မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပြောင်းလဲခြင်း
ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မက တရားဟောဆရာအနေနဲ့ အစေခံဖို့ ရွေးချယ်ခံရပြီး အသင်းတော်တချို့မှာ အလုပ်ကို ကြီးကြပ်ခဲ့ရတယ်။ ဒီအသင်းတော်တွေနဲ့ နှစ်လကျော် အလုပ်လုပ်ပြီးတဲ့နောက်မှာ အသင်းတော် အသက်တာနဲ့ လူသစ်ရေလောင်းပေးတဲ့အလုပ် အားလုံး တိုးတက်ခဲ့တယ်။ ဒါကြောင့် အထက်ခေါင်းဆောင်က ကောင်းမွန်တဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွေနဲ့ပတ်သက်လို့ အကြံဉာဏ်တွေ ဖလှယ်ဖို့ ကျွန်မကို ဖိတ်ခေါ်ခဲ့တယ်။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်ပြီး တကယ့်အလုပ်တချို့ကို လုပ်ဆောင်နိုင်တယ်လို့ ခံစားခဲ့ရတာပေါ့။ ဒါပေမဲ့ နိုဝင်ဘာလ အကုန်မှာ၊ ဧဝံဂေလိ အလုပ်မှာ တိုးတက်မှု နည်းနေတာကို ကျွန်မ သတိထားမိလို့ အဲဒီအလုပ်မှာရှိနေတဲ့ ပြဿနာတချို့ကို အနှစ်ချုပ်ပြီး အဲဒီပြဿနာတွေအပေါ် ကျွန်မရဲ့ စိတ်ကူးတွေနဲ့ အကြံဉာဏ်တွေကို ဧဝံဂေလိအဖွဲ့ခေါင်းဆောင် အနည်းငယ်နဲ့ ဝေမျှခဲ့တယ်။ သူတို့တွေ စိတ်ထက်ထက်သန်သန်နဲ့ ဧဝံဂေလိတရားဟောနိုင်ဖို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သူတို့နဲ့ မိတ်သဟာယပြုပေးခဲ့တယ်။ အလုပ်ခွဲဝေပေးပြီးတဲ့နောက်မှာ ကျွန်မက တော်တော်ကောင်းအောင် လုပ်ခဲ့ပြီးပြီဖြစ်တဲ့အပြင် အသေးစိတ်အလုပ်လုပ်နေတယ်လို့ ခံစားရတာကြောင့် မကြာခင်မှာပဲ တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ရက်နည်းနည်းကြာတော့ အဖွဲ့ခေါင်းဆောင်တွေကို သူတို့ရဲ့ ဧဝံဂေလိအလုပ် တိုးတက်မှုနဲ့ပတ်သက်လို့ မေးတဲ့အခါ တချို့ ပြန်မဖြေနိုင်ခဲ့ကြဘူး၊ တချို့ကျတော့ ဧဝံဂေလိအမှုဆောင်တွေနဲ့ တွေ့ဖို့ ရက်နည်းနည်းလိုသေးတယ်လို့ ပြောကြတယ်။ အဖွဲ့ခေါင်းဆောင်တချို့ ပူးပေါင်းဆောင်ရွက်နေတာကို တွေ့ရတော့ အဲဒီကိစ္စကို နောက်ထပ် စစ်ဆေးပြီး အခြေအနေကို တိတိကျကျ နားလည်အောင်လုပ်ဖို့ ကျွန်မ ဒုက္ခမခံတော့ဘူး။ ဆယ်ရက်ကျော်အကြာမှာ၊ အထက်ခေါင်းဆောင်က ဧဝံဂေလိအလုပ် တိုးတက်မှုအခြေအနေ၊ ဘာလို့ ထိရောက်မှုမရှိတာလဲ၊ ဧဝံဂေလိအမှုဆောင်တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ၊ ပြီးတော့ ဘယ်စစ်မှန်တဲ့ ပြဿနာတွေကို ကျွန်မ ဖြေရှင်းပြီးပြီလဲဆိုတာတွေကို မေးတဲ့ စာတစ်စောင် ကျွန်မဆီကို ရေးခဲ့တယ်။ အဖွဲ့ခေါင်းဆောင်တွေဆီက စာမရသေးလို့ ဧဝံဂေလိအလုပ် တိုးတက်မှု အသေးစိတ်ကို ကျွန်မ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ဒါကြောင့် အဖွဲ့ခေါင်းဆောင်တွေဆီက စာရပြီးတာနဲ့ အပြည့်အစုံ အစီရင်ခံမယ်လို့ အထက်ခေါင်းဆောင်ကို စာပြန်လိုက်တယ်။ အဲဒီနောက် သူတို့ရဲ့ရလဒ်တွေတင်ပြဖို့ အဖွဲ့ခေါင်းဆောင်တွေကို ကျွန်မ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ သူတို့ကို အကြိမ်ကြိမ် တွန်းတွန်းတိုက်တိုက် ပြောပြီးတဲ့နောက်မှာ သူတို့ ကျွန်မကို ပြန်မဖြေကြသေးတော့ ကျွန်မ ဒေါသထွက်လာတယ်။ သူတို့တာဝန်တွေမှာ အရမ်းကို တာဝန်မဲ့တယ်လို့ ယုံကြည်ပြီးတော့ပေါ့။ အလုပ်တိုးတက်မှုအကြောင်းမေးတဲ့စာတွေ ကျွန်မရဲ့ခေါင်းဆောင်ဆီကနေ တစ်စောင်ပြီးတစ်စောင် ရောက်လာတော့ ကျွန်မ ပိုပြီး စိုးရိမ်လာတယ်၊ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်တွေက စာမပြန်တော့ ကျွန်မလည်း ဘာမှမတတ်နိုင်ဘူးလို့ ခံစားရတယ်။ ပြဿနာက အဖွဲ့ခေါင်းဆောင်တွေနဲ့ ပတ်သက်ပြီး ကျွန်မနဲ့ မပတ်သက်ဘူးဆိုတာကို ခေါင်းဆောင် သိအောင်လို့ အဖွဲ့ခေါင်းဆောင်တွေ စာမပြန်တဲ့အကြောင်း သူ့ကို ကျွန်မ ပြောပြလိုက်တယ်။
ခေါင်းဆောင်က ကျွန်မဆီ အမြန် စာပြန်ပြီး၊ အဖွဲ့ခေါင်းဆောင်တွေရဲ့ တကယ့်ပြဿနာတွေနဲ့ အခက်အခဲတွေကို နားလည်သလားလို့ မေးတယ်။ ပြီးတော့ စာကနေတစ်ဆင့် ကျွန်မအလုပ်ကို စစ်ဆေးကြည့်ရသလောက် ကျွန်မက ကိုယ့်တာဝန်မှာ လုံလောက်တဲ့ စဉ်းစားဆင်ခြင်မှုနဲ့ အားစိုက်ထုတ်မှု ရှိပုံမရဘူးလို့ ပြောတယ်။ ကိုယ့်အလုပ်မှာ ရလဒ်တွေမရတဲ့အခါ ကျွန်မက သူများကိုပဲ အပြစ်တင်ပြီး ကိုယ့်ပြဿနာတွေကို ဆင်ခြင်သုံးသပ်တာမျိုး မရှိခဲ့ဘူးတဲ့။ အလုပ်ကို နောက်ဆက်တွဲလုပ်ပေးတဲ့အခါ ကျွန်မက အဖွဲ့ခေါင်းဆောင်တွေကို ရလဒ်ရဖို့အတွက်ပဲ လောဆော်ခဲ့ပြီး တကယ့် ပြဿနာတွေကို မဖော်ထုတ်ခဲ့တဲ့အပြင် သူတို့ပြဿနာတွေကို ကူဖြေရှင်းပေးဖို့ တိကျတဲ့ လမ်းကြောင်းတွေ မပေးရင်၊ ကျွန်မတို့ အလုပ်မှာ ရလဒ်တွေရဖို့ နည်းလမ်းမရှိဘူးလို့လည်း သူက ပြောတယ်။ သူ့စာကို ဖတ်တဲ့အချိန်မှာ ကျွန်မ နည်းနည်း အတိုက်အခံဖြစ်ပြီး တွေးမိတယ်၊ “ငါလည်း အလုပ်ကို ကောင်းကောင်းလုပ်ချင်တာပဲ၊ ဧဝံဂေလိအလုပ်မှာလည်း ငါပါဝင်ခဲ့တာပဲ။ ပြီးတော့ အဖွဲ့ခေါင်းဆောင်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး စာတွေရေး၊ မိတ်သဟာယတွေပြုပြီးပြီ၊ အခက်အခဲ တစ်ခုခု ကြုံရရင် ချက်ချင်းဆက်သွယ်ဖို့လည်း သူတို့ကို တိုက်တွန်းခဲ့တာပဲ။ သူတို့ပြဿနာတွေက ဘာလဲဆိုတာ ငါ့ကိုမပြောရင် ငါက ဘာလုပ်ရမှာလဲ။ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေကြောင့် အရင်က ဒီအသင်းတော်တွေမှာ အလုပ်ပျက်တာတွေ ရှိခဲ့ပေမဲ့ ငါရောက်ပြီး နှစ်လကျော်လေးအတွင်းမှာပဲ အလုပ်ကဏ္ဍပေါင်းစုံမှာ တိုးတက်မှုတွေ ရှိလာခဲ့တာလေ။ ဒါက ငါ အတော်လေးကို ကောင်းကောင်း လုပ်နေပြီးသားဆိုတာကို ပြတယ် ထင်တာပဲ။ ဒါပေမဲ့ နင်က ငါ့ကို ဆင်ခြင်သုံးသပ်စေချင်တယ်ပေါ့။ ဒီလိုမိတ်သဟာယမျိုးကို ငါ လက်မခံနိုင်ပါဘူး” လို့ပေါ့။ အဲဒီတုန်းက ကျွန်မ မတရားခံရတယ်လို့ ခံစားခဲ့တယ်၊ ဆုံးမရခက်ပြီး အငြင်းအခုံသန်ခဲ့တယ်။ တွေးလေ၊ အပျက်သဘောဆောင်လာလေဖြစ်ပြီး အဲဒီတာဝန်ကို မထမ်းဆောင်နိုင်တော့ဘူးလို့ပဲ ခံစားခဲ့တယ်။ မှားယွင်းတဲ့ အခြေအနေမှာ ကျွန်မ ရှိမှန်း သဘောပေါက်ခဲ့ပေမဲ့ အဲဒီအထဲကနေ ကိုယ့်ကိုယ်ကိုယ် ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် အဲဒီအခြေအနေကနေ ဘာသင်ယူရမလဲ ဆိုတာကိုလည်း မသိခဲ့ဘူး။ နောက်ပိုင်းမှာ သူ့ရဲ့ ရည်ရွယ်ချက်ကို နားလည်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ရင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ ကျွန်မရဲ့ လက်ရှိအခြေအနေနဲ့ အရမ်းဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုမှာ ကျွန်မ တွေ့လိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်သည့်အခါတွင် ပြုပြင်ခြင်းကို ကြုံရပြီး ၎င်းတို့က ‘ကျွန်ုပ်၏ နည်းကျဉ်းသော စွမ်းရည်များဖြင့် ကျွန်ုပ် အမှန်တကယ် မည်မျှ လုပ်ဆောင်နိုင်သနည်း။ ကျွန်ုပ် များစွာ နားမလည်ပါ။ ထို့ကြောင့် ဤအလုပ်ကို ကျွန်ုပ် ကောင်းစွာ လုပ်ဆောင်လိုပါက လုပ်ဆောင်နေရင်း ကျွန်ုပ် သင်ယူရမည် မဟုတ်ပါလား။ ယင်းမှာ ကျွန်ုပ်အတွက် လွယ်ကူလိမ့်မည်လား။ ဘုရားသခင်သည် လူတို့ကို တကယ် နားမလည်ပါ။ ဤသည်မှာ ဘဲကို ကြက်တို့နားနေရာသို့ မောင်းခြင်းနှင့် တူသည် မဟုတ်ပါလား။ ကျွန်ုပ်ထက် သာ၍ နားလည်သည့် တစ်စုံတစ်ဦးကို လုပ်ခွင့်ပေးလိုက်ပါ။ ကျွန်ုပ်သည် ဤသို့သာ လုပ်ဆောင်နိုင်သည်။ ဤအရာထက် ကျွန်ုပ် မည်သို့မျှ သာ၍ မလုပ်နိုင်တော့ပါ’ဟု ပြောကြသည်။ လူတို့သည် ထိုသို့သော အရာများကို ပုံမှန်အားဖြင့် ပြောဆိုကာ တွေးတောကြသည်၊ ဟုတ်ပါသလော။ (မှန်ပါသည်။) လူတိုင်းက ထိုအရာကို ဝန်ခံနိုင်သည်။ မည်သူမျှ ခြောက်ပြစ်ကင်းသဲလဲစင် မဟုတ်သကဲ့သို့ မည်သူမျှသည် ကောင်းကင်တမန် မဟုတ်ပါ။ လူတို့သည် လေဟာနယ်တွင် အသက်မရှင်ပေ။ လူတိုင်းသည် ဤအတွေးများနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများ ရှိကြသည်။ လူတိုင်းသည် ဤအရာများကို ထုတ်ဖော်ပြနိုင်စွမ်း ရှိကြပြီး ဤအခြေအနေများတွင် မကြာခဏ အသက်ရှင်နိုင်စွမ်းရှိကြကာ ယင်းမှာ ၎င်းတို့ကိုယ်ပိုင် ဆန္ဒမှ မဟုတ်ပေ။ ၎င်းတို့သည် ဤသို့ မတွေးဘဲ မနေနိုင်ကြပေ။ ၎င်းတို့ထံ မည်သည့်အရာမျှ မဖြစ်မီတွင် လူတို့သည် အတော်အတန် ပုံမှန်ဖြစ်သော အခြေအနေတစ်ခု ရှိကြသော်လည်း ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ အမှုအရာများက ကွဲပြားသွားသည်။ အပျက်သဘောဆောင်သော အခြေအနေတစ်ခုသည် အတားအဆီး၊ သို့မဟုတ် ကန့်သတ်ချက်မရှိဘဲ၊ ပြီးလျှင် အခြားသူတို့၏ တိုက်တွန်းမှု၊ သို့မဟုတ် လှုံ့ဆော်မှုမရှိဘဲ ၎င်းတို့ထံမှ အလိုအလျောက် အလွန်ပင် လွယ်လင့်တကူ ထုတ်ဖော်ကြသည်။ ၎င်းတို့ ကြုံရသည့်အရာများသည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒနှင့် မကိုက်ညီသရွေ့ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် တစ်ချိန်လုံးဆိုသလို ၎င်းတို့ရှိ နေရာမှန်သမျှမှ ထုတ်ဖော်လေသည်။ ထိုအရာများသည် အဘယ်ကြောင့် တစ်ချိန်လုံးဆိုသလို နေရာမှန်သမျှမှ ထုတ်ဖော်နိုင်ရသနည်း။ လူတို့သည် ၎င်းတို့အထဲတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးနှင့် ဖောက်ပြန်ပျက်စီးသော သဘာဝမျိုး ရှိကြသည်ဟု ဤအရာက သက်သေပြပေသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ၎င်းတို့ကို အခြားသူများက သွန်သင်ထားခြင်း၊ လှုံ့ဆော်ထားခြင်း၊ သို့မဟုတ် အားပေးထားခြင်း ဖြစ်ဖို့မဆိုထားနှင့်၊ ၎င်းတို့အပေါ် အခြားသူများက အတင်းထိုးပေးထားခြင်းမဟုတ်သကဲ့သို့ အခြားသူများက သွတ်သွင်းထားခြင်းလည်း မဟုတ်ပေ။ ထို့ထက် လူတို့ကိုယ်တိုင်က ထိုအရာများကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ လူတို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက မှန်ကန်သည့်၊ အပြုသဘောဆောင်သော အခြေအနေများတွင် ၎င်းတို့ အသက်မရှင်နိုင်ကြပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းမှသာလျှင် စစ်မှန်သော ပြောင်းလဲခြင်းကို ဖြစ်စေနိုင်သည်) လူတွေက ပြဿနာတွေနဲ့ မရင်ဆိုင်ရတဲ့အခါ ပုံမှန်အခြေအနေတစ်ခု ရှိကြပေမဲ့ ကိစ္စတွေက သူတို့ရဲ့ အယူအဆတွေနဲ့ မကိုက်ညီတာနဲ့ တစ်ပြိုင်နက် အတိုက်အခံလုပ်တဲ့ အခြေအနေကို ထုတ်ဖော်လာတာ၊ ဆိုဆုံးမရခက်ပြီး မကျေမနပ်ဖြစ်တာတွေ မလုပ်ဘဲမနေနိုင်ကြဘူးလို့ ဘုရားက ပြောတယ်။ ဒါက လူတွေရဲ့ သဘာဝနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မကိုယ်ပိုင် အခြေအနေအရ အဲဒါတွေကို စဉ်းစားခဲ့တယ်။ ဧဝံဂေလိအလုပ်မှာ ကျွန်မ အားထုတ်မှုနဲ့ စဉ်းစားဆင်ခြင်မှု မရှိတာ၊ တကယ့်အလုပ်ကို လုပ်ဖို့ ကျွန်မပျက်ကွက်တာတွေကို ခေါင်းဆောင်က ထောက်ပြတဲ့အခါ ကျွန်မက နစ်နာတယ်လို့ ခံစားရပြီး အတိုက်အခံဖြစ်ခဲ့တယ်၊ ပြီးတော့ ဒါက ကျွန်မ အကောင်းဆုံးလုပ်နိုင်တာပဲလို့ တွေးခဲ့တာလေ။ အလုပ်မှာ ကျွန်မပါဝင်ခဲ့တဲ့အပြင် အဖွဲ့ခေါင်းဆောင်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သူတို့နဲ့ မိတ်သဟာယပြုခဲ့တာပဲ၊ သူတို့က လက်ရှိအခြေအနေတွေကို မတင်ပြမှတော့ ကျွန်မလည်း ဘာမှမတတ်နိုင်ဘူးပေါ့။ ခေါင်းဆောင်က ကျွန်မအခြေအနေကို လုံးဝ နားမလည်ဘူးလို့ ကျွန်မ ခံစားခဲ့ရတယ်။ ကျွန်မက ဆိုဆုံးမရခက်တဲ့ အငြင်းသန်တဲ့ အခြေအနေထဲမှာ အသက်ရှင်နေခဲ့တယ်။ အဲဒါက သမ္မာတရားကို ကျွန်မ လက်မခံဘူးဆိုတာကို ပြနေခဲ့တယ်။ ကျွန်မပြဿနာရဲ့ သဘာဝက ဘယ်လောက်ပြင်းထန်သလဲဆိုတာကို မြင်လိုက်ရတော့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ ဘယ်သူကမှ သမီးကို ပြုပြင်ပြီးတော့ သမီးအခက်တွေ့အောင် လုပ်ဖို့ မကြိုးစားဘဲ အဲဒါက ကိုယ်တော်ရဲ့ ခွင့်ပြုချက်နဲ့ လာတယ်ဆိုတာကို သမီးသိပါတယ်။ သမီးဆင်ခြင်သုံးသပ်ပြီး ဝင်ရောက်သင့်တဲ့ အရာတွေရှိမှန်း သိပေမဲ့ အခုလောလောဆယ် ဘာတွေလဲဆိုတာ သမီး သိပ်နားမလည်နိုင်ဖြစ်နေပါတယ်။ ဒီကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် နားလည်ပြီး သင်ခန်းစာယူနိုင်ဖို့ သမီးကို ဉာဏ်အလင်းပေးပြီး လမ်းပြတော်မူပါ” လို့ပေါ့။
အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့လိုက်ရတယ်။ “လူတစ်ယောက်ကို ပြုပြင်ခံရခြင်းဖြစ်စေသည့် အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ယင်းအပေါ်တွင် အရေးအပါဆုံးသဘောထားက မည်သည့်အရာနည်း။ ရှေးဦးစွာ ယင်းကို လက်ခံရမည်။ သင့်ကို မည်သူက ပြုပြင်နေသည်ဖြစ်စေ၊ မည်သည့်အကြောင်းပြချက်ဖြစ်စေ၊ ကြမ်းတမ်းသည့်ပုံစံ ရှိသည်ဖြစ်စေ၊ လေသံနှင့် စကားအသုံးအနှုန်းက မည်သို့ဖြစ်စေ ယင်းကို လက်ခံသင့်သည်။ ထို့နောက်တွင် မည်သည့်အရာကို သင် မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ခဲ့ကြောင်းနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်ဆောင်ရွက်ခဲ့ခြင်းရှိမရှိတို့ကို သင် သိမှတ်သင့်သည်။ ပထမဆုံးအနေဖြင့် ဤသည်မှာ သင်ထားရှိသင့်သည့် သဘောထားဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုကို အန္တိခရစ်များက ပိုင်ဆိုင်သလော။ မပိုင်ဆိုင်ပေ။ အစမှ အဆုံးအထိ ၎င်းတို့ ပွင့်လင်းစွာ ဖော်ပြသောသဘောထားသည် အတိုက်အခံလုပ်ခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်း သဘောထားဖြစ်သည်။ ဤသို့သော သဘောထားတစ်ခုဖြင့် ၎င်းတို့သည် ဘုရားရှေ့တွင် ငြိမ်သက်ပြီး ပြုပြင်ခြင်းကို နှိမ့်ချစွာ လက်ခံနိုင်သလော။ မဟုတ်ပေ၊ ၎င်းတို့ လက်မခံနိုင်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ ရှေးဦးစွာ ၎င်းတို့သည် လူတို့၏ နားလည်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ရယူဖို့ မျှော်လင့်ချက်များဖြင့် ၎င်းတို့လုပ်ဆောင်ခဲ့သော အမှားများ၊ ၎င်းတို့ ထုတ်ဖော်ခဲ့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို ခုခံကာကွယ်ပြီး ငြင်းခုံလျက်ဖြင့် မှန်ကန်ကြောင်း ကျိုးကြောင်းပြပြောဆိုမှုများပြုလုပ်ပြီး အတင်းအဓမ္မငြင်းခုံလိမ့်မည်။ ဤနည်းအားဖြင့် ၎င်းတို့ကို ပြုပြင်သော စကားများကို ၎င်းတို့ လက်ခံရန်၊ သို့မဟုတ် မည်သည့်တာဝန်ကိုမျှ ခံယူဖို့ မလိုအပ်စေရန်ဖြစ်သည်။ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ ၎င်းတို့သည် မည်သည့်သဘောထားကို ထုတ်ဖော်ပြသနည်း။ ‘ငါသည် အပြစ်မပြုခဲ့ပါ။ မည်သည့်မှားယွင်းမှုကိုမျှ မလုပ်ဆောင်ခဲ့ပါ။ အမှားလုပ်မိလျှင် အကြောင်းပြချက်ရှိသည်။ ငါသည် တမင်ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ။ ယင်းအတွက် တာဝန်မခံရသင့်ပေ။ အနည်းငယ်သော အမှားများကို မည်သူကများ မပြုလုပ်သနည်း’ ဟူ၍ ဖြစ်သည်။ ဤပြောဆိုချက်များနှင့် စကားစုများကို ၎င်းတို့က မလွတ်တမ်း အသုံးချသော်လည်း ၎င်းတို့သည် သမ္မာတရားကို မရှာဖွေသကဲ့သို့ ၎င်းတို့ပြုပြီးဖြစ်သည့် အမှားများကို၊ သို့မဟုတ် ၎င်းတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ၎င်းတို့ အသိအမှတ်မပြုပေ။ ပြီးလျှင် ၎င်းတို့သည် မကောင်းမှုပြုလုပ်ရာတွင် မိမိတို့၏ ရည်ရွယ်ချက်နှင့် ပန်းတိုင်တို့က မည်သည့်အရာဖြစ်ကြောင်း သေချာပေါက် အသိအမှတ်မပြုကြပေ။...အမှန်တရားများက သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်မျှပေါ်လွင်စေသည်ဖြစ်စေ ၎င်းတို့က အသိအမှတ်မပြုပေ၊ လက်မခံပေ။ ဆက်လက်၍ အာခံပြီး ခုခံကြသည်။ သူတစ်ပါးတို့က မည်သို့ပြောပါစေ ၎င်းတို့က လက်မခံဘဲ၊ ဝန်မခံဘဲ ‘မည်သူက မည်သူ့ကို နိုင်အောင်ပြောနိုင်သည်ကို ကြည့်ကြစို့။ မည်သူက ပို၍ စကားပြောကောင်းသည်ကို ကြည့်ကြစို့။’ ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ပြုပြင်ခံရခြင်းကို အန္တိခရစ်များ သဘောထားပြုမူသော သဘောထားအမျိုးအစားတစ်ခု ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၈)) ပြုပြင်တာ၊ အကူအညီနဲ့ အကြံပေးတာတွေကို ရင်ဆိုင်ရတဲ့အခါ ကျွန်မနဲ့ပတ်သက်လို့ သူတို့မှာ ဘယ်လိုသဘောထားနဲ့ လေသံမျိုးရှိပါစေ၊ ပြီးတော့ သူတို့ပြောတဲ့အရာက ကျွန်မရဲ့ အယူအဆတွေနဲ့ ဘယ်လောက်ပဲ မကိုက်ညီပါစေ၊ အဲဒါကို ဘုရားသခင်ဆီကနေ ကျွန်မ ခံယူရမယ်၊ ကျိုးနွံနာခံပြီး ကိုယ့်ပြဿနာတွေနဲ့ပတ်သက်လို့ ဆင်ခြင်သုံးသပ်ရမယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ သဘောပေါက်သွားတယ်။ ဒါက လူတွေမှာ ရှိသင့်တဲ့ သဘောထားမျိုးပဲ။ အန္တိခရစ်တွေက ပြုပြင်တာ၊ အကြံပေးတာနဲ့ ကူညီတာတွေကို ရင်ဆိုင်ရတဲ့အခါ အတိုက်အခံလုပ်တယ်၊ အငြင်းအခုံသန်တယ်၊ အာခံတတ်ပြီး အပြစ်လွှဲချတတ်ကြတယ်။ သူတို့မှာ သမ္မာတရားကို လက်ခံတဲ့ သဘောထား နည်းနည်းမှ မရှိဘူး။ ကျွန်မရဲ့ ကိုယ်ပိုင် အပြုအမူအရ ဒါကို ဆင်ခြင်သုံးသပ်ကြည့်တော့၊ ခေါင်းဆောင်က ကျွန်မပြဿနာတွေကို ထောက်ပြတဲ့အခါ ကျွန်မက အတိုက်အခံလုပ်ပြီး စိတ်နှလုံးထဲမှာ အဆက်မပြတ် ငြင်းခုံနေခဲ့တယ်။ ကျွန်မက အဖိုးအခပေးခဲ့ပြီးပြီဖြစ်ပြီး ခေါင်းဆောင်က အခြေအနေကို နားမလည်ဘဲ ကျွန်မကို ပြုပြင်နေတာလို့ တွေးရင်းပေါ့။ ကျွန်မ အရမ်းကို မတရားဆက်ဆံခံရတယ်လို့ ခံစားပြီး ကျွန်မ လုပ်နိုင်သလောက် လုပ်ခဲ့ပြီးပြီလို့ တွေးခဲ့တယ်။ ကျွန်မက ရန်လိုခဲ့တယ်၊ ဆိုဆုံးမရခက်ပြီး သမ္မာတရားအပေါ် အရမ်းကို မနှစ်မြို့တဲ့ စိတ်သဘောထားကို ထုတ်ဖော်နေခဲ့မိတယ်။ အစတုန်းက အလုပ်တချို့ကို ခွဲဝေပေးခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာ အလုပ်ကို တကယ်ပါဝင်လုပ်ကိုင်တာ၊ လိုက်ကြည့်တာမျိုး ကျွန်မ မလုပ်နိုင်ခဲ့ပုံကို တွေးမိတယ်။ ဧဝံဂေလိအမှုဆောင်တွေရဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို ဒုက္ခခံပြီး နားလည်အောင် မလုပ်ဘဲ ရလဒ်ထွက်ဖို့လောက်ပဲ လူတွေကို လောဆော်နေခဲ့တာလေ။ ကိုယ့်အလုပ်ကို ဒီလိုနည်းနဲ့ လုပ်ဆောင်နေတာဟာ ကိုယ့်တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ ပျက်ကွက်နေတာပဲ။ ပြီးတော့ တကယ့်ပြဿနာတွေကိုလည်း ကျွန်မ ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်။ ဒါက တကယ့်အလုပ်ကို လုပ်ဖို့ ပျက်ကွက်နေတာပဲ။ ကျွန်မမှာရှိနေတဲ့ ပြဿနာတွေအတွက် ခေါင်းဆောင်က ကျွန်မကို ပြုပြင်နေခဲ့ပေမဲ့ ဒါပေမဲ့ အဲဒီပြုပြင်တာကို ကျွန်မက လက်မခံဘဲ အတိုက်အခံတောင် လုပ်ခဲ့တယ်၊ ငြင်းခုံပြီး တာဝန်ကို သူများဆီ လွှဲချခဲ့တယ်။ အနှစ်သာရအနေနဲ့ ကျွန်မက သမ္မာတရားကို လက်ခံဖို့ ပျက်ကွက်နေခဲ့ပြီး ဘုရားသခင်ကို ဆန့်ကျင်နေခဲ့တာပါ။ ကျွန်မသာ နောင်တမရဘဲ ဒီလိုမာကျောတဲ့ စိတ်သဘောထားနဲ့ ဆက်ပြီးအသက်ရှင်နေခဲ့ရင် နောက်ဆုံးမှာ ဘုရားသခင် စက်ဆုပ်ရွံရှာပြီး ဖယ်ရှားရှင်းလင်းတာကို ကျွန်မ ခံရမှာပဲ။
နောက်ပိုင်းမှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်မထင် တွေ့ခဲ့တယ်။ “များစွာ ကြိုးစားအားထုတ်ခြင်း သို့မဟုတ် စွန့်စားရသည့်အရာ အနည်းငယ်ကို လုပ်ဆောင်ခြင်းက ကောင်းမှုတိုးပွားလာအောင် လုပ်ထားခြင်းကို ဆိုလိုခြင်းဖြစ်သည်ဟု တွေးထင်နေသူများ အသင်းတော်ထဲတွင် ရှိသည်။ အမှန်တွင် ၎င်းတို့၏လုပ်ဆောင်ချက်များအရ ၎င်းတို့သည် စင်စစ် ချီးကျူးခံထိုက်သည့်သူများ ဖြစ်သော်လည်း သမ္မာတရားအပေါ် ၎င်းတို့၏ စိတ်သဘောထားနှင့် သဘောထားတို့သည် အလွန်မနှစ်မြို့စရာကောင်းသကဲ့သို့ စက်ဆုပ်ဖွယ်ဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို ချစ်ခြင်း မရှိကြဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ဖြစ်ကြ၏။ ယင်းတစ်ခုတည်းကပင် ၎င်းတို့ကို စက်ဆုပ်စရာ ဖြစ်စေသည်။ ထိုသို့သော လူများသည် အသုံးမကျကြပေ။ လူများသည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ ၎င်းတို့တွင် အချို့သော အားနည်းချက်များရှိပြီး ဘုရားသခင်ကို ဆန့်ကျင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ သို့မဟုတ် အဖြစ်အနေတစ်ခု ရှိကြောင်းတို့ကို မြင်သည့်အခါ ဘုရားသခင်သည် ၎င်းတို့ကို အော့နှလုံးမနာသကဲ့သို့ သူနှင့်ဝေးရာတွင် မထားပေ။ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက် မဟုတ်သကဲ့သို့ လူသားအပေါ် သူ၏သဘောထားလည်း မဟုတ်ပေ။ ဘုရားသခင်သည် လူများ၏ညံ့ဖျင်းသော အစွမ်းအစကို ရွံရှာစက်ဆုပ်ခြင်း မရှိ၊ ၎င်းတို့၏ မိုက်မဲမှုကို ရွံရှာစက်ဆုပ်ခြင်း မရှိသကဲ့သို့ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း သူ ရွံရှာစက်ဆုပ်ခြင်းမရှိချေ။ ဘုရားသခင်သည် လူတို့ထဲ၌ အရွံရှာအစက်ဆုပ်ဆုံးဖြစ်သော အရာမှာ အဘယ်နည်း။ ယင်းမှာ လူများက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အချိန် ဖြစ်သည်။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက ထိုတစ်ချက်တည်းကြောင့်ပင် ဘုရားသခင်သည် သင့်ကို မည်သည့်အခါမျှ ဝမ်းမြောက်မည် မဟုတ်။ ဤသည်မှာ ပြောင်းလဲ၍မရနိုင်ပေ။ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင်၊ သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားအပေါ် သင်သည် ဂရုမစိုက်သော သဘောထားရှိပြီး အထင်သေးကာ မာနထောင်လွှားသည့်အပြင် တွန်းပင်တွန်းလှန်ကာ အတိုက်အခံလုပ်ပြီး ငြင်းပယ်လျှင်၊ ဤသည်မှာ သင်ပြုမူသည့်ပုံစံ ဖြစ်လျှင် ဘုရားသခင်က သင့်အား လုံးလုံး ရွံရှာပြီး သင်သည် ကယ်တင်၍မရတော့အောင် ကျရှုံးပြီးဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် သမ္မာတရားကို အမှန်တကယ် ချစ်ကာ သင်သည် အတော်အတန် အစွမ်းအစနည်းပြီး အသိအမြင် မရှိလျှင်၊ အနည်းငယ် မိုက်မဲပြီး မကြာခဏ အမှားများပြုလုပ်သော်လည်း မကောင်းမှုလုပ်ဖို့ သင် မရည်ရွယ်ခြင်းသာ ဖြစ်လျှင်၊ မိုက်မဲသောအရာ အနည်းငယ်ကိုသာ လုပ်ဆောင်ခဲ့လျှင်၊ သမ္မာတရားနှင့်ပတ်သက်သည့် ဘုရားသခင်၏ မိတ်သဟာယကို ကြားနာရန် သင်၏ စိတ်နှလုံး၌ လိုလားပြီး သမ္မာတရားကို သင်၏ စိတ်နှလုံးက တောင့်တလျှင်၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကို သင်ဆက်ဆံရာတွင် ထားရှိသည့် သဘောထားသည် ရိုးသားစစ်မှန်ပြီး တောင့်တခြင်းရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားပြီး မြတ်နိုးနိုင်လျှင် ဤသည်မှာ လုံလောက်သည်။ ဘုရားသခင်သည် ဤသို့သောသူများကို နှစ်သက်သည်။ သင်က တစ်ခါတစ်ရံတွင် အနည်းငယ် မိုက်မဲနိုင်သော်လည်း ဘုရားသခင်က သင့်ကိုနှစ်သက်ဆဲဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားကို တောင့်တသော သင်၏ စိတ်နှလုံးကို ချစ်သည်။ သမ္မာတရားအပေါ် သင်၏ ရိုးသားစစ်မှန်သောသဘောထားကို ချစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် သက်ညှာမှုရှိပြီး သင့်အား အစဉ်သဖြင့် ကျေးဇူးတော်ပေးသည်။ သူသည် သင်၏ မကောင်းသော အစွမ်းအစ၊ သို့မဟုတ် မိုက်မဲမှုကို ထည့်မတွက်သကဲ့သို့ သင်၏ ပြစ်မှားမှုများကိုလည်း ထည့်မတွက်ပေ။ သမ္မာတရားအပေါ် သင်၏ သဘောထားသည် ရိုးသားစစ်မှန်ပြီး ထက်သန်သောကြောင့် သင်၏စိတ်နှလုံးသည် စစ်မှန်သဖြင့် သင်၏စိတ်နှလုံး၏ စစ်မှန်မှုနှင့် သင်၏ ဤသဘောထားတို့ကို ထောက်လျက် သူသည် သင့်အပေါ် အစဉ် သနားကရုဏာ ထားရှိလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ် အလုပ်လုပ်လိမ့်မည်။ ပြီးလျှင် သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက်ရှိပေမည်။ တစ်ဖက်တွင် သင်၏စိတ်နှလုံးခိုင်မာပြီး သင်သည် စိတ်အလိုလိုက်လွန်းပါက၊ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားပါဝင်သည့် အရာအားလုံးကို အလေးမထားဘဲ သင်၏စိတ်နှလုံးနက်ရှိုင်းရာမှ ရန်မူလိုပြီး အထင်အမြင်သေးပါက သင့်အပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ စက်ဆုပ်ရွံရှာခြင်း၊ ရွံရှာခြင်းနှင့် မစဲသော အမျက်တို့ဖြစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းရန် အရေးကြီးဆုံးဖြစ်သည်) ဘုရားသခင်က သမ္မာတရားအပေါ် လူတွေရဲ့ သဘောထားကို သူ အလေးအနက်ထားတယ်လို့ ပြောတယ်။ တချို့လူတွေက ပုံမှန်ဆိုရင် အဖိုးအခပေးနိုင်ပုံရပြီး သူတို့တာဝန်တွေမှာ တော်တော်လေး ထိရောက်ပုံရကြပေမဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သမ္မာတရားကို လက်မခံကြဘူး၊ သမ္မာတရားကို အရမ်း မနှစ်မြို့တာတွေတောင် ဖြစ်ကြတယ်။ ဒါကို ဘုရားသခင်က ရွံရှာတယ်။ ကျွန်မ အဖိုးအခတချို့ ပေးပြီး ကိုယ့်တာဝန်မှာ ရလဒ်တချို့ ရခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်လကို ပြန်တွေးကြည့်တော့၊ ကျွန်မက တကယ့်အလုပ်ကို လုပ်နေခဲ့ပြီးသားဖြစ်လို့ ကျွန်မရဲ့ ပြဿနာကို ခေါင်းဆောင်က မထောက်ပြသင့်ဘူးလို့ ကျွန်မ ခံစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သဘောပေါက်လိုက်တာက ဘုရားသခင်ဟာ လူတစ်ယောက် ဘယ်လောက် ဒုက္ခခံစားခဲ့ရတယ်၊ အလုပ်ဘယ်လောက် လုပ်ခဲ့တယ်၊ သူတို့ ဘယ်ရလဒ်တွေ ရခဲ့တယ်ဆိုတာတွေကိုပဲ ကြည့်တာ မဟုတ်ဘူး။ သမ္မာတရားအပေါ် သူတို့ ဘယ်လိုသဘောထားရှိသလဲ၊ သမ္မာတရားကို လက်ခံသလား ဆိုတာကိုလည်း ကြည့်တယ်ဆိုတာပါပဲ။ ပြုပြင်တာကို ရင်ဆိုင်ရတဲ့အခါ ကျွန်မက အဆက်အပြတ် အတိုက်အခံလုပ်ပြီး လက်မခံခဲ့ရင်၊ ပြီးတော့ ငြင်းခုံပြီး ဘုရားသခင်ကို ဆန့်ကျင်ပြုမူခဲ့ရင်၊ ဘုရားသခင်က ကျွန်မကို ရွံရှာမှာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ကျွန်မ ရရှိမှာ မဟုတ်ဘူး။ သမ္မာတရားကို အရမ်း မနှစ်မြို့တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်နေတာဟာ တကယ်ကိုပဲ သိပ်အန္တရာယ်များမှန်း ကျွန်မ မြင်လိုက်ရတယ်။ လတ်တလောမှာ ဧဝံဂေလိအလုပ် မထိရောက်တာက အမှန်ပဲလေ။ ဒါကြောင့် ခေါင်းဆောင်ရဲ့ အကြံပေးချက်ကို ကျွန်မ လက်ခံပြီး ဧဝံဂေလိအလုပ်မှာ ရှိနေတဲ့ ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းသင့်တာပေါ့။
ရှာဖွေနေတုန်းမှာပဲ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ သတိရသွားပြီး ရှာဖတ်ကြည့်လိုက်တယ်။ ဘုရားသခင်က ပြောသည် “၎င်းတို့သည် မည်သည့်စစ်မှန်သောအလုပ်တွင်မျှ မပါဝင်ကြ၊ ဆက်လက်စောင့်ကြည့်ခြင်း သို့မဟုတ် လမ်းညွှန်မှုပေးခြင်း မပြုကြ၊ ပြဿနာများကို ဖြေရှင်းရန် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် သုတေသနပြုခြင်းတို့ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသလော။ ဤနည်းလမ်းဖြင့် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်လော။ အထက်က ၎င်းတို့ကို အလုပ် မည်သို့ဖြစ်နေသည်ကို မေးသည့်အခါ ၎င်းတို့က ‘အသင်းတော်အလုပ်အားလုံး ပုံမှန်သာဖြစ်သည်။ အလုပ်တစ်ခုချင်းစီတွင် ကိုင်တွယ်ဖို့ ကြီးကြပ်ရေးမှူးတစ်ယောက်စီ ရှိပါသည်’ ဟု ပြောကြသည်။ အလုပ်တွင် ပြဿနာတစ်စုံတစ်ရာ ရှိမရှိကို ထပ်မံမေးမြန်းပါက ၎င်းတို့က ‘ကျွန်ုပ် မသိပါ။ ပြဿနာများ ရှိမည်မဟုတ်ပါ’ ဟု တုံ့ပြန်ကြသည်။ ဤသည်မှာ အလုပ်အပေါ်ထားရှိသော အယောင်ဆောင်ခေါင်းဆောင်များ၏ သဘောထားဖြစ်သည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် သင့်အား တာဝန်ပေးအပ်ထားသော အလုပ်အတွက် လုံးဝတာဝန်မဲ့မှုကို ပြသသည်၊ အရာအားလုံးကို အခြားသူများထံ လွှဲအပ်ထားပြီး သင့်ဘက်မှ ဆက်လက်စောင့်ကြည့်ခြင်း၊ မေးမြန်းခြင်း သို့မဟုတ် ပြဿနာဖြေရှင်းရာတွင် ကူညီခြင်းမရှိဘဲ သင်သည် လက်ပိုက်အမိန့်ပေးသူတစ်ဦးကဲ့သို့ ထိုင်နေရုံသာ ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို တမင်ပျက်ကွက်နေခြင်း မဟုတ်လော။ သင်သည် အရာရှိတစ်ဦးကဲ့သို့ ပြုမူနေခြင်း မဟုတ်လော။ သတ်သတ်မှတ်မှတ်ဖြစ်သော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ခြင်း၊ အလုပ်ကို ဆက်လက်မစောင့်ကြည့်ခြင်း၊ စစ်မှန်သော ပြဿနာများကို မဖြေရှင်းခြင်းဟူသည်မှာ ထိုသို့သော ခေါင်းဆောင်များသည် အလှဆင်ထားသော အရာများမျှသာ မဟုတ်လော။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များ မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦး၏ စံပြပုံစံဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၄)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့ လက်ရှိအခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ဧဝံဂေလိအလုပ်ဟာ ခေါင်းဆောင်တွေ နောက်ဆက်တွဲလုပ်ပေးတဲ့ အဓိကတာဝန်တွေထဲက တစ်ခုဖြစ်ပြီး ကျွန်မရဲ့ တာဝန်လည်း ဖြစ်တယ်။ ဒါပေမဲ့ အလုပ်ခွဲဝေပေးပြီးတဲ့နောက်မှာ ဧဝံဂေလိအလုပ်က အဖွဲ့ခေါင်းဆောင်တွေရဲ့ တာဝန်ပဲလို့ ကျွန်မ တွေးလာတယ်။ ကျွန်မကတော့ ဘာမှမလုပ်ဘဲ သူတို့ ရလဒ်တွေ ရတာကို စောင့်နေရုံပဲလို့ ထင်ပြီး အဖွဲ့ခေါင်းဆောင်တွေရဲ့ အခြေအနေကို နားလည်ဖို့၊ ဒါမှမဟုတ် သူတို့တာဝန်တွေ ထမ်းဆောင်ရင်း ဘာပြဿနာတွေ ပေါ်လာသလဲဆိုတာကို အာရုံမစိုက်ခဲ့ဘူး။ ဒါပေမဲ့ ခေါင်းဆောင်က အလုပ်တိုးတက်မှုကို မေးတဲ့အခါကျတော့ အဖွဲ့ခေါင်းဆောင်တွေက ကျွန်မဆီကို ပြန်အကြောင်းမကြားသေးဘူးလို့ ပြောခဲ့တယ်။ အလုပ်ကို ကြီးကြပ်တာ ကျွန်မဆိုတာ ရှင်းနေပေမဲ့ အလုပ်တိုးတက်မှုကို အသေးစိတ်စစ်ဆေးတာတွေ ဝင်မလုပ်ခဲ့တဲ့အပြင် လက်ရှောင်တဲ့နည်းကို သုံးခဲ့တယ်။ ဒါက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ရဲ့ အပြုအမူ မဟုတ်လား။ အဲဒီအချိန်ကျမှ ခေါင်းဆောင်ရဲ့ အကြံပေးချက်ကို ကျွန်မ စိတ်နှလုံးထဲကနေ လက်ခံနိုင်သွားတယ်။ ပြီးတော့ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေ့လိုက်ရတယ်။ “ကြီးကြပ်မှုဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ကြီးကြပ်မှုတွင် စစ်ဆေးခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့ ပါဝင်သည်။ ယင်းမှာ အလုပ်နှင့်ပတ်သက်၍ အသေးစိတ် တိတိကျကျ မေးမြန်းခြင်း၊ အလုပ်၏ တိုးတက်မှုနှင့် အလုပ်ရှိ အားနည်းချက်များကို သိရှိနားလည်ပြီး သဘောပေါက်ခြင်း၊ မိမိတို့၏ အလုပ်တွင် မည်သူက တာဝန်ယူပြီး မည်သူက တာဝန်ယူခြင်းမရှိသည်တို့ကိုလည်းကောင်း၊ အလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိသူနှင့် မရှိသူကိုလည်းကောင်း နားလည်ခြင်း အစရှိသည်တို့အား ဆိုလိုသည်။ ကြီးကြပ်မှုသည် တစ်ခါတစ်ရံ အခြေအနေနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်း၊ နားလည်ခြင်းနှင့် စုံစမ်းမေးမြန်းခြင်းတို့ လိုအပ်သည်။ တစ်ခါတစ်ရံ မျက်နှာချင်းဆိုင် မေးမြန်းခြင်း သို့မဟုတ် တိုက်ရိုက် စစ်ဆေးခြင်းတို့ကို လိုအပ်သည်။ တာဝန်ခံများနှင့် တိုက်ရိုက်မိတ်သဟာယဖွဲ့ကာ အလုပ်အကောင်အထည်ဖော်မှု၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပြဿနာများ စသည်တို့နှင့်ပတ်သက်၍ ပိုမိုမကြာခဏ မေးမြန်းခြင်းတို့ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ ကြီးကြပ်မှု ပြုလုပ်နေစဉ်တွင် သင်သည် မည်သည့်လူတို့က အပေါ်ယံအားဖြင့်သာ အားစိုက်ပြီး မိမိတို့အလုပ်အား လုပ်ဆောင်သည်ကိုလည်းကောင်း၊ မည်သည့်လူတို့က တိကျသော တာဝန်များအား မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိသည်ကိုလည်းကောင်း၊ မည်သည့်လူတို့က အကောင်အထည်ဖော်နည်းကို သိသော်လည်း တကယ့်အလုပ်ကို မလုပ်ဆောင်သည်ကိုလည်းကောင်း၊ အခြား ထိုသို့သော ပြဿနာများကိုလည်းကောင်း ရှာဖွေတွေ့ရှိနိုင်သည်။ ရှာဖွေတွေ့ရှိသည့် ဤပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ကြီးကြပ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အလုပ်အစီအစဉ်များကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ သင် စီစဉ်ထားသည့် အလုပ်က သင့်တော်ခြင်း ရှိမရှိ၊ သင် ထည့်မစဉ်းစားမိသည့် သို့မဟုတ် သင် မတွေးတောမိသည့် အချက်များ ရှိမရှိ၊ စည်းမျဉ်းများနှင့် မကိုက်ညီသည့် နေရာများ တစ်ခုတလေ ရှိမရှိ၊ လမ်းလွဲမှုများ သို့မဟုတ် အမှားများ ပြုလုပ်မိသည့် နေရာများ တစ်ခုတလေ ရှိမရှိ စသည်တို့ကို ကြည့်ရှုရန် ဖြစ်သည်။ ဤပြဿနာအားလုံးကို ကြီးကြပ်မှု ပြုလုပ်သည့် လုပ်ငန်းစဉ်အတွင်း ရှာဖွေတွေ့ရှိနိုင်သည်။ သို့သော် သင်သည် အိမ်တွင်နေပြီး ဤတိကျသော အလုပ်ကို မဆောင်ရွက်လျှင် ဤပြဿနာများကို သင် ရှာဖွေတွေ့ရှိနိုင်သလော။ (မတွေ့ရှိနိုင်ပါ။) ပြဿနာများစွာကို သိရှိပြီး သဘောပေါက်ရန်အတွက် အလုပ်လုပ်သည့်နေရာ၌ မေးမြန်းခြင်း၊ စောင့်ကြည့်လေ့လာကာ သိနားလည်ခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀)) အလုပ်ကို ကြီးကြပ်တာဟာ တခြားလူတွေဆီ အလုပ်ခွဲဝေပေးပြီးတဲ့နောက် သူတို့ရလဒ်တွေ ရတာကို စောင့်ရုံသက်သက်ပဲပါတာ မဟုတ်ဘဲနဲ့ အဲဒါထက် အလုပ်မှာ တကယ် ပါဝင်ပေးတာ၊ အလုပ်တိုးတက်မှုမှာ ဘယ်လို တကယ့်ပြဿနာတွေ ရှိနေတယ်ဆိုတာကို သိအောင်လုပ်တာတွေပါတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကျွန်မ သိခဲ့ရတယ်။ ခွဲဝေပေးထားတဲ့ အလုပ်က လူတွေနဲ့ မသင့်တော်တာလား၊ ညီအစ်ကို မောင်နှမတွေက မကောင်းတဲ့ အခြေအနေတွေမှာ ရှိနေလား၊ ဒါမှမဟုတ် လူတွေက သူတို့တာဝန်တွေ လုပ်တာနဲ့ပတ်သက်လို့ မကောင်းတဲ့ သဘောထားတွေ ရှိနေကြလား ဆိုတာမျိုးတွေပေါ့။ ခေါင်းဆောင်တွေက ဒီအရာတွေကို အသေးစိတ် နားလည်သဘောပေါက်ရမယ်၊ ပြီးတော့ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုရမယ်။ ဒါက တကယ့်အလုပ်ကို လုပ်ဆောင်ခြင်းမှာ ပါဝင်တဲ့အရာဖြစ်တယ်။ အဖွဲ့ခေါင်းဆောင်တွေကို အလုပ်ခွဲဝေပေးပြီး ရလဒ်ရဖို့လောက်ပဲ တောက်လျှောက် တွန်းတွန်းတိုက်တိုက် ပြောခဲ့တာကို ကျွန်မ ဆင်ခြင်သုံးသပ်မိတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့တာဝန်ကို ကျွန်မ နည်းနည်းမှ မထမ်းဆောင်ခဲ့ဘူး။ ကျွန်မက ရာထူးနေရာယူထားပြီး ဘာတကယ့်အလုပ်မှ မလုပ်တဲ့ အဆင်းနီသော နဂါးကြီးရဲ့ အရာရှိတွေနဲ့ ဘာမှမခြားနားဘူး။ အရာရှိတစ်ယောက်က ဘာအလုပ်ပဲလုပ်လုပ် ကြွေးကြော်သံတွေပဲ ရေရွတ်တယ်၊ အထက်လူကြီးကနေ လက်အောက်ငယ်သားတွေဆီ ညွှန်ကြားချက်တွေ လက်ဆင့်ကမ်းပြီး လူမြင်ကောင်းတဲ့ အလုပ်လုပ်ကြတယ်။ ကျွန်မအဖြစ်ကလည်း ကျွန်မက ကိုယ့်ရဲ့ ခေါင်းဆောင်ကို အစီရင်ခံနိုင်အောင်ပဲ အလုပ်ကို စစ်ဆေးခဲ့တာဖြစ်ပြီး ဧဝံဂေလိ အလုပ်မှာ ရှိနေတဲ့ တကယ့် ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ မဟုတ်ခဲ့ဘူး။ ဒီလိုအလုပ်သဘောထားမျိုးကို ဘုရားသခင် ရွံရှာတယ်။ ကျွန်မသာ ကိုယ့်သဘောထားကို မပြုပြင်ရင် အသင်းတော်အလုပ်ကို ထိခိုက်စေမှာဖြစ်ပြီး ဒီလိုနဲ့ ကိုယ့်တာဝန်မှာ မကောင်းမှုပြုသလို ဖြစ်သွားမှာ။ အဲဒီနောက်မှာ ကျွန်မက ဘုရားနှုတ်ကပတ်တော်အတိုင်း စတင်လုပ်ဆောင်ပြီး ကိုယ့်သွေဖည်မှုတွေကို ပြုပြင်ဖို့ အမြန် လုပ်ဆောင်ခဲ့တယ်။ တကယ့် သိနားလည်မှုကို ရရာကတစ်ဆင့်၊ အသင်းတော်တချို့မှာ ဧဝံဂေလိ အမှုဆောင်တွေ မလုံမလောက်ဖြစ်နေတာ၊ အဖွဲ့ခေါင်းဆောင်တချို့က အလုပ်ကို လုံလောက်အောင် မြန်မြန်ဆန်ဆန် တာဝန်ပေးတာတွေ မလုပ်ခဲ့လို့ တိုးတက်မှု နှေးသွားတာတွေအပြင်၊ စီစီပီရဲ့ ဖမ်းဆီးတာ၊ စောင့်ကြည့်တာတွေကြောင့် ညီအစ်ကို မောင်နှမတချို့က သူတို့တာဝန်ကို ပုံမှန် မထမ်းဆောင်နိုင်တာတွေ ကျွန်မ သိခဲ့ရတယ်။ ဒီအရာနဲ့ တခြားပြဿနာ အတော်များများကြောင့် ဧဝံဂေလိ အလုပ်က မထိရောက်ခဲ့တာပဲ။ အဲဒီအခါ ဒီပြဿနာတွေကို တစ်ခုပြီးတစ်ခု ကျွန်မ မိတ်သဟာယပြုပြီး ဖြေရှင်းခဲ့တယ်။ တာဝန်တွေကို သူများဆီလွှဲချဖို့ ဆင်ခြေရှာတာ၊ သူများတွေ ဘာလုပ်တယ်၊ မလုပ်ဘူး ဆိုတာတွေကို အာရုံစိုက်တာ ကျွန်မ ရပ်လိုက်တယ်။ အဲဒီအစား ကိုယ့်တာဝန်ကို စည်းမျဉ်းအတိုင်း ထမ်းဆောင်တာ၊ တကယ့်အလုပ် ပိုလုပ်တာတွေကို အာရုံစိုက်ဖို့ ရွေးချယ်လိုက်တယ်။ အချိန်တစ်ခုကြာ ပူးပေါင်းဆောင်ရွက်ပြီးနောက်မှာ ဧဝံဂေလိအလုပ်က စပြီး တိုးတက်လာတယ်။ ကျွန်မ အရမ်းပျော်သွားတယ်။ ကိုယ့်အခြေအနေကို ပြုပြင်ပြီး တကယ်အလုပ်လုပ်ပြီးနောက်မှာ ဘုရားသခင်ရဲ့ လမ်းပြမှုကို မျက်မြင်တွေ့ရမယ်လို့ တစ်ခါမှ စိတ်မကူးမိခဲ့ဘူး။
ဒီအတွေ့အကြုံကနေတစ်ဆင့် ပြုပြင်တာ၊ အကြံပေးတာနဲ့ ကူညီတာတွေက ဘုရားသခင်ဆီက လာတာဖြစ်ပြီး ကျွန်မတို့တာဝန်တွေမှာရှိတဲ့ သွေဖည်တာတွေကို ကူပြုပြင်ပေးပြီး စံနှုန်းပြည့်မီတဲ့နည်းလမ်းနဲ့ ကျွန်မတို့တာဝန်တွေကို ထမ်းဆောင်ခွင့်ပေးတဲ့ အပြုသဘောဆောင်တဲ့အရာတွေ ဖြစ်တယ်ဆိုတာကို ကျွန်မ သိခဲ့ရတယ်။ အဲဒါတွေက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သိမြင်ပြီး ဖြေရှင်းဖို့လည်း ကူညီပေးတယ်။ ဒီအရာအားလုံးနောက်မှာ ဘုရားရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ ဒီအတွေ့အကြုံရဲ့ ရလဒ်အနေနဲ့ ပြုပြင်တာ၊ အကြံပေးတာနဲ့ ကူညီတာတွေကို လက်ခံတဲ့ အကျိုးကျေးဇူးတွေကို ကိုယ်တွေ့ သိခဲ့ရတဲ့အပြင် အလုပ်ကို ဘယ်လို စစ်ဆေးပြီး ကြီးကြပ်ရမယ်ဆိုတာကိုလည်း သိလာခဲ့တယ်။ သူ့ရဲ့ လမ်းပြမှုအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၁၉ ဩဂုတ်လမှာ ကျွန်မ ဗီဒီယိုထုတ်လုပ်ရေးတာဝန်ကို ယူခဲ့ပြီး အလုပ်မှာ ကြီးကြပ်ရတယ်။ အဲဒီအချိန်မှာအဖွဲ့ထဲက ဘယ်သူမဆိုထက်...
ထရီ အာဂျင်တီးနားနိုင်ငံ ၂၀၂၁၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင်...
ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...
ရှိတမ်း အမေရိကန်နိုင်ငံ ၂၀၂၁ခုနှစ်၊ ဧပြီလမှာ ကျွန်မက ချန်ရွီနဲ့ တခြားအစ်မသုံးလေးယောက်နဲ့အတူ အိမ်တစ်အိမ်မှာနေတယ်။ အစပိုင်းမှာ ချန်ရွီက...