ပြဿနာများကို တိုင်ကြားခြင်းနှင့်ဆိုင်သည့် အခက်အခဲ

03.04.2026

ဖိလစ်ပိုင်မှ ဂျီနာ

၂၀၂၂ ခုနှစ်မှာ ကျွန်မက စာနဲ့ပတ်သက်တဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ မမျှော်လင့်ဘဲနဲ့ ခရိုင်ခေါင်းဆောင်ဖြစ်တဲ့ ကေလီနဲ့ ကျွန်မ ဆုံခဲ့တယ်။ သူ့ရဲ့အတွေ့အကြုံတွေကို ကြားရတဲ့အခါ သူခေါင်းဆောင်လုပ်လာတာ ငါးနှစ်ရှိပြီဆိုတာ ကျွန်မသိလိုက်ရတယ်။ သူ့မှာ ဆုကျေးဇူးတချို့ရှိတယ်၊ ဉာဏ်လည်းတော်တော်ထက်တယ်၊ အလုပ်တာဝန် ခွဲခန့်တာတွေမှာလည်း စနစ်တကျရှိတယ်။ ကျွန်မ သူ့ကို အရမ်းလေးစားခဲ့တယ်။ ဒါပေမဲ့ သူကအလုပ်မှာ သူ့ရဲ့ လုပ်ရည်ကိုင်ရည်ကို သူ့ရဲ့အလုပ်ဖော်တွေဆီ ပြဖို့အတွက် သူတို့တာဝန်တွေမှာ အခက်အခဲတွေ ကြုံရတဲ့အခါ သူက မကူညီတဲ့အပြင် သူ့အလုပ်ရလဒ်တွေကိုလည်း ကြွားလုံးထုတ်ခဲ့တယ်၊ သူ့အပေါ် လေးစားစေပြီး မစွမ်းဆောင်နိုင်သူတွေအဖြစ် သူတို့ကိုယ်သူတို့ ဘောင်ခတ်မိအောင် ဖြစ်စေခဲ့တယ်ဆိုတာကိုလည်း ကျွန်မ သိခဲ့ရတယ်။ ကေလီက တော်တော်လေး ကြွားဝါနေခဲ့ပေမဲ့ ကိုယ့်ကိုယ်ကို သိတဲ့အသိ နည်းနည်းပဲရှိတာကို ကျွန်မ တွေ့ခဲ့ရပြီး ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်။ “ကေလီက ဉာဏ်ကောင်းပြီး ဆုကျေးဇူးတချို့ ရှိပေမဲ့ သူ့ရဲ့ အသက်ဝင်ရောက်မှုကတော့ တော်တော်အားနည်းပြီး၊ ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ သူ့ကိုယ်သူ သုံးသပ်တာ၊ သိတာမျိုးလည်း မရှိဘူး” လို့ပေါ့။ နောက်ပိုင်းမှာ ကေလီက တခြားလူတွေကို ပျိုးထောင်မပေးတဲ့အပြင် ဧဝံဂေလိအလုပ်ကို ဂရုမစိုက်၊ လက်ရှောင်တဲ့ နည်းလမ်း သုံးတယ်ဆိုတာကို အစ်မစတေဆီက တွေ့ရှိခဲ့တယ်ဆိုတာကိုလည်း ကျွန်မ ကြားရတယ်။ ကေလီက လက်တွေ့ကျတဲ့အလုပ်ကို လုပ်ရဲ့လားလို့ ကေသီရဲ့အလုပ်ဖော်တွေကို သူ မေးခဲ့တယ်။ ဒီအကြောင်းကို ကေလီသိသွားတဲ့အခါမှာတော့ သူက သူ့ကိုယ်သူ သုံးသပ်ဖို့ ပျက်ကွက်တဲ့အပြင် သူ့အလုပ်ဖော်တွေနဲ့ စတေစီအပေါ်မှာလည်း အမြင်စောင်းသွားခဲ့တယ်။ သူဟာ သူ့အလုပ်ဖော်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အလုပ်အကြောင်း ဆွေးနွေးဖို့ စိတ်မပါတော့ဘူး၊ အကျိုးဆက်ကတော့ ဧဝံဂေလိအလုပ်မှာ ရလဒ်မကောင်းတော့ဘူးပေါ့။ ကျွန်မ ကေလီကို ထပ်ပြီး တွေ့ရတဲ့အခါ၊ သူ့အခြေအနေမကောင်းဘူးဆိုတာရယ်၊ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးရမှာကြောက်လို့ ဒီတာဝန်ကို သူ့အလုပ်ဖော်တွေအပေါ် တွန်းပို့လိုက်တယ်ဆိုတာရယ်ကို သိလိုက်ရတယ်။ ကျွန်မ တော်တော် အံ့ဩသွားပြီး တွေးမိတယ်၊ “ကေလီက ခရိုင်ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အဓိကအလုပ်က သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ပြဿနာတွေ ဖြေရှင်းပေးဖို့ပဲ။ ဒါပေမဲ့ သူက ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကိုတောင် မဖြေရှင်းပေးနိုင်ဘူး။ ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိကအလုပ်ကို သူ ကောင်းကောင်းလုပ်နိုင်ရဲ့လား” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “သူ ဒီအချိန်အတောအတွင်းမှာ လမ်းမှားလျှောက်နေမိတာများ ဖြစ်နိုင်မလား။ ထောက်ပြကူညီမှုတွေကနေတစ်ဆင့် သူ့အခြေအနေကို ပြောင်းလဲနိုင်ရင် သူ ခေါင်းဆောင်တာဝန်ကို ဆက်ထမ်းဆောင်နိုင်သေးတယ်။ တကယ်တော့ သူက ခေါင်းဆောင်လုပ်လာတာ နှစ်တွေအများကြီးရှိပြီဖြစ်သလို အလုပ်တချို့ကို စီစဉ်ပြီး အကောင်အထည်ဖော်နိုင်တာပဲလေ။ သူ့ရဲ့ အသက်ဝင်ရောက်မှုကို လစ်လျူရှုထားတဲ့ကိစ္စကိုတော့ အကူအညီနဲ့ ထောက်ပြမှုတွေ ပိုပေးသင့်တယ်” ပေါ့။ ဒါနဲ့ ကျွန်မလည်း အဲဒီပြဿနာကို သူ့ဆီ ထောက်ပြခဲ့တယ်။ ကေလီက ပြုပြင်တာတွေ လုပ်ဖို့ လိုလားတယ်လို့ ပြောခဲ့ပေမဲ့ နောက်ပိုင်း ကျွန်မသိလိုက်ရတာက သူဟာ အလုပ်များတာနဲ့ပဲ အချိန်တွေ ကုန်နေပြီး သူ့မှာ အသက်ဝင်ရောက်မှုလည်း မရှိသေးဘူးဆိုတာပါပဲ။ ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ကေလီမှာ အသက်ဝင်ရောက်မှုမရှိဘူး။ သူက ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူး၊ လက်တွေ့ကျတဲ့အလုပ်ကိုလည်း မလုပ်နိုင်ဘူး။ သူက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်များ ဖြစ်နေနိုင်မလား” လို့ပေါ့။ ဒါပေမဲ့ ကေလီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ကျွန်မရဲ့နားလည်မှုက အရမ်းအကန့်အသတ်ရှိနေပြီးတော့ ကျွန်မ ရှင်းရှင်းလင်းလင်းလည်း မမြင်နိုင်သေးတာကြောင့် အထက်အဆင့်ဆီ ဒီကိစ္စကို ကျွန်မ မတိုင်ကြားခဲ့ဘူး။

၂၀၂၃ ဧပြီလရောက်တော့၊ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားပြီး လက်တွေ့ကျတဲ့အလုပ် မလုပ်နိုင်လို့ ကျွန်မ အဖြုတ်ခံခဲ့ရတယ်၊ ပြီးတော့ ကေလီရဲ့ပြဿနာကိုလည်း ကျွန်မ ဆက်မစဉ်းစားဖြစ်တော့ဘူး။ နောက်ပိုင်းမှာ၊ ညီအစ်ကိုမောင်နှမတွေအနေနဲ့ သူတို့ တွေ့ရတဲ့ အယောင်ဆောင် ခေါင်းဆောင်၊ အန္တိခရစ်တစ်ယောက်ယောက်ကို တိုင်ကြားကြဖို့ စာတစ်စောင်ကို အသင်းတော်က ထုတ်ပြန်ခဲ့တယ်။ ကျွန်မ ကေလီကို တွေးမိတယ်၊ “ကေလီက တခြားသူတွေ သူ့ကို အထင်ကြီးလေးစားအောင်လို့ ကြွားဝါရတာကို သဘောကျတယ်။ ညီအစ်မတွေရဲ့ အကြံပြုချက်ကိုလည်း လက်မခံဘူး၊ သူတို့အပေါ် အမြင်တောင် စောင်းသေးတယ်။ ဒါ့အပြင် ကိစ္စတွေကြုံလာရင် သူက သင်ခန်းစာမယူဘူး၊ အသက်ဝင်ရောက်မှုလည်း မရှိဘူး။ သူ့ရဲ့ပြဿနာကို အသင်းတော်က စုံစမ်းစစ်ဆေးနိုင်အောင် အထက်ကို ငါတိုင်ကြားသင့်သလား” လို့ပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မတွေးမိတယ်၊ “ကေလီက အသင်းတော်တော်များများရဲ့အလုပ်အတွက် တာဝန်ယူထားတာ။ ငါသာ မမှန်မကန် တိုင်မိပြီး သူ့ကိုထိခိုက်နစ်နာစေရင် ဒါမှမဟုတ်၊ သူ့အခြေအနေကို ထိခိုက်ပြီး သူ့တာဝန်တွေမှာ ကြန့်ကြာတာတွေ ဖြစ်သွားရင်၊ ငါက အဖျက်အမှောင့်လုပ်တဲ့သူ၊ နှောင့်ယှက်တဲ့သူ ဖြစ်သွားမှာပဲ။ ငါ့ရဲ့ လက်ရှိတာဝန်ကို ဆုံးရှုံးသွားနိုင်တယ်၊ အခြေအနေဆိုးရင် ဆင်ခြင်သုံးသပ်ဖို့ သီးခြားခွဲခံရနိုင်တယ်။ ထားလိုက်ပါ။ ပြဿနာ နည်းလေ၊ ကောင်းလေပဲ။ ဒါ့အပြင် အခြေအနေကို ငါနားလည်ထားတာကလည်း အကန့်အသတ်ရှိပြီး၊ ကေလီက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ဆိုတာကိုလည်း ငါလုံးဝ မသေချာနိုင်ဘူး။ ကိုယ့်ခေါင်းကိုယ်ငုံ့ပြီး လက်ထဲမှာရှိတဲ့ တာဝန်တွေကိုပဲ ကောင်းကောင်းထမ်းဆောင်သွားတာ အကောင်းဆုံးပဲ” လို့ပေါ့။ ဒါကို တွေးမိတော့ ကေလီရဲ့ပြဿနာကို ကျွန်မ မတိုင်ကြားခဲ့ဘူး။

အဲဒီအချိန်အတောအတွင်းမှာ၊ အသင်းတော်က အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို စစ်ဆေးဖို့ စာတွေကို မကြာခဏ ထုတ်ပြန်ခဲ့တယ်။ အဲဒီလိုစာတွေကို တွေ့တိုင်း ကျွန်မ ဒွိဟဖြစ်တယ်။ ကျွန်မ ချီတုံချတုံ ဖြစ်နေတဲ့အချိန်မှာပဲ၊ အစ်မတစ်ယောက်က အသင်းတော်ခေါင်းဆောင်တစ်ယောက်ကို တိုင်ကြားခဲ့တယ်လို့ ကျွန်မကြားလိုက်တယ်။ နောက်ထပ် နားလည်အောင်လုပ်ပြီး အတည်ပြုကြည့်လိုက်တော့၊ တိုင်ကြားခံရတဲ့ခေါင်းဆောင်ဟာ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်တာ တချို့ပဲရှိပြီး လက်တွေ့ကျတဲ့အလုပ်မလုပ်တဲ့ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ တိုင်ကြားတဲ့လူက မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတယ်။ သူက ခေါင်းဆောင်ရဲ့ ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်တာကို မလွတ်တမ်းအသုံးချပြီး အယောင်ဆောင် ခေါင်းဆောင်အနေနဲ့ ပြစ်တင်ရှုတ်ချခဲ့တာဖြစ်သလို၊ ပြီးတော့ သူက စကားပြောတဲ့အခါ တခြားသူတွေကို မကြာခဏ ဘောင်ခတ်တတ်သလို အဖွဲ့ထဲမှာလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှာ မပါဘူး။ နောက်ဆုံးမှာ သူက ဆင်ခြင်သုံးသပ်ဖို့အတွက် သီးခြားခွဲထားတာ ခံခဲ့ရတယ်။ ဒီသတင်းကိုကြားတော့ ကျွန်မ လန့်သွားပြီး တွေးမိတယ်၊ “ကေလီရဲ့ ပြဿနာကို ငါ ဆက်တိုင်ကြားပြီး တလွဲတိုင်ကြားမိရင်၊ ငါ့အခြေအနေလည်း စုံစမ်းစစ်ဆေးတာခံရမှာလား။ ငါခေါင်းဆောင်ဖြစ်ခဲ့တဲ့ အရင်တုန်းက အန္တိခရစ်တစ်ယောက်ကို အရေးကြီးတဲ့နေရာမှာ ထားခဲ့ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တာ၊ အဖျက်အမှောင့်လုပ်တာတွေ ဖြစ်စေခဲ့တယ်။ ဒီတစ်ခါ ငါသာ မှားတိုင်မိလို့ ကေလီရဲ့အခြေအနေကို ထိခိုက်ပြီး အသင်းတော်အလုပ်ကို ကြန့်ကြာစေရင်၊ ငါ့ရဲ့ပြစ်မှားမှုတွေက စုပုံလာမှာပဲ။ အဲဒီအခါကျရင် ဆင်ခြင်သုံးသပ်ဖို့အတွက် ငါ သီးခြားခွဲခံရမှာလား၊ ဒါမှမဟုတ် ရှင်းလင်းပစ်တာတောင် ခံရမှာလား။ ဒါ့အပြင်၊ ကေလီ့အပေါ် ငါ နားလည်တာ အကန့်အသတ်ရှိပြီး သူက အယောင်ဆောင်ခေါင်းဆောင်ဆိုတာကိုလည်း မသေချာနိုင်ဘူး။ ထားလိုက်ပါတော့။ ငါ အရဲစွန့်ပြီး ဒီပြဿနာကို မတိုင်ကြားတာပဲ ပိုကောင်းပါတယ်။ ကေလီက တခြားညီအစ်ကိုမောင်နှမတွေနဲ့လည်း အမြဲထိတွေ့ဆက်ဆံနေတာပဲ၊ ဒီတော့ သူသာ အယောင်ဆောင်ခေါင်းဆောင်ဖြစ်နေရင် တခြားသူတွေလည်း သူ့ပြဿနာကို သတိထားမိပြီး တိုင်ချက် ရေးကြမှာပဲ။ အဲဒီအချိန်ကျရင် သူ့ရဲ့ သရုပ်သကန်တွေနဲ့ပတ်သက်လို့ ငါက သတင်းအချက်အလက် ပေးလို့ရပါတယ်လေ။ ဒီလိုနဲ့ ငါ စစ်ဆေးစုံစမ်းတာ ခံရမှာ မဟုတ်ဘူး။ အဲဒါ အများကြီးပိုကောင်းမှာပဲ” လို့ပေါ့။ ဒီလိုတွေးမိလိုက်တဲ့အခါ၊ ပြဿနာ တိုင်ကြားမဲ့ စိတ်ကူးကို ကျွန်မ လုံးဝ လက်လျှော့လိုက်တယ်။

၂၀၂၃ ခုနှစ် ဇွန်လမှာ၊ အသင်းတော်က အန္တိခရစ်တစ်ယောက်အတွက် နှင်ထုတ်ခြင်းဆိုင်ရာ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်တဲ့ ဒီအန္တိခရစ်ဟာ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို လိုက်စားပြီး အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်ယှက်တာ၊ အဖျက်အမှောင့်လုပ်တာတွေ ဖြစ်စေခဲ့တယ်။ ခေါင်းဆောင်က ကျွန်မတို့ကိုပြောတယ်၊ အသင်းတော်ထဲမှာ အယောင်ဆောင် ခေါင်းဆောင်၊ အန္တိခရစ် တစ်ယောက်ယောက်ကို တွေ့ရှိရင် အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် အထက်ကို ချက်ချင်းတိုင်ကြားသင့်တယ်တဲ့။ ကျွန်မ ကေလီကို ထပ်ပြီး တွေးမိပြန်တယ်။ သူက အန္တိခရစ်တစ်ယောက် မဟုတ်ပေမဲ့ သူ့မှာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ရဲ့ သရုပ်သကန်တွေ ရှိနေတယ်။ ပြဿနာကို ကျွန်မ စသတိထားမိကတည်းက ခြောက်လနီးပါးရှိပြီ၊ ကျွန်မက အထက်ကို မတိုင်ကြားရဲဘဲ ရှောင်နေခဲ့တာ။ သူသာ တကယ်ပဲ အယောင်ဆောင်ခေါင်းဆောင်ဖြစ်နေရင် ညီအစ်ကိုမောင်နှမအားလုံးကို ထိခိုက်နစ်နာစေမှာ မဟုတ်ဘူးလား။ အသင်းတော်အလုပ်ကိုလည်း ထိခိုက်တာတွေ အများကြီးဖြစ်စေမှာပဲ။ အန္တိခရစ် ယန်ကို ဘုရားသခင် ဖော်ထုတ်တုန်းက ပြောခဲ့တဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်သတိရမိတယ်။ “အန္တိခရစ်များက အမှုအရာများကို လုပ်ဆောင်သည့်အခါ သရုပ်သကန်အချို့ ရှိသည်။ သူသည် မမြင်ကွယ်ရာတွင် အမှုအရာများကို လုပ်ဆောင်ရုံမျှသာ မဟုတ်ပေ။ ထိုသရုပ်သကန်များကို လူကိုယ်တိုင် သင် သတိပြုမိနိုင်သည်။ ထိုသရုပ်သကန်များကို သင်တို့ မမြင်နိုင်ခဲ့လျှင် သင်တို့ မျက်ကန်းဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤသို့သော လူတစ်ဦး ယခုအခါ ထပ်ပေါ်လာခဲ့လျှင် ၎င်းကို သင်တို့ သိမြင်နိုင်ကြမည်လော။ ယန်ကဲ့သို့သော လူတစ်ဦးသည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုကာ ပြဿနာများကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) မဖြေရှင်းနိုင်ဟု အဘယ်ကြောင့် သင်တို့ ပြောကြသနည်း။ (အလုပ်ရလဒ်များအရ အသင်းတော်တွင် အချိန်ကြာမြင့်စွာ မပြေလည်ဘဲ ရှိနေခဲ့သည့် ပြဿနာများစွာ ရှိခဲ့သည်။ အလုပ်အားလုံး၏ တိုးတက်မှုက အလွန့်အလွန် နှေးကွေးပြီး ကျွန်ုပ်တို့ ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများက ဘုရားအိမ်တော်၏ သတ်မှတ်ချက်များကို မပြည့်မီခဲ့ပါ။) ယန်ကို အရေးယူဆောင်ရွက်ခြင်း မရှိမီတွင် ဤအရာက ပြဿနာတစ်ခုဖြစ်သည်ကို သင်တို့ မြင်ခဲ့ကြသလော။ (မမြင်ခဲ့ကြပါ။) သို့ဆိုလျှင် တရားဒေသနာများကို နားထောင်ပြီးနောက်တွင် သင်တို့ မည်သည့်အရာကို နားလည်ကြသနည်း။ ထိုသို့သော ဆိုးရွားသည့် ပြဿနာများကို သင်တို့ မမြင်နိုင်ကြပေ။ ထို့နောက် သင်တို့သည် ‘သူနှင့် ကျွန်ုပ်တို့ အပေါင်းအသင်း မလုပ်ခဲ့ကြပါ။ မမြင်ကွယ်ရာတွင် သူ လုပ်ဆောင်နေခဲ့သည့် အရာများကို ကျွန်ုပ်တို့ အဘယ်သို့ သိနိုင်မည်နည်း။ ကျွန်ုပ်တို့သည် သာမန်ယုံကြည်သူများသာ ဖြစ်သည်။ သူသည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သူ့နောက်ကို ဟိုဟိုသည်သည် ကျွန်ုပ်တို့ အမြဲ မလိုက်နိုင်သောကြောင့် သူ့ကို ကျွန်ုပ်တို့ မရိပ်စားမိနိုင်သကဲ့သို့ သူ့ကို မတိုင်ကြားခဲ့သည်မှာ ကျိုးကြောင်းဆီလျော်ပါသည်’ဟု ပြောလျက် ဆင်ခြေများကိုသာ အမြဲရှာကြလေသည်။ ဤသည်မှာ သင်တို့ ဆိုလိုသည့်အရာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာ၏ သဘာဝမှာ အဘယ်နည်း။ (ကျွန်ုပ်တို့ယူရမည့် တာဝန်များကို ရှောင်လွှဲရန် ကျွန်ုပ်တို့ ကြိုးစားနေခြင်း ဖြစ်သည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဘုရားရဲ့ နှုတ်ကပတ်တော်တိုင်းက ကျွန်မရဲ့ နှလုံးသားကို လာရိုက်ခတ်တယ်။ ကျွန်မက ပြဿနာတွေကို လုံးဝ မတိုင်ကြားဖို့အတွက် အခြေအနေကို အပြည့်အဝ နားမလည်ဘူး၊ ထွင်းဖောက်မမြင်နိုင်ဘူးဆိုတဲ့ ဆင်ခြေကို အမြဲ သုံးခဲ့တယ်။ တကယ်တော့ ကေလီရဲ့အပြုအမူကို ကျွန်မ သတိထားမိပြီး သူဟာ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက် ဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့ပေမဲ့၊ မမှန်တဲ့တိုင်ကြားချက်တစ်ခု လုပ်မိရင် တာဝန်ယူရမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် သူနဲ့ သိပ်မဆက်ဆံခဲ့ဘူး၊ ကိစ္စတွေကို ထွင်းဖောက်မမြင်နိုင်ခဲ့ဘူးဆိုတဲ့ အကြောင်းပြချက်ကို ကျွန်မ စိတ်ကူးရခဲ့တာပါ။ အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို တိုင်ကြားဖို့ တိုက်တွန်းတဲ့ မိတ်သဟာယဖွဲ့မှုတွေ ရှိတဲ့အခါတိုင်း၊ ကျွန်မရဲ့ အသိစိတ်က ကျွန်မကို စွပ်စွဲနေခဲ့ပေမဲ့၊ ကိစ္စကို ထွင်းဖောက်မမြင်နိုင်ခဲ့ဘူးဆိုတဲ့ ဆင်ခြေနဲ့ပဲ ကျွန်မ ဆက်ပြီး မျိုသိပ်ထားခဲ့တယ်။ အမှန်တရားကတော့ ဒီဆင်ခြေဟာ လုံးဝအခြေအမြစ်မရှိဘဲ ကျွန်မက တာဝန်ကို ရှောင်လွှဲနေတာပါပဲ။ ခေါင်းဆောင်တစ်ယောက်နဲ့ပတ်သက်တဲ့ ပြဿနာကို မြင်ပြီးမှတော့ ကျွန်မ ချက်ချင်း တိုင်ကြားခဲ့သင့်တယ်။ ကျွန်မ အဲဒါကို ထွင်းဖောက်မမြင်နိုင်ရင်တောင်၊ အချိန်အရမ်း ကြန့်ကြာမနေအောင်လို့ သမ္မာတရားကို နားလည်တဲ့ ညီအစ်ကိုမောင်နှမတွေဆီကနေ ဒီကိစ္စကိုတင်ပြပြီး မိတ်သဟာယရှာဖွေနိုင်သေးတယ်လေ။ ဒီတစ်ခါတော့ ကျွန်မ ဆက်ပြီး မရှောင်လွှဲနိုင်တော့ဘူး။ ဒါပေမဲ့ ကေလီ့အခြေအနေကို တိုင်ကြားဖို့ ကျွန်မ စဉ်းစားလိုက်တဲ့အခါ၊ ခေါင်းဆောင်က ကျွန်မကို ရာထူးတိုးပြီး ပျိုးထောင်ပေးချင်တယ်လို့ ပြောခဲ့တာကို ရုတ်တရက် သတိရလိုက်တယ်။ ကျွန်မ တွေးမိတယ်၊ “ငါသာ ဒီကိစ္စကို မှားတိုင်မိရင် ရာထူးတိုးဖို့ အခွင့်အရေးကို ဆုံးရှုံးသွားနိုင်တယ်၊ လက်ရှိတာဝန်ကို ထမ်းဆောင်ခွင့်တောင် ဆုံးရှုံးသွားနိုင်တာပဲ။ ဒါပေမဲ့ ငါသာ ဒီပြဿနာကို မတိုင်ကြားဘဲ ကေလီမှာ တကယ်ပြဿနာရှိနေခဲ့ရင်၊ အသင်းတော်အလုပ်ကို သိသိသာသာ ထိခိုက်စေနိုင်တယ်” လို့ပေါ့။ ဒီအတွေးတွေက ကျွန်မကို အရမ်းဒွိဟဖြစ်စေခဲ့တယ်။ အသင်းတော်အလုပ်ကို ကာကွယ်ဖို့အတွက် ရပ်တည်ပြီး ဒီပြဿနာကို တိုင်ကြားချင်စိတ် တကယ်ရှိခဲ့ပေမဲ့၊ ဒါက ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာကို တွေးမိတဲ့အခါတိုင်း ကျွန်မရဲ့ သတ္တိ ပျောက်သွားခဲ့တယ်။ ကျွန်မရဲ့ အသိစိတ်က ကျွန်မကို ဆက်ပြီး စွပ်စွဲနေခဲ့တယ်။ ကျွန်မ ပြဿနာကို တွေ့ပေမဲ့ မတိုင်ကြားဘူး၊ ဘုရားနှုတ်ကပတ်တော်တွေကို နားလည်ပေမဲ့ လက်တွေ့မလုပ်ဆောင်ဘူး။ ကျွန်မက အသင်းတော်ရဲ့အကျိုးစီးပွားကို လုံးဝကို မကာကွယ်နေခဲ့ဘူး။ ကျွန်မ ရာထူးတိုးခံရရင်တောင် ဘာအဓိပ္ပာယ်ရှိမှာလဲ။ ကျွန်မ ငိုပြီး ဘုရားသခင်ရှေ့ကို ဆုတောင်းဖို့ ရောက်လာခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီနေ့ သမီးရင်ဆိုင်နေရတဲ့ ဒီအခြေအနေဟာ ကိုယ်တော် စီစဉ်ညွှန်ကြားပြီး စီမံထားတာပါ။ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ကို သမီးအလေးထားနိုင်မလားဆိုတာကို သိဖို့ ဒါဟာ သမီးအတွက် စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ သမီး အခု အရမ်းဒွိဟဖြစ်နေပါတယ်။ အို ဘုရားသခင်၊ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခု လုပ်နိုင်ဖို့ သမီးကို လမ်းပြပေးပါ” လို့ပေါ့။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ကြောင်းက ကျွန်မစိတ်ထဲ ပေါ်လာတယ်။ “ဘုရားသခင်၏ အနှစ်သာရမှာ ဖြောင့်မတ်ခြင်း ဖြစ်သည်။ ကိုယ်တော်ပြုသောအမှုကို နားလည်ရန် မလွယ်ကူသော်လည်း ကိုယ်တော်ပြုသော အမှုအားလုံးသည် ဖြောင့်မတ်ပေသည်။ လူတို့က နားမလည်ကြခြင်းသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဟုတ်တယ်၊ ဘုရားသခင်ရဲ့ စိတ်သဘောထားက ဖြောင့်မတ်တယ်၊ ဘုရားသခင် ဘာပဲလုပ်လုပ် အဲဒါက ဖြောင့်မတ်တယ်။ ပြဿနာကို ကျွန်မ မတိုင်ကြားရဲခဲ့တဲ့ အဓိကအကြောင်းရင်းက ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားမလည်လို့ပဲ၊ အဲဒါက ကျွန်မကို နားလည်မှုလွဲပြီး သတိထားတဲ့ အခြေအနေတစ်ခုမှာ အသက်ရှင်စေခဲ့တယ်။ ပြဿနာတစ်ခုကို မမှန်မကန် တိုင်ကြားမိရုံနဲ့ ဒါမှမဟုတ် အမှားတစ်ခုလုပ်မိရုံနဲ့ ကျွန်မ ဆင်ခြင်သုံးသပ်ဖို့ သီးခြားခွဲခံရမယ် ဒါမှမဟုတ် အရှင်းလင်းခံရမယ်ဆိုသလိုမျိုး ဘုရားသခင်ကို မျှတမှုနဲ့ ဖြောင့်မတ်မှုမရှိတဲ့ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေလိုပဲ ကျွန်မ စိတ်ကူးပုံဖော်ခဲ့တယ်။ ဘုရားသခင်ကို ဒီလို သံသယဝင်မိတာက ကျွန်မဘက်က တကယ်ကို လှည့်ဖြားတတ်လွန်းရာကျတယ်လေ။ ဘုရားသခင်က ဖြောင့်မတ်တယ်၊ ဘုရားရဲ့အိမ်တော်မှာ အရာအားလုံးကို မျှမျှတတနဲ့ တရားနည်းလမ်းကျကျ ကိုင်တွယ်ဖြေရှင်းတယ်။ ကျွန်မက ခေါင်းဆောင်တစ်ယောက်နဲ့ ပတ်သက်တဲ့ ပြဿနာကို တိုင်ကြားခဲ့ရင်၊ အသင်းတော်က စည်းမျဉ်းတွေအတိုင်း စုံစမ်းစစ်ဆေးပြီး ကိုင်တွယ်မှာပဲ၊ ကေလီသာ တကယ်ပဲ အယောင်ဆောင်ခေါင်းဆောင်ဖြစ်နေရင် သူ ချက်ချင်း ဖြုတ်ချခံရမှာပဲ။ ဒါပေမဲ့ သူ အယောင်ဆောင်ခေါင်းဆောင်မဟုတ်ခဲ့ရင်၊ သူ့ကိုယ်သူ သုံးသပ်ပြီး ဝင်ရောက်နိုင်အောင် အသင်းတော်က သူ့ပြဿနာကို ထောက်ပြပြီး သူ့ကို ကူညီမှာဖြစ်သလို ဒါက ကောင်းတဲ့အရာတစ်ခုလည်း ဖြစ်မှာပဲ။ ဒီလိုတွေးလိုက်တော့ ကျွန်မ အတော်အတန် စိတ်သက်သာရာရသွားတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်လိုက်ရတယ်၊ အဲဒါက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တစ်ခါတစ်ရံ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် အပေါ်ယံ ဟန်ဆောင်လုပ်ပြကြပြီး ပြဿနာအချို့ကို ထုတ်ဖော်ပြကြသည်။ လူအချို့က ပြဿနာများရှိသည်ကို မြင်ရုံသာမြင်နိုင်သော်လည်း ဤပြဿနာများ၏ အနှစ်သာရနှင့် အမှန်တရားကို မရိပ်စားမိနိုင်ကြသကဲ့သို့ မည်သို့ ဖြေရှင်းရမည်ကိုလည်း မသိကြပေ။ ဤသည်မှာလည်း ချင့်ချိန်နိုင်စွမ်းမရှိခြင်းနှင့် ဆက်စပ်သည်။ ထိုသို့သော အခြေအနေများတွင် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ ဤသို့သော အချိန်များတွင် ယင်းတို့ကို ပိုင်းခြားသိမြင်ရန် သမ္မာတရားကို နားလည်သည့် လူတစ်ဦးကို သင်တို့ ရှာသင့်သည်။ ထိုကိစ္စရပ်ကို လူတိုင်းက အတူတကွ ရှာဖွေ၊ မိတ်သဟာယပြုကာ ဆွေးနွေးခြင်းဖြင့် တာဝန်ယူနိုင်သည့် လူအချို့ရှိလျှင် သင်တို့အားလုံး သဘောတူညီချက်တစ်ခု ရရှိနိုင်ပြီး ပြဿနာ၏ အနှစ်သာရကို ရိပ်စားမိနိုင်ကာ ထို့နောက်တွင် ၎င်းတို့က အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည် ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ပြဿနာကို ဖြေရှင်းရန် သိပ်မခက်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် တကယ့်အလုပ်ကို မဆောင်ရွက်ကြသကဲ့သို့ ၎င်းတို့ကို ရှာဖွေတွေ့ရှိပြီး ရှင်းလင်းစွာ သိမြင်ရန် လွယ်သည်။ အန္တိခရစ်များက အသင်းတော်အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်လုပ်ကြပြီး ၎င်းတို့ကိုလည်း ရှာဖွေတွေ့ရှိကာ ရှင်းလင်းစွာ သိမြင်ရန် လွယ်ကူသည်။ ဤအရာအားလုံးက ဘုရားသခင် ရွေးချယ်ထားသော လူများ မိမိတို့၏ တာဝန်များ ထမ်းဆောင်ခြင်းအား နှောင့်ယှက်ခြင်း ပြဿနာနှင့် ဆက်စပ်ပြီး ထိုသို့သော လူများကို သင် တိုင်ကြားကာ ဖော်ထုတ်သင့်သည်။ ယင်းကို လုပ်ဆောင်ခြင်းအားဖြင့်သာ အသင်းတော်အလုပ်ကို နှောင့်နှေးသွားခြင်းမှ သင် တားဆီးနိုင်သည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များကို တိုင်ကြားခြင်းနှင့် ဖော်ထုတ်ခြင်းသည် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့က မိမိတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်စေရန် အာမခံသည့် အလွန်အရေးပါသော အလုပ်ဖြစ်ပြီး ဘုရားသခင်၏ ရွေးချယ်ထားသော လူအားလုံးက ဤတာဝန်ကို ခံယူကြသည်။ မည်သူပင်ဖြစ်ပါစေ အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အန္တိခရစ်ဖြစ်သရွေ့ ဘုရားသခင် ရွေးချယ်ထားသော လူတို့က ထိုသူတို့ကို ဖော်ထုတ်ကာ တင်ပြသင့်ပြီး ဤနည်းဖြင့် သင်၏ တာဝန်ကို သင် ကောင်းမွန်စွာ ဖြည့်ဆည်းလိမ့်မည် ဖြစ်သည်။ တိုင်ကြားထားသည့် ပြဿနာက မှန်ကန်ပြီး အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အန္တိခရစ် ဖြစ်ရပ်တစ်ခု အမှန်တကယ် ရှိသရွေ့ ဘုရားအိမ်တော်က ထိုအရာကို အချိန်မီပုံစံဖြင့် စည်းမျဉ်းများနှင့်အညီ အမြဲ ကိုင်တွယ်လိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဟုတ်တယ်၊ အသင်းတော်မှာ အယောင်ဆောင် ခေါင်းဆောင်တွေ၊ အန္တိခရစ်တွေကို ကြုံတွေ့ရတဲ့အခါ၊ ပြဿနာရဲ့ အနှစ်သာရကို ကျွန်မ ထွင်းဖောက်မမြင်နိုင်ရင်၊ သမ္မာတရားကို နားလည်တဲ့သူတွေနဲ့အတူ မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားသိမြင်လို့ရတယ်။ ဒီနည်းနဲ့ ပိုပြီး တိကျတဲ့ နားလည်မှုတစ်ခုကို ရနိုင်တာပေါ့။ ကေလီက အယောင်ဆောင်ခေါင်းဆောင် ဟုတ်မဟုတ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့တဲ့အတွက်၊ ကျွန်မ တခြားသူတွေနဲ့ မိတ်သဟာယဖွဲ့ ရှာဖွေနိုင်တာပဲ။ ရှာဖွေပြီး မိတ်သဟာယဖွဲ့ရာကတစ်ဆင့်၊ ဒီကဏ္ဍနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်နိုင်မှာပဲလေ။ နောက်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်မရဲ့ တွဲဖက်လုပ်တဲ့ အစ်မ ရှယ်လီကို ပြောပြလိုက်တယ်။ ရှယ်လီကလည်း ကေလီဟာ လမ်းမှားလျှောက်နေတယ်လို့ ခံစားရပြီး အထက်ကို တိုင်ကြားဖို့ ကျွန်မကို အကြံပြုခဲ့တယ်။ သူက ဒီပြဿနာကို မတိုင်ကြားနိုင်အောင် ကျွန်မ ပူပန်တဲ့အရာက ဘာလဲဆိုတာကိုလည်း သူက မေးခဲ့တယ်။ ရှယ်လီရဲ့မေးခွန်းကနေတစ်ဆင့်၊ တစ်လျှောက်လုံး ပြဿနာကို တိုင်ကြားဖို့ ကျွန်မ ချီတုံချတုံဖြစ်နေခဲ့တာဟာ အဓိကအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကို ထိန်းသိမ်းတာကြောင့်ပဲဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။

ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မသတိရပြီး ဖတ်ဖို့ ရှာလိုက်တယ်။ ဘုရားသခင်က ပြောသည် “လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့နှင့် မကောင်းသောလူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က စေ့စေ့စပ်စပ် နားမလည်သကဲ့သို့ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ ‘ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်’ ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။ သင်၏ စိတ်နှလုံးထဲတွင် ရင်ဆိုင်ကာ ပြောလိုသော်လည်း သင်သည် ဒွိဟဖြစ်နေပြီး သင်ထုတ်ပြောသည့်အခါတွင်ပင်၊ ဝေ့လည်ကြောင်ပတ်ဖြင့် သင့်ကိုယ်သင် လူးသာလွန့်သာ ရှိအောင်လုပ်သည်၊ သို့မဟုတ်လျှင် သင်သည် မလိမ့်တပတ်လုပ်ပြီး အမှန်အတိုင်းမပြောပေ။ မြင်တတ်သောသူတို့သည် ဤအရာကို မြင်နိုင်သည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောရသေးကြောင်း၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုမရှိကြောင်း၊ သင်သည် ဝတ်ကျေတမ်းကျေသာလုပ်ဆောင်နေကြောင်း၊ ပြဿနာ မပြေလည်သေးကြောင်း သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ထိုသို့ဆိုလျှင် သင်သည် စာတန်ဆန်သော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်မဟုတ်လော။...သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန် မဆိုထားနှင့်၊ သင်မည်သည့်အခါကမျှ ယင်းကို မရှာဖွေခဲ့ချေ။ အဆက်မပြတ် ဆုတောင်းခြင်း၊ သန္နိဋ္ဌာန်များ ချခြင်း၊ မျှော်မှန်းချက်များ တည်ဆောက်ခြင်းနှင့် သင့်စိတ်နှလုံးထဲတွင် ကတိခံဝန်ချက်ပြုခြင်းတို့ကို သင်ပြုနေရုံမျှသာဖြစ်သည်။ ရလဒ်က မည်သည့်အရာနည်း။ သင်သည် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်မြဲဖြစ်နေသည်။ သင်ကြုံရသော ပြဿနာများနှင့်ပတ်သက်၍ သင်သည် ဟက်ဟက်ပက်ပက် မရှိလှ။ ဆိုးယုတ်သောသူများကို မြင်သောအခါ ၎င်းတို့အကြောင်း သင်ဂရုမစိုက်ချေ။ တစ်စုံတစ်ယောက်က မကောင်းမှုလုပ်သောအခါ သို့မဟုတ် အနှောင့်အယှက်တစ်ခုကို ဖန်တီးသောအခါ သင်မတုံ့ပြန်။ သင်ကိုယ်တိုင်အား မထိခိုက်သောအခါ တသီးတခြား သင်နေသည်။ ‘ငါနှင့်မသက်ဆိုင်သောအရာ မှန်သမျှအကြောင်း ငါ မပြောပါ။ ငါ၏အကျိုး၊ ငါ၏မာန်မာန သို့မဟုတ် ငါ၏ပုံရိပ်တို့ကို မထိခိုက်သရွေ့ အရာတိုင်းကို ခြွင်းချက်မရှိ အလေးမမူဘဲ နေသည်။ “ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်” ဟူသကဲ့သို့ပင် ငါ အလွန်သတိထားရမည်။ ငါ ရူးရူးမိုက်မိုက် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်’ ဟု သင်တွေးတောသည်။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည့် ဆိုးယုတ်မာမှု၊ လှည့်ဖြားတတ်မှု၊ မာကြောမှုနှင့် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့မှုစသည်တို့က လုံးဝဥဿုံ စွဲစွဲမြဲမြဲ ထိန်းချုပ်ခြင်းကို သင်ခံနေရသည်။ ယင်းတို့သည် မျောက်မင်း ဝတ်ဆင်ထားသည့် ကျပ်အောင်လုပ်နိုင်သော ရွှေခေါင်းစည်းထက် သင့်အတွက် ပို၍ခံရခက်လာစေသည်။ ဖောက်ပြန်သောစိတ်သဘောထားများ၏ ထိန်းချုပ်မှုအောက်တွင် နေရခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစေပြီး မခံမရပ်နိုင်အောင်ဖြစ်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားသခင်ရဲ့ ဖော်ထုတ်ချက်က ကျွန်မရဲ့အခြေအနေကို အတိအကျ ထင်ဟပ်ခဲ့တယ်။ ကေလီမှာ အထက်ကို တိုင်ကြားဖို့လိုအပ်တဲ့ ပြဿနာတစ်ခုရှိနေတယ်ဆိုတာ ကျွန်မသိခဲ့တယ်။ အထူးသဖြင့် အယောင်ဆောင် ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို တိုင်ကြားဖို့ တိုက်တွန်းတဲ့ ဘုရားအိမ်တော်ရဲ့ စာတွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ပြဿနာကို တိုင်ကြားဖို့ အကြိမ်အတော်များများ ကျွန်မ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ မှားတိုင်မိရင် ကျွန်မတာဝန်ကို ဆုံးရှုံးသွားမှာ ဒါမှမဟုတ် ဆင်ခြင်သုံးသပ်ဖို့အတွက် သီးခြားခွဲခံရမှာကို ကြောက်ခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ အမြဲစဉ်းစားခဲ့တယ်။ အရေးကြီးတဲ့အချိန်တွေမှာ ဘုရားအိမ်တော်ရဲ့အကျိုးစီးပွားကို ထိန်းသိမ်းဖို့ စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ဘူး၊ ပြဿနာတစ်ခုကိုတောင် မတိုင်ကြားရဲခဲ့ဘူး။ ကျွန်မ တကယ့်ကို အသုံးမကျတဲ့လူပါလား။ ကေလီက အသင်းတော်တော်များများကို တာဝန်ယူထားတာဖြစ်ပြီး သူသာ တကယ်ပဲ အယောင်ဆောင်ခေါင်းဆောင်ဖြစ်နေရင် အသင်းတော်အလုပ်ကို သိသိသာသာ ထိခိုက်စေမှာဖြစ်သလို၊ ညီအစ်ကိုမောင်နှမအများကြီးရဲ့ အသက်ဝင်ရောက်မှုလည်း ဆုံးရှုံးမှု ခံစားရမှာကို ကျွန်မ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ပြဿနာကို တိုင်ကြားတာက ကျွန်မကို အကျိုးပြုနိုင်မှာ မဟုတ်တဲ့အပြင် ကျွန်မရဲ့အကျိုးစီးပွားကိုတောင် ထိခိုက်စေနိုင်မယ်ဆိုတာကို တွေးမိတဲ့အခါ၊ တာဝန်ကိုရှောင်လွှဲဖို့ ဆင်ခြေတွေပေးရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကြိုးစားတယ်၊ ပြီးတော့ တခြားသူတွေ ရှေ့ထွက်ပြီး တိုင်ကြားလာမှာကို စောင့်နေခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ ဂရုစိုက်ခဲ့ပြီး၊ အသင်းတော်အလုပ် ဒါမှမဟုတ် ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအပေါ် သက်ရောက်မှုကို လုံးဝထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မက ဆုံးရှုံးမှုတစ်ခုတလေ မခံစားရသရွေ့ ဂရုမစိုက်ခဲ့ဘူး။ ခေါင်းဆောင်နဲ့ပတ်သက်တဲ့ ပြဿနာကို မြင်ရင်တောင် ကျွန်မ မသိကျိုးကျွန်ပြုခဲ့တယ်။ အပြစ်ရှိတဲ့စိတ်နဲ့ ပြည့်နေတဲ့အချိန်မှာတောင် ကျွန်မရဲ့အသိစိတ်ကို ချိုးနှိမ်ခဲ့တယ်။ အရာရာမှာ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားပဲ ကျွန်မ စဉ်းစားခဲ့တယ်။ ကျွန်မက တကယ်ကို လှည့်ဖြားတတ်လိုက်တာ၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ အရင်က ကျွန်မမှာ တရားမျှတစိတ်ရှိပြီး တခြားညီအစ်ကို မောင်နှမတွေရဲ့ ပြဿနာတွေကို ထောက်ပြ၊ ဖော်ထုတ်နိုင်တယ်လို့ ထင်ခဲ့တယ်။ အခု အဲဒီအကြောင်းကို စဉ်းစားကြည့်တော့၊ အရင်တုန်းက ပြဿနာတွေကို ကျွန်မ ထောက်ပြပြီး ဖော်ထုတ်ရဲခဲ့တာဟာ ကျွန်မရဲ့ အကျိုးစီးပွားနဲ့ မပတ်သက်လို့ပဲ။ အခု ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်လာတော့၊ ကျွန်မက ဘာသမာဓိမှမရှိဘဲ ခေါင်းကိုကျုံ့ထားတဲ့ လိပ်တစ်ကောင်လို ဖြစ်သွားတယ်။ ဒီအချိန်အတောအတွင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကိုလည်း သတိရပြီး လုပ်ဖို့ သင့်တော်တာ ဘာလဲဆိုတာကို သိခဲ့ပေမဲ့၊ ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားကို အရာအားလုံးထက် ဦးစားပေးခဲ့တယ်။ ပြီးတော့ သမ္မာတရားကို နားလည်ခဲ့ပေမ့ လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းရုံတင်မကဘူး၊ စိတ်နှလုံးခိုင်မာပြီး သမ္မာတရားကိုလည်း အရမ်းမနှစ်မြို့ခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေ အများကြီးဖတ်ပြီးတဲ့နောက်၊ အရေးကြီးတဲ့အချိန်တွေမှာ အသင်းတော်ရဲ့အကျိုးစီးပွားကို ထိန်းသိမ်းဖို့အတွက် ရပ်တည်ဖို့ လိုတဲ့အချိန် ကျွန်မမှာ သတ္တိမရှိခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်တွေကို နှစ်ပေါင်းများစွာ နားထောင်ခဲ့တာ တကယ်ကို အလဟဿပါပဲ၊ သက်သေခံချက် တစ်ခုမှ မရှိခဲ့ဘူး။

နောက်ပိုင်းမှာ ရှယ်လီက ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မကို ဖတ်ပြခဲ့တယ်။ “ငါ ပွင့်လင်းစွာ စကားပြောမည်။ သင်သည် မှန်ကန်သည့် လမ်းကြောင်းကို မလိုက်လျှောက်လျှင် သို့မဟုတ် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင်၊ ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံအား သင် ဝှေ့ယမ်းသော်လည်း ဘာသာတရားမရှိသူများကဲ့သို့သာ အသက်ရှင်လိုပြီး လက်လွတ်စပယ် ပြုမူလိုလျှင် ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းက အဓိပ္ပာယ်မဲ့ပေသည်။ အဓိပ္ပာယ်မဲ့သည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်သည် မည်သည့်နေရာတွင် တည်ရှိသနည်း။ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်း၊ ဘဝနှင့်ပတ်သက်၍ ၎င်းတို့၏ သဘောထားအမြင်နှင့် ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ၎င်းတို့၏ ဘဝ ဦးတည်ချက်နှင့် ရည်မှန်းချက်တို့ လုံးဝ ပြောင်းလဲခြင်း၊ ဤအရာများတွင် ဘုရားသခင်ကို မယုံကြည်သောသူများနှင့် ကွဲပြားလာခြင်း၊ လောကီဆန်သော လူများနှင့်လည်းကောင်း၊ နတ်ဆိုးများနှင့်လည်းကောင်း လုံးဝ ကွဲပြားလာခြင်းနှင့် ယုံကြည်သူများ လျှောက်လှမ်းသည့် လမ်းကြောင်းက ထိုသူများ၏ လမ်းကြောင်းနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်ခြင်းတို့တွင် တည်ရှိပေသည်။ ဤဆန့်ကျင်ဘက်ဖြစ်သော ဦးတည်ချက်မှာ အဘယ်အရာနည်း။ သင့်အနေဖြင့် လူကောင်းတစ်ဦး ဖြစ်ရန်လည်းကောင်း၊ ဘုရားသခင်ကို ကျိုးနွံနာခံပြီး၊ လူသား ပုံသဏ္ဌာန်ရှိသူတစ်ဦး ဖြစ်ရန်လည်းကောင်း အလိုရှိခြင်းဖြစ်သည်။ သို့ဆိုလျှင် ဤအရာကို သင် မည်သို့ စွမ်းဆောင်ရရှိနိုင်သနည်း။ သမ္မာတရားအတွက် ကြိုးပမ်းခြင်းအပေါ် သင် အာရုံစိုက်သင့်ပြီး ထို့နောက်တွင်မှ သင် ပြောင်းလဲနိုင်လိမ့်မည်။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင်၊ ဘုရားသခင်ကို သင်၏ ယုံကြည်ခြင်းသည် အဓိပ္ပာယ် သို့မဟုတ် တန်ဖိုးမရှိပေ။ သင်၏ ယုံကြည်ခြင်းသည် မည်သည့် အကျိုးတရားမျှမရှိဘဲ အနှစ်မဲ့သော အခွံတစ်ခု၊ လှည့်စားရန် ရည်ရွယ်သည့် နတ်ဆိုးဆန်သော စကားများ၊ အနှစ်မဲ့သော စကားများသာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်ကာ မသိမသာ ဒုက္ခပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၁)) ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မနှလုံးသားကို စူးနစ်စေခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး ဘုရားနှုတ်ကပတ်တော်တွေ အများကြီးလည်း ဖတ်ခဲ့ပေမဲ့ အရေးကြီးတဲ့အချိန်တွေမှာ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ ဘာသာတရားမရှိသူတစ်ယောက်လိုပဲ ကျွန်မ အသက်ရှင်ခဲ့တယ်။ “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” ဆိုတာနဲ့ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်” ဆိုတဲ့ စာတန်ရဲ့ အတွေးအခေါ်တွေ လမ်းညွှန်တာခံခဲ့ရတယ်။ ကျွန်မက ဘုရားရဲ့ ရည်ရွယ်ချက်တွေကို လုံးဝ ထည့်မစဉ်းစားဘဲနဲ့ အရာရာမှာ ကျွန်မရဲ့ ကိုယ်ကျိုးစီးပွားကိုပဲ ကာကွယ်ခဲ့တယ်။ ကျွန်မက ဘုရားသခင်ကို ယုံကြည်တယ်လို့ ဝန်ခံခဲ့ပေမဲ့ ကိုယ်တော်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ ကျွန်မက မယုံကြည်သူတစ်ယောက် ဖြစ်လာခဲ့ပြီပဲ မဟုတ်လား။ ဘုရားသခင်က မယုံကြည်သူတွေကို မကယ်တင်ဘူးလေ။ ကျွန်မသာ နောင်တမရဘဲ သမ္မာတရားကို ဆက်ပြီး လက်တွေ့မလုပ်ဆောင်ရင် ဖယ်ရှားရှင်းလင်းတာကိုပဲ ခံရမှာ။ ကျွန်မ ကိုယ့်ရဲ့ကိုယ်ကျိုးစီးပွားကို မကာကွယ်သင့်တော့ဘူး၊ ကေလီနဲ့ပတ်သက်တဲ့ ပြဿနာကို အထက်ကို တိုင်ကြားရမယ်။ နောက်တစ်နေ့မှာ ကေသီရဲ့ပြဿနာအကြောင်း အစီရင်ခံစာကို ကျွန်မရေးပြီး အထက်အဆင့်ခေါင်းဆောင်တွေဆီ တင်ပြလိုက်တယ်။

မကြာခင်မှာပဲ၊ အထက်အဆင့်ကနေ ညီအစ်ကို ရူးပတ်က ကေလီနဲ့ပတ်သက်တဲ့ ပြဿနာကို နားလည်အောင် ကျွန်မနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တယ်။ အရင်တုန်းက ကျွန်မရဲ့တာဝန်တွေမှာ ပြစ်မှားမှုတွေ ကျူးလွန်ခဲ့ဖူးတယ်ဆိုတာနဲ့ ပြဿနာကို မှားတိုင်မိရင် ဆင်ခြင်သုံးသပ်ဖို့ သီးခြားခွဲခံရမှာနဲ့ တာဝန်ထမ်းဆောင်ခွင့် ဆုံးရှုံးသွားမှာကို ကြောက်ခဲ့တဲ့အကြောင်း ကျွန်မ ပြောပြတဲ့အခါ၊ ရူးပတ်က ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ လူတွေကို ကိုင်တွယ်ဖို့ ဘုရားအိမ်တော်က သုံးတဲ့ စည်းမျဉ်းတွေ နားမလည်တာကို ပြနေတယ်လို့ ပြောပြီး၊ ဒီသမ္မာတရား ကဏ္ဍနဲ့ပတ်သက်ပြီး ကျွန်မကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ရူးပတ်ရဲ့ မိတ်သဟာယဖွဲ့မှုကနေတစ်ဆင့် နောက်ဆုံးတော့ ကျွန်မ နားလည်မှုတချို့ ရခဲ့တယ်။ ဘုရားအိမ်တော်က လူတွေကို သူတို့ရဲ့ သဘာဝ အနှစ်သာရနဲ့ တစ်သမတ်တည်းဖြစ်တဲ့ အပြုအမူအပေါ် အခြေခံပြီး ကိုင်တွယ်တယ်။ ကျွန်မရဲ့ ရည်ရွယ်ချက်တွေက မှန်ကန်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ရည်ရွယ်တယ်ဆိုရင်၊ ပိုင်းခြားသိမြင်မှု ကင်းမဲ့လို့ ပြဿနာတစ်ခုကို မမှန်မကန် တိုင်ကြားမိခဲ့ရင်တောင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ပြုပြင်ပေးဖို့ မိတ်သဟာယဖွဲ့ပေးမှာဖြစ်ပြီး၊ ပြဿနာတစ်ခုကို တိုင်ကြားရာမှာ တစ်ကြိမ် အမှားလုပ်မိရုံနဲ့ ကျွန်မ ဖြုတ်ချခံရတာ ဒါမှမဟုတ် သီးခြားခွဲခံရတာမျိုး ဖြစ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက စာတန်ရဲ့ အတွေးအခေါ်တွေနဲ့ ဆက်ပြီး အသက်ရှင်ခဲ့ရင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်တဲ့အပြင် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို မကာကွယ်ခဲ့ရင်၊ ပြီးတော့ သမ္မာတရားအပေါ်ထားတဲ့ ကျွန်မရဲ့သဘောထားက အရမ်း မနှစ်မမြို့ဖြစ်ပြီး နှလုံးခိုင်မာတာဖြစ်မယ်ဆိုရင်တော့၊ ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ရင်တောင်မှ နောက်ဆုံးမှာ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာပဲ။ ပြဿနာတစ်ခုကို တိုင်ကြားပြီးနောက်မှာ ဆင်ခြင်သုံးသပ်ဖို့အတွက် သီးခြားခွဲခံခဲ့ရတဲ့ အစ်မတစ်ယောက်ကို ကျွန်မတွေ့ခဲ့ဖူးတာကို သတိရလိုက်တယ်။ ဒါပေမဲ့ ဒါက ပြဿနာကို သူ မမှန်မကန် တိုင်ခဲ့မိလို့ မဟုတ်ဘူး။ အဲဒါက ဘာလို့လဲဆိုတော့ သူ့ရဲ့စိတ်သဘောထားက အရမ်းမာနထောင်လွှားပြီး တခြားသူတွေကို အမြဲဘောင်ခတ်တဲ့အပြင် သူ့အဖွဲ့ထဲမှာလည်း အပြုသဘောဆောင်တဲ့ လွှမ်းမိုးမှု မရှိခဲ့လို့ပဲ။ ဆင်ခြင်သုံးသပ်စေဖို့အတွက် သူ့ကို သီးခြားခွဲတာက နောင်တရဖို့ သူ့ကို အခွင့်အရေးပေးဖို့ပါ။ သူ့အနေနဲ့ သူ့ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိပြီး နှောင့်ယှက်တာတွေ ရပ်သရွေ့ ကယ်တင်ခံရဖို့ အခွင့်အရေး ရှိနေဦးမှာပဲ။ ဘုရားသခင်ကို နှစ်တွေအများကြီး ယုံကြည်ပြီးတဲ့နောက်မှာ၊ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တိုင်ကြားလို့ ဖယ်ရှားရှင်းလင်းခံရတဲ့သူ တစ်ယောက်မှ ကျွန်မမတွေ့ဖူးဘူး။ ဘုရားအိမ်တော်က လူတွေကို သူတို့ရဲ့ သဘာဝ အနှစ်သာရနဲ့ တစ်သမတ်တည်းဖြစ်တဲ့ အပြုအမူအပေါ် အခြေခံပြီး အမှန်တကယ်ပဲ ကိုင်တွယ်ဖြေရှင်းတာပဲ။ နောက်ပိုင်းမှာ အထက်အဆင့်ခေါင်းဆောင်တွေက ကေလီရဲ့အပြုအမူကို နားလည်ပြီး အတည်ပြုပြီးတဲ့နောက်၊ သူဟာ အသက်ဝင်ရောက်မှု ကင်းမဲ့ပြီး လက်တွေ့ကျတဲ့အလုပ်ကို မလုပ်နိုင်ရုံသာမက၊ အဆင့်အတန်းအတွက် ပြင်းပြတဲ့ဆန္ဒလည်း ရှိတယ်ဆိုတာကို တွေ့ရှိခဲ့တယ်။ သူက ကိုယ့်ကိုယ်ကိုယ် အမြဲသက်သေခံခဲ့တယ်၊ အလုပ်ဖော်တွေကို သေးသိမ်အောင်လုပ်ခဲ့တယ်၊ ပြီးတော့ တခြားသူတွေကို ဖိနှိပ်ပြီး ညှဉ်းပန်းတယ်။ သူ့ကို အလေးအနက် မထားတဲ့သူ တစ်ယောက်ယောက်ကို တွေ့တာနဲ့ အငြိုးအတေးထားတယ်၊ တစ်ယောက်ယောက်က သူ့ပြဿနာတွေကို ထောက်ပြရဲရင် ဒါမှမဟုတ် သူနဲ့မတူတဲ့ ခံယူချက်တွေရှိခဲ့ရင် သဘောထားကွဲလွဲသူတွေ၊ ရန်သူတွေအဖြစ်တောင် သဘောထားခဲ့တယ်။ ကေလီရဲ့ အပြုအမူအရ၊ သူဟာ အန္တိခရစ်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်လို့ ဆုံးဖြတ်ခဲ့ကြတဲ့အပြင် သူ့ကို ဖြုတ်ချပြီး သီးခြားခွဲထားလိုက်တယ်။ ခေါင်းဆောင်တွေက ကျွန်မတိုင်ကြားခဲ့တဲ့ပြဿနာဟာ အရေးကြီးတယ်လို့လည်း ပြောခဲ့ပြီး နောင်မှာ တခြားပြဿနာ တစ်ခုခု တွေ့ရှိခဲ့ရင် ချက်ချင်းတိုင်ကြားဖို့ ကျွန်မကို အားပေးခဲ့တယ်။ ကေလီ ဖြုတ်ချခံရပြီး အသင်းတော်က အယောင်ဆောင်ခေါင်းဆောင်တစ်ယောက်ရဲ့ နှောင့်ယှက်တာ၊ အဖျက်အမှောင့်လုပ်တာ မခံရတော့တာကို ကျွန်မ မြင်တဲ့အခါ၊ ဘုရားသခင်ကို ကျွန်မ အရမ်း ကျေးဇူးတင်မိတယ်။

ကျွန်မတွေ့ခဲ့တဲ့ပြဿနာကို တိုင်ကြားဖို့ သတ္တိမရှိခဲ့တာ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို မကာကွယ်ဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ ကာကွယ်တာကို အာရုံစိုက်ခဲ့တာ၊ ပြီးတော့ အယောင်ဆောင်ခေါင်းဆောင်နဲ့ပတ်သက်တဲ့ ပြဿနာကို မဖြေရှင်းခင် ခြောက်လကျော်ကြာအောင် အချိန်ဆွဲထားခဲ့မိတာတွေကို ပြန်တွေးမိတိုင်း၊ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့ပုံနဲ့ ကိုယ့်ရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ချည်နှောင်တာကို ပြင်းပြင်းထန်ထန် ခံခဲ့ရပုံတွေကို ကျွန်မ မုန်းမိတယ်။ အမှောင်ရဲ့ စွမ်းအားတွေကို ဖောက်ထွက်ဖို့ ကျွန်မကို ဥိးဆောင်လမ်းပြပြီး အသင်းတော်ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ ပြဿနာကို တိုင်ကြားရဲတဲ့ သတ္တိကိုပေးခဲ့တာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေပါပဲ။ ကျွန်မ တကယ်ကိုပဲ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အတွေ့အကြုံသက်သေခံချက်ဆောင်းပါးတွေကို ရေးခြင်းရဲ့ အကျိုးအမြတ်တွေကို ကျွန်မ အခု သိပါပြီ

၂၀၂၀ တုန်းက ကျွန်မက အသင်းတော်ခေါင်းဆောင်တစ်ယောက်ပါ။ တချို့ ညီအစ်ကိုမောင်နှမတွေက အတွေ့အကြုံသက်သေခံချက်ဆောင်းပါးကောင်း သုံးလေးခုရေးတာကို...

တွဲဖက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းသည် တာဝန်တွင် အဓိကသော့ချက်ဖြစ်သည်

ကျင့်ခေါက် အမေရိကန်နိုင်ငံ၂၀၂၀ ခုနှစ် နွေရာသီမှာ အစ်မဝမ်နဲ့ ကျွန်မက အဆင့်မီ ဗီဒီယိုတွေကို ဆေးရောင်ခွဲဖို့ အတူလုပ်ကြတယ်။ ကျွန်မက...

တိုင်ရမလား မတိုင်ရဘူးလား

ယန်ရီး တရုတ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်တို့၏ ကံကြမ္မာအတွက် ဘုရားသခင်၏ လက်သင့်ခံမှုကို သင်တို့ရှာဖွေသင့်သည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။