ကြောင်သူတော်တစ်ယောက်၏ နောင်တ

28.02.2021

ရှင်ယူရီ တောင်ကိုးရီးယားနိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်ကို အစေခံခြင်းသည် ရိုးစင်းသည့် အလုပ်မဟုတ်ချေ။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေသောသူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ အစေမခံနိုင်ပေ။ သင်၏ စိတ်သဘောထားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံရသေးပါက၊ သင်၏ စိတ်သဘောထားသည် စာတန်ကို ကိုယ်စားပြုနေဆဲဖြစ်သည်၊ ယင်းက သင်သည် သင်ကိုယ်တိုင်၏ ကောင်းမြတ်သော ရည်ရွယ်ချက်များဖြင့် ဘုရားသခင်ကို အစေခံသည်၊ သင်၏ အစေခံခြင်းသည် သင်၏စာတန်ဆန်သော သဘာဝအပေါ် အခြေခံထားသည်ကို သက်သေပြပေသည်။ သင်သည် သင်၏ သဘာဝအလျောက်ဖြစ်သော စရိုက်လက္ခဏာဖြင့်လည်းကောင်း၊ သင်၏ ပုဂ္ဂိုလ်ရေး အကြိုက်များအရလည်းကောင်း ဘုရားသခင်ကို အစေခံသည်။ ထိုထက်ပို၍၊ သင်လုပ်ဆောင်ရန် လိုလားနေသည့် အရာများသည် ဘုရားသခင်အဖို့ နှစ်သက်ဖွယ်ကောင်းသော အရာများဖြစ်ပြီး၊ သင် လုပ်ဆောင်ရန် ဆန္ဒမရှိသည့် အရာများသည် ဘုရားသခင်အဖို့ မုန်းတီးဖွယ်ရာများ ဖြစ်သည်ဟု သင် အမြဲ တွေးထင်လေသည်။ သင်သည် သင်၏ ကိုယ်ပိုင် အကြိုက်များအတိုင်းသာ လုံးလုံး အလုပ်လုပ်ပေသည်။ ဤအရာကို ဘုရားသခင်အား အစေခံခြင်းဟု ခေါ်ဆိုနိုင်သလော။ နောက်ဆုံးတွင်၊ သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲခြင်း အနည်းငယ်မျှ ရှိလိမ့်မည်မဟုတ်။ ယင်းအစား၊ သင်၏ အစေခံခြင်းသည် သင့်ကို သာ၍ပင် ခေါင်းမာစေလိမ့်မည်ဖြစ်သည်၊ ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးခြင်းသည် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေကာ၊ ထိုသို့ဖြင့် သင်၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် သင်၏ကိုယ်ပိုင် စိတ်သဘောထား အတိုင်း အစေခံခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အဓိက အခြေခံသည့်၊ ဘုရားသခင်အား အစေခံခြင်းနှင့် ပတ်သက်သည့် စည်းမျဉ်းများသည် သင်၏အတွင်းတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်သည်။ ဤအရာများသည် လူသား၏ အတွေ့အကြုံများနှင့် သင်ခန်းစာများ ဖြစ်သည်။ ယင်းသည် လောကထဲ၌ အသက်ရှင်ခြင်းနှင့်ဆိုင်သည့် လူသား၏ အတွေးအခေါ်ဖြစ်သည်။ ဤသို့သော လူတို့ကို ဖာရိရှဲနှင့် ဘာသာရေး အရာရှိများအဖြစ် အမျိုးအစား သတ်မှတ်နိုင်‌ပေသည်။ ၎င်းတို့သည် လုံးဝ မနိုးထသကဲ့သို့ နောင်တမရပါက၊ နောက်ဆုံးသော ကာလတွင် လူတို့ကို လှည့်ဖြားသည့် ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များအဖြစ်သို့ ဧကန်မုချ ပြောင်းလဲသွားကြလိမ့်မည်။ အဆိုပါ ခရစ်တော်၏ အယောင်ကိုဆောင်သောသူများနှင့် အန္တိခရစ်များသည် ထိုသို့သော လူများကြားမှ ထွက်ပေါ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘာသာရေး အစေခံခြင်းကို သန့်စင်ရမည်) ဘုရားသခင်၏နှုတ်ကပတ်တော်များ ဤကျမ်းပိုဒ်ကြောင့် ကြောင်သူတော်ဆန်သည့်ဖာရိရှဲများ၊ ဘုန်းတော်ကြီးများနှင့် ဂုဏ်ဒြပ်ကို စွဲလန်းနေသည့် ဆိုးယုတသည့် အန္တိခရစ်များ အားလုံးနှင့် ပတ်သက်၍ ကျွန်မ တွေးမိခဲ့ဖူးသည်။ ဘုရားသခင်က သူတို့အကြောင်းကို ပြောနေခြင်းဟု ကျွန်မ ထင်မြင်ခဲ့သည်။ အကြမ်းဖျင်းအားဖြင့် ဘုရားသခင်က ကျွန်မတို့ အားလုံးထဲမှာ ရှိသည့် အရာတစ်ခုခုကို ထုတ်ဖော်ပြနေခြင်း ဖြစ်ပြီး၊ ကျွန်မမှာလည်း ထိုကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိခြင်း ကျွန်မ သိခဲ့သည်။ သို့သော် မိမိကိုယ်ကိုယ် အမှန်တကယ် နားလည်ခြင်းမရှိခဲ့သောကြောင့်၊ တစ်ခါတလေမှာ ဖာရိရှဲများ၊ အန္တိခရစ်များ၊ လှည့်စားတတ်တဲ့ သူများက ကျွန်မနှင့် အမှန်တကယ် ကွဲပြားသည့်အရာများဟု ထင်ရသည်။ ကျွန်မက ထိုကဲ့သို့ မဟုတ်ခဲ့ဘဲ၊ ထိုအဆင့်ကို တစ်ခါမှ မရောက်ခဲ့ပါ။ ကျွန်မ ယုံကြည်သူဖြစ်လာသည်မှာ နှစ်ချီနေပြီ ဖြစ်သည်။ ကောင်းသည့် အမှုအရာများကို ကျွန်မ လုပ်ပြီး၊ မိမိတာဝန်၌ အဖိုးအခ ပေးဆပ်သည်။ အသင်းတော်က မည်သည့်တာဝန်ဖြစ်ဖြစ် ကျွန်မကို ချပေးပါစေ၊ ကျွန်မ နာခံပြီး ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ကျွန်မက ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ ကြိုးပမ်းနေခြင်း မဟုတ်သကဲ့သို့၊ ကျွန်မမှာ ဂုဏ်ဒြပ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်မ တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ကျွန်မက မည်သို့များ အန္တိခရစ် တစ်ယောက်၊ လှည့်စားတတ်သူတစ်ယောက်အဖြစ် ပြောင်းသွားနိုင်မည်နည်း။ သို့သော် တကယ်တမ်းတော့ ကျွန်မက ကျွန်မ၏ အယူအဆများ၊ စိတ်ကူးထင်မြင်ချက်များထဲမှာသာ လုံးဝ နေထိုင်နေခဲ့ခြင်း ဖြစ်ပြီး၊ နောက်ပိုင်းမှာ အမှန်တရားနှင့် ရင်ဆိုင်ရာတွင် ကျွန်မ၏ ဤအယူအဆများက ခေါင်းထောင် လာခဲ့သည်။

မြို့ပြင်မှာရှိသည့် အသင်းတော် ဧဝံဂေလိ အလုပ်အတွက် တာဝန်ယူဖို့ ကျွန်မ ထွက်သွားခဲ့ရသည်။ သူတို့အလုပ်၏ ထိုအပိုင်းက မကြာခင်မှာ တိုးတက်လာပြီး ခေါင်းဆောင်များက ကျွန်မကို တကယ်ကို တန်ဖိုးထားခဲ့သည်။ တစ်ခါတလေမှာ သူတို့အလုပ်၏ တခြားအကြောင်းအရာများ ဆွေးနွေးဖို့၊ ကျွန်မနှင့် တိုင်ပင်ဖို့ ကျွန်မကို ရှာကြသည်။ ထို့အပြင် ကျွန်မက ယုံကြည်သူဖြစ်သည်မှာ ကြာခဲ့ပြီး မိမိတာဝန်အတွက် အခက်အခဲများကို ကြံ့ကြံ့ခံနိုင်သောကြောင့်၊ ညီအစ်ကို မောင်နှမများက ကျွန်မကို နည်းနည်း အထင်ကြီး လေးစားကြသည်။ ကျွန်မလည်း မိမိကိုယ်ကိုယ် အထင်ကြီး ခဲ့သည်။ ဤနှစ်များတစ်လျှောက်မှာ ကျွန်မ ယုံကြည်ခြင်းရှိခဲ့ပြီး ဦးဆောင်ခဲ့သောကြောင့်၊ ကျွန်မက အခြားသူများကဲ့သို့ ဖြစ်၍မရဘဲ၊ သူတို့ထက် ပိုသာသည့်ပုံစံပေါ်ရမည်ဟု တွေးခဲ့သည်။ ကျွန်မက သူတို့ ထုတ်ဖော်ပြသည်ထက် ပိုဆိုးသည့် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြ၍ မဖြစ်၊ သူတို့ကဲ့သို့ အားနည်းချက်များ၊ အပျက်သဘောဆောင်ခြင်းများ ပြ၍ မဖြစ်ဟု ကျွန်မ တွေးခဲ့သည်။ သို့မဟုတ်ပါက၊ သူတို့က ကျွန်မကို မည်သို့ ထင်ကြမည်နည်း။ ကျွန်မ နှစ်အများကြီး ယုံကြည်လာခဲ့ပြီး၊ ကျွန်မ၏ ဝိညာဉ်ရင့်ကျက်မှုက မည်မျှနည်းနေသေးသည်ဟု သူတို့ ပြောကြပြီး ကျွန်မကို အထင်သေးကြမည် မဟုတ်ပါလား။ နောက်ပိုင်းမှာ ကျွန်မတာဝန်မှာ စည်းမျဉ်းများကို ချိုးဖောက်၍ဆိုပြီး ခေါင်းဆောင်တစ်ယောက်၏ ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မ ခံရသည်။ ကျွန်မက ယုံကြည်သူ တစ်ယောက်အဖြစ် နှစ်အများကြီး ကြာလာပြီးသည့်နောက်မှာ အကြောင်းအရာများအပေါ် ထိုးထွင်းသိမြင်မှု မရှိသေးဘဲ၊ သမ္မာတရား၏ စစ်မှန်မှု မရှိဘူးဟု သူမက ပြောသည်။ ကျွန်မ တော်တော်ကို ရှက်မိပြီး သိက္ခာကျသလို ခံစားခဲ့ရသော်လည်း၊ ကျွန်မ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို ပြန်လည်ဆန်းစစ်ခဲ့ခြင်း မရှိသကဲ့သို့၊ ကျွန်မ၏ ချို့ယွင်းချက်များကို ဖာထေးဖို့ သမ္မာတရားကို မလိုက်စားခဲ့ပါ။ ထိုအစား ကျွန်မမှာ သမ္မာတရား၏ စစ်မှန်မှု မရှိခြင်းကို ဖုံးကွယ်ဖို့အတွက် ဝိညာဉ်ရေးရာပုဂ္ဂိုလ် တစ်ယောက်ကဲ့သို့ ပြုမူလျက်၊ မိမိကိုယ်ကိုယ် သိသကဲ့သို့ ဟန်ဆောင့်ရင်း၊ အနှစ်မရှိသည့်စကားများနှင့် အယူဝါဒများကို ခရားရေလွှတ်ပြောခဲ့သည်။

တစ်ခါတုန်းက သခင့်ကို ယုံကြည်သည့် တွဲဖက်အမှုဆောင် တစ်ယောက်က သူ စစ်မှန်သည့်လမ်းကို စူးစမ်းလေ့လာချင်သည်ဟု ပြောခဲ့သည်ကို ကျွန်မ အမှတ်ရမိသည်။ ခေါင်းဆောင်က ကျွန်မကို ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံဖို့ ချက်ချင်းသွားရန် ပြောသည်။ ကျွန်မ သွားပါမည်ဟု ပြောလိုကသော်လည်း၊ သူ့မှာ ဖြေရှင်းဖို့ခက်သည့် အယူအဆ အများကြီး ရှိနေသည်ကို ကျွန်မ သိလိုက်ရသည်။ ထိုအချိန်တုန်းက ကျွန်မကလည်း တကယ်ကို အလုပ်ရှုပ်နေသည့်အချိန်ဖြစ်နေသောကြောင့်၊ လောလောဆယ် ထိုအလုပ်တာဝန်ကို ခဏရွှေ့ဆိုင်းထားခဲ့လိုက်သည်။ နှစ်ပတ်လောက်ကြာသည့်အခါ၊ “ဒီအချိန်တစ်လျှောက်လုံးမှာ ဘာလို့ သူ့ကို သက်သေမခံရသေးတာလဲ။ သူက စစ်မှန်တဲ့လမ်းကို စူးစမ်းချင်တယ်၊ ပြီးတော့ သခင်ပြန်ကြွလာတာကို တောင့်တနေကြတဲ့ ယုံကြည်သူတွေအများကြီးကို သူက ဦးဆောင်တယ်။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ဘာလို့ သူ့ဆီကို သက်သေမခံရသေးတာလဲ။” ဟု ခေါင်းဆောင်က ကျွန်မကို မေးသည်။ နည်းနည်း အပြစ်ရှိသကဲ့သို့ ခံစားရပြီး “တခြားကိစ္စတွေပေါ်လာတာနဲ့ ကျွန်မ မလုပ်နိုင်ခဲ့ဘူး။” ဟု ပြောလျက်၊ အမြန်ရှင်းပြလိုက်သည်။ ခေါင်းဆောင်က ဤသည်ကို ကြားရာတွင် အလွန် ဒေါသထွက်သွားကာ၊ ကျွန်မက မိမိတာဝန်မှာ တာဝန်မသိတတ်သကဲ့သို့၊ အလေးမထားဘဲ၊ အချိန်ဆွဲသည်၊ ကျွန်မတို့၏ ဧဝံဂေလိအလုပ်ကို တကယ်ကို အဟန့်အတား ဖြစ်စေသည်ဟု ပြောသည်။ ကျွန်မကို သူ တကယ်ကို ကြမ်းကြမ်းတမ်းတမ်း အပြစ်တင်ခဲ့သည်။ ထိုအချိန်မှာတုန်းက ညီအစ်ကို မောင်နှမများအများကြီးက ထိုနေရာမှာ ရှိနေပြီး ကျွန်မ မျက်နှာက ပူထူနေသည်ကို ခံစားရသည်။ “ရှင် ကျွန်မကို ဂုဏ်သိက္ခာနည်းနည်းလောက် ငဲ့ကွက်ပြီး အရမ်း မဝေဖန်လို့ မရဘူးလား။ ကျွန်မမှားတာကို ကျွန်မသိပါတယ်၊ အခုသူ့ဆီသွားပြီး ဧဝံဂေလိကို မျှဝေလိုက်လို့ မရဘူးလား။ ကျွန်မကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းဖို့ မလိုပါဘူး။” ဟု ကျွန်မ စဉ်းစားမိသည်။ ကျွန်မကလည်း ကျွန်မ၏ အချိန်များက မနက်ကနေ ညအထိ ဧဝံဂေလိတရား ဟောခြင်းများနှင့် ပြည့်နေသည်မှာ ကျွန်မက မပျင်းရိပါဟု တွေးမိလျက်၊ မိမိကိုယ်ကိုယ် မှန်ကြောင်းပြနေခြင်း ဖြစ်သည်။ သို့သော် ကျွန်မက ဟန်ဆောင်နေပြီး တာဝန်မသိတတ်ဘူးဟု သူမက ပြောနေဆဲဖြစ်သည်။ မည်သူက ကျွန်မကို သည်ထက်ပို၍ မည်သည့်အရာများထပ် ခိုင်းနိုင်ဦးမည်နည်း။ ကျွန်မ၏ တာဝန်က ခက်လွန်းသည်ဟု ခံစားခဲ့ရသည်။ ထိုအစည်းအဝေး ပြီးသည့်နောက်မှာ ကျွန်မ အခန်းထဲမှာပုန်းပြီး ကောင်းကောင်း ငိုပစ်လိုက်သည်။ ကျွန်မ မတရားလုပ်ခံရသကဲ့သို့ ခံစားရပြီး အပျက်သဘောဆောင်လာသည်၊ ပြီးလျှင် ဘုရားသခင်အပေါ် အမြင်မှားခြင်းများနှင့် ပြည့်နေခဲ့သည်။ ကျွန်မ၏ အတွင်းထဲကနေ သစ္စာဖောက်ချင်သည့် ခံစားချက်များက ပေါ်လာသည်။ ခေါင်းဆောင်က ကျွန်မအပေါ် အလွန် ဝေဖန်သည့်အတွက် ဘုရားသခင်ကလည်း ကျွန်မကို မုန်းတီးမည် ဖြစ်သောကြောင့် ထိုတာဝန်ကို ကျွန်မ မည်သို့ဆက်လုပ်နိုင်မည်နည်းဟု တွေးခဲ့သည်။ ဘုရားသခင်၏ အိမ်တော်၏အလုပ်က မနှောင့်နှေးသကဲ့သို့ ကျွန်မလည်း ကျေးဇူးအတင်မခံရသည့် အလုပ်ကို မလုပ်နေဖို့အလို့ငှာ ကျွန်မ အပြစ်တင်ခံပြီး ကြိတ်ခံလိုက်ပြီး နုတ်ထွက်လိုက်သင့်ကောင်း ထွက်လိုက်သင့်သည်။ ကျွန်မ အကြာကြီး အော်ငိုနေရင်းနှင့် ကောင်းမွန်သည့် အခြေအနေမှာ ရှိမနေဘူးဆိုသည်ကို ခံစားခဲ့ရပါသည်။ ကျွန်မ ယုံကြည်သူဖြစ်လာသည်မှာ နှစ်တော်တော်ကြာခဲ့ပြီး နည်းနည်း ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းခံရသည့်အခိုက်အတန့်မှာ ကျွန်မ မခံနိုင်ခဲ့ပါ။ ဘုရားသခင်ကို အကျိုးအကြောင်းပြောဆိုပြီး ဘုရားနှင့် ယှဉ်ပြိုင်ခဲ့သည်။ အရှုံးပင်ပေးချင်ခဲ့သည်။ ကျွန်မမှာ စစ်မှန်သည့် ဝိညာဉ်ရင့်ကျက်မှု တစ်ခုမှ မရှိခဲ့ပါ။ မိုးကောင်းကင်က ပြိုကျလာလျှင်ပင် ကျွန်မတို့တာဝန်အပေါ်ကို သစ္စာရှိဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သတိပေးခြင်းကို ကျွန်မ ခံခဲ့ရသည်။ ဒါကို စဉ်းစားမိတော့ ကျွန်မ တကယ်ကို အားတက်သွားသည်။ ဘုရားသခင် ဒါမှမဟုတ် ခေါင်းဆောင်က ကျွန်မအပေါ် မည်သို့ပဲထင်ထင် ကျွန်မ ပြိုလဲ၍မဖြစ်ပါ။ ကျွန်မ၏တာဝန်က မည်မျှပဲ ခက်ခဲပါစေ စိန်ခေါ်မှုကို ရင်ဆိုင်ရမည်။ ကျွန်မ ထိုကဲ့သို့ စဉ်းစားလိုက်သည့်အခါ၊ စိတ်ဒုက္ခရောက်သလို မခံစားရတော့ပါ။ ကျွန်မ မျက်ရည်များကို ချက်ချင်းသုတ်ပြီး ညီအစ်ကို မောင်နှမများနှင့် ဆွေးနွေးတိုင်ပင်ဖို့ သွားခဲ့သည်။ သုံးလေးရက်လောက် အတွင်းမှာပဲ ထို တွဲဖက်အမှုဆောင်ကို ကျွန်မတို့အဖွဲ့ထဲကို ခေါ်ယူနိုင်ခဲ့သည်။ သို့သော် ထိုနောက်မှာ ကျွန်မက သမ္မာတရားကို အလေးအနက်ရှာဖွေပြီး ကျွန်မ ပြဿနာများကို ပြန်လည်ဆန်းစစ်ခြင်း မလုပ်ခဲ့ပါ။ ထိုအစား ကျွန်မ ကိုယ်တိုင်၏ အသိစိတ်နှင့် ဆန္ဒကို အခြေခံပြီး ကျွန်မတာဝန်ကို ဆက်လုပ်ခဲ့သည်။ ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုနှင့် လက်တွေ့ကျမှု အနည်းငယ် ရှိသည်ဟု ထင်ခဲ့ပါသည်။

တကယ်တမ်းတော့ ခေါင်းဆောင်က ကျွန်မကို တာဝန်မသိတတ်သည့်အတွက်၊ အလွယ်လမ်း လိုက်သည့်အတွက်၊ လက်တွေ့ကျသည့်အလုပ်ကို မလုပ်သည့်အတွက် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ဤသည်တို့မှာ တကယ်ကို ဆိုးသည့်ပြဿနာများ ဖြစ်ပါသည်။ ကျွန်မက ကျွန်မတို့၏ ဧဝံဂေလိအလုပ်ကို ဦးဆောင်နေခြင်း ဖြစ်ပြီး အယူအဆ အများကြီးရှိသည့်သူ တစ်ယောက်ကို ကျွန်မ တွေ့သည့်အခါ၊ ကျွန်မ၏ မိတ်သဟာယနှင့် သက်သေခံခြင်းအပေါ် စိတ်နှစ်မြှုပ်လုပ်ကိုင်ဖို့ ဆန္ဒမရှိခဲ့ပါ။ ကျွန်မက ခပ်ပေါ့ပေါ့ပဲ ဘေးဖယ်ထားလိုက်ပြီး လဝက်လောက် ကြာသွားသည်။ ယင်းက လူတွေအများကြီးက စစ်မှန်သည့် လမ်းခရီးကို စူးစမ်းပြီး သခင်ပြန်ကြွလာသည်ကို ကြိုဆိုခြင်းကို နှောင့်နှေးနေစေခြင်း ဖြစ်သည်။ မိမိတာဝန်မှာ အရေးမစိုက်ခြင်းသည် ဘုရားသခင်ကို အာခံပြီး သူ့၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း ဖြစ်ပေသည်။ ကျွန်မက မည်သည့်အခါမျှ ပျင်းရိသည့်ပုံမျိုးမရှိဘဲ၊ မိမိတာဝန်မှာ အဖိုးအခ ပေးဆပ်နိုင်သော်လည်း၊ စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရသည့် အချိန်တိုင်းမှာ ပြဿနာကို ဖြေရှင်းပြီး မိမိတာဝန်ကို ကောင်းကောင်း ထမ်းဆောင်ဖို့အတွက် သမ္မာတရားကို ရှာဖွေခြင်းမှာ အာရုံမစိုက်ပါ။ ထိုအစား ကျွန်မက နောက်ဆုတ်ပြီး ကျွန်မနှင့် ကိုက်သည့်မည်သည့်အရာကိုမဆို လုပ်လိုက်သည်။ အေးအေးဆေးဆေးနှင့် ဘုရားသခင်၏ စေခိုင်းချက်ကို ဘေးမှာထားလိုက်သည်။ ဒါက မည်သို့များ ဆက်ကပ်အပ်နှံခြင်း ဖြစ်မည်နည်း။ ခေါင်းဆောင်က ကျွန်မတာဝန်မှာ ကျွန်မ၏ အလေးအနက်မထားသည့်၊ တာဝန်မသိတတ်သည့် သဘောထားအကြောင်း၊ ကျွန်မ၏ လှည့်စားတတ်သည့် ဆိုးယုတ်သည့် စိတ်သဘောထားအကြောင်းကို ဖွင့်ပြောပြသည်၊ ပြီးလျှင် ဤကဲ့သို့ ကျွန်မလုပ်ခြင်း ပထမအကြိမ်မဟုတ်ပါ။ ကျွန်မ မိမိကိုယ်ကိုယ် သိပြီး၊ နောင်တရဖို့၊ ပြောင်းလဲဖို့ ခေါင်းဆောင်က ကျွန်မအတွက် စိစစ်သုံးသပ်ပေးသော်လည်း၊ မိမိကိုယ်ကိုယ် အမှန်တကယ် ပြန်လည်ဆန်းစစ်ခြင်း မလုပ်ခဲ့ပါ။ ကျွန်မပြဿနာ၏ အရင်းအမြစ်က မည်သည့်နေရာတွင်ရှိသည်ကို ကျွန်မ မမြင်ခဲ့ပါ။ ကျွန်မက ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံသကဲ့သို့ ပြုမူခဲ့သည်။ သို့သော် မိမိကိုယ်ကိုယ် အမှန်တကယ်နားလည်ခြင်း မည်သည့်တစ်ခုမှ မရှိခဲ့ပါ။ ထိုအကြောင်းကြောင့် အစည်းအဝေးမှာ ကျွန်မက အနှစ်မပါသည့်အကြောင်းများနှင့် အယူဝါဒများကို ပြောခဲ့ပြီး မိမိကိုယ်ကိုယ် သတိပြုမိသလိုမျိုး ဟန်ဆောင်ခဲ့သည်။ ကျွန်မက မိမိတာဝန်မှာ တာဝန်မသိတတ်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ အိမ်တော်၏ အလုပ်ကို ဆိုးဆိုးဝါးဝါး ဖျက်ဆီးလျက် နှောင့်နှေးစေခဲ့ကြောင်း ခေါင်းဆောင်က ကျွန်မကို အပြစ်တင်ဆုံးမခြင်းသည် အလွန် မှန်ကန်ကြောင်းနှင့် ကျွန်မက မိမိလုပ်ခဲ့သည့်အရာအပေါ်မှာ အမှား၊ အမှန်ကို စိစစ်နိုင်ဖို့အတွက် ခေါင်းဆောင်က ကျွန်မ၏ သဘာဝ၊ ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားမှာ ရှိသည့်အရာများကို ထုတ်ပြောနေခြင်း ဖြစ်ကြောင်းတို့ကို ကျွန်မ ပြောခဲ့သည်။ သို့သော် ကျွန်မ မည်သည့်နေရာမှာ မှားသွားသည်ကိုမူ တစ်ခါမှ မိတ်သဟာယ မပြုခဲ့ပါ။ ကျွန်မ လုပ်ရပ်များ၏ သဘာဝနှင့် အကျိုးဆက်များအပြင် ကျွန်မ၏တာဝန်အပေါ် ထားသည့်ကျွန်မ၏ အလေးအနက်မရှိသည့်သဘောထားထဲမှာ မည်သို့ ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြသည်၊ မည်သို့ အဓိပ္ပာယ်မရှိသည့်စဉ်းစားပုံမျိုးနှင့် အယူအဆများကို ကျွန်မ ကိုင်စွဲထားသည်တို့ကို တစ်ခါမှ မိတ်သဟာယမပြုခဲ့ပါ။ ဤပိုပြီး အသေးစိတ်ကျသည့် အချက်အလက်များကို ကျွန်မ အရေးမစိုက်ခဲ့ပါ။ ထိုအစား ကျွန်မ မည်သည့်အရာကို ပြောခဲ့သနည်း။ ဘုရားသခင်ကို ကျွန်မ မည်သို့ မှီခိုပြီး အပြုသဘောဆောင်စွာ ဝင်ရောက်ကြောင်း ဖြစ်သည်။ ဤကဲ့သို့ အပြုသဘောဆောင်သည့်နားလည်မှုမျိုးကို ကျွန်မ အကြာကြီးပြောသည်။ ကျွန်မ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ အပျက်သဘောဆောင်ပြီး စောဒကတက်ချင်သကဲ့သို့၊ လက်လျှော့ အရှုံးပေးလိုက်ချင်သကဲ့သို့ ခံစားခဲ့ရသည်၊ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိတော့ ကျွန်မ တကယ် ခွန်အားရပြီး ကျွန်မ ပြိုလဲ၍ မဖြစ်ဘူးဆိုပြီး ခံစားရပါသည်ဟု ကျွန်မ ပြောခဲ့သည်။ ဘုရားသခင်က ကျွန်မအပေါ်မှာ အများကြီး အလုပ်လုပ်ခဲ့ပြီး ကျွန်မကို အများကြီး ပေးခဲ့သောကြောင့်၊ ကျွန်မ အသိတရားရှိရမည် ဖြစ်ပြီး ဘုရားသခင်ကို စိတ်ပျက်စေ၍ မဖြစ်ပါ။ ထို့ကြောင့် ကျွန်မ မည်သို့ပဲ ပြုပြင်ခံရ၊ ကိုင်တွယ်ဖြေရှင်းခံရပါစေ၊ ကျွန်မတာဝန်က မည်မျှ ခက်ခဲပါစေ၊ ကျွန်မ ကောင်းစွာ လုပ်ရမည်၊ ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းခြင်းက ကျွန်မ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပြီး သိမြင်လာစေရန့်၊ နောင်တရပြီး ပြောင်းလဲစေဖို့ဖြစ်သည်ဟု ကျွန်မ တွေးမိခဲ့ပါသည်။ သူများက ဤသည်ကို ကြားသည့်အခါ၊ ကျွန်မ၏ ပြဿနာများနှင့် ဖောက်ပြန်ပျက်စီးမှုအပေါ် ပိုင်းခြားသိမြင်မှု သူတို့၌ မရှိခဲ့ကြသကဲ့သို့၊ ကျွန်မက ဘုရားအိမ်တော်၏ အလုပ်ကို အကြီးအကျယ် ထိခိုက်စေသည်ဟု သူတို့ မခံစားခဲ့ကြရပါ။ ထိုအစား ခေါင်းဆောင်က ကျွန်မအပေါ် တကယ်ကို ဝေဖန်ခဲ့သည်၊ ကျွန်မအလုပ်မှာ အနည်းငယ် လွဲသည်နှင့် ကျွန်မက ပြုပြင်ခံရ၊ ကိုင်တွယ်ဖြေရှင်းခံရသည်ဆိုပြီး သူတို့ ခံစားမိခဲ့သည်။ သူတို့က တကယ်ကို စာနာပြီး နားလည်ကြပါသည်။ ပြီးလျှင် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်း ခံရပြီးသည့်နောက်မှာ ကျွန်မက အပျက်သဘောမဆောင်လာဘဲ၊ ကျွန်မတာဝန်ကို ဆက်ပြီး ထမ်းယူနိုင်သည်ကို မြင်ရသည့်အခါ၊ ကျွန်မက သမ္မာတရားကို တကယ် နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု သူတို့ ခံစားခဲ့ရသည်။ သူတို့ ကျွန်မကို တကယ်ကို အထင်ကြီး လေးစားပြီး အရမ်းမြှောက်စားကြသည်။ ထိုအချိန်တုန်းက ကျွန်မက ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခံရပြီးသည့်အခါ၊ စိတ်ဓာတ်ခိုင်မာစွာရှိနေပြီး မိမိတာဝန်ကို ဆက်လုပ်ခြင်းသည် တကယ်ကို လေးစားစရာကောင်းပါသည်ဟု လူအချို့က ပြောကြသည်။ ပြီးလျှင် ကျွန်မတာဝန်က လုံးဝ မလွယ်ကြောင်း၊ ကျွန်မက အစွမ်းကုန် အလုပ်လုပ်ရုံမကဘဲ သတိမပြုမိသည့်အချိန်မှာ အပြစ်တင်ဆုံးမခြင်း ခံရသည်ဟု အချို့က ပြောကြသည်။ ကျွန်မတာဝန်ကို ချက်ချင်းပြန်လုပ်ဖို့ ကျွန်မ မျက်ရည်များကို သုတ်သည်ကို သူတို့ မြင်ပြီး ဟိုးယခင်က သူတို့လည်း တစ်စစီ ပြိုလဲကြပြီး ထိုကဲ့သို့ ဝိညာဉ်ရင့်ကျက်မှု မရှိခဲ့ကြောင်းကို ပြောကြသည်။ ကျွန်မ၏ မိတ်သဟာယကို သူတို့ နားထောင်ခဲ့ကြပြီး ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို လက်ခံခြင်းအတွက် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို၊ သို့မဟုတ် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရခြင်းက ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းဖြစ်သည်ကို သူတို့ နားမလည်ခဲ့ကြပါ။ ထိုအစား ဘုရားသခင်ကို သူတို့ နားလည်မှုလွဲကြသည်၊ သတိထားကြသည်၊ ပြီးလျှင် သူတို့ကိုယ်သူတို့ ဘုရားသခင်ထံမှ ဝေးဝေးနေစေကြသည်။ ကျွန်မထံ ပို၍ နီးကပ်လာကြသည်။ ထိုနောက်မှာ ကျွန်မ သုံးလေးကြိမ်လောက် ကိုင်တွယ်ဖြေရှင်းခံရသည်။ အကြိမ်တိုင်းမှာ ဤပုံစံအတိုင်းသာဖြစ်သည်။ ကျွန်မက ဝိညာဉ်ရေးရာနှင့်ပြည့်ဝသကဲ့သို့၊ မိမိကိုယ်ကိုယ် သိသကဲ့သို့ ဟန်ဆောင်ရင်း၊ ဝိညာဉ်ရင့်ကျက်မှုနှင့် လက်တွေ့ကျမှုရှိသယောင် ဆောင်လျက်၊ အမြဲတမ်း တိုက်ရိုက် အယူဝါဒများကိုသာ ပြောသည်၊ ပြီးလျှင် ညီအစ်ကို မောင်နှမများအားလုံးကို ကျွန်မ အရူးလုပ်ခဲ့သည်။ ကျွန်မက လုံးဝကို သတိမပြုမိဘဲ၊ လုံးဝကို ထုံထိုင်းနေကာ၊ ယင်းကို ကြုံတွေ့ရသည့်အချိန်မှာ မိမိကိုယ်ကိုယ် မတ်မတ်ရပ်တည်နိုင်သည့်အတွက် မိမိကိုယ်ကိုယ် တကယ်ကို ဂုဏ်ယူခဲ့သည်။ ကျွန်မက အလွန်အမင်း မိမိကိုယ်ကိုယ် ဂုဏ်ပြုနေပြီး ကျွန်မမှာ ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရား၏ စစ်မှန်မှုရှိသည်ဟု ခံစားခဲ့ရသည်။ ကျွန်မက ပို၍ ပို၍ မာနထောင်လွှားလာပြီး မိမိကိုယ်ကိုယ် စိတ်ချယုံကြည်လာသည်။

တစ်ခါက အစ်ကိုတစ်ယောက်က ကျွန်မတာဝန်မှာ ပြဿနာ အချို့ကို ထောက်ပြသည်။ သူက ပြဿနာရှာနေသည်၊ အမှား လိုက်ရှာနေဟု စောဒကတက်လျက်၊ ကျွန်မ လက်ခံဖို့ ငြင်းဆန်ခဲ့သည်။ သူ့ကို ကျွန်မ တော်တော် စိတ်တိုသွားသည်။ သို့သော် ဤနှစ်များအကြာကြီး ယုံကြည်သူ ဖြစ်လာခဲ့ပြီးသည့်နောက်တွင်ပင် ကျွန်မ မည်မျှ မာနထောင်လွှားခဲ့သည်ကို တစ်ယောက်ယောက်က မြင်သွားပြီး ကျွန်မကို အထင်သေးမည်ကို စိုးရိမ်ခဲ့သည်။ ခေါင်းဆောင်က သိသွားပြီး ကျွန်မက သမ္မာတရားကို လက်မခံနိုင်ဘူးဟု ပြောမှာကို ကျွန်မ တော်တော် ကြောက်ခဲ့မိသောကြောင့်၊ ကျွန်မ ဟန်ဆောင်ပြီး ယင်းနှင့်ပတ်သက်ပြီး စောဒက မတက်မိအောင် မိမိကိုယ်ကိုယ် တွန်းအားပေးခဲ့ပါသည်။ စိတ်အေးအေးထားပုံ ပြုမူလျက်၊ “အစ်ကို ဒီနေရာမှာ အစ်ကို မြင်တဲ့ပြဿနာကို ကျွန်မကို ပြောပြပါ၊ ပြီးတော့ အဲဒါတွေကို တစ်ခုချင်းဆီ ကျွန်မတို့ ပြောကြတာပေါ့။ ဒါတွေကို ကျွန်မတို့ မဖြေရှင်းနိုင်ရင် ခေါင်းဆောင်တစ်ယောက်နဲ့ ပြောလို့ရပါတယ်။” ဟု သူ့ကို ပြောလိုက်သည်။ သို့ဖြစ်၍ သူက ပြဿနာများကို တစ်ခုပြီးတစ်ခု ချပြပြီး၊ ကျွန်မက တစ်ခုချင်းစီအတွက် ချေပချက်ကို ပြန်ရှင်းပြခဲ့သည်။ အဆုံးမှာ သူ ထုတ်ပြသည့်ပြဿနာအများစုကို ကျွန်မ ရှင်းပေးခဲ့သည်။ ပြဿနာက ပြေလည်သွားသည် ဟု ကျွန်မ မြင်ခဲ့ပြီး အလွန်ကျေနပ်မိလေသည်။ သို့သော် သူက ယင်းနှင့်ပတ်သက်ပြီး စိတ်သက်သာရာမရသောကြောင့်၊ ခေါင်းဆောင်တစ်ယောက်နှင့် သွား ဆွေးနွေးသည်။ သူ ထုတ်ပြသည့်အချို့ပြဿနာများက တကယ့်ပြဿနာများ ဖြစ်ပြီး ခေါင်းဆောင်က သိသွားသည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ရှေ့မှာ ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခဲ့သည်။ ကျွန်မက မာနထောင်လွှားပြီး မည်သူ၏ အကြံပြုချက်ကိုမှ လက်မခံခဲ့ကြောင်း ကျွန်မတာဝန်မှာ စည်းမျဉ်း မလိုက်နာခဲ့ကြောင်းနှင့် ယုံကြည်လာသည့် ဤနှစ်များကြာ ပြီးသည့်နောက်တွင်ပင် ကျွန်မက သမ္မာတရား၏ စစ်မှန်မှု လုံးဝ မရှိကြောင်းတို့ကို ပြောခဲ့သည်။ ကျွန်မက မည်သည့် လက်တွေ့ကျသည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်ကြောင်း၊ ကျွန်မက ကျိုးကြောင်းမဲ့စွာ မာနထောင်လွှားနေပြီး လုံးဝ အကျိုးသင့်အကြောင်းသင့် မရှိကြောင်း ပြောသည်။ ယင်းက ကျွန်မအတွက် ကြားရခက်လေသည်။ သို့သော် ကျွန်မက အပြည့်အဝ လက်မခံခဲ့ပါ။ “ငါက မာနထောင်လွှားပြီး တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်တာမျိုး ရှိပေမဲ့၊ အကြံပြုချက်တချို့ကိုတော့ ငါ ခံယူနိုင်ပါတယ်။ အဲဒီလောက်လည်း မာနမထောင်လွှားပါဘူး။” ဟု ကျွန်မ တွေးမိသည်။

ထို့နောက်တွင်မကြာမီပင် နောက်ထပ်တစ်ခါ အလုပ် အစည်းအဝေးတစ်ခုမှာ ကျွန်မ ဖော်ထုတ်ခံရသည်။ ကျွန်မ ဦးဆောင်သည့်အလုပ်မှာ ကျွန်မက အချိန်ဆွဲနေသည်ကို ခေါင်းဆောင်က သိသွားပြီး “ဒီအလုပ်ကို ဘာလို့ ထိရောက်မှုမရှိဘဲ လုပ်နေတာလဲ။ ဘာ ပြဿနာရှိလို့လဲ။ ပိုကောင်းအောင် လုပ်နိုင်မလား။” ဟု မေးသည်။ ကျွန်မက “မလုပ်နိုင်ဘူး။” ဟု ပြန်ပြောလိုက်သည်။ ခေါင်းဆောင်က ကျွန်မတို့၏ တကယ့်အခြေအနေကို နားမလည်ဟု လည်းကောင်း၊ အများကြီး မျှော်လင့်လွန်းသည်ဟု လည်းကောင်း ကျွန်မ ခံစားခဲ့မိသည်။ ထို့နောက်မှာ သူက ကျွန်မတို့အတွက် ဘုရားသခင်၏နှုတ်ကပတ်တော်အချို့ကို ဖတ်ပြခဲ့ပြီး ဧဝံဂေလိ ဖြန့်ဝေခြင်း၏ အရေးပါမှုကို မိတ်သဟာယဖွဲ့သည်။ အချိန်က အရမ်းနည်းနေပြီး ကျွန်မတို့၏ ထိရောက်မှုကို မြှင့်တင်ရမယ်ဟုလည်း ပြောသည်။ သူ ပြောသည့်အရာ တစ်ခုမှ ကျွန်မ တကယ်တမ်း မခံယူခဲ့ပါ။ ကျွန်မက “ငါတို့၏ ထိရောက်မှုကို တကယ်ကို ဆက်မမြှင့်နိုင်တော့ဘူး။” ဟု တွေးလျက်၊ ကိုယ်ပိုင်အယူအဆများ၊ အတွေ့အကြုံထဲမှာ ပိတ်မိနေခဲ့သည်။ ကျွန်မ ဘေးနားက ညီအစ်ကို မောင်နှမများကို “ငါတို့ လုပ်နိုင်မယ်လို့ ထင်လား။” ဟု တိတ်တိတ်လေး မေးလိုက်သည်။ ဤအရာကို သူတို့ကို မေးရသည့်ကျွန်မ၏ ရည်ရွယ်ချက်က သူတို့ကို ကျွန်မဘက်ပါစေရန်၊ ကျွန်မကဲ့သို့ ပြောစေရန်၊ ခေါင်းဆောင်ကို ပြန်တွန်းလှန်ပြီး ခပ်နှေးနှေးသာ လုပ်စေရန် ဖြစ်သည်။ ယင်းက အလွန် သိသာသော်လည်း၊ ကျွန်မက လုံးဝ သတိမပြုမိပါ။ သူတို့က ကျွန်မအပေါ် လုံးဝ ရိပ်စားမှုမရှိခဲ့ပေ။ သူတို့က မည်သည့် စဉ်းစားချင့်ချိန်မှုမျှ မရှိဟု ပြော၍ ရပါသည်။ သူတို့အားလုံးက ကျွန်မဘက်မှာနေပြီး ကျွန်မကို လက်ခံကြသည်။

နောက်ပိုင်းမှာ ကျွန်မက မာနထောင်လွှားပြီး မိမိတာဝန်မှာ ထိရောက်မှုမရှိသည့်အတွက်၊ ပြီးလျှင် အဖွဲ့၏အလုပ်ကို ကောင်းကောင်း မစီမံရုံတင်မကဘဲ၊ ဟန့်တားခဲ့သည့်အတွက် ကျွန်မ၏ တာဝန်ကနေ ထုတ်ပယ်ခံလိုက်ရသည်။ သို့သော် ကျွန်မ အံ့သြသွားရသည်က အဖွဲ့ခေါင်းဆောင်ရွေးဖို့အချိန် ထပ်ရောက် လာသည့်အခါ၊ ညီအစ်ကို မောင်နှမများက ကျွန်မကို မဲပေးကြသေးရုံတင်မကဘဲ၊ အားလုံးက တညီတညွတ်တည်း ထောက်ခံကြသည်။ ကျွန်မကို ထုတ်ပယ်ခြင်းအားဖြင့် အဖွဲ့တစ်ခုလုံး ပြိုလဲသွားမည် ဖြစ်ပြီး၊ အခြားမည်သူက ထိုအဖွဲ့ကို ဦးဆောင်မည်နည်းဟု လူအချို့ကပြောတာကို ကျွန်မ ကြားရသည်။ ထိုအချိန်မှာ ကျွန်မမှာ တကယ် အရေးကြီးသည့် ပြဿနာ ရှိနေသည်ကိုလည်းကောင်း၊ လူတိုင်းက ကျွန်မ အလုပ်လုပ်သည့်ပုံစံကို မကြည့်ဘဲ ကျွန်မကို နားထောင်ပြီး ပံ့ပိုးနေကြသည်ကိုလည်းကောင်း ခံစားခဲ့ရသည်။ ခေါင်းဆောင်က ကျွန်မကို ထုတ်ခဲ့သော်လည်း၊ လူတိုင်းက ကျွန်မကို မဲပေးကြသည်၊ ပြီးလျှင် မျှမျှတတ အဆက်ဆံခံရစေရန် ကျွန်မအတွက်ပင် ကြိုးစားဆောင်ရွက်ပေးကြသည်။ ကျွန်မက ညီအစ်ကို မောင်နှမများကို တကယ်ကို လမ်းလွဲစေခဲ့သည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ တစ်ပိုဒ်ကို ကျွန်မ စဉ်းစားမိသည်။ “သင်တို့အားလုံးနှင့်စပ်လျဉ်း၍ ပြောရလျှင်မူ အရပ်ဒေသတစ်ခုရှိ အသင်းတော်များကို သင်တို့၏လက်ထဲအပ်နှံ၍ ခြောက်လကြာ သင်တို့ကို မည်သူတစ်ဦးမျှ ကြီးကြပ်နေခြင်းမရှိပါက သင်တို့သည် စတင်၍ လမ်းလွဲကြလိမ့်မည်။ သင့်ကို တစ်နှစ်ကြာ မည်သူမျှ ကြီးကြပ်ခဲ့ခြင်း မရှိပါက သင်သည် ထိုသူတို့ကို ဝေးရာနှင့် လမ်းမှားသို့ ဦးဆောင်သွားလိမ့်မည်။ နှစ်နှစ်ကျော်သွားပြီး မည်သူမျှ သင့်ကို ကြီးကြပ်နေခြင်း မရှိသေးပါက သင်သည် ၎င်းတို့အား သင့်ရှေ့မှောက်သို့ ခေါ်ဆောင်လာလိမ့်မည်။ ဤသို့ အဘယ်ကြောင့် ဖြစ်သနည်း။ သင်တို့ ဤမေးခွန်းကို ယခင်က စဉ်းစားခဲ့ဖူးသလော။ သင်တို့ ဤသို့များ ဖြစ်နေနိုင်သလော။ သင်တို့၏ အသိပညာသည် လူတို့ကို ကာလတစ်ခုအထိသာ ပံ့ပိုးပေးနိုင်သည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ အကယ်၍ သင်သည် တူညီသောအရာတစ်ခုကိုသာ ဆက်၍ပြောနေပါက လူအချို့တို့သည် သတိပြုမိကြလိမ့်မည်၊ ၎င်းတို့က သင်သည် အပေါ်ယံဆန်လွန်းကြောင်း၊ နက်နဲစေ့စပ်မှု ကင်းမဲ့လွန်းကြောင်း ဆိုကြလိမ့်မည်။ သင်၌ ရွေးချယ်စရာမရှိဘဲ အယူဝါဒများကို ပြောခြင်းဖြင့် လူများကို ကြိုးစားပြီး လှည့်ဖြားရလိမ့်မည်။ အကယ်၍ ဤကဲ့သို့ သင်ဆက်လုပ်နေပါက သင့်အောက်မှ လူများသည် သင်၏ နည်းစနစ်များ၊ ခြေလှမ်းများ၊ ယုံကြည်ခြင်းနမူနာနှင့် လက်တွေ့ခံစားရခြင်း နမူနာနောက်သို့ လိုက်ကြလိမ့်မည် ဖြစ်၍ ၎င်းတို့သည် ထိုစကားများနှင့် အယူဝါဒများကို လက်တွေ့ကျင့်ဆောင်ကြလိမ့်မည် ဖြစ်သည်။ ဤနည်းဖြင့် သင်ဆက်လက်ဟောပြောသောကြောင့် ၎င်းတို့သည် အဆုံးတွင် သင့်ကို စံပြတစ်ဦးအဖြစ် အသုံးပြုလာကြလိမ့်မည်။ အခြားသူများကို သင်ဦးဆောင်ရာတွင် အယူဝါဒများကို သင်ပြောသောကြောင့် သင့်အောက်မှ လူများသည် သင့်ထံမှ အယူဝါဒများကို လေ့လာသင်ယူကြလိမ့်မည်၊ ထို့နောက် အခြေအနေများ တိုးတက်လာသည်နှင့်အမျှ သင်သည် လမ်းမှားနောက်သို့ လိုက်လျှောက်နေပြီးဖြစ်လိမ့်မည် ဖြစ်သည်။ သင့်အောက်မှ လူများသည် သင်ဖောက်သည့် မည်သည့်လမ်းကိုမဆို လိုက်လျှောက်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့အားလုံးသည် သင့်ထံမှ သင်ယူလေ့လာကာ သင့်နောက်သို့ လိုက်ကြသဖြင့် ‘ငါသည် ယခုသြဇာတိက္ကမကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်’ ဟု သင်ခံစားရလိမ့်မည်။ လူသားအတွင်းရှိ ဤသစ္စာမဲ့ခြင်းသဘာဝသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ အမျိုးမျိုးသော ဂိုဏ်းဂဏများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ သူတို့မှာ ဤနည်းဖြင့် ဖြစ်ပေါ်လာကြသည်။ ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”) ကျွန်မက ဘုရားသခင် ဖော်ထုတ်သည့်ဖာရိရှဲကဲ့သို့ အတိအကျဖြစ်ပြီး၊ ဤလှည့်စားတတ်သည့်၊ ဆိုးယုတ်သည့် စာတန်ဆန်သော စိတ်သဘောထား ကျွန်မမှာ ရှိရုံတင်သာမက၊ ကျွန်မ၏ အပြုအမူကလည်း အခြားသူများကို လှည့်စား ထိန်းချုပ်ပြီး ဘုရားသခင်ကို ဘေးမှာထားသည့်အဆင့်အထိ ရောက်သွားခဲ့သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကနေ ကျွန်မ မြင်နိုင်ပါသည်။ အယူဝါဒကိုသာ ပြောပြီး လူများကို လှည့်စားဖို့အတွက် သူတို့ အလုပ်ကြိုးစားသည့်ပုံစံ ပြုမူကြသည့် ကြောင်သူတော်ဆန်သည့် ဖာရိရှဲများ၊ ဘုန်းတော်ကြီးများ အကြောင်းကို တွေးမိသည်။ သူတို့က ဘုရားသခင်ကို အကြွေးတင်သည် ဟုပြောကြပြီး တကယ်ကို နှိမ့်ချပြီး မိမိကိုယ်ကိုယ် သတိပြုမိသည့်ပုံစံ ရှိကြသော်လည်း၊ သူတို့က သခင့်အတွက် မည်မျှ စွန့်လွှတ်ခဲ့သည်၊ မည်မျှ ဒုက္ခခံခဲ့သည်၊ မည်မျှထိ သူတို့အလုပ်လုပ်ခဲ့သည်တို့ကို အမြဲတမ်း ပြသကြသည်။ အကျိုးဆက်အနေဖြင့် ယုံကြည်သူများက သူတို့ကို ကိုးကွယ်ကြပြီး သူတို့ပြောသမျှ အရာတိုင်းက သခင့်အလိုတော်နှင့် ညီသည်ဟု ထင်ကြသည်။ လူများက သူတို့အပေါ် မည်သည့် ရိပ်စားမှုမှ မရှိကြပါ။ သူတို့ကို လိုက်နာခြင်းက သခင့်ကို လိုက်နာခြင်းသာ ဖြစ်သည်ဟုပင် လူများက ထင်ကြသည်။ ယင်းက သခင့်ကို အမည်ခံ သက်သက်သာ ယုံကြည်ခြင်းဖြစ်ပြီး တကယ်တမ်းမှာက ဘုန်းတော်ကြီးများ နောက်ကို လိုက်နေခြင်းပဲ။ ကျွန်မ လျှောက်နေသည့်လမ်းက ဖာရိရှဲများ၊ ဘုန်းတော်ကြီးများ၏ လမ်းနှင့် မည်သို့များ ကွဲပြားဦးမည်နည်း။ ကျွန်မလည်း မိမိတာဝန်မှာ ဆက်ကပ်အပ်နှံမှု ရှိသည်ဟု ညီအစ်ကို မောင်နှမများ ထင်စေရန်အလို့ငှာ အယူဝါဒနှင့် အပေါ်ယံ ပေးဆပ်မှုများကိုသာ ကျွန်မ အာရုံစိုက်ခဲ့သည်။ ကိုင်တွယ်ဖြေရှင်း ခံရသည့်အခါမှာ ကျွန်မ သမ္မာတရားကို မရှာဖွေခဲ့သကဲ့သို့၊ မိမိကိုယ်ကိုယ် အမှန်တကယ် ပြန်လည်မဆန်းစစ်ခဲ့ပါ။ ကျွန်မက နာခံသည်၊ ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု လူများက ထင်ပြီး ကျွန်မကို နှစ်သက်ကြဖို့၊ ကျွန်မပြောခြင်းကို နားထောင်ကြဖို့အလို့ငှာ လူတိုင်းကို လှည့်စားဖို့ မှန်သည်ဟု ထင်ရသည့်အရာများကိုသာ ကျွန်မ ပြောသည်။ ကျွန်မ အပေါ်မှာ ဘုရားသခင်၏ သတ်မှတ်ချက်များကိုပင် ဆန့်ကျင်ဖို့ သူတို့ကို ကျွန်မ လုပ်ခဲ့သည်။ တကယ်တမ်း အာဏာရှိနေသည်က ကျွန်မ ဖြစ်ခဲ့သည်။ ကျွန်မက အန္တိခရစ်နှင့် မည်သို့များ ခြားနားနေခဲ့သနည်း။ ကျွန်မက ခေါင်းဆောင်တစ်ယောက် မဟုတ်ခဲ့သကဲ့သို့၊ အဆင့်မြင့်သည့်ရာထူးမျိုး မရှိခဲ့ပါ။ ခေါင်းဆောင်၏ ကြီးကြပ်မှုအောက်မှာ အခြားညီအစ်မ နှစ်ယောက်နှင့် အလုပ်အချို့အတွက် တာဝန်ခွဲဝေ ယူထားရခြင်းသက်သက်သာ ဖြစ်သည်၊ သို့သော်လည်း ကျွန်မ ပြဿနာက ထိုမျှလောက်ဆိုးသွားခဲ့ပြီး ဖြစ်လေသည်။ တစ်စုံတစ်ခုအတွက် ကျွန်မတစ်ယောက်တည်း တာဝန်ရှိသည့် ပိုမြင့်သည့်ရာထူးကို ကျွန်မ ရသွားပါက၊ မည်မျှဆိုးသည့် မကောင်းမှုကိုများ ကျွန်မ လုပ်မိနိုင်မည်ကို မတွေးရဲပါ။ ကျွန်မက ယုံကြည်သူဖြစ်သည်မှာ ကြာခဲ့ပြီး၊ မည်သို့သော အခက်အခဲ သို့မဟုတ် စမ်းသပ်မှုများကို ရင်ဆိုင်ရပါစေ ကျွန်မတာဝန်ကို ဆက်လုပ်ခဲ့သည့်အတွက် ကျွန်မမှာ အတော်အတန် ကောင်းသည့် လူ့သဘာဝ ရှိပြီး၊ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ တစ်ခါမှ မရုန်းကန်ခဲ့ဖူးသောကြောင့်၊ ကျွန်မက ဖာရိရှဲ ဒါမှမဟုတ် အန္တိခရစ်တစ်ယောက် လုံးဝ ဖြစ်မလာနိုင်ဟု ထင်ခဲ့ပါသည်။ သို့သော် အမှန်တရားနှင့် ရင်ဆိုင်ရသည့်အခါမှာ ကျွန်မက ဆွံ့အသွားပြီး ပြောစရာ တစ်ခုမရှိခဲ့ပါ။ ကျွန်မ၏ အယူအဆများက မည်မျှ အဓိပ္ပာယ်မရှိပြီး ထိခိုက်နစ်နာစေသည်ကိုလည်းကောင်း၊ ကျွန်မ၏ စိတ်သဘောထားက မည်မျှ ဆိုးယုတ်ပြီး ကြောက်စရာကောင်းသည်ကိုလည်းကောင်း နောက်ဆုံးမှာ ကျွန်မ မြင်တွေ့ခဲ့သည်။ ယုံကြည်သူတစ်ယောက်အနေနှင့် သမ္မာတရားကို ကျွန်မ မလိုက်စားခဲ့ဘဲ၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းများကို ကျွန်မ လက်မခံသကဲ့သို့ မနာခံခဲ့သည်ကို မြင်ခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ကျွန်မ၏ ဆိုးယုတ်သည့်သဘာဝကို ဆင်ခြင်သုံးသပ်ပြီး သိမြင်ခြင်း မရှိခဲ့ပါ။ ကျွန်မက အပေါ်ယံ လိုက်နာပြီး ပါးစပ်နှင့်သာ အသိအမှတ်ပြုပြီး တင်းတိမ်နေခဲ့သည်။ သို့ရာတွင် ကျွန်မက မည်မျှပင် ကောင်းမွန်ပြီး စည်းကမ်းလိုက်နာသည့်ပုံပေါ်ပါစေ အခွင့်အလမ်း တစ်ခုပေါ်လာသည်နှင့် ဘုရားသခင်ကို သစ္စာဖောက်သည့် ကျွန်မ၏ ဆိုးယုတ်သည့်သဘာဝက သိသာလာ‌ခြင်းပင် ဖြစ်သည်။ ပြီးလျှင် ကျွန်မ ကိုယ်တိုင်ပင် သတိမထားမိသည့်မကောင်းမှုကို အမှတ်တမဲ့ ကျူးလွန်ခဲ့သည်။ တကယ်ကို ဘုရားသခင် ပြောထားသကဲ့သို့ပင် ဖြစ်ပေသည်။ “ငါ့ကို သင်တို့ သစ္စာဖောက်မည့် အလားအလာက တစ်ရာရာခိုင်နှုန်း ရှိနေဆဲ ဖြစ်သည်ဟု ဆိုလိုသည်။

ကျွန်မက စာတန်၏ ဖျက်ဆီးခြင်းကို မည်မျှဆိုးသည့်အထိ ခံထားရသည်၊ မည်မျှ ထုံထိုင်းပြီး ခေါင်းမာသည်ကို ဘုရားသခင် သိပါသည်။ မိမိကိုယ်ကိုယ် နည်းနည်းသိရုံနှင့် ပြောင်းလဲမှုကို ကျွန်မ မရနိုင်ပါ။ ထို့ကြောင့် နောက်ပိုင်းမှာ ညီအစ်ကို မောင်နှမများ၏ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မ ခံခဲ့ရသည်။ တစ်ခါတုန်းက အစ်မ တစ်ယောက်က “ကျွန်မ အစ်မကို အခုနည်းနည်း ရိပ်မိလာပြီ။ အစ်မက အစ်မရဲ့ တကယ့်စိတ်အတွင်းကျကျကို သိပ်ပြီး မိတ်သဟာယမဖွဲ့သလို၊ အစ်မရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုကို မထုတ်ဖော်ပြဘူး။ အစ်မရဲ့ အပြုသဘောဆောင်တဲ့ဝင်ရောက်မှုနဲ့ နားလည်မှု တချို့ကိုပဲ ပြောတယ်။ အစ်မရဲ့ ဖောက်ပြန်ပျက်စီးမှုက လုံးဝ ဖြေရှင်းပြီးသွားပြီးသလိုမျိုး၊ လွတ်ကင်းသွားသလိုမျိုးပေါ့။” ဟု စကားကိုမချန်ဘဲ ကျွန်မကို တဲ့တိုးပြောခဲ့သည်ကို ကျွန်မ အမှတ်ရမိသည်။ သူမက ကျွန်မကို လေးစား နှစ်သက်ခဲ့ဖူးကြောင်း၊ ကျွန်မက သမ္မာတရားကို နားလည်သည့် ရေရှည် ယုံကြည်လာသူ တစ်ယောက် ဖြစ်သည်၊ အကြောင်းကိစ္စများ တော်တော်များများတွင် မည်သို့ တွေ့ကြုံခံစားရမည်ကို ကျွန်မက သိသည်၊ မိမိတာဝန်မှာ ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်၊ အထူးသဖြင့် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခံရပြီး ပြုပြင်ခံရခြင်းကို ကျွန်မ လက်ခံနိုင်သည်ဟု သူမက ထင်ခဲ့သည်ဟု ပြောသည်။ ထို့ကြောင့် သူက ကျွန်မကို အထင်ကြီးလေးစားခဲ့ခြင်း ဖြစ်သည်။ သူမ၏နှလုံးသားထဲက ဘုရားသခင်၏နေရာကို ကျွန်မကို အမှန်တကယ် ပေးထားလျက်၊ ကျွန်မပြောသမျှက မှန်သည်ဟု သူမကထင်ပြီး ကျွန်မပြောသည်ကို အမြဲတမ်း နားထောင်ခဲ့သည်။ သူမက ကျွန်မကို ဘုရားသခင်လောက်နီးနီး မြင်လာမည်ဟု သူမ ပြောသည်ကို ကြားရလျက် မိုးကြိုပစ်ခံလိုက်ရသကဲ့သို့ပင် ဖြစ်သည်။ ကျွန်မ တော်တော် ကြောက်သွားပြီး တကယ်ကို အတိုက်အခံလုပ်လိုစိတ် ဖြစ်မိသည်။ ကျွန်မ စိတ်ထဲမှာ “ဒါသာ အမှန်ဆိုရင် ငါက အန္တိခရစ်တစ်ယောက် ဖြစ်သွားပြီမဟုတ်လား။ နင် ဘာလို့ အဲဒီလောက် အ ရတာလဲ။ မသိမြင်နိုင်ရတာလဲ။ ငါလည်း စာတန်ရဲ့ ဖျက်ဆီးခြင်းကို ခံထားရပါတယ်။ ငါ့ကို ဘာလို့ အဲဒီလို မြင်ရတာလဲ။” ဟု စဉ်းစားမိသည်။ ကျွန်မ လေးငါးရက်ကြာသည့်အထိ ဝမ်းနည်းပက်လက် ဖြစ်နေခဲ့သည်။ သူပြောသည်ကို ကျွန်မ စဉ်းစားမိတိုင်း စိတ်ပျက်မိပြီး၊ ကျွန်မမှာ ဆိုးဝါးသည့်အရာတစ်ခုက ကျွန်မဆီကို နီးကပ်လာသကဲ့သို့၊ ဤကြောက်လန့်သည့် ထူးဆန်းသောခံစားချက်တစ်ခု ရှိနေသည်။ ဤသည်မှာ ကျွန်မအပေါ် ဘုရားသခင်၏ အမျက်ဒေါသဖြစ်သည်၊ သူ့၏ ဖြောင့်မတ်သည့်စိတ်သဘောထားက ကျွန်မဆီကို လာပြီး၊ ထိုကဲ့သို့ မကောင်းမှုမျိုးကို လုပ်သည့်အကျိုးဆက်ကို ကျွန်မ လက်ခံရမည်ကို ကျွန်မ သိခဲ့ပါသည်။ ဘုရားသခင်၏ စိတ်သဘောထားက မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမှ သည်းမခံသည်ကို ကျွန်မ သိပြီး၊ ဘုရားသခင်က ကျွန်မကို စီရင်ပြီးနှင့်ပြီဟု ခံစားရသောကြောင့်၊ ကျွန်မ၏ ယုံကြည်ခြင်း လမ်းကြောင်းက အဆုံးရောက်နေပြီဟု ထင်ခဲ့ပါသည်။ ထိုကဲ့သို့ စဉ်းစားမိပြီး ကျွန်မ မျက်ရည်များ မထိန်းနိုင်ခဲ့ပါ။ မကောင်းမှုကြီးများ သို့မဟုတ် တကယ်ကို မကောင်းသည့်အရာများကို မလုပ်သည့်ပုံစံရှိသည့်သူ ကျွန်မက တော်တော်ဆိုးသည့် အခြေအနေတစ်ခုကို ရောက်လာနိုင်သည်ဟု ကျွန်မ မည်သည့်အခါမျှ စိတ်မကူးခဲ့မိပါ။ လူများကို အယူဝါဒများနှင့် ကျွန်မ လှည့်စားခဲ့ရုံမက ကျွန်မက ဘုရားသခင်ကဲ့သို့ လူများ ကျွန်မကို ကိုးကွယ်စေခဲ့သည်။ ဤသည်မှာ ဘုရားသခင်ကို အမည်ခံပြယုဂ်အဖြစ် ပြောင်းလဲပစ်ခြင်း ဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို အလွန် ပုန်ကန်ပြစ်မှားလိုက်ခြင်းသာ ဖြစ်သည်။ ကျွန်မက တကယ်ကို အပျက်သဘောဆောင်နေပြီး ကျွန်မ၏ ပြစ်မှားမှုများနှင့် မကောင်းမှုများက ကျွန်မ နှလုံးသားထဲမှာ လောင်မြိုက်နေသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မက ဖာရိရှဲကဲ့သို့၊ အန္တိခရစ်တစ်ယောက်ကဲ့သို့ဖြစ်ပြီး ကျွန်မက စာတန်နှင့်သက်ဆိုင်သည်၊ သုတ်သင်ဖယ်ရှင်းခံရမည့် အစေခံသူ တစ်ယောက်ဟု ကျွန်မ ခံစားခဲ့ရသည်။ မိမိကိုယ်ကိုယ် ထိုအခြေအနေသို့ မည်သို့ရောက်စေခဲ့သည်ကို ကျွန်မ နားမလည်နိုင်ခဲ့ပါ။ နောင်တရပြီး “ဘုရားသခင် ကျွန်မ မကောင်းမှုကြီးကို လုပ်ခဲ့ပါတယ်။ ကိုယ်တော်ရဲ့ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ကျွန်မ ကျိန်ဆဲခံရသင့်ပြီး အပြစ်ဒဏ်ပေးခံရသင့်ပါတယ်။ ကိုယ်တော်ရဲ့ ခွင့်လွှတ်မှုကို ကျွန်မ မတောင်းခံပါဘူး။ ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝကို ကျွန်မ နားလည်နိုင်ပြီး စာတန်ကြောင့်ဖြစ်တဲ့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုရဲ့ အမှန်တရားကို မြင်နိုင်ဖို့အတွက် ကိုယ်တော် ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပါလို့ပဲ တောင်းလျှောက်ပါတယ်။ ဘုရားသခင် ကျွန်မ နောင်တရချင်ပါတယ်။ ရိုးသားပြီး ဖြောင့်မတ်ချင်ပါတယ်။” ဟု ပြောလျက်၊ ဘုရားသခင်ရှေ့ကို ကျွန်မ လာခဲ့သည်။

နောက်ရက်များတွင် ကျွန်မ ထိုမျှ ဆိုးဝါးသည့်နေရာကို မည်သို့များ ရောက်သွားသည်ကိုလည်းကောင်း၊ ပြဿနာ၏ အရင်းအမြစ်က မည်သည့်နေရာတွင် ရှိသည်ကိုလည်းကောင်း ကျွန်မ စပြီး ပြန်လည်ဆန်းစစ်ခဲ့ပါသည်။ တစ်ချိန်တွင် ကျွန်မ၏ ဝတ်ပြုခြင်း၌ ဤသည်ကို ဖတ်မိပါသည်။ “သို့ဆိုလျှင် အန္တိခရစ်များသည် မိမိတို့ကိုယ်ကိုယ် မည်သည့် အပြင်ပန်းပေါ်လွင်သည့် သရုပ်သကန် ပေးထားကြသနည်း။ ၎င်းတို့ မည်သူအဖြစ် ဟန်ဆောင်နေကြသနည်း။ ဟုတ်ပေ၏၊ ၎င်းတို့၏ အယောင်ဆောင်ခြင်းသည် အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းအတွက် ဖြစ်သည်။ ယင်းကို ထိုအရာများမှ ခွဲ၍မရနိုင်ပေ၊ သို့မဟုတ်ပါက ၎င်းတို့သည် ထိုသို့သော ဟန်ဆောင်မှုတစ်ခု ထားရှိဖို့ ဖြစ်နိုင်မည် မဟုတ်ပေ၊ မိုက်မဲလှသည့် အရာတစ်ခုကို ၎င်းတို့ လုပ်ဆောင်ရန် မည်သို့ မျှ မဖြစ်နိုင်ပေ။ ထိုသို့သော အပြုအမူကို အပြစ်တင်ဖွယ်၊ အလွန်မနှစ်မြို့ဖွယ်ဖြစ်ကာ စက်ဆုပ်စရာအဖြစ် ယူဆထားသည်ကို ထောက်ဆလျှင်၊ ၎င်းတို့သည် ယင်းကို အဘယ်ကြောင့် လုပ်ဆောင်ကြသေးသနည်း။ ၎င်းတို့၌ ၎င်းတို့ကိုယ်တိုင်၏ ရည်မှန်းချက်များနှင့် အရင်းခံအကြောင်းများ ရှိကြသည်ကား သေချာပေသည်၊ ရည်ရွယ်ချက်များနှင့် အရင်းခံအကြောင်းရင်းများ ပါဝင်နေပေသည်။ အန္တိခရစ်များသည် လူတို့၏ စိတ်များတွင် အဆင့်အတန်းရရှိဖို့ ဖြစ်ပါက၊ ဤလူတို့အား ၎င်းတို့ကို အထင်ကြီးစေရမည် ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာက လူတို့ကို ထိုသို့ လုပ်ဆောင်စေသနည်း။ လူတို့၏စိတ်ထဲတွင် ကောင်းမွန်သည်ဟု ယုံကြည်ထားသည့် အပြုအမူများနှင့် ထုတ်ဖော်ပြမှုများ အချို့ကို တုပခြင်းအပြင်၊ အခြား သွင်ပြင်တစ်ခုမှာ အန္တိခရစ်များသည် အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့အလို့ငှာ၊ လူတို့က ကြီးမြတ်ကာ ခမ်းနားသည်ဟု ယုံကြည်ကြသည့် အချို့သော အပြုအမူများနှင့် အသွင်တို့ကိုလည်း တုပတတ်ကြလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၈)”) “နောက်ခံက မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်ကို မည်သည့်နေရာတွင် ၎င်းတို့ ထမ်းဆောင်နေကြသည်ဖြစ်စေ၊ အန္တိခရစ်များသည် သမ္မာတရားနှင့် ပတ်သက်၍၊ ပြီးလျှင် ဘုရားသခင်နှင့်ပတ်သက်၍ ၎င်းတို့ စိတ်နှလုံးများ၏ နက်ရှိုင်းသော နေရာများ၌ ၎င်းတို့ စွဲကိုင်ထားသည့် တကယ့် သဘောထားနှင့် တကယ့် အမြင်များကို အခြားသူများထံမှ ကွယ်ဝှက်ထားလျက် ၎င်းတို့သည် အားမနည်းသည့် သွင်ပြင်၊ ဘုရားသခင်အတွက် အဆုံးစွန်သော ချစ်ခြင်းမေတ္တာရှိနေသည့် သွင်ပြင်၊ ဘုရားသခင်၌ ယုံကြည်ခြင်း အပြည့်အဝရှိသည့် သွင်ပြင်၊ မည်သည့်အခါတွင်မျှ အပျက်သဘောမဆောင်ဖူးသည့် သွင်ပြင်၊ မည်သည့်အခါတွင်မျှ ကွယ်ဝှက်ခြင်းမရှိသည့် သွင်ပြင်ကို ပြကြလေသည်။ အမှန်စင်စစ်၊ ၎င်းတို့ စိတ်နှလုံး၏ နက်ရှိုင်းသော နေရာများတွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရာခပ်သိမ်း အစွမ်းထက်သည်ဟု အမှန်တကယ် ယုံကြည်ကြသလော။ မိမိတို့ကိုယ်ကိုယ် အားနည်းချက်များ မရှိဟု အမှန်တကယ် ယုံကြည်ကြသလော။ မယုံကြည်ကြချေ။ ထို့ကြောင့်၊ ၎င်းတို့သည် အားနည်းချက်၊ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပိုင်ဆိုင်သည်ကို သိလျက်၊ အခြားသူများရှေ့တွင် ထိုသို့သော နည်းလမ်းဖြင့် အဘယ်ကြောင့် ပြောဆိုကာ ပြုမူကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်က သိသာထင်ရှားပေသည်- ယင်းသည် အခြားသူများအကြားနှင့် အခြားသူများရှေ့မှောက်တွင် ၎င်းတို့၏ အဆင့်အတန်းကို ကာကွယ်ရန် သက်သက် ဖြစ်သည်။ ၎င်းတို့က အခြားသူများရှေ့တွင် ပွင့်ပွင့်လင်းလင်း အပျက်သဘောဆောင်ပါက၊ အားနည်းသည့်အရာများ၊ ပုန်ကန်ပြစ်မှားမှုကို ထုတ်ဖော်ပြသည့် အရာများကို ပွင့်ပွင့်လင်းလင်း ပြောဆိုကာ၊ မိမိတို့ကိုယ်ကိုယ် သိခြင်းနှင့်ပတ်သက်၍ ပြောဆိုကြပါက၊ ဤသည်မှာ ၎င်းတို့၏ အဆင့်အတန်းနှင့် နာမည်ဂုဏ်သတင်းကို ထိခိုက်နစ်နာစေသည့် အရာဖြစ်သည်၊ ယင်းသည် ဆုံးရှုံးမှုတစ်ခု ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် အားနည်းပြီး အပျက်သဘောဆောင်ကြကာ၊ မစုံလင်ဘဲ သာမန်လူတစ်ဦးသာ ဖြစ်သည်ဟု ပြောဆိုဖို့ထက် သေရန်ပိုလိုလားကြလေသည်။ ၎င်းတို့အနေဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်၊ ၎င်းတို့သည် သာမန်လူတစ်ဦး၊ သေးနုတ်ပြီး အရေးမပါသောသူတစ်ဦး ဖြစ်သည်ဟု ဝန်ခံပါက၊ လူတို့၏စိတ်များတွင် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးကြလိမ့်မည်ဟု ထင်ကြလေသည်။ ထို့ကြောင့် မည်သည့်အရာဖြစ်ပါစေ၊ ၎င်းတို့သည် ဤအဆင့်အတန်းကို လက်မလွှတ်နိုင်ကြဘဲ၊ ထိုအစား ယင်းကို လုံခြုံစေဖို့ အစွမ်းကုန် လုပ်ဆောင်ကြလေသည်။ ပြဿနာတစ်ခုကို ၎င်းတို့ ကြုံရချိန်တိုင်းတွင်၊ ၎င်းတို့ ရှေ့သို့ခြေလှမ်းကြသည်၊ သို့သော် ၎င်းတို့ ဖော်ထုတ်ခံရနိုင်သည်ကို မြင်သည့်အခါ၊ လူများက ၎င်းတို့အား ရိပ်စားမိနိုင်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ အလျင်အမြန် ပုန်းကွယ်ကြလေသည်။ အခြားနည်းဖြင့် လုပ်ကိုင်ဖို့အခွင့် တစ်စုံတစ်ရာ ရှိပါက၊ ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ကြွားဝါခြင်းငှာ အခွင့်၊ ၎င်းတို့က ကျွမ်းကျင်သူတစ်ဦးဖြစ်သည်၊ ဤကိစ္စရပ်နှင့်ပတ်သက်၍ ၎င်းတို့ သိကြပြီး နားလည်ကြကာ ဤပြဿနာကို ဖြေရှင်းနိုင်ကြသည်ဟု ဟန်ဆောင်ခြင်းငှာ အခွင့်အရေး ရှိဆဲဖြစ်ပါက၊ ၎င်းတို့သည် အခြားသူများ၏ အသိအမှတ်ပြုခြင်းကို ကြိုးပမ်းရရှိဖို့ အခွင့်အရေး၊ ဤနယ်ပယ်တွင် ၎င်းတို့ ကျွမ်းကျင်သည်ကို ထိုသူတို့အားသိစေဖို့ အခွင့်အရေးကို ဖမ်းဆုပ်ရန် အပြေးအလွှား ရှေ့တိုးကြလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၈)”) “ဤအန္တိခရစ်များသည် ဝိညာဉ်ရေးရာ ပြည့်ဝသော လူတို့၏ အခန်းကဏ္ဍတွင် ပါဝင်ချင်ကြသည်၊ ၎င်းတို့သည် ညီအစ်ကို မောင်နှမများအလယ်တွင် ပြိုင်ဘက်ကင်းသောသူများ ဖြစ်ချင်ကြသည်၊ သမ္မာတရားကို ပိုင်ဆိုင်ပြီး သမ္မာတရားကို နားလည်ကာ၊ အားနည်းပြီး မရင့်ကျက်သောသူတို့ကို ကူညီနိုင်သောသူများ ဖြစ်ချင်ကြသည်။ ပြီးလျှင် ဤအခန်းကဏ္ဍတွင် ပါဝင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပထမဦးစွာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဇာတိပကတိကို ကျော်လွန်နှင့်ပြီးဖြစ်သည်၊ လောကီ ပူပန်မှုများကို အစားထိုးလိုက်ပြီးပြီဖြစ်သည်၊ ပုံမှန်လူ့သဘာဝ၏ အားနည်းချက်များကို ခါချပြီးဖြစ်ကာ ပုံမှန်လူ့သဘာဝ၏ ဇာတိအသွေးအသား လိုအပ်ချက်များကို ချိုးနှိမ်နိုင်ပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ အိမ်တော်၌ အရေးကြီးသော အလုပ်များကို တာဝန်ယူဆောင်ရွက်နိုင်သူများ၊ ဘုရားသခင်၏ အလိုကို ထောက်ထားနိုင်သူများ၊ မိမိတို့၏ စိတ်များက ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြည့်ဝသောသူများဖြစ်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ သတ်မှတ်ချက်များကို ရယူနှင့်ပြီးဖြစ်ကာ ဘုရားသခင်ကို ကျေနပ်စေပြီးဖြစ်သကဲ့သို့ ဘုရားသခင်၏ အလိုကို ထောက်ထားနိုင်ကာ ဘုရားသခင်ကိုယ်တော်တိုင်၏ နှုတ်မှ ကတိပြုခဲ့သော နှစ်သက်ဖွယ် ခရီးပန်းတိုင်ကို ရရှိနိုင်သောလူများကဲ့သို့ ပုံဖော်ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် မကြာခဏ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီဟု ဘဝင်ခိုက်တတ်ကြပြီး၊ မိမိတို့ကိုယ်ကိုယ် အခြားသူများနှင့် ကွာခြားသည်ဟု ထင်ကြလေသည်။ ၎င်းတို့ အမှတ်ရနိုင်ပြီး ၎င်းတို့၏ စိတ်များတွင် နားလည်နိုင်စွမ်းရှိသည့် စကားလုံးများနှင့် စကားရပ်များကို အသုံးပြုရင်း၊ ၎င်းတို့သည် ဆိုဆုံးမကြသည်၊ ပြစ်တင်ရှုတ်ချကြပြီး အခြားသူများနှင့်ပတ်သက်သည့် ကောက်ချက်များချကြသည်။ ထို့ကြောင့်၊ ၎င်းတို့သည် အခြားသူများနှင့် ပတ်သက်သည့် ကောက်ချက်များချဖို့နှင့် ၎င်းတို့ကို လေ့ကျင့်သင်ကြားပေးဖို့၊ အခြားသူများကို ဤအလေ့အကျင့်များ၊ ဆိုရိုးစကားများကို လိုက်လျှောက်ကြစေဖို့၊ ၎င်းတို့ကိုယ်တိုင်၏ အယူအဆများနှင့်ဆိုင်သည့် စိတ်ကူးစိတ်သန်းများမှ ပေါက်ဖွားသည့် အလေ့အကျင့်များနှင့် ဆိုရိုးစကားများကိုလည်း မကြာခဏ အသုံးပြုကြလေသည်၊ ထိုသို့ဖြင့် ညီအစ်ကို မောင်နှမများအကြားတွင် ၎င်းတို့ ဆန္ဒရှိသည့် အဆင့်အတန်းကို စွမ်းဆောင်ရရှိကြလေသည်။ ၎င်းတို့အနေဖြင့် မှန်ကန်သည့် စကားလုံးများနှင့် စကားရပ်များ၊ ပြီးလျှင် မှန်ကန်သည့် အယူဝါဒများကို ပြောဆိုနိုင်သရွေ့၊ ဆောင်ပုဒ်အနည်းငယ်ကို ဟစ်အော်နိုင်သရွေ့၊ ဘုရားသခင်၏အိမ်တော်တွင် တာဝန်အနည်းငယ်ယူနိုင်သရွေ့၊ အရေးပါသည့် အလုပ်အချို့ကို တာဝန်ယူဆောင်ရွက်နိုင်သရွေ့၊ ဦးဆောင်ဖို့ လိုလားနေသရွေ့၊ ပြီးလျှင် လူတစ်စုတွင် ပုံမှန်စနစ်ကျမှုကို ထိန်းသိမ်းနိုင်သရွေ့၊ ယင်းမှာ ၎င်းတို့သည် ဝိညာဉ်ရေးရာ ပြည့်ဝသူများဖြစ်ပြီး၊ ၎င်းတို့၏အနေအထား လုံခြုံစိတ်ချရသည်ဟု ဆိုလိုသည်ဟု ထင်ကြလေသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာ ပြည့်ဝသကဲ့သို့ ဟန်ဆောင်နေပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာ ပြည့်ဝမှုနှင့်သက်ဆိုင်၍ ကြွားဝါနေစဉ်တွင်၊ ၎င်းတို့သည် အရာခပ်သိမ်း အစွမ်းထက်ပြီး၊ မည်သည့်အရာမဆို တတ်စွမ်းနိုင်သကဲ့သို့၊ စုံလင်သော လူတစ်ဦးကဲ့သို့လည်း ဟန်ဆောင်ကြပြီး၊ အရာရာကို ၎င်းတို့ လုပ်ဆောင်နိုင်ကာ အရာရာတွင် တော်ကြသည်ဟု ထင်ကြလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၁၈)”)

ကျွန်မက ကျွန်မ၏ အကျည်းတန်သည့်၊ ဆိုးယုတ်သည့်ဘက်ကို မည်သူမျှ မမြင်နိုင်အောင် ဖုန်းကွယ်ဖို့ အရမ်းကြိုးစားလျက်၊ အဘယ်ကြောင့် အမြဲတမ်း အရမ်းကို ကြောင်သူတော်ဆန်ပြီး မိတ်သဟာယမှာ ကျွန်မ၏ ကောင်းသည့်ဘက်ကိုပဲ ပြသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပြသခဲ့ပါသည်။ ဤသည်မှာ လူများ၏ နှလုံးသားထဲမှာ ကျွန်မ ကိုင်စွဲထားသည့်နေရာကို ကာကွယ်ဖို့၊ ရေရှည် ယုံကြည်လာသူ တစ်ယောက်အဖြစ် ကျွန်မအပေါ် လူတွေရှိသည့်အမြင်ကို ထိန်းသိမ်းဖို့အတွက် ဖြစ်လေသည်။ ထိုသို့ဖြင့် ကျွန်မက ယုံကြည်လာသည့်နှစ်တွေမှာ ထူးခြားသည်၊ အခြားညီအစ်ကို မောင်နှမများနှင့် မတူဘဲ၊ ကျွန်မက သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု သူတို့က ထင်ကြသောကြောင့်၊ သူတို့က ကျွန်မကို အထင်ကြီးလေးစားကြမည်။ ချစ်ခင် နှစ်သက်ကြမည်။ ကျွန်မက အရမ်း မာနထောင်လွှားသည်၊ ဆိုးယုတ်ပြီး လှည့်စားတတ်သည်ကို နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မက ကြာရှည် ယုံကြည်လာသူ တစ်ယောက်ဖြစ်ပြီး အယူဝါဒ အချို့ကို နားလည်သည်ဟု ထင်ခဲ့သောကြောင့်၊ မိမိကိုယ်ကိုယ် အထင်ကြီးပြီး ဝိညာဉ်ရေးရာပုဂ္ဂိုလ် တစ်ယောက်အဖြစ် စပြီး ဟန်ဆောင်လာခဲ့ခြင်း ဖြစ်သည်။ ကျွန်မမှာ သမ္မာတရား၏ စစ်မှန်မှု မရှိဘဲ၊ သမ္မာတရားကို ရှာဖွေခြင်း၊ လိုက်စားခြင်းများမှာ အာရုံမစိုက်ခဲ့ပါ။ ကျွန်မက သမ္မာတရား၏ စစ်မှန်မှု မရှိသည့် အကျည်းတန်သော စစ်မှန်မှုကို ဖုန်းကွယ်ဖို့အတွက် အယူဝါဒ၊ ကောင်းသည့်အပြုအမူ၊ အပေါ်ယံ ပေးဆပ်မှု အချို့ကို အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။ ကျွန်မက ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ၊ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ပြီး သိအောင်လုပ်ခြင်း မရှိခဲ့ပါ၊ ကျွန်မ၏ ပြဿနာများနှင့် ဖောက်ပြန်ပျက်စီးမှုကို စိစစ်လေ့လာခြင်း မရှိခဲ့ပါ။ ကျွန်မ၏ အကျည်းတန်သည့် ရည်ရွယ်ချက်များနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ အကြောင်းကို မည်သူမှ မသိစေရန်အလို့ငှာ၊ ကျွန်မ၏ ရာထူးနှင့် ပုံရိပ်ကို ကာကွယ်ဖို့အတွက် ဖုန်းကွယ်ခဲ့ပါသည်။ ဤကြောင်သူတော်ဆန်ဆန် ပြသမှုများက သခင်ယေရှုကို ဆန့်ကျင်သည့်ဖာရိရှဲများနှင့် မည်သို့များ ကွဲပြားဦးမည်နည်း။ သခင်ယေရှုက ဖာရိရှဲများကို ပြင်းပြင်းထန်ထန် ပြစ်တင်မောင်းမဲခဲ့သည်။ “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်သည်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၂၇-၂၈)လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၂၄) ကျွန်မက တကယ်ကို တူညီသည် မဟုတ်ပါလား။ ကျွန်မ၏ အတွေ့အကြုံကို ကျွန်မက မိတ်သဟာယဖွဲ့နေသည့် ပုံစံရှိသော်လည်း၊ ကျွန်မ၏ တကယ့် အတွေးများနှင့် ကျွန်မ၏စိတ်ထဲမှ ထိုဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သည့်အရာများကိုမူ တစ်ခါမျှ ထုတ်မပြောဘဲ ဖုန်းကွယ်ထားစဉ်၊ လူတိုင်းက မြင်နိုင်သည့်အရာများ၊ အနှစ်မပါသည့် အယူဝါဒများကိုသာ ကျွန်မ ပြောခဲ့ခြင်း ဖြစ်သည်။ ထိုနည်းအားဖြင့် ကျွန်မမှာ ဖောက်ပြန်ပျက်စီးမှုနှင့် ပုန်ကန်လိုစိတ် ရှိသော်လည်း၊ ကျွန်မက သူများထက် များစွာသာသေးသည်ဟု လူများက ထင်ကြမည်။ ကျွန်မက ကုလားအုပ်ကို မျိုပြီး ဖြုတ်ကောင်ကို စစ်ထုတ်နေခြင်းသာ ဖြစ်သည်။ အပြင်ပန်းမှာ ကျွန်မက နှိမ့်ချသည့်ပုံစံရှိသော်လည်း၊ အတွင်းမှာမူ ကျွန်မက အခြားသူများ ကျွန်မ အပေါ်မှာရှိသည့်အမြင်ကို ကာကွယ်စောင့်ကြပ်နေရင်း၊ ကျွန်မ၏ နာမည်နှင့် ဂုဏ်ဒြပ်ကို ကာကွယ် စောင့်ကြပ်နေခြင်း ဖြစ်ပါသည်။ ကျွန်မက အလွန် ကြောင်သူတော်ဆန်သောကြောင့်၊ ယုံ၍မရသကဲ့သို့ လှည့်စားတတ်ပေသည်။ ညီအစ်ကို မောင်နှမများ အားလုံးကို အရူးလုပ်ခဲ့သည်။ ကျွန်မက ကောင်းမွန်သည့်၊ ဖြောင့်မတ်သည့်သူ မဟုတ်သကဲ့သို့ ဖန်ဆင်းခံ တစ်ယောက်အဖြစ် ကျွန်မ၏နေရာကို မနေခဲ့ပါ၊ ပြီးလျှင် ကျွန်မက ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားဖို့ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံလျက်၊ စာတန်၏ ဆိုးဆိုးဝါးဝါး ဖျက်ဆီးခြင်းခံထားရသည့်သူတစ်ယောက်၏ ရှုထောင့်မှနေ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားနေခြင်း မဟုတ်ပါ။ ထိုအစား ဘုရားသခင် ရွေးချယ်ထားသည့်သူများအတွက် ဘုရားနှင့် ယှဉ်ပြိုင်ရင်း၊ ကြွားဝါဖို့၊ မိမိကိုယ်ကိုယ် သက်သေပြဖို့၊ သူများကို လှည့်စားဖို့ ကျွန်မ၏ တာဝန်ကို အသုံးပြုနေခြင်း ဖြစ်ပါသည်။ ယင်းမှာ ဘုရားသခင်ကို ဆန့်ကျင်သည့်၊ အန္တိခရစ် တစ်ဦးဖြစ်သည့်လမ်းကြောင်း မဟုတ်ပါလား။ ဤသည်မှာ ဘုရားသခင် ရှုတ်ချသည့်လမ်းကြောင်းတစ်ခု ဖြစ်ပါသည်။ ကျွန်မမှာမူ ယုံကြည်တာ ကြာခဲ့ပြီဆိုသည်လွဲ၍ အရည်အချင်း သို့မဟုတ် သမ္မာတရားကို လိုက်စားမှုမှာ သူများနှင့် မယှဉ်နိုင်ပါ။ ဤအချိန်တစ်လျှောက်လုံးမှာ ကျွန်မမှာ သမ္မာတရား၏ စစ်မှန်မှု မရှိခဲ့ပါ။ ကျွန်မ၏ အသက် စိတ်သဘောထားက မပြောင်းလဲခဲ့ပါ။ ကျွန်မက ယခင်ကကဲ့သို့ မာနထောင်လွှားသည့်၊ စာတန်၏ မိမိကိုယ်ကိုယ် ဦးစားပေးသည့်ပုံရိပ်ဖြစ်ပြီး ကျွန်မတာဝန်မှာ ကိုယ်ကျင့်တရား မရှိခဲ့ပါ။ ကျွန်မက ဘုရားအလိုတော်ကို ဂရုစိုက်ပြီး ဘုရားသခင်ကို ချီးမြှောက်ဖို့ မလုပ်နိုင်ခဲ့ရုံမကဘဲ၊ ကျွန်မတို့၏ ဧဝံဂေလိအလုပ်ကို အဟန့်အတား ဖြစ်စေခဲ့သည်။ ယုံကြည်သူ တစ်ယောက်အဖြစ် ကျွန်မ၏ နှစ်ကာလများ အားလုံးကို စဉ်းစားကြည့်ပါက၊ ဤသည်မှာ အလွန် ရှက်ဖို့ကောင်းသည်။ သို့သော် ယင်းမှာ မိမိကိုယ်ကိုယ် ချီးမြှောက်ပြီး လူများ ကျွန်မကို အထင်ကြီးလေးစားစေရန် ကျွန်မ အသုံးပြုနိုင်သည့် အရင်းအနှီးဟု ထင်ခဲ့မိသည်။ ကျွန်မက အလွန် ကျိုးကြောင်းမသင့်လျော်ဘဲ၊ အလွန် အရှက်မဲ့ခဲ့သည်။

ကျွန်မ၏ဝတ်ပြုခြင်းများထဲမှ တစ်ချိန်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဤကျမ်းပိုဒ်ကို ဖတ်ရပါသည်။ “လူတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက၊ သူသည် မည်သည့်အခါတွင်မျှ သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်။ သင့်အနေဖြင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို အကြိမ်တစ်သောင်း ပြောဆိုနိုင်သော်လည်း၊ ယင်းတို့သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်ဦးမည် ဖြစ်သည်။ လူအချို့က၊ ‘ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်’ဟုသာ ဆိုကြသည်။ ဤနှုတ်ကပတ်တော်များကို အကြိမ်တစ်သောင်း သင် ပြန်ရွတ်ပြလျှင်ပင်၊ ယင်းသည် အချည်းနှီးဖြစ်ဦးမည်ဖြစ်သည်။ သင်သည် ယင်း၏ အဓိပ္ပာယ်ကို လုံးဝသိနားလည်မှု မရှိပေ။ အဘယ်ကြောင့် ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်ဟု ဆိုထားသနည်း။ ဤအရာနှင့် ပတ်သက်၍ သင် အတွေ့အကြုံမှ ရရှိပြီးဖြစ်သည့် အသိပညာကို သင် ရှင်းလင်းစွာပြောဆိုနိုင်ပါသလော။ သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့နှင့်သက်ဆိုင်သော စစ်မှန်မှုထဲသို့ သင် ဝင်ရောက်ပြီးပြီလော။ သင့်အနေဖြင့် ၎င်းတို့ကို တွေ့ကြုံခံစားဖို့နှင့် အသိပညာရရှိဖို့ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များကို မြွက်ဆိုခဲ့ခြင်း ဖြစ်သည်။ ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကို ဖွင့်ဟခြင်းမျှသည် အချည်းနှီးဖြစ်၏။ သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ပြီး ဝင်ရောက်သည်နှင့် တစ်ပြိုင်နက်သာ၊ မိမိကိုယ်ကိုယ် သိရှိနိုင်ပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားမလည်ပါက၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ သင် သိမြင်နိုင်ပေသည်။ သမ္မာတရားမရှိဘဲနှင့်၊ သင် မသိမြင်နိုင်ပေ။ သမ္မာတရား ရှိသည့်အခါမှသာ၊ ကိစ္စရပ်တစ်ခုကို သင် ပြည့်ဝစွာ နားလည်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ ကိစ္စရပ်တစ်ခုကို သင် နားမလည်နိုင်။ သမ္မာတရား ရှိသည့်အခါမှသာ မိမိကိုယ်ကိုယ် သင် သိရှိနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်သည် မိမိကိုယ်ကိုယ် မသိရှိနိုင်။ သမ္မာတရား သင် ရှိသည့်အခါမှသာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ စိတ်သဘောထား မပြောင်းလဲနိုင်ပေ။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေခံနိုင်သည်။ သမ္မာတရားမရှိဘဲနှင့်၊ ဘုရားသခင်၏ အလိုနှင့်အညီ သင် အစေမခံနိုင်။ သမ္မာတရား သင်၌ ရှိသည့်နောက်တွင်သာ၊ ဘုရားသခင်ကို သင် ကိုးကွယ်နိုင်သည်။ သမ္မာတရား မရှိဘဲနှင့်၊ သင်၏ကိုးကွယ်မှုသည် ဘာသာရေး ထုံးတမ်းဓလေ့များ ဆောင်ရွက်ခြင်းထက် ဘာမျှပိုလိမ့်မည်မဟုတ်။ ဤအရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သမ္မာတရားကို ရရှိခြင်းအပေါ် တည်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဤကျမ်းပိုဒ်ကို ဖတ်ခြင်းက ကျွန်မက ဖာရိရှဲတစ်ယောက်ကဲ့သို့ ဘုရားသခင်ကို ဆန့်ကျင်သည့် မှားယွင်းသည့်လမ်းကြောင်းကို အဘယ့်ကြောင့် လျှောက်ခဲ့သည်ကို ပို၍ပင် ရှင်းရှင်းလင်းလင်း နားလည်အောင် ကျွန်မကို ကူညီပေးခဲ့သည်။ ကျွန်မက ဤနှစ်များ တစ်လျှောက်လုံးမှာ သမ္မာတရားကို လုံးဝ မလိုက်စားခဲ့၍၊ လက်တွေ့မလုပ်ဆောင်ခဲ့၍၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ တိုက်ရိုက် အဓိပ္ပာယ်ကိုသာ အာရုံစိုက်ခဲ့၍ ဖြစ်ပါသည်။ ကျွန်မက ဘုရားသခင်၏နှုတ်ကပတ်တော်များကို မဝင်ရောက်ခဲ့သကဲ့သို့၊ လက်တွေ့မလုပ်ဆောင်ခဲ့ပါ၊ ပြီးလျှင် သမ္မာတရားကို အမှန်တကယ် နားလည်ခြင်း တစ်ခုမျှ မရှိခဲ့ပါ။ ထို့ကြောင့် သဘာဝအလျောက် ကျွန်မက တိုက်ရိုက်အယူဝါဒကိုသာ အသေးစိတ်ရှင်းပြနိုင်ခဲ့သည်။ ကျွန်မ၏ ယုံကြည်ခြင်းမှာ သမ္မာတရားကို မချစ်ခဲ့သကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဆာငတ်ခဲ့ဘဲ၊ ကျမ်းပိုဒ်တစ်ခုက သမ္မာတရား၏ မည်သည့်ရှုထောင့်ကို ထုတ်ဖော်ပြသည်၊ ကျွန်မ မည်မျှ နားလည်ခဲ့သည်၊ လက်တွေ့လုပ်ဆောင်ခဲ့သည်၊ ဝင်ရောက်ခဲ့သည်၊ ဘုရားသခင်၏အလိုတော်က မည်သည့်အရာ ဖြစ်သည် သို့မဟုတ် ဘုရားသခင်၏အလိုတော်က ကျွန်မအပေါ် မည်မျှ အောင်မြင်ခဲ့ပြီကဲ့သို့သော ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်တွေးတောဖို့ ဘုရားသခင်ရှေ့မှာ မိမိကိုယ်ကိုယ် ငြိမ်သက်စေခြင်းမျိုး လုပ်ခဲလှပါသည်။ တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ ကျွန်မ၏ ကိုယ်ပိုင် အခြေအနေကို စဉ်းစားဖို့၊ ကျွန်မ၏ ပုဂ္ဂိုလ်ရေး ပြဿနာများကို ဆင်ခြင်သုံးသပ်ဖို့၊ ပြီးလျှင် မည်သို့ ဖောက်ပြန်ပျက်စီးမှု အမျိုးအစားကို ကျွန်မ ထုတ်ဖော်ပြနေသည်ကို စစ်ဆေးဖို့၊ မည်သို့ မှားယွင်းသည့်အယူအဆမျိုး ကျွန်မမှာရှိနေသည်ကို စစ်ဆေးဖို့ ကျွန်မ မကြိုးစားခဲ့ပါ။ ကျွန်မက ကျွန်မအလုပ်အတွက် ဒုက္ခခံပြီး ကျွန်မ၏ ကိုယ်ပိုင် ရည်မှန်းချက်များကို ဖြည့်ဆည်းဖို့ စဉ်းစားနေလျက်၊ ပေါလုကဲ့သို့ မိမိကိုယ်ကိုယ် အမြဲတမ်း အလုပ်ရှုပ်အောင် လုပ်နေသည်။ နောက်ဆုံးသောကာလ၏ လူ့ဇာတိခံ ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး၊ သမ္မာတရား၏ ရှုထောင့်အမျိုးမျိုးကို တော်တော်ကို အသေးစိတ် မိတ်သဟာယပြုပြီး ဖြစ်သည်။ ဤသည်မှာ ကျွန်မတို့ သမ္မာတရားကို နားလည်စေရန်၊ စာတန်အားဖြင့် ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့်သက်ဆိုင်သည့် အမှန်တရားကို နားလည်စေရန်၊ နောင်တရပြီး ပြောင်းလဲစေရန် ဖြစ်သည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ အမှန်တကယ် ခပ်ပေါ့ပေါ့ ခံယူခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ မတွေးဆခဲ့သကဲ့သို့ မရှာဖွေခဲ့ပါ၊ ပြီးလျှင် လက်တွေ့လုပ်ဆောင်ဖို့ သို့မဟုတ် ဝင်ရောက်ဖို့ မစဉ်းစားခဲ့ပါ။ ဤသည်မှာ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားသခင်၏အလိုတော်ကို လုံးဝ ဆန့်ကျင်မနေပါလား။ ဤသည်မှာ ဘာသာရေးရှိ ဖာရိရှဲများ၊ သင်းအုပ်ဆရာများ လျှောက်သည့်လမ်းကြောင်းနှင့် လုံးဝ အတူတူပဲ မဟုတ်ပါလား။ ဖာရိရှဲများက တရားဟောခြင်း၊ သူတို့အလုပ်မှာ ဒုက္ခခံခြင်း၊ သူတို့၏ ရာထူးကို ကာကွယ်ခြင်းများကိုသာ ဂရုစိုက်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့သကဲ့သို့၊ သူတို့ ကိုယ်တိုင်၏ အတွေ့အကြုံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် နားလည်မှုကို မဝေမျှနိုင်ခဲ့ပါ။ လူများကို သမ္မာတရား၏ စစ်မှန်မှုထဲကို ဦးဆောင် ခေါ်မသွားနိုင်သော်လည်း၊ လူများကို တိုက်ရိုက်ကျမ်းစာများ၊ အသိပညာများ၊ အယူဝါဒများနှင့် လမ်းမှားရောက်စေသည်။ ယင်းက သူတို့ကို ဘုရားသခင်ကို ဆန့်ကျင်သည့်သူများ ဖြစ်စေခဲ့သည်။ ကျွန်မ၏ ယုံကြည်ခြင်းမှာလည်း ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘဲ၊ စည်းမျဉ်းအချို့ကိုသာ လိုက်နာခဲ့သည်။ ကျွန်မက မကောင်းမှုကြီးများ၊ မှားယွင်းမှုကြီးများ လုပ်နေခြင်းမဟုတ်ဘဲ၊ ကျွန်မက ကောင်းစွာ ပြုမူဆောင်ရွက်သည့်ပုံစံရှိပြီး၊ အစည်းအဝေးများမှာ မှန်ကန်ပုံရသည့်အရာများကို ဝေမျှသောကြောင့်၊ ကျွန်မ၏ ယုံကြည်ခြင်းမှာ ကျွန်မအခြေအနေကောင်းသည်ဟု ကျွန်မ ထင်ခဲ့မိသည်။ သို့သော် ကျွန်မ သဘောပေါက်ခဲ့ရသည်၊ ကျွန်မက ကြောင်သူတော်တစ်ဦးဖြစ်နေခြင်း မဟုတ်ပါလား။ ယင်းက မည်သို့များ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်း ဖြစ်မည်နည်း။ ကျွန်မက သမ္မာတရား၏ စစ်မှန်မှု တစ်ခုမှ မရှိဘဲ၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားမှာ ပြောင်းလဲမှု တစ်ခုမှမရှိဘဲ ထိုကဲ့သို့ ယုံကြည်မှုမျိုးနှင့် ဆက်သွားနေပါက၊ ကျွန်မက နောက်ဆုံးမှာ သုတ်သင်ဖယ်ရှင်းခံရမည် မဟုတ်ပါလား။ ကျွန်မ နောင်တများနှင့် ပြည့်နေခဲ့ပြီး “ကျွန်မ ကြောင်သူတော် တစ်ယောက် မဖြစ်ချင်တော့ပါဘူး။ ကျွန်မ သမ္မာတရားကို လိုက်စားချင်ပါတယ်၊ ကိုယ်တော်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံပြီး နာခံချင်ပါတယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်ပါတယ်။” ဟု ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။

ထိုနောက်မှာ ကျွန်မ၏ဝတ်ပြုခြင်း၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဤကျမ်းပိုဒ်ကို ဖတ်မိပါသည်။ “ဥပမာအားဖြင့် သင်၌ ဂုဏ်ဒြပ်တစ်ခုရှိသည်ဟု ထင်မြင်သည်နှင့် တစ်ပြိုင်နက် သင်သည် ဩဇာရှိသောပြောပုံဆိုပုံတစ်ခုရှိပြီး အချို့သော လေသံဖြင့် ပြောဆိုဖို့ လိုအပ်သည်။ ဤသည်မှာ မှားယွင်းသော တွေးခေါ်ပုံ တွေးခေါ်နည်း ဖြစ်သည်ကို သင်သဘောပေါက် ပြီးသည့်နောက်၊ သင်သည် ယင်းကို စွန့်ပယ်သင့်သည်။ ထိုလမ်းကြောင်းကို မလျှောက်နှင့်။ သင်၌ ဤကဲ့သို့သော အတွေးအခေါ်များ ရှိသည့်အခါ၊ ထိုအခြေအနေမှ သင်ထွက်ရမည်ဖြစ်ပြီး၊ ယင်း၌ ပိတ်မိဖို့ သင့်ကိုယ်သင် ခွင့်မပြုနှင့်။ သင်သည် ယင်း၌ ပိတ်မိသည်နှင့် တစ်ပြိုင်နက်၊ ပြီးလျှင် ဤအတွေးအခေါ်များနှင့် အမြင်ရှုထောင့်များက သင့်အတွင်း၌ ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ သင့်ကိုယ်သင် ဖုံးကွယ် ထားလိမ့်မည်၊ သင့်ကိုယ်သင် ပြရုပ်တင်လိမ့်မည်၊ ယင်းကို သာ၍ သာ၍ တင်းကျပ်စွာ လုပ်ဆောင်သည်မှာ မည်သူကမျှ သင့်ရင်ထဲကို မြင်နိုင်မည် မဟုတ်သကဲ့သို့ သင့်စိတ်နှလုံး၊ စိတ်တို့နှင့်ပတ်သက်သည့် ခံစားမှုတစ်ခုကိုလည်း နားလည်နိုင်မည် မဟုတ်ပေ။ သင်သည် မျက်နှာဖုံး နောက်ကွယ်မှ စကားပြောသည့်အလား အခြားသူများဖြင့် စကားပြောနေလိမ့်မည် ဖြစ်သည်။ ၎င်းတို့က သင်၏စိတ်နှလုံးကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။ အခြားသူများကို သင်၏စိတ်နှလုံးအား မြင်တွေ့ခွင့်ပေးဖို့ သင် သင်ယူရမည်။ ၎င်းတို့ကို ဖွင့်ပြောဖို့ သင်ယူရမည်၊ ပြီးလျှင် ၎င်းတို့ထံ ချဉ်းကပ်ဖို့ သင်ယူရမည်။ ဆန့်ကျင်ဘက် နည်းလမ်းကိုသာ အသုံးပြုရသည်။ ဤသည်မှာ အခြေခံသဘောတရား မဟုတ်သလော။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်း မဟုတ်သလော။ သင်၏အတွေးအခေါ်များနှင့် နားလည် သဘောပေါက်ခြင်းတို့ဖြင့် စလော့။ သင်သည် သင့်ကိုယ်သင် ဖုံးကွယ်နေသည်ဟု ခံစားရသည်နှင့် တစ်ပြိုင်နက်၊ ထိုနည်းဖြင့် သင်ဆုတောင်းရမည်။ ‘အို ဘုရားသခင်။ ကျွန်ုပ်ကိုယ်ကျွန်ုပ် တစ်ဖန် ဖုံးကွယ် မျိုသိပ်လိုပြန်ပါပြီ၊ ပြီးလျှင် ကျွန်ုပ်သည် အကြံအစည်များနှင့် လှည့်စားခြင်းများကို နောက်တစ်ကြိမ် လုပ်ဆောင်တော့မည် ဖြစ်သည်။ ကျွန်ုပ်သည် နတ်ဆိုးတစ်ကောင်သာ ဖြစ်တော့သည်။ ကျွန်ုပ်သည် ကိုယ်တော်ကို ကျွန်ုပ်အား အလွန်ရွံရှာစေမိသည်။ ကျွန်ုပ်သည် လတ်တလောတွင် မိမိကိုယ်ကို အလွန်ရွံရှာမိသည်။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်ပါ၊ အပြစ်ဖော်ဆုံးမပြီး အပြစ်ဒဏ်ပေးပါ။’ ဟူ၍ ဖြစ်သည်။ သင်သည် ဆုတောင်းရမည် ဖြစ်ပြီး သင်၏ သဘောထားကို ဖော်ထုတ်ရမည်။ ဤသည်တွင် သင် လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းပါရှိသည်။ ဤလက်တွေ့လုပ်ဆောင်မှုက လူ့သဘာဝ၏ မည်သည့်အမြင်ရှုထောင့်ကို ရည်ရွယ်ဦးတည်သနည်း။ ယင်းက ပြဿနာတစ်ခုနှင့်စပ်လျဉ်း၍ လူများ ထုတ်ဖော်ပြသည့် အတွေးအခေါ်များ၊ အကြံဉာဏ်များနှင့် ရည်မှန်းချက်များ၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ယူသည့် ဦးတည်ရာတို့ကို ရည်ရွယ်သည်။ ဆိုလိုသည်မှာ သင်၌ အကြံဉာဏ်တစ်ခု ပေါ်လာပြီး သင်က ယင်းတို့ကို ဆောင်ရွက် လိုသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ယင်းတို့ကို ကန့်သတ်သင့်ပြီး စိစစ်သင့်သည်။ သင်သည် သင်၏ အတွေးအခေါ်များကို ကန့်သတ်ပြီး စိစစ်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် ထိုအတွေးအခေါ်အတိုင်း ဖော်ပြခြင်းနှင့် လုပ်ဆောင်ခြင်း အလွန်ပင် သာ၍ မနည်းပါးသလော။ ထို့အပြင် သင်၏အတွင်းကျကျ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် ဆုတ်ဆိုင်းမှုတစ်ခုကို မကြုံရသလော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် တိကျသည့် လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခု ရှိရမည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုသို့ ညွှန်ပြခဲ့ပါသည်။ ကျွန်မ၏ ကြောင်သူတော်ဆန်မှုနှင့် လှည့်စားတတ်သည့်၊ ဆိုးယုတ်သည့် စာတန်ဆန်သော စိတ်သဘောထားကို ဖြေရှင်းဖို့အတွက်၊ သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသူ တစ်ယောက် ဖြစ်အောင်လုပ်ခဲ့ပါသည်၊ ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ပြောဖို့၊ လှိုက်လှဲသော မိတ်သဟာယကို အခြားသူများနှင့် ဝေမျှဖို့၊ ပြီးလျှင် ပြဿနာများကို ရင်ဆိုင်ရာတွင် ကျွန်မ၏ တကယ့် ရှုထောင့်အမြင်နှင့် အတွေးများကို ဝေမျှဖို့ သင်ယူခဲ့ပါသည်။ ကျွန်မ နောက်တစ်ခါ မရိုးမသား ဖြစ်ချင်လာသည့်အခါ၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်၊ မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး ဆန့်ကျင်ဘက်ကိုသာ လုပ်ဆောင်ခဲ့ပါသည်။ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြောသည်၊ ထုတ်ဖော်ပြပြီး စိစစ်ခဲ့ပါသည်၊ ပြီးလျှင် ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားကို မအောင်မြင်စေခဲ့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ သတိရမိခဲ့သည်။ “အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) ထိုနောက်မှာ ရိုးသားသူ တစ်ယောက်ဖြစ်ခြင်းက မည်မျှ အရေးကြီးသည်ကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ ယုံကြည်လာသည့်နှစ်များ အားလုံးမှာ သမ္မာတရားကဲ့သို့ အခြေခံကျသည့်အရာကို လက်တွေ့မလုပ်ဆောင်ခဲ့သကဲ့သို့၊ မဝင်ရောက်ခဲ့ပါ။ ယင်းမှာ သနားစရာကောင်းလှသည်။ ထို့ကြောင့် ကျွန်မ နောင်တရဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ရိုးသားသူ တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိရင်းနှင့် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။

ထိုအချိန်ကစပြီး ကျွန်မက သမ္မာတရားကို နားလည်ပြီး ဝိညာဉ်ရင့်ကျက်မှု ရှိသည်ဟု တစ်စုံတစ်ယောက်က ပြောသည်ကို ကြားတိုင်း ကျွန်မ တော်တော်ကို အနေရခက်ပြီး ရှက်မိသည်။ ယခင်ကကဲ့သို့ ကျွန်မ ပီတိဖြစ်မနေတော့ပါ။ တစ်ခါက ကျွန်မက ယုံကြည်သူဖြစ်လာသည်မှာ ကြာခဲ့ပြီး မိမိတာဝန်မှာ ဒုက္ခခံနိုင်သည်ဟု ကြားပြီး ကျွန်မကို တော်တော် လေးစားခဲ့သည့် ညီအစ်မတစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။ “အစ်မရေ၊ အစ်မက ယုံကြည်လာတာ အတော်ကြာပြီဆိုတာ ကျွန်မ သိပါတယ်။ အစ်မက တရားဒေသနာတွေ အများကြီး ကြားနာခဲ့ပြီး သမ္မာတရားတွေ အများကြီးကို နားလည်တယ်။ အစ်မကို အရမ်းလေးစားတယ်။” ဟု သူမက ကျွန်မကို တည့်တည့်ပြောလေသည်။ သူမ ထိုကဲ့သို့ပြောသည်ကို ကြားရင်း ကျွန်မ ကြောက်ပြီး ထိတ်လန့်နေမိသည်။ ကျွန်မက “အစ်မ တကယ်တမ်းက ဒီလို မဟုတ်ပါဘူး။ အပြင်ပန်း အသွင်အပြင်ကိုပဲ မကြည့်ပါနဲ့။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တာ ကြာပြီ။ ဒါပေမဲ့ အရည်အချင်း မရှိဘူး။ သမ္မာတရားကို ကျွန်မက မချစ်ဘူး၊ မလိုက်စားဘူး။ ကျွန်မ ယုံကြည်လာတဲ့ နှစ်တွေအားလုံးမှာ အပေါ်ယံ စွန့်လွှတ် အနစ်နာခံမှု တချို့ကိုပဲ လုပ်ခဲ့တာ။ ကျွန်မက ကောင်းတာ နည်းနည်းလုပ်ပြီး အဖိုးအခ ပေးဆပ်နိုင်တယ်။ ဒါပေမဲ့ ကျွန်မ တာဝန်မှာ ကျွန်မက ကိုယ်ကျင့်တရားမရှိဘူး။ ကျွန်မရဲ့ အသက် စိတ်သဘောထားကို သိပ် မပြောင်းလဲခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို စေခိုင်းခဲ့တဲ့ တာဝန်တွေကို မယူနိုင်ခဲ့ဘူး။ ဘုရားသခင်ရဲ့ အလိုတော်ကို ကျွန်မ မစဉ်းစားသလို၊ ဘုရားကို မချီးမြှောက်ဘူး။ အဲဒီအစား ဘုရားသခင်ကို ကျွန်မ ဆန့်ကျင်ပြီး သူ့ကို အရှက်ရစေခဲ့ပါတယ်။” ဟု ပြောလျက်၊ ဤကိစ္စ၏ အမှန်တရားကို ကျွန်မ ချက်ချင်း ရှင်းပြလိုက်သည်။ နောက်ပိုင်းမှာ ဤမိတ်သဟာယကို ကျွန်မ သူနှင့် ဝေမျှခဲ့သည်။ “အစ်မရဲ့ ရှုထောင့်အမြင်က သမ္မာတရားနဲ့ မကိုက်ညီပါဘူး။ လူတွေကို မျက်စိစုံမှိတ် မမြှောက်စားဘဲ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက သမ္မာတရားတွေကို အခြေခံပြီး လူတွေနဲ့ အမှုအရာတွေကို ကြည့်ပါ။ ဘုရားသခင်က လူတွေကို ဘယ်လို ကြည့်လဲ။ လူတွေက ဘယ်နှစ်နှစ် ယုံကြည်ခဲ့တယ်၊ ဘယ်လောက် ဒုက္ခခံပြီး လျှောက်ခဲ့တယ်၊ ဘယ်လောက် တရားဟောနိုင်တယ်ဆိုတာတွေကို သူ ဂရုမစိုက်ပါဘူး။ လူတွေက သမ္မာတရားကို လိုက်စားခြင်းရှိမရှိ၊ သူတို့ရဲ့ စိတ်သဘောထားက ပြောင်းလဲခြင်းရှိမရှိ၊ သူတို့တာဝန်မှာ သက်သေခံနိုင်ခြင်း ရှိမရှိကို သူ ဂရုစိုက်တာပါ။ ယုံကြည်တာ သိပ်မကြာသေးတဲ့သူ တချို့က သမ္မာတရားကို လိုက်စားနိုင်တယ်၊ ပြီးတော့ သူတို့ရဲ့ လက်တွေ့လုပ်ဆောင်မှုနဲ့ ဝင်ရောက်မှုကို အာရုံစိုက်ကြတယ်။ သူတို့က အမြန် တိုးတက်ကြတယ်။ သူတို့က ကျွန်မထက် အများကြီး သာပါတယ်။ သမ္မာတရားကို လိုက်စားရာမှာ ကျွန်မကို ယုံကြည်တာ ကြာပြီဖြစ်လို့၊ ဒုက္ခခံခဲ့လို့ဆိုပြီး မလေးစားဘဲ၊ သူတို့ရဲ့ အလေးအနက်ထားမှု၊ အားစိုက်ထုတ်မှုအတွက် သူတို့ကို အစ်မ လေးစားသင့်ပါတယ်။ ယုံကြည်ခြင်းမှာ လူတစ်ယောက်ရဲ့ အချိန်ကို ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီးသားပါ။ ဒါနဲ့ပတ်သက်ပြီး လေးစားစရာ ဘာမှ မရှိပါဘူး။ ကြာရှည် ယုံကြည်လာသူတစ်ယောက်က သမ္မာတရားကို မလိုက်စားဘူး၊ သူတို့ရဲ့ အသက်စိတ်သဘောထားက မပြောင်းလဲဘူး၊ အပေါ်ယံ ကောင်းတဲ့အရာတွေကိုပဲ သူတို့က လုပ်တယ်ဆိုရင် သူတို့က သူများတွေကို လမ်းမှားရောက်စေတဲ့ ဖာရိရှဲတွေ ဖြစ်နေတုန်းပါပဲ။ ဒါကြောင့် သမ္မာတရားကို လိုက်စားခြင်းနဲ့ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုရှိခြင်းက အရေးအကြီးဆုံး အရာတွေဖြစ်ပါတယ်။” ဟု မိတ်သဟာယဖွဲ့ခဲ့သည်။ ဤမိတ်သဟာယကို ဝေမျှပြီးသည့်နောက်မှာ ကျွန်မ တော်တော်ကို စိတ်သက်သာရာရသွားသည်။ ထို့နောက်မှာ ကျွန်မ အစည်းအဝေးများမှာ အယူဝါဒများအကြောင်း အကောင်းပြောခြင်းများ၊ ကြွားဝါခြင်းများကို ရပ်တန့်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး မိမိကိုယ်ကိုယ် နားလည်မှုကို ဝေမျှခဲ့သည်။ နောက်ပြီး “ကျွန်မက ကိုယ့်ကိုယ်ကိုယ် သိခြင်း တချို့ပဲ ရခဲ့တာပါ။ ကျွန်မက မပြောင်းလဲသေးပါဘူး။ ဒါကို လက်တွေ့လုပ်ဆောင်မှု၊ ဝင်ရောက်မှု မရှိသေးပါဘူး။” ဟု ကြေညာခဲ့သည်။ ကျွန်မ၏ မိတ်သဟာယသည် အရမ်းမနက်နဲသော်လည်း၊ ကျွန်မ ပိုပြီး စိတ်သက်သာရာရခဲ့သည်။

ကျွန်မ၏ အတွေ့အကြုံမှတစ်ဆင့် တစ်ခုကို ကျွန်မ သေချာပေါက် မြင်တွေ့ခဲ့ပြီး နက်နက်နဲနဲ တွေ့ကြုံခံစားခဲ့ရပါသည်။ လူတစ်ယောက်က ယုံကြည်သူ ဖြစ်သည်မှာ မည်မျှကြာပါစေ၊ မည်မျှ တော်သည့်ပုံပေါ်ပါစေ၊ မည်မျှ ကောင်းအောင် သူတို့ ပြုမူနေထိုင်ပါစေ၊ မည်မျှ ဒုက္ခခံပြီး အလုပ်လုပ်ပါစေ၊ သမ္မာတရားကို မလိုက်စားပါက၊ ဘုရားသခင်က သူတို့ကို တရားစီရင်၊ ပြစ်တင်ဆုံးမ၊ ပြုပြင်သည့်အခါ၊ ကိုင်တွယ်ဖြေရှင်းသည့်အခါ သူတို့က လက်ခံပြီး နာခံခြင်း မရှိပါက၊ ပြဿနာများ ပေါ်လာသည့်အခါမှာ သူတို့က မိမိကိုယ်ကိုယ် သိအောင်ကြိုးစားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲကို ဝင်ရောက်ဖို့ မကြိုးစားပါက၊ သူတို့၏ ဆိုးယုတ်သည့်စိတ်သဘောထားက မပြောင်းလဲပါက၊ သူတို့က ဖာရိရှဲများ၊ အန္တိခရစ်များ၏ လမ်းကြောင်းပေါ်မှာ ရောက်နေခြင်းသာ ဖြစ်သည်။ သင့်တော်သည့်အခြေအနေများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့က အန္တိခရစ်တစ်ယောက်၊ လှည့်စားသူတစ်ယောက်အဖြစ် ပြောင်းသွားလိမ့်မည်။ ယင်းမှာ သံသယ ရှိစရာမလိုပါ။ ရှောင်လွှဲ၍မရသည့်အကျိုးဆက် ဖြစ်ပါသည်။ လူများသည် ကယ်တင်ခံရပြီး သူတို့၏ စိတ်သဘောထားများ ပြောင်းလဲဖို့အတွက် သမ္မာတရားကို လိုက်စားဖို့၊ ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံပြီး နာခံဖို့ မည်မျှ အရေးပါသည်ကို ကျွန်မ မြင်တွေ့ခဲ့ရပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်ကို ရှောင်ဖယ်ခြင်း၏ အကျိုးဆက်များ

၂၀၂၁ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ၊ စပိန်စကားပြောနိုင်ငံတွေထဲက လူသစ်အသင်းတော်တွေကို ကြီးကြပ်ရမယ်လို့ ကျွန်မကို ခေါင်းဆောင်တစ်ယောက်က ပြောတယ်။...

ခက်ခဲသော ပတ်ဝန်းကျင်၏ စမ်းသပ်မှု

ဂျူနီယာ အာဖရိကတိုက် ကျွန်တော် ငယ်ငယ်ကတည်းက လူ့အဖွဲ့အစည်းရဲ့ လွှမ်းမိုးမှု အမြဲခံခဲ့ရတယ်။ လုပ်သမျှမှာ သူများတွေလို လိုက်လုပ်ရတာကို ကျွန်တော်...

ကျွန်မ၏ ခြယ်လှယ်သော နည်းလမ်းများကို စွန့်လွှတ်ခြင်း

ချန်နော့ ပြင်သစ်နိုင်ငံ တကယ်တမ်းတော့ ကျွန်မနဲ့အတူ လူသစ်တွေရှိတဲ့အသင်းတော်ကို ပျိုးထောင်ပေးဖို့ အစ်မလင်ကို ခေါင်းဆောင်က အရင်ဦးဆုံး...

ကျွန်တော့်ရဲ့ ခရီးပန်းတိုင်ကို ဘယ်တော့မှ နောက်တစ်ခါ ဦးစားပေးမှာ မဟုတ်တော့ပါ

မင်ကျစ် ကိုးရီးယားနိုင်ငံ ကျွန်တော် သရုပ်ဆောင်ရတဲ့ အရင်အခန်းတုန်းက ဇာတ်ကောင်ရဲ့ စိတ်ခံစားမှုအခြေအနေကို ကျွန်တော် သေချာမတွေးခဲ့သလို၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။