တရားစီရင်ခြင်းမှတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် သိမြင်လာခြင်း
ဆွန်ယု နယ်သာလန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၁၄ ခုနှစ်တုန်းက ကျွန်မ အသင်းတော်မှာ ဗီဒီယိုတွေ ထုတ်လုပ်နေခဲ့တယ်။ အဲဒီအချိန်က ယန်မင်က ကြီးကြပ်ရေးမှူးပေါ့။ တစ်ခါမှာ ယန်မင် ဗီဒီယိုတစ်ခုအတွက် အကြံပြုချက်ပေးတာက သိပ်မသင့်တော်ဘူးဆိုတာ ကျွန်မ သတိပြုမိတယ်။ ဒါကြောင့် ကျွန်မက မတူတဲ့ အမြင်တစ်ခုကို ဖော်ပြခဲ့ပေမဲ့ သူကတော့ သူ့ထင်မြင်ချက်ကိုပဲ မရမကပြောနေခဲ့တယ်။ ကျွန်မတို့ ခေါင်းဆောင်တွေဆီကနေ ရှာဖွေနိုင်တယ်လို့ ကျွန်မ ပြောခဲ့ပေမဲ့ ယန်မင်က ကျွန်မကို မာနထောင်လွှားပြီး သူ့အကြံဉာဏ်ကို လက်မခံဘူးဆိုပြီး စကားအရိပ်အကဲနဲ့ရော တိုက်ရိုက်ရော စွပ်စွဲလာမယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မ အဲဒီအချိန်က တော်တော်ကို နားမလည်နိုင်ဖြစ်သွားတယ်၊ “ခေါင်းဆောင်တွေနဲ့အတူ ရှာဖွေရတဲ့ ရည်ရွယ်ချက်က ဗီဒီယိုကောင်းတစ်ခု ထုတ်လုပ်ဖို့ စည်းမျဉ်းတွေကို ရှာဖွေပြီး ရှင်းလင်းအောင်လုပ်ဖို့ပဲ။ ငါ့ကို မာနထောင်လွှားတယ်လို့ ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ” လို့ တွေးမိခဲ့တယ်။ နောက်ပိုင်းမှာ ယန်မင်က ကျွန်မတို့အလုပ်အတွက် တာဝန်ယူရတဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ လီဖန်ကို ရာထူးတိုးပေးခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့က တော်တော်ခက်ခဲတဲ့ ဗီဒီယိုတစ်ခုလုပ်ဖို့ စီစဉ်နေခဲ့တာ၊ ဒါကြောင့် လီဖင်က ကျွန်မတို့ကို စည်းမျဉ်းတွေနဲ့ ထုတ်လုပ်ရေးဆိုင်ရာ အတွေးအခေါ်တွေအကြောင်း ပိုပြီးမိတ်သဟာယဖွဲ့ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တာပေါ့။ ဒါပေမဲ့ သူနဲ့ တကယ်တမ်း ထိတွေ့ဆက်ဆံကြည့်တော့ လီဖင်က တကယ့်အလုပ် သိပ်မလုပ်ဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရတယ်။ သူက ကျွန်မတို့အလုပ်အကြောင်းကို မေးခဲတယ်၊ ဒါ့အပြင် အချိန်တော်တော်များများမှာ သူက ကျွန်မတို့ကို ဘာစည်းမျဉ်းမှမရှိဘဲ သူ့ရဲ့ ခံစားချက်တွေအပေါ် အခြေခံပြီး ဗီဒီယိုတွေလုပ်ဖို့ လမ်းညွှန်ခဲ့တယ်။ သူ့အကြံပြုချက်တွေအတိုင်း ကျွန်မတို့ ထပ်ခါတလဲလဲ ပြင်ဆင်ခဲ့ရတော့ တိုးတက်မှုကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တယ်။ အဲ့ဒီနောက်မှာ ကျွန်တော်က လီဖင်ကို သက်ဆိုင်ရာ စည်းမျဉ်းတွေနဲ့အညီ အကြံပြုဖို့ သတိပေးလိုက်တယ်။ အဲ့လိုလုပ်မှ ရလဒ်ထွက်ဖို့ ပိုလွယ်ပြီး အလုပ်လည်း ပြန်လုပ်နေရမှာ မဟုတ်တော့ဘူးပေါ့။ ဒါပေမဲ့ လီဖင်က ဒီအကြံပြုချက်ကို လက်မခံရုံတင်မကဘဲ ချေပငြင်းဆန်ခဲ့သေးတယ်။ သူက ကျွန်မကို မာနထောင်လွှားပြီး ကိုယ့်အထင်အမြင်ကိုပဲ စွဲကိုင်ထားတယ်ဆိုပြီးတောင် ပြုပြင်ခဲ့သေးတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အလုပ်မှာ ပြဿနာတွေ၊ လွဲချော်မှုတွေ ဖြစ်နေပေမဲ့ သူက အဲဒါတွေကို အနှစ်ချုပ်ပြီး အခြေအနေကို ပြန်ကောင်းအောင်လုပ်ဖို့ ငါတို့ကို ဦးဆောင်မပေးဘူး၊ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းကိုလည်း ထောက်ပြမပေးဘူး။ သူက ငါတို့ကို အပြစ်တင်ကြိမ်းမောင်းရုံပဲလုပ်တယ်၊ ညီအစ်ကိုမောင်နှမတွေက ကျိုးကြောင်းဆီလျော်တဲ့ အကြံပြုချက်တွေ ပေးတဲ့အခါမှာလည်း သူက လက်မခံဘူး။ သူက အဖွဲ့ခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်း မဖြည့်ဆည်းဘူး” လို့ပေါ့။ ကျွန်မ လီဖင်နဲ့ ဒီပြဿနာအကြောင်း တိုင်ပင်ချင်ခဲ့ပေမဲ့၊ လီဖင်က အရမ်းအာဏာပြတတ်တယ်လို့ ခံစားမိပြန်ရော၊ စိတ်ထဲမှာ “ငါသာ သူ့ပြဿနာကို ထောက်ပြလိုက်ရင်၊ သူက ငါ့ကို အရမ်းမာနထောင်လွှားပြီး သူ့ကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ထင်သွားမလား” လို့ တွေးမိတယ်။ နောက်ဆုံးတော့ ကျွန်မ စကားကို မြိုသိပ်လိုက်ရတယ်။ မထင်မှတ်ဘဲနဲ့ နောက်ပိုင်းမှာ လီဖင်က ဗီဒီယိုအလုပ်ရဲ့ မကောင်းတဲ့ရလဒ်တွေအတွက် အပြစ်အားလုံးကို ကျွန်မတို့အပေါ် ပုံချပြီး၊ ကျွန်မတို့ကို ခဏခဏ အပြစ်တင်ပြီး ပြုပြင်ခဲ့တယ်။ လူတိုင်းက အခြေအနေမကောင်းကြဘူးပေါ့။
တစ်နေ့မှာ လီဖင်က ကျွန်မတို့ ဗီဒီယိုကို တခြားအဖွဲ့လုပ်တဲ့ ဗီဒီယိုနဲ့ နှိုင်းယှဉ်ပြီး၊ ကျွန်မတို့ကို လှောင်ပြောင်သရော်တဲ့ စကားတွေ တရစပ်ပြောဆိုခဲ့တယ်။ လီဖင်က ကျွန်မတို့အပေါ်မှာ အမြင်စောင်းနေတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်၊ အသေးအဖွဲကိစ္စလေးတွေကို အမြဲ အပြစ်ရှာပြီး ကျွန်မတို့ကို အပြစ်တင်တတ်တယ်။ လီဖင်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူတိုင်းက ဖိအားအရမ်းများတယ်လို့ ခံစားခဲ့ရပြီး၊ အစ်မတစ်ယောက်ဆိုရင် အပျက်သဘောဆောင်လွန်းလို့ ဒီနေရာမှာ သူ့တာဝန်ကို ဆက်မထမ်းဆောင်ချင်တော့ဘူး ဖြစ်သွားခဲ့တယ်။ ကျွန်မ စိတ်ထဲမှာ အရမ်းဝမ်းနည်းပြီး ဒေါသလည်း ထွက်လာတယ်။ လီဖင်ကိုယ်တိုင်က တကယ့်အလုပ်မလုပ်ဘဲနဲ့ လူတွေကို မစဉ်းမစား ပြုပြင်ပြီး ဝေဖန်နေတယ်လို့ ကျွန်မတွေးမိတယ်၊ ကျွန်မ လျစ်လျူမရှုထားနိုင်တော့ဘူး။ နောက်နေ့မှာ ကျွန်မက လီဖင်ကို လူတွေကို လက်လွတ်စပယ် ပြုပြင်တဲ့ သူ့ရဲ့ပြဿနာကို ထောက်ပြခဲ့တယ်။ မထင်မှတ်ဘဲနဲ့ လီဖင်က သူ့အကြောင်းပြချက်တွေကို ဆက်ပြီးငြင်းခုံနေခဲ့ပြီး ဒါက တခြားလူတွေရဲ့ ပြဿနာလို့တောင် ပြောခဲ့တယ်။ ဒါနဲ့ ကျွန်မက ခေါင်းဆောင်တွေ၊ အမှုဆောင်တွေရဲ့ စည်းမျဉ်းတွေကို ထည့်သွင်းပြီး သူ့ပြဿနာကို ထောက်ပြခဲ့တယ်၊ “ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အစ်မက သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးသင့်တယ်။ လူတွေကို ပြုပြင်ပြီး အပြစ်တင်ရုံသက်သက်က ပြဿနာကို မဖြေရှင်းနိုင်ရုံတင်မကဘူး၊ လူတွေက ဘောင်ခတ်ခံရတယ်လို့ပါ ခံစားရလိမ့်မယ်။ ဒါ့အပြင် ညီအစ်ကိုမောင်နှမတွေရဲ့ အကြံပြုချက်တွေကိုလည်း အစ်မ နားထောင်သင့်တယ်” လို့ ပြောခဲ့တယ်။ အဲဒီတုန်းက မျက်နှာရှစ်ခေါက်ချိုးနဲ့ သူသဘောတူခဲ့တယ်။ ဒါပေမဲ့ ကျွန်မ မထင်ထားခဲ့တာက အဲဒီနောက်မှာ သူက မာနထောင်လွှားခြင်းနဲ့ စိတ်ကြီးဝင်ခြင်းကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပြီး ကျွန်မတို့ကို ဖတ်ခိုင်းခဲ့တာပဲ။ ကျွန်မ စိတ်နှလုံးထဲမှာ တစ်ခုခုမှားနေသလို မသဲမကွဲ ခံစားလိုက်ရတယ်၊ သူက တကယ့်ပြဿနာတွေကို မဖြေရှင်းဘဲ ကျွန်မတို့ကိုပဲ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခိုင်းနေတော့ ဘယ်သူမှ သူ့ကို ပိုင်းခြားသိမြင်နိုင်မှာ မဟုတ်တော့ဘူးလေ။ ကျွန်မ သူ့ပြဿနာတွေကို တကယ်ကို ဖော်ထုတ်ချင်ခဲ့တယ်၊ ဒါပေမဲ့ လီဖင်က တခြားလူတွေရဲ့ အကြံပြုချက်တွေကို နှိမ့်နှိမ့်ချချနဲ့ တစ်ခါမှ လက်ခံခဲ့တာမျိုးမရှိတာကို ကျွန်မ ပြန်တွေးမိတယ်၊ ပြီးတော့ သူ့ရဲ့လူ့သဘာဝလည်း မကောင်းဘူး။ တစ်ခါတုန်းက သူက ဧည့်ခံတဲ့အစ်မတစ်ယောက်အပေါ် အမြင်စောင်းနေခဲ့ပြီး ကျွန်မတို့ရှေ့မှာ သူ့ကို အမြဲတမ်း ဝေဖန်စကားပြောခဲ့တယ်။ “ငါသာ သူ့ပြဿနာတွေကို တိုက်ရိုက်ထောက်ပြလိုက်ရင်၊ သူက ငါ့အပေါ် အမြင်စောင်းပြီး နေရာတကာမှာ ငါ့ကို ဝေဖန်ပြောဆိုနေမလား။ အဲဒါဆိုရင် ငါလည်း နာမည်ပျက်ပြီးတော့ ကိုယ့်ဂုဏ်သတင်းပါ စုတ်ပြတ်သွားမှာ မဟုတ်ဘူးလား” လို့တွေးမိတယ်။ ဒီလိုတွေးလိုက်တော့ ကျွန်မ ကြောက်သွားပြီး လီဖင်ရဲ့ပြဿနာတွေကို မထောက်ပြရဲတော့ဘူး။ ကိုယ့်ကိုယ်ကိုယ်တောင် လိုက်ပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်မ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး ငါ ဘာလို့ ဒီလောက်တောင် သတ္တိမရှိရတာလဲလို့ ကိုယ့်ကိုယ်ကိုယ် တွေးမိတယ်။ နောက်ပိုင်း စုဝေးပွဲတွေမှာ လီဖင်က သူဘယ်လို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး နားလည်ခဲ့တယ်ဆိုတာကို မိတ်သဟာယ မဖွဲ့ခဲ့ဘူး။ အဲဒီအစား တခြားအဖွဲ့တွေမှာ ဗီဒီယိုအလုပ်ကို လမ်းညွှန်ခဲ့တုန်းက ရလဒ်ကောင်းတွေရခဲ့ပြီး ညီအစ်ကိုမောင်နှမတွေအားလုံးက သူ့ကို ကြိုဆိုကြတယ်လို့ ပြောခဲ့တယ်။ သူ့စကားရဲ့ ဆိုလိုရင်းကတော့ ကျွန်မတို့က သူနဲ့ အမြဲတမ်း သဘောထားကွဲလွဲနေကြတယ်၊ ကျွန်မတို့က သူ့အကြံဉာဏ်ကို လက်မခံနိုင်လောက်အောင် မာနထောင်လွှားလွန်းလို့ပေါ့။ ကျွန်မ သူ့ပြဿနာတွေကို တကယ်ကို ထောက်ပြချင်ခဲ့ပေမဲ့၊ အဲဒါတွေကို ပြောလိုက်ရင် သူ သိက္ခာကျမှာနဲ့ ကျွန်မကို ဖိနှိပ်မှာကို ကြောက်ခဲ့တယ်၊ ဒါနဲ့ ဘာမှမပြောဘဲ နေလိုက်တယ်။
အဲဒီနောက်မှာတော့ လီဖင်က ကျွန်မကို နေရာတိုင်းမှာ ပစ်မှတ်ထားပြီး ဖယ်ကြဉ်နေတာကို ကျွန်မတွေ့ခဲ့ရတယ်။ တစ်ခါတုန်းက စုဝေးပွဲကနေ အိမ်ပြန်တဲ့လမ်းမှာ ညီအစ်မတွေအတွက် ပစ္စည်းတချို့ဝယ်ပေးခဲ့လို့၊ ကျွန်မ နည်းနည်းနောက်ကျပြီးမှ ပြန်ရောက်ခဲ့တယ်။ ဒါနဲ့ လီဖင်က စုဝေးပွဲလုပ်နေတုန်း ညီအစ်ကိုမောင်နှမတွေရှေ့မှာ ကျွန်မကို စိတ်ဖြာလေ့လာဆွေးနွေးပြီး၊ ကျွန်မက စုဝေးပွဲသွားတာကို အခွင့်ကောင်းယူပြီး ဇာတိပကတိကို မွေ့လျော်ခံစားတယ်လို့ ပြောခဲ့တယ်။ လီဖင်က တမင်တကာ အပြစ်ရှာတဲ့အပြင် အမှုအရာတွေကို ချဲ့ကားပြီး ကျွန်မကို ခဏခဏ ပြုပြင်တတ်တယ်၊ ကျွန်မ အရမ်းကို စိတ်ဆင်းရဲပြီး ဖိနှိပ်ခံရတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မ ဒီမှာ ကိုယ့်တာဝန်ကိုတောင် ဆက်မထမ်းဆောင်ချင်တော့ဘူး။ ဒါပေမဲ့ ကိုယ့်တာဝန်ကို စွန့်ပစ်တာဟာ ဘုရားသခင်ကို သစ္စာဖောက်တာပဲဆိုတာကို တွေးမိတဲ့အခါ ကျွန်မ စိတ်မလုံမလဲ ခံစားခဲ့ရတယ်၊ ဒါကြောင့် ဆုတောင်းပြီးတော့ ကိုယ့်တာဝန်ကိုလည်း မစွန့်ပစ်ခဲ့ပါဘူး။ လီဖင်နဲ့ ဆက်ဆံခဲ့ရတဲ့ သုံးလေးလကို ကျွန်မ ပြန်ကြည့်မိတယ်။ သူက သူ့တာဝန်ကို ဝတ်ကျေတမ်းကျေပဲလုပ်ပြီး တကယ့်ပြဿနာတွေကို မဖြေရှင်းဘူး၊ ပြီးတော့ သူ့စိတ်သဘောထားက အရမ်း မာနာထောင်လွှားတယ်၊ သူက တခြားလူတွေရဲ့ အကြံပြုချက်တွေကို လက်မခံဘူး။ ဒီလိုလူမျိုးသာ ဗီဒီယိုအလုပ်အတွက် ဆက်ပြီးတာဝန်ခံနေရင် အလုပ်အတွက် ပိုကြီးမားတဲ့ အဟန့်အတားတွေကို ယူဆောင်လာပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ဆုံးရှုံးမှုကိုပဲ ယူဆောင်လာမှာပဲ။ လီဖင်ရဲ့ ပြဿနာတွေကို ခေါင်းဆောင်တွေဆီ တင်ပြသင့်မှန်း ကျွန်မသိခဲ့တယ်၊ ဒါပေမဲ့ ဒီအချိန်အတောအတွင်း သူ ကျွန်မကို ပစ်မှတ်ထားနေတာကို ကျွန်မ တွေးမိတယ်။ ကျွန်မသာ သူ့ပြဿနာတွေကို ထပ်ပြီးတင်ပြလို့ သူသိသွားခဲ့ရင်၊ သူ ကျွန်မကို ဘယ်လိုများ ညှဉ်းပန်းမလဲဆိုတာ ဘယ်သူသိမှာလဲ။ နောက်ပြီး လီဖင်ရဲ့ပြဿနာတွေကို လူတိုင်း မြင်နိုင်တာပဲ၊ တခြားအစ်မတွေကလည်း သူ့ကို ဘာအကြံပြုချက်မှ မပေးခဲ့ကြဘူး၊ ဒါကြောင့် ကျွန်မ ဝင်မပါတော့တာပဲ ကောင်းပါတယ်လို့ တွေးခဲ့တယ်။ ဒါ့အပြင် ယန်မင်က ဗီဒီယိုအလုပ်ရဲ့ ကြီးကြပ်ရေးမှူးဖြစ်ပြီး၊ လီဖင်ကို သူတစ်ယောက်တည်းကပဲ ရာထူးတိုးပေးခဲ့တာ။ ကျွန်မသာ လီဖင်ရဲ့ပြဿနာတွေကို တင်ပြဖို့ စာရေးလိုက်ရင် ယန်မင်က အဲဒီစာကိုဖတ်တဲ့အခါ ဒီကိစ္စကို မျှမျှတတ ဆောင်ရွက်ပေးပါ့မလား။ အဲဒီအချိန်ကျရင် သူတို့က ကျွန်မကို ဖြုတ်ချလိုက်မလား၊ ကျွန်မကို မာနထောင်လွှားပြီး စိတ်ကြီးဝင်တယ်၊ ဗီဒီယိုအလုပ်ကို နှောင့်ယှက်ဖို့ တခြားလူတွေရဲ့အမှားကိုပဲ အမြဲရှာတယ်ဆိုပြီး ပြောမလား။ ကျွန်မကို အသင်းတော်ကနေ ရှင်းလင်းပစ်လိုက်ရင်ရော။ အဲဒါဆိုရင် ဘုရားသခင်ကို ယုံကြည်တဲ့ ကျွန်မရဲ့ ဘဝတစ်ခုလုံး ပျက်စီးသွားမှာ မဟုတ်ဘူးလား။ ခေါင်းဆောင်တွေက လီဖင်ရဲ့ပြဿနာတွေကို တွေ့ရှိတဲ့အခါ သူတို့ သူ့ကို ကိုင်တွယ်ဖြေရှင်းလိမ့်မယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ်တောင် နှစ်သိမ့်လိုက်သေးတယ်။ မမျှော်လင့်ဘဲနဲ့ အဖွဲ့ထဲက ညီအစ်မတွေက ကျွန်မကို သီးခြားခွဲထားပြီး ကျွန်မနဲ့ ခပ်ခွာခွာ စလုပ်လာကြတယ်။ ကျွန်မနဲ့ ခဏခဏ ဆက်ဆံခဲ့တဲ့ ရှယူတောင်မှ ကျွန်မနဲ့ ခပ်ခွာခွာနေလာတယ်။ ကျွန်မ ဘယ်လိုပဲစဉ်းစားစဉ်းစား အဖြေရှာမရခဲ့ဘူး၊ ပြီးတော့ နေ့တိုင်း ကျွန်မရဲ့နှလုံးသားက ကျောက်တုံးကြီးတစ်တုံးနဲ့ ဖိခံထားရသလိုပဲ၊ အသက်ရှူရတာ ခက်ခဲလာတယ်။ အကြိမ်ကြိမ် ကျွန်မ တစ်ယောက်တည်း တိတ်တိတ်ကလေး မျက်ရည်ကျခဲ့ပြီး၊ အရမ်းကို စိတ်ဆင်းရဲတဲ့အပြင် အားကိုးရာမဲ့တယ်လို့ ခံစားရတယ်။ တစ်ညမှာ ရှယူက ကျွန်မကို တိတ်တိတ်လေး ပြောပြတယ်၊ လီဖင်က ကျွန်မ စုဝေးပွဲသွားနေတုန်း အခွင့်ကောင်းယူပြီး ညီအစ်မတွေရှေ့မှာ ကျွန်မကို အသရေဖျက်တဲ့ စကားတွေ ပြောခဲ့တယ်တဲ့။ သူက ဗီဒီယိုအလုပ်မှာ ရလဒ်မထွက်ရတဲ့ အပြစ်အားလုံးကိုလည်း ကျွန်မအပေါ် ပုံချပြီး၊ ညီအစ်ကိုမောင်နှမတွေကို ကျွန်မကို ပိုင်းခြားသိမြင်ဖို့ ပြောခဲ့တယ်တဲ့။ လီဖင်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် လူတိုင်းက ကျွန်မကို သတိထားလာကြတယ်။ ရှယူရဲ့စကားကို ကြားပြီးနောက်မှာ ကျွန်မဟာ အချိန်အတော်ကြာ စိတ်မတည်ငြိမ်အောင် မထားနိုင်ခဲ့ဘူး။ “ငါက လီဖင်ကို အကြံပြုချက်တချို့ပေးရုံနဲ့ သူက ငါ့ကို ဖိနှိပ်ပြီး ဖယ်ကြဉ်တယ်။ အခု သူက ငါ့ကို ဖယ်ကြဉ်ဖို့အတွက် နောက်ကွယ်မှာ အုပ်စုဖွဲ့နေသေးတယ်။ သူ ငါ့ကို ညှဉ်းပန်းနေတာမဟုတ်ဘူးလား။ ဒီမိန်းမက တကယ်ကို ဆိုးယုတ်တာပဲ” ပေါ့။ အဲဒီအချိန်မှာ ကျွန်မ အရမ်းကို အပျက်သဘောဆောင်နေပြီး ကျွန်မရဲ့ အခြေအနေက လုံးဝကို ဆိုးရွားနေခဲ့တယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် ကျွန်မ တကယ်ပဲ ဖြုတ်ချခံရပြီး နှင်ထုတ်ခံရတော့မယ်လို့ တကယ်ကို ကြောက်ခဲ့တယ်။ ကျွန်မတွေးမိတာက သူ့ရဲ့ ညှဉ်းပန်းမှုကို ခံနေရမဲ့အစား ကျွန်မကိုယ်တိုင် တာဝန်ကနေ နုတ်ထွက်ပြီး တခြားတာဝန်တစ်ခုကို ပြောင်းယူလိုက်တာ ပိုကောင်းမယ်၊ အဲဒါဆိုရင် သူ့ကို ထပ်ပြီး ရင်ဆိုင်စရာ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ အဲဒီနောက်မှာ ဘုရားသခင်ရှေ့မှာ ကျွန်မချမှတ်ခဲ့တဲ့ သန္နိဋ္ဌာန်ကို ပြန်တွေးမိတယ်၊ ဘုရားသခင်အတွက် သက်သေခံဖို့ ဗီဒီယိုကောင်းကောင်းတွေ သေချာလုပ်မယ်ဆိုတာကိုပေါ့။ “ငါ တကယ်ပဲ ဒီတာဝန်ကို ဒီအတိုင်း စွန့်လွှတ်လိုက်တော့မှာလား” ပေါ့နော်။ ကျွန်မ အဲဒါကို လက်မခံချင်ခဲ့ဘူး။ အဲဒီလိုလုပ်တာက ဘုရားသခင်ကို အရမ်းစိတ်နာကျင်စေမှာဖြစ်ပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း လုံးဝမရှိတာကို ပြနေတာပဲ။ ကျွန်မ အရမ်းကို လမ်းပျောက်နေတယ်လို့ ခံစားခဲ့ရပြီး ဘယ်လိုတွေ့ကြုံရမလဲဆိုတာ မသိခဲ့ဘူး။ နာကျင်မှုနဲ့ အားကိုးရာမဲ့မှုတွေကြားထဲမှာ ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ရှာတွေ့နိုင်အောင် လမ်းပြပေးဖို့ပေါ့။
၂၀၁၅ ခုနှစ်၊ မေလမှာ ဘုရားအိမ်တော်က အန္တိခရစ်တွေနဲ့ အယောင်ဆောင်ခေါင်းဆောင်တွေကို ဘယ်လိုပိုင်းခြားသိမြင်ရမလဲဆိုတဲ့ အလုပ်အစီအစဉ်တွေကို ထုတ်ပြန်ခဲ့တယ်။ ဒါကို လီဖင်ရဲ့ အပြုအမူနဲ့ ပေါင်းပြီးဖတ်လိုက်တဲ့အခါ သူက အယောင်ဆောင်အမှုဆောင်တစ်ယောက်ဖြစ်ပြီး အန္တိခရစ်တွေရဲ့ လမ်းကြောင်းကို လျှောက်နေမှန်း ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်၊ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့။ သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ ခံစားချက်များကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ အလိုတော် အထမြောက်အောင် လုပ်ဆောင်ခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏ရည်ရွယ်ချက်များကို လိုက်လျှောက်သောသူတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဒါ့အပြင် “နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်” မှာ ဘုရားသခင်က ပြောထားတယ်၊ “ဘုရားသခင်၏အမှုအတွက် အကျိုးရှိသည့်အရာတိုင်းကို ဆောင်ရွက်ပြီး ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးစီးပွားများကို ထိခိုက်နစ်နာစေသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နှင့်။ ဘုရားသခင်၏နာမတော်၊ ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏အမှုတော်တို့ကို ကာကွယ်ရမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးနောက်မှာ အသင်းတော်အလုပ်နဲ့ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ခြင်းဟာ ဘုရားသခင်က ကျွန်မတို့ဆီကနေ တောင်းဆိုတဲ့အရာဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်သူတိုင်း ကောင်းကောင်း ဖြည့်ဆည်းရမယ့် တာဝန်ဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ ဒီအချိန်အတောအတွင်းမှာ လီဖင်က တကယ့်အလုပ် လုံးဝမလုပ်ဘူး၊ ပြီးတော့ လူတွေကို ဖိနှိပ်ပြီး ညှဉ်းပန်းတယ်၊ သူ့လူ့သဘာဝကလည်း မလိုမုန်းထားတတ်တယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မက ညှဉ်းပန်းခံရမှာနဲ့ ဖြုတ်ချခံရမှာကို ကြောက်ခဲ့လို့ သူ့ပြဿနာတွေကို ဘယ်တုန်းကမှ ဖော်ထုတ်ပြီးမတိုင်ရဲခဲ့ဘူး။ အမှောင် စွမ်းအားတွေနဲ့လည်း မတိုက်ခိုက်ရဲခဲ့ဘူး။ ကျွန်မက ဘုရားသခင်ရဲ့ ဝန်တာကို အလေးထားတဲ့သူ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အသင်းတော်အလုပ် ဒါမှမဟုတ် အသင်းတော်ရဲ့ အကျိုးစီးပွားနဲ့ဆိုင်တဲ့ ကိစ္စတွေကို ကျွန်မ နည်းနည်းလေးမှ မကာကွယ်ခဲ့ဘဲ၊ ကိုယ့်အကျိုးစီးပွားကိုပဲ စဉ်းစားခဲ့တယ်။ ကျွန်မ တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ အခု ဘုရားအိမ်တော်က ကျွန်မတို့ကို အန္တိခရစ်တွေနဲ့ အယောင်ဆောင်ခေါင်းဆောင်တွေကို ပိုင်းခြားသိမြင်ဖို့ အလုပ်အစီအစဉ်တွေ ထုတ်ပြန်ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ဒီထဲမှာရှိတယ်၊ ပြီးတော့ ဒါက ဘုရားသခင်က ကျွန်မကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးပေးတာပဲ။ ကျွန်မ အမှောင် စွမ်းအားတွေရဲ့ ဘောင်ခတ်မှုကို ဆက်ပြီးမခံနိုင်တော့ဘူး။ ဒါကြောင့် ကျွန်မ ဘုရားသခင်ဆီကို ဆုတောင်းခဲ့တယ်၊ “အို ချစ်ရတဲ့ ဘုရားသခင်၊ လီဖင်ရဲ့ ဖိနှိပ်မှုကြောင့် သမီး အမြဲတမ်း စိတ်ဆင်းရဲခဲ့ရပါတယ်။ သမီး လီဖင်ကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ပေမဲ့ သူ့ပြဿနာတွေကို ဖော်ထုတ်ပြီး တိုင်တာမျိုး မလုပ်ရဲခဲ့ပါဘူး။ သမီး သတ္တိနည်းလွန်းပါတယ်၊ ပြီးတော့ တရားမျှတစိတ် နည်းနည်းလေးမှ မရှိပါဘူး။ ကိုယ်တော့်ရဲ့ စက်ဆုပ်ရွံရှာခြင်းကို ခံနေရပါတယ်။ အခု ဘုရားအိမ်တော်က သမီးတို့ကို အန္တိခရစ်တွေနဲ့ အယောင်ဆောင်ခေါင်းဆောင်တွေကို ပိုင်းခြားသိမြင်ပြီး တင်ပြခိုင်းပါတယ်။ ဒီထဲမှာ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်ပါမှန်း သမီးသိပါတယ်၊ ပြီးတော့ သမီး ကိုယ်တော့်ကို အားကိုးပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ အမှောင်စွမ်းအားတွေရဲ့ ဘောင်ခတ်တာကို ဆက်ပြီးမခံတော့ဖို့ ဆန္ဒရှိပါတယ်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်မ စိတ်ထဲမှာ ပိုပြီး တည်ငြိမ်သွားတယ်၊ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ချက်လည်း ရှိလာတယ်။
တစ်နေ့မှာ လီဖင်ရဲ့ အလုပ်ကို တာဝန်ခံတဲ့ အစ်မ ကျိုးယွဲ့က ကျွန်မကို စုဝေးပွဲတစ်ခုအတွက် အပြင်သွားဖို့ ခေါ်ခဲ့တယ်။ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားပြီး၊ ဒါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားသခင်က ကျွန်မအတွက် ပြင်ဆင်ပေးတဲ့ အခွင့်အရေးတစ်ခုပဲလို့ ခံစားလိုက်ရတယ်။ ကျွန်မ လီဖင်ရဲ့ပြဿနာတွေကို တင်ပြရမယ်။ ကျွန်မ ပါးစပ်တောင် မဟရသေးခင်မှာပဲ ကျိုးယွဲ့က ကျွန်မတို့ကို မေးတယ်၊ “လီဖင်က ဗီဒီယိုအဖွဲ့ခေါင်းဆောင်အနေနဲ့ ဘယ်လိုလဲ” တဲ့။ ကျွန်မ လီဖင်ရဲ့ လုပ်ရည်ကိုင်ရည်ကို ပြောပြခဲ့တယ်။ သူက ကျွန်မကို အဲဒါတွေအကုန်လုံးကို ချရေးခိုင်းပြီး အဖွဲ့ဝင်တွေအားလုံးကိုလည်း လီဖင်အပေါ် သူတို့ရဲ့ သုံးသပ်ချက်တွေကို ရေးခိုင်းခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားလို့ မျက်ရည်တောင် ကျလုနီးပါးပဲ။ ဘုရားသခင်က ကျွန်မရဲ့ ဆုတောင်းသံတွေကို နားညောင်းပြီး ကျွန်မအတွက် ထွက်ပေါက်တစ်ခု ဖွင့်ပေးခဲ့တယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ ပိုပြီး မထင်မှတ်ထားခဲ့တာက အဖွဲ့ထဲက အစ်မတွေဟာ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အန္တိခရစ်တွေကို ပိုင်းခြားသိမြင်ခြင်းနဲ့ဆိုင်တဲ့ သက်ဆိုင်ရာစည်းမျဉ်းတွေကို ဖတ်ပြီးတဲ့နောက်မှာ သူတို့လည်း လီဖင်အပေါ် ပိုင်းခြားသိမြင်မှုတချို့ ရရှိခဲ့ကြတာပဲ။ နောက်ပိုင်းမှာ ကျွန်မတို့ အတူတူ မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားသိမြင်ခဲ့ကြတယ်၊ ပြီးတော့ လီဖင်ရဲ့ လုပ်ရည်ကိုင်ရည်၊ သူ တကယ့်အလုပ်လုပ်ဖို့ ပျက်ကွက်တာနဲ့ ဗီဒီယိုအလုပ်ကို သူဘယ်လို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်ဆိုတာကို ရေးမှတ်ပြီး ခေါင်းဆောင်တွေဆီကို ပေးပို့ခဲ့ကြတယ်။ မကြာခင်မှာပဲ အထက်ပိုင်းခေါင်းဆောင်တွေက အခြေအနေကို သိရှိပြီး အတည်ပြုပြီးတဲ့နောက်မှာ လီဖင်ကို ဖြုတ်ချခဲ့တယ်။ ခဏအကြာမှာတော့ ယန်မင်လည်း ဖြုတ်ချခံခဲ့ရတယ်။ ကျွန်မတို့အားလုံး အရမ်းစိတ်လှုပ်ရှားခဲ့ကြပြီး ဘုရားသခင်က အရမ်းကို ဖြောင့်မတ်တော်မူတယ်ဆိုပြီး အူလှိုက်သည်းလှိုက် ချီးမွမ်းခဲ့ကြတယ်။
နောက်ပိုင်းမှာ အစ်မ ယဲ့ရှင်က ဗီဒီယိုအလုပ်ကို တာဝန်ယူခဲ့တယ်။ သူက ကျွန်မတို့နဲ့ ဗီဒီယိုထုတ်လုပ်ရေးဆိုင်ရာ အကြံဉာဏ်တွေကို ခဏခဏ ဆွေးနွေးတယ်၊ ပြီးတော့ ကျွန်မတို့ကို တက်တက်ကြွကြွ မိတ်သဟာယဖွဲ့ဖို့၊ ဆွေးနွေးဖို့၊ စိတ်ထဲမှာရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုဖို့ အားပေးခဲ့တယ်။ တစ်ခါတလေ ကျွန်မတို့က မတူညီတဲ့အမြင်တွေကို တင်ပြတဲ့အခါ အဲဒါတွေက သင့်တော်နေသရွေ့ အစ်မက ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့တယ်။ ဒီလိုနည်းနဲ့ တာဝန်ထမ်းဆောင်ရတာက ပေါ့ပါးပြီး လွတ်လပ်တယ်လို့ ကျွန်မတို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ဗီဒီယိုထုတ်လုပ်ရေးမှာ ကျွန်မတို့ရရှိခဲ့တဲ့ ရလဒ်တွေက တစ်နေ့တခြား ပိုကောင်းလာတာကြောင့် ကျွန်မ အရမ်းပဲ ပျော်ရွှင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ လီဖင်က ဗီဒီယိုအလုပ်အတွက် တာဝန်ခံဖို့ မသင့်တော်တဲ့လူတစ်ယောက်ဖြစ်မှန်း ကျွန်မ အစကတည်းက ပိုင်းခြားသိမြင်ခဲ့ပေမဲ့ သူ့ပြဿနာကို မတင်ပြရဲခဲ့တာကို ကျွန်မ ခဏခဏ တွေးမိတယ်။ ကျွန်မကို ဘယ်လို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ချည်နှောင်ထားခဲ့တာလဲ။ နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဆိုးယုတ်သောလူများနှင့် မယုံကြည်သူမျိုးစုံတို့သည် ထွက်ပေါ်လာပြီး နတ်ဆိုးများနှင့် စာတန်များအဖြစ် အခန်းကဏ္ဍအမျိုးမျိုးကို ပါဝင်လုပ်ဆောင်ကြသည့်အပြင် အလုပ်အစီအစဉ်များအား ဆန့်ကျင်ကာ အလုံးစုံကွဲပြားသောအရာတစ်ခုကို လုပ်ဆောင်ကြသောအခါ၊ ဘုရားအိမ်တော်ကို လိမ်ညာပြီး လှည့်စားသောအခါ၊ ၎င်းတို့သည် ဘုရားအမှုတော်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ ဘုရားသခင်၏ အမည်နာမကို အရှက်ရစေသည့်အရာများကို လုပ်ဆောင်၍ ဘုရားအိမ်တော်၊ အသင်းတော်တို့ကို နာမည်ဖျက်သောအခါ သင်သည် ဤအရာကို မြင်သည့်အချိန်၌ စိတ်ဆိုးရုံမှလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ သို့တိုင် တရားမျှတမှုကို ထိန်းသိမ်းရန်၊ ဆိုးယုတ်သော လူများကို ဖော်ထုတ်ရန်၊ အသင်းတော်၏ အလုပ်ကို ထိန်းသိမ်းရန်၊ ဆိုးယုတ်သော လူများကို ကိုင်တွယ်ပြီး ဖြေရှင်းရန်နှင့် အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဘုရားအိမ်တော်၊ အသင်းတော်တို့ကို နာမည်ဖျက်ခြင်းမှ ၎င်းတို့အား တားဆီးရန် သင် မရပ်တည်ခဲ့ပေ။ ဤအရာများကို မလုပ်ဆောင်ခြင်းအားဖြင့် သင်သည် သက်သေခံရန် ပျက်ကွက်ခဲ့သည်။...ဤသို့ဆိုလျှင် သင်တို့သည် ဆိုးယုတ်သောလူများအား ကိုင်တွယ်ပြီး ရင်ဆိုင်နိုင်စွမ်းမရှိခြင်း၏ အရင်းအမြစ်မှာ အဘယ်နည်း။ သင်၏ လူ့သဘာဝက ပင်ကိုအားဖြင့် သူရဲဘောကြောင်ခြင်း၊ တွန့်ဆုတ်ခြင်း၊ ကြောက်တတ်ခြင်း ဖြစ်သလော။ ဤသည်မှာ အကြောင်းရင်း မဟုတ်သကဲ့သို့ ပြဿနာ၏ အနှစ်သာရလည်း မဟုတ်။ ပြဿနာ၏ အနှစ်သာရမှာ လူတို့သည် ဘုရားသခင်အပေါ် သစ္စာမရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကာကွယ်သည်။ ၎င်းတို့ကိုယ်တိုင်ဘေးကင်းလုံခြုံမှု၊ ၎င်းတို့၏ ဂုဏ်၊ အဆင့်အတန်းနှင့် ၎င်းတို့၏ လွတ်မြောက်ရာလမ်းတို့ကို ကာကွယ်သည်။ ၎င်းတို့၏ သစ္စာမရှိခြင်းသည် ၎င်းတို့က အစဉ်သဖြင့် မိမိတို့ကိုယ်ကို ကာကွယ်ပြီး တစ်စုံတစ်ခုကို ရင်ဆိုင်ရသောအခါတိုင်းတွင် လိပ်က သူ၏အခွံထဲသို့ ပြန်ဝင်သကဲ့သို့ နောက်ဆုတ်ခြင်း၊ ခေါင်းကို အပြင်သို့ ပြန်မထုတ်မီတွင် ကိစ္စများပြီးသွားသည်အထိ စောင့်ခြင်း၌ ပေါ်လွင်သည်။ ၎င်းတို့သည် မည်သည့်အရာနှင့် ကြုံရသည်ဖြစ်စေ အစဉ်သဖြင့် သတိထားနေကြသည်။ စိတ်သောက၊ စိုးရိမ်မှုနှင့် ပူပန်မှုများစွာရှိသည်။ အသင်းတော်၏အလုပ်ကို ရပ်တည်ပြီး မခုခံနိုင်ပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ယုံကြည်ခြင်း ကင်းမဲ့မှုမဟုတ်သလော။ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ရှိသည်ဟု သင် မယုံကြည်။ ပြီးလျှင် သင်၏အသက်၊ သင်၏အရာရာတိုင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ကို သင်မယုံကြည်ပေ။ ‘ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ စာတန်သည် သင့်ကိုယ်ခန္ဓာပေါ်မှ အမွေးတစ်မျှင်ကိုပင် မထိရဲပေ’ ဟု ဘုရားသခင် ပြောသည့်အရာကို သင်မယုံကြည်ပေ။ သင်သည် ကိုယ့်မျက်စိကိုယ် အားကိုးပြီး အချက်အလက်များကို အကဲဖြတ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်တွက်ချက်မှုများအပေါ် အခြေခံပြီး အကဲဖြတ်ကာ အစဉ်သဖြင့် သင့်ကိုယ်သင် ကာကွယ်နေသည်။ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်ဟု သင် မယုံကြည်ပေ။ သင်သည် စာတန်ကို ကြောက်သည်။ ဆိုးယုတ်သော အင်အားစုများနှင့် ဆိုးယုတ်သောလူများကို ကြောက်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှုကင်းမဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိသနည်း။ လူတို့၏ အတွေ့အကြုံများသည် အလွန်ပေါ့တန်ပြီး ဤအရာများကို ၎င်းတို့ မသိမြင်နိုင်သောကြောင့်ဖြစ်သလော၊ သို့မဟုတ် သမ္မာတရားကို အလွန်နည်းပါးစွာ နားလည်သောကြောင့် ဖြစ်သလော။ အကြောင်းရင်းမှာ အဘယ်နည်း။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တစ်ခုခု သက်ဆိုင်သလော။ လူတို့သည် အလွန်ဉာဏ်များသောကြောင့်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အမှုအရာမည်မျှကို ကြုံတွေ့ရသည်ဖြစ်စေ၊ ၎င်းတို့ရှေ့တွင် အချက်အလက်မည်မျှကို ထားရှိသည်ဖြစ်စေ၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်ကိုလည်းကောင်း၊ လူတစ်ယောက်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်ကိုလည်းကောင်း မယုံကြည်ပေ။ ဤသည်မှာ တစ်ချက်ဖြစ်သည်။ အခြားသော ကြီးမားသည့် ပြဿနာမှာ လူတို့သည် မိမိတို့ကိုယ်ကို အလွန်ဂရုစိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အတွက်လည်းကောင်း၊ ဘုရားအမှုတော်အတွက်လည်းကောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက်လည်းကောင်း၊ ဘုရားသခင်၏ အမည်နာမအတွက်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်အတွက်လည်းကောင်း မည်သည့်အဖိုးအခမျှ ပေးဆပ်လိုစိတ် မရှိ၊ သို့မဟုတ် အနစ်နာခံလိုစိတ် မရှိပေ။ ၎င်းတို့သည် အန္တရာယ်အနည်းဆုံးသော အရာတစ်ခုမျှကိုပင် လုပ်ဆောင်လိုစိတ်မရှိ။ လူတို့သည် မိမိတို့ကိုယ်ကို ဂရုစိုက်လွန်းသည်။ လူတို့သည် သေခြင်းတရား၊ အရှက်ရခြင်း၊ ဆိုးယုတ်သောလူများ၏ ပိတ်ဆို့ခံရခြင်း၊ မည်သည့်အကျပ်အတည်းမျိုးမဆိုသို့ ကျရောက်ခြင်းတို့ကို ကြောက်သောကြောင့် ၎င်းတို့သည် မည်သည့်အန္တရာယ်ရှိသော အခြေအနေသို့မဆို မဝင်ရောက်စေရန် ကြိုးပမ်းလျက် ၎င်းတို့၏ ကိုယ်ပိုင်အသွေးအသားကို ထိန်းသိမ်းဖို့ အစွမ်းကုန် လုပ်ဆောင်ကြသည်။ တစ်ဖက်တွင် လူတို့အားလုံးသည် အလွန်ဉာဏ်များသည်ဆိုသည်ကို ဤအပြုအမူက ပြသသည်။ အခြားတစ်ဖက်တွင် ၎င်းတို့၏ မိမိရှင်သန်မှုအတွက် ကြိုးပမ်းခြင်းနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ဖွင့်ပြသည်။ သင်သည် သင့်ကိုယ်သင် ဘုရားသခင်အား ပေးလိုစိတ်မရှိ။ သင်သည် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံလိုစိတ်ရှိသည်ဟု ဆိုသောအခါတွင် ဤသည်မှာ ဆန္ဒတစ်ခုထက်မပိုပေ။ ရှေ့ထွက်ပြီး ဘုရားသခင်အတွက် သက်သေခံခြင်း၊ စာတန်ကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ အန္တရာယ်၊ သေခြင်းတရားနှင့် အမျိုးမျိုးသော အခက်အခဲများအပြင် ဆင်းရဲဒုက္ခများအား ရင်ဆိုင်ခြင်းတို့နှင့် အမှန်တကယ် ပတ်သက်လာလျှင် သင်သည် လုပ်ဆောင်လိုစိတ်မရှိတော့ပေ။ သင်၏ သေးငယ်သောဆန္ဒသည် ပဲ့ကြွေသွားသည်။ ပြီးလျှင် ဦးစွာ သင့်ကိုယ်သင်ကာကွယ်ရန်အတွက် ဖြစ်နိုင်သမျှအရာရာတိုင်းကို လုပ်ဆောင်သည်။ ပြီးနောက်တွင် နောက်ပိုင်း၌ စီစဉ်နိုင်သည့် အလုပ်ဖြစ်သော အပေါ်ယံအလုပ်တစ်ခုခုကို လုပ်ဆောင်သည်။ လူတစ်ယောက်၏ စိတ်သည် စက်ထက်ပို၍ လျင်မြန်ဆဲဖြစ်သည်။ သူသည် မည်သို့ ကျင့်သားရအောင်လုပ်ဆောင်ရမည်ကို သိသည်။ အခြေအနေများကို ကြုံတွေ့သောအခါ၌ မည်သည့်လုပ်ဆောင်မှုများက သူ၏ကိုယ်ကျိုးကို ပံ့ပိုးပေးပြီး မည်သည့်လုပ်ဆောင်မှုများက မပံ့ပိုးသည်ကို သိသည်။ ပြီးလျှင် သူသည် နည်းလမ်းတိုင်းကို လိုသလို လျင်မြန်စွာ အသုံးချနိုင်သည်။ အကျိုးဆက်အနေဖြင့် အချို့သောအရာများကို သင်ရင်ဆိုင်ရသည့် အချိန်တိုင်းတွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုအနည်းငယ်သည် ခိုင်မာစွာ ရပ်တည်ရန် မတတ်နိုင်ပေ။...အမှုကိစ္စမည်မျှကို သင်ရင်ဆိုင်ရသည်ဖြစ်စေ သစ္စာရှိခြင်းနှင့် သင်၏တာဝန်ကို လိုက်နာဆောင်ရွက်ရန်အတွက် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို အားကိုးရန် မတတ်နိုင်ပေ။ အကျိုးဆက်အနေဖြင့် နောက်ဆုံးရလဒ်မှာ မည်သည့်အရာကိုမျှ သင်မရခြင်း ဖြစ်သည်။ သင့်အတွက် ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သော အခြေအနေတိုင်းတွင်၊ စာတန်ကို သင်ဆန့်ကျင်တိုက်ခိုက်သောအခါတွင် သင်၏ ရွေးချယ်မှုမှာ အစဉ်သဖြင့် နောက်ဆုတ်ရန်နှင့် ရုန်းထွက်လွတ်မြောက်ရန် ဖြစ်သည်။ ဘုရားသခင်က သင့်အတွက် တွေ့ကြုံရန် ညွှန်ပြသည့်၊ သို့မဟုတ် ပြင်ဆင်သည့် လမ်းကြောင်းနောက်သို့ သင်မလိုက်ပေ။ ထို့ကြောင့် ဤတိုက်ပွဲအလယ်တွင် သင်သည် သင်ရရှိသင့်သည့် သမ္မာတရား၊ နားလည်မှုနှင့် အတွေ့အကြုံများကို လက်လွတ်ဆုံးရှုံးရသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၉)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မ စိတ်နှလုံးထဲမှာ စူးနစ်သွားသလို ခံစားလိုက်ရတယ်။ ကျွန်မက ဘုရားသခင် ဖော်ထုတ်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တဲ့ လူတွေထဲက တစ်ယောက်ပဲ။ ဆိုးယုတ်တဲ့လူတစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့အခါ ကျွန်မက ကိုယ့်ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ စဉ်းစားခဲ့ပြီး ဘုရားသခင်အပေါ် သစ္စာစောင့်သိတာမျိုး လုံးဝမရှိခဲ့ဘူး။ လီဖင်က သူ့တာဝန်တွေကို စည်းမျဉ်းတွေအတိုင်း မလုပ်ဆောင်တာကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့တယ်။ ဒါ့အပြင် သူက မာနထောင်လွှားတယ်၊ စိတ်ကြီးဝင်တယ်၊ ပြီးတော့ ကိုယ့်အထင်အမြင်ကိုပဲ စွဲကိုင်ထားတယ်၊ ညီအစ်ကိုမောင်နှမတွေဆီက ကျိုးကြောင်းဆီလျော်တဲ့ အကြံပြုချက်တွေကို ဘယ်တော့မှ လက်မခံဘဲ အထက်စီးကနေ လူတွေကို အမြဲတမ်း ကြိမ်းမောင်းပြီး သူတို့ကို ဘောင်ခတ်ခံရတယ်လို့ ခံစားစေခဲ့တယ်။ သူက ဗီဒီယိုထုတ်လုပ်ရေးရဲ့ တိုးတက်မှုကို ဆိုးဆိုးရွားရွား နှောင့်နှေးစေခဲ့တယ်။ ကျွန်မ သူ့ပြဿနာတွေကို မြင်နိုင်ခဲ့ပေမဲ့ သူ့ကို စိတ်ဆိုးအောင်လုပ်မိမှာနဲ့ သူ့ရဲ့တိုက်ခိုက်မှု၊ ဖယ်ကြဉ်မှုကို ခံရမှာကို ကြောက်ခဲ့လို့ အဲဒါတွေကို မဖော်ထုတ်ရဲခဲ့ဘူး။ ဘုရားသခင်က ဒီကိစ္စကို ကျွန်မအပေါ် ကျရောက်ခွင့်ပြုခဲ့တယ်။ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်က ကျွန်မကို ပိုင်းခြားသိမြင်တတ်ဖို့၊ ပြီးတော့ ဆိုးယုတ်တဲ့လူတစ်ယောက်က အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တဲ့အခါ ကျွန်မ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သူတို့ကို ဖော်ထုတ်ပြီး တားဆီးဖို့ ရပ်တည်နိုင်ဖို့ပဲ။ ဒါပေမဲ့ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ အများကြီးရဲ့ ရေလောင်းတာနဲ့ ထောက်ပံ့တာကို ပျော်မွေ့ခံစားခဲ့ရပေမဲ့ ဆိုးယုတ်တဲ့လူတစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်တာကို မြင်တဲ့အခါ အုံ့ပုန်းပြန်လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ တွေးခဲ့တယ်။ ကျွန်မ လီဖင်ရဲ့ပြဿနာတွေကို ခေါင်းဆောင်တွေဆီ တင်ပြချင်ခဲ့ပေမဲ့ တင်ပြတဲ့စာကို ယန်မင်က တားဆီးလိုက်မှာ ဒါမှမဟုတ် လီဖင်က သိသွားခဲ့ရင် သူက ကျွန်မကို ပိုပြီးပြင်းပြင်းထန်ထန် ညှဉ်းပန်းမှာ၊ အသင်းတော်ကနေတောင် နှင်ထုတ်ကောင်း နှင်ထုတ်နိုင်မှာကို စိုးရိမ်ခဲ့တယ်။ ကျွန်မ အရာရာကို ကြောက်လာပြီး ဒွိဟတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်မရဲ့ ဒီအပြုအမူတွေက သတ္တိနည်းတာ၊ ကြောက်တတ်တာတွေကြောင့်တင် မဟုတ်ဘဲ ကျွန်မရဲ့ သဘာဝက တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်လွန်းလို့ ဖြစ်တယ်။ ကျွန်မက ကိုယ့်ကိုယ်ကိုယ် အရမ်းကာကွယ်နေခဲ့တာပဲ။ ကျွန်မ ညှဉ်းပန်းခံရမှာနဲ့ နှင်ထုတ်ခံရမှာကို ကြောက်ခဲ့လို့ ကိုယ့်အသက်ဘေးလွတ်ဖို့ပဲ ကြိုးစားပြီး မျက်စိမှိတ်နေခဲ့တယ်။ “ငါ သူ့ပြဿနာတွေကို သူ့ကို ပြောပြီးပြီပဲ၊ ဒါပေမဲ့ သူက လက်မခံခဲ့ဘူး။ ငါ အကောင်းဆုံး ကြိုးစားခဲ့ပြီးပြီ။ ခေါင်းဆောင်တွေ သိသွားပြီး သူ့ကို ကိုင်တွယ်ဖြေရှင်းတဲ့အထိပဲ စောင့်လိုက်တော့မယ်။ ဒီလိုနည်းနဲ့ဆိုရင် ဒီဆိုးယုတ်တဲ့လူရဲ့ ညှဉ်းပန်းမှုကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာပဲ” လို့တောင် တွေးခဲ့သေးတယ်။ တကယ်တော့ လီဖင်က တကယ့်အလုပ်မလုပ်ဘူး၊ အထက်စီးကနေ တခြားလူတွေကို ကြိမ်းမောင်းတယ်၊ ပြီးတော့ သူ့ညီအစ်ကိုမောင်နှမတွေကို ဖိနှိပ်ခဲ့တယ်။ ကျွန်မ ဒီဒုစရိုက်အမှုတွေကို ဘယ်တုန်းကမှ မဖော်ထုတ်ခဲ့ဘူး၊ ပြီးတော့ အထက်ပိုင်းခေါင်းဆောင်တွေဆီကိုလည်း မတင်ပြရဲခဲ့ဘူး၊ ဒါကြောင့် ပြဿနာက လုံးဝမပြေလည်ခဲ့ဘူး။ ကျွန်မ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ ဘယ်လိုပြောနိုင်မှာလဲ။ ကျွန်မက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” နဲ့ “အသိတရားရှိသော လူများသည် မိမိကိုယ်ကို ကာကွယ်ရာတွင် တော်၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားသည်” ဆိုတဲ့ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် စာတန်ဆန်တဲ့ အတွေးအခေါ်တွေကို လိုက်နာခဲ့တယ်၊ ပြီးတော့ ကျွန်မက အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်တယ်၊ ကလိမ်ကကျစ်ကျပြီး လှည့်ဖြားတတ်တယ်။ လီဖင်က ဗီဒီယိုအလုပ်ကို ခြောက်လကျော်ကြာ နှောင့်ယှက်နေတာကို ကျွန်မ မျက်စိဖွင့်ပြီး ကြည့်နေခဲ့တယ်။ အရေးကြီးတဲ့အချိန်မှာ အသင်းတော်အလုပ်ကို ကျွန်မ မကာကွယ်ခဲ့ဘူး၊ ဆိုးယုတ်တဲ့လူတစ်ယောက်က အသင်းတော်အလုပ်ကို ပျက်စီးစေပြီး နှောင့်ယှက်နေတာကို သည်းခံခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်တောင် ကာကွယ်ခဲ့သေးတယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိခြင်း လုံးဝမရှိခဲ့ဘဲ ကြီးလေးတဲ့ ပြစ်မှားခြင်းတစ်ခုကိုလည်း ကျူးလွန်ခဲ့မိတယ်။ ဒီအရာတွေကို ဆင်ခြင်သုံးသပ်တဲ့အခါ ကျွန်မ အရမ်းနောင်တရခဲ့တယ်။ ဘုရားသခင်ကို မျက်နှာချင်းဆိုင်ဖို့ ရှက်မိတယ်၊ ပြီးတော့ အပြစ်ရှိတယ်လို့ ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တဲ့ မျက်ရည်တွေ ကျခဲ့တယ်။ ကျွန်မ လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် စာတန်ဆန်တဲ့ အတွေးအခေါ်တွေနဲ့ ဆက်ပြီးအသက်မရှင်ချင်တော့ဘူး။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို ဆက်ဆံပုံနှင့်ပတ်သက်၍ လူတို့၌ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦး လုပ်ဆောင်သည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့်ညီပါက၊ ၎င်းတို့ကို သင် နာခံနိုင်သည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာ မှားယွင်းပြီး သမ္မာတရားနှင့်မညီပါက၊ ၎င်းတို့ကို သင်မနာခံသင့်ဘဲ ၎င်းတို့ကို သင်ဖော်ထုတ်နိုင်ပြီး၊ ဆန့်ကျင်ကာ ကွဲပြားသော အယူအဆကို တင်ပြနိုင်သည်။ ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အသင်းတော်အလုပ်ကို အနှောင့်အယှက်ဖြစ်သော မကောင်းမှုများကို လုပ်ဆောင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၊ အယောင်ဆောင် အမှုတော်ဆောင်တစ်ဦး၊ သို့မဟုတ် အန္တိခရစ်တစ်ဦးအဖြစ် ထုတ်ဖော်ပြခံရပါက သင်သည် သူ့ကို ပိုင်းခြားသိမြင်ကာ ဖော်ထုတ်ပြီး တိုင်ကြားနိုင်သည်။ သို့သော် ဘုရားသခင် ရွေးချယ်ထားသော လူအချို့သည် သမ္မာတရားကို နားမလည်ကြသကဲ့သို့ အထူးသဖြင့် သူရဲဘောကြောင်ကြ၏၊ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ ဖိနှိပ်ခြင်းနှင့်ညှဉ်းပန်းခြင်းတို့ကို ခံရမည်စိုးသောကြောင့် စည်းမျဉ်းများကို မထိန်းသိမ်းရဲကြပေ။ ၎င်းတို့က ‘ခေါင်းဆောင်က ကျွန်ုပ်ကို ထုတ်လိုက်ပါက ကျွန်ုပ် အဆုံးသတ်ပြီ။ သူက အယောက်တိုင်းအား ကျွန်ုပ်ကို ဖော်ထုတ်စေပါက သို့မဟုတ် ကျွန်ုပ်ကို ပစ်ပယ်စေပါက ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်နိုင်တော့မည် မဟုတ်။ အသင်းတော်မှ ကျွန်ုပ် ထုတ်ပယ်ပါက ဘုရားသခင်က ကျွန်ုပ်ကို လိုချင်မည်မဟုတ်သလို ကျွန်ုပ်ကို ကယ်တင်မည်မဟုတ်ပါ။ ပြီးလျှင် ကျွန်ုပ်၏ ယုံကြည်ခြင်းသည် အလဟဿ ဖြစ်ပြီးဖြစ်လိမ့်မည် မဟုတ်လော’ ဟု ပြောကြသည်။ ထိုသို့သောအတွေးအခေါ်သည် ရယ်ဖွယ်မကောင်းပေသလော။ ထိုသို့သော လူများသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိသလော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်သည် သင့်ကို နှင်ထုတ်သောအခါ ဘုရားသခင်ကို ကိုယ်စားပြုမည်လော။ အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်က သင့်အား ညှဉ်းပန်းပြီး နှင်ထုတ်သောအခါ ဤသည်မှာ စာတန်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ လူတို့သည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်းခံရသောအခါ ဤသည်မှာ အသင်းတော်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူများအားလုံးကြား ပူးတွဲဆုံးဖြတ်ချက်တစ်ခု ရှိသောအခါ ရှင်းလင်းပစ်မှုနှင့် နှင်ထုတ်မှုသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ၊ ဘုရားနှုတ်ကပတ်တော်၏ သမ္မာတရားစည်းမျဉ်းများနှင့် အလုံးစုံကိုက်ညီသည့်အခါမှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီသည်။ အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးက နှင်ထုတ်ခြင်းကို ခံရခြင်းသည် သင်က ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်ဟု အဘယ်သို့ အဓိပ္ပာယ် ရနိုင်မည်နည်း။ ဤသည်မှာ စာတန်နှင့် အန္တိခရစ်၏ ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို သင်ခံရမည်မဟုတ်ဟု မဆိုလိုပေ။ သင်ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည် ဘုရားသခင်အပေါ်တွင် မူတည်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ခြင်းရှိမရှိကို မည်သည့်လူသားကမျှ ဆုံးဖြတ်ရန် အရည်အချင်းမပြည့်မီပေ။ ဤအရာကို သင် ရှင်းလင်းစွာသိထားရမည်။ အယောင်ဆောင်ခေါင်းဆောင်နှင့် အန္တိခရစ်က သင့်အား နှင်ထုတ်ခြင်းကို ဘုရားသခင်က နှင်ထုတ်ခြင်းအဖြစ် မှတ်ယူခြင်းသည် ဘုရားသခင်ကို အနက်အဓိပ္ပာယ် ကောက်လွဲခြင်း မဟုတ်လော။ ဟုတ်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို အနက်အဓိပ္ပာယ်ကောက်လွဲရုံသာ မဟုတ်ဘဲ ဘုရားသခင်အား ပုန်ကန်ခြင်းလည်း ဖြစ်သည်။ ဘုရားသခင်အား ပြစ်မှားစော်ကားခြင်းမျိုးလည်း ဖြစ်သည်။ ဘုရားသခင်အား ဤသို့ အနက်အဓိပ္ပာယ်ကောက်လွဲခြင်းသည် မသိနားမလည်ခြင်း၊ မိုက်မဲခြင်း မဟုတ်သလော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက သို့မဟုတ် အန္တိခရစ်တစ်ဦးက သင့်အား ထုတ်ပယ်သည့်အခါ သင်သည် အဘယ်ကြောင့် သမ္မာတရားကို မရှာဖွေသနည်း။ သင်သည် ပိုင်းခြားသိမြင်မှုတစ်ခုခု ရရှိရန်အတွက် သမ္မာတရားအား နားလည်သူတစ်ယောက်ယောက်ကို အဘယ်ကြောင့် မရှာဖွေသနည်း။ သင်သည် ဤအရာကို အထက်သို့ အဘယ်ကြောင့် မတိုင်ကြားသနည်း။ ဤအရာက သင်သည် ဘုရားသခင်၏အိမ်တော်၌ သမ္မာတရားက အထွတ်အထိပ်အုပ်စိုးသည်ကို မယုံကြည်ကြောင်း သက်သေပြနေသည်၊ ယင်းက သင်သည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြောင်း၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း သက်သေပြနေသည်။ သင်သည် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းကို ယုံကြည်ပါက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏လက်တုံ့ပြန်ခြင်းကို အဘယ်ကြောင့် ကြောက်ရွံ့သနည်း။ ၎င်းတို့သည် သင်၏ကံကြမ္မာကို သတ်မှတ်နိုင်သလော။ သင်သည် ချင့်ချိန်နိုင်စွမ်းရှိပြီး ၎င်းတို့၏လုပ်ရပ်များကသမ္မာတရားနှင့် မကိုက်ညီသည်ကို သတိပြုမိနိုင်စွမ်းရှိပါက သမ္မာတရားကို နားလည်သည့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း။ သင့်၌ နှုတ်ရှိသည်၊ သို့ဆိုလျှင် အဘယ့်ကြောင့် ထုတ်မပြောရဲရသနည်း။ အယောင်ဆောင်ခေါင်းဆောင်ကို၊ သို့မဟုတ် အန္တိခရစ်ကို အဘယ်ကြောင့် သင်အလွန် ကြောက်ရွံ့ရသနည်း။ ဤအရာက သင်သည် သူရဲဘောနည်းကာ အသုံးမကျသူတစ်ဦး၊ စာတန်၏ လက်ပါးစေတစ်ဦးဖြစ်ကြောင်း သက်သေပြပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၃- သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ အမြဲတမ်း တွေဝေနေပြီး လီဖင်ရဲ့ပြဿနာတွေကို မတင်ပြရဲခဲ့တဲ့ နောက်အကြောင်းရင်းတစ်ခုရှိသေးတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ အဲဒါကတော့ ကျွန်မ ဘုရားသခင်ကို ယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်က အရာအားလုံးအပေါ်မှာ အချုပ်အခြာအာဏာရှိတယ်ဆိုတာကို မယုံကြည်ခဲ့လို့ပဲ၊ အဲဒီအစား ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ကြီးကြပ်ရေးမှူးတွေက ကျွန်မ တာဝန်တွေကို ဆက်လုပ်နိုင်မလား၊ ကယ်တင်ခြင်းရမလားဆိုတာကို ဆုံးဖြတ်တယ်လို့ ထင်ခဲ့လို့ပဲ။ ဒါကြောင့် လီဖင်နဲ့ ယန်မင်က ဗီဒီယိုအလုပ်ကို နှောင့်ယှက်နေတာကို မြင်တဲ့အခါ ကျွန်မ လျစ်လျူရှုခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတိကြီးကြီးနဲ့ ကြိုးစားခဲ့တယ်။ သူတို့ကို စိတ်ဆိုးအောင်လုပ်မိရင် သူတို့က ကျွန်မကို အခက်အခဲဖြစ်အောင်လုပ်မှာ၊ ပြီးတော့ ကျွန်မ ညှဉ်းပန်းခံရပြီး ဖြုတ်ချခံရမှာကို ကြောက်ခဲ့တယ်။ လီဖင်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့အခါ ကျွန်မ စိတ်ထဲမှာ အရမ်းဖိအားများတယ်လို့ ခံစားခဲ့ရပြီး နေ့တိုင်း တိတ်တဆိတ် သည်းခံခဲ့ရတယ်၊ ဒါပေမဲ့ လီဖင်ရဲ့ပြဿနာတွေကို ကျွန်မ မတင်ပြရဲသေးဘူး။ ကျွန်မ ကယ်တင်ခြင်းမခံရအောင် လီဖင်နဲ့ ယန်မင်က ကျွန်မကို အပြစ်ရှာပြီး ညှဉ်းပန်းနှင်ထုတ်မှာကို ကြောက်ခဲ့တယ်။ ကျွန်မ တာဝန်ထမ်းဆောင်နိုင်စွမ်း၊ ကျွန်မရဲ့ နေတာဖြစ်ဖြစ်၊ ထွက်သွားတာဖြစ်ဖြစ်၊ ပြီးတော့ ကျွန်မရဲ့ အနာဂတ်နဲ့ ကံကြမ္မာတွေအားလုံးက သူတို့လက်ထဲမှာပဲ ရှိနေသလိုပဲ။ တကယ်တော့ သူတို့သာ ကျွန်မကို တကယ်ပဲ ဖြုတ်ချပြီး နှင်ထုတ်ခဲ့ရင်တောင် ကျွန်မက သမ္မာတရားကို နားလည်တဲ့ ညီအစ်ကိုမောင်နှမတွေကို ရှာပြီး မိတ်သဟာယဖွဲ့နိုင်တယ်၊ ပြီးတော့ သူတို့ရဲ့ ဒုစရိုက်အမှုတွေကို အထက်ပိုင်းခေါင်းဆောင်တွေဆီကို တင်ပြပြီး ဖော်ထုတ်နိုင်ခဲ့မှာပဲ။ ဘုရားအိမ်တော်က စည်းမျဉ်းတွေအတိုင်း မျှမျှတတ သေချာကိုင်တွယ်ပေးမှာပဲ။ ဒါပေမဲ့ ကျွန်မ ဖြုတ်ချခံရတာနဲ့ နှင်ထုတ်ခံရတာတွေ မကြုံရသေးတာတောင်မှ အရမ်းကို ကြောက်လန့်နေခဲ့ပြီး သူတို့ပြဿနာတွေကို မပြောရဲ၊ မတင်ပြရဲခဲ့ဘူး။ ကျွန်မမှာ ဘုရားသခင်ကို စစ်မှန်တဲ့ ယုံကြည်ခြင်း လုံးဝမရှိခဲ့ဘူး။ ကျွန်မက ဘုရားသခင်ခေါ်တဲ့ သတ္တိမရှိတဲ့သူ၊ အသုံးမကျတဲ့သူ၊ စာတန်ရဲ့ လက်ပါးစေ မဟုတ်ဘူးလား။ ဘုရားသခင်က ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ စည်းမျဉ်းတွေအကြောင်းကို ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက မှန်တာလုပ်ပြီး သမ္မာတရားနဲ့ ညီတဲ့အခါ ကျွန်မ သဘောတူပြီး လက်ခံသင့်တယ်၊ သူတို့က သမ္မာတရားနဲ့မညီဘဲ စည်းမျဉ်းတွေကို ချိုးဖောက်တဲ့အရာတွေ လုပ်ရင်၊ ကျွန်မတို့က မိတ်သဟာယဖွဲ့ပြီး ဒါကို ထောက်ပြနိုင်တယ်၊ ဒါက သူတို့ကို ကူညီတာပဲ။ ဒါပေမဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက ဒါကို လက်မခံဘဲ အသင်းတော်အလုပ်ကို ဆက်ပြီးနှောင့်ယှက်ပြီး လူတွေကို ဖိနှိပ်ရင်၊ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ သူတို့ရဲ့ ဒုစရိုက်အမှုတွေကို ဖော်ထုတ်သင့်တယ်။ ပြဿနာပြေလည်တဲ့အထိ အထက်ပိုင်းခေါင်းဆောင်တွေဆီကိုလည်း တင်ပြနိုင်တယ်။ ဒါက ကျွန်မတို့ ကောင်းကောင်း ဖြည့်ဆည်းသင့်တဲ့ တာဝန်ပဲ။ သမ္မာတရားစည်းမျဉ်းတွေကို အခိုင်အမာကိုင်စွဲထားတော့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေရဲ့ ဖိနှိပ်မှု၊ ညှဉ်းပန်းမှုကို ခံရနိုင်တယ်၊ ဒါမှမဟုတ် နှင်ထုတ်တာတောင် ခံရနိုင်တယ်၊ ဒါပေမဲ့ ဒါက သင် အသင်းတော်ရဲ့ နှင်ထုတ်ခြင်းကို ခံရတာ၊ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရတာလို့ မဆိုလိုဘူး၊ ကယ်တင်ခြင်းရဖို့ အခွင့်အရေးမရှိတော့ဘူးလို့လည်း မဆိုလိုဘူး။ ဒါ့အပြင် အသင်းတော်က လူတစ်ယောက်ကို ရာထူးတိုးပေးတာ ဒါမှမဟုတ် ဖြုတ်ချတာက သူတို့ရဲ့ တစ်သမတ်တည်းရှိတဲ့ အပြုအမူအပေါ်မှာ အခြေခံတယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမအများစုရဲ့ သုံးသပ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ပြီးမှ ဆုံးဖြတ်တာဖြစ်တယ်။ ဘယ်ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်တစ်ယောက်ကမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ ဘုရားအိမ်တော်က သမ္မာတရားစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်တယ်။ ကြီးကြပ်ရေးမှူးဖြစ်တဲ့ အစ်မ ယဲ့ရှင်ဆီကနေ လီဖင်က ကျွန်မကို အမြဲတမ်း ဖြုတ်ချဖို့ ကြိုးစားနေခဲ့တယ်လို့ ကျွန်မကြားခဲ့ရတယ်။ ဒါပေမဲ့ သူတို့က လက်တွေ့စုံစမ်းစစ်ဆေးမှုတွေကနေတစ်ဆင့် လီဖင်ပြောခဲ့တာတွေက မမှန်ဘူးဆိုတာကို သိခဲ့ရပြီး လီဖင် တကယ်အလုပ်မလုပ်တာရော၊ တခြားပြဿနာတွေကိုပါ တွေ့ရှိခဲ့တယ်တဲ့။ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်၊ ဖြောင့်မတ်ခြင်းက အုပ်စိုးတယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ဒါက ဘုရားသခင်ရဲ့ ခွင့်ပြုချက်မရှိဘဲ အန္တိခရစ်တွေ ဒါမှမဟုတ် ဆိုးယုတ်တဲ့လူတွေက ကျွန်မကို ဘာမှမလုပ်နိုင်ဘူးဆိုတာကို ကျွန်မကို တွေ့ကြုံခံစားစေခဲ့တယ်။ ကျွန်မ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့ လူတွေနဲ့ အရာတွေကို ဘုရားနှုတ်ကပတ်တော်တွေအပေါ်မှာ အခြေခံပြီး မကြည့်ခဲ့ဘူး၊ ပြီးတော့ စည်းမျဉ်းတွေအတိုင်း မလုပ်ဆောင်ခဲ့ဘူး။ ဆိုးယုတ်တဲ့ စွမ်းအားတွေက အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို ဒုက္ခပေးတဲ့အခါ အသင်းတော်အလုပ်ကို ကာကွယ်ဖို့ ကျွန်မ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး။ အဲဒီအစား အယောင်ဆောင်ခေါင်းဆောင်တွေက ဒုစရိုက်အမှုတွေလုပ်ပြီး ဘုရားအိမ်တော်ကို ဒုက္ခပေးတာကို သည်းခံခဲ့တယ်။ ကျွန်မက စာတန်ရဲ့ လက်ပါးစေအနေနဲ့ လုပ်ဆောင်နေတာ မဟုတ်ဘူးလား။ ကျွန်မသာ နောင်တမရဘဲ ဆက်နေခဲ့ရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရမှာပဲ၊ ပြီးတော့ ဒါကို ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားက ဆုံးဖြတ်မှာဖြစ်တယ်။ ဘုရားသခင်က ဒီပတ်ဝန်းကျင်တွေကို ချမှတ်ပေးခဲ့တာက ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် တကယ်ကို အကျိုးရှိခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ နှလုံးသားက ဘုရားသခင်အပေါ် ကျေးဇူးတင်ခြင်းနဲ့ ပြည့်နေခဲ့တယ်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့လို့ ကျွန်မ ကျူးလွန်ခဲ့တဲ့ ပြစ်မှားခြင်းတွေအတွက်လည်း အပြစ်ရှိပြီး အကြွေးတင်တယ်လို့ ခံစားရတယ်။ ကျွန်မ ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်၊ “အို ချစ်ရတဲ့ ဘုရားသခင်၊ သမီးအတွက် ကိုယ်တော် ဖန်တီးပေးခဲ့တဲ့ ပတ်ဝန်းကျင်တွေအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ အရင်တုန်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးအများကြီး သမီး လွဲချော်ခဲ့ပါတယ်။ သမီး နောင်တရချင်ပါတယ်၊ ပြီးတော့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်တဲ့ တရားမျှတစိတ်ရှိတဲ့သူတစ်ယောက် ဖြစ်လာဖို့ လိုက်စားချင်ပါတယ်” လို့ပေါ့။
နောက်ပိုင်းမှာ ကျွန်မ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး စိတ်ထဲမှာ အရမ်းကို တို့ထိခံခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။...သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင် သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး အနေရခက်လိမ့်မည်၊ ပြီးလျှင် ‘ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ဖော်ထုတ်ရမည်၊ ငါ တားရမည်’ ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် သမ္မာတရားကို အမှန်တကယ် လိုက်စားတဲ့သူတစ်ယောက်ရဲ့ နှလုံးသားက ဘုရားသခင်ဘက်ကို လှည့်ထားတယ်ဆိုတာကို ကျွန်မ နားလည်ခဲ့တယ်။ အမှုအရာတွေ သူတို့အပေါ် ကျရောက်တဲ့အခါ သူတို့က ဘုရားသခင်ဘက်ကနေ ရပ်တည်နိုင်ပြီး သမ္မာတရားဘက်ကနေ ရပ်တည်နိုင်တယ်။ တခြားလူတွေက အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်တာကို သူတို့ မြင်တဲ့အခါ လျစ်လျူမရှုဘဲ၊ ကိုယ်ပိုင်အကျိုးစီးပွားတွေကို စွန့်လွှတ်ပြီး အသင်းတော်အလုပ်ကို ကာကွယ်ဖို့ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ကြတယ်။ အသင်းတော်ရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့ ကိစ္စတွေအတွက် သူတို့က အဲဒါတွေကို ဖော်ထုတ်ပြီး တားဆီးဖို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်တယ်။ သူတို့က ဆိုးယုတ်တဲ့ အင်အားစုတွေကို တိုက်ခိုက်ရာမှာ ရဲရင့်ကြတယ်၊ ပြီးတော့ အသင်းတော်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းနိုင်တယ်။ ဒီလူတွေကသာ သမ္မာတရားကို လိုက်စားပြီး အသိတရားနဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူတွေပဲ။ ကျွန်မ နောက်တစ်ခါ အသင်းတော်မှာ တကယ်အလုပ်မလုပ်တဲ့ အယောင်ဆောင်ခေါင်းဆောင်တွေနဲ့ အယောင်ဆောင်အမှုဆောင်တွေကို သတိပြုမိရင်၊ ဒါမှမဟုတ် အသင်းတော်အလုပ်ကို ထိခိုက်နစ်နာစေတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လုပ်ဆောင်တဲ့လူတွေကို သတိပြုမိရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘယ်တော့မှ လူ့အကြိုက်လိုက်သူတစ်ယောက် မလုပ်တော့ဘူးလို့ စိတ်နှလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့တယ်။ အဲဒီအစား သူတို့ရဲ့ပြဿနာတွေကို ကျွန်မ ထောက်ပြမယ်၊ ပြီးတော့ သူတို့က ဒါကို လက်မခံရင် ပြဿနာတွေ ပြေလည်တဲ့အထိ အထက်ပိုင်းခေါင်းဆောင်တွေဆီကို တင်ပြသင့်တယ်။ ဒီလိုနည်းနဲ့သာ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းပြီးသား ဖြစ်မှာပဲ။ တစ်ခါမှာ အသင်းတော်က တခြားအစ်မတစ်ယောက်လည်း လီဖင်ရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတယ်လို့ ကျွန်မ မမျှော်လင့်ဘဲ ကြားခဲ့ရတယ်။ အစ်မက လီဖင်ရဲ့ ဖိနှိပ်မှုကို ခံရတဲ့အခြေအနေအကြောင်း သိပြီးနောက်မှာ လီဖင်က ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပေမဲ့ သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက နည်းနည်းလေးမှ မပြောင်းလဲခဲ့ဘူး၊ ပြီးတော့ သူ့အကျိုးစီးပွားကို ထိပါးလာတဲ့ ဘယ်သူ့ကိုမဆို သူက ဖိနှိပ်ပြီး ညှဉ်းပန်းတတ်တယ်ဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ ဒါ့အပြင် သူက မလိုမုန်းထားတတ်တဲ့ လူ့သဘာဝရှိတယ်၊ သမ္မာတရားကို မုန်းတီးတယ်၊ ပြီးတော့ အရမ်းကို ဆိုးရွားတဲ့ အန္တိခရစ် စိတ်သဘောထားလည်း ရှိတယ်။ ဒီလိုလူမျိုးသာ အသင်းတော်မှာ ဆက်နေခဲ့ရင် အလုပ်ကို နှောင့်ယှက်ပြီး သူ့ညီအစ်ကိုမောင်နှမတွေကိုပဲ ဒုက္ခပေးဖို့ပဲရှိတယ်။ ဒါကြောင့် ကျွန်မက လူတွေကို ဖိနှိပ်ပြီး ညှဉ်းပန်းတဲ့ လီဖင်ရဲ့ အပြုအမူနဲ့ သူ့ရဲ့ ဒုစရိုက်အမှု အချက်အလက်တွေအကြောင်း အသေးစိတ် အစီရင်ခံစာတစ်စောင်ကို ခေါင်းဆောင်တွေဆီကို တင်ပြခဲ့တယ်။ သူတို့က သူ့ကို စည်းမျဉ်းတွေအတိုင်း အရေးယူဆောင်ရွက်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ခဲ့တယ်။ မကြာခင်မှာပဲ ခေါင်းဆောင်တွေက ကျွန်မဆီကို စာပြန်ခဲ့ပြီး လီဖင်ကို ရဲက ဖမ်းသွားခဲ့တယ်လို့ ပြောခဲ့တယ်။ သူ ပြန်လွတ်လာခဲ့ပေမဲ့ ရဲရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေတုန်းပဲတဲ့။ သူတို့က လီဖင်ရဲ့ ဒုစရိုက်အမှုတွေရဲ့ သက်သေအထောက်အထားတွေကို စုဆောင်းပြီးနေပြီဖြစ်ပြီး သူ့ကို စည်းမျဉ်းတွေအတိုင်း ကိုင်တွယ်ဖြေရှင်းမယ်တဲ့။ ခေါင်းဆောင်တွေဆီက အကြောင်းပြန်စာကို ဖတ်လိုက်တဲ့အခါမှာ ကျွန်မ အရမ်းကို စိတ်သက်သာရာရသွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ခေါင်းဆောင်တွေ ဒါမှမဟုတ် အမှုဆောင်တွေက မသင့်တော်တဲ့အရာတွေ ဒါမှမဟုတ် စည်းမျဉ်းတွေကို ချိုးဖောက်ပြီး လုပ်ဆောင်တာကို ကျွန်မ မြင်တဲ့အခါတိုင်း ကျွန်မ တွန့်ဆုတ်ပြီး မစဉ်းမစား နာခံတာမျိုး မလုပ်တော့ဘူး။ အဲဒီအစား ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ သူတို့ကို ပြောပြခဲ့တယ်။
ဆိုးယုတ်တဲ့လူတစ်ယောက်ရဲ့ ညှဉ်းပန်းမှုနဲ့ ဖိနှိပ်မှုကို ခံရတဲ့ ကျွန်မရဲ့ အတွေ့အကြုံမှာ ဒုက္ခတချို့ကို ကျွန်မ ခံစားခဲ့ရပေမဲ့ အန္တိခရစ်တွေနဲ့ ဆိုးယုတ်တဲ့လူတွေရဲ့ သမ္မာတရားကို မုန်းတီးတဲ့ အနှစ်သာရအပေါ် ပိုင်းခြားသိမြင်မှုတချို့ကို ကျွန်မ ရရှိခဲ့တယ်။ ဘုရားသခင်က အရာအားလုံးကို ထိန်းချုပ်တယ်၊ ပြီးတော့ ကျွန်မရဲ့ အနာဂတ်နဲ့ ကံကြမ္မာက ဘုရားသခင်ရဲ့ လက်ထဲမှာ ရှိတယ်ဆိုတာကိုလည်း ကျွန်မ တကယ်ပဲ မြင်ခဲ့ရတယ်။ ဘုရားအိမ်တော်မှာ သမ္မာတရားက အုပ်စိုးတယ်၊ ပြီးတော့ ဒုစရိုက်ကျူးလွန်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်တဲ့ အပျက်သဘောဆောင်တဲ့ ပုဂ္ဂိုလ်အားလုံး မျှမျှတတ ကိုင်တွယ်ဖြေရှင်းတာ ခံရလိမ့်မယ်ဆိုတာကိုလည်း ကျွန်မ လက်တွေ့ တွေ့ကြုံခံစားခဲ့ရတယ်။ ကျွန်မ ဒီလို ရရှိမှုတွေနဲ့ နားလည်မှုတွေကို ရနိုင်ခဲ့တာက ဘုရားနှုတ်ကပတ်တော်တွေကနေ ရရှိတဲ့ ရလဒ်တစ်ခုပါပဲ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဆွန်ယု နယ်သာလန်နိုင်ငံ “သူ့အသက်တာတွင် လူသားသည် သန့်ရှင်းစေခြင်းခံရရန်နှင့် သူ၏ စိတ်သဘောထား၌ ပြောင်းလဲမှုများ စွမ်းဆောင်ရရှိရန် ဆန္ဒရှိပါက၊...
ရှောင်မိ ဂျပန်နိုင်ငံ ၂၀၂၂ခုနှစ်၊ ဇွန်လမှာ ညီမက အသင်းတော်ခေါင်းဆောင်အနေနဲ့ အရွေးခံရတယ်။ ညီမ တာဝန်ယူရမဲ့ အလုပ်တွေ၊ ရမဲ့ အတော်များတဲ့...
၂၀၁၉ခုနှစ် စက်တင်ဘာလမှာ ကျွန်မ ခေါင်းဆောင်တစ်ယောက်အနေနဲ့ စအစေခံခဲ့ပြီး ဒေသခံအသင်းတော်အနည်းငယ်ရဲ့အလုပ်တွေမှာ ကျွန်မရဲ့အလုပ်ဖော်...
လျန်ကျီ၊ အန်းဟွေစီရင်စု ကျွန်တော့် နာမည် လျန်ကျီဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လွန်ခဲ့သော ခြောက်နှစ်က ကျွန်တော်...