ကျေးကျွန်ဘဝ၏ အချုပ်အနှောင်များမှ ထွက်ပြေးလွတ်မြောက်ခြင်း
ကျောက်ရွမ် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလကုန်မှာ၊ အသင်းတော်တစ်ခုက ခေါင်းဆောင်ဟာ လက်တွေ့ကျတဲ့ အလုပ်မလုပ်လို့ ဖြုတ်ချခံလိုက်ရတယ်ဆိုပြီး အထက်အဆင့် ခေါင်းဆောင်ဆီက စာတစ်စောင် ကျွန်မ ရခဲ့တယ်။ သူတို့က အစားထိုးဖို့ သင့်တော်တဲ့လူ မတွေ့သေးတာနဲ့၊ အသင်းတော်အလုပ်ကို လွှဲယူဖို့ ကျွန်မကို ယာယီ စီစဉ်လိုက်တာပေါ့။ စာဖတ်ပြီးတာနဲ့ ကျွန်မ စဉ်းစားချိန် သိပ်မရှိဘဲ အသင်းတော်ဆီ အမြန်သွားလိုက်တယ်။ ရေလောင်းတဲ့သူတချို့က ပျင်းပြီး သူတို့တာဝန်တွေမှာ အချောင်ခိုနေလို့ အစားထိုးဖို့ လိုတယ်ဆိုတာနဲ့၊ လူသစ် အတော်များများက အပျက်သဘောဆောင်ပြီး အားနည်းနေတဲ့အပြင်၊ ပုံမှန် မစုဝေးကြလို့ ချက်ချင်း ရေလောင်းပေးဖို့နဲ့ ထောက်ကူပေးဖို့ လိုနေတယ်ဆိုတာတွေကို ကျွန်မသိလိုက်ရတယ်။ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကလည်း ထိရောက်မှု မရှိဘူး။ ကျွန်မ တွေးမိတယ်၊ “အလုပ်ရလဒ်တွေ သိပ်မကောင်းတဲ့ ဒီအသင်းတော်ဆီ ငါ့ကို ခေါင်းဆောင်က ဘာလို့ စေလွှတ်လိုက်တာလဲ။ ဒီမှာ အကြာကြီးနေရပြီး အလုပ်ကို တိုးတက်အောင် ငါ မလုပ်နိုင်ရင်၊ ကျွန်မရဲ့ ခေါင်းဆောင်က ကျွန်မအပေါ် ဘာများထင်မလဲ။ ဒီတာဝန်နဲ့ ငါ မသင့်တော်ဘူးလို့ သူတို့ ပြောကြမလား။ ငါ ဒီကို ရောက်နေမှတော့၊ ဘုရားသခင်ကို မှီခိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ အကောင်းဆုံး လုပ်မယ်” လို့ပေါ့။ အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့အတွက် ဝန်ထမ်းတွေကို အရင်ဆုံး ပြန်တာဝန်ချရမယ်လို့ တွေးပြီး၊ ကျွန်မ မိုးလင်းမိုးချုပ် ဒီအလုပ်တွေနဲ့ နေ့တိုင်း အလုပ်ရှုပ်နေခဲ့တယ်။
ခဏကြာတော့၊ ဝန်ထမ်းတွေကို ပြင်ဆင်နေရာချထားတာ ပြီးသွားပြီး၊ ရေလောင်းခြင်းအလုပ်ကလည်း ရလဒ်တချို့ တဖြည်းဖြည်း ပြလာတယ်။ နောက်ပိုင်းမှာ ဧဝံဂေလိအမှုဆောင်ဖြစ်တဲ့ ညီအစ်မ လီမင်က အသင်းတော် ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ကျွန်မ အရမ်းဝမ်းသာသွားတယ်၊ ဘာလို့လဲဆိုတော့ ဒီညီအစ်မက သူ့တာဝန်တွေမှာ ဝန်တာထားတဲ့စိတ် ရှိပြီး အသက်ဝင်ရောက်မှုကို အာရုံစိုက်လို့လေ။ အသင်းတော် အလုပ်လုပ်ရာမှာ သူ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တာက သိပ်ကောင်းတာပေါ့။ ဒါပေမဲ့ မမျှော်လင့်ဘဲ၊ ညီအစ်မ လီမင် ရွေးချယ်ခံရပြီး သိပ်မကြာခင်မှာပဲ၊ အထက်အဆင့် ခေါင်းဆောင်ဆီကနေ စာတစ်စောင် ကျွန်မ ရုတ်တရက် ရခဲ့တယ်။ လီမင်ကို စီစီပီက လိုက်ဖမ်းနေလို့ ဒေသတွင်း နယ်မြေမှာ တာဝန်ထမ်းဆောင်ဖို့ သူ့အတွက် မလုံခြုံတော့ဘူး၊ သူ့ကို နေရာရွှေ့ဖို့ လိုတယ်ဆိုတဲ့အကြောင်းပြောထားတယ်။ ဒီစာကို ဖတ်ပြီးတော့ ကျွန်မ တွေးမိတယ်။ “ငါတို့က အသင်းတော် ခေါင်းဆောင်တစ်ယောက်ကို ရွေးနိုင်ရုံလေးရှိသေးတယ်၊ အခု သူက ထွက်သွားရတော့မယ်။ လီမင်က ဧဝံဂေလိအလုပ်ကို ကြီးကြပ်ပေးရင် ငါ့ဝန်ထုပ် နည်းနည်း ပေါ့သွားလိမ့်မယ်လို့ ငါ မျှော်လင့်ထားခဲ့တာ၊ အခုတော့ ငါ့ဝန်ထုပ် မပေါ့သွားတဲ့အပြင်၊ အတွေ့အကြုံရှိတဲ့ ဧဝံဂေလိအမှုဆောင်တစ်ယောက်လည်း နေရာပြောင်းခံရတော့မယ်။ အလုပ်က ထိရောက်မှု မရှိဘဲ ဆက်ဖြစ်နေရင်၊ အထက်အဆင့် ခေါင်းဆောင်က ငါ့ကို ဘယ်လို ထင်မလဲ” ပေါ့။ ကျွန်မ ဝန်လေးနေပေမဲ့ ကျိုးနွံနာခံဖို့ကလွဲပြီး ရွေးစရာမရှိခဲ့ဘူး။ နောက်ပိုင်းမှာ၊ ဧဝံဂေလိအလုပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ ဧဝံဂေလိအမှုဆောင် နှစ်ယောက်ကို ကျွန်မ ရှာတွေ့ခဲ့တယ်၊ ဒါပေမဲ့ အဲဒီအချိန်မှာ အကြီးစား နှိမ်နင်းမှုတစ်ခုက ကျွန်မရဲ့ အစီအစဉ်တွေကို ဖျက်ဆီးသွားတယ်။ နောက်သုံးလေးရက်မှာ၊ ညီအစ်ကို မောင်နှမတွေ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရတဲ့ သတင်းတွေကို ကျွန်မ ဆက်ကြားနေရတယ်၊ ကျွန်မ ရှာတွေ့ခါစ ဧဝံဂေလိအမှုဆောင်တွေ အပါအဝင်ပေါ့။ ဒီအရာအားလုံးက ကျွန်မကို ကြက်သေသေသွားစေပြီး ကျွန်မ တွေးမိတယ်။ “ငါ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ။ ဒီအသင်းတော်ကို ရောက်လာကတည်းက နှစ်လအတွင်းမှာ အတားအဆီးတွေ အများကြီး ငါ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမှာ ဝန်ထမ်းတွေကို ပြင်ဆင်နေရာချနိုင်ခဲ့တယ်။ ဒါပေမဲ့ အခု ဘာဖြစ်နေလဲကြည့်။ အလုပ်ရလဒ်တွေက မတိုးတက်နိုင်ရုံမက ပူးပေါင်းဆောင်ရွက်နိုင်မဲ့ ဝန်ထမ်းတောင် အဖမ်းခံလိုက်ရပြီ။ ငါ့မှာ ကံဆိုးတာပဲ ရှိပုံရတယ်။ အရင်ခေါင်းဆောင်တုန်းက သူ့တာဝန်မှာ ချောချောမွေ့မွေ့နဲ့ တည်တည်ငြိမ်ငြိမ် ရှိခဲ့တာ။ ဘာလို့ ငါကျမှ ဒီလောက် ကံဆိုးပြီး ဒီမကောင်းတဲ့အရာတွေ အားလုံး ငါ့ဆီ လာဖြစ်နေရတာလဲ။ ငါ့ရဲ့ လတ်တလော ကြိုးပမ်းအားထုတ်မှုတွေ အားလုံး အလဟဿ ဖြစ်ကုန်ပြီ။ အထက် ခေါင်းဆောင်က ငါ့မှာ အလုပ်လုပ်နိုင်စွမ်း မရှိဘူးလို့ တွေးမှာ သေချာတယ်” လို့ပေါ့။ ဒီအကြောင်း တွေးမိတာနဲ့၊ ကျွန်မ မငိုဘဲ မနေနိုင်တော့ဘူး၊ လုံးဝကို မျှော်လင့်ချက်ကုန်သွားတယ်။ အလုပ်ရလဒ်တွေ မရှိတော့၊ ပြဿနာတွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲလုပ်ပေးဖို့ စိတ်မပါတော့တဲ့အပြင် ဒီနေရာကနေ ထွက်တောင် သွားချင်မိတယ်။ ဒီအခြေအနေထဲမှာ ကျွန်မ နေရင်းနဲ့၊ ကျွန်မဝိညာဉ်က အမှောင်နဲ့ မျှော်လင့်ချက်မဲ့မှုထဲကို ပိုပြီး ကျဆင်းသွားတာ တွေ့ရတယ်။
နောက်ပိုင်းမှာ၊ ကျွန်မအခြေအနေနဲ့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ကျွန်မ စားသောက်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်လိုက်တယ်။ “၎င်းတို့ ကံခေသည်ဟု အမြဲ တွေးသည့် လူတို့နှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့၏ လုပ်ရပ်များ မှန်ကန်ခြင်း၊ မှားယွင်းခြင်း ရှိမရှိဆိုသည်ကို တိုင်းတာရန်နှင့် မည်သည့် လမ်းကြောင်း ၎င်းတို့ လျှောက်သင့်သည်၊ ၎င်းတို့ တွေ့ကြုံသင့်သည့် အရာများနှင့် ရင်ဆိုင်ရသည့် ပြဿနာတစ်ခုတလေကို ချိန်ဆရန် ကံစံနှုန်းကို အမြဲ အသုံးပြုကြသည်။ ဤသည်မှာ မှန်သလော၊ မှားသလော။ (မှားပါသည်။) ၎င်းတို့သည် မကောင်းသည့် အရာများကို ကံခေခြင်းနှင့် ကောင်းသည့်အရာများကို ကံကောင်းခြင်း၊ သို့မဟုတ် အကျိုးပြုခြင်းအဖြစ် ဖော်ပြကြသည်။ ဤရှုထောင့်အမြင်သည် မှန်သလော၊ မှားသလော။ (မှားပါသည်။) အမှုအရာများကို ဤရှုထောင့်အမြင်မျိုးမှ အကဲဖြတ်ခြင်းသည် မှားယွင်း၏။ ထိုအရာမှာ အမှုအရာများကို အကဲဖြတ်ခြင်းအတွက် အစွန်းရောက်ပြီး မမှန်ကန်သည့် နည်းစနစ်နှင့် စံနှုန်းတစ်ခု ဖြစ်သည်။ ဤနည်းစနစ်မျိုးသည် လူတို့ကို စိတ်မချမ်းမြေ့ခြင်းထဲသို့ မကြာခဏ ကျဆင်းစေပြီး ၎င်းတို့ကို စိတ်မသက်မသာဖြစ်စေကာ မည်သည့်အရာမျှ မိမိတို့ သဘောအတိုင်း တစ်ကြိမ်တစ်ခါမျှ မဖြစ်ကြောင်းနှင့် မိမိတို့အလိုရှိသည့်အရာကို မည်သည့်အခါတွင်မျှ မရရှိကြောင်း ခံစားစေသည်။ ယင်းက နောက်ဆုံးတွင် ၎င်းတို့ကို စဉ်ဆက်မပြတ် စိတ်သောကရောက်၊ ကသိကအောက်ဖြစ်ပြီး စိတ်တထင့်ထင့် ခံစားစေလေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများ ပြေလည်သွားခြင်း မရှိသည့်အခါ ဤလူများသည် စိတ်မချမ်းမြေ့ခြင်းထဲသို့ စဉ်ဆက်မပြတ် ကျဆင်းပြီး ဘုရားသခင်က ၎င်းတို့ကို မျက်နှာသာပေးခြင်း မရှိဟု ခံစားစေသည်။ ဘုရားသခင်သည် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ကျေးဇူးပြုခြင်းဖြင့်ဆက်ဆံကြောင်းနှင့် ၎င်းတို့ကို မဟုတ်ဘဲ အခြားသူများကို ဘုရားသခင် စောင့်ရှောက်ကြောင်း တွေးထင်ကြသည်။ ‘အဘယ်ကြောင့် ငါ အမြဲ စိတ်မသက်မသာ ဖြစ်ပြီး စိတ်သောက ခံစားရသနည်း။ အဘယ့်ကြောင့် ဆိုးသည့်အရာများသည် ငါ့အပေါ် အမြဲဖြစ်ပျက်နေရသနည်း။ အဘယ်ကြောင့် ကောင်းမွန်သည့်အရာများ ငါ့ထံ လုံးဝ ရောက်မလာသနည်း။ တစ်ကြိမ်တစ်ခါမျှသာ ငါတောင်းဆိုနေခြင်း ဖြစ်သည်’ဟူ၍ ဖြစ်၏။ ဤမှားယွင်းသည့် အတွေးနှင့် ရှုထောင့်အမြင် နည်းလမ်းမျိုးဖြင့် အမှုအရာများကို သင်ရှုမြင်သည့်အခါ ကောင်းသည့်ကံနှင့် မကောင်းသည့်ကံတို့၏ ထောင်ချောက်ထဲသို့ သင် သက်ဆင်းမိလိမ့်မည်။ ဤထောင်ချောက်ထဲသို့ သင် အဆက်မပြတ် ကျဆင်းသည့်အခါ စဉ်ဆက်မပြတ် စိတ်မချမ်းမြေ့ဖြစ်လိမ့်မည်။ ဤစိတ်မချမ်းမြေ့ခြင်းအလယ်တွင် သင့်အပေါ် ကျရောက်သည့် အရာများက ကံကောင်းခြင်း၊ ကံခေခြင်း ရှိမရှိဆိုသည်ကို သင်သည် အထူးသဖြင့် သတိထားနေမိလိမ့်မည်။ ဤအရာဖြစ်ပျက်သည့်အခါ ကံကောင်းခြင်း၊ ကံဆိုးခြင်းနှင့်ဆိုင်သည့် ဤရှုထောင့်အမြင်နှင့် စိတ်ကူးက သင့်ကို ထိန်းချုပ်ပြီးဖြစ်ကြောင်း သက်သေပြပေသည်။ သင်သည် ဤရှုထောင့်အမြင်မျိုး၏ ထိန်းချုပ်ခြင်းခံရသည့်အခါ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် သင်၏ အမြင်များနှင့် သဘောထားတို့သည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား အပိုင်းအခြားအတွင်းတွင် မရှိတော့ဘဲ အစွန်းရောက်မှုမျိုးထဲသို့ ကျဆင်းသွားပြီ ဖြစ်သည်။ ဤအစွန်းရောက်မှုထဲသို့ သင် ကျဆင်းသွားသည့်အခါ သင်၏ စိတ်မချမ်းမြေ့ခြင်းမှ သင် လွတ်လာလိမ့်မည် မဟုတ်။ တစ်ချိန်ပြီးတစ်ချိန် သင် ဆက်လက် စိတ်မချမ်းမြေ့ဘဲ နေမိလိမ့်မည်ဖြစ်ပြီး သင်သည် ပုံမှန်အားဖြင့် စိတ်မချမ်းမြေ့ခြင်းမရှိလျှင်ပင် တစ်စုံတစ်ရာ မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက်၊ ကံခေသည့် အရာတစ်ခု ဖြစ်ပျက်သည်ဟု သင် ခံစားရသည်နှင့်တစ်ပြိုင်နက် စိတ်မချမ်းမြေ့ခြင်းထဲသို့ သင် ချက်ချင်း ကျဆင်းသွားလိမ့်မည်။ ဤစိတ်မချမ်းမြေ့ခြင်းက သင်၏ ပုံမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ ဆုံးဖြတ်ချက်ချခြင်းနှင့် သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်မှုတို့ကိုပင် ထိခိုက်လိမ့်မည်။ သင်၏ ပျော်ရွှင်မှု၊ ဒေါသ၊ ဝမ်းနည်းမှုနှင့် ဝမ်းမြောက်ခြင်းတို့ကို ထိုအရာက ထိခိုက်သည့်အခါ သင်၏ တာဝန် ထမ်းဆောင်ခြင်းအပြင် ဘုရားသခင်နောက်လိုက်ရန် သင်၏ လိုအင်နှင့် စိတ်ဆန္ဒတို့ကို နှောင့်ယှက်ကာ ဖျက်ဆီးလိမ့်မည်။ ဤအပြုသဘောဆောင်သောအရာများ ဖျက်ဆီးခံရသည့်အခါ သင် နားလည်လာပြီးဖြစ်သည့် သမ္မာတရား အနည်းငယ်သည် ပျောက်ချင်းမလှ ပျောက်သွားလိမ့်မည်ဖြစ်ပြီး သင့်အဖို့ လုံးဝ အကူအညီ ဖြစ်လိမ့်မည် မဟုတ်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) မကောင်းတဲ့အရာမှန်သမျှကို ကံဆိုးပြီး ကောင်းတဲ့အရာမှန်သမျှကို ကံကောင်းတယ်၊ ဒါမှမဟုတ် အကျိုးပေးတယ်လို့ ဖော်ပြတာဟာ အစွန်းရောက်တဲ့သူ၊ မှားယွင်းတဲ့ ရှုထောင့်အမြင်တွေရှိတဲ့သူရဲ့ အမြင်ဖြစ်တယ်လို့ ဘုရားက ပြောတယ်။ ဒါက ကျွန်မဖြစ်ပျက်ခဲ့တဲ့ပုံစံ အတိအကျပါပဲ။ ကျွန်မတာဝန်တွေ ထမ်းဆောင်ဖို့ ဒီအသင်းတော်ကို ရောက်လာပြီး အသင်းတော်အလုပ်ရဲ့ ကိစ္စအမျိုးမျိုးမှာ ရလဒ်တွေ ဆိုးနေတာ၊ ရေလောင်းတဲ့သူတွေက သူတို့တာဝန်တွေအတွက် ဝန်တာထားတဲ့စိတ် မရှိတာ၊ လူသစ် အများကြီးက အပျက်သဘောဆောင်ပြီး အားနည်းနေတာ၊ ပြီးတော့ ဧဝံဂေလိအလုပ်က ရလဒ်ကောင်းတွေ မရတာကို တွေ့လိုက်ရတဲ့အခါ၊ ကျွန်မ ကံဆိုးတယ်လို့ ခံစားခဲ့ရတယ်။ အလုပ်ကို ကောင်းကောင်းလုပ်ဖို့၊ ကျွန်မ မိုးလင်းမိုးချုပ် အလုပ်ရှုပ်ခံခဲ့တယ်၊ စုဝေးပြီး မိတ်သဟာယပြုခဲ့တယ်၊ ပြီးတော့ ဝန်ထမ်းတွေကို ပြန်တာဝန်ချထားခဲ့တယ်။ ခဏကြာလို့ ရေလောင်းတဲ့အလုပ်က အပြုသဘောဆောင်တဲ့ဘက်ကို တဖြည်းဖြည်း ဦးတည်လာတာ မြင်ရတော့၊ ကျွန်မ ပျော်ပြီး ကိုယ့်တာဝန်ကို လုပ်ဖို့ တက်ကြွခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း အတွေ့အကြုံရှိတဲ့ ဧဝံဂေလိအမှုဆောင်တစ်ယောက် ပြောင်းရွေ့ခံရပြီး၊ အဲဒီနောက် သိပ်မကြာခင်မှာပဲ နေရာအနှံ့အပြား နှိမ်နင်းမှုတစ်ခု ဖြစ်လာပြီး ဧဝံဂေလိအမှုဆောင်တွေ အဖမ်းခံရတာ၊ ဧဝံဂေလိအလုပ်မှာ ဘယ်သူမှ မပူးပေါင်းနိုင်တာတွေ ဖြစ်လာတဲ့အခါ၊ ကျွန်မဟာ မျှော်လင့်ချက်ကုန်တဲ့ ခံစားချက်တွေထဲ ကျရောက်ပြီး ဘယ်အရာကိုမှ လုပ်ဖို့ အားမမွေးနိုင်ခဲ့ဘူး။ ကျွန်မရဲ့ ဒီအပြုအမူတွေက ကျွန်မရဲ့ မမှန်ကန်တဲ့ ရှုထောင့်အမြင်ကနေ အရင်းခံခဲ့တာပါ။ အလုပ်က ရလဒ်ကောင်းတွေ ထွက်ပြီး အရာရာ ချောချောမွေ့မွေ့ ဖြစ်နေတုန်းက၊ အထက်အဆင့် ခေါင်းဆောင်ရဲ့ အထင်ကြီးလေးစားမှုကို ရထားသလို ခံစားရပြီး ဒါက ကျွန်မကို ပျော်ရွှင်စေခဲ့တယ်။ ဒါပေမဲ့ အလုပ်က ရလဒ်ကောင်းတွေ မထွက်ဘဲ ကိစ္စတွေက ကျွန်မ လိုချင်သလို ဖြစ်မလာတဲ့အခါ၊ ကျွန်မ အပျက်သဘောဆောင်ပြီး အားနည်းခဲ့တယ်၊ ကျွန်မရဲ့ ကံဆိုးမှုကို အပြစ်တင်ပြီး ကိုယ့်တာဝန်ကို စွန့်လွှတ်ချင်စိတ်တောင် ပေါက်ခဲ့တယ်။ မယုံကြည်သူတွေက သူတို့ဆီ ဖြစ်ပျက်သမျှ ဘာကိုမှ ဘုရားဆီကနေ လုံးဝ လက်မခံကြတာကို ကျွန်မ တွေးမိတယ်။ အဆင်မပြေတဲ့ အခြေအနေတွေ ပေါ်လာတဲ့အခါ၊ သူတို့က ညည်းညူပြီး ဘုရားသခင်ကို အထင်လွဲကြတယ်၊ ဘုရားသခင်ကို သစ္စာဖောက်တာတောင် လုပ်ကြတယ်လေ။ ကျွန်မရဲ့ အခြေအနေသာ မပြောင်းလဲရင်၊ ကျွန်မလည်း တကယ် အန္တရာယ်ရှိတယ်ဆိုတာ နားလည်လိုက်တယ်။ ဒါကြောင့် ကျွန်မအခြေအနေကို ပြန်လှည့်နိုင်အောင် လမ်းပြပေးဖို့ မျှော်လင့်ရင်း ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။
နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ဖတ်ခဲ့တယ်။ “၎င်းတို့တွင် ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့် ကံ ရှိမရှိဆိုသည်နှင့် ပတ်သက်၍ အမြဲ ပူပန်သော ဤလူများအနေဖြင့် အမှုအရာများအပေါ် ၎င်းတို့ ရှုမြင်ပုံသည် မှန်ကန်သလော။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံ တည်ရှိသလော။ (မရှိပါ။) မတည်ရှိဟု ဆိုရခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ (နေ့စဉ် ကျွန်ုပ် ကြုံဆုံသည့် လူများနှင့် ကျွန်ုပ်တို့ထံ ဖြစ်ပျက်သည့် အရာများကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်း ဖြစ်သည်။ ကောင်းသည့်ကံ၊ သို့မဟုတ် ဆိုးသည့်ကံကဲ့သို့သော အရာများမရှိပါ။ အရာရာသည် လိုအပ်မှုကြောင့် ဖြစ်ပျက်ခြင်း ဖြစ်ပြီး ထိုအရာနောက်ကွယ်တွင် အဓိပ္ပာယ်ရှိပါသည်။) ယင်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအမြင်သည် မှန်ကန်ပြီး ဤသည်မှာ ကံမတည်ရှိခြင်းအကြောင်း ပြောဆိုခြင်းအတွက် အယူအဆဆိုင်ရာ အခြေခံအကြောင်းရင်း ဖြစ်သည်။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ကောင်းသည့်အရာဖြစ်စေ၊ မကောင်းသည့်အရာဖြစ်စေ အားလုံးက လေးရာသီတစ်လျှောက် ဖြစ်သည့် ရာသီဥတုကဲ့သို့ပင် ပုံမှန်ဖြစ်၏။ နေ့တိုင်း နေမသာနိုင်ပေ။ နေသာသည့်နေ့များကို ဘုရားသခင် စီစဉ်ထားခြင်းဖြစ်ပြီး တိမ်ထူသော နေ့ရက်များ၊ မိုး၊ လေနှင့် မုန်တိုင်းတို့ကိုမူ ဘုရားသခင် စီစဉ်ထားခြင်းမဟုတ်ဟု သင် ဆို၍ မရပေ။ အရာရာကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်က ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဤသဘာဝ ပတ်ဝန်းကျင်သည် ဘုရားသခင် စီစဉ်ပြီး ထူထောင်သည့် နည်းဥပဒေသများနှင့် စည်းမျဉ်းများအတိုင်း ဖြစ်ပေါ်၏။ ဤအရာအားလုံးသည် လိုအပ်ပြီး အရေးပါသောကြောင့် ရာသီဥတုက မည်သည့်အရာဖြစ်စေ၊ သဘာဝ နည်းဥပဒေသများက ဖြစ်ပေါ်စေပြီး ဆောင်ကြဉ်းလာခြင်း ဖြစ်သည်။ ထိုအရာ၌ ကောင်းသည့်အရာ၊ သို့မဟုတ် ဆိုးသည့်အရာ တစ်ခုမျှမရှိ။ ထိုအရာနှင့်ပတ်သက်၍ လူတို့၏ ခံစားချက်များသာ ကောင်းခြင်း၊ ဆိုးခြင်း ဖြစ်သည်။ မိုးရွာနေချိန်၊ လေထန်နေချိန်၊ သို့မဟုတ် တိမ်ထူနေချိန်၊ သို့မဟုတ် မိုးသီးမုန်တိုင်းများအတွင်းတွင် လူတို့သည် စိတ်မချမ်းသာကြချေ။ လူတို့သည် အထူးသဖြင့် မိုးရွာပြီး စိုထိုင်းသည့်အခါ မနှစ်သက်ကြချေ။ ၎င်းတို့၏ အဆစ်များ နာကျင်ပြီး အားနည်းသည်ဟု ခံစားရသည်။ သင်သည် မိုးရွာသောနေ့များနှင့် ပတ်သက်၍ စိတ်မချမ်းမသာဖြစ်ကောင်းဖြစ်နိုင်သော်လည်း မိုးရွာသောနေ့များသည် ကံမကောင်းပါဟု သင် ပြောနိုင်သလော။ ဤသည်မှာ လူတို့၌ ရာသီဥတုလှုံ့ဆော်ပေးသည့် ခံစားချက်တစ်ခုမျှသာဖြစ်သည်။ ကံသည် မိုးရွာနေသည်ဟူသောအချက်နှင့် လုံးဝမပတ်သက်ချေ။ နေသာသည့်နေ့များသည် ကောင်းမွန်သည်ဟု သင်ဆိုကောင်းဆိုမည်။ မိုးတစ်စက်မျှ မရွာဘဲ သုံးလကြာ နေသာလျှင် လူတို့ စိတ်ချမ်းသာကြသည်။ နေ့စဉ် နေရောင်ကို ၎င်းတို့ မြင်နိုင်ပြီး ရံဖန်ရံခါ ပါးလျသော လေပြည်လေညင်းဖြင့် ခြောက်သွေ့ပြီး နွေးထွေးကာ အိမ်အပြင်ဘက်သို့ ၎င်းတို့ ထွက်ချင်သည့်အခါတိုင်း ထွက်နိုင်လေသည်။ သို့ရာတွင် အပင်များက ထိုအရာကို သည်းမခံနိုင်သကဲ့သို့ မိုးခေါင်မှုကြောင့် ကောက်ပဲသီးနှံများ သေဆုံးလေသည်။ ထို့ကြောင့် ထိုနှစ်တွင် ရိတ်သိမ်းရခြင်း မရှိပေ။ သို့ဆိုလျှင် သင် စိတ်ချမ်းသာခြင်းသည် အမှန်တကယ် ကောင်းသည်ဟု ဆိုလိုသလော။ စားဖို့ အစားအစာမရှိသည့် ဆောင်ဦးရာသီရောက်လာသည့်အခါ သင်က ‘အလိုလေး၊ နေသာသည့် နေ့များစွာ ရှိခြင်းသည်လည်း မကောင်းပါ။ မိုးမရွာလျှင် ကောက်ပဲသီးနှံများ ထိခိုက်သည်၊ ရိတ်သိမ်းဖို့ အစားအစာမရှိသကဲ့သို့ လူတို့ ဆာလောင်ငတ်မွတ်ကြရသည်’ဟု ဆိုနေရလိမ့်မည်။ ဤအချိန်တွင် မဆုံးနိုင်သော နေသာသည့် နေ့များလည်း မကောင်းသည်ကို သင် သဘောပေါက်သွားသည်။ အမှန်တရားမှာ တစ်စုံတစ်ရာနှင့် ပတ်သက်၍ လူတစ်ဦး စိတ်ချမ်းသာခြင်း၊ စိတ်မချမ်းသာခြင်းသည် အမှုအရာကိုယ်တိုင်၏ အနှစ်သာရထက် မိမိတို့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားတို့အပေါ် အခြေခံခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ရာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို လူတို့ တိုင်းတာသည့် အခြေခံအကြောင်းရင်းမှာ မှန်ကန်တိကျခြင်း မရှိပေ။ အခြေခံအကြောင်းရင်းက မှန်ကန်တိကျခြင်း မရှိသောကြောင့် ၎င်းတို့ နောက်ဆုံးချသည့် ကောက်ချက်များမှာလည်း မှန်ကန်တိကျခြင်း မရှိပေ။ ကောင်းသည့် ကံနှင့် ဆိုးသည့်ကံ အကြောင်းအရာကို ပြန်သွားရလျှင် ယခု ကံနှင့်ဆိုင်သော ဤဆိုရိုးသည် ခိုင်လုံခြင်း မရှိကြောင်းနှင့် ကောင်းခြင်း မရှိသကဲ့သို့ ဆိုးခြင်းလည်း မရှိကြောင်းကို လူတိုင်း သိရှိကြပြီဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင် ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုအရာများကို သင့်တင့်လျောက်ပတ်စွာ သင် ရင်ဆိုင်သင့်သည်။ ဘုရားသခင်ထံမှ ကောင်းသည့်အရာကို ခံယူပြီး ဘုရားသခင်ထံမှ မကောင်းသည့်အရာကိုလည်း ခံယူလော့။ ကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင်ကံကောင်းကြောင်းနှင့် မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင် ကံခေသည်ဟု မဆိုနှင့်။ ဤအရာများအားလုံးအတွင်းတွင် လူတို့အတွက် သင်ယူရမည့် သင်ခန်းစာများရှိသည်ဟုသာ ဆိုနိုင်သည်။ ယင်းတို့ကို မငြင်းပယ်သင့်ပေ၊ သို့မဟုတ် မရှောင်ကြဉ်သင့်ပေ။ ကောင်းသောအရာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ သို့သော် မကောင်းသည့်အရာအားလုံးကို ဘုရားသခင် စီစဉ်ထားခြင်း ဖြစ်သောကြောင့် ထိုအရာများအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်လော့။ ကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများက ၎င်းတို့ သင်ယူသင့်သည့် သင်ခန်းစာများကို ပေးသော်လည်း မကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များမှ သင်ယူရမည့်အရာ သာ၍ပင်ရှိ၏။ ဤအရာများသည် အကြင်သူ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သင့်သည့် အတွေ့အကြုံများနှင့် ဖြစ်ရပ်များသာ ဖြစ်သည်။ ထိုအရာများကို တိုင်းတာရန် ကံနှင့်ဆိုင်သည့် စိတ်ကူးကို လူတို့ အသုံးမပြုသင့်ပေ။ ထို့ကြောင့် အမှုအရာများ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် ကံကို အသုံးပြုသည့် လူတို့၏ အတွေးများနှင့် ရှုထောင့်အမြင်များသည် အဘယ်နည်း။ ထိုလူတို့၏ အနှစ်သာရမှာ အဘယ်နည်း။ ကောင်းသည့်ကံနှင့် ဆိုးသည့်ကံကို အဘယ်ကြောင့် ၎င်းတို့ အလွန် အာရုံစိုက်ကြသနည်း။ ကံအပေါ် များစွာ အာရုံစိုက်သည့်လူများသည် မိမိတို့ကံ ကောင်းရန် မျှော်လင့်ကြသလော၊ သို့မဟုတ် ကံဆိုးရန် မျှော်လင့်ကြသလော။ (ကံကောင်းရန် မျှော်လင့်ကြပါသည်။) မှန်ပေ၏။ အမှန်တွင် ၎င်းတို့သည် ကောင်းသည့်ကံနှင့် ကောင်းသည့်အရာများ ၎င်းတို့ထံ ဖြစ်ပျက်ဖို့အတွက် လိုက်စားအားထုတ်ကြပြီး ထိုအရာများကို ၎င်းတို့ ကောင်းကောင်း အသုံးချကာ ထိုအရာများမှ အကျိုးအမြတ်များ ရယူကြသည်။ အခြားသူများ မည်မျှ ဆင်းရဲဒုက္ခခံစားရသည်၊ သို့မဟုတ် အခြားသူများက ဆင်းရဲဒုက္ခ၊ သို့မဟုတ် အခက်အခဲမည်မျှ သည်းညည်းခံရမည်ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်ကြချေ။ ကံမကောင်းသည့်အရာအဖြစ် ၎င်းတို့ မြင်သည့် မည်သည့်အရာကိုမျှ မိမိတို့ထံ မဖြစ်စေချင်ကြပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းတို့ထံ မကောင်းသည့်အရာ မည်သည့်အရာမျှ ၎င်းတို့ မဖြစ်စေချင်ကြပေ။ အနှောင့်အယှက်များ၊ ကျရှုံးမှုများ၊ သို့မဟုတ် အရှက်ရစရာများ၊ ပြုပြင်ခံရခြင်း၊ အမှုအရာများ ဆုံးရှုံးခြင်း၊ အခွင့်အရေး ဆုံးရှုံးခြင်းနှင့် လှည့်စားခံရခြင်းများ မဖြစ်စေချင်ကြပေ။ ထိုအရာများထဲမှ တစ်ခုတလေဖြစ်ပျက်ပါက မကောင်းသည့် ကံအဖြစ် မှတ်ယူလိုက်ကြသည်။ မည်သူက ထိုအရာကို စီစဉ်သည်ဖြစ်စေ မကောင်းသည့်အရာများ ဖြစ်ပျက်လျှင် ထိုအရာမှာ ကံမကောင်းခြင်း ဖြစ်သည်။ ၎င်းတို့သည် ရာထူးတိုးခံရခြင်း၊ လူအုပ်မှ ထင်ပေါ်ခြင်းနှင့် အခြားသူများ၏ ထိခိုက်နစ်နာမှုမှ အကျိုးကျေးဇူး ခံစားရခြင်းမှသည် တစ်စုံတစ်ရာမှ အကျိုးအမြတ်ရခြင်း၊ ငွေများစွာ ရှာခြင်း၊ သို့မဟုတ် အဆင့်မြင့် အရာရှိတစ်ဦး ဖြစ်ခြင်းအထိ ကောင်းသည့်အရာများအားလုံး ၎င်းတို့ထံ ဖြစ်ပျက်ရန် မျှော်လင့်ကြပြီး ယင်းမှာ ကောင်းသည့်ကံဟု ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့သည် မိမိတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကံပေါ်အခြေခံ၍ အမြဲ တိုင်းတာကြသည်။ မကောင်းသည့်ကံကို မဟုတ်ဘဲ ကောင်းသည့်ကံကို လိုက်စားနေကြသည်။ အမှုအရာ အနည်းငယ်မျှ မှားယွင်းသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ ဒေါသထွက်၊ စိတ်အနှောင့်အယှက်ဖြစ်ပြီး မကျေမနပ်ဖြစ်ကြသည်။ ဘွင်းဘွင်း ပြောရလျှင် ဤလူစားမျိုးများသည် တစ်ကိုယ်ကောင်းဆန်၏။ ၎င်းတို့သည် အခြားလူများ၏ ထိခိုက်နစ်နာမှုမှ မိမိတို့အတွက် အကျိုးကျေးဇူးခံစားခြင်း၊ မိမိတို့ကိုယ်ကိုအတွက် အကျိုးအမြတ် ဖန်တီးခြင်း၊ ထိပ်ဆုံးသို့ ရောက်လာခြင်းနှင့် လူအုပ်ထဲမှ ထင်ပေါ်ခြင်းတို့ကို လိုက်စားအားထုတ်ကြသည်။ ၎င်းတို့ တစ်ဦးတည်းထံတွင် ကောင်းသည့်အရာမှန်သမျှ ဖြစ်ပျက်လျှင် ၎င်းတို့ စိတ်ကျေနပ်ကြမည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝ အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ စစ်မှန်သော သဘောသဘာဝ ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) လူတွေက ကိုယ်တိုင်ကိုယ်ကျ အကျိုးခံစားရခြင်း ရှိမရှိဆိုတဲ့အပေါ် အခြေခံပြီး သူတို့ရဲ့ ကံကို မကြာခဏ ဆုံးဖြတ်ကြတာကို ဘုရားနှုတ်ကပတ်တော်တွေကနေ တွေ့ခဲ့ရတယ်။ အခြေအနေက သူတို့အတွက် အကျိုးရှိရင် “ကောင်းတဲ့ကံ” လို့ ခေါ်ကြပြီး၊ အကျိုးမရှိရင် “မကောင်းတဲ့ကံ” လို့ ခေါ်ကြတယ်။ ဒီလိုစိတ်ဓာတ်ရှိတဲ့လူတွေက သူတို့ကိုယ်တိုင်အတွက်ပဲ အကျိုးအမြတ်ကို လိုချင်ကြပြီး အရမ်း တစ်ကိုယ်ကောင်းဆန်ကြတယ်။ တကယ်တော့၊ ဘုရားစီစဉ်ပေးတဲ့ အခြေအနေတိုင်းက ကောင်းပါတယ်၊ ပြီးတော့ “ကောင်းတဲ့ကံ”၊ “ဆိုးတဲ့ကံ” ဆိုတာမျိုး မရှိပါဘူး။ လူတွေအတွက် အဆင်ပြေပုံရတဲ့ အခြေအနေ ဒါမှမဟုတ် အဆင်မပြေပုံရတဲ့ အခြေအနေတွေ အားလုံးက သူတို့ကို သင်ခန်းစာတွေ သင်ယူစေဖို့ ရည်ရွယ်တာဖြစ်ပြီး သူတို့ရဲ့ အသက် ဝင်ရောက်မှုအတွက် အကျိုးရှိပါတယ်။ ရာသီဥတုလိုပါပဲ၊ နေသာတဲ့ရက်ရော၊ မိုးရွာတဲ့ရက်ရော လူသားမျိုးနွယ်အတွက် လိုအပ်တယ်လေ။ အမြဲတမ်း နေသာတာက ကောက်ပဲသီးနှံတွေ မကြာခင် အခြောက်သွေ့စေမှာဖြစ်ပြီး မိုးကြာရှည်ရွာရင်လည်း အဲဒါတွေကို ရေနစ်သွားစေမှာ။ ဒါကြောင့် နေသာသည်ဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ၊ အားလုံးက ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး လူသားမျိုးနွယ်အတွက် အကြိုးရှိပါတယ်။ ကျွန်မရဲ့ ဆန္ဒတွေနဲ့ မကိုက်ညီတဲ့ ကိစ္စတွေ ကြုံရတုန်းက၊ ကျွန်မက ကံဆိုးတာသက်သက်ပဲလို့ အမြဲ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါက ကျွန်မအတွင်းမှာ ရည်မှန်းချက်တွေနဲ့ လိုအင်ဆန္ဒတွေ ရှိနေပြီး သူတပါးရဲ့ အထင်ကြီးလေးစားမှုကို အမြဲ လိုက်စားနေလို့ပါ၊ ပြီးတော့ ကျွန်မ လိုချင်တာ မရတဲ့အခါ၊ ကူကယ်ရာမဲ့ပြီး ကံဆိုးတယ်လို့ ခံစားရတယ်၊ ဘုရားသခင်ကို ညည်းညူ၊ အပြစ်တင်ကာ မျှော်လင့်ချက်ကုန်တဲ့ အခြေအနေမှာ အသက်ရှင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်တဲ့အခါ ကျွန်မက ဒီအသင်းတော်ကို ရောက်လာပြီးတဲ့နောက်မှာ၊ လူတွေရဲ့ အထင်ကြီးလေးစားမှုကို ရဖို့အတွက် အစမှာတော့ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ချင်ခဲ့တယ်။ ဒါကြောင့် ကျွန်မ ညည်းညူတာမရှိဘဲ မိုးလင်းမိုးချုပ် အလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကိစ္စတွေက ကျွန်မဆန္ဒရှိသလို ဖြစ်မလာဘဲ ဧဝံဂေလိအမှုဆောင်တွေ အဖမ်းခံရတဲ့အခါ၊ အလုပ်မှာ ပူးပေါင်းဆောင်ရွက်မယ့်လူတွေ မရှိရင် ရလဒ်ကောင်းတွေ ရနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ စိုးရိမ်ခဲ့တယ်၊ ပြီးတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ ဆန္ဒတွေ မပြည့်ဝတော့တဲ့အခါ၊ ကျွန်မ ကံဆိုးတယ်လို့ ခံစားရပြီး၊ အရင်က ကျွန်မရဲ့ ထက်သန်မှုတွေ အမြန် ပျောက်ကွယ်သွားခဲ့တယ်။ အစောပိုင်းမှာ အယောင်ဆောင် ခေါင်းဆောင်က လက်တွေ့အလုပ်လုပ်တာမရှိလို့ ဒီအသင်းတော်အလုပ်ရဲ့ ကိစ္စအမျိုးမျိုးက နှောင့်နှေးပြီးသားဖြစ်ပြီး ပြီးတော့ ညီအစ်ကို မောင်နှမတွေ အဖမ်းခံရတာက အလုပ်အများစုရဲ့ ပုံမှန်တိုးတက်မှုကို ထပ်ပြီး ဟန့်တားခဲ့တယ်။ ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ထောက်ထားနိုင်မယ်၊ အလုပ်ကိစ္စအမျိုးမျိုးကို တွန်းအားပေးလုပ်ဆောင်နိုင်ပြီး အသင်းတော်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်မယ်ဆိုပြီး မျှော်လင့်ရင်းနဲ့ အထက်ခေါင်းဆောင်တွေက ကျွန်မကို ဒီနေရာမှာ စီစဉ်ပေးခဲ့ပြီးပြီလေ။ ဒါပေမဲ့ ကျွန်မ ရင်ဆိုင်ရတဲ့ အခက်အခဲကြီးတွေကို မြင်တော့၊ ကျွန်မ မျှော်လင့်ချက်ကုန်လာခဲ့တယ်၊ ကိုယ့်တာဝန်အတွက် စိတ်လှုံ့ဆော်မှု ပျောက်ဆုံးပြီး ကျွန်မရဲ့ “မကောင်းတဲ့ကံ”နဲ့ပတ်သက်လို့ ညည်းခဲ့တယ်။ ကျွန်မရဲ့ ဒီအပြုအမူက ဘုရားသခင်ကို တကယ် စက်ဆုပ်ရွံရှာစေခဲ့ပါတယ်။ ဘုရားသခင်အပေါ် တကယ် သစ္စာစောင့်သိတဲ့လူတစ်ယောက်ဟာ ဒီအစ်ကို မောင်နှမတွေအားလုံး အဖမ်းခံနေရတာနဲ့ အသင်းတော်က ပြင်းထန်တဲ့ နှိမ်နင်းမှု ရင်ဆိုင်နေရတာကို မြင်တဲ့အခါ၊ သူ တတ်နိုင်သမျှ အစွမ်းကုန်လုပ်ပြီး၊ ဝန်ထမ်းတွေကို ပြန်နေရာချထားပြီး ဆုံးရှုံးမှုတွေကို အနည်းဆုံးဖြစ်အောင် လျှော့ချမှာပဲ။ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ အချိန်မှာ၊ ကျွန်မက ကိုယ့်ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ စိုးရိမ်နေခဲ့တာ။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့ပြီး အသိစိတ်နဲ့ လူ့သဘာဝ ကင်းမဲ့ခဲ့တယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲဖို့အတွက် ဒီအခြေအနေကို ကျွန်မဆီ ကျရောက်ဖို့ ဘုရားသခင် ခွင့်ပြုခဲ့တာဆိုတာကို အခု ကျွန်မ နားလည်သွားပါပြီ။ ဘာလို့လဲဆိုတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအပေါ် ကျွန်မထားတဲ့ အလေးထားမှုက ကြီးမားလွန်းနေလို့၊ ကျွန်မကို ဖော်ထုတ်ဖို့နဲ့ ပြောင်းလဲဖို့ ကူညီရာမှာ ဒီအခြေအနေကို လိုအပ်လို့ပါ။
တစ်မနက်ခင်းမှာ ကျွန်မ ဝတ်ပြုဆုတောင်းနေတုန်း၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “သင်၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကို သင် လက်လွှတ်သည့်အခါ သင့်အပေါ် ကျရောက်သည့် ကံအကြောင်းမလှသော မည်သည့်ဖြစ်ရပ်ကိုမဆို ငြင်းပယ်ခြင်း၊ သို့မဟုတ် ရှောင်ရှားခြင်းအား သင် ရပ်တန့်ပြီး သင်မည်မျှ ကံကောင်းသည်၊ သို့မဟုတ် ကံမကောင်းသည်ဆိုသည်အားဖြင့် ထိုသို့သောအရာများကို အကဲဖြတ်ခြင်းအား သင် ရပ်တန့်သည့်အခါ ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့် မကောင်းသောအရာအဖြစ် သင်မြင်လေ့ရှိခဲ့သည့် အရာများစွာတို့ကို ယခုတွင် ကောင်းသည့်အရာအဖြစ် သင် ယခု မြင်လိမ့်မည်။ မကောင်းသည့်အရာများက ကောင်းသည့်အရာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ သင်၏ စိတ်နေစိတ်ထားနှင့် အမှုအရာများကို သင် ရှုမြင်သည့် နည်းလမ်းတို့သည် ပြောင်းလဲသွားလိမ့်မည်။ ထိုအရာက သင့်ကို သင်၏ ဘဝအတွေ့အကြုံနှင့်ပတ်သက်၍ မတူကွဲပြားစွာ ခံစားနိုင်စေလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မတူကွဲပြားသည့် ဆုလာဘ်များကို ရိတ်သိမ်းနိုင်စေလိမ့်မည်။ ဤသည်မှာ စိတ်ကူးမရသည့် ဆုလာဘ်များကို သင့်ထံ ဆောင်ကြဉ်းမည့် သာမန်ထက်လွန်ကဲသော အတွေ့အကြုံဖြစ်သည်။ ထိုအရာမှာ ဆိုးသည့်အရာတစ်ခုမဟုတ်၊ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။...‘ကောင်းသည့်ကံ’ဟုခေါ်သည့် အရာကို မလိုက်စားနှင့်၊ ပြီးလျှင် ‘မကောင်းသည့်ကံ’ဟုခေါ်သည့် အရာကို မငြင်းနှင့်။ ဘုရားသခင်ကို သင်၏ စိတ်နှလုံးနှင့် ဖြစ်တည်မှုတစ်ခုလုံး ပေးလော့။ သူ့ကို ဆောင်ရွက်ခြင်းနှင့် စီစဉ်ညွှန်ကြားခြင်းတို့ကို လုပ်ဆောင်ခွင့်ပေးပြီး သူ၏ စီစဉ်ညွှန်ကြားခြင်းနှင့် အစီအစဉ်များကို ကျိုးနွံနာခံလော့။ သင်လိုအပ်သည့်အခါ သင်လိုအပ်သည့်အရာကို ဘုရားသခင်က ထိုက်တန်သော အတိုင်းအတာဖြင့် သင့်ကို ပေးလိမ့်မည်။ သင် အမှတ်မထင် ဆုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှ သင် သင်ယူနေသင့်သည့် သင်ခန်းစာများကို သင်ယူနိုင်ရန်အလို့ငှာ သင်၏ လိုအပ်ချက်များနှင့် ချို့တဲ့ခြင်းများအတိုင်း သင်လိုအပ်သည့် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို သူ စီစဉ်ညွှန်ကြားလိမ့်မည်။ ဤအရာအားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် ကျိုးနွံနာခံမှု စိတ်နေစိတ်ထားတစ်ခု သင် ရှိရမည်ဟူ၍ ဖြစ်သည်မှာ အမှန်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) အဖြစ်အပျက်တွေကို ကောင်းတဲ့ကံ ဒါမှမဟုတ် မကောင်းတဲ့ကံအနေနဲ့ ကျွန်မတို့ ရှုမြင်တာကို ရပ်လိုက်တဲ့အခါ၊ ကျွန်မတို့အတွက် ဘုရားသခင် စီစဉ်ပေးတဲ့ အခြေအနေတွေထဲမှာ မမျှော်လင့်ထားတဲ့ ထိုးထွင်းသိမြင်မှုတွေကို ရနိုင်ပြီး၊ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေကတစ်ဆင့် ဘုရားသခင်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အချုပ်အခြာအာဏာကို မြင်နိုင်တယ်လို့ ဘုရားက ပြောတယ်။ ဒါကြောင့်၊ မကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ၊ ထွက်ပြေးဖို့ ဒါမှမဟုတ် ရှောင်လွှဲဖို့ ကြိုးစားမယ့်အစား ဘုရားသခင်ဆီကနေ ကျွန်မတို့ လက်ခံသင့်တယ်။ လူတွေက “မကောင်းဘူး” လို့ ယူဆတဲ့ အဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ ဖြတ်သန်းဖို့ လိုအပ်တဲ့ အတွေ့အကြုံတွေ အမြဲ ရှိပါတယ်။ ကျွန်မတို့ရဲ့ အသက်တာကို ကြီးထွားခွင့်ပေးရင်းနဲ့ ကျွန်မတို့ကို လေ့ကျင့်ပေးဖို့ ဒီလိုအခြေအနေတွေကို ဘုရားသခင် အသုံးပြုတာပါ။ ဒါက သူ့ရဲ့ အပင်ပန်းခံရသော ရည်ရွယ်ချက် ဖြစ်ပါတယ်။ ကျွန်မရဲ့ မှားယွင်းတဲ့ ရှုထောင့်အမြင်ကို ပြုပြင်ဖို့နဲ့ ဘုရားသခင်ကို မှီခိုပြီးတော့ အကောင်းဆုံး လုပ်ဖို့ လိုအပ်မှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ အသင်းတော် အလုပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ သင့်တော်တဲ့ လူတွေကို ဘုရားသခင် ပြင်ဆင်ပေးမယ်လို့ ကျွန်မ ယုံကြည်တယ်။ ဒီလိုတွေးလိုက်တော့၊ ကျွန်မအခြေအနေ အများကြီး တိုးတက်လာတယ်။ ဒါနဲ့၊ ဧဝံဂေလိအလုပ်မှာ ကူညီဖို့ လူတွေကို ကျွန်မ စရှာခဲ့တယ်။ အဲဒီအချိန်တုန်းက၊ မိသားစု ဝန်ထုပ်ဝန်ပိုးတွေကြောင့် အားနည်းပြီး စိတ်ဓာတ်ကျနေတဲ့ ညီအစ်မတစ်ယောက် ရှိတယ်။ ကျွန်မတို့ မိတ်သဟာယပြုဖို့နဲ့ အားပေးဖို့ သူ့ကို ဆက်သွယ်ခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုထိ မိတ်သဟာယပြုပြီးနောက်မှာ၊ သူ့အခြေအနေ တိုးတက်လာပြီး သူ့တာဝန်ကို ယူဖို့ ဆန္ဒရှိလာတယ်။ နောက်ထပ် ညီအစ်မတစ်ယောက်လည်း ကျွန်မတို့ မိတ်သဟာယပြုပြီးနောက်မှာ သူ့တာဝန်တွေကို ယူဖို့ ဆန္ဒရှိလာတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယပြုတာလိုမျိုး၊ လက်တွေ့ကျတဲ့ အလုပ်လုပ်တတ်အောင် ကျွန်မကို သင်ပေးဖို့ ဒီပတ်ဝန်းကျင်ကို ဘုရားသခင် စီစဉ်ပေးခဲ့တာဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို သူတို့ နားလည်သွားတာနဲ့၊ သူတို့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြမှာပါ။ ဒါ့အပြင်၊ ဒီပတ်ဝန်းကျင်က နောက်ထပ်လူတွေကို သူတို့တာဝန်တွေကို စလုပ်အောင် ပျိုးထောင်ပေးဖို့ ကျွန်မတို့ကို ကူညီပေးခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။
စက်တင်ဘာလမှာ၊ ဧဝံဂေလိ သင်းထောက် အဖမ်းခံလိုက်ရတယ်ဆိုတဲ့ စာတစ်စောင် ကျွန်မ ရုတ်တရက် ရခဲ့တယ်။ နောက်ထပ် ရက်အနည်းငယ်မှာ၊ ညီအစ်ကို မောင်နှမတွေ အဖမ်းခံရတဲ့ သတင်းတွေ ပိုကြားလာရတယ်။ ကျွန်မ ကိုယ့်ဘာသာတွေးမိတယ်။ “နောက်ဆုံးမှာ အဖွဲ့ကို ငါတို့ ပြင်ဆင်ပြီး ရလဒ်တချို့မြင်ရသလိုပဲ၊ အခု ဧဝံဂေလိအမှုဆောင်တွေ ထပ်အဖမ်းခံရပြန်ပြီ။ ငါ ဘာလို့ ဒီလောက် ကံဆိုးရတာလဲ။ ဒီကံဆိုးမိုးမှောင်ကျတာတွေက ငါ့ဆီပဲ ဆက်ဖြစ်နေတော့တာပဲ”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မအခြေအနေ မမှန်တာကို သဘောပေါက်လိုက်လို့၊ ဒီအခြေအနေကို ဖြတ်ကျော်နိုင်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားသခင်ဆီ တိတ်တဆိတ် အမြန် ဆုတောင်းလိုက်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရမိတယ်။ “အမှန်တရားမှာ တစ်စုံတစ်ရာနှင့် ပတ်သက်၍ လူတစ်ဦး စိတ်ချမ်းသာခြင်း၊ စိတ်မချမ်းသာခြင်းသည် အမှုအရာကိုယ်တိုင်၏ အနှစ်သာရထက် မိမိတို့ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ ဆန္ဒများနှင့် ကိုယ်ကျိုးစီးပွားတို့အပေါ် အခြေခံခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ရာ ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကို လူတို့ တိုင်းတာသည့် အခြေခံအကြောင်းရင်းမှာ မှန်ကန်တိကျခြင်း မရှိပေ။ အခြေခံအကြောင်းရင်းက မှန်ကန်တိကျခြင်း မရှိသောကြောင့် ၎င်းတို့ နောက်ဆုံးချသည့် ကောက်ချက်များမှာလည်း မှန်ကန်တိကျခြင်း မရှိပေ။ ကောင်းသည့် ကံနှင့် ဆိုးသည့်ကံ အကြောင်းအရာကို ပြန်သွားရလျှင် ယခု ကံနှင့်ဆိုင်သော ဤဆိုရိုးသည် ခိုင်လုံခြင်း မရှိကြောင်းနှင့် ကောင်းခြင်း မရှိသကဲ့သို့ ဆိုးခြင်းလည်း မရှိကြောင်းကို လူတိုင်း သိရှိကြပြီဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သင် ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များက သတ်မှတ်ထားခြင်းဖြစ်သောကြောင့် ထိုအရာများကို သင့်တင့်လျောက်ပတ်စွာ သင် ရင်ဆိုင်သင့်သည်။ ဘုရားသခင်ထံမှ ကောင်းသည့်အရာကို ခံယူပြီး ဘုရားသခင်ထံမှ မကောင်းသည့်အရာကိုလည်း ခံယူလော့။ ကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင်ကံကောင်းကြောင်းနှင့် မကောင်းသည့်အရာများ ဖြစ်ပျက်သည့်အခါ သင် ကံခေသည်ဟု မဆိုနှင့်။ ဤအရာများအားလုံးအတွင်းတွင် လူတို့အတွက် သင်ယူရမည့် သင်ခန်းစာများရှိသည်ဟုသာ ဆိုနိုင်သည်။ ယင်းတို့ကို မငြင်းပယ်သင့်ပေ၊ သို့မဟုတ် မရှောင်ကြဉ်သင့်ပေ။ ကောင်းသောအရာများအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ သို့သော် မကောင်းသည့်အရာအားလုံးကို ဘုရားသခင် စီစဉ်ထားခြင်း ဖြစ်သောကြောင့် ထိုအရာများအတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်လော့။ ကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများက ၎င်းတို့ သင်ယူသင့်သည့် သင်ခန်းစာများကို ပေးသော်လည်း မကောင်းသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များမှ သင်ယူရမည့်အရာ သာ၍ပင်ရှိ၏။ ဤအရာများသည် အကြင်သူ၏ ဘဝတစ်စိတ်တစ်ပိုင်း ဖြစ်သင့်သည့် အတွေ့အကြုံများနှင့် ဖြစ်ရပ်များသာ ဖြစ်သည်။ ထိုအရာများကို တိုင်းတာရန် ကံနှင့်ဆိုင်သည့် စိတ်ကူးကို လူတို့ အသုံးမပြုသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်လိုက်တာက၊ လူတွေဟာ အခြေအနေတွေ ကောင်းမကောင်းဆိုတာကို သမ္မာတရားအပေါ် မူတည်ပြီး တိုင်းတာဆုံးဖြတ်တာ မဟုတ်ဘဲ၊ သူတို့ရဲ့ ကိုယ်ပိုင် လိုအင်ဆန္ဒတွေနဲ့ အကျိုးစီးပွားတွေအပေါ် မူတည်ပြီး တိုင်းတာဆုံးဖြတ်လေ့ရှိတယ် ဆိုတာပါပဲ။ ဧဝံဂေလိ သင်းထောက် အဖမ်းခံရတာက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်ခဲ့တာပါ၊ ဘယ်သူ အဖမ်းခံရတယ်ဆိုတာကို ဘုရားသခင်က သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့အညီ စီစဉ်တာဖြစ်ပြီး၊ ဒါတွေက လူတွေ ဖြတ်သန်းဖို့ လိုအပ်တဲ့ အတွေ့အကြုံတွေပါ။ ကျွန်မ ကျိုးနွံနာခံသင့်တယ်၊ နောက်ဆက်တွဲ ကိစ္စတွေကို ကိုင်တွယ်သင့်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မ လုပ်နိုင်တာကို လုပ်သင့်တယ်။ ဒီအရာပြီးတဲ့နောက်မှာ၊ နောက်ဆက်တွဲ ကိစ္စတွေကို ကျွန်မ စကိုင်တွယ်ခဲ့တယ်။ နောက်ပိုင်းမှာ၊ ဧဝံဂေလိ အဖွဲ့ခေါင်းဆောင်က လူသစ် သုံးယောက်နဲ့အတူ ဆက်စုဝေးပြီး ဧဝံဂေလိ ဟောပြောနေတယ်ဆိုတာကို ကျွန်မ သိလိုက်ရတယ်။ သူတို့က အဆင်းနီသော နဂါးကြီးကို မကြောက်ကြသလို၊ သူတို့ရဲ့ ဧဝံဂေလိအလုပ်က အရင်ကထက်တောင် ပိုထိရောက်နေတယ်။ ဒါ့အပြင်၊ အသင်းတော်အလုပ် ထိခိုက်မှာကို စိုးရိမ်တဲ့ ညီအစ်မတချို့ကလည်း သူတို့တာဝန်တွေကို သူတို့ဘာသာ စလုပ်ကြတယ်။ ဒါတွေအားလုံးကို မြင်တော့၊ ကျွန်မစိတ်နှလုံးက အရမ်းကို တို့ထိခံခဲ့ရတယ်။ ဘုရားသခင် စီစဉ်တဲ့ အခြေအနေတိုင်းမှာ ရည်ရွယ်ချက်တစ်ခု ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်လိုက်တယ်။ အဖမ်းခံရတဲ့ သူတွေမှာ သူတို့ ဖြတ်သန်းဖို့ လိုအပ်တဲ့ အတွေ့အကြုံတွေ ရှိသလို၊ အဖမ်းမခံရတဲ့ သူတွေမှာလည်း သက်သေခံစရာတွေ ရှိတယ်။ လူတွေကို စုံလင်စေဖို့အတွက် အစေခံမှုပေးရာမှာ အဆင်းနီသော နဂါးကြီးရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ဘုရားသခင် အသုံးပြုပါတယ်။
ဒီအခြေအနေတွေ ဖြစ်ပျက်တာဟာ “မကောင်းတဲ့ကံ”ကြောင့် ဒါမှမဟုတ် ဘုရားသခင်က ကျွန်မအပေါ် မြင့်မားတဲ့ တောင်းဆိုချက်တွေရှိတာကြောင့် မဟုတ်ဘူးဆိုတာကို ဒီအတွေ့အကြုံကတစ်ဆင့် ကျွန်မ နားလည်သွားတယ်။ အဲဒီအစား၊ ကျွန်မကို သန့်စင်ဖို့နဲ့ ပြောင်းလဲဖို့ အဲဒါတွေကို ဘုရားသခင် အသုံးပြုနေတာပါ။ ကျွန်မ စိတ်ကို ပြင်ဆင်ပြီး တကယ် ပူးပေါင်းဆောင်ရွက်တဲ့အခါ၊ ဘုရားသခင်ရဲ့ အလုပ် ထင်ရှားလာတာကို ကျွန်မ မြင်ခဲ့ရတယ်။ ကျွန်မ စိတ်ရင်းမှန်နဲ့ ဆုတောင်းပြီး ကိုယ့်တာဝန်တွေကို စိတ်နှလုံးအကြွင်းမဲ့ လုပ်သရွေ့၊ ဘုရားသခင်က ကျွန်မအတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးခဲ့တယ်။ ရှေ့လျှောက်၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့အတွက် ဘုရားသခင်ကို ဆက်မှီခိုသွားဖို့ ကျွန်မ လိုလားနေပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ကျောက်ရွမ် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယခုအချိန်သည် လူတစ်ဦးစီအတွက် အဆုံးသတ်ခြင်းကို ငါဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး...
ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ပြောပါတယ်- “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...
၂၀၂၀မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ သခင်ပြန်ကြွလာတာကို ကြိုဆိုနိုင်ဖို့က ကျွန်မရဲ့...