ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ အခြားသူများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ကျွန်ုပ် သင်ယူခဲ့သည်

15.04.2026

ရှောင်ဝေ၊ တရုတ်နိုင်ငံ

၂၀၁၇ ခုနှစ်မှာ စာနဲ့ပတ်သက်တဲ့တာဝန်ကို အသင်းတော်မှာ ကျွန်မ ထမ်းဆောင်နေခဲ့တယ်။ စုဝေးပွဲတစ်ခုမှာ ချန်ရှာကို ဖြုတ်ချလိုက်ပြီလို့ ကျွန်မကြားခဲ့တယ်၊ ပြီးတော့ သူ့ကို အန္တိခရစ်တစ်ယောက်အနေနဲ့ ယူဆခံရပြီး သူ့ကို နှင်ထုတ်ဖို့အတွက် အချက်အလက်တွေကို ပြင်ဆင်နေတယ်လို့လည်း ကြားခဲ့ရတယ်။ ဒီသတင်းကို ကြားတော့ ကျွန်မ လုံးဝ စိတ်ကယောက်ကယက်ဖြစ်သွားပြီး စိတ်ငြိမ်ငြိမ်ထားလို့ မရခဲ့ဘူး။ ကျွန်မ အဲဒါကို လက်ကိုမခံနိုင်ခဲ့ဘူး။ ကျွန်မနဲ့ ချန်ရှာဟာ သခင်ဘုရားကို စတင်ယုံကြည်ကတည်းက သိခဲ့ကြတာပါ၊ နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာလည်း ကျွန်မတို့ အတူတူ တာဝန်ထမ်းဆောင်ခဲ့ကြတယ်။ အဲဒီတုန်းက ချန်ရှာဟာ အရမ်းကို စိတ်အားထက်သန်ခဲ့တယ်။ သူ့ယောက်ကျားက သူ့ရဲ့ယုံကြည်ခြင်းကို တားဆီးခဲ့ပြီး ဒါနဲ့ပတ်သက်ပြီးတော့ သူ မျက်ရည်တွေအများကြီး ကျခဲ့ရတယ်။ နောက်ဆုံးမှာ သူ့ယောက်ျားကို သူ ကွာရှင်းခဲ့တယ်။ ကွာရှင်းပြီးတဲ့နောက်မှာလည်း သူ့တာဝန်တွေကို ဝန်တာထားတဲ့စိတ် အပြည့်နဲ့ ဆက်ပြီးထမ်းဆောင်ခဲ့တယ်။ ချန်ရှာက ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရတာ ဘယ်လောက် နှစ်သက်တယ်ဆိုတာ ကျွန်မ တော်တော်လေး သတိထားမိတယ်။ ကျွန်မ သူနဲ့အတူ ပူးပေါင်းဆောင်ရွက်တုန်းကဆိုရင် သူဟာ ဆောင်းရာသီရဲ့ မနက်စောစောမှာတောင် ထပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ အရေးကြီးတဲ့ ဘုရားနှုတ်ကပတ်တော် အပိုဒ်တချို့ကို မှတ်စုစာအုပ်ထဲမှာတောင် ကူးရေးထားပြီး အားတဲ့အချိန်တိုင်း ထုတ်ဖတ်လေ့ရှိတယ်။ သူက ကျွန်မကို ခဏခဏ ပြောလေ့ရှိတယ်၊ “ငါတို့ ဘုရားနှုတ်ကပတ်တော်တွေကို ပိုဖတ်ရမယ်၊ နှုတ်ကပတ်တော်တွေအပေါ်မှာ အားစိုက်ထုတ်ရမယ်၊ မဟုတ်ရင် ငါတို့တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာ မဟုတ်ဘူး” တဲ့။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “သူက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတာ ဒီလောက်တောင်ကြိုက်တာ၊ ဒါဆို သူက သမ္မာတရားကို လိုက်စားတဲ့သူပဲ ဖြစ်ရမယ်” ပေါ့။ ဒါနဲ့ ကျွန်မစိတ်ထဲမှာ သူ့ကို အရမ်းအထင်ကြီးလေးစားသွားတယ်။ သူက စွန့်လွှတ်စတေးတာတွေလုပ်ပြီး တာဝန်တွေကို ထမ်းဆောင်နိုင်ရုံသာမက ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့လည်း အများကြီး အားစိုက်ထုတ်နိုင်တယ်၊ ဒါနဲ့ပတ်သက်လို့ ငါ သူ့ကို ယှဉ်ကိုမယှဉ်နိုင်ဘူး၊ သူ့ဆီကနေ သင်ယူရမယ်လို့ တွေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မ အခက်အခဲတွေကြုံရတိုင်း၊ ဒါမှမဟုတ် နားမလည်တာတစ်ခုခုရှိတိုင်း သူ့ဆီမှာ မိတ်သဟာယဖွဲ့ပြီး သူ့အမြင်နဲ့ အကြံဉာဏ်တွေကို နားထောင်ချင်ခဲ့တယ်။ နောက်ပိုင်း ချန်ရှာက တခြားနေရာမှာ တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးခံရတဲ့အခါမှာ ကျွန်မ တကယ်ကို ဆုံးရှုံးသွားသလို ခံစားခဲ့ရတယ်၊ ပြီးခဲ့တဲ့နှစ်ကတင် သူက လူတွေကို ရှင်းလင်းထုတ်ပယ်ဖို့ အချက်အလက်တွေ စုစည်းနေခဲ့တာလေ။ အဲဒီကတည်းက အချိန်ဘာမှမကြာလိုက်ဘဲနဲ့ အခု သူ နှင်ထုတ်ခံနေရပြီပေါ့။ တစ်ခုခုများ မှားနေတာလား။ ဒါပေမဲ့ နောက်တော့ အသင်းတော်မှာ လူတွေကို ရှင်းလင်းထုတ်ပယ်တဲ့နေရာမှာ စည်းမျဉ်းတွေရှိပုံနဲ့ အကြောင်းရင်းမရှိဘဲနဲ့ သူ့ကို နှင်ထုတ်ဖို့ အချက်အလက်တွေ ပြင်ဆင်နေမှာ မဟုတ်ဘူးဆိုတာကို တွေးမိတယ်။ ကျွန်မစိတ်နှလုံးက ပြန်ပြောင်းတွေးနေမိပြီး စုဝေးပွဲကို အာရုံမစိုက်နိုင်ခဲ့ဘူး။ ခေါင်းဆောင်က ကျွန်မကို ချန်ရှာအပေါ်သုံးသပ်ချက်ရေးခိုင်းတော့ ကျွန်မလည်း ကိုယ့်အတွေး အစစ်အမှန်ကို ထုတ်မပြောဘဲ မပြတ်မသားနဲ့ သဘောတူလိုက်တယ်။

အိမ်ပြန်ရောက်ပြီး ချန်ရှာအကြောင်းစဉ်းစားမိတော့ စိတ်ထဲမှာ မကောင်းဘူး။ ကျွန်မ တွေးတယ်၊ “ချန်ရှာက အရမ်းစိတ်နှစ်ပြီး သူ့တာဝန်တွေကို ထမ်းဆောင်ဖို့ မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး အားထုတ်ခဲ့ပေမဲ့ အခု သူ အထုတ်ခံရတော့မယ်။ ငါက သူ့လောက် ဒုက္ခမခံခဲ့ရဘူး၊ သူ့လောက်လည်း ကိုယ့်ကိုယ်ကိုယ် အသုံးမခံခဲ့သလို တာဝန်တွေလည်း သူ့လောက် မထမ်းဆောင်ခဲ့ဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို ငါ သူ့လောက် သေချာပေါက် အားမထုတ်ခဲ့ဘူး။ ဒါဟာ ငါလည်း နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရပြီး နှင်ထောင်နှင်ထုတ်ခံရနိုင်တဲ့ သဘောလား” ပေါ့။ ဒီအတွေးတွေကြောင့် ကျွန်မရဲ့ တာဝန်ထမ်းဆောင်ချင်စိတ်တွေ လျော့ကျသွားတယ်။ ညီအစ်မတွေ အလုပ်ကိစ္စဆွေးနွေးနေတာကိုတွေ့တော့ ကျွန်မ မပါဝင်ချင်တော့ဘူး။ အများကြီး အားထုတ်တာ၊ အဖိုးအခပေးတာက အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်။ နောက်ဆုံးမှာ ဘယ်အဆုံးသတ်မျိုးနဲ့ ကျွန်မ ကြုံလိုက်ရမလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီလိုနဲ့ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မဟာ တာဝန်တွေအပေါ်မှာ ဝန်တာထားတဲ့စိတ် ပျောက်ဆုံးသွားခဲ့တယ်။

နောက်ပိုင်းမှာ ကိုယ့်အခြေအနေက မှားနေမှန်း ကျွန်မ သဘောပေါက်လာတော့၊ ဒါနဲ့ပတ်သက်လို့ ဘုရားသခင်ဆီမှာ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့အတွင်းတွင် ၎င်းတို့၏ အချို့သော အယူအဆများ၊ ရှုထောင့်အမြင်များနှင့် ရပ်တည်ချက်တို့ကို မကြာခဏ လွှမ်းမိုးသည့် များစွာသော အတွေးများ၊ စိတ်ကူးများနှင့် အခြေအနေများ ရှိသည်။ ဤအတွေးများ၊ စိတ်ကူးများနှင့် အခြေအနေများကို သမ္မာတရား ရှာဖွေခြင်းမှတစ်ဆင့် တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်လျှင် ယင်းတို့က ဘုရားသခင်နှင့် သင် ဆက်ဆံရေးကို ထိခိုက်လိမ့်မည် မဟုတ်။ ယခုတွင် သင်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိကောင်းရှိနိုင်ပြီး သမ္မာတရားအပေါ် ပေါ့တန်သော နားလည်မှုဖြင့် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ပြီး ဖြစ်သောကြောင့်ဖြစ်စေ၊ အခြား အကြောင်းရင်းအမျိုးမျိုးကြောင့်ဖြစ်စေ သင်သည် အလွန်များသည့် သမ္မာတရားများကို နားမလည်ပေ။ သို့သော် စည်းမျဉ်းတစ်ခုကို သင် သဘောပေါက်သင့်သည်။ အပြင်ပန်းမှ ကြည့်ကောင်းသည်ဖြစ်စေ၊ ကြည့်မကောင်းသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ လူသား အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းကို ကျွန်ုပ် ကျိုးနွံနာခံသင့်သည်။ ကျွန်ုပ်တွင် မှန်သည်လော၊ မှားသည်လောဟူ၍ ဝေဖန်ခွင့်၊ အကဲဖြတ်ခွင့်၊ စိစစ်ခွင့် သို့မဟုတ် လေ့လာပိုင်ခွင့်မရှိပါ။ ကျွန်ုပ် လုပ်ဆောင်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးနောက် ကျွန်ုပ် နားလည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး မှန်သော လမ်းခရီးမှ သွေဖည်မသွားရန် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိမည့် နည်းလမ်း)တကယ့်ဘဝတွင် သင်ကြုံတွေ့ဖူးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် မည်သည့်သမ္မာတရားက ဆက်နွှယ်သည်ကို ဦးစွာ သင် စဉ်းစားရမည်။ ဘုရားသခင်၏ရည်ရွယ်ချက်များကို သင်ရှာတွေ့နိုင်ပြီး သူ့ရည်ရွယ်ချက်များနှင့်ပတ်သက်၍ သင် ကြုံရပြီးဖြစ်သည့်အရာကို ဆက်သွယ်နိုင်သည်မှာ ဤသမ္မာတရားများ၌ ဖြစ်သည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များက သင်ကြုံတွေ့ရသောအရာများနှင့် ဆက်စပ်သည်ကို မသိဘဲ၊ ယင်းအစား ဘုရားသခင်၏ ရည်ရွယ်ချက်များကို တိုက်ရိုက် ရှာဖွေပါက၊ ဤသည်မှာ ရလဒ်များ မရရှိနိုင်သည့် ကျိုးကြောင်းမမြင်သော ချဉ်းကပ်မှုတစ်ခု ဖြစ်သည်။ သင်သည် သမ္မာတရားကို ရှာဖွေလိုပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်လိုပါက၊ ပထမဦးစွာ သင့်ထံ မည်သို့သော အမှုအရာမျိုးများ ဖြစ်ပျက်ပြီးဖြစ်သည်၊ ယင်းတို့သည် သမ္မာတရား၏ မည်သည့် ရှုထောင့်များဖြင့် ဆက်စပ်သည် ဆိုသည်တို့ကို ကြည့်ရန်လိုအပ်ပြီး သင်ကြုံတွေ့ပြီးသည့်အရာနှင့် ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက တိကျသည့် သမ္မာတရားကို ရှာဖွေဖို့လိုအပ်ပေသည်။ ထို့နောက် ထိုသမ္မာတရားထဲတွင် သင့်အတွက် မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို သင်ရှာဖွေလော့။ ဤနည်းဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သွယ်ဝိုက် သိနားလည်ခြင်းအား သင်ရရှိနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်လိုက်တာက ကိုယ့်အယူအဆနဲ့ မကိုက်ညီတဲ့ ကိစ္စတွေကြုံရတဲ့အခါ ဘုရားသခင်ကို ကြောက်ရွံ့တဲ့ စိတ်နှလုံးကို ထိန်းသိမ်းရမယ်၊ အရင်ဆုံး ကျိုးနွံနာခံပြီး ဘုရားသခင်ကို မညည်းညူရဘူး၊ ပြီးတော့ ဒီကိစ္စဟာ သမ္မာတရားစည်းမျဉ်းရဲ့ ဘယ်ကဏ္ဍနဲ့ ဆက်စပ်တယ်ဆိုတာကို ကြည့်ဖို့လိုသလို၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်ဖို့အတွက် အဲဒီကနေ သမ္မာတရားကို ရှာဖွေရမယ် ဆိုတာပါပဲ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စပြီး သုံးသပ်ကြည့်တယ်။ ချန်ရှာ နှင်ထုတ်ခံရမယ်ဆိုတာ ကြားတဲ့အခါ သမ္မာတရားကို ကျွန်မ လုံးဝမရှာဖွေခဲ့ဘူး။ သူက တာဝန်ထမ်းဆောင်ဖို့အတွက် သူ့မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ခဲ့သလို ဘုရားနှုတ်ကပတ်တော်တွေကို အများကြီး အားထုတ်ခဲ့တဲ့အပြင်၊ ခေါင်းဆောင်နဲ့ အမှုဆောင်တစ်ယောက်တောင် ဖြစ်ခဲ့သေးတာဆိုတော့ သူဟာ သမ္မာတရားကို လိုက်စားတဲ့သူပဲလို့ ကျွန်မထင်ခဲ့တယ်။ ဒါကြောင့် မတရားခံရတယ်လို့ ကျွန်မ သူ့ကိုယ်စား ခံစားခဲ့တယ်။ ပြီးတော့ ဘုရားသခင်အပေါ် မကျေနပ်တာတွေ၊ အထင်လွဲတာတွေ စိတ်ထဲထားခဲ့ပြီး ကျွန်မတာဝန်တွေမှာ စိတ်ဝင်စားမှု မရှိတော့ဘူး။ ကျွန်မမှာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့စိတ်နှလုံး လုံးဝမရှိဘူးဆိုတာနဲ့ ကိုယ့်အယူအဆနဲ့ မကိုက်ညီတဲ့ ကိစ္စတွေကြုံရတဲ့အခါ အတိုက်အခံလုပ်တယ်၊ ညည်းညူတယ်၊ သမ္မာတရားကို လုံးဝမရှာဖွေဘူးဆိုတာကို သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ အခြေအနေက အရမ်း အန္တရာယ်များခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မကြားရတာကတော့ သူဟာ လူတွေကို ရှင်းလင်းထုတ်ပယ်ဖို့ အချက်အလက်တွေ စုစည်းတဲ့တာဝန်ကို ထမ်းဆောင်နေတုန်းမှာ အဆင့်အတန်းအတွက် အဖွဲ့ခေါင်းဆောင်နဲ့ ယှဉ်ပြိုင်ဖို့ ညီအစ်ကိုမောင်နှမတွေကို အသေးအဖွဲလေးတွေ ကူညီပေးပြီး ခဏခဏ လာဘ်ထိုးခဲ့တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက အဖွဲ့ခေါင်းဆောင်အပေါ် အပျက်သဘောဆောင်တဲ့ အမြင်တွေဖြစ်အောင် သွေးခွဲစကားတွေလည်း ပြောခဲ့တယ်တဲ့။ သူက လူတိုင်းရှေ့မှာ အဖွဲ့ခေါင်းဆောင်မှာ အသက်ဝင်ရောက်မှု မရှိဘူး၊ လူတွေကို မပိုင်းခြားမသိမြင်နိုင်ဘူး၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်မရှိဘူးလို့ ခဏခဏ ပြောပြီး အဖွဲ့ခေါင်းဆောင်ကို သေးသိမ်အောင် ဒါတွေကို ပြောနေခဲ့တယ်။ ညီအစ်ကို မောင်နှမတွေကို ဝေဖန်ဖို့အတွက် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှု ဖော်ပြတာလေးတွေကို ခဏခဏ ပုံကြီးချဲ့ပြီး တာဝန်တွေအတွက် လူတိုင်းရဲ့ စိတ်အားထက်သန်မှုကို လျော့ကျစေတယ်။ ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေက သူ့ကို ကူညီဖို့ အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပေးခဲ့ပေမဲ့ သူက ကိုယ့်ကိုယ်ကိုယ် လုံးဝမသိဘဲ သူ့လုပ်ရပ်တွေကိုပဲ ခုခံကာကွယ်ပြောဆိုခဲ့တယ်။ သူ့ရဲ့အပြုအမူတွေအကြောင်း ကြားပြီးတဲ့နောက်မှာ ချန်ရှာမှာ ပြဿနာတွေရှိမှန်း ကျွန်မ သဘောပေါက်သွားပြီး သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တုန်းက သူ့ရဲ့အပြုအမူတွေကို ပြန်သတိရမိတယ်။ ၂၀၁၂ ခုနှစ် အသင်းတော် ရွေးကောက်ပွဲတုန်းက ချန်ရှာရော၊ အစ်မ ဝမ်ဟွေရော ခေါင်းဆောင်တွေအဖြစ် ရွေးကောက်ခံခဲ့ရတယ်။ အစ်မဝမ်ဟွေက နည်းနည်း ပိုညံ့တဲ့ အစွမ်းအစ ရှိပေမဲ့၊ တာဝန်တွေအပေါ်မှာ ဝန်တာထားတဲ့စိတ်ရှိပြီး ပြဿနာတချို့ကို ဖြေရှင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ ချန်ရှာကတော့ သူ့စကားကို ပိုနားထောင်တဲ့ တခြားအစ်မတစ်ယောက်ကို ခေါင်းဆောင်ဖြစ်စေချင်ခဲ့တယ်။ ဒီရည်မှန်းချက်ကို ပြည့်ဖို့အတွက် ချန်ရှာက ဝမ်ဟွေရဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး အကြီးအကျယ် ချဲ့ကားပြောဆိုတယ်၊ ဝမ်ဟွေက သူ့ရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကြောင့် ခေါင်းဆောင်လုပ်ဖို့ မသင့်တော်ဘူးလို့ ပြောပြီးညီအစ်ကိုမောင်နှမတွေရှေ့မှာ သေးသိမ်အောင်လုပ်ခဲ့တယ်။ သူက ဝမ်ဟွေ့ကို အစွမ်းအစမရှိလို့ နုတ်ထွက်သင့်တယ်လို့တောင် တဲ့တိုး ပြောခဲ့တယ်။ ဝမ်ဟွေ နုတ်မထွက်တာကို မြင်တော့ ချန်ရှာက ညီအစ်ကိုမောင်နှမတွေရှေ့မှာ စပြီး ပြဿနာရှာတယ်။ ဝမ်ဟွေဟာ ရာထူးကို အရမ်းတွယ်တာတယ်၊ အစွမ်းအစမရှိဘဲနဲ့တောင် ရာထူးကို စွန့်လွှတ်ဖို့ တွန့်ဆုတ်နေတယ်လို့ ပြောခဲ့တယ်။ ညီအစ်ကိုမောင်နှမတချို့ဟာ ချန်ရှာရဲ့ အထင်အမြင်မှားအောင်လုပ်တာ ခံရပြီး သူ့ဘက်ကနေ ဝမ်ဟွေဟာ ခေါင်းဆောင်လုပ်ဖို့ မသင့်တော်ဘူးလို့ ပြောကြတဲ့အပြင် နောက်ထပ် ရွေးကောက်ပွဲလုပ်ဖို့ တောင်းဆိုခဲ့ကြတယ်။ ဒါကြောင့် အသင်းတော်မှာ ပရမ်းပတာဖြစ်ခဲ့ပြီး ဝမ်ဟွေလည်း အပျက်သဘောဆောင်တဲ့ အခြေအနေထဲမှာ ကျန်ခဲ့ရတယ်။ ဒါ့အပြင် ၂၀၁၃ ခုနှစ်မှာ ချန်ရှာ ခေါင်းဆောင်လုပ်နေတုန်းက တာဝန်ထမ်းဆောင်ရာမှာ ခေါင်းဆောင်ပိုင်းက စည်းမျဉ်းတွေအပေါ် ဆန့်ကျင်ပြုမူနေတာကို ညီအစ်ကိုတစ်ယောက်က သတိပြုမိပြီး အကြံဉာဏ်တစ်ခုပေးခဲ့တယ်။ ဒါပေမဲ့ ချန်ရှာက ဒါကိုသိသွားတဲ့အခါ ဒီလူကို စောင့်ကြည့်ထားဖို့၊ သူပြောသမျှကို မှတ်တမ်းတင်ထားဖို့၊ ဒါမှ နောက်ပိုင်းမှာ သူ့ကို ရှင်းလင်းထုတ်ပယ်ဖို့ အချက်အလက်တွေ စုစည်းတဲ့အခါ သက်သေအဖြစ် သုံးလို့ရမယ်လို့ သူ့ရဲ့ တွဲဖက်ကို ပြောခဲ့တယ်။ ခေါင်းဆောင်ပိုင်းကို ဝေဖန်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့အတွက် ချန်ရှာက ဒီညီအစ်ကိုကို ရှုတ်တောင်ရှုတ်ချခဲ့တယ်။ ဒီစကားကိုကြားပြီးတဲ့နောက်မှာ ညီအစ်ကိုမောင်နှမတွေက ရှုတ်ချခံရမှာ၊ နှင်ထုတ်ခံရမှာကို စိုးပြီး ခေါင်းဆောင်တွေကို အကြံဉာဏ်မပေးရဲကြတော့ဘူး။ နောက်ပိုင်းမှာ ချန်ရှာဟာ ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် ပြိုင်ဆိုင်တာ၊ အလုပ်လုပ်တဲ့အခါ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတိုင်ပင်တာ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံဉာဏ်တွေကို ခဏခဏ ပယ်ချပြီး ကိုယ်ပိုင်ဩဇာအာဏာနဲ့ ပြုမူနေတာတွေကြောင့် အသင်းတော်အလုပ်ကို ထိခိုက်စေခဲ့လို့ တာဝန်ကနေ ဖြုတ်ချခံခဲ့ရတယ်။

ချန်ရှာရဲ့ အပြုအမူ အတော်များများကို နှိုင်းယှဉ်ကြည့်ရင်းနဲ့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဆက်ပြီးရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်တို့သည် သမ္မာတရား လိုက်စားသူများကို မည်သို့ ကြဉ်ထားပြီး တိုက်ခိုက်ကြသနည်း။ ၎င်းတို့သည် အခြားလူတို့ကိုတိုက်ခိုက်ရန်၊ ရှုတ်ချရန်၊ အထင်အမြင်မှားစေရန်အတွက် ကျိုးကြောင်းသင့်ပြီး မှန်ကန်သည်ဟု အခြားလူများက မြင်သော နည်းလမ်းများကို မကြာခဏ အသုံးပြုပြီး နိုင်ကွက်ရရန် သမ္မာတရားအကြောင်း ငြင်းခုံဆွေးနွေးမှုများကိုပင် အသုံးပြုကြသည်။ ဥပမာအားဖြင့် အန္တိခရစ်များက ၎င်းတို့၏ တွဲဖက်များသည် သမ္မာတရားကို လိုက်စားသော လူများဖြစ်ပါက ၎င်းတို့အဆင့်အတန်းကို သူတို့ခြိမ်းခြောက်နိုင်သည်ဟု ထင်သဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး လူတို့ကို ၎င်းတို့အား အထင်ကြီးအောင် ပြုလုပ်ရန်အတွက် ထိုအန္တိခရစ်သည် အဆင့်မြင့်သော တရားဒေသနာများကို ဟောပြောပြီး ဝိညာဉ်ရေးရာသဘောတရားများကို ဆွေးနွေးကြလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်များနှင့် တွဲဖက်အမှုဆောင်များကို သေးသိမ်အောင်ပြုလုပ်ပြီး ဖိနှိပ်နိုင်ကြကာ လူတို့အား ၎င်းတို့ခေါင်းဆောင်၏ တွဲဖက်များက သမ္မာတရားကို လိုက်စားသောသူများ ဖြစ်သော်လည်း အစွမ်းအစ၊ အရည်အချင်းနှင့် ပတ်သက်လျှင် ၎င်းတို့သည် ၎င်းတို့၏ ခေါင်းဆောင်နှင့် တန်းတူညီခြင်းမရှိဟု ခံစားရစေရန် ပြုလုပ်နိုင်ကြသည်။ လူအချို့က ‘ကျွန်ုပ်တို့ခေါင်းဆောင်၏ တရားဒေသနာများက အဆင့်မြင့်ပြီး မည်သူကမျှ မယှဉ်နိုင်’ ဟုပင် ပြောကြသည်။ အန္တိခရစ်တစ်ဦးအတွက် ဤသို့သော မှတ်ချက်မျိုးကို ကြားရခြင်းက အလွန့်အလွန် ကျေနပ်ဖွယ်ရာဖြစ်သည်။ ၎င်းတို့က ‘သင်သည် ကျွန်ုပ်၏ တွဲဖက်ဖြစ်သည်။ သင်၌ သမ္မာတရား စစ်မှန်မှုအချို့ မရှိသလော။ သင်သည် အဘယ့်ကြောင့် ကျွန်ုပ်ကဲ့သို့ နှုတ်ရေးကောင်းခြင်းဖြင့်လည်းကောင်း၊ မြင့်မြတ်ခြင်းဖြင့်လည်းကောင်း စကားမပြောနိုင်ရသနည်း။ သင်သည် ယခုအခါ ကမ်းကုန်အောင် အရှက်ကွဲပြီဖြစ်သည်။ သင့်တွင် အရည်အချင်းမရှိပေ။ သို့တိုင်အောင် ကျွန်ုပ်နှင့် ယှဉ်ပြိုင်ရဲသလော’ ဟူ၍ မိမိတို့ဘာသာ စဉ်းစားကြသည်။ ဤသည်မှာ အန္တိခရစ်များက စဉ်းစားသောအရာဖြစ်သည်။ အန္တိခရစ်၏ ပန်းတိုင်မှာ အဘယ်နည်း။ ၎င်းတို့သည် အခြားလူတို့ကို ဖိနှိပ်ရန်၊ သေးသိမ်စေရန်၊ အခြားလူတို့အထက်တွင် မိမိတို့ကိုယ်ကို ထားရှိရန် တတ်နိုင်သမျှ နည်းလမ်းတိုင်းကို စမ်းသပ်ကြသည်။...အန္တိခရစ်တစ်ဦးက အသင်းတော်ထဲ၌ အမုန်းဆုံးသောသူတို့မှာ သမ္မာတရားကို လိုက်စားသော၊ အထူးသဖြင့် အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်ပြီး တိုင်ကြားဝံ့မည့် တရားမျှတစိတ်ရှိသော လူတို့ပင် ဖြစ်ကြသည်။ အန္တိခရစ်တစ်ဦးက ထိုသို့သောလူတို့ကို သူ၏မျက်လုံးထဲမှ တံကျင်များအဖြစ်၊ သူ၏နံဘေးထဲမှ ဆူးများအဖြစ် ရှုမြင်ကြသည်။ အကယ်၍ သူသည် သမ္မာတရားကို လိုက်စားပြီး မိမိ၏တာဝန်အား လိုလိုလားလား ထမ်းဆောင်သောသူ တစ်ဦးကို တွေ့ရှိသွားလျှင် သူ၏စိတ်နှလုံးထဲ၌ ချစ်ခြင်းမေတ္တာ တစ်စက်မျှမရှိဘဲ မလိုမုန်းထားမှုနှင့် ရန်လိုမှုတို့ ပေါ်လာသည်။ အန္တိခရစ်တစ်ဦးသည် သမ္မာတရားကို လိုက်စားသောလူတို့၌ အခက်အခဲများ ရှိပါစေ သို့မဟုတ် အဘယ်သို့ အားနည်းပြီး အပျက်သဘောဆောင်ကောင်း ဆောင်ပါစေ မကူညီရုံ သို့မဟုတ် အားမပေးရုံသာမဟုတ်၊ ယင်းကို ဘေးချိတ်ရုံ ဘေးချိတ်ထားမည် မဟုတ်ပေ။ ထိုအစား ထိုကိစ္စနှင့်ပတ်သက်၍ သူသည် ကျိတ်၍ ပျော်နေမည် ဖြစ်သည်။ ထို့ပြင် တစ်စုံတစ်ယောက်က ထိုသူတို့အပေါ် စွပ်စွဲချက်များ ပြုခဲ့ပြီး သို့မဟုတ် ထိုသူတို့အား ဖော်ထုတ်ခဲ့ပြီးဖြစ်ပါက ထိုသူတို့ကို ပညာပြရန်၊ ထိုသူတို့ကို ပြစ်တင်ရှုတ်ချရန်၊ ထိုသူတို့ ရှေ့ဆက်စရာလမ်းမရှိအောင် ထားရန်နှင့် နောက်ဆုံးတွင် ထိုသူတို့သည် မိမိတို့၏တာဝန်ကို မထမ်းဆောင်နိုင်လောက်အောင် လွန်စွာ အပျက်သဘောဆောင်စေရန် ပြစ်မှုမျိုးစုံဖြင့် ထိုသူတို့ကို စွပ်စွဲလျက် ထိုသူတို့ ရေနစ်စဉ်တွင် ဝါးကူထိုးဖို့ အခွင့်အရေးကို အသုံးချမည်ဖြစ်သည်။ ထိုအခါ အန္တိခရစ်သည် မိမိကိုယ်ကို ဂုဏ်ယူလာပြီး ထိုသူ၏ ကံဆိုးခြင်းအဖြစ်၌ စတင်ပျော်မြူးလေသည်။ ဤအရာမျိုးသည် အန္တိခရစ်များ အကျွမ်းကျင်ဆုံး အရာဖြစ်၏။ သမ္မာတရားကို လိုက်စားသောသူတို့အားဖယ်ကြဉ်ကာ တိုက်ခိုက်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းသည် ၎င်းတို့၏ အကြီးမားဆုံးသော ကျွမ်းကျင်မှုပင် ဖြစ်သည်။...အချုပ်အားဖြင့် အန္တိခရစ်များ၏ ဤသရုပ်သကန်များကို အခြေခံ၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ခြင်း သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်း၌ လူတို့အား ဦးဆောင်ခြင်း မရှိသည့်အပြင် ၎င်းတို့သည် လူတို့အား ရေလောင်းပေးခြင်း သို့မဟုတ် ထောက်ပံ့ကျွေးမွေးခြင်း၊ ၎င်းတို့အား သမ္မာတရားကို ရရှိခွင့်ပေးခြင်း မရှိသောကြောင့် ၎င်းတို့သည် ခေါင်းဆောင်မှုတာဝန်ကို ထမ်းဆောင်နေကြခြင်း မရှိဟု ငါတို့ သတ်မှတ်နိုင်မည်ဖြစ်သည်။ ထိုအစား ၎င်းတို့သည် အသင်းတော်အသက်တာကို အနှောင့်အယှက်ပြုပြီး အဖျက်အမှောင့်လုပ်သည်၊ အသင်းတော်၏အလုပ်ကို ဖြိုဖျက်ပြီး ဖျက်ဆီးသည်၊ ပြီးလျှင် သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းရရှိခြင်းဟူသည့် လမ်းကြောင်းပေါ်ရောက်ဖို့ လူတို့ကို ဟန့်တားသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို လမ်းလွဲစေဖို့နှင့် ၎င်းတို့ကို ကယ်တင်ခြင်းပေးအပ်ခံရဖို့ အခွင့်အရေးအား ဆုံးရှုံးစေဖို့ အလိုရှိသည်။ ဤသည်မှာ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းဖြင့် အန္တိခရစ်များ စွမ်းဆောင်ရရှိလိုသည့် အဆုံးစွန်သော ရည်မှန်းချက်ပန်းတိုင် ဖြစ်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည်) အန္တိခရစ်တွေဟာ အသင်းတော်မှာ အုပ်စိုးဖို့ ကြိုးစားကြတယ်၊ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိတဲ့သူတွေကို လှည့်ဖြားဖို့ အယူဝါဒတွေ၊ စကားလုံးတွေကို သုံးတယ်၊ ပြီးတော့ သမ္မာတရားကို လိုက်စားတဲ့သူတွေကို တိုက်ခိုက်ဖို့၊ ဖယ်ကြဉ်ဖို့ ဘာမဆိုလုပ်ကြတယ်လို့ ဘုရားက ဖော်ထုတ်တယ်။ သူတို့က သူတို့ကို အကြံဉာဏ်ပေးတဲ့သူတွေကိုတောင် မုန်းတီးကြတယ်။ ဒီလူတွေကို အတားအဆီးတွေအနေနဲ့ သဘောထားပြီး သူတို့ရဲ့ အားနည်းချက်တွေ၊ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြတာတွေကို အမိအရအသုံးချပြီး ပုံကြီးချဲ့တယ်၊ တမင်တကာ သေးသိမ်အောင်လုပ်တယ်၊ ဝေဖန်တယ်၊ မတရား တံဆိပ်ကပ်ကြတယ်။ ဒါကြောင့် ဒီညီအစ်ကိုမောင်နှမတွေက နောက်ဆုံးမှာ သူတို့တာဝန်တွေ မထမ်းဆောင်နိုင်အောင် အရမ်း အပျက်သဘောဆောင်လာတဲ့အထိ ဘေးဖယ်ထားခံရပြီး ဖိနှိပ်ခံခဲ့ရတယ်။ ဒီလိုနဲ့ အန္တိခရစ်တွေရဲ့ ရည်မှန်းချက်တွေ ပြည့်သွားပြီး အသင်းတော်မှာ သူတို့ကြိုက်သလို အာဏာစွဲကိုင်ခွင့်ရသွားကြတယ်။ ချန်ရှာကလည်း အဲဒီအတိုင်းပဲ ပြုမူခဲ့တာ။ သူက အသင်းတော်မှာ အုပ်စိုးဖို့ ကြိုးစားခဲ့တယ်၊ ဝမ်ဟွေကို သေးသိမ်စေဖို့ သူ့ရဲ့ အားနည်းချက်တွေကို တမင် အမိအရအသုံးချတယ်၊ ဝေဖန်ပြီး တိုက်ခိုက်ခဲ့တယ်၊ ဝမ်ဟွေကို အရှက်ရပြီး နုတ်ထွက်သွားအောင် ကြိုးစားခဲ့တယ်။ အဲဒီလိုလုပ်ဖို့အတွက် ဝမ်ဟွေကို ဆန့်ကျင်ပြီး သူ့ဘက်မှာနေဖို့ ညီအစ်ကိုမောင်နှမတွေကို အထင်အမြင်မှားအောင်လုပ်ခဲ့တယ်။ ချန်ရှာ အသင်းတော်ခေါင်းဆောင်လုပ်တုန်းကလည်း တစ်ယောက်ယောက်က သူ့ရာထူးကို ထိခိုက်စေတဲ့ အကြံတွေ ပေးမိရင်၊ အဲဒီလူကို ညှဉ်းဆဲဖို့ သူနည်းလမ်းရှာတယ်၊ အဲဒီလူကို ရှင်းလင်းပစ်ဖို့ ကြိုးစားတဲ့အနေနဲ့ မတရားတဲ့ စွပ်စွဲချက်တွေနဲ့ တံဆိပ်ကပ်သတ်မှတ်ခဲ့တယ်။ သူ့ကို တာဝန်အသစ် ပြန်ချပေးပြီးတဲ့နောက်မှာ အဖွဲ့ခေါင်းဆောင်ကို အစားထိုးဖို့အတွက် အဖွဲ့ခေါင်းဆောင်ကို သေးသိမ်အောင်လုပ်ဖို့၊ ဝေဖန်ပြီး တိုက်ခိုက်ဖို့အတွက် သူ့ရဲ့ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြတာတွေကို ခဏခဏ အမိအရအသုံးချတယ်၊ အဖွဲ့ခေါင်းဆောင်ကို ဖယ်ကြဉ်ဖို့အတွက် သူ့ဘက်မှာနေအောင် လူတွေကို အထင်အမြင်မှားအောင် လုပ်ခဲ့တယ်။ ဒါတွေက အလုပ်ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်ခဲ့တယ်။ အဆင့်အတန်းအတွက် ချန်ရှာရဲ့ ရက်စက်တဲ့ ရည်မှန်းချက်ကို မြင်တော့ သူ့ရဲ့စကားတွေ၊ လုပ်ရပ်တွေက တကယ်တမ်း ဘယ်လို မသိမသာ အန္တရာယ်ပေးတတ်တယ်၊ ကောက်ကျစ်ပြီး မလိုမုန်းထားတယ်ဆိုတာကို ကျွန်မ မြင်ခဲ့ရတယ်။ ခေါင်းဆောင်တွေက သူ့လုပ်ရပ်တွေရဲ့ အနှစ်သာရနဲ့ အဲဒါတွေကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို စိတ်ဖြာလေ့လာခဲ့ကြပေမဲ့ သူက ဒါကို လက်ခံဖို့ ငြင်းဆန်သလို ပြန်ငြင်းပြီး ကိုယ့်ကိုယ်ကို မှန်ကြောင်း ပြနေခဲ့တယ်။ ဒါဟာ ကိုယ်ရေးကိုယ်တာ အငြင်းပွားမှု သက်သက် မဟုတ်ဘူး၊ အဲဒါထက် ဒီကိစ္စမှာ သူက မကောင်းမှုကိုလုပ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်နေတဲ့အပြင် ဘုရားသခင်ကို အဆုံးထိ ဆန့်ကျင်နေတာပဲ။ ချန်ရှာရဲ့ ပြဿနာတွေဟာ ဆိုးရွားတယ်ဆိုတာနဲ့ သူဟာ အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တဲ့ အန္တိခရစ်တစ်ယောက်ပဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ကျွန်မ ဘယ်လောက်တောင် မိုက်မဲပြီး မျက်စိကန်းခဲ့တယ်၊ ဘယ်လောက်တောင် အရမ်းကို နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခဲ့တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မက တကယ်ကို ဒီအန္တိခရစ်အတွက် ရပ်တည်ပေးခဲ့ပြီး အပျက်သဘောဆောင်တဲ့ အခြေအနေနဲ့ အထင်လွဲမှုတွေထဲမှာ ကျွန်မ နေနေတာကြောင့် ကျွန်မရဲ့ တာဝန်တွေ နှောင့်နှေးခဲ့တယ်။ ကျွန်မ နောင်တရဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့ပြီး ချန်ရှာရဲ့ မကောင်းတဲ့လုပ်ရပ်တွေကို အသင်းတော်ဆီ တိုင်ကြားခဲ့တယ်။ နောက်ဆုံးမှာတော့ စည်းမျဉ်းတွေအရ လူတိုင်းက ချန်ရှာဟာ အန္တိခရစ်တစ်ယောက်ဖြစ်တယ်လို့ ဆုံးဖြတ်ပြီး သူ့ကို အသင်းတော်ကနေ နှင်ထုတ်ခဲ့ကြတယ်။

နောက်ပိုင်းမှာ ဒီကိစ္စကို ကျွန်မ ခဏခဏ ပြန်ဆင်ခြင်သုံးသပ်မိတယ်၊ “ငါ ချန်ရှာနဲ့ နှစ်တွေအများကြီး ဆက်ဆံခဲ့တာ၊ ဘယ်လိုဖြစ်လို့ သူ့အပေါ်မှာ ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝမရှိခဲ့ရတာလဲ။ ငါက သူ့ကို သမ္မာတရားကို လိုက်စားတဲ့သူလို့တောင် ထင်ခဲ့ပြီး အထင်ကြီးလေးစား၊ ကိုးကွယ်ခဲ့သေးတာ” လို့ တွေးမိတယ်။ ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော် အပိုဒ်နှစ်ပိုဒ်ကို ဖတ်ခဲ့ရပြီး အဲဒီကနေ ဒီကိစ္စနောက်ကွယ်က အကြောင်းရင်းကို ကျွန်မ ရှာတွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အချို့လူတို့သည် အခက်အခဲများကို သည်းခံနိုင်ခြင်း၊ အဖိုးအခကို ပေးနိုင်ခြင်း၊ အပြင်ပန်းတွင် အလွန်ဣန္ဒြေရခြင်း၊ ကောင်းစွာ လေးစားခံရခြင်း ရှိကြပြီး အခြားသူများ၏ လေးစားမှုကို အကျိုးခံစားကြသည်။ ဤကဲ့သို့ အပြင်ပန်း အပြုအမူမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အဖြစ် ယူဆနိုင်သည်ဟု သင်တို့ဆိုမည်လော။ လူတစ်ဦးက ဤသို့သော လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းနေသည်ဟု ဆုံးဖြတ်နိုင်သလော။ လူတို့သည် ဤကဲ့သို့ လူပုဂ္ဂိုလ်မျိုးကို မြင်ရပြီး ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေသည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော လမ်းကြောင်းကို လျှောက်လှမ်းကြသည်၊ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ကြသည်ဟု ကြိမ်ဖန်များစွာ ထင်ကြသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အဘယ်ကြောင့် ဤကဲ့သို့ တွေးကြသနည်း။ ၎င်းအတွက် ရှင်းပြချက် တစ်ခုသာ ရှိသည်။ ယင်းမှာ မည်သည့်ရှင်းပြချက်နည်း။ ယင်းမှာ မြောက်မြားစွာသော လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေခြင်းနှင့်၊ သမ္မာတရား စစ်မှန်မှု အမှန်တကယ်ရှိခြင်းမှာ အဘယ်နည်း ဟူသော မေးခွန်းတချို့က သိပ်မရှင်းလင်းခြင်းပင် ဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ အထင်အမြင်မှားစေခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ စကားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူ့သဘာဝအနှစ်သာရကို မည်သည့်အခါမျှ ပိုင်းခြားသိမြင်ခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် မရင်းနှီးသေးသည့် အခြေအနေမှနေ ရင်းနှီးကျွမ်းဝင်လာသည်အထိ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ)ဘုရားနှုတ်ကပတ်တော်အပေါ် အန္တိခရစ်များ၏ အားစိုက်ထုတ်မှုနှင့် သမ္မာတရားကို လိုက်စားသူတို့၏ အားစိုက်ထုတ်မှု ကြားတွင် ကွာဟချက်မှာ အဘယ်နည်း။ (ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်က ကွဲပြားသည်။ အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်လည်းကောင်း၊ ၎င်းတို့၏ တစ်ကိုယ်ရေ ရည်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက်လည်းကောင်း ဘုရားနှုတ်ကပတ်တော်အပေါ် အားစိုက်ထုတ်သည်။) အန္တိခရစ်များက ဘုရားနှုတ်ကပတ်တော်အပေါ် မည်သည့် အားစိုက်ထုတ်မှုကို ပြုသနည်း။ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများနှင့် ကိုက်ညီသည့် ဘုရားနှုတ်ကပတ်တော် အပိုင်းများကို ကျက်မှတ်သည်။ လူသား ဘာသာစကားကို အသုံးပြုပြီး ဘုရားနှုတ်ကပတ်တော်များကို ရှင်းပြတတ်ရန် သင်ယူသည်။ ပြီးလျှင် အချို့သော ဝိညာဉ်ရေးရာ မှတ်စုများနှင့် အသိအမြင်များကို ရေးသည်။ လူသားအယူအဆများနှင့် အတော်အတန် ကိုက်ညီသည်ဟု လူတို့ ယုံကြည်သည့်အရာများ၊ ဘုရားသခင်၏ စကားပြောသံ ရှိသည်ဟု အလွယ်တကူ မြင်သည့်အရာများ၊ နက်နဲမှုများနှင့်ပတ်သက်သော စကားအချို့၊ အသင်းတော်တွင် အချိန်ကာလတစ်ခုအထိ လူသိများပြီး မကြာခဏ တရားဟောသော ဘုရားနှုတ်ကပတ်တော်အချို့တို့ကဲ့သို့သောအရာများ ဖြစ်သည့် ဘုရားသခင်၏ အမျိုးမျိုးသော ပြောဆိုချက်များကိုလည်း အဆီအနှစ်ထုတ်သည်၊ အနှစ်ချုပ်သည်၊ စီစဉ်သည်။ ကျက်မှတ်ခြင်း၊ စီစဉ်ခြင်း၊ အနှစ်ချုပ်ခြင်း၊ အသိအမြင်များ ရေးခြင်းအပြင် တစ်မျိုးတစ်မည်ဖြစ်နေသော လှုပ်ရှားမှုအချို့အပါအဝင် နောက်ထပ်အရာများ ရှိသည်မှာ အမှန်ပင် ဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့၏ အဆင့်အတန်း ရရှိဖို့၊ ၎င်းတို့၏ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့၊ အသင်းတော်ကို ထိန်းချုပ်ခြင်းနှင့် ဘုရားဖြစ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ဖို့အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည်ဖြစ်သည်။ သူတို့သည် မြင့်မြတ်သော တရားဒေသနာများကို ဟောကြားနိုင်ရန် လိုအပ်သည့် အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ကြရန်အလို့ငှာ မကြာခဏ ညဉ့်နက်သည်အထိ အလုပ်လုပ်ကြပြီး အရုဏ်တက်ချိန်တွင် နိုးထကြလျက် မိုးမလင်းမီအချိန်များတွင် မိမိတို့၏ တရားဒေသနာများကို လေ့ကျင့်ကြသည့်အပြင် အခြားသူများ ပြောဆိုခဲ့သည့် ထူးမြတ်သော အရာများကိုလည်း မှတ်သားထားကြလေသည်။ ၎င်းတို့သည် မည်သည့် ဘုရားနှုတ်ကပတ်တော်က ရွေးချယ်ရန် အသုံးဝင်ဆုံးဖြစ်မည်ကို ချင့်ချိန်စဉ်းစားလျက် ဤအဆင့်မြင့်သော တရားဒေသနာများအား မည်သို့ဟောရမည်ကို နေ့စဉ် တွေးတောသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ရွေးချယ်ထားသောလူများကြားတွင် လေးစားခြင်းနှင့် ချီးမွမ်းခြင်းကို လှုံ့ဆော်ပြီး ထို့နောက်တွင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ အလွတ်ကျက်မှတ်ကြသည်။ ထို့နောက်တွင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့၏ ဉာဏ်အမြော်အမြင်ကြီးမှုနှင့် ဉာဏ်ထက်မြက်ခြင်းတို့ကို ထင်ရှားစေသည့် နည်းလမ်းဖြင့် မည်သို့အဓိပ္ပာယ် ဖွင့်ဆိုရမည်ကို ၎င်းတို့ ဆင်ခြင်စဉ်းစားကြသည်။ ၎င်းတို့စိတ်နှလုံးတွင် ဘုရားနှုတ်ကပတ်တော်ကို အလွန် စွဲမှတ်သွားရန်အတွက် ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို အကြိမ်အတန်ငယ်ပို၍ နားထောင်ရန် ကြိုးပမ်းကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို ကောလိပ်၌ နေရာတစ်ခုအတွက် ယှဉ်ပြိုင်နေသည့် ကျောင်းသားများ၏ အားထုတ်မှုများကဲ့သို့ လုပ်ဆောင်ကြသည်။ တစ်စုံတစ်ဦးက ဒေသနာကောင်းတစ်ခု ဟောကြားသည့်အခါ သို့မဟုတ် အလင်းပေးခြင်းအချို့ သို့မဟုတ် သဘောတရားအချို့ပေးသည့် ဒေသနာတစ်ခု ဟောကြားသည့်အခါ၊ အန္တိခရစ်သည် ယင်းကို စုစည်းပြုစုကာ ၎င်းတို့၏ကိုယ်ပိုင် ဒေသနာအဖြစ် ပြုလုပ်ကြမည် ဖြစ်သည်။ မည်သည့်အားထုတ်မှု ပမာဏမျှ အန္တိခရစ်တစ်ဦးအတွက် ကြီးမားလွန်းခြင်း မရှိပေ။ သို့ဆိုလျှင် ၎င်းတို့၏ ဤအားထုတ်မှု နောက်ကွယ်မှ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်တို့မှာ အဘယ်နည်း။ အခြားသူများက အန္တိခရစ်သည် မိမိတို့ထက် ပိုဝိညာဉ်ရေးဆန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုတန်ဖိုးထားသည်၊ ဘုရားသခင်ကို ပိုချစ်သည်ဟု မြင်ကောင်းမြင်နိုင်စေဖို့အလို့ငှာ ယင်းက ဘုရားနှုတ်ကပတ်တော်များကို ဟောကြားနိုင်ဖို့၊ ရှင်းလင်းပြီး အလွယ်တကူ ပြောနိုင်ဖို့၊ ယင်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်ဖို့ ဖြစ်ပေသည်။ ဤနည်းအားဖြင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့အနီးအနားရှိ လူအချို့၏ လေးစားအားကျမှုနှင့် ကြည်ညိုမှုကို ရရှိနိုင်သည်။ အန္တိခရစ်တစ်ဦးအနေဖြင့် ဤအရာမှာ လုပ်ဖို့ အကျိုးရှိသည့်အရာ၊ မည်သည့်ကြိုးစားအားထုတ်မှု၊ အဖိုးအခ၊ သို့မဟုတ် ဆင်းရဲဒုက္ခမဆို ထိုက်တန်သည်ဟု ခံစားရလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက် ကျွန်မ သဘောပေါက်လိုက်တာကတော့ ကျွန်မမှာ မှားယွင်းတဲ့ ရှုထောင့်တစ်ခုရှိနေခဲ့လို့ ချန်ရှာကို အထင်ကြီးလေးစားပြီး သမ္မာတရားကို သူလိုက်စားခဲ့တယ်လို့ ထင်ခဲ့တယ်ဆိုတာပါပဲ။ ကျွန်မက စွန့်လွှတ်စတေးတာတွေ လုပ်တဲ့သူ၊ ကိုယ့်ကိုယ်ကို အသုံးခံပြီး ကြိုးစားအလုပ်လုပ်တဲ့သူ၊ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့နေရာမှာ အများကြီး အားစိုက်ထုတ်တဲ့သူတွေကို လက်တွေ့ကျမှုရှိပြီး သမ္မာတရားကို အမှန်တကယ် လိုက်စားတဲ့သူတွေအဖြစ် ရှုမြင်ခဲ့တယ်။ အခုတော့ ကျွန်မ နားလည်သွားပြီ၊ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာ၊ စွန့်လွှတ်စတေးတာတွေ လုပ်တာ၊ ကိုယ့်ကိုယ်ကို အသုံးခံတာ၊ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးတာတွေ သက်သက်က အပြုအမူကောင်းတွေသာ ဖြစ်ပြီး အဲဒါက ဒီလူဟာ သမ္မာတရားကို အမှန်တကယ် လိုက်စားတဲ့သူ၊ လက်တွေ့လုပ်ဆောင်တဲ့သူလို့ မဆိုလိုပါဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့နေရာမှာ အများကြီး အားစိုက်ထုတ်တယ်ဆိုတာကလည်း ဒီလူဟာ ဘုရားနှုတ်ကပတ်တော်တွေကို တန်ဖိုးထားမြတ်နိုးတယ်၊ ဒါမှမဟုတ် သမ္မာတရားကို ချစ်မြတ်နိုးတယ်လို့ မဆိုလိုပါဘူး။ ဒါကို လူတစ်ယောက်က သူ့ရဲ့လုပ်ရပ်တွေမှာရှိတဲ့ ရည်ရွယ်ချက်တွေ၊ ဘုရားနှုတ်ကပတ်တော်တွေကို သူ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုတာနဲ့ သူ့ရဲ့ အသက်စိတ်သဘောထား ပြောင်းလဲမှုရှိမရှိဆိုတာတွေအပေါ် အခြေခံပြီး အကဲဖြတ်ရမှာပါ။ ဘုရားသခင်ကို ယုံကြည်ပြီးတဲ့နောက်မှာ ချန်ရှာက အသင်းတော်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အခက်အခဲတွေကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေဟာ ဘုရားသခင်ကို ကျေနပ်စေဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဟုတ်ဘဲ၊ တခြားသူတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ကိုးကွယ်မှုကို ရဖို့အတွက် နာမည်ဂုဏ်သတင်းနဲ့ ရာထူးကို လိုက်စားခဲ့တာပါ။ ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ ချန်ရှာဟာ မိုးမလင်းခင်ကတည်းကထပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ တစ်ခါတလေ ညဉ့်နက်တဲ့အထိတောင် နေပြီး ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်၊ ကူးရေးတယ်၊ အလွတ်ကျက်မှတ်တယ်။ သူဟာ ဘုရားနှုတ်ကပတ်တော်တွေအပေါ်မှာ အများကြီး အားစိုက်ထုတ်ခဲ့ပေမဲ့ သူ့ရဲ့ နောက်ကွယ်က တကယ့်ရည်ရွယ်ချက်ကတော့ သူ့ရဲ့ရာထူးအတွက်ပါပဲ။ သူက ဘုရားနှုတ်ကပတ်တော်တွေကို နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းရဖို့အတွက် တန်ဆာပလာတစ်ခုအနေနဲ့ သုံးခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ အထင်ကြီးလေးစားမှုနဲ့ ကိုးကွယ်မှုကို ရယူဖို့အတွက် ဘုရားနှုတ်ကပတ်တော်တွေကို ဝေမျှတဲ့ အခွင့်အရေးတွေကို အသုံးချခဲ့တယ်။ သူ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးဖတ်ခဲ့ပေမဲ့ အဲဒါတွေကို လက်တွေ့လုပ်ဆောင်တာ၊ ဒါမှမဟုတ် သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းတဲ့ လက္ခဏာ တစ်ခုမှ မပြခဲ့ဘူး။ အဲဒီအစား နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ သူအမြဲလိုက်စားခဲ့တယ်။ တခြားသူတွေကို ခဏခဏ အထက်စီးကနေ ဩဝါဒပေးပြီး ဘောင်ခတ်ခဲ့တယ်။ တခြားသူတွေက သူ့ရဲ့ပြဿနာတွေကို ထောက်ပြတဲ့အခါ သူတို့ပြောတာကို လက်မခံဘဲ သူတို့ကို ဖိနှိပ်ပြီးညှဉ်းဆဲဖို့ ကြိုးစားခဲ့တယ်။ သူဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်၊ မဟုတ်ရင် သူ့ရဲ့ စိတ်သဘောထား ပြောင်းလဲတာ တစ်ခုမှမရှိဘဲ ဘယ်လိုလုပ် ဘုရားနှုတ်ကပတ်တော်တွေ အများကြီး သူ ဖတ်နိုင်ခဲ့မှာလဲ။ အဲဒီအစား သူက ပိုမာနထောင်လွှားလာပြီး နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားတာ ပိုပြီး ပြင်းထန်လာခဲ့တယ်။ ဒါက သမ္မာတရားအပေါ် ချန်ရှာရဲ့ အလွန်အမင်း မနှစ်မြို့တဲ့၊ မုန်းတီးတဲ့ အနှစ်သာရကို အအပြည့်အဝ ထုတ်ဖော်ခဲ့တယ်။ သမ္မာတရားကို တကယ် ချစ်တဲ့သူတွေက ဘုရားနှုတ်ကပတ်တော်တွေကို ချစ်မြတ်နိုးပြီး လက်တွေ့လုပ်ဆောင်ကြတယ်။ ပေတရုလိုပေါ့၊ သူက ဘုရားနှုတ်ကပတ်တော်တွေကို ခဏခဏ တွေးဆပြီး သူ့ရဲ့လက်တွေ့ဘဝနဲ့ ပေါင်းစပ်ခဲ့တယ်၊ သူကြုံတွေ့ရတဲ့ ကိစ္စတွေမှာ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ တိတိကျကျ လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်နိုင်ခဲ့တယ်၊ နောက်ဆုံးမှာတော့ သူ့ရဲ့ အသက်စိတ်သဘောထားက ပြောင်းလဲသွားခဲ့တယ်။ ဒီအရာကနေ ကျွန်မ မြင်ခဲ့ရတာက လူတစ်ယောက် သမ္မာတရားကို လိုက်စားတဲ့သူဟုတ်မဟုတ်ဆိုတာကို အကဲဖြတ်ဖို့ သူ့ရဲ့ အပြင်ပန်း စွန့်လွှတ်အနစ်နာခံတာတွေ၊ အသုံးခံတာတွေ၊ ဘုရားနှုတ်ကပတ်တော် ဘယ်လောက်ဖတ်တယ်၊ ဒါမှမဟုတ် တခြားသူတွေနဲ့ မိတ်သဟာယဖွဲ့နိုင်ခြင်း ရှိမရှိဆိုတာကိုပဲ ကြည့်လို့မရပါဘူး၊ သူတို့ရင်ဆိုင်ရတဲ့ အခြေအနေတွေမှာ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို ရှာဖွေတာ၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိတာတွေကို အာရုံစိုက်ခြင်း ရှိမရှိဆိုတာနဲ့ သူတို့မှာ အသက်ဝင်ရောက်မှု တစ်ခုတလေ ရှိမရှိဆိုတာကိုပဲ ကြည့်ရမှာပါ။ ကျွန်မက ချန်ရှာရဲ့ စွန့်လွှတ်အနစ်နာခံနိုင်စွမ်း၊ ကိုယ့်ကိုယ်ကိုယ် အသုံးခံနိုင်စွမ်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့နေရာမှာ အားထုတ်နိုင်စွမ်းရှိတာကိုပဲ မြင်ခဲ့လို့ သူ့ကို ကိုးကွယ်ခဲ့တယ်၊ ကျွန်မ စိတ်နှလုံးထဲမှာတောင် သူ့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မိခဲ့တယ်။ သူ့ကို အသင်းတော်ကနေ နှင်ထုတ်လိုက်ပြီလို့ ကြားတဲ့အခါ ကျွန်မ သူ့အတွက် ကာကွယ်ပြောပေးချင်ခဲ့တယ်။ ကျွန်မ သမ္မာတရားကို နားမလည်ဘူးဆိုတာနဲ့ လူတွေကို ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အကဲမဖြတ်တတ်ခဲ့ဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ကျွန်မ သိပ်မိုက်မဲခဲ့တာပဲ။

ကျွန်မ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးကြည့်တယ်၊ “ဘာလို့ ချန်ရှာကို နှင်ထုတ်တော့မယ်လို့ ကြားတဲ့အခါ ငါ ဒီလောက်တောင် အပျက်သဘောဆောင်ပြီး အားနည်းသွားတဲ့အပြင်၊ ကိုယ့်တာဝန်တွေကိုတောင် မထမ်းဆောင်ချင်တော့တာလဲ” ပေါ့။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်သည့် စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ၎င်းတို့ မည်သို့ယုံကြည်ပါစေ၊ မည်သို့လိုက်စားပါစေ၊ ဆင်းရဲဒုက္ခ မည်မျှကို ခံရပါစေ၊ အဖိုးအခ မည်မျှပေးဆပ်ရပါစေ အားလုံးက အချည်းနှီးဖြစ်လိမ့်မည်။ လူတစ်ဦးက သူ၏ အယူအဆများ၊ စိတ်ကူးများနှင့် အသက်ရှင်သရွေ့ ဤသူသည် ဘုရားသခင်ကို အတိုက်အခံပြုနေပြီး ဘုရားသခင်ကို ရန်မူဆန့်ကျင်သည်။ သူသည် ဘုရားသခင်က ချမှတ်သော ပတ်ဝန်းကျင်များအပေါ်၊ သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် စစ်မှန်သော ကျိုးနွံနာခံမှုမရှိ။ ထို့နောက် အဆုံးတွင် သူ၏ အဆုံးသတ်မှာ အလွန်ပင် ဝမ်းနည်းဖွယ်ရာ ဖြစ်လိမ့်မည်။ သင်က ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး ဖြစ်သော်လည်း ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခဲ့ပြီး အလုပ်ရှုပ်ကာ အဖိုးအခကြီးစွာပေးဆပ်သော်လည်း စမှတ်နှင့် သင်လုပ်ဆောင်သော အရာတိုင်း၏ အရင်းအမြစ်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများဖြစ်လျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း မရှိပေ။...ပေါလုက ပြသခဲ့သောအရာ ကဲ့သို့ဖြစ်သည်။ သူသည် အလုပ်များစွာ လုပ်ခဲ့ပြီး များစွာလှည့်လည်သွားလာခဲ့သည်။ ဥရောပ၏ နေရာဒေသများစွာတွင် ဧဝံဂေလိတရားဟောခဲ့သည်။ သို့သော် ဆင်းရဲဒုက္ခမည်မျှကို သူခံစားရပါစေ၊ အဖိုးအခမည်မျှပေးဆပ်ပါစေ၊ မည်မျှ လှည့်လည်သွားလာပါစေ သူ့တွင် သမ္မာတရားနှင့် ကိုက်ညီသည့် အတွေးများနှင့် အမြင်များ လုံးဝမရှိခဲ့ပေ။ သမ္မာတရားကို လုံးဝ လက်မခံခဲ့သကဲ့သို့ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် သက်ဆိုင်သော သဘောထားနှင့် စစ်မှန်သော အတွေ့အကြုံ လုံးဝမရှိခဲ့။ သူသည် သူ၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများအတွင်း၌ အစဉ် အသက်ရှင်ခဲ့သည်။ သူ၏ သတ်သတ်မှတ်မှတ်ဖြစ်သော အယူအဆနှင့် စိတ်ကူးမှာ အဘယ်နည်း။ ယင်းမှာ သူသည် ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီး ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုသောအခါတွင် သူ့အတွက် ဓမ္မသရဖူကို သိုထားခြင်းဖြစ်သည်။ ဤသည်မှာ ပေါလု၏ အယူအဆနှင့် စိတ်ကူးဖြစ်သည်။ သူ့အယူအဆနှင့် စိတ်ကူး၏ သတ်သတ်မှတ်မှတ်ဖြစ်သော သဘောတရားဆိုင်ရာ အခြေပြုချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူတစ်ဦး ပြုလုပ်ခဲ့သည့် အလုပ်ရှုပ်မှုပမာဏကိုလည်းကောင်း၊ သူပေးဆပ်ခဲ့သည့် အဖိုးအခကိုလည်းကောင်း၊ ဆင်းရဲဒုက္ခမည်မျှကို သူခံစားခဲ့သည်ကိုလည်းကောင်း အခြေခံ၍ သူ၏ အဆုံးသတ်ကို အဆုံးအဖြတ်ပေးမည်ဟူ၍ ဖြစ်သည်။ သူ၏ အယူအဆ၊ စိတ်ကူးတို့နှင့်ပတ်သက်သည့် ထိုသို့သော သဘောတရားဆိုင်ရာ အခြေခံအရ ပေါလုသည် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ အမှုမဲ့အမှတ်မဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် လမ်းဆုံးသို့ ရောက်သွားသောအခါ နောင်တတစ်ခုတလေရဖို့ မဆိုထားနှင့်၊ သူ့အပြုအမူနှင့် ဘုရားသခင်ကို အတိုက်အခံပြုသည့် သရုပ်သကန်၊ သို့မဟုတ် ဘုရားသခင်ကို အတိုက်အခံပြုသည့် သူ၏ အနှစ်သာရတို့နှင့်ပတ်သက်၍ မည်သည့်နားလည်မှုမျှ မရှိခဲ့ပေ။ သူသည် ဘုရားသခင်ကို ယုံကြည်စဉ်တွင် သူ၏ နဂိုအယူအဆနှင့် စိတ်ကူးကို ကိုင်စွဲထားဆဲ ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှု အနည်းငယ်မျှ မရှိရုံမကဘဲ ပြောင်းပြန်ပင်ဖြစ်ကာ သူသည် အပြန်အလှန်အနေဖြင့် ဘုရားသခင်ထံမှ ကောင်းသောအဆုံးသတ်နှင့် ခရီးပန်းတိုင်ကို ပို၍ပင် ရခွင့်ရှိသည်ဟု ယုံကြည်ခဲ့သည်။ ‘အပြန်အလှန်’ ဆိုသည်မှာ ကြားကောင်းသော၊ ယဉ်ကျေးမှုရှိသော ပြောဆိုနည်း ဖြစ်သည်။ သို့သော် အမှန်တွင် ယင်းသည် အပြန်အလှန်တစ်ခုမဟုတ်၊ သို့မဟုတ် အပေးအယူတစ်ခုပင် မဟုတ်။ သူသည် ဤအရာများကို ဘုရားသခင်ထံမှ တိုက်ရိုက်တောင်းနေခြင်း၊ ယင်းတို့ကို ဘုရားသခင်ထံမှ ပွင့်ပွင့်လင်းလင်း တောင်းဆိုနေခြင်း ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်ထံမှ မည်သို့ တောင်းဆိုသနည်း။ ‘ကျွန်ုပ်သည် ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီး ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုခဲ့ပြီ။ ဂုဏ်ကျက်သရေသရဖူသည် ယခုတွင် ငါ၏အရာဖြစ်သည်။ ဤသည်မှာ ငါနှင့် ထိုက်တန်သောအရာ ဖြစ်ပြီး ဘုရားသခင်က ငါ့အား ထိုက်တန်စွာ ပေးသင့်သောအရာဖြစ်သည်’ ဟူ၍ သူပြောခဲ့သကဲ့သို့ပင် ဖြစ်သည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းသည် ဘုရားသခင်ကို အတိုက်အခံ ပြုခြင်းဖြစ်သည်။ ဤသို့ဖြင့် သူသည် ပျက်စီးခြင်းသို့ရောက်ခဲ့ပြီး သူ့အပေါ် ကျရောက်သော နောက်ဆုံးအဆုံးသတ်မှာ အပြစ်ပေးခံရခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ အယူအဆနှင့် စိတ်ကူးဖြင့် ခွဲ၍မရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) အသင်းတော်က ချန်ရှာကို နှင်ထုတ်လိုက်ပြီလို့ ကြားတဲ့အခါ ကျွန်မ အပျက်သဘောဆောင်သွားခဲ့တာက ဘာလို့လဲဆိုတော့ ကျွန်မမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ ရှုထောင့်တစ်ခုရှိခဲ့လို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အများကြီး အသုံးခံပြီး စွန့်လွှတ်အနစ်နာခံတဲ့အပြင် ကြိုးစားအလုပ်လုပ်တဲ့သူတွေက ဘုရားသခင်ဆီကနေ ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ရရှိရမယ်လို့ ကျွန်မထင်ခဲ့တယ်။ ဒါကြောင့် ချန်ရှာက စွန့်လွှတ်အနစ်နာခံမှုတွေ လုပ်ခဲ့ပြီး ဒုက္ခတွေခံခဲ့တဲ့အပြင်၊ နှစ်တွေအများကြီး တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာတောင် နောက်ဆုံးမှာ အသင်းတော်ရဲ့ နှင်ထုတ်တာခံရသေးတာကို မြင်တဲ့အခါ ကျွန်မ နားကိုမလည်နိုင်ခဲ့ဘူး။ ကျွန်မ သူ့လောက် စွန့်လွှတ်စတေးတာတွေ မလုပ်ခဲ့သလို သူ့လောက် တာဝန်တွေ မထမ်းဆောင်ခဲ့တာကြောင့် ကျွန်မလည်း အနှေးနဲ့အမြန် ဖယ်ရှားရှင်းလင်း ခံရမှာပဲလို့ ခံစားရပြီး အဖိုးအခ မပေးချင်တော့အောင်၊ ကိုယ့်ကိုယ်ကို အသုံးမခံချင်တော့အောင် အပျက်သဘောဆောင်ခဲ့ပုံကိုလည်း ကျွန်မ တွေးမိတယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ခဲ့ပြီးတဲ့နောက်မှာ ကျွန်မက လူ့အယူအဆနဲ့ စိတ်ကူးစိတ်သန်းတွေထဲမှာပဲ အသက်ရှင်နေသေးတယ်ဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားသခင်ဟာ လူတစ်ယောက်ရဲ့ အဆုံးသတ်ကို သူ ဘယ်လောက်ကြာကြာ ယုံကြည်ခဲ့တယ်၊ အယူဝါဒ ဘယ်လောက် ဟောနိုင်တယ်၊ အလုပ် ဘယ်လောက် လုပ်ခဲ့တယ်၊ ဒုက္ခ ဘယ်လောက် ခံခဲ့တယ်၊ ဒါမှမဟုတ် ဘုရားနှုတ်ကပတ်တော်ကို ဘယ်လောက် အလွတ်ကျက်မှတ်ထားတယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီး မဆုံးဖြတ်ဘဲနဲ့ သမ္မာတရားကို လိုက်စားခြင်း ရှိမရှိ၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြောင်းလဲခြင်း ရှိမရှိဆိုတာနဲ့ ပြီးတော့ သူ့ရဲ့ တာဝန်တွေနဲ့ ဒုက္ခခံခြင်း ရည်ရွယ်ချက်က ဘုရားသခင်ကို ကျေနပ်စေဖို့ ဟုတ်မဟုတ်ဆိုတဲ့အပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်ပါတယ်။ လူတစ်ယောက်က ဘုရားနှုတ်ကပတ်တော်တွေကို လုံးဝလက်တွေ့မလုပ်ဘဲ ဘုရားသခင်ကို စမ်းသပ်ပြီး အပေးအယူလုပ်ဖို့အတွက်ပဲ တာဝန်ထမ်းဆောင်တယ်ဆိုရင်၊ အဲဒီလူက စွန့်လွှတ်အနစ်နာခံတာတွေ လုပ်နိုင်ရင်တောင်၊ ကိုယ့်ကိုယ်ကို အသုံးခံပြီး အလုပ်ကြိုးစားနိုင်ရင်တောင် နောက်ဆုံးမှာ သူ့ရဲ့အသက်စိတ်သဘောထားက လုံးဝမပြောင်းလဲဘဲ ဘုရားသခင်ကို ပေါ်ပေါ်တင်တင် အတိုက်အခံလုပ်နေသေးရင် သူဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမှာပဲ။ ပေါလုလိုပေါ့၊ သူဟာ ကြီးမားတဲ့ အဖိုးအခကိုပေးပြီး ကိုယ့်ကိုယ်ကို အများကြီး အသုံးခံခဲ့ပေမဲ့ သူအဲဒီလိုလုပ်ခဲ့တာက သမ္မာတရားကို ရဖို့ ဒါမှမဟုတ် သူ့စိတ်သဘောထား ပြောင်းလဲမှုကို ရရှိဖို့အတွက် မဟုတ်ဘဲ ကောင်းချီးမင်္ဂလာတွေနဲ့ သရဖူကို ရဖို့အတွက်ပဲ ဖြစ်တယ်။ ဒါကြောင့် နှစ်တွေအများကြီး အလုပ်လုပ်ပြီးတဲ့နောက်မှာတောင် သူ့ရဲ့ မာနထောင်လွှားတဲ့၊ စိတ်ကြီးဝင်ပြီး အကျိုးအမြတ်ရှာတဲ့ သဘာဝက လုံးဝမပြောင်းလဲခဲ့ဘူး၊ နောက်ဆုံးမှာ သူဟာ ဘုရားသခင်အပေါ် ပေါ်တင် စောဒကတက်ပြီး ဘုရားသခင်ဆီကနေ ဖြောင့်မတ်ခြင်းသရဖူကို တောင်းဆိုဖို့ သူ့ရဲ့ ကြိုးစားလုပ်ဆောင်မှုကို အရင်းအနှီးအနေနဲ့ သုံးခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ပေါလုကို အပြစ်ဒဏ်ခံစေခဲ့တယ်။ ကျွန်မကလည်း ကိုယ့်ရဲ့ဒုက္ခခံတာ၊ အသုံးခံတာတွေကို ကောင်းမွန်တဲ့ ခရီးပန်းတိုင်တစ်ခုနဲ့ လဲလှယ်ချင်ခဲ့တယ်၊ ကောင်းချီးမင်္ဂလာတွေရဖို့ မျှော်လင့်ချက်မရှိဘူးလို့ မြင်တဲ့အခါမှာ တာဝန်တောင် မထမ်းဆောင်ချင်တော့ဘူး။ လိုက်စားမှုနဲ့ပတ်သက်လို့ ကျွန်မရဲ့ အမြင်တွေက ပေါလုနဲ့ အတူတူပဲ မဟုတ်လား။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရမှာက လုံးဝကို မှန်ကန်ပြီး သဘာဝကျတဲ့ ကိစ္စပဲ။ ကျွန်မရဲ့တာဝန်တွေကို လေးလေးနက်နက် ထမ်းဆောင်ဖို့ ကျွန်မက ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကိုယ့်နေရာမှာ မရပ်တည်ခဲ့ဘူး။ အဲဒီအစား ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို ရဖို့ ကျွန်မရဲ့ တာဝန်တွေမှာ ဆင်းရဲဒုက္ခခံစားရတာနဲ့ အသုံးခံတာတွေကို အသုံးချချင်ခဲ့တယ်။ အဲဒါတွေကို မရနိုင်ဘူးလို့ ခံစားရတဲ့အခါ ဘုရားသခင်ဟာ မဖြောင့်မတ်ဘူးလို့ ထင်ခဲ့တယ်။ ဒီလိုနဲ့ ကျွန်မဟာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ကိုယ်တော်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေခဲ့တာပဲ။ သဘောသဘာဝအရ ဒီပြဿနာက အရမ်းဆိုးရွားတယ်။ ကျွန်မရဲ့ ရှုထောင့်ကို မပြောင်းလဲရင် ကျွန်မလည်း ဘုရားရဲ့ ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။ ဒါကို နားလည်လိုက်တော့ ကျွန်မစိတ်ထဲမှာ အရမ်းကို နောင်တရပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်၊ ဘုရားသခင်ဆီမှာ နောင်တရချင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “ဘုရားသခင်သည် လူ၏ ချစ်ခြင်းနှင့် ထိုက်တန်သည့်အတွက် ဖန်ဆင်းခံတစ်ဦးအနေနှင့် လူသည် ဖန်ဆင်းရှင်ကို သိကျွမ်းရန်နှင့် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန် လိုက်စားသင့်ပြီး အရေးအကြီးဆုံးမှာ အခြားမည်သည့် ရွေးချယ်မှုမျှ မပြုဘဲ ဘုရားသခင်ကို ချစ်ရန် လိုက်စားသင့်ပေသည်။ ဘုရားသခင်အား ချစ်ရန် လိုက်စားသောသူတို့သည် မည်သည့်ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များကိုမျှဖြစ်စေ၊ မည်သည့်ပုဂ္ဂိုလ်ရေး မျှော်လင့်ချက်များကိုမျှဖြစ်စေ မလိုက်စားသင့်ပေ။ ဤသည်မှာ အမှန်ကန်ဆုံးသော လိုက်စားခြင်းနည်းလမ်းဖြစ်သည်။ သင် လိုက်စားသော အရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင် လက်တွေ့လုပ်ဆောင်သောအရာသည် သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင် ရရှိသော အရာသည် သင်၏ စိတ်သဘောထားထဲ ပြောင်းလဲခြင်းတစ်ခု ဖြစ်ပါက သင် နင်းလျှောက်သော လမ်းကြောင်းသည် မှန်ကန်သော လမ်းကြောင်းတစ်ခု ဖြစ်သည်။ သင် လိုက်စားသည့် အရာသည် ဇာတိပကတိ၏ ကောင်းချီးမင်္ဂလာများ ဖြစ်ပြီး သင် လက်တွေ့လုပ်ဆောင်သော အရာသည် သင်၏ ကိုယ်ပိုင် အယူအဆများနှင့်ဆိုင်သော သမ္မာတရားဖြစ်ပါက၊ ပြီးလျှင် သင်၏ စိတ်သဘောထားတွင် ပြောင်းလဲခြင်း မရှိသကဲ့သို့ သင်သည် လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း မရှိဘဲ မရေရာမှု၌ သင် အသက်ရှင်ဆဲ ဖြစ်ပါက သင် လျှောက်လှမ်းသည့် လမ်းကြောင်းသည် ရှုံးနိမ့်မှု လမ်းကြောင်း ဖြစ်သည့်အတွက် သင် လိုက်စားသောအရာသည် သင့်ကို ငရဲသို့ ဧကန်မုချ ခေါ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် စုံလင်အောင်ပြုခြင်း ခံရမည် ဟုတ်မဟုတ်၊ ဖယ်ရှားရှင်းလင်းခြင်း ခံရမည် ဟုတ်မဟုတ် ဟူသည်မှာ သင်ကိုယ်တိုင်၏ လိုက်စားခြင်းအပေါ် မူတည်သည်၊ ယင်းမှာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်လှမ်းသော လမ်းကြောင်းအပေါ်တွင် မူတည်သည်ဟုလည်း ဆိုရမည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် မိမိလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ကောင်းချီးတွေ ရှာဖို့သက်သက်အတွက် ဘုရားကို ယုံကြည်ခဲ့တဲ့အချိန်ကို ကျွန်မ ပြန်တွေးမိတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ကျွန်မဟာ ကိုယ်ကျိုးနဲ့ ကောင်းမွန်တဲ့ ပန်းတိုင်ကိုပဲ လိုက်စားနေခဲ့တာ၊ နောက်ဆုံးမှာ ဘာသမ္မာတရားမှ ရမှာမဟုတ်ဘူး၊ စိတ်သဘောထားလည်း ပြောင်းလဲမှာ မဟုတ်ဘူး၊ ဒါကြောင့် ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရဦးမှာပဲ။ အရင်က ကျွန်မလိုက်စားခဲ့တဲ့ လမ်းကြောင်းက မှားယွင်းတယ်ဆိုတာနဲ့ ဘုရားသခင်ကို ယုံကြည်တဲ့နေရာမှာ မှန်ကန်တဲ့ လမ်းကြောင်းက ဘုရားသခင်ကို ချစ်ဖို့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့၊ ကျွန်မ တာဝန်တွေမှာ သမ္မာတရားကို လိုက်စားဖို့နဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားဖို့ဆိုတာကို အခု ကျွန်မ မြင်သွားပြီ။ ဒါဟာ တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိတယ်။ ဒါက ပေတရု လျှောက်ခဲ့တဲ့ လမ်းကြောင်းလိုပါပဲ။ သူဟာ အရာအားလုံးမှာ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ခဲ့တယ်၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံခဲ့တယ်၊ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်ခဲ့တယ်၊ နောက်ဆုံးမှာတော့ ဘုရားသခင်ကို ချစ်ခြင်းရဲ့ လက်တွေ့ကျမှုကို အသက်ရှင်နေထိုင်ခဲ့တယ်။ ဒါကို ဆင်ခြင်သုံးသပ်တဲ့အခါ၊ နောက်ဆုံးမှာ ကောင်းချီးတွေ ရခြင်း မရခြင်းက ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့ ပန်းတိုင် မဖြစ်သင့်ဘူးဆိုတာနဲ့ သမ္မာတရားကို နားလည်ပြီး ကိုယ့်တာဝန်တွေမှာ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားတာက အဓိပ္ပာယ်အရှိဆုံးဖြစ်ပြီး မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်ဆိုတာတွေကို ကျွန်မ နားလည်သွားခဲ့တယ်။ သမ္မာတရား စည်းမျဉ်းတွေကို အခြေခံပြီး လူတွေနဲ့ ကိစ္စရပ်တွေကို ရှုမြင်ဖို့ အရမ်းအရေးကြီးတယ်ဆိုတာကို ဒီအတွေ့အကြုံကြောင့် ကျွန်မ သဘောပေါက်သွားခဲ့ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ရှေ့တန်းတွင် တရားဟောခဲ့သည့် ကျွန်ုပ်၏ နေ့ရက်များ

၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ၊ ကျွန်တော့် အဖွဲ့ဝင် စစ်သားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ဧဝံဂေလိကို ကျွန်တော့်ဆီ ဝေမျှခဲ့တယ်။ အဲဒီနောက်...

ဧဝံဂေလိ ဖြန့်ဝေခြင်းက ကျွန်မရဲ့ ယိမ်းယိုင်ခြင်းမရှိတဲ့ တာဝန်ပါ

ကျွန်မက ကျေးလက်ဒေသမှာ ညီအစ်ကိုမောင်နှမ ရှစ်ယောက်နဲ့အတူ ကြီးပြင်းခဲ့တာပါ။ ကျွန်မအမေရဲ့ ကျန်းမာရေးက မကောင်းဘူး။ သူက လမ်းမလျှောက်နိုင်ဘူး။...

တာဝန်များတွင် အဆင့်ခွဲခြားသတ်မှတ်ခြင်းမရှိပါ

ခယ်ရမ် ဖိလစ်ပိုင်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ မယုံကြည်ခင်တုန်းက ဆရာ၊ ဆရာမတွေက ချီးမွမ်းတာကို ကျွန်မ ခံရလေ့ရှိတယ်။ ကျွန်မက...

အသက်ဝင်ရောက်မှုကို မလိုက်စားခြင်း၏ အကျိုးဆက်များ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မနဲ့ တွဲလုပ်ရတဲ့ အစ်မက ရဲတွေ ဖမ်းတာခံလိုက်ရတယ်။ အဲဒီအချိန်တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။