ကျွန်ုပ်၏ ပြဿနာများကို ယခု ကျွန်ုပ် ရင်ဆိုင်ဝံ့ပြီ

03.04.2026

ယုဆွန်၊ တရုတ်ပြည်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလရဲ့ ရက်တစ်ရက်မှာ အထက်အဆင့်ခေါင်းဆောင်တွေဆီကနေ ကျွန်မ စာတစ်စောင် လက်ခံရရှိခဲ့တယ်။ စာထဲမှာ ကျွန်မတို့ အသင်းတော် အလုပ်အမျိုးမျိုးရဲ့ ရလဒ်တွေက မကောင်းဘူးလို့ ဖော်ပြထားပြီး အလုပ်နဲ့ပတ်သက်လို့ ကျွန်မတို့ ဘယ်လို နောက်ဆက်တွဲလုပ်ပေးနေခဲ့တယ်ဆိုတာနဲ့ ဧဝံဂေလိအလုပ်၊ ဖယ်ရှားရေးအလုပ်နဲ့ စာနဲ့ပတ်သက်တဲ့အလုပ်တွေလို နယ်ပယ်တွေမှာ ဘာပြဿနာတွေ တွေ့ခဲ့တယ်ဆိုတာတွေကို မေးထားတယ်။ ဒီပြဿနာတွေကို ကျွန်မတို့ ဘယ်လိုဖြေရှင်းခဲ့တယ်ဆိုတာနဲ့ ကျွန်မတို့ရဲ့ ဘယ်အစီအစဉ်တွေကို ရှေ့ဆက်လုပ်ဆောင်နေတယ်ဆိုတာတွေကို သူတို့ မေးထားတယ်။ စာထဲက မေးခွန်းတွေကို ဖတ်ရင်းနဲ့ ကျွန်မ တွေးမိတယ်။ “ခေါင်းဆောင်တွေမေးနေတဲ့ အလုပ်တချို့ကို နောက်ဆက်တွဲလုပ်ပေးဖို့အတွက် ငါ အဓိက တာဝန်ရှိနေပေမဲ့ သက်သောင့်သက်သာဖြစ်တာကို မွေ့လျော်ခံစားနေတဲ့ အခြေအနေမှာ ငါ အသက်ရှင်နေခဲ့မိတယ်။ အသေးစိတ်အလုပ်လုပ်တာ၊ လက်တွေ့ပြဿနာတွေကို ဖြေရှင်းတာတွေအကြောင်းနဲ့ ဒါက သမ္မာတရားရှာဖွေ၊ အားထုတ်ပြီး ဆင်ခြင်သုံးသပ်ဖို့ လိုအပ်မဲ့ပုံရပြီး စဉ်းစာဉာဏ်ရှိသမျှ လိုအပ်မဲ့အကြောင်းတွေကို စဉ်းစားမိတဲ့အခါတိုင်းမှာ ဒီကိစ္စတွေကို ဖြေရှင်းဖို့ အားထုတ်ပြီး အားအင်ကုန်ဆုံးဖို့ကို တွန့်ဆုတ်နေမိတယ်။ အလုပ်အမျိုးမျိုးရဲ့ တိုးတက်မှုကို ငါ နောက်ဆက်တွဲလုပ်ပေးပြီး တိုက်တွန်းနေရုံနဲ့ ကျေနပ်နေခဲ့တဲ့အပြင် အသေးစိတ်အလုပ်ကို လိုက်မလုပ်ပေးသလောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ခေါင်းဆောင်တွေကို ငါ တုံ့ပြန်အသိပေးတဲ့အထဲမှာ ဒါကို ပြောပြီး သူတို့က ငါ ကြီးကြပ်နေတဲ့ အလုပ်တွေအပေါ် ငါ ဘာမှနားမလည်တာ၊ ဒါမှမဟုတ် တာဝန်တွေကို ငါ အကောင်အထည်မဖော်ရသေးတာကို မြင်သွားရင် ငါ့ကို ဘယ်လိုများထင်သွားကြမလဲ။ သူတို့က ငါ့တာဝန်တွေအပေါ် ငါ ဝန်တာမရှိဘူး၊ လက်တွေ့အလုပ်မလုပ်ဘူးလို့ သေချာပေါက် ထင်သွားမှာပဲ။ ပြီးတော့ ငါ့ကို ဖြုတ်ချရင် ဖြုတ်ချနိုင်တယ်။ ညီအစ်ကိုမောင်နှမတွေသာ သိသွားရင် ငါ အရှက်ကွဲရမှာ။ မဖြစ်ဘူး၊ ငါသိတဲ့အလုပ်အကြောင်းကိုပဲ ပိုပြောလိုက်တော့မယ်။ ဒါမှ ခေါင်းဆောင်တွေက ငါတို့အလုပ်ရလဒ်တွေ မကောင်းပေမဲ့ အလုပ်တချို့တော့ လုပ်ထားပြီးပြီဆိုတာ မြင်မယ်။ အဲဒီအခါ ငါလည်း ဖြုတ်ချခံရမှာကို စိုးရိမ်စရာလိုမှာ မဟုတ်ဘူး” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မ စဉ်းစားမိတယ်၊ “အလုပ်တချို့က မပြီးဘဲကျန်ခဲ့ပြီး အဲဒါက ဖြစ်တတ်တဲ့အရာပဲလေ။ ကောင်းတာကိုပဲပြောပြီး မကောင်းတာကို မပြောဘူးဆိုရင် ကျွန်မက လှည့်စားတတ်တာ မဟုတ်ဘူးလား။ မဖြစ်ဘူး၊ အဲဒီလို လုပ်လို့ မရဘူး” လို့ပေါ့။ ကျွန်မအပေါ် လေးလံတဲ့ ကျောက်တုံးတစ်ခု ဖိထားသလိုမျိုး အရမ်းဒွိဟဖြစ်ခဲ့တယ်။ ကိုယ့်ကိုယ်ကို မေးမိတယ်။ “ဒီစာကို ငါ ဘယ်လို ပြန်ရမလဲ” လို့ပေါ့။ ဒါနဲ့ ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ ခေါင်းဆောင်တွေက သမီးရဲ့အလုပ်အခြေအနေကို မေးမြန်းဖို့ စာရေးလိုက်ပါတယ်။ သမီး လက်တွေ့အလုပ်မလုပ်ခဲ့ဘူး၊ ခေါင်းဆောင်တွေက သိသွားရင် သမီးကို ဖြုတ်ချမှာ စိုးရိမ်မိပါတယ်။ သမီးရဲ့ဂုဏ်နဲ့ အဆင့်အတန်းကို စိုးရိမ်ပြီး ဒါကြောင့် အမှန်အတိုင်းပြောဖို့ ချီတုံချတုံဖြစ်နေပါတယ်။ ဘယ်လိုလက်တွေ့လုပ်ဆောင်သင့်တယ်ဆိုတာ သမီးမသိပါဘူး။ ကျေးဇူးပြုပြီး သမီးကို ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ” လို့ပေါ့။

နောက်နေ့မနက်မှာ ခေါင်းဆောင်တွေ အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ဆောင်တာနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ မိတ်သဟာယတစ်ပိုဒ်ကို ကျွန်မ သတိရသွားလို့ အဲဒါကို ရှာပြီးဖတ်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်သည် ဘုရားအိမ်တော်က သင့်ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ နားလည်ရန် ကြိုးစားခြင်းတို့ကို လက်ခံနိုင်လျှင် ယင်းမှာ အလွန်ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သည်။ ယင်းမှာ သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရာတွင်လည်းကောင်း၊ သင်၏ တာဝန်ကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် လုပ်ဆောင်ရာတွင်လည်းကောင်း သင့်အတွက် အကူအညီဖြစ်၏။ ယင်းသည် သင့်ကို အကျိုးပြုပြီး ကူညီသည်၊ မည်သည့်ဆိုးကျိုးမျှ လုံးဝမရှိပေ။ သင်သည် ဤစည်းမျဉ်းကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ကြီးကြပ်မှုကို အတိုက်အခံလုပ်သည့် သို့မဟုတ် သတိထားရှောင်သည့် ခံစားချက်တစ်ခုမျှ သင့်ထံတွင် နောက်ထပ် မရှိသင့်တော့သည် မဟုတ်လော။ တစ်ခါတစ်ရံ တစ်စုံတစ်ဦးက သင့်ကို နားလည်ရန်၊ သင့်ကို စောင့်ကြည့်ရန်၊ သင်၏အလုပ်ကို ကြီးကြပ်ရန် ကြိုးစားလျှင်ပင် ဤသည်မှာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့်အရာတစ်ခု မဟုတ်ချေ။ ငါသည် အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ အကြောင်းမှာ ယခု သင်၏ လက်ထဲတွင်ရှိသော တာဝန်များ၊ သင်ထမ်းဆောင်သည့် တာဝန်နှင့် သင်လုပ်ဆောင်သည့် မည်သည့်အလုပ်မဆိုသည် မည်သည့်လူတစ်ဦးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာကိစ္စများ သို့မဟုတ် ပုဂ္ဂိုလ်ရေးအလုပ် မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဆက်စပ်သကဲ့သို့ ဘုရားသခင်၏ အလုပ်၏ အစိတ်အပိုင်းတစ်ခုနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက သင့်အား အနည်းငယ် ကြီးကြပ်သည့်အခါတွင်ဖြစ်စေ၊ စောင့်ကြည့်လေ့လာသည့်အခါတွင်ဖြစ်စေ၊ သင့်ကို နက်ရှိုင်းသောအဆင့်၌ နားလည်ရန် ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ သင်နှင့် ရင်းရင်းနှီးနှီး ပြောဆိုရန်နှင့် ဤအချိန်အတွင်း သင်၏ အခြေအနေ မည်သို့ရှိသည်ကို သိရှိရန် ကြိုးစားသည့်အခါတွင်ဖြစ်စေ၊ တစ်ခါတစ်ရံ ၎င်းတို့၏ သဘောထား အနည်းငယ် ပို၍ ပြင်းထန်ပြီး ၎င်းတို့က သင့်ကို အနည်းငယ် ပြုပြင်ခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ ပြုသည့်အခါတွင်ပင်ဖြစ်စေ ဤအရာအားလုံးမှာ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အပေါ်တွင် အသိစိတ်ရှိပြီး တာဝန်သိသော သဘောထားတစ်ခု ရှိသောကြောင့် ဖြစ်သည်။ သင်သည် ဤအရာအပေါ် အပျက်သဘောဆောင်သော အတွေးအခေါ်တစ်ခုမျှ မရှိသင့်သည့်အပြင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြင့် သင် မတုံ့ပြန်သင့်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)) ကျွန်မတို့က ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေပေမဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက မပြောင်းလဲသေးဘူးဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့ရဲ့ တာဝန်တွေကို ခဏခဏ ဝတ်ကျေတမ်းကျေ လုပ်ပြီး ကိုယ့်သဘောဆန္ဒအတိုင်း ကိစ္စတွေကို လုပ်ကြတယ်။ အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ဆောင်ဖို့၊ ပြဿနာတွေကို အချိန်မီ ရှာဖွေဖြေရှင်းဖို့က ခေါင်းဆောင်တွေရဲ့ တာဝန်ပဲ။ ပြီးတော့ ဒါက အသင်းတော်ရဲ့အလုပ်ကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်အတွက်ချည်းပါပဲ။ ကျွန်မက ကိုယ့်တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်ပြီး အာရုံမစိုက်ခဲ့ဘူး။ ခေါင်းဆောင်တွေက ကျွန်မတို့ရဲ့အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ဆောင်ပေးတယ်၊ ကျွန်မတို့ရဲ့သွေဖည်မှုတွေကို အကျဉ်းချုပ်ခိုင်းပြီး သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကိုယ့်တာဝန်တွေကို ထမ်းဆောင်ခိုင်းတယ်။ ဒါက ကျွန်မတို့ရဲ့ တာဝန်တွေအတွက် အကျိုးရှိတယ်။ ဒါပေမဲ့ ကျွန်မက ဒါကို မှန်မှန်ကန်ကန် သဘောထားပြုမူနိုင်တာမျိုး မရှိဘဲ သတိထားရှောင်မြဲ ရှောင်နေခဲ့တယ်။ ခေါင်းဆောင်တွေက ကျွန်မရဲ့ အလုပ်ကို စစ်ဆေးတော့ ကျွန်မရဲ့ပြဿနာတွေကို ရှာပြီး ကျွန်မကို ဖြုတ်ချဖို့ ရည်ရွယ်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ကိုယ့်ရဲ့ဂုဏ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဉာဏ်များဖို့ပဲ စဉ်းစားခဲ့တယ်။ လက်တွေ့အလုပ် ကျွန်မ မလုပ်ခဲ့တာကို ဖုံးဖိဖို့အတွက် ကြိုးပမ်းတဲ့အနေနဲ့ ကိုယ်လုပ်ခဲ့တဲ့အလုပ်ကိုပဲ ဖော်ပြချင်ပြီး ကိုယ်မလုပ်ခဲ့တဲ့အရာကိုတော့ နည်းနည်းပဲရေးချင်ခဲ့တယ်။ ကျွန်မက တကယ်ကို လှည့်စားတတ်တာပဲ။ ဒီလိုလုပ်လို့မဖြစ်ဘူး။ ကျွန်မတာဝန်တွေထဲက ဘယ်အပိုင်းတွေကို လက်ရှိမှာ ကျွန်မ ကိုင်တွယ်နိုင်ပြီလဲ၊ ဘယ်အပိုင်းတွေကို ကျွန်မ နားမလည်သေးဘူးလဲ ဒါမှမဟုတ် နောက်ဆက်တွဲ မလုပ်ဆောင်ရသေးဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ရမယ်။ တကယ့် အခြေအနေကို အခြေခံပြီး ခေါင်းဆောင်တွေဆီ ကျွန်မ တုံ့ပြန်ချက်ပေးဖို့ လိုတယ်။ ဒါမှ ခေါင်းဆောင်တွေက ကျွန်မတို့ရဲ့ သွေဖည်တာတွေအတွက် မိတ်သဟာယနဲ့ လမ်းညွှန်မှု ပေးနိုင်ကြမှာလေ။ ဒါက ကျွန်မရဲ့တာဝန်တွေမှာ ကျွန်မကို ထောက်ကူမှာပဲ။ ဒါနဲ့ ကျွန်မတို့ရဲ့ နောက်ဆက်တွဲလုပ်ဆောင်တဲ့အလုပ် အခြေအနေကို ရိုးရိုးသားသား သတင်းပို့ခဲ့ပြီး နောက်ဆက်တွဲမလုပ်ဆောင်ရသေးတဲ့ အလုပ်တွေအတွက် ကျွန်မတို့ရဲ့ အစီအစဉ်တွေကိုလည်း ရှင်းပြခဲ့တယ်။ အဲဒီနောက် အရင်က ကျွန်မ နောက်ဆက်တွဲ မလုပ်ဆောင်ခဲ့တဲ့ အလုပ်ရဲ့ အသေးစိတ်တွေကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ဆောင်ဖို့ အာရုံစိုက်ခဲ့တယ်။ မိတ်သဟာယဖွဲ့တော့ ညီအစ်ကိုမောင်နှမတချို့ကလည်း သူတို့တာဝန်တွေမှာရှိတဲ့ သူတို့ရဲ့ သွေဖည်မှုတွေနဲ့ ချို့ယွင်းချက်တွေကို ဆင်ခြင်သုံးသပ်ပြီး ပြောင်းလဲဖို့နဲ့ ဝင်ရောက်ဖို့ လိုလားလာကြတယ်။ ခေါင်းဆောင်တွေက အလုပ်ကို နောက်ဆက်တွဲလုပ်ဆောင်ပြီး စစ်ဆေးခြင်းကတစ်ဆင့် ကျွန်မရဲ့ကိုယ်ပိုင်ပြဿနာတချို့ကို ကျွန်မ ရှာဖွေတွေ့ရှိခဲ့တယ်။ ကိုယ့်တာဝန်တွေအတွက် လမ်းညွှန်ချက်နဲ့ ပန်းတိုင်တချို့ ရရှိခဲ့ပြီး တာဝန်ထမ်းဆောင်ရာမှာ ကျွန်မရဲ့ စွမ်းဆောင်ရည်လည်း တိုးတက်လာခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့ပြီး ခေါင်းဆောင်တွေ ကိုယ့်အလုပ်ကို ကြီးကြပ်မှာကို ကြောက်တဲ့စိတ်နဲ့ပတ်သက်ပြီး နားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်တို့သည် ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်လျှင်၊ ဘုရားအိမ်တော်က သင်တို့၏အလုပ်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းပြီး ကြီးကြပ်သည်ကို သင်တို့ ကြောက်သလော။ ဘုရားအိမ်တော်သည် သင်တို့၏အလုပ်၌ အားနည်းချက်များနှင့် လမ်းလွဲခြင်းများကို ရှာဖွေတွေ့ရှိပြီး သင်တို့အား ပြုပြင်မည်ကို သင်တို့ ကြောက်သလော။ အထက်က သင်တို့၏ စစ်မှန်သော အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့ကို သိကျွမ်းသွားပြီးသည့်နောက် ၎င်းတို့သည် သင်တို့ကို ကွဲပြားသည့် အမြင်ဖြင့် မြင်ကာ သင်တို့ကို ရာထူးတိုးခြင်းအတွက် မစဉ်းစားမည်ကို ကြောက်သလော။ သင့်တွင် ဤကြောက်ရွံ့မှုများရှိလျှင် သင်၏ စိတ်အရင်းခံ အကြောင်းများသည် အသင်းတော်အလုပ်အတွက် မဟုတ်သည်ကို သက်သေပြသည်။ သင်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် အလုပ်လုပ်နေခြင်းဖြစ်သည်။ ဤသည်မှာ သင့်တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို သက်သေပြသည်။ သင်သည် အန္တိခရစ်၏ စိတ်သဘောထားရှိလျှင် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နိုင်ခြေ ရှိသည်။ အန္တိခရစ်များက ဖြစ်ပေါ်စေသည့် မကောင်းမှုအားလုံးကို ကျူးလွန်တတ်သည်။ သင်၏ စိတ်နှလုံးတွင် သင်၏အလုပ်ကို ကြီးကြပ်နေသော ဘုရားအိမ်တော်ကို ကြောက်ရွံ့ခြင်းမရှိလျှင်၊ အထက်မှ မေးခွန်းများ၊ စုံစမ်းမှုများအပေါ် စစ်မှန်သော အဖြေများကို ပံ့ပိုးပေးနိုင်လျှင်၊ မည်သည့်အရာကိုမျှ မဖုံးကွယ်ထားဘဲ သင်သိသမျှပြောနိုင်လျှင်၊ သင်ပြောသည့်အရာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးခြင်းက မည်သို့ဖြစ်စေ၊ သင်က အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားကို ထုတ်ဖော်ပြသည်ဆိုလျှင်ပင် သင်က အန္တိခရစ်တစ်ယောက်အဖြစ် လုံးဝ စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း ခံရမည် မဟုတ်ပေ။ အဓိကအချက်သည် သင်က သင်ကိုယ်တိုင်၏ အန္တိခရစ်စိတ်သဘောထားကို သိနိုင်ခြင်းရှိမရှိ၊ ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိပင်ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်သူဖြစ်လျှင် သင်၏ အန္တိခရစ်စိတ်သဘောထားကို ပြင်နိုင်သည်။ သင်က အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို ကောင်းစွာသိသည့်တိုင် ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေလျှင်၊ ဖြစ်ပေါ်လာသော ပြဿနာများကို ဖုံးကွယ်ဖို့ပင်ဖြစ်စေ၊ လိမ်ညာဖို့ပင်ဖြစ်စေ၊ တာဝန်ကို ခေါင်းရှောင်ဖို့ပင်ဖြစ်စေ ကြိုးစားလျှင်၊ ပြီးလျှင် ပြုပြင်ခြင်းကို ခံရသောအခါ သမ္မာတရားကို လက်မခံလျှင် ဤသည်မှာ ကြီးလေးသော ပြဿနာတစ်ခုဖြစ်သည်။ သင်က အန္တိခရစ်နှင့် မခြားနားပေ။ သင်က အန္တိခရစ် စိတ်သဘောထားရှိသည်ကို သိလျက် အဘယ်ကြောင့် ယင်းကို ရင်မဆိုင်ရဲသနည်း။ သင်သည် ယင်းကို အဘယ်ကြောင့် ပွင့်လင်းစွာ ချဉ်းကပ်၍ ‘အထက်က ကျွန်ုပ်၏ အလုပ်အကြောင်း မေးမြန်းပါက၊ ကျွန်ုပ်သိသမျှကို ပြောမည်။ ပြီးလျှင် ကျွန်ုပ်ပြုခဲ့သည့် ဆိုးသောအရာများထင်ရှားလာကာ၊ ၎င်းတို့သိသွားသည်နှင့် တစ်ပြိုင်နက် အထက်က ကျွန်ုပ်ကို မသုံးတော့ဘဲ ကျွန်ုပ်၏ ဂုဏ်အဆင့်အတန်း ဆုံးရှုံးရပါက ကျွန်ုပ်ပြောစရာရှိသည့်အရာကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း ပြောဦးမည်’ဟု မပြောနိုင်ရသနည်း။ သင်၏အလုပ်ကို ဘုရားအိမ်တော်က ကြီးကြပ်ပြီး မေးခွန်းထုတ်မည်ကို ကြောက်ခြင်းက သင်သည် သမ္မာတရားထက် သင်၏ ဂုဏ်အဆင့်အတန်းကို သင်ပို၍ တန်ဖိုးထားကြောင်း သက်သေပြလေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ အရာအားလုံးထက် ဂုဏ်အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂)) လူတွေက သူတို့ရဲ့ အားနည်းချက်တွေနဲ့ ပြဿနာတွေ ဖော်ထုတ်ခံရမှာကို ကြောက်လို့ အထက်က ကြီးကြပ်တာကို လက်ခံဖို့ ငြင်းကြပြီး ပြီးတော့ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ပြဿနာတွေကိုတောင် ဖုံးကွယ်တယ်၊ အားနည်းချက်တွေကို ဖုံးဖိပြီး ဘုရားရဲ့အိမ်တော်ကို လှည့်စားဖို့ ကြိုးစားကြတယ်လို့ ဘုရားက ပြောတယ်။ ဒါက အန္တိခရစ် စိတ်သဘောထားကို ဖော်ပြတာပဲ။ ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုနဲ့ နောက်ဆက်တွဲလုပ်ဆောင်မှုအပေါ် ကျွန်မ သတိထားဆက်ဆံတာဟာ ကိုယ့်ရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အလွန်အကျွံ အလေးထားတာကြောင့် ဖြစ်ရတာပဲဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့ရတယ်။ ကျွန်မ တကယ် အလုပ်မလုပ်ခဲ့သလို ကိုယ့်ရဲ့တာဝန်တွေမှာ ဝန်တာစိတ်မရှိတာကို ခေါင်းဆောင်တွေ သိသွားခဲ့ရင် ကျွန်မကို ဖြုတ်ချမှာ ကျွန်မ စိုးရိမ်ခဲ့ပြီး ကျွန်မအပေါ် ညီအစ်ကို မောင်နှမတွေ ဘာများထင်ကြမလဲဆိုတာကို စိုးရိမ်ခဲ့တယ်။ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မ လက်တွေ့အလုပ် မလုပ်ခဲ့တဲ့ အချက်ကို ဖုံးဖိဖို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး ဒီကိစ္စကို ဖုံးဖိဖို့အတွက် အလိမ်အညာတွေနဲ့ လှည့်စားတာကို သုံးဖို့တောင် စဉ်းစားခဲ့တယ်။ အားလုံးက ခေါင်းဆောင်တွေရဲ့အမြင်မှာ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့အတွက်ပဲ။ ရိုးသားတဲ့လူတွေက ဘယ်လောက် ရိုးရှင်းပြီး ပွင့်လင်းနိုင်လဲ၊ သူတို့တာဝန်မှာ ဘယ်လို သွေဖည်မှုတွေ၊ အားနည်းချက်တွေပဲရှိရှိ အမှန်အတိုင်း ထုတ်ဖော်ပြောဆိုနိုင်ပြီး ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုကို လက်ခံတယ်၊ ခေါင်းဆောင်တွေက သူတို့ပြဿနာတွေကို သိသွားပြီး သူတို့ကို ပြုပြင်ခဲ့ရင်တောင်မှ အသင်းတော်အလုပ်က ချောချောမွေ့မွေ့ တိုးတက်နေနိုင်သရွေ့ သူတို့အတွက် ဘာပြဿနာမှမရှိဘူးဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ဒါပေမဲ့ ကျွန်မကတော့ အသင်းတော်အလုပ်ကို စဉ်းစားနေတာမဟုတ်ဘူး။ ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အလေးထားနေခဲ့တာ။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ကျွန်မ အလုပ်ကို ရိုးရိုးသားသားမတင်ပြခဲ့ဘူး၊ ခေါင်းဆောင်တွေကို အမှန်အတိုင်းမပြောခဲ့ဘူး၊ လောလောဆယ်မှာ ဖြုတ်ချမခံရဘဲ သူတို့ကို လှည့်စားလို့ရနိုင်ခဲ့ရင်တောင် ဘုရားသခင်က လူတွေရဲ့ အတွင်းစိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးတယ်၊ ဘယ်သူမှ ဘုရားသခင်ကို လှည့်စားလို့မရဘူး၊ ပြီးတော့ လူတွေ လျှို့ဝှက်လုပ်ဆောင်တဲ့အရာတွေဟာ တစ်ချိန်ချိန်မှာ မလွဲမသွေ ထုတ်ဖော်ခံရမှာပဲ။ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သတင်းကောင်းကိုပဲတင်ပြပြီး သတင်းဆိုးကို ဘယ်တော့မှမပြောတဲ့၊ သူတို့တာဝန်မှာရှိတဲ့ သွေဖည်မှုတွေနဲ့ ပြဿနာတွေကို ဘယ်တော့မှထုတ်မပြောဘဲ လိမ်လည်လှည့်စားပြီး အလုပ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ အန္တိခရစ်တွေလိုပေါ့။ နောက်ဆုံးမှာ သူတို့ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရတယ်။ ကျွန်မက သက်သောင့်သက်သာဖြစ်တာကို မွေ့လျော်ခံစားတဲ့ အခြေအနေမှာ အသက်ရှင်နေခဲ့ပြီး ကိုယ့်တာဝန်တွေမှာ ဒုက္ခခံဖို့၊ အဖိုးအခပေးဖို့ စိတ်မပါဘဲ အပေါ်ယံ ဟန်ပြအလုပ်တွေပဲ လုပ်နေခဲ့တာက အလုပ်ကို နှောင့်နှေးစေခဲ့တယ်။ ကိုယ့်တာဝန်တွေရဲ့ တကယ့် အခြေအနေကို ခေါင်းဆောင်တွေဆီ သတင်းပို့ခဲ့သင့်တယ်။ ဒါပေမဲ့ ကိုယ့်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကျွန်မ လိမ်ညာလှည့်စားချင်ခဲ့တယ်။ ကျွန်မက တကယ်ကို လှည့်စားတတ်တာပဲ။ ကျွန်မ နောင်တရပြီး မပြောင်းလဲဘူးဆိုရင် နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။

အဲဒီနောက်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။ အကယ်၍ လူတစ်ဦးသည် ဤမှန်ကန်သော သဘောထားမရှိဘဲ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် လုံးဝ ရောထွေးနေပါက၊ စဉ်းလဲသောအကြံအစည်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြင့် ပြည့်နေပြီး ပြဿနာများ တက်လာသောအခါ ဟန်ဆောင်ခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် မိမိ၏လုပ်ရပ်များကို ဝန်ခံပြုဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းတို့ကို ကျင့်သုံးပါက ထိုကဲ့သို့သောလူတစ်ယောက်ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ လုံးလုံး ထုတ်ဖော်ခံလိုက်ရသည်။ မမှန်ကန်သောလူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသော သူတို့သည် အနှစ်သာရအားဖြင့် မယုံကြည်သူများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့သာဖြစ်နိုင်တော့သည်။...ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဖြုတ်ချခံရမှာကို ကျွန်မ ဘာလို့ ကြောက်ခဲ့ရတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်ခဲ့တယ်။ အဲဒါဘာလို့လဲဆိုတော့ ကျွန်မက ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်ခဲ့လို့ပဲ။ ဘုရားသခင်ရဲ့ အိမ်တော်ကို သမ္မာတရားက အုပ်စိုးတယ်။ ဘုရားသခင်က လူတွေကို ကိစ္စတစ်ခုတည်းမှာရှိတဲ့ သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာပဲ အခြေခံပြီး တရားစီရင်တာမဟုတ်ဘဲ အဲဒါထက် သမ္မာတရားအပေါ် သူတို့ရဲ့ တစ်သမတ်တည်းရှိတဲ့ သဘောထား၊ သူတို့လျှောက်လှမ်းတဲ့ လမ်းကြောင်းနဲ့ အမှားတွေ လုပ်မိတဲ့အခါ သူတို့မှာ စစ်မှန်တဲ့ နောင်တရှိမရှိဆိုတာတွေကို စဉ်းစားတယ်။ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုယ်မုန်းတီးနိုင်ပြီး နောင်တရဖို့ လိုလားရင် ဘုရားသခင်ရဲ့ အိမ်တော်က နောင်တရဖို့ အခွင့်အရေးတွေ ပေးနေတုန်းပဲ။ ကျွန်မက တကယ့် အလုပ်ကို မလုပ်ခဲ့သလို ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖုံးဖိဖို့ လှည့်စားချင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို သုံးသပ်ပြီး သိတဲ့အပြင် ပြောင်းလဲဖို့ လိုလားတဲ့အခါမှာ ဘုရားသခင်ရဲ့ အိမ်တော်က ကျွန်မကို နောင်တရဖို့ အခွင့်အရေးပေးနေတုန်းပဲ၊ ခေါင်းဆောင်တွေကလည်း ကျွန်မကို ဖြုတ်ချမယ်လို့ မပြောခဲ့ဘူး။ ပြောင်းပြန်အနေနဲ့ လူတစ်ယောက်က သမ္မာတရားကို လုံးဝမလိုက်စားတဲ့အပြင် နောင်တမရဘဲ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရင် သူတို့ဟာ နောက်ဆုံးမှာ သူတို့ရဲ့တာဝန်တွေ ထမ်းဆောင်ခွင့်ကို ဆုံးရှုံးသွားမှာပဲ။ ကျွန်မသိတဲ့ ညီအစ်ကိုတစ်ယောက်လိုပေါ့။ သူက သူ့တာဝန်တွေကို ဝတ်ကျေတမ်းကျေလုပ်တယ်၊ ပေါ့ဆတယ်၊ ပြီးတော့ ကိုယ့်သဘောဆန္ဒအတိုင်း တာဝန်ထမ်းဆောင်တတ်တယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက သူ့ကို အကြိမ်အတော်များများ မိတ်သဟာယပြုပြီး ကူညီခဲ့တယ်။ သူကလည်း ကောင်းကောင်းကတိပေးပြီး နောင်တရလိုပါတယ်လို့ ပြောပေမဲ့ သူ့တာဝန်တွေကို အဲဒီအတိုင်း ဆက်လုပ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ ဖြုတ်ချခံလိုက်ရတယ်။ ညီအစ်ကိုမောင်နှမတချို့ကလည်း သူတို့ရဲ့တာဝန်ထမ်းဆောင်နေတုန်း သွေဖည်မှုတွေ ရှိနိုင်တယ်၊ ဒါပေမဲ့ ခေါင်းဆောင်တွေက ပြဿနာတွေကို ထောက်ပြတဲ့အခါ သူတို့က လက်ခံနိုင်တယ်၊ သမ္မာတရားကို ရှာဖွေတယ်၊ ပြီးတော့ ဒီပြဿနာတွေကို ပြုပြင်ဖို့နဲ့ ဖြေရှင်းဖို့ သတိရှိရှိနဲ့ လုပ်ကြတယ်။ ဒီလူတွေကတော့ ဖြုတ်ချမခံရဘူး။ အမှားလုပ်မိတာက ကြောက်စရာမကောင်းပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားထဲမှာ အသက်ရှင်ပြီး ဘယ်တော့မှ နောင်တမရတာကသာ တကယ်ကြောက်စရာကောင်းတယ်ဆိုတာ ကျွန်မ မြင်ခဲ့တယ်။ ရိုးသားတဲ့လူတွေဟာ ဘယ်လို ရိုးရှင်းပြီး ပွင့်လင်းတယ်၊ သမ္မာတရားကို ဘယ်လို လက်ခံတယ်ဆိုတာနဲ့ ဘုရားသခင် စီစဉ်တဲ့ အခြေအနေတွေမှာ ဘယ်လို ကျိုးနွံနာခံပြီး သင်ခန်းစာယူနိုင်တဲ့အပြင် အဲဒီလိုနဲ့ ဘယ်လို အကျိုးတွေရပြီး ကြီးထွားရင့်ကျက်ကြတယ်ဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ အဲဒီနောက် ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကြည့်ပြီး ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မမှာ ရိုးရှင်းပြီး ကျိုးနွံနာခံတဲ့ စိတ်နှလုံးရှိရမယ့်အစား မယုံသင်္ကာဖြစ်တာတွေ၊ သံသယတွေနဲ့ ပြည့်ပြီး ကိုယ်ပိုင်ကောက်ကျစ်တဲ့ နည်းလမ်းတွေ ရှိနေတဲ့အပြင် ဒါက သမ္မာတရားရဖို့ ကျွန်မအတွက် အရမ်းခက်သွားစေတယ်ဆိုတာကို ကျွန်မ မြင်ရတယ်။

နောက်ပိုင်းမှာ ဒီအချိန်အတောအတွင်း ကျွန်မရဲ့ တာဝန်တွေမှာရှိခဲ့တဲ့ ပြဿနာတွေကို ပြန်လည်သုံးသပ်ဖို့ ကျွန်မ ကြိုးစားခဲ့ပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “မိမိ၏ တာဝန်ထမ်းဆောင်ခြင်းအပေါ် စိတ်နှစ်မြှုပ်ရန် သင်ယူရမည်။ အသိတရားရှိသော သူတစ်ယောက်သည် ဤအရာကို ဖြစ်မြောက်နိုင်သည်။ လူတစ်ယောက်သည် သူ၏ တာဝန်ထမ်းဆောင်ခြင်း၌ လုံးဝ စိတ်နှစ်လုပ်ဆောင်ခြင်းမရှိလျှင် ထိုသူသည် အသိတရားမရှိဟု အဓိပ္ပာယ်ရသည်။ အသိတရား မရှိသူတို့သည် သမ္မာတရားကို မရရှိနိုင်ပေ။ သမ္မာတရားကို ၎င်းတို့မရရှိနိုင်ဟု အဘယ်ကြောင့်ဆိုရသနည်း။ ဘုရားသခင်ကို မည်သို့ဆုတောင်းပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအပေါ် အလေးထားမှုကို မည်သို့ ပြသရမည်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဆင်ခြင်ခြင်းတွင် မည်သို့ စိတ်နှစ်ရမည်ကိုလည်းကောင်း မသိကြသကဲ့သို့ သမ္မာတရားကို မည်သို့ ရှာဖွေရမည်ကိုလည်းကောင်း၊ ဘုရားသခင် တောင်းဆိုချက်များနှင့် လိုအင်ဆန္ဒများကို နားလည်ဖို့ မည်သို့ရှာဖွေရမည်ကိုလည်းကောင်း မသိကြပေ။ ဤသည်မှာ သမ္မာတရားကို မရှာဖွေနိုင်ခြင်း ဟူသည့်အရာ ဖြစ်သည်။ သင်တို့အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ သို့မဟုတ် မည်သည့်တာဝန်မျိုးကို ထမ်းဆောင်ရပါစေ ဘုရားသခင်ရှေ့တွင် သင်တို့ကိုယ်သင်တို့ မကြာခဏ ငြိမ်သက်ခြင်းရှိနိုင်သော၊ ဘုရားနှုတ်ကပတ်တော်များကို အသေးစိတ် စဉ်းစားတွေးတောခြင်း၊ သမ္မာတရားကို ရှာဖွေခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ထိုတာဝန်ကို မည်သို့ ထမ်းဆောင်ရမည်ကိုလည်းကောင်း၊ ထိုတာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ရန်အတွက် မည်သည့်သမ္မာတရားများကို ပိုင်ဆိုင်သင့်သည် ဆိုသည်ကိုလည်းကောင်း ဆင်ခြင်စဉ်းစားခြင်းတွင် စိတ်နှစ်မြှုပ်ထားနိုင်သော အခြေအနေများကို သင်တို့ တွေ့ကြုံကြသလော။ ဤနည်းဖြင့် သမ္မာတရားကို သင်ရှာဖွေသည့် အကြိမ်များစွာ ရှိသလော။ (မရှိပါ။) သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိခြင်းနှင့် တာဝန် ယူနိုင်ခြင်းသည် သင့်အနေဖြင့် ဆင်းရဲဒုက္ခခံစားပြီး အဖိုးအခတစ်ခု ပေးဆပ်ဖို့ လိုအပ်ပေသည်။ ဤအရာများနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း သက်သက်သည် မလုံလောက်ပေ။ သင်၏တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို မထားရှိဘဲ ယင်းအစား အစဉ်သဖြင့် အားစိုက်ထုတ်မှုကို အသုံးပြုလိုပါက သင်၏ တာဝန်သည် သေချာပေါက် ကောင်းကောင်းမွန်မွန် ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ သင်သည် ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြလိမ့်မည်ဖြစ်ပြီး ထိုထက် ပိုလိမ့်မည်မဟုတ်ဘဲ သင်၏ တာဝန်ကို သင် ကောင်းကောင်း လုပ်ဆောင်ပြီးခြင်း ရှိမရှိကို သင် သိရှိလိမ့်မည် မဟုတ်ပေ။ သင်၏ တာဝန်ထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိပါက သင်သည် သမ္မာတရားကို တဖြည်းဖြည်း သိနားလည်လာလိမ့်မည်။ သင် မထားရှိပါက သိနားလည်လိမ့်မည်မဟုတ်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်းထဲသို့ သင်၏ စိတ်နှလုံးကို ထားရှိသည့်အခါတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်လာလိမ့်မည်၊ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ချို့ယွင်းချက်တို့ကို တွေ့ရှိနိုင်လိမ့်မည် ဖြစ်ပြီး သင်၏ အခြေအနေမျိုးစုံကို ကိုင်တွယ်နိုင်လိမ့်မည် ဖြစ်သည်။ သင် အာရုံစိုက်သည့် တစ်ခုတည်းသောအရာမှာ အားထုတ်မှုကို အသုံးပြုရန်ဖြစ်သောအခါ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရန် စိတ်မနှစ်သောအခါတွင် သင်၏ စိတ်နှလုံးမှ တကယ့်အခြေအနေများ၊ မတူညီသော ပတ်ဝန်းကျင်များတွင် သင့်၌ရှိသော ဖောက်ပြန်ပျက်စီးမှု၏ အမျိုးစုံသော တုံ့ပြန်မှုများနှင့် ထုတ်ဖော်ခြင်းများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။ ပြဿနာများ ပြေလည်မသွားသောအခါ အကျိုးဆက်များက မည်သည့်အရာများ ဖြစ်မည်ကို သင် မသိလျှင် သင်သည် များစွာ ဒုက္ခရောက်ပြီဖြစ်သည်။ သို့ဖြစ်၍ နားဝေတိမ်တောင် နည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်ရှေ့၌ သင် အသက်ရှင်ရမည်။ သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ သမ္မာတရားကို အစဉ်ရှာဖွေရမည်။ ပြီးလျှင် သမ္မာတရားကို ရှာဖွေစဉ်တွင် သင့်ကိုယ်သင်လည်း ဆင်ခြင်သုံးသပ်ပြီး သင်၏ အခြေအနေတွင် မည်သည့်ပြဿနာများရှိသည်ကို သိရမည်။ ပြီးလျှင် ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို ချက်ချင်းရှာဖွေရမည်။ ဤနည်းအားဖြင့်သာ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်ပြီး အသင်းတော်အလုပ်ကို နှောင့်နှေးစေခြင်းအား ရှောင်ကြဉ်နိုင်မည်။ အရေးကြီးဆုံးအရာမှာ သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည်သာမက သင့်တွင် အသက်ဝင်ရောက်မှုလည်းရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းနိုင်မည်လည်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ သင် ဝင်ရောက်နိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ရိုးသားသောသူလူတစ်ဦးဖြစ်ခြင်းကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) တာဝန်သိတဲ့လူတွေဟာ သူတို့တာဝန်တွေမှာ စိတ်နှလုံးကို နှစ်မြှုပ်နိုင်ပြီး အလုပ်တိုင်းကို လုံ့လဝီရိယရှိရှိ၊ တာဝန်သိတဲ့ သဘောထားနဲ့ လုပ်ဆောင်ကြတယ်၊ တာဝန်သိစိတ်မရှိတဲ့လူကတော့ ကိုယ့်တာဝန်တွေကို စိတ်မပါ့တပါ၊ ဟန်ဆောင်လုပ်ပြရုံလုပ်ပြရင်းနဲ့ ထမ်းဆောင်ကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ နားလည်ခဲ့ရတယ်။ သူတို့ဟာ တာဝန်တွေမှာ ဒုက္ခခံဖို့၊ အဖိုးအခပေးဖို့ စိတ်မပါဘူး၊ နောက်ဆုံးမှာ သူတို့ဟာ အသက်ဝင်ရောက်မှု မရနိုင်ရုံတင်မကဘဲ အသင်းတော်ရဲ့အလုပ်ကိုပါ နှောင့်နှေးစေတယ်။ ကိုယ့်တာဝန်အပေါ်ထားတဲ့ ကျွန်မရဲ့ သဘောထားက ဘုရားသခင် ဖော်ထုတ်ထားတဲ့အတိုင်း အတိအကျဖြစ်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နက်နက်နဲနဲ စဉ်းစားသုံးသပ်ဖို့နဲ့ ဖြေရှင်းနည်းရှာဖို့ သမ္မာတရားကို ရှာဖွေဖို့ လိုအပ်တယ်၊ ဒါက အရမ်းဒုက္ခများပြီး အားထုတ်ရတယ်လို့ ထင်တဲ့အတွက် ကျွန်မ အဖိုးအခ မပေးချင်ခဲ့ဘူး၊ ပြီးတော့ တိုးတက်မှုနဲ့ပတ်သက်လို့ အပေါ်ယံ နောက်ဆက်တွဲလုပ်ပြီး ရိုးရှင်းတဲ့ အလုပ်တချို့ကို လုပ်တာနဲ့ပဲ ကျေနပ်နေခဲ့တဲ့အပြင် ပြဿနာတွေ ကြုံတဲ့အခါ သေချာမစဉ်းစားချင်ဘူး၊ ဖြေရှင်းချက်တွေ မရှာချင်ခဲ့တဲ့အပြင် ကိုယ့်ရဲ့ သွေဖည်မှုတွေ၊ အားနည်းချက်တွေကိုလည်း အကျဉ်းချုပ်မသုံးသပ်ခဲ့ဘူး။ အဲဒါက အလုပ်မှာ နှောင့်နှေးတာတွေ ဖြစ်စေခဲ့တယ်။ ကျွန်မက “ဘဝသည် တိုတောင်း၏၊ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ” ဆိုတာနဲ့ “ကိုယ့်ကိုယ်ကိုယ် ကြင်နာတတ်အောင်သင်ပါ” ဆိုတဲ့ စာတန်ဆန်တဲ့ အဆိပ်အတောက်တွေအတိုင်း အသက်ရှင်နေခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုမှာ မွေ့လျော်ခံစားတာကို သိပ်အရေးကြီးတဲ့အရာအနေနဲ့ ကျွန်မ မှတ်ယူခဲ့ပြီး ကျွန်မလုပ်သမျှအရာရာမှာ ဒါက ကျွန်မကို ရုပ်ပိုင်းဆိုင်ရာ ဒုက္ခခံရစေမလား၊ ပင်ပန်းစေမလားဆိုတာကို အရင်ဆုံး စဉ်းစားခဲ့တယ်။ ကိုယ့်တာဝန်တွေနဲ့ ဝတ္တရားတွေ၊ ဒါမှမဟုတ် အသင်းတော်ရဲ့အလုပ်ကို ထည့်မစဉ်းစားဘဲ ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေ အမြဲ ထမ်းဆောင်ခဲ့တယ်။ နေ့တိုင်း ကိုယ့်တာဝန်တွေကို တွေဝေပြီး နားဝေတိမ်တောင်ဖြစ်တဲ့ပုံစံနဲ့ ထမ်းဆောင်ခဲ့တယ်၊ ရိုးသားစစ်မှန်တဲ့ ဆက်ကပ်မှုရှိဖို့ နေနေသာသာ လိုအပ်တဲ့ အားထုတ်မှုတောင် မစိုက်ထုတ်နိုင်ခဲ့ဘူး။ ဘုရားသခင်က ကျွန်မရဲ့ အားနည်းချက်တွေကို သိပြီး ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ဖို့ ခေါင်းဆောင်တွေရဲ့ ကြီးကြပ်မှုကို သုံးခဲ့တယ်။ ကျွန်မရဲ့ တာဝန်တွေမှာ ဝတ်ကျေတမ်းကျေလုပ်ပြီး သက်သောင့်သက်သာဖြစ်တာကို မွေ့လျော်ခံစားနေတဲ့ အခြေအနေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေစေခဲ့တယ်၊ ဒါမှ ကျွန်မက တာဝန်တွေမှာ တာဝန်သိစိတ်ရှိနိုင်ပြီး အသေးစိတ်ကို အာရုံစိုက်နိုင်မှာပေါ့။ ဒီအထဲမှာ ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့တယ်၊ ပြီးတော့ ဒါဟာ ကျွန်မအတွက် ကိုယ်တော်ရဲ့ ကယ်တင်ခြင်းပဲ။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီးတော့ ခေါင်းဆောင်တွေ ကြီးကြပ်တဲ့အလုပ်ရဲ့ အရေးပါမှုကို ကျွန်မ နည်းနည်းပိုနားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခြားသူများ၏ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းတို့ကို လက်ခံနိုင်သည့် သူများသည် ဆင်ခြင်တုံတရား အရှိဆုံး ဖြစ်ကြသည်။ ၎င်းတို့၌ သည်းခံခြင်းနှင့် ပုံမှန်လူ့သဘာဝ ရှိလေသည်။ သင်သည် မှားသည့်အရာတစ်ခုခု ပြုလုပ်နေသည်၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ချက် ရှိသည်ကို သင်သိရသည့်အခါ၊ လူများနှင့် သင် ဖွင့်ပြောနိုင်ပြီး ဆွေးနွေးပြောဆိုနိုင်ပါက၊ ဤအရာက သင့်အနီးအနားရှိလူများကို သင့်အား စောင့်ကြည့်ဖို့ ကူညီပေးလိမ့်မည် ဖြစ်သည်။ ကြီးကြပ်မှုကို လက်ခံဖို့ သေချာပေါက် လိုအပ်‌သော်လည်း အဓိကအချက်မှာ မိမိကိုယ်ကိုယ် အစဉ်မပြတ် ဆန်းစစ်လျက် ဘုရားသခင်ထံ ဆုတောင်းဖို့နှင့် သူ့အပေါ် မှီခိုကိုးစားဖို့ဖြစ်သည်။ အထူးသဖြင့် မှားယွင်းသောလမ်းကို သင်လျှောက်ပြီးဖြစ်သည့်အခါ၊ သို့မဟုတ် တစ်စုံတစ်ခုကို မမှန်မကန်ပြုပြီးသည့်အခါ၊ သို့မဟုတ် သင်သည် မိမိသဘောအတိုင်း လုပ်ဆောင်တော့မည် သို့မဟုတ် တစ်စုံတစ်ခုကို ဆုံးဖြတ်တော့မည်ဖြစ်ပြီး အနီးရှိ တစ်စုံတစ်ဦးက ယင်းကို ဖော်ပြပြောဆိုပြီး သင့်ကို သတိပေးသည့်အခါ၊ ယင်းကို သင် လက်ခံဖို့ လိုအပ်ပြီး သင့်ကိုယ်သင် အမြန်ဆင်ခြင်သုံးသပ်ကာ သင်၏အမှားကို ဝန်ခံဖို့နှင့် ယင်းကို ပြုပြင်ဖို့ လိုအပ်သည်။ ဤအရာက သင့်အား အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချခြင်းမှ တားဆီးနိုင်သည်။ သင့်ကို ဤနည်းအားဖြင့် ကူညီပြီး သတိပေးသူ တစ်စုံတစ်ဦးရှိပါက သင့်ကို ယင်းက မသိလိုက်ဘဲ ကာကွယ်နေခြင်း မဟုတ်လော။ ဟုတ်သည်။ ယင်းမှာ သင် ကာကွယ်ခံရခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ပုံမှန် လူ့သဘာဝရှိတဲ့လူတစ်ယောက်က တခြားသူတွေရဲ့ ကြီးကြပ်မှုနဲ့ ဆန်းစစ်မှုကို လက်ခံနိုင်ပြီး သူတို့တာဝန်တွေမှာ အမှားတွေ သူတို့ လုပ်ခဲ့မိတာ ဒါမှမဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်မိတာကို သူတို့ သိတဲ့အခါ သူတို့ရဲ့ စိတ်နှလုံးကို ဖွင့်ဟနိုင်ပြီး မိတ်သဟာယဖွဲ့နိုင်ကြတယ်ဆိုတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ အမှန်တော့ လူတိုင်းရဲ့ ကြီးကြပ်မှုကို လက်ခံနိုင်တာက ကျွန်မတို့ကို မှားတဲ့လမ်းကြောင်း လျှောက်တာကို ရှောင်ရှားဖို့ ကူညီပေးပြီး ကျွန်မတို့ကို ကာကွယ်ပေးတဲ့အတွက် ကိုယ့်တာဝန်တွေမှာ ကျွန်မတို့အတွက် အကျိုးရှိပါတယ်။ အရင်တုန်းကတော့ ခေါင်းဆောင်တွေ ကြီးကြပ်တဲ့အလုပ်ရဲ့ အရေးပါမှုကို ကျွန်မ နားမလည်ခဲ့ဘူး၊ သတိထားရှောင်ပြီး နားလည်မှုလွဲတဲ့ အခြေအနေမှာ အမြဲအသက်ရှင်ခဲ့ပေမဲ့ အခုတော့ ဒါကို မှန်မှန်ကန်ကန် သဘောထားနိုင်ပြီ။ ခေါင်းဆောင်တွေရဲ့ ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ဆောင်တာကနေတစ်ဆင့်၊ ကျွန်မရဲ့ တာဝန်တွေမှာ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတဲ့ လမ်းညွှန်ချက်တချို့ ရခဲ့တယ်၊ ပြီးတော့ နောက်ဆက်တွဲအလုပ်ကို ပိုပြီး ပြည့်ပြည့်စုံစုံ စဉ်းစားနိုင်လာတဲ့အပြင် လက်တွေ့ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယဖွဲ့နိုင်အောင် ညီအစ်ကိုမောင်နှမတွေရဲ့ အခက်အခဲတွေနဲ့ အခြေအနေတွေကိုလည်း နားလည်ပေးနိုင်ခဲ့တယ်။ ဒီလိုမျိုး အလုပ်ကို တကယ် နောက်ဆက်တွဲလုပ်ဆောင်ပေးလိုက်တော့ ကျွန်မရဲ့ တာဝန်တွေမှာ စွမ်းဆောင်ရည် တိုးတက်လာခဲ့ပြီး အများကြီး ပိုပြီး စိတ်အေးလက်အေးဖြစ်သွားတယ်။ အခုဆိုရင် ခေါင်းဆောင်တွေ အလုပ်ကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ဆောင်မှာကို အရင်လို သိပ်ပြီး စိုးရိမ်မနေတော့ဘူး၊ ကျွန်မ မလုပ်ပြီးသေးတဲ့ အလုပ်တစ်ခုတလေအတွက် ဒါမှမဟုတ် အလုပ်တစ်ခုခုမှာရှိတဲ့ သွေဖည်မှု တစ်ခုတလေအတွက် ရိုးရိုးသားသား တင်ပြနိုင်ပြီး မှန်မှန်ကန်ကန် သဘောထားပြုမူနိုင်ပြီ။ ခေါင်းဆောင်တွေက ကျွန်မရဲ့ တာဝန်တွေမှာရှိတဲ့ သွေဖည်မှုတွေနဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့အခါ ကျွန်မ အရင်ဆုံး ကျိုးနွံနာခံတယ်၊ ဒီအရာတွေကို အသိအမှတ်ပြုတယ်၊ လက်ခံတယ်၊ ပြီးတော့ အပြောင်းအလဲလုပ်ဖို့နဲ့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ သတိရှိရှိနဲ့ ကြိုးစားတယ်။ ဒီလို လက်တွေ့လုပ်ဆောင်လာတဲ့အချိန်ကစပြီး ကျွန်မ အများကြီး စိတ်အေးလက်အေးဖြစ်သွားတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် လူတို့ကို ရှုမြင်ခြင်းသည်သာ မှန်ကန်တိကျသည်

ရှန့်ရှင်း တောင်ကိုရီးယားနိုင်ငံ ဒီနှစ် မတ်လ ရက်တစ်ရက်မှာ၊ အသင်းတော်က ကျွန်မအစ်မကို သုံးသပ်ခိုင်းဖို့ သီးခြားခွဲထားတယ်တဲ့။ ကျွန်မ...

အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံသော ယုံကြည်ခြင်း၏ အကျိုးဆက်များ

၂၀၀၄ ခုနှစ်မှာ ကိုယ်တော့်အိမ်တော်ကို ရောက်ရှိဖို့ ဘုရားသခင်က ကျွန်မကို ရွေးချယ်ခဲ့ပါတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ စည်းဝေးရင်း၊ တစ်ခါတလေ...

အန္တိခရစ်ကို ဖော်ထုတ်ခြင်းသည် ကျွန်မ၏ တာဝန်ဖြစ်သည်

လီချမ်း တရုတ်နိုင်ငံ ၂၀၂၀ခုနှစ်၊ သြဂုတ်လနောက်ပိုင်းမှာ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရပြီး ရှင်းယန်နဲ့ တွဲလုပ်ရတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။