အဖေ့ကို ဧဝံဂေလိ ဖြန့်ဝေခြင်း

03.04.2021

ကျွန်တော်က ကလေးဘဝကတည်းက ယုံကြည်သူဖြစ်လာတာပါ။ သခင့်ကို တစ်သက်လုံး အစေခံမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံး ဘာသာရေးကျောင်း သုံးနှစ်တက်မိပြီး၊ အဲဒီမှာတင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံမိခဲ့တာပါ။ ဧဝံဂေလိတရားကို လက်ခံမိသွားတော့၊ ကျွန်တော်လည်း သခင် ပြန်လာခြင်းသတင်းကောင်းကို ကျွန်တော့်အဖေကို ချက်ချင်း ပြောပြချင်သွားတယ်။ သူက နယ်ခံအသင်းတော်တစ်ခုမှာ သင်းထောက်ပေါ့။ ကျမ်းစာကို သေချာသိတယ်။ သခင့်ကို နှစ်တွေအများကြီး အစေခံထားတယ်။ တခြားသူတွေကိုလည်း ချစ်ခင်တတ်တယ်။ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန်တစ်ယောက်ပါ။ သခင် ပြန်ကြွလာပြီဆိုတာ သူ ကြားရင်၊ ဝမ်းသာအားရ လက်ခံမှာပဲဆိုပြီး ကျွန်တော်က ထင်တာ။

အဲဒီည အိမ်ပြန်ရောက်တော့၊ ကျွန်တော်က သူ့ကို၊ “ကျွန်တော်တို့ စောင့်နေကြတဲ့ သခင်ယေရှု ပြန်ကြွလာပြီ။ ကိုယ်တော်က သမ္မာတရားတွေကို ဖော်ပြနေတယ်။ ဘုရားအိမ်တော်က စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုနေတယ်။ ကျွန်တော်တို့တွေ သန့်စင်ခံရပြီး ကိုယ်တော့်နိုင်ငံတော်ထဲ ဝင်လို့ရအောင်၊ နောက်ဆုံးသောကာလရဲ့အမှုတော်ကို လက်ခံရမယ်” ဆိုပြီး ပြောပြလိုက်တယ်။ သူကတောင် ပြန်သတိပေးလာတယ်။ ကျွန်တော်လည်း အံ့သြတာပေါ့၊ “နောက်ဆုံးသောကာလမှာ ခရစ်တော်အယောင်ဆောင်တွေက လူတွေကို လှည့်ဖြားမယ်လို့ ကျမ်းစာက ပရောဖက်ပြုတယ်။ ဒါကြောင့် မင်းလည်း သတိရှိရှိနဲ့ နေပါ တဲ့ဗျာ။ မင်း ပြောနေတဲ့ သခင် ပြန်လာခြင်းတို့၊ တရားစီရင်ခြင်းအမှုတို့ဆိုတာ ကျမ်းစာအခြေပြုချက် ရှိလို့လား။ မရှိဘူးဆိုရင်၊ လှည့်စားမခံနဲ့” တဲ့။ ကျွန်တော်လည်း ကျမ်းစာတစ်အုပ် သွားယူပြီး၊ ပြောပြတယ်၊ “အခြေပြုချက် ရှိတာပေါ့။ သခင်က တရားစီရင်ခြင်း လုပ်ဆောင်ဖို့ ပြန်လာမယ်ဆိုတဲ့အကြောင်း ပြောထားတဲ့ ကျမ်းပိုဒ်တွေ အနည်းဆုံး အပိုဒ်နှစ်ရာလောက် ရှိတယ်။ ဥပမာ၊ ‘အကြောင်းမူကား၊ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ဆုံးဖြတ်တော်မူလတ္တံ့။’ (ဆာလံကျမ်း ၉၈:၉) ပြီးတော့ ရှင်ယောဟန်ခရစ်ဝင်မှာလည်း ပြောတယ်၊ ‘ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၅:၂၂)ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ပြီးတော့ ရှင်ပေတရုသြဝါဒစာ ပထမစောင်မှာလည်း ပါတယ်၊ ‘ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာ ပဌမစောင် ၄:၁၇) သခင်က သမ္မာတရားကို ဖော်ပြဖို့၊ တရားစီရင်ခြင်းအမှု ပြုဖို့အတွက်၊ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူတယ်ဆိုတာကို ဒါတွေက ပြနေတယ်” ပေါ့။ သူက ပြန်ပြောတယ်ဗျ၊ “လူ့ဇာတိခံတယ်တဲ့လား။ ကိုယ်တော်က မိုးတိမ်နဲ့ ကြွလာမယ့်အကြောင်း ကျမ်းစာမှာ ရေးထားတာကို ငါ ခုနတင် တွေ့ထားတာ၊ ‘ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) သခင် လူ့ဇာတိနဲ့ ကြွလာမယ်လို့ ပြောထားတာမျိုး ကျမ်းစာထဲမှာ ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ကိုယ်တော်က လူ့ဇာတိခံပြီး တရားစီရင်ခြင်းအမှု ပြုနေတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” တဲ့ဗျာ။ ကျွန်တော်လည်း ဒီမိတ်သဟာယကို ပြောပြပေးလိုက်တယ်၊ “သခင် ပြန်လာခြင်းအကြောင်း ပရောဖက်ပြုချက်တွေက အများကြီး ရှိတာပါ။ မိုးတိမ်နဲ့ ကြွလာမယ်ဆိုတာတွေချည်းပဲ မဟုတ်ဘူး၊ တိတ်တဆိတ် လူ့ဇာတိခံမယ်ဆိုတာလည်း ပါတယ်။ သခင်ယေရှု ပြောခဲ့တာတွေ ရှိတယ်၊ ‘ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။(ရှင်လုကာခရစ်ဝင် ၁၂:၄၀)ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။(ဗျာဒိတ်ကျမ်း ၁၆:၁၆) ပြီးတော့ ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅ မှာလည်း ပြောတယ်၊ ‘ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။’ သခင်ယေရှုက လူသား ကြွလာမယ့်အကြောင်းကို အကြိမ်ပေါင်းမနည်း ပြောခဲ့တာပါ။ အားလုံးက သခင် လူ့ဇာတိနဲ့ ကြွလာမယ်ဆိုတာကိုပဲ ရည်ညွှန်းထားတယ် ကိုယ်တော့်ကို မိုးတိမ်နဲ့ ကြွလာမယ်လို့ပဲ ကန့်သတ်လိုက်မယ်ဆိုရင်၊ ကိုယ်တော် တိတ်တဆိတ် ကြွလာမယ်ဆိုတဲ့ အဲဒီပရောဖက်ပြုချက်တွေက ဘယ်လိုလုပ် ပြည့်စုံတော့မှာလဲ။ သခင်က နောက်ဆုံးသောကာလမှာ နည်းလမ်းနှစ်မျိုးနဲ့ ကြွတာပါ။ ပထမဆုံး၊ ဘုရားအိမ်တော်ကနေ စတင်တဲ့ တရားစီရင်ခြင်းအမှုကို ပြုဖို့အတွက်၊ လူ့ဇာတိခံယူပြီး တိတ်တဆိတ် ကြွပါတယ်။ ပြီးတော့မှ လူတွေအားလုံးရှေ့ကို မိုးတိမ်နဲ့ ဆင်းလာပြီး၊ ထင်ရှားပြတယ် ကျွန်တော်တို့က ကိုယ်တော် တိတ်တဆိတ် ကြွမယ်ဆိုတဲ့ ပရောဖက်ပြုချက်တွေကို မကြည့်ဘဲ၊ မိုးတိမ်နဲ့ ကြွလာမယ်ဆိုတာတွေကိုပဲ စဉ်းစားနေမယ်ဆိုရင်၊ တစ်ဖက်သတ်ဆန်လွန်းတယ်။ သခင့်ကို ကြိုဆိုခွင့်နဲ့လည်း လွဲသွားနိုင်တယ်” ပေါ့။

ကျွန်တော့်အဖေက ဘာမှမပြောဘူး၊ မျက်မှောင်ကြီးကြုတ်နေရော။ နောက်တော့မှ ဒေါသတွေထွက်ပြီး ကျွန်တော့်ကို ဖြတ်ပြောတယ်၊ “တော်ပြီကွာ။ ငါက ငယ်ငယ်လေးကတည်းက ကျမ်းစာဖတ်လာတာ၊ သခင့်ကို အစေခံလာတာ။ ငါက မင်းထက် ပိုမသိတော့ဘူးလား။ မင်းက ဘာသာရေးကျောင်း သုံးနှစ်လောက် တက်ရုံနဲ့ ဘာများ သိလို့လဲ” တဲ့။ သူ စိတ်မလျှော့နိုင်ဘူးဆိုတာ ကျွန်တော် မြင်သွားတယ်။ ကျွန်တော့်မိတ်သဟာယလည်း အလကားဖြစ်သွားတာပေါ့။ ကိုယ့်အခန်းကိုပဲ ပြန်လိုက်ရတယ်။ အဲဒီနောက်ပိုင်း ကျွန်တော် သုံးလေးခါလောက် ကြိုးစားကြည့်သေးတယ်။ ဒါပေမဲ့ သူက နားမလည်ဘူး။ “သခင့်ကို ယုံကြည်တယ်ဆိုရင် လုံလောက်တယ်။ မင်း တိတ်တိတ်နေရင် နေ၊ မဟုတ်ရင် ထွက်သွားကွာ” ဆိုပြီး ပြောသေးတာ။ သူက အဲဒီလောက်အထိဆိုတော့၊ ကျွန်တော်လည်း အံ့သြပြီး တော်တော် စိတ်ပျက်မိတယ်။ အဖေက သခင့်ကို နှစ်တွေအများကြီး အစေခံခဲ့တာပါ။ အမြဲတမ်း ဖော်ဖော်ရွေရွေနဲ့ နှိမ့်ချတတ်တယ်။ သခင် ပြန်လာဖို့ကိုလည်း သူက တောင့်တတယ်။ ဒါပေမဲ့ သူ အခု ဒီမှာတင် ရပ်နေပြီ။ ဘာမှမရှာဖွေဘဲ ကျမ်းစာထဲ ပိတ်မိနေတာ။ ဒေါသတောင် ထွက်လိုက်သေးတယ်။ ကျွန်တော့်အဖေက တကယ်ကို ခေါင်းမာနေမှန်း ကျွန်တော် သိတယ်။ ကျွန်တော့်အဖေလို ကျမ်းစာနှံ့စပ်သူတစ်ယောက်က သူ့အယူအဆတွေထဲ နစ်လွန်းနေတာကို မြင်ရတော့၊ ကျွန်တော်လည်း စိတ်ပျက်ပြီး၊ ဧဝံဂေလိမျှဝေရတာကို ယုံကြည်မှုနည်းနည်း ပျောက်လာတာပေါ့။

ညီအစ်ကိုမောင်နှမတချို့က ကျွန်တော့်အကြောင်း သိသွားတော့၊ ကျွန်တော့်ကို အားပေးဖို့ဆိုပြီး၊ ဟောဒီ ဘုရားနှုတ်ကပတ်တော်တွေကို ပို့ပေးတယ်၊ “သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း) ဘုရားရဲ့နှုတ်ကပတ်တော်တွေက ကျွန်တော့်အတွက် တကယ် အားတက်စရာပါ။ လူတော်တော်များများက ဘုရားရဲ့အမှုတော်ကို မသိကြဘူး။ ဘာသာရေးအယူအဆတွေနဲ့ ပိတ်မိနေကြတော့၊ သခင် ပြန်လာတယ်ဆိုတဲ့သတင်းကို မစုံစမ်းကြဘူး။ သူတို့က ဘုရားနှုတ်ကပတ်တော်တွေရဲ့ အာဟာရကို မရဘဲ၊ အမှောင်ထဲ ရောက်နေကြတာ။ ကျွန်တော်က ကံကောင်းလို့၊ ဘုရားရဲ့အသံကို ကြားပြီး သိုးသငယ်ရဲ့ခြေလှမ်းတွေနောက် လိုက်မိခဲ့တာပါ။ ဒါကြောင့် သူတို့တွေကို နိုင်ငံတော်ဧဝံဂေလိတရား မျှဝေပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်။ ဒါမှ သူတို့လည်း ဘုရားရဲ့အသံကို ကြားပြီး၊ ကိုယ်တော့်ပလ္လင်တော်ရှေ့ကို ခေါ်ဆောင်ခံရနိုင်မယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် သန့်စင် ကယ်တင်ခံရနိုင်မယ်။ အဲဒါက ဘုရားရဲ့အလိုတော်ကို အရေးထားတာပါပဲ။ ကျွန်တော့်အဖေဆိုရင် ယုံကြည်သူစစ်စစ် ဖြစ်ခဲ့တာ ကြာလှပြီ။ သခင် ပြန်လာဖို့ကိုလည်း အမြဲတမ်း တောင့်တခဲ့တဲ့သူပါ။ သူက ဘာသာရေးအယူအဆတွေနဲ့ အတင်းအကျပ် ချုပ်နှောင်ခံရလွန်းတော့၊ ကျွန်တော် ပြောတာကို ချက်ချင်း လက်မခံနိုင်ခဲ့ဘူး။ ကျွန်တော်က ကိုယ့်တာဝန် ကျေပွန်အောင်၊ သူ့ကို ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်အကြောင်း ဆက်ပြီး မျှဝေရမယ်။ ဘုရားကိုလည်း အားကိုးရမယ်ဆိုတာ ကျွန်တော် သိသွားတယ်။

ငါးရက်မြောက်နေ့ကျတော့ အဖေ့သဘောထားက နည်းနည်း ပျော့ပျောင်းလာတယ်။ ဒါနဲ့ ကျွန်တော်လည်း ဘုရားရဲ့ တရားစီရင်ခြင်းအမှုကို ဆက်ပြီး သက်သေခံပေးတယ်။ သူကလည်း အေးအေးဆေးဆေး ပြန်ပြောတယ်၊ “ငါတို့ယုံကြည်ခြင်းက သခင်ယေရှုဆီမှာပဲ ရှိတယ်။ ကိုယ့်စိတ်နှလုံးထဲမှာ ယုံကြည်ပြီး၊ နှုတ်ကနေ အပြစ်ဝန်ခံတယ်ဆိုရင်၊ ငါတို့က ယုံကြည်ခြင်းကြောင့် မှန်ကန်ပြီး ကယ်တင်ခံရတာပဲ။ သခင်က ငါတို့အပြစ်တွေကို တာဝန်ယူလိုက်ပြီ။ ဒါကြောင့် သူ ကြွလာတဲ့အခါ၊ ငါတို့ကို သူ့နိုင်ငံတော်ဆီ ယူဆောင်လိမ့်မယ်။ ဘုရားက ငါတို့ဆီကို လာပြီး တရားစီရင်ဖို့ မလိုပါဘူး” တဲ့။ ကျွန်တော်လည်း သူ့ကို မိတ်သဟာယပြုပေးတယ်၊ သခင့်ကို ယုံကြည်ခြင်းကတစ်ဆင့် ကျွန်တော်တို့အပြစ်တွေ ခွင့်လွှတ်ခံရတယ်ဆိုပေမဲ့၊ ကျွန်တော်တို့က အမြဲတမ်း အပြစ်လုပ်လိုက် ဝန်ခံလိုက် ဖြစ်နေတုန်းပဲ။ အပြစ်ကနေ မလွတ်မြောက်သေးဘူးပေါ့။ “အဖေ စဉ်းစားကြည့်။ အဖေက လူတွေကို နှိမ့်ချသည်းခံဖို့ ပြောတယ်၊ သူများတွေအပေါ်လည်း သည်းညည်းခံတယ်။ ဒါပေမဲ့ အိမ်မှာကျတော့ အဖေက အမေနဲ့ စိတ်ဆိုးပြီး၊ စကားတွေများကြတယ်။ အဖေက သခင့်အဆုံးအမတွေကို မလိုက်နာနိုင်တာပါ” ပေါ့။ သူက ကျွန်တော့်ကို စိတ်ဆိုးပြီး စကားဖြတ်ပစ်တယ်။ ဘာမှ ပြောခွင့်မပေးတော့ဘူးဗျာ။ နောက်နေ့ကျတော့ အခွင့်အရေးထပ်ရတာနဲ့၊ ကျွန်တော်လည်း ဒီမိတ်သဟာယကို ပြုပေးပြန်ရော၊ “အဖေ၊ သခင်က ကိုယ့်ရန်သူတွေကို ချစ်ကြဖို့ ဆုံးမတယ်။ ကျွန်တော်က အဖေ့ရန်သူမဟုတ်ဘူး၊ အဖေ့သားပါ။ သခင်က အမှုတော်ပြုဖို့ ကြွလာတယ်ဆိုတဲ့ အချက်တွေကိုပဲ ကျွန်တော်က ပြောပြနေတာ။ အဲဒါကို အဖေက မရှာဖွေတဲ့အပြင်၊ ဒေါသပါ ထွက်သေးတယ်။ ဒါက သည်းခံစိတ်ကို ပြနေတာမဟုတ်ဘူး။ အဖေ ဒေါသမထွက်ချင်မှန်း ကျွန်တော် သိတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ လွဲမှားတဲ့သဘာဝတွေ ဖြေရှင်းမခံရသေးလို့ပါ။ ဒါကြောင့် ကျွန်တော်တို့က သူများတွေကို ဒေါသတကြီးနဲ့ အပြစ်တင်မိနေကြတာ ကျမ်းစာမှာ ပြောတယ်လေ၊ ‘လူအပေါင်းတို့နှင့် အသင့်အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။’ (ဟေဗြဲသြဝါဒစာ ၁၂:၁၄) သခင်ယေရှုကလည်း ပြောခဲ့တယ်၊ ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၄-၃၅) ဒါ တကယ်ကို ရှင်းရှင်းလေးပါ။ သခင်က သန့်ရှင်းတယ်။ မသန့်ရှင်းသူတွေက သူ့ကို မဖူးမမြင်နိုင်ဘူး။ ကျွန်တော်တို့က အမြဲတမ်း အပြစ်လုပ်နေကြတယ်။ အပြစ်ထဲမှာ ရှင်သန်ပြီး၊ လုံးဝ မသန့်ရှင်းကြဘူး။ ဘုရားရဲ့နိုင်ငံတော်ကို ဘယ်လိုလုပ် ဝင်ရောက်နိုင်ကြမှာလဲ သခင်ယေရှုက သူ ပြန်လာမယ်ဆိုတာကို အကြိမ်ကြိမ် ပရောဖက်ပြုခဲ့တယ်။ လူသားတွေကို အပြည့်အဝ သန့်စင်ကယ်တင်ဖို့နဲ့ သူ့နိုင်ငံတော်ထဲ ခေါ်ဆောင်ဖို့အတွက်၊ သူက သမ္မာတရားတွေကို ဖော်ပြမယ်၊ တရားစီရင်ခြင်းအမှုကို ပြုမယ်ဆိုတာလည်း မိန့်ခဲ့တယ်။ သခင်ယေရှု ပြောခဲ့တယ်လေ၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) သခင်က အခုဆို ပြန်ကြွလာပါပြီ။ လူသားတွေကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကိုလည်း မိန့်ဆိုထားတယ်။ ကိုယ်တော်က ကျွန်တော်တို့ရဲ့ လွဲမှားတဲ့သဘာဝကို လုံးဝ ဖြေရှင်းပေးဖို့အတွက် တရားစီရင်ခြင်းအမှုကို ပြုနေတယ် တရားစီရင်ခြင်းကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဖောက်ပြန်ပျက်စီးမှု သန့်စင်ခံရပြီဆိုမှ၊ ဘုရားရဲ့နိုင်ငံတော်ကို ဝင်ရောက်နိုင်ကြတာပါ အဖေ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို မာန်မာနကင်းကင်းနဲ့ ရှာဖွေရမယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ကြည့်ပြီး၊ ဘုရားရဲ့အသံ ဟုတ်မဟုတ်ဆိုတာ ကြည့်ကြည့်ပါ။ သခင် ကြွလာတာကို အဖေလည်း လွဲချော်ချင်မှာမဟုတ်ဘူး” ပေါ့။

ကျွန်တော်က သူ့ကို ဧဝံဂေလိပြဇာတ်တိုလေးတစ်ခု ဖွင့်ပြချင်တာ။ သူက မကြည့်ဘူးဆိုပြီး ငြင်းတယ်။ အဖေက သမ္မာကျမ်းကို အများကြီး သိတာပါ။ ကောင်းတာတွေလည်း လုပ်ထားတယ်။ ဆင်းရဲတဲ့သူတွေကို ပေးကမ်းတယ်။ တစ်ခါတလေ သူ့မှာ ပိုက်ဆံသိပ်မရှိလည်း သူများတွေကို လိုက်ကူညီတယ်။ သူ့ခြံကိုလည်း အသင်းတော်အတွက် အခမဲ့ သုံးခွင့်ပေးထားတာ။ ဒါပေမဲ့ ဘုရားရဲ့အမှုတော်သစ်နဲ့လည်း ကြုံရော၊ သူ့အယူအဆတွေကို ခေါင်းမာမာနဲ့ ဖက်တွယ်ပြီး၊ ရှာဖွေဖို့ မကြိုးစားဘူး။ ကျွန်တော်က ဖာရိရှဲတွေကို သွားသတိရတယ်။ အဖေလည်း သူတို့လို ဘုရားကို ဆန့်ကျင်မိပြီး၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးရတာမျိုး၊ ကျွန်တော် စိုးရိမ်တယ်။ ကျွန်တော်လည်း သူ့ကို သတိပေးမိတယ်၊ “ဖာရိရှဲတွေဆိုရင် ကျမ်းစာကို သေချာ သိကြတယ်။ ဘာသာရေးကိုင်းရှိုင်းတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သူတို့က သခင့်ကို လုံးဝ မသိခဲ့ကြဘူး။ ကိုယ်တော့်အမှုတော်က သူတို့အယူအဆတွေနဲ့ မကိုက်ညီခဲ့ဘူး။ သူတို့က နှိမ့်ချတဲ့စိတ်နှလုံးတွေနဲ့ မရှာဖွေခဲ့ကြဘူး။ ကျမ်းစာအရှိအတိုင်းကိုပဲ ဖက်တွယ်ပြီး၊ ကိုယ်တော့်ကို တရားလွန် ဆန့်ကျင်ရှုတ်ချခဲ့ကြတယ်။ ကိုယ်တော့်ကို ကားတိုင်တင်မိတဲ့အထိ ဖြစ်ကုန်လို့၊ ဘုရားရဲ့ အပြစ်ဒဏ်ပေးခြင်း ခံခဲ့ကြရတယ်” ပေါ့။ သူက ကျွန်တော် ပြောလို့မဆုံးခင်၊ “မင်းက ငါ့အကြောင်း ပြောနေတာလား။ ငါ့ကို ဖာရိရှဲလို့ သတ်မှတ်နေတာလား” ဆိုပြီး ဖြတ်ပြောရော။ ကျွန်တော်လည်း အမြန် ပြန်ပြောရတယ်၊ “အဖေ့ကို ဖာရိရှဲလို့ သတ်မှတ်နေတာ မဟုတ်ဘူး။ ဘုရားကို အစေခံရင်း ဆန့်ကျင်မိနေတဲ့ သူတို့လမ်းကို မလျှောက်မိစေချင်တာပါ အဖေက သခင် ပြန်လာဖို့ကို ဒီလောက်နှစ်တွေအများကြီး စောင့်နေခဲ့တယ်။ ဒါပေမဲ့ အခု သူ ပြန်လာပြီဆိုတော့၊ အဖေက နှိမ့်ချမှုနဲ့ မရှာဖွေတော့ဘူး။ ကျမ်းစာနဲ့ ကိုယ့်အယူအဆတွေကိုပဲ အစွဲအလမ်းကြီးနေတယ်။ အဖေ လက်မခံတော့ဘူးလေ။ ကျွန်တော်တို့က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို အဲဒီလို ထင်မြင်တယ်ဆိုရင်၊ ကျွန်တော်တို့လည်း ဖာရိရှဲတွေလို ဘုရားရဲ့ စီရင်ခြင်းခံရပြီး၊ ကယ်တင်ခြင်းကို ဆုံးရှုံးရလိမ့်မယ် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုတော်ဆိုတာ လူသားတွေကို ကယ်တင်ခြင်းအတွက် ဘုရားရဲ့ နောက်ဆုံးသော အရေးကြီးဆုံးသော အဆင့်ပဲ။ အဲဒါက သိပ်မကြာခင် ပြီးဆုံးတော့မယ်။ ကျွန်တော်တို့အပေါ် မကြာခင် ကျရောက်တော့မယ့် ကပ်ဘေးတွေမတိုင်ခင်မှာ၊ ကိုယ်တော်က အောင်မြင်သူများအုပ်စုကို ပြုလုပ်ပြီးနေပြီ။ ကျွန်တော်တို့က ကိုယ်တော့်တရားစီရင်မှုနဲ့ သန့်စင်ပေးမှုကို လက်မခံဘူးဆိုရင်၊ ကပ်ဘေးတွေ လာတဲ့အခါ၊ အံကြိတ်ပြီး ငိုကြွေးနေကြရလိမ့်မယ်” ပေါ့။ အဖေက ဒါကို ကြားတော့ ပိုပြီး စိတ်ဆိုးသွားရော။ သူက မတ်တတ်ထရပ်ပြီး၊ “မင်း ပြောတာတွေ တော်လောက်ပြီ။ ဆက်ပြောနေမယ်ဆိုရင်၊ ဒီနေ့ကစပြီး မင်းက ငါ့သား မဟုတ်တော့ဘူး။ ဒီအိမ်ကနေ အခုချက်ချင်း ထွက်သွားကွာ” ဆိုပြီး ပြောတာဗျ။

အဖေ့ဆီက ဒါမျိုး ကြားလိုက်ရတော့ တော်တော် ဝမ်းနည်းသွားတယ်။ အဖေနဲ့ ကျွန်တော်က အရင်ကဆို တကယ်ကို ချစ်ချစ်ခင်ခင်ရှိခဲ့တာ။ သားအဖနှစ်ယောက် သမ္မာကျမ်းကို လေးလေးနက်နက် ဖတ်ကြတယ်။ ဘုရားအလိုတော်ကို အတူတူ ရှာခဲ့ကြတယ်။ စိတ်ရှည်သည်းခံဖို့၊ နှိမ့်ချနာခံဖို့ဆိုတာတွေ သူပဲ သင်ပေးခဲ့တာ။ ကျွန်တော်က ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံလို့၊ ကျွန်တော့်ကို ရန်သူလို ဆက်ဆံပြီး မောင်းထုတ်မယ်ဆိုတာ လုံးဝ မထင်ထားမိဘူး။ မိသားစုထဲက ကျန်တဲ့သူတွေကလည်း သူ့အတိုင်းလိုက်ပြီး ကျွန်တော့်ကို ခပ်စိမ်းစိမ်း ဆက်ဆံကြတယ်။ ကျွန်တော်လည်း တစ်ယောက်တည်းဖြစ်ပြီး အားကိုးရာမဲ့လာတယ်ဗျာ။ အဲဒီအကြောင်းကို ညီအစ်ကိုမောင်နှမတွေဆီ မက်ဆေ့ချ်ပို့ပြီး ပြောပြတော့၊ ညီမတစ်ယောက်က ဘုရားရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ပို့ပေးတယ်။ “ဧဝံဂေလိ ဖြန့်ဝေခြင်းသည် လူတိုင်း၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ မည်သည့်အချိန်တွင်မဆို ငါတို့ မည်သည့်အရာကို ကြားသည်ဖြစ်စေ၊ မြင်သည်ဖြစ်စေ သို့မဟုတ် မည်သို့သော ဆက်ဆံမှုမျိုးကို ကြုံရသည်ဖြစ်စေ ဤ ဧဝံဂေလိ ဖြန့်ဝေခြင်း တာဝန်ကို အမြဲ မလျှော့တမ်း လုပ်ဆောင်ရမည်။ မည်သည့်အခြေအနေတွင်ဖြစ်စေ အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်းတို့ကြောင့် ဤ တာဝန်ကို စွန့်လွှတ်၍ မရပေ။ ဤ ဧဝံဂေလိဖြန့်ဝေခြင်း တာဝန်သည် အဆင်ပြေ ချောမွေ့သော ခရီးလမ်းမဟုတ်ဘဲ အန္တရာယ်ဖြင့် ပြည့်နေသည်။ သင်တို့သည် ဧဝံဂေလိ ဖြန့်ဝေသောအခါတွင် ကောင်းကင်တမန်များ သို့မဟုတ် ဂြိုဟ်သားများ သို့မဟုတ် စက်ရုပ်များနှင့် ရင်ဆိုင်ရမည်မဟုတ်ပေ။ ဆိုးယုတ်ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၊ အသက်ရှင်သန်နေသော နတ်ဆိုးများ၊ သားရဲများနှင့်သာ သင်တို့ ရင်ဆိုင်ရမည်။ ၎င်းတို့အားလုံးသည် ဤဆိုးယုတ်သည့်နေရာတွင် ရှင်သန်နေသော၊ စာတန်၏ ဖျက်ဆီးခြင်းကို အလွန်အမင်း ခံထားရပြီး ဘုရားသခင်ကို ခုခံသော လူသားမျိုးနွယ်ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိ ဖြန့်ဝေခြင်း လုပ်ငန်းစဉ်တွင် သိမ်ဖျင်းသော အသေရေဖျက်မှု၊ လှောင်ပြောင်မှုများ၊ အထင်လွဲမှုများကို မဆိုထားနှင့်၊ ပို၍ပင်များပြားသော အန္တရာယ်မျိုးစုံ ဧကန်မုချ ရှိသည်။ သင်သည် ဧဝံဂေလိ ဖြန့်ဝေခြင်းကို တာဝန်တစ်ခု၊ ဝတ္တရားတစ်ခု၊ သင်၏အလုပ်တစ်ခုအဖြစ် အမှန်တကယ် မှတ်ယူလျှင် ဤ အရာတို့ကို သင် မှန်ကန်စွာ သဘောထားနိုင်မည် ဖြစ်ပြီး မှန်မှန်ကန်ကန်ပင် ကိုင်တွယ်နိုင်လိမ့်မည်။ ဤအရာတို့ကြောင့် သင်၏ တာဝန်နှင့် ဝတ္တရားကို သင် စွန့်လွှတ်မည်မဟုတ်သလို ဧဝံဂေလိ ဖြန့်ဝေပြီး ဘုရားသခင်အကြောင်း သက်သေခံဖို့ဖြစ်သည့် သင်၏ မူလ ရည်ရွယ်ချက်မှ သွေဖည်မည်မဟုတ်ပေ။ ဤသည်မှာ သင်၏ တာဝန် ဖြစ်သောကြောင့် ဖြစ်သည်။ ဤတာဝန်ကို မည်သို့ နားလည်သင့်သနည်း။ သင် အသက်ရှင်သည့် ဤဘဝ၏ တန်ဖိုးနှင့် မူလတာဝန်သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော် သတင်းကောင်းကို ဖြန့်ဝေရန်နှင့် ဘုရားသခင်၏အမှုတော်၏ ဧဝံဂေလိ တရားကို ဖြန့်ဝေရန်ဖြစ်သည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ယုံကြည်သူများအားလုံး သမစိတ္တဖြစ်သည့် တာဝန်တစ်ခုဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေကြောင့် ကျွန်တော် အများကြီး အားတက်သွားတယ်။ ဧဝံဂေလိ မျှဝေတဲ့အခါ ငြင်းပယ်ခံရတာမျိုးက တကယ်ကို ဖြစ်နေကျပဲဆိုတာ ကျွန်တော် မြင်သွားတယ်။ လူတွေက စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးနေတာပါ။ သမ္မာတရားကို မချစ်ကြဘူး။ မာနထောင်လွှားကြတယ်။ ကိုယ်ပိုင်အယူအဆတွေ၊ စိတ်ကူးတွေထဲ နစ်နေကြတယ်။ ကျွန်တော့်အနေနဲ့ အခက်အခဲတွေနဲ့ ကြုံချိန်မှာ ကိုယ့်တာဝန်ကို ပစ်ပယ်လို့ မဖြစ်ဘူးလေ။ ရှင်ပေတရုက သူ့မိဘတွေ ဆန့်ကျင်နေတာတောင်၊ ဧဝံဂေလိ မျှဝေဖို့ နေရာအနှံ့ သွားခဲ့တာတွေကို ကျွန်တော် တွေးမိတယ်။ သူလည်း တရားစီရင်၊ ပြစ်တင်ဆုံးမ ခံရတယ်။ အကြိမ်ပေါင်းရာနဲ့ချီ စမ်းသပ်ခံရပြီးမှ၊ ဘုရားရဲ့ စုံလင်စေခြင်းကို ခံခဲ့ရတာ။ သူက အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို အသက်ရှင်နေထိုင်ခဲ့တာပဲ။ ကျွန်တော်လည်း ရှင်ပေတရုလို ဖြစ်ရမယ်လေ။ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခကြုံကြုံ၊ မိသားစုက အထင်ပဲလွဲလွဲ၊ ကိုယ့်တာဝန်ကို ကျေပွန်စေရမယ်၊ ဘုရားရဲ့ဧဝံဂေလိတရားကို ဖြန့်ဝေရမယ်။

နောက်နေ့မနက်ရောက်တော့ ကျွန်တော်လည်း ကိုယ့်ပစ္စည်းတွေ သိမ်းပြီး သွားဖို့အဆင်သင့်ဖြစ်နေပြီ။ အဖေက လာပြောတယ်၊ “မင်း နေချင်ရင် ဆက်နေလို့ရတယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့လမ်းခရီးအကြောင်း ဟောပြောတာကို ရပ်ရမယ်” တဲ့။ ကျွန်တော်ကလည်း ပြတ်ပြတ်သားသားပဲ၊ “သခင့်ကို ကျွန်တော် အမြဲတမ်း အစေခံချင်တယ်ဆိုတာ အဖေ သိတယ်။ ကျွန်တော်က ကျမ်းစာသမ္မာတရားတွေကို ပိုသိဖို့၊ ဘုရားရဲ့ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့၊ ဘာသာရေးကျောင်း တက်ခဲ့တာ။ ဒါပေမဲ့ ဘာသမ္မာတရားမှ မရဘဲ ကျမ်းစာကို အကြိမ်ကြိမ် ဖတ်ခဲ့ရတယ်။ ဝိညာဉ်ရေးပိုင်းမှာ ပိုပြီး မှောင်မည်း ခြောက်ကပ်လာတာပဲ ခံစားခဲ့ရတယ်။ ကျွန်တော် ကောင်းတာလေးတွေ လုပ်ပြီး၊ သူများတွေကို ကူညီပေးတယ်။ ဒါပေမဲ့ အမှန်တကယ် အကူအညီလိုနေတဲ့ အတန်းဖော်တွေကို မပေးကမ်းချင်ခဲ့ဘူး။ မနက်ပိုင်းနဲ့ ညနေပိုင်း ဝတ်ပြုပွဲတွေမှာ လူမြင်အောင် ရှေ့ဆုံးမှာ ဝင်ရပ်တယ်။ ကိုယ့်ဝတ်ပြုအဖွဲ့ထဲက အတီးအမှုတ်ရတဲ့ ညီအစ်ကိုမောင်နှမတွေကို မနာလိုပြန်ဘူး။ ကျွန်တော်က အဆိုပဲရတာကိုး။ စာမေးပွဲတွေမှာ ကိုယ့်ထက် ပိုတော်တဲ့သူတွေကိုလည်း မနာလိုဖြစ်သေးတယ်။ ဒီလို မကောင်းတဲ့အတွေးတွေကို ကျွန်တော် ထိန်းလို့မရခဲ့ဘူး။ အပြစ်ကနေ မလွတ်နိုင်ဘူးဖြစ်ခဲ့တာပါ။ တကယ်ကို နာကျင်ခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်မိတော့မှ၊ နောက်ဆုံးမှာ အဖြေရှာတွေ့ခဲ့တာပါ။ ကျွန်တော်တို့က သခင့်ကို ယုံကြည်ခြင်းအားဖြင့် အပြစ်တွေ ခွင့်လွှတ်ခံရတယ်။ ကိုယ်တော်က ကျွန်တော်တို့ကို အပြစ်ရှိတယ်လို့ မမြင်ဘူး။ ဒါပေမဲ့ အပြစ်လုပ်တတ်တဲ့ ကျွန်တော်တို့သဘာဝက မပြေလည်သေးပါဘူး သန့်စင်ခံရဖို့၊ ကိုယ်တော့်နိုင်ငံတော်ထဲ ဝင်ရဖို့ တစ်ခုတည်းသော နည်းလမ်းက ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်မှုကို လက်ခံခြင်းပဲ။ ကျွန်တော်က ဘုရားရဲ့အသံတော်ကို ကြားပြီးပြီ၊ သခင် ကြွလာပြီဆိုတာလည်း သိတယ်။ နိုင်ငံတော်က ဆင်းသက်ခဲ့ပါပြီ။ ဘုရားသခင် စိတ်မပျက်ဖို့အတွက်၊ နိုင်ငံတော်ဧဝံဂေလိတရားကို လူတွေဆီ မျှဝေပေးဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်” ဆိုပြီး ပြောလိုက်တယ်။ အဖေက ဒီစကားတွေကို ကြားတော့၊ ကန့်ကွက်တဲ့ပုံစံမျိုး မရှိဘူး။ နည်းနည်း စိတ်မကောင်းဖြစ်ပုံရတယ်။ ပြီးတော့၊ “မင်း သွားလို့ရပြီ။ ငါ မင်းအတွက် ဆုတောင်းပေးပါ့မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က တကယ်ပဲ ပြန်ကြွလာတဲ့ သခင်ယေရှုဆိုရင်၊ ငါ သူ့ကို လက်ခံမှာပါ။ မဟုတ်ဘူးဆိုရင်တော့၊ မင်း ပြန်လာရမယ်” ဆိုပြီး သူက ပြောတယ်။

အဲဒီနောက်ပိုင်း ကျွန်တော်လည်း ဧည့်ရိပ်သာလေးတစ်ခုမှာ နေတယ်။ အလုပ်လည်း လုပ်၊ ဧဝံဂေလိလည်း မျှဝေရင်းပေါ့။ အဖေနဲ့ ကျန်တဲ့မိသားစုဝင်တွေကို ဘုရားသခင်လက်ထဲ အပ်ပြီး၊ တစ်ချိန်လုံး ဆုတောင်းပေးတယ်။ နောက်နှစ်ပတ်ကြာတော့၊ အဖေက ရုတ်တရက် ဖုန်းဆက်တယ်။ အဆင်ပြေလား မေးတယ်။ ကျွန်တော့်ကို စိတ်ဆိုးခဲ့မိတာ သူ တကယ် နောင်တရတယ်တဲ့။ သူက လူတွေကို နှိမ့်ချတတ်အောင် အမြဲပြောဆိုပေမဲ့၊ ကျွန်တော်နဲ့တော့ ဒေါသဖြစ်သွားတယ်။ သခင့်ပညတ်တွေကို သူ မလိုက်နာနိုင်ခဲ့တာ အမှန်ပဲပေါ့။ ပြီးတော့ “မင်း ပြန်လာခဲ့ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း ငါ ပိုသိချင်တယ်” ဆိုပြီးပြောတယ်။ သူ့ဆီက ဒါမျိုးကြားရတော့ ကျွန်တော် တော်တော် အံ့သြပြီး ပီတိဖြစ်သွားတယ်။ သူက ဘုရားရဲ့အမှုတော်သစ်ကို တော်တော် ဆန့်ကျင်ခဲ့တာလေ။ အခုကျတော့ ရှာဖွေဖို့ အကူအညီတောင်းလာပြီ။ ဘုရားက ကျွန်တော့်ဆုတောင်းချက်တွေကို ကြားပြီဆိုတာ ကျွန်တော် သိလိုက်တယ်။ ဘုရားသခင်ကို ကျေးဇူးတွေဆက်ကပ်ပြီး ချီးမွမ်းမိတယ်။ အိမ်ပြန်ရောက်တော့ ကျွန်တော့်အဖေက ပြောပြတယ်၊ “မင်း ထွက်သွားတဲ့နောက်ပိုင်း ငါ အိပ်လို့မရဘူး။ မင်း ပြောခဲ့သမျှက ငါ့ခေါင်းထဲကို နေ့ရောညရော ဝင်နေတယ်။ ငါလည်း ဆုတောင်းတာရော ကျမ်းစာတွေနဲ့ တိုက်ကြည့်တာတွေရော ဆက်လုပ်တယ်။ ဘုရားက နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှု ပြုလိမ့်မယ်လို့ တကယ် ပြောထားတာပဲ။ သခင်က လူသားအဖြစ်နဲ့ ညသန်းခေါင်မှာ လျှို့ဝှက်ပြီး လာလိမ့်မယ်၊ တံခါးတွေကို ခေါက်လိမ့်မယ်။ ဘုရားရဲ့သိုးတွေက ဘုရားရဲ့အသံကို ကြားကြတယ်။ ပြီးတော့ ပညာရှိသတို့သမီးတွေသာ ဘုရားရဲ့အသံကို ကြားနိုင်တယ်၊ မိုက်မဲတဲ့သတို့သမီးတွေ မကြားနိုင်ဘူးလို့ ဆိုတယ်။ မင်း ပြောခဲ့တာတွေ မှန်တယ်လို့ ငါ ထင်တယ်။ အဲဒါကို အရင်က မကြားခဲ့ဖူးဘူး။ ဒါပေမဲ့ အဲဒါတွေအတွက် ကျမ်းစာအခြေပြုချက်တွေ ရှိနေတယ်။ အချက်အလက်တွေလည်း ကိုက်ညီတယ်။ မင်း ပြောတာတွေက သခင် ပြန်လာခြင်းအကြောင်း ပရောဖက်ပြုချက်တွေထဲမှာ ပါတယ်။ သခင်ယေရှုက တကယ် ပြန်ကြွလာပြီဆိုရင်တော့၊ ဒါက အရေးကြီးတဲ့ကိစ္စပဲ။ ငါ ဒါကို ရှာဖွေရမယ် တဲ့။ ငါက တကယ်ကို ဖာရိရှဲတစ်ယောက် ဖြစ်နေပြီ၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ဆုံးရှုံးသွားပြီဆိုတာမျိုး ငါ စိုးရိမ်တယ်။ ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်အကြောင်း သမ္မာတရားကို ငါ ရှာဖို့လိုတယ်” တဲ့။ ပြီးတော့ သူက မေးခွန်းတစ်ခု ထုတ်တယ်၊ “သခင်ယေရှုက ကားတိုင်တင်ခံခြင်းကတစ်ဆင့် ငါတို့ကို ရွေးနုတ်ပြီး၊ ငါတို့အပြစ်အားလုံးကို တာဝန်ယူခဲ့တယ်။ ဒါကြောင့် သူက ငါတို့ကို အပြစ်ရှိတယ်လို့ မမြင်ဘူး။ ကိုယ်တော် ကြွလာတဲ့အခါ၊ ငါတို့တွေက ကောင်းကင်ဘုံကို တန်းပြီး သွားနိုင်တယ်။ ကိုယ်တော်က တရားစီရင်ခြင်းအမှုတော်ရဲ့ ဒီအဆင့်ကို ဘာကြောင့် လုပ်ဖို့လိုတာလဲ” တဲ့။

အဖေ့မှာ အဲဒီလို နားလည်တာမျိုး၊ ရှာဖွေတာမျိုး ရှိတာကို မြင်ရတော့၊ ကျွန်တော် တော်တော် ဝမ်းသာသွားတာ။ သူ့မေးခွန်းကို အဖြေပေးဖို့ဆိုပြီး၊ ကျွန်တော်တို့နှစ်ယောက် ဗီဒီယိုလေးတစ်ခု ကြည့်ကြတယ်။ အောင်ပွဲခံသီချင်း ဆိုတဲ့ ရုပ်ရှင်ထဲကပါ။ နောက်ဆုံးသောကာလမှာ သခင်က တရားစီရင်ခြင်းအမှု ပြုဖို့ ဘာကြောင့် ပြန်လာသလဲ ဆိုပြီး ခေါင်းစဉ်ပေးထားတယ်။ အဲဒီရုပ်ရှင်ထဲက အစ်မက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ပြတယ်။ “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))လူ၏အပြစ်များကို အပြစ်ဖြေရာယဇ်မှတစ်ဆင့် ခွင့်လွှတ်ခံရနိုင်သော်လည်း၊ လူသားကို နောက်ထပ် အပြစ်မပြုနိုင်တော့ရန် မည်သို့ ပြုလုပ်ရမည်ဆိုသည်နှင့် သူ၏ အပြစ်နှင့်ပြည့်သော သဘာဝကို မည်သို့ လုံးဝ ပပျောက်စေပြီး ပြောင်းလဲစေရမည်ဆိုသည်တို့အတွက်မူ၊ သူသည် ဤပြဿနာကို ဖြေရှင်းရန် မဖြစ်နိုင်ပေ။ လူသား၏ အပြစ်များ ခွင့်လွှတ်ခံခဲ့ရပြီး ဤသည်မှာ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း အမှုကြောင့် ဖြစ်သော်လည်း၊ လူသည် သူ၏ အိုဟောင်းသည့် ဖောက်ပြန် ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတွင်းတွင် ဆက်လက် အသက်ရှင်ခဲ့သည်။ ဤသို့ဖြစ်ရာ၊ လူ၏အပြစ်နှင့်ပြည့်သော သဘာဝကို တစ်ဖန် လုံးဝ ထွက်ပေါ်မလာဖို့ လုံးဝ ပပျောက်စေရန်၊ ထိုသို့ဖြင့် လူသား၏ စိတ်သဘောထားကို ပြောင်းလဲနိုင်စေရန်အလို့ငှာ၊ လူကို သူ၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သော စိတ်သဘောထားမှ လုံးဝ ကယ်တင်ရမည် ဖြစ်သည်။ ဤအရာက လူသည် အသက်တာတွင် ကြီးထွားမှု လမ်းကြောင်းကို သဘောပေါက်ရန်၊ အသက်၏ လမ်းခရီးကို သဘောပေါက်ရန်နှင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲဖို့ နည်းလမ်းကို သဘောပေါက်ရန် လိုအပ်ပေသည်။ ထို့အပြင် လူ၏စိတ်သဘောထားကို တဖြည်းဖြည်း ပြောင်းလဲနိုင်စေရန်နှင့် သူသည် အလင်း၏ ထွန်းလင်းမှုအောက်တွင် အသက်ရှင်နိုင်ရန်အလို့ငှာ၊ သူ လုပ်ဆောင်သမျှအားလုံး ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ဖို့အလို့ငှာ၊ သူ၏ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို ဖယ်ရှားပစ်နိုင်ရန်နှင့် စာတန်၏ အမှောင်စွမ်းအားမှ ချိုးဖောက်လွန်မြောက်နိုင်ရန်၊ ထိုသို့ဖြင့် အပြစ်မှ အပြည့်အဝ လွတ်လာနိုင်ရန်အလို့ငှာ၊ လူသည် ဤလမ်းကြောင်းနှင့်အညီ ဆောင်ရွက်ဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ လူသည် ပြီးပြည့်စုံသည့် ကယ်တင်ခြင်း ရရှိလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

ပြီးတော့ အဲဒီအစ်မက ဒီမိတ်သဟာယကို ပြုပေးတယ်၊ “ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုက လူသားရဲ့အပြစ်တွေကိုပဲ ခွင့်လွှတ်ပေးခဲ့တာပါ၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ လွဲမှားတဲ့ သဘာဝက ဆက်ရှိနေတုန်းပဲ။ ဒါက ကျွန်မတို့စိတ်နှလုံးတွေထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ပြီး၊ ကျွန်မတို့အသက်တွေလို ဖြစ်လာတဲ့ ဆိုးယုတ်တဲ့ သဘာဝနဲ့ စိတ်သဘောထားတွေကို ဆိုလိုတာပါ အဲဒါကြောင့် ကျွန်မတို့က အပြစ်လုပ်ပြီး ဘုရားကို ခုခံမိနေကြတာပါ။ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝက အရင်းခံအကြောင်းရင်းပါပဲ ဘုရားက ကျွန်မတို့အပြစ်တွေကို ခွင့်လွှတ်နိုင်တယ်ဆိုပေမဲ့၊ လွဲမှားတဲ့ ကျွန်မတို့သဘာဝက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာပါ။ အဲဒါက ကျွန်မတို့ရဲ့ တကယ့်အသက်လို ဖြစ်လာတာလည်း ကြာခဲ့ပြီ။ အဲဒါကိုတော့ ခွင့်လွှတ်ပေးလို့ မရနိုင်ဘူး။ ဒါကြောင့် ဆိုးယုတ်တဲ့ သဘာဝရဲ့ အချုပ်အနှောင်တွေကနေ ကျွန်မတို့ကို အပြည့်အဝ ကယ်တင်ပေးဖို့၊ ဘုရားက ကျွန်မတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမရတယ် ပျက်စီးတဲ့ လူသားတွေရဲ့ကိုယ်တွင်းက ဆိုးယုတ်တဲ့သဘာဝနဲ့ စိတ်သဘောထားတွေအတွက် ဘုရားက နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်တာပါ တချို့ကတော့ မေးချင်မေးမယ်၊ ဒါကို တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းအားဖြင့်ပဲ ဖြေရှင်းနိုင်တယ်ဆိုရင်၊ တို့က အဖိုးအခပေးမယ်၊ ကိုယ့်ခန္ဓာကို ချိုးနှိမ်ပြီး ထိန်းထိန်းသိမ်းသိမ်း နေမယ်ဆိုရင်ကော၊ ဆိုးယုတ်တဲ့ သဘာဝကို မဖြေရှင်းနိုင်ဘူးလားပေါ့။ လုံးဝ မရပါဘူး။ ရှင်ပေါလု ပြောခဲ့သလိုပေါ့၊ ‘ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။’ (ရောမသြဝါဒစာ ၇:၁၈) ကျွန်မတို့အားလုံးလည်း ဒီအတွေ့အကြုံမျိုး ရှိခဲ့ကြတယ်။ ဆိုးယုတ်မှုကနေ လွတ်မြောက်ပြီး၊ ဇာတိပကတိကို ကျော်လွန်ဖို့အတွက်၊ ဆင်းရဲဒုက္ခခံပြီး၊ ကိုယ့်ခန္ဓာကို ချိုးနှိမ်ဖူးကြတယ်။ ဒါပေမဲ့ စာတန်ကို ကျော်လွှားပြီး ဘုရားကို အမှန်တကယ် နာခံသွားတဲ့လူ ရှိဖူးလား။ လုံးဝ မရှိသလောက်ပဲ။ ကျွန်မတို့ဘာသာ ကြိုးစားရင်၊ ဆိုးယုတ်တဲ့ သဘာဝကို မဖြေရှင်းနိုင်ဘူးဆိုတာ ဒါက ပြနေတယ် သမ္မာတရားကို ရဖို့၊ ဆိုးယုတ်တဲ့ ကိုယ့်သဘာဝကို အမှန်တကယ် ဖြေရှင်းဖို့ဆိုရင်၊ ကျွန်မတို့က ဘုရားရဲ့ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ စစ်ဆေးမှုနဲ့ စမ်းသပ်မှုတွေကို ခံရမှဖြစ်မယ် သခင်ယေရှုရဲ့ ရွေးနုတ်ခြင်းအမှုကို အခြေခံပြီးတော့ နောက်ဆုံးသောကာလမှာ၊ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတယ်။ လူသားကို သန့်စင်ကယ်တင်ပေးတဲ့ သမ္မာတရားအားလုံးကို ဖော်ပြတယ်။ ဘုရားရဲ့ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအလုပ်ရဲ့ နက်နဲမှုတွေကို ထုတ်ဖော်ပြတယ်။ ဥပမာ၊ ပညတ်တော်၊ ကျေးဇူးတော်နဲ့ နိုင်ငံတော်ခေတ်တွေအတွက် သူ့အမှုတော်ရဲ့ အတွင်းသဘော၊ ခေတ်တစ်ခုစီမှာ ဘာတွေ ပြီးမြောက်သလဲ၊ နောက်ဆုံးသောကာလ ကိုယ်တော့်တရားစီရင်ခြင်းနဲ့ သူ့နာမတော်တွေရဲ့ အဓိပ္ပာယ်၊ လူ့ဇာတိခံယူခြင်းရဲ့ နက်နဲမှု၊ သမ္မာကျမ်းရဲ့ အတွင်းဇာတ်ကြောင်း၊ ကိုယ်တော်က ခေတ်တစ်ခုကို ဘယ်လိုအဆုံးသတ်လဲ၊ ခရစ်တော်ရဲ့ နိုင်ငံတော်က ဘယ်လိုဖြစ်တည်သလဲ၊ ပြီးတော့ လူအမျိုးအစားတိုင်းရဲ့ အဆုံးသတ်အကြောင်းပေါ့။ လူ့လောကထဲက မကောင်းမှုအမှောင်တိုက်ရဲ့ ဇာစ်မြစ်နဲ့ စာတန်ကြောင့် လူသားရဲ့ပျက်စီးမှုအဖြစ်မှန်ကိုလည်း ကိုယ်တော်က ဖော်ထုတ်ပြတယ်။ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့သဘာဝနဲ့ ဘုရားကို ဆန့်ကျင်တတ်တဲ့ စိတ်သဘောထားတွေကိုလည်း တရားစီရင်ပြီး ဖော်ထုတ်ပြတယ်။ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို နှစ်တွေတော်တော်လေး ကြုံရပြီးပါပြီ။ ဘုရားကို ခုခံတတ်တဲ့ ဆိုးယုတ်တဲ့ ကျွန်မတို့သဘာဝကိုလည်း နားလည်သွားကြပြီ။ မကောင်းတဲ့ အဆိပ်အတောက်တွေ၊ စိတ်သဘောထားတွေက ဆိုးယုတ်တဲ့ ကျွန်မတို့သဘာဝထဲမှာ ရှိနေတာပါ။ စာတန်ကြောင့် ကျွန်မတို့ ဘယ်လောက် ပျက်စီးနေပြီဆိုတဲ့ အဖြစ်မှန်ကိုလည်း မြင်နေကြပြီ။ ဖြောင့်မတ်တဲ့ ပုန်ကန်ပြစ်မှားလို့မရတဲ့ ဘုရားရဲ့စိတ်သဘောထားကို ကျွန်မတို့ နားလည်လာကြပြီ။ ကိုယ့်ကိုယ်ကိုယ် ရွံရှာမိပြီး၊ ဘုရားရှေ့မှောက်မှာ နောင်တနဲ့ ဝပ်စင်းနေကြပြီ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့ နေထိုင်တာတွေကို စလုပ်နေကြပြီ။ ကျွန်မတို့ရဲ့ ပျက်စီးတဲ့ စိတ်သဘောထားတွေက တဖြည်းဖြည်း ပြောင်းလဲပြီး သန့်စင်ခံနေရတယ်။ လိမ်ညာ အပြစ်လုပ်တာ၊ ဘုရားကို ခုခံမိတာတွေလည်း နည်းလာတယ် ဒါတွေအားလုံးက ဘုရားရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်းကနေ ဖြစ်လာတာပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကသာ လူသားကို အပြည့်အဝ သန့်စင်ကယ်တင်နိုင်ပါတယ်။ ဒါက အမှန်တကယ်ပါပဲ” တဲ့။

အဖေက ဒါတွေအားလုံးကို အာရုံစိုက်ပြီးကြည့်တယ်။ သူ့ဆီက ထွက်လာတဲ့စကားက နည်းနည်းလေးဆိုပေမဲ့၊ အမှန်အတိုင်း ပြောတာပါ၊ “ငါ အခု နားလည်ပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို စူးစမ်းချင်တယ်” တဲ့ဗျာ။ ကျွန်တော်က သူ့ကို ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဆိုတဲ့ စာအုပ် ပေးလိုက်တယ်။ သူက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မနက်တိုင်း စဖတ်တယ်။ တစ်ခါတလေ သမ္မာကျမ်းနဲ့ ယှဉ်ပြီး ဖတ်ကြည့်တတ်တယ်။ ဒါပေမဲ့ နည်းနည်း ကြာလာတော့၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက သမ္မာတရားဖြစ်တယ်၊ ဘုရားရဲ့အသံတော် ဖြစ်တယ်ဆိုတာ သူ မြင်သွားတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြန်ကြွလာတဲ့ သခင်ယေရှု ဖြစ်မှန်း သူ သေချာလာတယ်။ ပြီးတော့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသွားတယ်။

နောက်တော့ သိပ်မကြာဘူး၊ ကျွန်တော်တို့သင်းအုပ်ဟောင်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို အဖေ လက်ခံလိုက်တဲ့အကြောင်း ကြားသွားရော။ အဖေ့ကို တားဖို့ဆိုပြီး၊ သာသနာပြုတစ်ယောက်နဲ့ တွဲဖက်အကျိုးဆောင်တစ်ယောက်ကို ခေါ်ပြီး ရောက်လာတယ်။ အဖေက ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သက်သေခံပြတယ်။ ပြီးတော့ လေးလေးနက်နက် ပြောတယ်၊ “ကျွန်တော်က သခင့်ကို နှစ်တွေအများကြီး အစေခံခဲ့တာပါ။ ကျမ်းစာကို သေချာသိတယ်၊ ယုံကြည်ခြင်း ထက်သန်တယ်လို့ ထင်ရတယ်။ ဒါပေမဲ့ သခင် ပြန်ကြွလာပြီလို့ ကြားတဲ့အချိန်မှာ၊ သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ နှိမ့်နှိမ့်ချချ မစူးစမ်းခဲ့ဘူး။ သခင်က နောက်ဆုံးသောကာလမှာ တရားစီရင်ခြင်းအမှု ပြုဖို့ ပြန်လာမယ်ဆိုတဲ့ ကျမ်းစာပရောဖက်ပြုချက်မျိုးစုံကို လျစ်လျူရှုခဲ့တယ်။ ကျွန်တော့်သားက ဒီ ဧဝံဂေလိတရားကို မျှဝေလာလို့၊ သူ့ကိုတောင် အိမ်ကနေ မောင်းထုတ်ခဲ့တာပါ။ ကျွန်တော်က တော်တော် ပုန်ကန်မိခဲ့တာပါ။ ငါက ကျမ်းစာကို သေချာနားလည်တယ်၊ ငါ့ကို ဘယ်သူမှ သိမ်းသွင်းလို့မရနိုင်ဘူးဆိုပြီး ထင်ခဲ့တယ်။ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်မိတော့မှ တကယ်ကို လှိုက်လှိုက်လှဲလှဲ ဖြစ်ခဲ့ရတာပါ။ သမ္မာတရားကို ရှာဖွေသူတွေသာ ဘုရားရဲ့အသံကို ကြားနိုင်တယ်၊ နောက်ဆုံးသောကာလမှာလည်း ကယ်တင်ခြင်းကို ရနိုင်တယ်ဆိုတာ ကျွန်တော် အခု နားလည်သွားပြီ” တဲ့။ အဖေ့မိတ်သဟာယကို ကြားပြီး၊ ဘုရားရဲ့အမှုတော်သစ်ကို သူ ဘယ်လောက် ဆန့်ကျင်ခဲ့ဖူးတယ်ဆိုတာတွေ တွေးမိတော့၊ ကျွန်တော် မျက်ရည်ပါဝဲလာတယ်။ ဘုရားကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ဘုရားနှုတ်ကပတ်တော်တွေက သမ္မာတရားပဲ၊ လူသားရဲ့စိတ်နှလုံးကို သိမ်းပိုက်နိုင်တယ်ဆိုတာ တကယ်ကို မြင်သွားတယ်။ လူတစ်ယောက်ရဲ့ ဘာသာရေးအယူအဆတွေ ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန်၊ သူတို့စိတ်သဘောထားက ဘယ်လောက်ပဲ ပုန်ကန်တယ်ဖြစ်ဖြစ်၊ သူတို့အနေနဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာဖွေပြီး ဖတ်မယ်ဆိုရင်၊ ဘုရားရဲ့အသံတော်နဲ့ ပေါ်ထွန်းခြင်းကို ကြားရမြင်ရပါလိမ့်မယ်။ သခင်ယေရှု ပြောခဲ့သလိုပါပဲ၊ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)

အခုဆို ကျွန်တော်တို့မိသားစုဝင် ခုနစ်ယောက်လုံး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလိုက်ပါပြီ။ ဧဝံဂေလိတရားကို မျှဝေရတာ ကျွန်တော်လည်း ပိုပြီး ယုံကြည်မှုရှိလာပါပြီ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဧဝံဂေလိဖြန့်ဝေခြင်း လမ်းကြမ်း (၂)

မြန်မာနိုင်ငံ အမ်းရှင်း ၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှာ ယုံကြည်သူသစ်တစ်ယောက်က ကျွန်မတို့ကို သူ့မိဘတွေရဲ့ ရွာဆီ ဧဝံဂေလိဟောဖို့ ခေါ်သွားတယ်။ အဲဒီမှာ...

နောက်ဆုံးတော့ ဘုရားအပေါ် ကျွန်မ နားလည်မှုလွဲတာတွေ မရှိတော့ဘူး

ရိချန် တရုတ်နိုင်ငံ ကျွန်မက ၂၀၁၉ မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်မက နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ပဲလိုက်နေပြီး...

အခက်အခဲမှတစ်ဆင့် ဖြစ်ပေါ်သည့် အကျိုးအမြတ်များ

၂၀၁၉ ခုနှစ် အကုန်တွင်၊ အမျိုးတစ်ယောက်က ကျွန်တော့်ကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိ ဝေမျှသည်။ အနန္တတန်ခိုးရှင်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။