပေးဖို့ပဲဆိုတာ သဘောပေါက်လိုက်တယ်၊ ဒီကြီးကြပ်မှုက ကိုယ့်တာဝန်မှာ ပိုကြိုးစားဖို့ ကျွန်မကို သတိပေး နှိုးဆော်နိုင်တယ်၊ ပြီးတော့ ဇာတိပကတိ သက်သာရာကို မက်မောတာ၊ ကိုယ့်တာဝန်မှာ ခိုကပ်တာတွေကနေ တားဆီးပေးတယ်၊ ကျွန်မတာဝန်မှာ ပိုထိရောက်အောင် လုပ်ဖို့ တွန်းအားပေးတယ်လေ။ ကိုယ့်တွဲဖက်တွေ တာဝန်ယူထားတဲ့ အလုပ်တွေမှာလည်း ပါဝင်ပြီး၊ အဖြေရှာဖို့ အတူတူ မိတ်သဟာယဖွဲ့ရင်း ရှာဖွေခဲ့ကြတယ်။ တစ်ခါတလေကျရင် အသေးစိတ် မိတ်သဟာယဖွဲ့ပြီးမှ ဖြေရှင်းလို့ရမဲ့ ပြဿနာတွေ ပုံနေတာကို မြင်တဲ့အခါ၊ စိတ်မွန်းကျပ်ပြီး စိတ်တိုတဲ့ ခံစားချက်တွေ ပေါ်လာတတ်သေးတယ်၊ ဒါပေမဲ့ မှားယွင်းနေတဲ့ ကိုယ့်အခြေအနေကို ချက်ချင်း ပုန်ကန်နိုင်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်ဆုံးမပြီး ဒီလိုပြောတယ်၊ “ငါက အရွယ်ရောက်ပြီးသူတစ်ယောက်ပဲ၊ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ တာဝန်ယူစိတ်နဲ့ ဇွဲလုံ့လရှိရမယ်၊ ဖိအားကို ကြံ့ကြံ့ခံရမယ်၊ ပြီးတော့ ရှေ့ဆက်သွားရမယ်။” ဘုရားသခင်ဆီကိုလည်း ဆုတောင်းခဲ့တယ်၊ ကျွန်မစိတ်နှလုံးကို ကိုယ့်တာဝန်နဲ့ သင့်တော်တဲ့အလုပ်ကို လုပ်တဲ့အပေါ်မှာပဲ အာရုံစိုက်အောင် စောင့်ရှောက်ပေးဖို့ တောင်းလျှောက်ခဲ့တယ်။ အဲဒီနောက်မှာ စည်းမျဉ်းတွေနဲ့အညီ ပြဿနာတွေကို ဦးစားပေးအစီအစဉ်အလိုက် တစ်ခုချင်းစီ ဖြေရှင်းခဲ့တယ်။ အရင်က မကြုံဖူးတဲ့ ပြဿနာတွေဆိုရင်၊ သက်ဆိုင်ရာ လုပ်ငန်းပိုင်း ကျွမ်းကျင်မှုစာရွက်စာတမ်းတွေကို လေ့လာတယ်၊ သမ္မာတရား စည်းမျဉ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်တယ်၊ ပြီးတော့ ပြဿနာတွေရဲ့ အရင်းခံအကြောင်းရင်းတွေက ဘာလဲဆိုတာ သေချာစဉ်းစားရင်းနဲ့ ဆုတောင်းခဲ့တယ်။ ဒီနည်းနဲ့ ပြဿနာတွေက တဖြည်းဖြည်း ပြေလည်သွားခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေ မကောင်းလို့ သူတို့တာဝန်တွေကို ထိခိုက်နေတာ မြင်ရင်၊ ဖြေရှင်းနည်းတွေကို သူတို့နဲ့ မိတ်သဟာယဖွဲ့ပေးဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ချက်ချင်း ရှာဖွေခဲ့တယ်။ ဒီလိုလုပ်ဖို့ အားထုတ်မှုနဲ့ ဆင်းရဲဒုက္ခ နည်းနည်းပိုလိုပေမဲ့၊ အရမ်းကို ပြည့်စုံတယ်လို့ ခံစားရတယ်။ အလုပ်ပြဿနာ အမျိုးမျိုးနဲ့ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ ခဏခဏ ဆက်သွယ်ပြောဆိုနေလို့၊ ပြီးတော့ သက်ဆိုင်ရာ သမ္မာတရားတွေနဲ့ စည်းမျဉ်းတွေကို ဆင်ခြင်သုံးသပ်နေလို့၊ ကျွန်မရဲ့ အခြေအနေက ဆက်တိုက် တိုးတက်လာပြီး ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုလည်း ပိုရှိလာတယ်။ ပြဿနာတွေကို အရင်ကထက် ပိုမှန်မှန်ကန်ကန် မြင်ခဲ့တယ်၊ တဖြည်းဖြည်းနဲ့ စည်းမျဉ်းတွေနဲ့ လမ်းကြောင်းတချို့ကို သဘောပေါက်လာတယ်။ ဘုရားသခင် ပြောတဲ့စကားတွေရဲ့ သမ္မာတရားကို ကျွန်မ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရတယ်။ “သင်သည် စိတ်ဓာတ်ကြံ့ခိုင်မှုရှိသူတစ်ယောက်ဖြစ်လျှင်၊ လူတို့ ခံယူသင့်သည့် တာဝန်များနှင့် ဝတ္တရားများ၊ ပုံမှန်လူ့သဘာဝရှိသောသူများ ရရှိရမည့်အရာများ၊ သင့်လိုက်စားမှု၏ ဦးတည်ချက်နှင့် ပန်းတိုင်အဖြစ် အရွယ်ရောက်သူများ အောင်မြင်ရမည့်ထိုအရာများကို သင် ကိုင်တွယ်နိုင်လျှင်၊ သင်၏ တာဝန်များကို တာဝန်ယူ ထမ်းရွက်နိုင်လျှင် သင်သည် မည်သည့်အဖိုးအခကို ပေးဆပ်သည်ဖြစ်စေ၊ မည်သည့်စိတ်ဆင်းရဲမှုကို ခါးစည်းခံရသည်ဖြစ်စေ ညည်းညူမည်မဟုတ်ပေ။ ပြီးလျှင် ထိုအရာများကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရည်ရွယ်ချက်များအဖြစ် သင် သိမြင်သရွေ့ မည်သည့် ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံနိုင်ပြီး သင်၏တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းနိုင်လိမ့်မည်။ ထိုအချိန်တွင် သင်၏ စိတ်အခြေအနေက ကွဲပြားလိမ့်မည်ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် တည်ငြိမ်ခြင်းကို ခံစားရမည်၊ ပြီးလျှင် ပျော်ရွှင်ဝမ်းမြောက်မှုကို တွေ့ကြုံခံစားရမည်။ သင်တွေ့သလော။ လူတို့သည် မိမိတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်လျှင်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ထမ်းရွက်နိုင်ပြီး အသက်တာ၌ မှန်ကန်သော လမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းနိုင်လျှင် ၎င်းတို့၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ခံစားရပြီး တည်ငြိမ်မှုနှင့် ပျော်ရွှင်ဝမ်းမြောက်မှုတို့ကို တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် သမ္မာတရားကို ဆက်လက်၍ လိုက်စားနိုင်ပြီး စည်းမျဉ်းများနှင့်အညီ ၎င်းတို့ ပြုမူဆောင်ရွက်ကာ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအထိ ရောက်ရှိနိုင်လျှင် ၎င်းတို့သည် ပြောင်းလဲမှု အနည်းငယ်ကို ကြုံတွေ့ပြီးဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ကျွန်မတာဝန်က ပြဿနာတွေကို ဖြေရှင်းဖို့ စိတ်နှလုံးအကြွင်းမဲ့ နှစ်ထားလိုက်တဲ့အခါ၊ ကိုယ်လိုအပ်နေတဲ့ အရာတွေကို ပစ်မှတ်ထားပြီး လေ့လာတဲ့အခါ၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ အကောင်းဆုံး ကြိုးစားတဲ့အခါ၊ ကျွန်မစိတ်နှလုံးက မနာကျင်ရတော့ဘဲ ပိုတောင် အေးချမ်းသွားသေးတယ်။ အခုဆိုရင် စိတ်မွန်းကျပ်တဲ့ ခံစားချက်တွေ ဖြစ်တာ ပိုပိုနည်းလာပြီ၊ တစ်ခါတလေ ပေါ်လာရင်တောင် ကျွန်မကို မထိခိုက်တော့ပါဘူး။ ကိုယ်တိုင်တောင် သတိမထားမိဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်လာပြီး ကျွန်မတာဝန်တွေအပေါ်မှာ ဝန်တာထားတဲ့စိတ် ရှိလာခဲ့တယ်။ ကျွန်မဆီက ဒီအပြောင်းအလဲတွေအားလုံးဟာ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ရလဒ်အနေနဲ့ ဖြစ်လာတာပါ။ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှင့်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့်...
ဆွန်ယု နယ်သာလန်နိုင်ငံ ၂၀၁၉ခုနှစ်မှာ ကျွန်မက ဝမ်နဲ့အတူအလုပ်လုပ်ရင်း ခေါင်းဆောင်နေရာမှာ လေ့ကျင့်နေခဲ့ပါတယ်။ ကျွန်မတို့ရဲ့ အပြန်အလှန်...
ဆာဘရီနာ၊ ပြင်သစ်နိုင်ငံ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတုန်းက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့ပါတယ်။ လူစီယာက ရေလောင်းရေး...
ထျန်ရှင်း၊ တရုတ်ပြည်အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင်...