အယောင်ဆောင်ခေါင်းဆောင်ကို ကာကွယ်ပေးခြင်း၏ အကျိုးဆက်
လီရန် တရုတ်နိုင်ငံ ၂၀၂၀၊ အောက်တိုဘာလကုန်ခါနီးမှာပေါ့။ ကျွန်မက လက်တွေ့အလုပ်မလုပ်တဲ့အတွက် ခေါင်းဆောင်ရာထူးကနေ အထုတ်ခံရတယ်။ ကျွန်မရဲ့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းကပေါ့၊ ဗီဒီယိုလုပ်တဲ့နေရာမှာ ကျွန်မမှာ အားသာချက်နည်းနည်းရှိတာကြောင့် ခေါင်းဆောင်က လူတိုင်းကလုပ်ထားတဲ့ ဗီဒီယိုတွေကို ပြန်စစ်ဆေးဖို့ ကျွန်မကို စီစဉ်ပေးခဲ့တယ်။ ဒီတာဝန်ကို ထမ်းဆောင်နိုင်ရတာကို ကျွန်မ တော်တော်ပျော်တယ်။ ဒီအခွင့်အရေးကို ချစ်မြတ်နိုးပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ချင်ခဲ့တာပေါ့။ အစပိုင်းမှာတော့ ကျွန်မ စည်းမျဉ်းတွေကို တက်တက်ကြွကြွ လေ့လာခဲ့ပြီး ဗီဒီယိုတွေကို စစ်ဆေးတဲ့အခါမှာလည်း ပြဿနာတချို့ကို ဖော်ထုတ်နိုင်ခဲ့တယ်။ ဒါပေမဲ့ အချိန်နည်းနည်းကြာပြီးတဲ့နောက်မှ ကျွန်မနဲ့ တွဲဖက်လုပ်တဲ့ ညီအစ်မက အစွမ်းအစနဲ့ အသိအမြင်ကောင်းကောင်းရှိပြီး ဗီဒီယိုတစ်ခုထဲက ပြဿနာတွေကို မြန်မြန်ထောက်ပြနိုင်တာကို ကျွန်မ တွေ့ရတယ်။ ကျွန်မကတော ပြဿနာနည်းနည်းကိုရှာတွေ့ဖို့ အချိန်တော်တော်ကြာပြီး သူ့ထက် တော်တော်ပိုဆိုးတယ်။ ကျွန်မ အနေရခက်သလို ဖြစ်သွားတယ်။ နောက်ပိုင်းမှာ သက်ဆိုင်ရာ စည်းမျဉ်းတွေကို ကျွန်မ ပြန်စစ်ကြည့်ခဲ့ပေမဲ့ အချိန်နည်းနည်းကြာတဲ့အထိ တိုးတက်မှုက သိပ်မရှိခဲ့ဘူး။ ကျွန်မ အရမ်းကို စိတ်ဓာတ်ကျသွားပြီး ဒီလိုတွေးမိတယ်၊ “ငါ့မှာ ဒီတာဝန်ကိုထမ်းဆောင်ဖို့ အစွမ်းအစ တကယ်မရှိဘူးထင်တယ်။ ဘုရားသခင်က ဘာလို့ ငါ့ကို အစွမ်းအစကောင်းကောင်း မပေးရတာလဲ။ အစွမ်းအစကောင်းကောင်းမရှိဘဲနဲ့ ဒီတာဝန်ကို ဘယ်လိုများ ကောင်းကောင်းထမ်းဆောင်နိုင်မှာလဲ။ ငါသာ ဖြုတ်ချခံရတာ၊ ဒါမှမဟုတ် တာဝန်ပြောင်းခိုင်းတာ ခံရရင် တကယ်ကို မျက်နှာပူစရာကြီး ဖြစ်မှာပဲ မဟုတ်လား” လို့ပေါ့။ ဘုရားသခင်ကို တောင်းဆိုတာ၊ ဒါမှမဟုတ် မကျေမနပ်ပြောတာမျိုး မလုပ်သင့်မှန်း ကျွန်မသိပေမဲ့ စိတ်ဓာတ်တွေက အရမ်းကျနေတုန်းပဲ၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့လည်း စိတ်အားထက်သန်မှုမရှိတော့ဘူး၊ တိုးတက်အောင်လုပ်ဖို့လည်း ဆန္ဒမပြင်းပျတော့ဘူး။ အထူးသဖြင့် ရှုပ်ထွေးတဲ့ ဗီဒီယိုတချို့ကို ကိုင်တွယ်ရတဲ့အခါ ပြဿနာတွေကို တိတိကျကျ ရှာမတွေ့နိုင်မှာစိုးလို့ တခြားသူတွေကို စစ်ဆေးဖို့ ပေးလိုက်တယ်။ တစ်ခါတလေ ကျွန်မစစ်ပြီးသား ဗီဒီယိုတွေကို ကျွန်မနဲ့တွဲဖက်လုပ်တဲ့ညီအစ်မက ပြန်စစ်တဲ့အခါ ပြဿနာတချို့ကို ထပ်တွေ့သေးတယ်၊ ပြီးတော့ ကျွန်မနဲ့ မိတ်သဟာယဖွဲ့ရသေးတာပေါ့။ ဒါကြောင့် ကျွန်မမှာ အစွမ်းအစမရှိဘူး၊ အလုပ်တိုးတက်မှုကို နောက်ပြန်ဆွဲနေတယ်၊ အနှေးနဲ့အမြန်ဆိုသလို ဖြုတ်ချခံရတာ၊ ဒါမှမဟုတ် တာဝန်ပြောင်းတာ ခံရတော့မှာပဲလို့ ပိုပြီးတော့တောင် ခံစားလာရတယ်။ ဆင်ခြင်တုံတရားရှိတယ်လို့ ထင်ရအောင် ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်လိုက်တာက ပိုကောင်းမယ်လို့ ခံစားခဲ့ရတယ်။ ဒီလိုအတွေးတွေဝင်လာတဲ့အခါ စိတ်ထဲမှာ အရမ်းကို ရှုပ်ထွေးနေခဲ့တယ်၊ ဒီလိုတွေးတာဟာ ကိုယ့်တာဝန်ကို ရှောင်လွှဲနေမှန်းလည်း ကျွန်မသိတယ်၊ ဒါပေမဲ့ သင့်တော်အောင် ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာကို ကျွန်မ မသိခဲ့ဘူး။ ဒါနဲ့ ဘုရားသခင်ရှေ့မှောက်ကို ဆုတောင်းဖို့ ရောက်လာခဲ့တယ်၊ “ဘုရားသခင်၊ သမီးရဲ့ အစွမ်းအစက ညံ့ဖျင်းပြီး ဒီတာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ဘူး၊ ရှောင်လွှဲချင်တယ်လို့ သမီးခံစားရပါတယ်။ ဒါဟာ ကိုယ်တော်ရဲ့အလိုတော်တွေနဲ့ မကိုက်ညီမှန်းလည်း သမီးသိပါတယ်။ သမီးရဲ့ ပြဿနာတွေကို သိမြင်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုတွေ့အောင်လို့ ကိုယ်တော် ဉာဏ်အလင်းပေး လမ်းပြတော်မူပါလို့ သမီးတောင်းလျှောက်ပါတယ်” လို့ပေါ့။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “လူအချို့က မိမိတို့၏ အစွမ်းအစများ အလွန်နိမ့်ကျကာ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သည်ဟု ခံစားရသောကြောင့် မိမိတို့ကိုယ်ကိုယ် ဘောင်ခတ်ပြီး သမ္မာတရားကို ၎င်းတို့ မည်မျှ လိုက်စားသည်ဖြစ်စေ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်မဟုတ်ဟု ခံစားကြသည်။ ၎င်းတို့ မည်မျှ ကြိုးစားသည်ဖြစ်စေ အသုံးမဝင်သကဲ့သို့ ထိုမျှသာရှိသောကြောင့် ၎င်းတို့သည် အမြဲ အပျက်သဘောဆောင်ကာ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို နှစ်ချီ၍ ယုံကြည်ပြီးသည့်နောက်တွင်ပင် မည်သည့် သမ္မာတရားမျှ မရရှိသေးချေ။ သမ္မာတရားကိုလိုက်စားဖို့ အလုပ်ကြိုးစားခြင်းမရှိဘဲ သင်၏ အစွမ်းအစ အလွန်ညံ့ဖျင်းသည်ဟု သင်ပြောပါက မိမိကိုယ်ကိုယ် အရှုံးပေးပြီး အပျက်သဘောဆောင်သည့် အခြေအနေတွင် အမြဲ အသက်ရှင်သည်။ အကျိုးဆက်အနေဖြင့် သင် နားလည်သင့်သည့် သမ္မာတရားကို နားမလည်ပါက သို့မဟုတ် သင် တတ်စွမ်းနိုင်သမျှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက သင်သည် မိမိကိုယ်ကိုယ် ဟန့်တားနေသည့်သူ မဟုတ်ပါလော။ သင်၏ အစွမ်းအစက လုံလောက်အောင် မကောင်းဟု သင် အမြဲပြောပါက ဤသည်မှာ တာဝန်ကို ရှောင်လွှဲကာ အချောင်ခိုခြင်း ဖြစ်သည် မဟုတ်လော။ သင်သည် ဆင်းရဲဒုက္ခခံနိုင်ပါက အဖိုးအခပေးနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပါက သမ္မာတရားအချို့ကို မလွဲမသွေ သင် နားလည်နိုင်လိမ့်မည်ဖြစ်ပြီး စစ်မှန်မှုအချို့ထဲသို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို မကြည့်၊ မမှီခိုသကဲ့သို့ မည်သည့် အားထုတ်မှုမျှမပြုဘဲ သို့မဟုတ် အဖိုးအခမပေးဘဲ ကိုယ့်ဘဝကို လက်လျှော့ပြီး တကယ်ကို အရှုံးပေးပါက သင်သည် အသုံးမကျသူတစ်ဦး ဖြစ်သကဲ့သို့ အသိတရားနှင့် အသိစိတ် တစ်စက်မျှ မရှိပေ။ သင်၏ အစွမ်းအစ ညံ့ဖျင်းသည်ဖြစ်စေ၊ ပြောင်မြောက်သည်ဖြစ်စေ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိပါက သင်သည် သင် လုပ်သင့်သည့်အရာနှင့် သင်၏လုပ်ငန်းတာဝန်တို့ကို သင့်တင့်လျောက်ပတ်စွာ အဆုံးသတ်သင့်သည်။ စွန့်ခွာပြေးသူတစ်ဦးဖြစ်ခြင်းသည် ဆိုးရွားသောအရာဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ခြင်း ဖြစ်သည်။ ဤအရာသည် ကယ်တင်၍ မရနိုင်ပေ။ သမ္မာတရားကို လိုက်စားခြင်းသည် ခိုင်မာသော ဆန္ဒတစ်ခု လိုအပ်ပြီး အလွန် အပျက်သဘောဆောင်သည့် လူများ သို့မဟုတ် အားနည်းသော လူများသည် မည်သည့်အရာမျှ ဖြစ်မြောက်ခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဘုရားသခင်ကို အဆုံးတိုင်အောင် ယုံကြည်နိုင်ခြင်း ရှိမည် မဟုတ်ချေ။ ထို့ပြင် သမ္မာတရားကို ရရှိဖို့ ၎င်းတို့ဆန္ဒရှိပြီး စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ၎င်းတို့ စွမ်းဆောင်ရရှိလိုပါက ၎င်းတို့၌ မျှော်လင့်ချက် သာ၍ နည်းပေသေးသည်။ သန္နိဋ္ဌာန် ချမှတ်ထားပြီး သမ္မာတရားကို လိုက်စားသည့် သူများသာလျှင် ယင်းကို ရရှိနိုင်ပြီး ဘုရားသခင်အားဖြင့် စုံလင်စေခြင်းခံရနိုင်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အပြစ်ရှိသလို၊ စိတ်ဆင်းရဲသလို ခံစားစေခဲ့တယ်။ ကျွန်မရဲ့ အစွမ်းအစညံ့ဖျင်းမှုကြောင့် ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မှာမဟုတ်ဘူး၊ ပြီးတော့ အစွမ်းအစကောင်းတဲ့ ညီအစ်မတွေနဲ့ ယှဉ်လိုက်ရင် ကိုယ်က အမြဲတမ်း အညံ့ဆုံးဖြစ်နေမှာပဲလို့ ကျွန်မ ဆုံးဖြတ်ထားခဲ့တယ်။ ဒါကြောင့် ကျွန်မက အပျက်သဘောဆောင်တဲ့ အခြေအနေတစ်ခုမှာ အသက်ရှင်နေခဲ့ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှုလည်းမရှိ၊ တိုးတက်ချင်စိတ်လည်းမရှိဘဲ နုတ်ထွက်ဖို့အထိတောင် စဉ်းစားခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဖြုတ်ချမခံရတော့ဘူး၊ မျက်နှာလည်း မပျက်တော့ဘူးလို့ ကျွန်မထင်ခဲ့တာပေါ့။ ကျွန်မ သိပ်ပြီး အားမထုတ်ရသေးဘဲ တိုးတက်မှုသိပ်မမြင်တာနဲ့ ရှေ့ဆက်မလုပ်ချင်တော့တဲ့အကြောင်း ကျွန်မ စဉ်းစားမိတယ်။ ကျွန်မက တကယ့်ကို အသုံးမကျတဲ့သူပဲ။ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့လူဆိုရင် ကိုယ့်အစွမ်းအစက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ခံစားရရင်တောင်မှ တာဝန်လက်ခံပြီးတဲ့နောက်မှာ အပျက်သဘောဆောင်မှာမဟုတ်ဘူး။ အဲဒီအစား သူက ဆုတောင်းမယ်၊ ဘုရားသခင်ကို အားကိုးမယ်၊ ပြီးတော့ အစွမ်းကုန် ကြိုးစားမှာဖြစ်ပြီး ကိုယ့်တာဝန်ကို ဒီလောက်လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်တော့ ကျွန်မရဲ့ အစွမ်းအစက ကျွန်မနဲ့အတူလုပ်တဲ့ညီအစ်မထက် ညံ့နေတဲ့အခါ၊ ကိုယ့်တာဝန်ထဲက ပြဿနာတချို့ကို ထောက်ပြခံရတဲ့အခါ ကျွန်မက အပျက်သဘောဆောင်ပြီး ခိုကပ်ခဲ့တယ်၊ ရှုပ်ထွေးတဲ့ ဗီဒီယိုတွေကို တခြားသူတွေကို စစ်ဆေးဖို့ ပုံချခဲ့တယ်၊ ပြီးတော့ တခြားသူတွေ ထောက်ပြတဲ့ ပြဿနာတွေကိုလည်း မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ခဲ့ဘူး၊ ကိုယ့်မှာ အစွမ်းအစညံ့ဖျင်းတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဘောင်ခတ်ခဲ့တယ်၊ ကိုယ့်တာဝန်မှာ အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်လာခဲ့တယ်၊ ကိုယ့်ရဲ့မူလလုပ်နိုင်တဲ့အပိုင်းကိုတောင် မလုပ်နိုင်တော့ဘူး။ ဒီအခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုရှာဖွေမလဲဆိုတာကို ကျွန်မ မစဉ်းစားဘဲ ကိုယ့်အစွမ်းအစညံ့ဖျင်းတာကို အကြောင်းပြချက်အနေနဲ့သုံးပြီး ကိုယ့်တာဝန်ကို ခေါင်းရှောင်ခဲ့တယ်၊ ဒီလိုလုပ်ပြီး ကိုယ့်သိက္ခာကို ကယ်တင်ခဲ့တာပေါ့။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။ ဘုရားသခင် ထောက်ပံ့ပေးသမျှကို ကျွန်မ ခံစားခဲ့ရပေမဲ့ ကိုယ့်တာဝန်ကိုတော့ မထမ်းဆောင်နိုင်ခဲ့ဘူး။ ကျွန်မမှာ တကယ်ကို အသိစိတ်နဲ့ ဆင်ခြင်တုံတရား ကင်းမဲ့နေခဲ့တာ။ ဘုရားနှုတ်ကပတ်တော်ထဲက အပိုဒ်တစ်ပိုဒ်ကို ကျွန်မ သတိရလိုက်တယ်။ “သင်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို ပေါ့ပေါ့တန်တန် သဘောထားပါက ဤသည်မှာ ဘုရားသခင်ကို အဆိုးရွားဆုံး သစ္စာဖောက်ခြင်းပင် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် ယုဒထက် ပို၍ ကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး ကျိန်ခြင်းခံရထိုက်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း) တာဝန်ဆိုတာ ဘုရားသခင်ဆီက တာဝန်ပေးစေခိုင်းချက်တစ်ခုပဲလေ။ ဘုရားသခင်က ကျွန်မကို တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးပေးတာဟာ ကျွန်မကို ပိုပြီးလေ့ကျင့်ခွင့်ရအောင်နဲ့ သမ္မာတရားရဲ့ ကဏ္ဍအမျိုးမျိုးမှာ တိုးတက်လာအောင်လို့ပဲ။ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲ၊ ဒါပေမဲ့ ကျွန်မက ဒီကောင်းတဲ့အရာကို တန်ဖိုးမထားတတ်ခဲ့ဘဲ ကိုယ့်အစွမ်းအစညံ့ဖျင်းမှုကြောင့် ကိုယ့်တာဝန်ကို စွန့်လွှတ်ချင်ခဲ့တယ်။ ဒီလိုအပြုအမူမျိုးက ဘုရားသခင်ကို သစ္စာဖောက်တာပဲ။ ဒါကို သဘောပေါက်သွားတော့ ကျွန်မ စိတ်ဆင်းရဲပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်၊ ကိုယ့်တာဝန်ကို ဒီလိုမျိုး ဆက်ပြီး မဆက်ဆံချင်တော့ဘူး။ ကျွန်မ အစွမ်းကုန် ကြိုးစားချင်ပြီး တာဝန်ကနေ ထွက်ပြေးတဲ့သူ မဖြစ်ချင်တော့ဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဘုရားသခင်သည် သင်၏ ကောင်းမွန်သော အစွမ်းအစကြောင့် သင့်ကို အထင်ကြီးလေးစားလိမ့်မည် မဟုတ်သကဲ့သို့ သင်၏ ညံ့ဖျင်းသော အစွမ်းအစအတွက် သင့်ကို စက်ဆုပ်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင် စက်ဆုပ်သောအရာမှာ အဘယ်နည်း။ ဘုရားသခင် စက်ဆုပ်သောအရာမှာ လူတို့က သမ္မာတရားကို မချစ်ခြင်း သို့မဟုတ် လက်မခံခြင်း၊ သမ္မာတရားကို လူတို့ နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ခြင်း၊ လူတို့က ၎င်းတို့ လုပ်နိုင်စွမ်းရှိသည့်အရာကို မလုပ်ဆောင်ခြင်း၊ လူတို့သည် ၎င်းတို့၏ တာဝန်များတွင် အစွမ်းကုန် မပေးဆပ်နိုင်သည့်တိုင် လွန်ကဲသော လိုအင်ဆန္ဒများ အစဉ်သဖြင့် ရှိကြခြင်း၊ အဆင့်အတန်းကို အစဉ်သဖြင့် လိုချင်ကြခြင်း၊ ရာထူးအတွက် ယှဉ်ပြိုင်ခြင်းနှင့် အစဉ်သဖြင့် သူ့ထံမှ တောင်းဆိုချက်များ ပြုလုပ်ခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စက်ဆုပ်ဖွယ်ရာနှင့် မုန်းစရာကောင်းသောအရာအဖြစ် မြင်သည့်အရာ ဖြစ်သည်။ သင်သည် အစကတည်းက အစွမ်းအစ ညံ့ဖျင်းသည် သို့မဟုတ် အစွမ်းအစ လုံးဝ မရှိဘဲ မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်သည့်တိုင် ခေါင်းဆောင်တစ်ဦး ဖြစ်လိုနေဆဲဖြစ်သည်၊ သင်သည် ရာထူးနှင့် အာဏာအတွက် အစဉ်သဖြင့် လုယူပြီး နောင်အနာဂတ်တွင် သင်သည် နိုင်ငံတော်သို့ ဝင်ရောက်နိုင်ကြောင်း၊ ကောင်းချီးများ ရရှိပြီး ကောင်းမွန်သော ပန်းတိုင်တစ်ခု ရှိကြောင်း သင့်ကို ပြောပြသည့် တိကျပြတ်သားသော အဖြေတစ်ခုကို ဘုရားသခင်က သင့်အား ပေးရန် အစဉ်သဖြင့် အလိုရှိသည်။ ဘုရားသခင်က သင့်ကို ရွေးချယ်ခြင်းသည်ပင် ကြီးမားသော မြှောက်စားခြင်းတစ်ခု ဖြစ်သော်လည်း သင်သည် ရလေလိုလေ အိုတစ္ဆေ ဖြစ်သည်။ ဘုရားသခင်သည် သင့်အား သင် ရသင့်ရထိုက်သည့်အရာကို ပေးထားပြီးဖြစ်ကာ သင်သည် ဘုရားသခင်ထံမှ များစွာ ရရှိပြီးဖြစ်သည့်တိုင် သင်သည် မလျော်ကန်သော တောင်းဆိုမှုများကို ပြုလုပ်နေဆဲ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွံရှာသော အရာဖြစ်သည်။ သင်၏ အစွမ်းအစမှာ အလွန် ညံ့ဖျင်းသည်၊ သို့မဟုတ် သင်သည် လူ့ဉာဏ်ရည်ကိုပင် မမီသော်လည်း ဘုရားသခင်သည် သင့်ကို တိရစ္ဆာန်တစ်ကောင်ကဲ့သို့ မဆက်ဆံဘဲ လူသားတစ်ဦးအဖြစ် ဆက်ဆံနေဆဲ ဖြစ်သည်။ ထို့ကြောင့် သင်သည် လူတစ်ဦး လုပ်သင့်လုပ်ထိုက်သည့်အရာကို လုပ်သင့်သည်၊ လူတစ်ဦး ပြောသင့်သည့်အရာကို ပြောသင့်ပြီး ဘုရားသခင် သင့်ကို ပေးသမျှ အရာအားလုံးကို သူ့ထံမှ လာသည်ဟု လက်ခံသင့်သည်။ သင် လုပ်နိုင်သည့် မည်သည့်တာဝန်ကိုမဆို လုပ်ဆောင်လော့။ ဘုရားသခင်ကို စိတ်ပျက်စေခြင်း မရှိနှင့်။ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံသောကြောင့် ‘ဘုရားသခင်သည် ကျွန်ုပ်ကို လူတစ်ဦးကဲ့သို့ ဆက်ဆသည့်အတွက် သူသည် ကျွန်ုပ်ကို ပိုကောင်းသော အစွမ်းအစ ပေးသင့်သည်၊ ကျွန်ုပ်ကို အဖွဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး သို့မဟုတ် ခေါင်းဆောင်တစ်ဦး ဖြစ်ခွင့်ပေးသင့်သည်။ ကျွန်ုပ်သည် မည်သည့် ပင်ပန်းသော အလုပ်ကိုမျှ လုပ်စရာ မလိုအောင်၊ ဘုရားအိမ်တော်က ကျွန်ုပ်ကို အလကား ထောက်ပံ့ပေးအောင်၊ ကျွန်ုပ်သည် အားထုတ်ရန် သို့မဟုတ် ပင်ပန်းနွမ်းနယ်မှုကို ခံစားရန် မလိုဘဲ ကျွန်ုပ် လုပ်ချင်သည့်အရာကို လုပ်ခွင့်ပေးအောင် သူ ဖန်တီးပေးလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်’ ဟု ပြောဆိုလျက် ရလေလိုလေ အိုတစ္ဆေ မဖြစ်နှင့်။ ဤအရာအားလုံးသည် မလျော်ကန်သော တောင်းဆိုမှုများ ဖြစ်သည်။ ဤအရာများသည် ဖန်ဆင်းခံတစ်ဦး၌ ရှိသင့်သော သရုပ်သကန်များ သို့မဟုတ် တင်ပြသင့်သော တောင်းဆိုမှုများ မဟုတ်ပေ။ ဘုရားသခင်သည် သင့်ကို သင်၏ ညံ့ဖျင်းသော အစွမ်းအစနှင့်အညီ မဆက်ဆံဘဲ သင့်ကို ရွေးချယ်ခဲ့ပြီး သင့်တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေး ပေးခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ သင်သည် ရလေလိုလေ အိုတစ္ဆေ မဖြစ်သင့်သကဲ့သို့ ဘုရားသခင်ထံ မလျော်ကန်သော တောင်းဆိုမှုများ မပြုလုပ်သင့်ပေ။ ထိုအစား သင်သည် ဘုရားသခင်ကို ကျေးဇူးတင်သင့်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်။ ဤသည်မှာ သင့်အပေါ် ဘုရားသခင်၏ တောင်းဆိုချက် ဖြစ်သည်။ သင်၏ အစွမ်းအစမှာ ညံ့ဖျင်းသော်လည်း ဘုရားသခင်သည် အစွမ်းအစကောင်း ရှိသူများအတွက် စံနှုန်းများနှင့်အညီ သင့်အပေါ် တောင်းဆိုချက်များ မပြုလုပ်ထားပေ။ သင်၌ အစွမ်းအစနှင့် ဉာဏ်ရည် ကင်းမဲ့သော်လည်း အစွမ်းအစကောင်းရှိသူများ မီနိုင်သော စံနှုန်းများကို သင် ဖြစ်မြောက်အောင်မြင်ရန် ဘုရားသခင် မသတ်မှတ်ထားပေ။ သင် လုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာကိုမဆို ထိုအရာကိုသာ လုပ်ဆောင်လော့။ ဘုရားသခင်သည် ငါးကို ကုန်းပေါ်တွင် နေထိုင်ရန် အတင်းအကျပ် မစေခိုင်းပေ။ သင်ကိုယ်တိုင်ကသာ လွန်ကဲသော အလိုဆန္ဒများ အစဉ်သဖြင့် ရှိနေပြီး သာမန်လူတစ်ဦး၊ အစွမ်းအစ ညံ့ဖျင်းသော ပျမ်းမျှလူတစ်ဦး ဖြစ်ရန် အစဉ်သဖြင့် မလိုလားခြင်းသာ ဖြစ်သည်၊ သင့်ကို မထင်ပေါ်စေသော ဤပင်ပန်းသည့် အလုပ်များကို သင် မလုပ်ချင်ဘဲ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် ပင်ပန်းဆင်းရဲမှုကို အစဉ်သဖြင့် မနှစ်သက်ဘဲ ခြေကုန်လက်ပန်းကျခြင်းကို ရှောင်ဖယ်ကာ မည်သည့်အရာကို လုပ်ရမည်ကို ဇီဇာကြောင်ပြီး ရွေးချယ်နေခြင်းသာ ဖြစ်သည်၊ သင်သည် အမြဲတစေ တစ်ဇွတ်ထိုးဆန်ပြီး သင့်ကိုယ်ပိုင် အစီအစဉ်များနှင့် ဦးစားပေးမှုများ အစဉ်သဖြင့် ရှိနေခြင်းသာ ဖြစ်သည်၊ ဘုရားသခင်က သင့်ကို မတရားသဖြင့် ပြုမူခဲ့ခြင်း မဟုတ်ပေ။ သို့ဖြစ်၍ လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အစွမ်းအစကို မည်သို့ မှန်ကန်စွာ ချဉ်းကပ်သင့်သနည်း။ တစ်ချက်အနေဖြင့် ဘုရားသခင်က သင့်ကို မည်သည့် အစွမ်းအစမျိုး ပေးသည်ဖြစ်စေ သင်သည် ယင်းကို ဘုရားသခင်ထံမှ ခံယူသင့်ပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုကို နာခံသင့်သည်။ ဤသည်မှာ လူတို့ ပိုင်ဆိုင်သင့်သည့် အခြေခံအကျဆုံး အတွေးအခေါ်နှင့် အမြင်ရှုထောင့် ဖြစ်သည်။ ဤအမြင်ရှုထောင့်သည် မှန်ကန်ပြီး မည်သည့် အခြေအနေတွင်မဆို ခိုင်မာလေသည်။ ယင်းသည် အမှုအရာများ မည်သို့ပင် ပြောင်းလဲပါစေ မပြောင်းလဲဘဲ တည်ရှိနေသော သမ္မာတရား စည်းမျဉ်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ ရှက်ပြီး အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ဘုရားသခင်က လူတွေအပေါ်မှာ မနိုင်ဝန်ကို မတင်ဘူး၊ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေက လူတွေ လက်လှမ်းမီနိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ အမြဲရှိတယ်။ ဘုရားသခင်က သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျွန်မတို့ ကျိုးနွံနာခံပြီး ကိုယ့်တာဝန်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို နားမလည်ခဲ့ဘဲ ကိုယ်တော်ရဲ့ အချုပ်အခြာအာဏာနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံဖို့ ဆန္ဒမရှိခဲ့ဘူး။ ကိုယ့်အစွမ်းအစက တခြားသူတွေလောက် မကောင်းတာကို မြင်တော့ ကျွန်မ အပျက်သဘောဆောင်ပြီး ခိုကပ်ခဲ့တယ်၊ ဘုရားသခင်က ကိုယ့်ကို အစွမ်းအစကောင်းကောင်း မပေးဘူးဆိုပြီး မကျေမနပ်ပြောခဲ့တယ်။ နောက်ပိုင်းမှာ ကိုယ့်ရဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို တိုးတက်အောင် ကြိုးစားချင်ခဲ့ပေမဲ့ မလုပ်နိုင်တဲ့အခါမှာတော့ အပျက်သဘောဆောင်တယ်၊ စိတ်ထဲမှာ အထင်လွဲနေပြီး ကိုယ့်တာဝန်ကို ရှောင်လွှဲခဲ့တယ်။ ဒါဟာ တကယ်ကို ပုန်ကန်ခြင်းပဲ။ ကျွန်မရဲ့ အစွမ်းအစက နည်းနည်းညံ့နေပြီး တခြားညီအစ်ကိုမောင်နှမတွေလောက် ထိရောက်မှုမရှိပေမဲ့ အသင်းတော်က ကျွန်မကို လေ့ကျင့်ဖို့ အခွင့်အရေးတွေ ပေးနေတုန်းပဲ၊ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မကို အထင်မသေးဘဲ အားပေးကူညီခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မက ဒါကို ကောင်းတဲ့အရာတစ်ခုအဖြစ် လုံးဝကို မသိမြင်နိုင်ခဲ့ဘဲ ကိုယ့်ရဲ့မာနကြောင့် ကိုယ့်တာဝန်ကိုတောင် စွန့်လွှတ်ချင်ခဲ့တယ်။ ဒါဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လိုက်တာ။ တကယ်တော့ ဘုရားသခင်က လူတစ်ယောက်ရဲ့ စိတ်နှလုံးကို တန်ဖိုးထားတာပါ၊ သူ့ရဲ့ အစွမ်းအစက နည်းနည်းညံ့နေရင်တောင်မှ သူ့ရဲ့စိတ်နှလုံးက ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေကို ပြည့်မီအောင် ကြိုးစားနေသရွေ့ ဘုရားသခင်က သူ့ကို ဉာဏ်အလင်းပေး လမ်းပြမှာဖြစ်ပြီး သူ့ရဲ့တာဝန်တွေမှာလည်း ရလဒ်တချို့ကို ရရှိနိုင်ပါသေးတယ်။ ကျွန်မ ဗီဒီယိုတွေကို စပြီးစစ်ဆေးတဲ့အချိန်တုန်းကလိုပေါ့၊ ဆုတောင်းပြီး ဘုရားသခင်ကို အားကိုးရင်း အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခဲ့လို့ အလုပ်တချို့ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မက ကိုယ့်မာနကို အရမ်းအလေးထားခဲ့လို့ ကျွန်မစိတ်နှလုံးက တာဝန်အပေါ်မှာ အာရုံမစိုက်တော့ဘူး၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကိုလည်း မရနိုင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်မလုပ်သမျှက ခက်ခဲပြီး အားကုန်စေခဲ့တယ်။ ဒါနဲ့ ကျွန်မ ဘုရားသခင်ဆီမှာ နောင်တရခဲ့တယ်၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ကိုယ်တတ်နိုင်သလောက်ကို အကောင်းဆုံးလုပ်ဆောင်ဖို့၊ ကိုယ့်တာဝန်ကို ခေါင်းရှောင်ဖို့ မစဉ်းစားတော့ဖို့ ဆန္ဒရှိခဲ့တယ်။
နောက်ပိုင်းမှာ ကျွန်မ ဒီလိုလည်း တွေးမိတယ်၊ “ငါ့ရဲ့အစွမ်းအစက တွဲဖက်လုပ်တဲ့ညီအစ်မထက် ညံ့တာကို မြင်လိုက်ရတော့ ဘာလို့များ အပျက်သဘောဆောင်ပြီး နောက်ဆုတ်သွားရတာလဲ။ ဒီပြဿနာရဲ့ အရင်းအမြစ်က ဘာလဲ” လို့ပေါ့။ ကျွန်မ ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့ရတယ်။ “သမ္မာတရားကို ရှာဖွေရမည့်အစား လူအများစုတွင် ၎င်းတို့၏ ကိုယ်ပိုင်သေးနုပ်သော လုပ်ငန်းစဉ်များရှိသည်။ ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများ၊ ဂုဏ်သိက္ခာ၊ အခြားသူများ၏ စိတ်ထဲတွင် ၎င်းတို့ရှိနေသည့် နေရာ သို့မဟုတ် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အလွန်အရေးကြီးသည်။ ၎င်းတို့ မြတ်နိုးသည်မှာ ဤအရာများသာ ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို လုံးဝ လက်မလွတ်စတမ်း ဖက်တွယ်ထားကြပြီး ၎င်းတို့၏ အသက်စင်စစ်တမျှ မှတ်ယူကြသည်။ ၎င်းတို့ကို ဘုရားသခင်က မည်သို့မြင်သည်၊ သို့မဟုတ် သဘောထားသည်မှာ သာမည အရေးကြီးသောအရာ ဖြစ်သည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် ယင်းကို လျစ်လျူရှုကြသည်။ အချိန်တစ်ခဏတွင် ၎င်းတို့သည် အဖွဲ့၏ အကြီးအကဲဖြစ်ခြင်းရှိမရှိ၊ အခြားလူတို့သည် ၎င်းတို့ကို အထင်ကြီးလေးစားပြီး ၎င်းတို့၏ စကားများသည် ဩဇာလွှမ်းမိုးနိုင်ခြင်း ရှိမရှိတို့ကိုသာ ထည့်တွက်စဉ်းစားသည်။ ၎င်းတို့ ဦးစွာအလေးထားသည့်ကိစ္စမှာ ထိုရာထူးကို နေရာယူရန်ဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တစ်ခုတွင် ရှိသောအခါ လူအားလုံးနီးပါးက ဤအဆင့်အတန်းမျိုး၊ ဤအခွင့်အလမ်းမျိုးကို ရှာဖွေကြသည်။ ၎င်းတို့က အလွန်ပါရမီရှိပါက၊ အကြီးဆုံးသောသူဖြစ်ချင်ကြသည်မှာ အမှန်ဖြစ်၏။ ၎င်းတို့သည် အလယ်အလတ် အရည်အချင်းရှိလျှင် အဖွဲ့ထဲက ပိုမြင့်သော နေရာတွင် ရှိချင်ကြဆဲဖြစ်သည်။ ၎င်းတို့သည် အဖွဲ့တွင် နိမ့်သည့်နေရာ၌ရှိပြီး ပုံမှန်အစွမ်းအစနှင့် အရည်အချင်းရှိလျှင် ၎င်းတို့သည်သူတစ်ပါးက ၎င်းတို့အား အထင်ကြီး လေးစားသည်ကိုလည်း လိုချင်ကြလိမ့်မည်၊ မိမိတို့ကို အခြားသူများ အထင်သေးစေချင်ကြမည် မဟုတ်ပေ။ ဤလူတို့၏ ဂုဏ်သိက္ခာသည် ၎င်းတို့ သတ်မှတ်ထားသည့် စံနှုန်းဖြစ်သည်။ ဤအရာတို့ကို ၎င်းတို့က ကိုင်စွဲထားရသည်။ ၎င်းတို့တွင် သမာဓိမရှိနိုင်ကြသည့်အပြင် ဘုရားသခင်၏ နှစ်သက်သဘောကျမှု သို့မဟုတ် လက်ခံမှုကိုလည်း ၎င်းတို့မပိုင်ဆိုင်နိုင်ကြပေ။ သို့သော် ၎င်းတို့သည် အခြားသူများကြားတွင် ၎င်းတို့ရရှိဖို့ ကြိုးပမ်းထားသည့် အလေးထားခံရမှုကိုဖြစ်စေ၊ အဆင့်အတန်းကိုဖြစ်စေ၊ အထင်ကြီးမှုကိုဖြစ်စေ လုံးဝဥဿုံ အဆုံးရှုံးမခံနိုင်ကြ။ ဤသည်မှာ စာတန်၏ စိတ်သဘောထားပင် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကိုယ့်အစွမ်းအစက တွဲဖက်လုပ်တဲ့ညီအစ်မထက် ညံ့တာကို မြင်တော့ ကျွန်မ အပျက်သဘောဆောင်သွားခဲ့တယ်၊ ပြဿနာရဲ့ အရင်းအမြစ်က ကိုယ့်ရဲ့မာနနဲ့ အဆင့်အတန်းကို တန်ဖိုးထားလွန်းတာပဲ။ တခြားညီအစ်ကိုမောင်နှမတွေက အစွမ်းအစကောင်းပြီး တာဝန်တွေကို ထိထိရောက်ရောက် ထမ်းဆောင်တာမြင်တော့ ကျွန်မ အားကျပြီး ကိုယ့်ရဲ့အလုပ်ထိရောက်မှုကို တိုးတက်ချင်ခဲ့တယ်။ ဒါပေမဲ့ ကြိုးစားနေပေမဲ့လည်း တခြားသူတွေထက် ညံ့နေတုန်းပဲ၊ ကိုယ့်မာနနဲ့ အဆင့်အတန်းက မကျေနပ်နိုင်တဲ့အခါ ကျွန်မက အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်လာတယ်၊ အလုပ်ကနေ နုတ်ထွက်ပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့အထိတောင် စဉ်းစားခဲ့တယ်။ ကျွန်မက မာနနဲ့ အဆင့်အတန်းကို ကိုယ့်တာဝန်ထက်တောင် ပိုအရေးကြီးတယ်လို့ သတ်မှတ်ခဲ့တာ။ “သစ်တစ်ပင်သည် သစ်ခေါက်ကို လိုအပ်သကဲ့သို့ လူတို့သည် ဂုဏ်သိက္ခာကို လိုအပ်သည်” ဆိုတဲ့ စာတန်ရဲ့အဆိပ်အတောက်က ကျွန်မစိတ်ထဲမှာ အမြစ်တွယ်နေပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေ၊ ဒါမှမဟုတ် သတ်မှတ်ချက်တွေကို လုံးဝမစဉ်းစားဘဲ၊ အသင်းတော်ရဲ့အလုပ်ကိုလည်း လုံးဝမကာကွယ်ဘဲ တခြားသူတွေ ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာကိုပဲ အမြဲတမ်း စွဲစွဲလန်းလန်း ဖြစ်စေခဲ့မှန်း ကျွန်မ သိလိုက်ရတယ်။ ဒီတာဝန်ကို ကျွန်မ ထမ်းဆောင်ခွင့်ရတဲ့အထဲမှာ ဘုရားသခင်ရဲ့ အပင်ပန်းခံထားတဲ့ ရည်ရွယ်ချက်ပါဝင်နေမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။ ဘုရားသခင်က ကျွန်မရဲ့ ချို့တဲ့မှုတွေ၊ ကျွန်မရဲ့ မာနနဲ့ အဆင့်အတန်းအပေါ် အာရုံစိုက်မှုတွေကို သိတယ်၊ ပြီးတော့ ကျွန်မ သန့်စင်ခြင်းနဲ့ ပြောင်းလဲခြင်းခံရဖို့ ဒီလိုပတ်ဝန်းကျင်တွေ လိုအပ်မှန်းလည်း ကိုယ်တော်သိတယ်။ ဘုရားသခင်က ကျွန်မကို အစွမ်းအစကောင်းတဲ့ ညီမတွေနဲ့ တွဲဖက်လုပ်ဆောင်ဖို့ စီစဉ်ပေးတဲ့အခါ ကျွန်မက အစွမ်းမပြနိုင်ခဲ့ဘူး၊ ဒါကြောင့် ကိုယ့်မာနနဲ့ အဆင့်အတန်းက မကျေနပ်နိုင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်မ စိတ်ထဲမှာ နာကျင်ပြီး စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မကို ဘုရားသခင်ရှေ့မှောက်ကို ရောက်လာစေဖို့၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်စေဖို့၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားခြင်းရဲ့ အန္တရာယ်နဲ့ အကျိုးဆက်တွေကို နားလည်စေဖို့၊ ဒီလိုနဲ့ ကျွန်မရဲ့မှားယွင်းတဲ့ လိုက်စားမှုတွေကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်အပေါ်ထားတဲ့ သဘောထားကို ပြုပြင်ဖို့ တွန်းအားပေးခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အစွမ်းအစကောင်းတဲ့ ညီမတွေနဲ့ တွဲဖက်လုပ်ဆောင်ပြီး ကိုယ့်တာဝန်မှာ လူတိုင်းရဲ့ အကူအညီကို ရရှိခြင်းအားဖြင့် ကျွန်မက စည်းမျဉ်းတွေကိုလည်း ပိုနားလည်လာခဲ့တယ်၊ ဖြစ်ချင်တော့ ဒါတွေက ကျွန်မရဲ့ အားနည်းချက်တွေကို ဖာထေးပေးခဲ့တယ်။ ဒါဟာ ဘုရားသခင်ရဲ့ မေတ္တာပဲလေ။ ဒီအကြောင်းကို ပြန်စဉ်းစားကြည့်တော့ ကျွန်မ အရမ်းကို နောင်တရမိတယ်၊ တန်ဖိုးမရှိတဲ့ မာနကို လိုက်စားခြင်းအတွက် ဆက်ပြီး အသက်မရှင်ချင်တော့ဘူး။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ တွေ့ခဲ့ရပြီး အဲဒီနှုတ်ကပတ်တော်ကြောင့် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ ပိုနားလည်သွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင်သည် လူတို့အား လွန်ကဲစွာ ကောင်းမွန်သော အစွမ်းအစကို မပေးပေ။ တစ်ချက်အနေဖြင့် ဤသည်မှာ လူတို့သည် ဤအခြေခံ အခြေအနေဖြင့် အနည်းငယ် တည်ငြိမ်နိုင်ရန် ဖြစ်ပြီး ၎င်းတို့သည် သာမန်ဖြစ်သော၊ ပျမ်းမျှဖြစ်သော လူများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည့် လူများ ဖြစ်သည်ဟု ခံစားရခြင်း အခြေခံပေါ်တွင် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုလိုလားလား လက်ခံနိုင်ရန် ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူတို့၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံရန် အခြေခံ အခြေအနေ ရှိကြသည်။ အခြားတစ်ချက်အနေဖြင့် လူတို့၌ အလွန် ကောင်းမွန်သော အစွမ်းအစ သို့မဟုတ် ထူးခြားစွာ လျင်မြန်သော ဉာဏ်များ ရှိပြီး ကဏ္ဍပေါင်းစုံတွင် အလွန် အားကောင်းသော စွမ်းရည်များ ရှိကာ အားလုံးက ထူးချွန်နေပြီး လောကတွင် ၎င်းတို့အတွက် အရာရာ အဆင်ပြေချောမွေ့နေပါက စီးပွားရေးလုပ်ရာတွင် ငွေအများအပြား ရှာဖွေနိုင်ခြင်း၊ အထူး ချောမွေ့သော နိုင်ငံရေး အလုပ်အကိုင်များ ရှိခြင်း၊ အခြေအနေ အားလုံးတွင် လွယ်ကူစွာ လုပ်ဆောင်နိုင်ပြီး သက်သောင့်သက်သာ ဖြစ်နေပါက ထိုသို့သော လူများသည် ဘုရားသခင် ရှေ့မှောက်သို့ လာရန်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် မလွယ်ကူပေ၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင် ကယ်တင်သောသူတို့အနက် အများစုသည် လောက၌ သို့မဟုတ် လူ့အဖွဲ့အစည်းရှိ လူများကြားတွင် ရာထူးကြီးမြင့်သူများ မဟုတ်ကြပေ။ သူတို့၏ အစွမ်းအစနှင့် စွမ်းရည်များသည် သာမန်မျှသာဖြစ်၏ သို့မဟုတ် ညံ့ပင်ညံ့ဖျင်း၏၊ ပြီးလျှင် လောက၌ လူကြိုက်များမှု သို့မဟုတ် အောင်မြင်မှုကို ရှာဖွေရန် ရုန်းကန်ရကာ လောကကြီးသည် အုံ့မှိုင်းပြီး တရားမမျှတဟု အစဉ်သဖြင့် ခံစားရသောကြောင့် သူတို့သည် ယုံကြည်ခြင်းကို လိုအပ်လာကြပြီး နောက်ဆုံးတွင် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ရောက်လာကာ ဘုရားသခင်၏ အိမ်တော်သို့ ဝင်ရောက်ကြ၏။ ဤသည်မှာ ဘုရားသခင်က လူတို့ကို ၎င်းတို့အား ရွေးချယ်ရာတွင်ပေးသည့် အခြေခံ အနေအထားတစ်ခု ဖြစ်သည်။ ဤလိုအပ်ချက်ဖြင့်သာ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိနိုင်သည်။ ကဏ္ဍအားလုံးတွင် သင်၏ အနေအထားများသည် အလွန် ကောင်းမွန်ပြီး လောကတွင် ကြိုးပမ်းခြင်းအတွက် သင့်တော်ကာ သင်သည် အစဉ်သဖြင့် အောင်မြင်ကျော်ကြားလိုလျက်ရှိလျှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန် လိုအင်ဆန္ဒရှိမည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိမည့် အခွင့်အရေးပင် ရှိမည် မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မစိတ်နှလုံးက အလင်းပေးခြင်းခံခဲ့ရတယ်။ ဘုရားသခင်က ကျွန်မကို အစွမ်းအစကောင်းကောင်း မပေးခဲ့တာဟာ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကောင်းထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီထဲမှာ ကိုယ်တော်ရဲ့ ဂရုတစိုက်နဲ့ အပင်ပန်းခံထားတဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေတယ်။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တွေအကြောင်း ပြန်စဉ်းစားကြည့်တော့ သူတို့ထဲက တချို့မှာ အစွမ်းအစကောင်းတွေ၊ ဉာဏ်ရည်ဉာဏ်သွေးတွေ ရှိခဲ့ပေမဲ့ သူတို့ရဲ့စိတ်နှလုံးတွေက တာဝန်ထမ်းဆောင်ဖို့ အာရုံမစိုက်ဘဲ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားဖို့ပဲ အာရုံစိုက်ခဲ့ကြတာကို ကျွန်မ တွေ့ခဲ့ရတယ်။ သူတို့က လမ်းမှန်ကို မလိုက်ခဲ့ကြတဲ့အတွက် သူတို့ရဲ့လုပ်ရပ်တွေက ဘုရားအိမ်တော်ရဲ့ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်၊ အကြိမ်ကြိမ် မိတ်သဟာယဖွဲ့တာ ခံခဲ့ရပေမဲ့လည်း သူတို့က နောင်တရဖို့ ငြင်းဆန်ခဲ့ကြပြီး နောက်ဆုံးမှာ နှင်ထုတ်ခံခဲ့ရတယ်။ ကျွန်မရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ် အာရုံစိုက်တာတွေ၊ အစွမ်းအစကောင်းကောင်း မရှိဘဲနဲ့တောင် ကျွန်မ ဘယ်လောက်တောင် အပေါ်ယံဆန်ခဲ့သလဲဆိုတာတွေကို ကျွန်မ စဉ်းစားမိတယ်၊ ကျွန်မမှာသာ အစွမ်းအစကောင်းကောင်း ရှိခဲ့ရင် အရမ်းကို မာနထောင်လွှားတဲ့သူ ဖြစ်သွားနိုင်တယ်၊ ပြီးတော့ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို သေချာပေါက် လျှောက်နှင့်နေလောက်ပြီ။ အခု ပြန်စဉ်းစားကြည့်မှ ဘုရားသခင်က ကျွန်မကို အစွမ်းအစကောင်းကောင်း မပေးခဲ့တာဟာ တကယ်တော့ ကျွန်မအတွက် အကာအကွယ်တစ်ခု ဖြစ်နေတာပဲ။
ရှာဖွေရင်းနဲ့ ကျွန်မမှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တစ်ခု ရှိနေမှန်း ကျွန်မ ရှာဖွေတွေ့ရှိခဲ့တယ်။ ကိုယ့်တာဝန်မှာ ရလဒ်တွေရဖို့အတွက် အစွမ်းအစကောင်းကောင်း ရှိရမယ်၊ ဒါမရှိရင် ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ဘူးလို့ ယုံကြည်နေခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရတယ်။ “ဘုရားသခင်သည် အဘယ်ကြောင့် ၎င်းတို့အား ဤမျှ လုံးဝ သာမန်ဖြစ်သော အစွမ်းအစကို ပေးထားသည်ကို လူတို့ နားမလည်ကြပေ။ အစွမ်းအစကောင်းသော ခေါင်းဆောင်များကို ရှာဖွေရန် ခက်ခဲပြီး အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် အလွန်ပင် ခက်ခဲလှသည်။ လူတို့က ‘ဘုရားသခင်သည် လူများကို အစွမ်းအစကောင်း ပေးခဲ့ပါက ခေါင်းဆောင်များကို ရှာဖွေရန် ပို၍ လွယ်ကူမည် မဟုတ်လော။ အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် ပို၍ လွယ်ကူမည် မဟုတ်လော။ ဘုရားသခင်သည် အဘယ်ကြောင့် လူများကို အစွမ်းအစကောင်း မပေးသနည်း’ ဟု တွေးတောကြသည်။ ဘုရားအိမ်တော်၏ အလုပ်တစ်ခုလုံး ရှုထောင့်မှ ကြည့်လျှင် အစွမ်းအစကောင်းသော လူများ ပို၍ ရှိပါက အသင်းတော်အလုပ်သည် အမှန်ပင် ပို၍ လွယ်ကူပေမည်ဖြစ်သည်မှာ အမှန်ပင်။ သို့ရာတွင် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်၊ ဘုရားအိမ်တော်တွင် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး လူတို့သည် အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် လူတို့၏ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ညံ့ဖျင်းသည်ဖြစ်စေ ဘုရားသခင်၏ အလုပ်ရလဒ်များကို အဆုံးအဖြတ်မပေးပေ။ နောက်ဆုံး ရရှိမည့် ရလဒ်များကို ဘုရားသခင်က ပြီးမြောက်အောင်မြင်စေခြင်း ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင်က ဦးဆောင်သည်၊ အရာခပ်သိမ်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့ရဲ့ တာဝန်တွေမှာ ရလဒ်ကောင်းတွေရဖို့ အဓိကသော့ချက်က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လမ်းညွှန်မှုနဲ့ လုပ်ဆောင်မှုကို ရရှိဖို့ပဲ။ အစွမ်းအစကောင်းတဲ့သူတွေအတွက်တောင်မှ သူတို့ရဲ့ ရည်ရွယ်ချက်တွေက မှားယွင်းနေပြီး ကျော်ကြားမှု၊ အကျိုးအမြတ်၊ ဒါမှမဟုတ် အဆင့်အတန်းအတွက်ပဲ အလုပ်လုပ်တယ်ဆိုရင်၊ ပြီးတော့ ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ဉာဏ်အလင်းပေးမှုမရှိဘဲ ကိုယ့်ရဲ့အစွမ်းအစနဲ့ ဆုကျေးဇူးတွေကိုပဲ အားကိုးနေတယ်ဆိုရင် သူတို့ ရလဒ်ကောင်းတွေ မရနိုင်ဘူး။ သာမန်အစွမ်းအစရှိပေမဲ့ ကိုယ့်တာဝန်အပေါ် စိတ်နှလုံးနှစ်ထားတဲ့သူတွေ၊ အခက်အခဲတွေနဲ့ကြုံရတဲ့အခါ ဆုတောင်းပြီး ဘုရားသခင်ကို အားကိုးတဲ့သူတွေ၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေတဲ့သူတွေက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ရရှိဖို့ ပိုဖြစ်နိုင်ပြီး သူတို့ရဲ့တာဝန်မှာလည်း ရလဒ်ကောင်းတွေ ရနိုင်တယ်။ ကျွန်မရဲ့အမြင်က တကယ်ကို အဓိပ္ပာယ်မရှိခဲ့ဘူး။ တာဝန်တစ်ခုကို ကောင်းကောင်းထမ်းဆောင်ပြီး ရလဒ်တွေရဖို့က လူ့အစွမ်းအစအပေါ်မှာပဲ မူတည်တယ်လို့ ကျွန်မ ထင်ခဲ့တာ၊ ပြီးတော့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုက အရာအားလုံးကို ဆုံးဖြတ်တယ်ဆိုတာကို ငြင်းပယ်ခဲ့တယ်။ ဒါဟာ မယုံကြည်သူတွေရဲ့ အမြင်ပဲ။ ဘာသာတရားမရှိသူတွေရဲ့ လောကမှာ အလုပ်တစ်ခုမှာ ရလဒ်ကောင်းတွေရဖို့ဆိုရင် လူတစ်ယောက်ရဲ့ ဉာဏ်ရည်၊ အစွမ်းအစနဲ့ ဆုကျေးဇူးတွေကို အားကိုးရတယ်။ ဒါပေမဲ့ ဘုရားအိမ်တော်က လောကီနဲ့ လုံးဝကို ကွဲပြားခြားနားတယ်။ ဘုရားအိမ်တော်က အလုပ်ဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်အားဖြင့် ပြီးမြောက်တာဖြစ်ပြီး အလုပ်လုပ်ဆောင်နေစဉ်မှာ လူ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပေမဲ့ အဲဒါက အဆုံးအဖြတ်ပေးတဲ့ အခန်းကဏ္ဍကနေ မပါဝင်ဘူး။ ဘုရားသခင်ရဲ့ ဧဝံဂေလိတရားက ကမ္ဘာ့နိုင်ငံအသီးသီးကို ပျံ့နှံ့သွားတာဟာ လုံးဝကို ဘုရားသခင်က တစ်ဆင့်ပြီးတစ်ဆင့် ဦးဆောင်ခဲ့တာဖြစ်တယ်၊ ဘုရားသခင်က သူ့ရဲ့အလုပ်ကို လုပ်ဆောင်နေပြီး လူတွေက ပူးပေါင်းဆောင်ရွက်နေရုံပဲ။ ကျွန်မ ဘာလုပ်နိုင်တယ်၊ ကျွန်မရဲ့အစွမ်းအစအရ ဘယ်တာဝန်ကို ထမ်းဆောင်နိုင်တယ်၊ ကိုယ့်တာဝန်မှာ ဘယ်လိုရလဒ်တွေ ရနိုင်တယ်ဆိုတာကို ဘုရားသခင်က အတိအကျသိတယ်၊ ကျွန်မက အလေးအနက်ထားပြီး အလုပ်ကြိုးစားသရွေ့ ဘုရားသခင်က ဉာဏ်အလင်းပေးပြီး လမ်းပြမှာပဲ။ နောက်ပြီးတော့ ကျွန်မပတ်ဝန်းကျင်မှာ အစွမ်းအစကောင်းတဲ့ ညီမတွေရှိနေတော့ သူတို့နဲ့ ပူးပေါင်းလုပ်ဆောင်ပြီး တစ်ယောက်ရဲ့အားသာချက်နဲ့ တစ်ယောက်ရဲ့အားနည်းချက်ကို အပြန်အလှန် ဖြည့်ဆည်းပေးလို့ရတယ်၊ ဒီနည်းနဲ့ ကျွန်မရဲ့တာဝန်မှာလည်း ရလဒ်တချို့ကို ရနိုင်တယ်။
ကျွန်မကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကိုလည်း ကျွန်မ ဖတ်ခဲ့ရသေးတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူများစွာက သူတို့သည် အစွမ်းအစညံ့ပြီး သူတို့၏ တာဝန်ကို မည်သည့်အခါမျှ ကောင်းစွာ မထမ်းဆောင်ဟုဖြစ်စေ၊ စံနှုန်းပြည့်မီအောင် မလုပ်ဆောင်ဟုဖြစ်စေ ထင်ကြသည်။ သူတို့ လုပ်ဆောင်သည့်အရာတွင် အစွမ်းကုန် လုပ်ဆောင်ကြသော်လည်း စည်းမျဉ်းများကို သူတို့ မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ကြချေ။ ပြီးလျှင် အလွန်ကောင်းမွန်သော ရလဒ်များရအောင် မလုပ်နိုင်ကြသေးပေ။ နောက်ဆုံးတွင် သူတို့လုပ်နိုင်သမျှအားလုံးမှာ သူတို့သည် အစွမ်းအစ ညံ့လွန်းသည်ဟု မကျေမနပ်ပြောကြပြီး အပျက်သဘောဆောင်လာကြခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ လူတစ်ယောက်သည် အစွမ်းအစညံ့နေသည့်အခါတွင် ရှေ့ဆက်ရန်လမ်း မရှိတော့သလော။ အစွမ်းအစ ညံ့ခြင်းသည် သေစေနိုင်သောရောဂါတစ်ခု မဟုတ်ပေ၊ သည့်ပြင် ဘုရားသခင်က အစွမ်းအစညံ့သောလူများကို သူမကယ်တင်ပါဟု မည်သည့်အခါကမှ မပြောခဲ့ပေ။ ဘုရားသခင်သည် ရိုးသားသော်လည်း မသိနားမလည်သော သူများကြောင့် သူဝမ်းနည်းကြေကွဲရသည်ဟု ယခင်က ပြောခဲ့သည်။ မသိနားမလည်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ကိစ္စအတော်များများတွင် မသိနားမလည်ခြင်းသည် အစွမ်းအစညံ့ခြင်းမှ လာသည်။ လူများ အစွမ်းအစညံ့သောအခါ သူတို့ သမ္မာတရားအကြောင်း နားလည်ခြင်းသည် ပေါ့တန်လေသည်။ တိကျမှု သို့မဟုတ် လက်တွေ့ကျမှု လုံလုံလောက်လောက် မရှိချေ။ ပြီးလျှင် မကြာခဏ အပေါ်ယံအဆင့် သို့မဟုတ် တိုက်ရိုက်အဓိပ္ပာယ်သာ နားလည်ခြင်းဖြင့် အကန့်အသတ်ရှိနေသည်၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများမျှသာ နားလည်ခြင်းဖြင့် အကန့်အသတ် ရှိနေသည်။ ထို့ကြောင့်သာ သူတို့သည် ပြဿနာများစွာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြဘဲ သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်သဘောမပေါက်နိုင်ခြင်း သို့မဟုတ် သူတို့၏တာဝန်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရားသခင်သည် အစွမ်းအစ ညံ့သောလူများကို အလိုမရှိသလော။ (သူအလိုရှိပါသည်။) ဘုရားသခင်က မည်သည့်လမ်းကြောင်းနှင့် ဦးတည်ရာတို့ဆီသို့ လူများကို ညွှန်ပြသနည်း။ (ရိုးသားသောလူတစ်ယောက်ဖြစ်ခြင်းဆီသို့ ညွှန်ပြပါသည်။)...ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်ထဲမှာလင်းလက်သွားတယ်။ ကျွန်မရဲ့အစွမ်းအစက ဘုရားသခင်က သတ်မှတ်ပေးထားတာဖြစ်ပြီး ကျွန်မမှာ အစွမ်းအစညံ့ဖျင်းတာကလည်း အမှန်တရားတစ်ခုပဲ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မရဲ့အစွမ်းအစညံ့ဖျင်းမှုကြောင့် ကျွန်မကို အထင်အမြင်မသေးဘူး။ ဘုရားသခင်က ကျွန်မကို ကိုယ့်တာဝန်ကို ရိုးသားတဲ့ စိတ်နှလုံးနဲ့ ချဉ်းကပ်နိုင်ဖို့ မျှော်လင့်တယ်။ ကိုယ့်မာနကို ဘေးဖယ်ထားပြီး ကိုယ်လုပ်နိုင်သမျှကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှနဲ့ ကောင်းကောင်းလုပ်နိုင်ပြီး ကိစ္စအားလုံးမှာ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်နိုင်ဖို့ မျှော်လင့်တယ်။ ဒါက ကျွန်မ လုပ်သင့်တဲ့အရာပဲ။ ညီမတွေက ကျွန်မထက် အစွမ်းအစပိုကောင်းတယ်၊ သူတို့က ကိစ္စတွေကို ပိုပြီး ဘက်စုံရှုမြင်ကြတယ်၊ ဒါကြောင့် ကိုယ့်တာဝန်ထဲက သွေဖည်မှုတွေနဲ့ ကိစ္စတွေကို သူတို့ ထောက်ပြပေးတာဟာ ကောင်းတဲ့အရာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါက ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့၊ ကိုယ့်ရဲ့ သွေဖည်မှုတွေကို အကျဉ်းချုပ်သုံးသပ်ဖို့ တွန်းအားပေးနိုင်တယ်၊ အဲဒါက ကျွန်မရဲ့ ချို့တဲ့မှုတွေကိုလည်း ဖြည့်ဆည်းပေးတယ်။ အဲဒီနောက်မှာ ကျွန်မရဲ့ ချို့တဲ့မှုတွေအပေါ် အခြေခံပြီး သက်ဆိုင်ရာ စည်းမျဉ်းတွေကို ပြန်ဆန်းစစ်ကြည့်ခဲ့တယ်၊ ဒီစည်းမျဉ်းတွေကိုလည်း ပိုနားလည်လာခဲ့တယ်။ ဘုရားသခင်က ကျွန်မကို အထူးကျေးဇူးပြုနေတာပဲ။ ကျွန်မမှာ အစွမ်းအစညံ့ဖျင်းပေမဲ့ ဘုရားသခင်က ဒီလိုကျေးဇူးတော်ကို ပြနေတုန်းပဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ အစွမ်းအစကောင်းတဲ့ ညီမတွေနဲ့ တွဲဖက်လုပ်ခွင့်ပေးပြီး ပိုပြီးဖြည့်ဆည်းပေးခံရတဲ့အခွင့်ကိုပေးတယ်။ ကျွန်မ ကိုယ့်တာဝန်ကို ကျေးဇူးတင်တဲ့ စိတ်နှလုံးနဲ့ ချဉ်းကပ်ရမယ်၊ သမ္မာတရားစည်းမျဉ်းတွေကို နားလည်ဖို့ ပိုပြီးအားထုတ်ရမယ်၊ တခြားသူတွေရဲ့ အကြံပြုချက်တွေကို ပိုနားထောင်ပြီး ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်။ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကို ဆုတောင်းဖို့ ရောက်လာခဲ့တယ်၊ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို နားလည်အောင် ကူညီပေးခဲ့တဲ့ ကိုယ်တော်ရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ အစွမ်းအစညံ့ဖျင်းမှုကြောင့် ပိုပြီးတော့တောင် ကြိုးစားလုပ်ဆောင်ရပါမယ်၊ ပြီးတော့ ရိုးသားတဲ့လူတစ်ယောက်ဖြစ်ဖို့ ကြိုးစားပြီး ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းရှိသမျှနဲ့ ကောင်းကောင်းထမ်းဆောင်ရပါမယ်” ပေါ့။
အဲဒီနောက်မှာ ကျွန်မ ဒီကိစ္စနဲ့ပတ်သက်ပြီး သတိရှိရှိနဲ့ ဆုတောင်းခဲ့တယ်၊ ကိုယ့်တာဝန်မှာ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ မနှိုင်းယှဉ်တော့ဘဲ အဲဒီအစား ဘုရားသခင်ရှေ့မှောက်မှာ အမှုအရာတွေကို လုပ်ဆောင်ဖို့နဲ့ ကိုယ်တော်ရဲ့ စိစစ်မှုကို လက်ခံဖို့ အာရုံစိုက်ခဲ့တယ်။ ဗီဒီယိုတွေ စစ်ဆေးရင်း ကိုယ်တိုင် ထိုးထွင်းမမြင်နိုင်တဲ့အရာတွေနဲ့ ကြုံရတဲ့အခါ ညီအစ်မတွေဆီကနေ တက်တက်ကြွကြွ အကူအညီတောင်းခဲ့ပြီး ကိုယ့်တာဝန်အပေါ် အလေးအနက်ထားပြီး စိတ်နှစ်ခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်တဲ့အခါ စိတ်ထဲမှာ သက်သာပြီး လွတ်လပ်သွားသလို ခံစားခဲ့ရတယ်။ တစ်ခါတုန်းက အဖွဲ့ခေါင်းဆောင်က ကျွန်မကို သူနဲ့အတူ ဗီဒီယိုတစ်ခု စစ်ဆေးခိုင်းတော့ ကျွန်မ ဒီလိုတွေးမိတယ်၊ “ဒီညီအစ်မက အစွမ်းအစကောင်းတယ်၊ ငါကမကောင်းဘူး။ ပြဿနာတစ်ခုမှ ရှာမတွေ့ရင် သူ ငါ့ကို ဘယ်လိုများထင်သွားမလဲ” ပေါ့။ ကိုယ့်မာနကြောင့် ဘောင်ခတ်ခံနေရပြန်ပြီဆိုတာကို ကျွန်မ သဘောပေါက်လိုက်လို့ ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့ အစွမ်းအစညံ့ဖျင်းမှုကြောင့် ဘောင်ခတ်မခံရဘဲ သမီးလုပ်နိုင်သလောက် အကောင်းဆုံးကို ထုတ်ပြနိုင်အောင် စိတ်ကို ငြိမ်သက်စေတော်မူပါ။ ဒီညီအစ်မက အစွမ်းအစပိုကောင်းပြီး ပြဿနာတွေကို ပိုရှာတွေ့နိုင်တယ်၊ အဲဒါက သမီးရဲ့ ချို့တဲ့မှုတွေကို ဖြည့်ဆည်းပေးပါလိမ့်မယ်” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက်မှာ ကျွန်မ စိတ်ကို ငြိမ်သက်အောင်ထားပြီး ဗီဒီယိုကို ဂရုတစိုက် ကြည့်ခဲ့တယ်။ ဗီဒီယိုကြည့်ပြီးတော့ ကျွန်မ သတိထားမိတဲ့ ပြဿနာတွေနဲ့ ကျွန်မ ရှုပ်ထွေးနေတဲ့ နေရာတွေကို ပြောပြခဲ့တယ်၊ အဲဒီညီအစ်မကလည်း သူ့ရဲ့အမြင်တွေ၊ ထင်မြင်ချက်တွေကို ဝေမျှပြီး ကျွန်မ ရှုပ်ထွေးနေတဲ့ နေရာတွေအပေါ် သူ့ရဲ့ ရှုမြင်ပုံတွေကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ညီအစ်မရဲ့ မိတ်သဟာယကနေတစ်ဆင့် ကျွန်မက ကိစ္စတွေကို ပိုပြီး ကျယ်ပြန့်တဲ့ ရှုထောင့်ကနေ ကြည့်နေပြီး ညီမကတော့ အသေးစိတ်ကျတဲ့ ပြဿနာတွေကို သတိထားမိတာကို တွေ့လိုက်ရတယ်၊ အဲဒါက ကျွန်မရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းလိုက်သလို ဖြစ်သွားတာပေါ့။ ကျွန်မတို့ရဲ့ ဖလှယ်မှုကနေတစ်ဆင့် ကျွန်မရဲ့ ရှုပ်ထွေးမှုတွေ ပြေလည်သွားပြီး ဗီဒီယိုရဲ့ ပြဿနာတွေအပေါ်မှာလည်း ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်မှုရှိလာခဲ့တယ်။ ကျွန်မရဲ့ မာနနဲ့ နိုင်မလားရှုံးမလား မစိုးရိမ်တော့တဲ့အခါ၊ ကိုယ့်တာဝန်အပေါ် စိတ်နှလုံးအကြွင်းမဲ့နဲ့ မြှုပ်နှံလိုက်တဲ့အခါ စိတ်ထဲမှာ အရမ်းကို သက်သောင့်သက်သာရှိပြီး ဒီလို တာဝန်ထမ်းဆောင်ရတာ တကယ်ကို ကောင်းလိုက်တာလို့ ခံစားရတယ်။
ဒီအတွေ့အကြုံကနေတစ်ဆင့် ကျွန်မ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရတာကတော့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ဖို့ သော့ချက်က ရိုးသားတဲ့ စိတ်နှလုံးရှိဖို့၊ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေနဲ့ မာနကို ဘေးဖယ်ထားဖို့၊ အစွမ်းအစညံ့ဖျင်းမှုကြောင့် ဘောင်ခတ်မခံရဖို့၊ ပြီးတော့ တာဝန်တွေအပေါ် စိတ်နှလုံးနှစ်ပြီး အဲဒါတွေကို ဘယ်လိုကောင်းကောင်းလုပ်ဆောင်မလဲဆိုတာကို ဆင်ခြင်သုံးသပ်ဖို့ပဲ။ ဒီနည်းနဲ့ ဘုရားသခင်ရဲ့ လမ်းညွှန်မှုနဲ့ ဉာဏ်အလင်းပေးမှုကို ရရှိဖို့လွယ်ကူပြီး ကိုယ့်တာဝန်မှာလည်း ရလဒ်တချို့ကို ရရှိနိုင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
လီရန် တရုတ်နိုင်ငံ ၂၀၂၀၊ အောက်တိုဘာလကုန်ခါနီးမှာပေါ့။ ကျွန်မက လက်တွေ့အလုပ်မလုပ်တဲ့အတွက် ခေါင်းဆောင်ရာထူးကနေ အထုတ်ခံရတယ်။ ကျွန်မရဲ့...
ရှင်းချယ် တောင်ကိုရီးယားနိုင်ငံ ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး လူသစ်တွေကို ကျွန်မ ရေလောင်းနေခဲ့တယ်။ တစ်ခါ ခေါင်းဆောင်က ကျွန်မတို့...
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှာ၊ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့်၊ ကျွန်မရဲ့ ဘုရားကို ယုံကြည်ခြင်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အိမ်ကို...
ရီထင်၊ တရုတ်နိုင်ငံ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ ခေါင်းဆောင်က အသင်းတော်တစ်ခုဟာ မကြာသေးခင်က တရုတ်ကွန်မြူနစ်ပါတီရဲ့ ရုတ်တရက်ဝင်စီးနင်းတာကို...