မုသားများ နောက်တွင်
အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောသည်မှာ၊ “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။ ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်) သခင်ယေရှုကလည်း ပြောခဲ့သည်၊ “ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။” (ရှင်မဿဲခရစ်ဝင် ၁၈:၃) ဘုရားသခင်က သစ္စာနှင့်ပြည့်စုံသည်၊ ရိုးသားခြင်းကို နှစ်သက်ပြီး၊ လှည့်စားခြင်းကို ရွံရှာသည်။ ပြီးလျှင် ရိုးသားသူများသာ ကယ်တင်ခံရပြီး၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မြင်နိုင်ပါသည်။ ထို့ကြောင့် ကျွန်မတို့ ရိုးသားကြဖို့၊ လိမ်ညာလှည့်ဖြားတတ်သည့် ကျွန်မတို့၏ ရည်ရွယ်ချက်များကို ဖြေရှင်းကြဖို့၊ ဘုရားသခင်က အကြိမ်ကြိမ် တောင်းဆိုထားခြင်း ဖြစ်သည်။ သို့ရာတွင် တကယ့်ဘဝ၌၊ ကျွန်မ၏ဂုဏ်အဆင့်အတန်းကို တစ်ခုခုက ထိခိုက်လာသည်နှင့်၊ မလိမ်ညာ မလှည့်ဖြားဘဲ မနေနိုင်ခဲ့ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ထုတ်ဖော်မှု၊ ဘုရားသခင်၏ ရိုက်နှက်ဆုံးမမှုနှင့် ဆုံးမပဲ့ပြင်မှုများသာ မရှိပါက၊ ကျွန်မအနေနှင့် အမှန်တကယ် နောင်တရခဲ့မည် မဟုတ်ပါ။ လိမ်ညာမှုများကို ကျောခိုင်းပြီး၊ ရိုးသားသူ တစ်ယောက်အဖြစ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခဲ့မိမည် မဟုတ်ပါ။
လွန်ခဲ့သည့် နှစ်နှစ်လောက်မှာ ကျွန်မက အသင်းတော် ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ယူခဲ့ပါသည်။ တစ်ရက်မှာ ကျွန်မ၏ခေါင်းဆောင်က ကျွန်မကို တွဲဖက်အကျိုးတော်ဆောင်များ စည်းဝေးပွဲတစ်ခု တက်ဖို့ ပြောသည်။ ကျွန်မ တော်တော် ပျော်သွားသည်။ ထိုကာလတစ်ဝိုက် အသင်းတော်မှာ စည်းဝေးပွဲများ၊ မိတ်သဟာယပြုတာများကို နေ့တိုင်းလုပ်ရင်း၊ ကျွန်မ မည်မျှ အလုပ်ကြိုးစားထားကြောင်း၊ ညီအစ်ကိုမောင်နှမ အများစုကလည်း သူတို့၏အလုပ်မှာ တက်တက်ကြွကြွ ပါဝင်နေကြောင်းတို့ကို ကျွန်မ တွေးလိုက်မိသည်။ အချို့အဖွဲ့များက တိုးတက်မှုအများကြီး ရနေကြပြီဖြစ်သည်။ ထို့ကြောင့် ဤစည်းဝေးပွဲက ကျွန်မကို လူသိစေမည့် အခွင့်အရေးဖြစ်သည်ဟု သေချာပေါက် တွေးလိုက်သည်။ ကျွန်မ မည်မျှ လုပ်နိုင်စွမ်းရှိသည်၊ အခြားသူများထက် ပိုတော်သည်ကို၊ ခေါင်းဆောင်နှင့် တွဲဖက်အကျိုးဆောင်များ မြင်အောင် ပြနိုင်မည်။ ပွဲကို ကျွန်မ ရောက်သွားတော့၊ အစ်မလျူက သောကရောက်သလို ပုံစံမျိုးနှင့် မှုန်ကုပ်ကုပ် ဖြစ်နေသည်ကို တွေ့ရသည်။ ပြီးလျှင် သူမက သက်ပြင်းချပြီး “ညီအစ်ကိုမောင်နှမတွေကို နင် ရေလောင်း ထောက်ပံ့နေတာတွေ ဘယ်လိုလဲ။ ငါတို့တော့ ခက်ခက်ခဲခဲ ဖြစ်နေတယ်။ ငါက သမ္မာတရားရဲ့စစ်မှန်မှု မရှိတာပဲဖြစ်ရမယ်။ ငါ မဖြေရှင်းနိုင်တဲ့ ကိစ္စတွေ အများကြီးပဲ။” ဟု ပြောသည်။ ကျွန်မလည်း အသာလေး ပြုံးပြီး၊ “ကျွန်မတို့ အသင်းတော်မှာတော့ ရေလောင်းတဲ့အလုပ်က ဟိုးအရင်ကထက်ကို အများကြီး ပိုပြီး အောင်မြင်နေတယ်။” ဟု ပြောလိုက်သည်။ ထိုအချိန်မှာပင် ခေါင်းဆောင်က ဝင်လာပြီး၊ အသင်းတော်များမှာ ရေလောင်းသည့် အလုပ်များအကြောင်းကို စ၍ မေးပါသည်။ ကျွန်မ ထင်ပေါ်ဖို့ အခွင့်အရေးဟုသာ တွေးလိုက်သည်။ ထို့ကြောင့် ကျွန်မ ကောင်းကောင်း ထုတ်ပြလိုက်သည်။ အံ့ဩဖို့ကောင်းသည်မှာ၊ ခေါင်းဆောင်က ရေလောင်းသည့်အလုပ်မှာ ကျွန်မတို့ အောင်မြင်မှုများကို မေးခြင်းမဟုတ်ပါ။ မည်သို့အခက်အခဲများ ပေါ်နေသည်၊ ယင်းတို့ကို သမ္မာတရားနှင့် မိတ်သဟာယပြုပြီး၊ မည်သို့ဖြေရှင်းထားသည်၊ ပြီးလျှင် မည်သို့အခက်အခဲများကို မဖြေရှင်းနိုင်ပါ စသည်တို့ကို မေးခြင်း ဖြစ်သည်။ ကျွန်မလည်း ကြောက်လန့်သွားသည်။ များသောအားဖြင့် ကျွန်မက အလုပ်ကို စီစဉ်ပေးခြင်းလောက်သာ ဖြစ်သည်။ အသေးစိတ်များကို လုံးဝ မသိပါ။ ထို့ကြောင့် အမှန်တကယ် ရေလောင်းခြင်းကို ကျွန်မ မလုပ်ခဲ့ဖူးပါ။ ကျွန်မလည်း ဘာလုပ်ရမှန်း မသိတော့ပါ။ ခေါင်းဆောင်က မေးလာပါက၊ ကျွန်မ မည်သည့်အရာကို ပြောရမည်နည်း။ အမှန်အတိုင်း ပြောလိုက်ပါက၊ ကျွန်မကို လက်တွေ့အလုပ် မလုပ်ဟု ထင်သွားမလား။ ကျွန်မ တာဝန်ယူထားသည့်အလုပ်က အောင်မြင်နေသည်ဟု အစ်မလျူကို ခုနလေးတင် ကြွားနေခဲ့မိသေးသည်။ ကျွန်မက အသေးစိတ် မပြောပြနိုင်ပါက၊ ကျွန်မကို ဘာမှမဟုတ်ဘဲ ကြွားပြောသည်ဟု သူမက ပြောလာမလား။ မည်သို့ လုပ်ရမည်နည်း။ ကျွန်မလည်း ပို၍ပို၍ စိုးရိမ်လာသည်။ ထိုအချိန်မှာ၊ အစ်ကိုကျိုးက သူတို့အသင်းတော်၏ ရေလောင်းသည့် အလုပ်မှာ သူတို့ ကြုံခဲ့ရသည့် ကိစ္စများ၊ အလုပ်နှင့်ပတ်သက်ပြီး သူမထံ၌ ပေါ်ခဲ့သည့် ဖောက်ပြန်ပျက်စီးခြင်းများကို ပြောပြသည်။ ပြီးလျှင် ယင်းတို့ကို ပြေလည်သွားအောင်၊ သမ္မာတရားကို သူမ မည်သို့ ရှာဖွေခဲ့သည်ကို ရှင်းပြသည်။ သူမက တော်တော် လက်တွေ့ကျကျနှင့် အသေးစိတ်သဘော ရှင်းပြသောကြောင့်၊ ကျွန်မတို့ကို လက်တွေ့လုပ်ဆောင်ဖို့လမ်းတစ်ခု ပြပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။ သူမ၏မိတ်သဟာယကို နားထောင်ပြီး၊ ကျွန်မလည်း တကယ်ကို ရှက်စိတ် ဖြစ်မိသည်။ ကျွန်မက ဘယ်အလုပ်မှ လက်တွေ့ကျကျ မလုပ်ခဲ့သည်ကို သိပြီး၊ ခေါင်းလည်း ငိုက်စိုက်ကျ၊ မျက်နှာများလည်း ထူပူကုန်သည်။ နောက်တော့ ခေါင်းဆောင်က ကျွန်မကို ပြောပြခိုင်းသည်။ ကျွန်မရင်ထဲမှာ ကြောက်လန့်သွားသည်။ မည်သည့်အရာကို ပြောရမည်နည်း။ ကျွန်မမှာ အသေးစိတ် ပြောစရာ တစ်ခုမျှ မရှိပါ။ အကျဉ်းချုံး ပြောလျှင်လည်း၊ ကျွန်မက အလုပ်ကို လက်တွေ့မလုပ်ခဲ့သည်ကို ပေါ်သွားမည်။ အမှန်အတိုင်း ပြောလိုက်ပါက၊ လူများက ကျွန်မကို မည်သို့ ထင်ကုန်ကြမည်နည်း။ ပွင့်ပွင့်လင်းလင်း ပြော၍မဖြစ်ဟု ကျွန်မ မြင်မိသည်။ ထို့ကြောင့် ကျွန်မက “ကျွန်မအခြေအနေက အစ်ကိုကျိုးနဲ့ အတူတူလောက်ပါပဲ။ ထပ်ပြောနေစရာမလိုတော့ပါဘူး။” ဟု ပြောလိုက်သည်။ ခေါင်းဆောင်က နားထောင်ပြီး မည်သည့်အရာမျှ မပြောပါ။ နောက်တော့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြီး၊ စည်းဝေးပွဲကို စသည်။ ထိုစည်းဝေးပွဲမှာ ကျွန်မက သူများထံမှ တစ်ခုခု ခိုးလိုက်မိသလို ခံစားရသည်။ တော်တော် နေမထိထိုင်မထိ ဖြစ်ခဲ့သည်။ ခေါင်းဆောင်က ကျွန်မ၏ အလုပ်ကို စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း လုပ်လာမည့်နေ့ကို ကြောက်မိသည်။ ကျွန်မ၏ လက်တွေ့အလုပ်က အစ်ကိုကျိုးလို မဟုတ်သည်ကို သိသွားမည်၊ ပြီးလျှင် ကျွန်မကို လက်တွေ့မလုပ်ဘဲ၊ လိမ်ညာလှည့်ဖြားသည်ဟု တာဝန်မှ ထုတ်ပယ်ပစ်မည် ဖြစ်သည်။ ကျွန်မ၏ ပူပန်စိတ်က ကြီးလာသည်။ သို့ရာတွင် အမှန်ကိုပြောဖို့ သတ္တိက မရှိသေးပါ။ ကျွန်မလည်း “ဒီနေ့ ငါ့မရိုးသားမှုကို ပြန်ကျေအောင်၊ အစ်ကိုကျိုး လုပ်တဲ့လမ်းစဉ်အတိုင်း ငါ လုံးဝ လုပ်ရမယ်။” ဟု တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။
အသင်းတော်ကို ကျွန်မ ပြန်ရောက်တော့၊ သင်းထောက်များ၊ အဖွဲ့ခေါင်းဆောင်များနှင့် ချက်ချင်း တွေ့သည်။ ကိုယ်တိုင် အသေးစိတ် မိတ်သဟာယပြုပြီး၊ သူတို့ကို ချက်ချင်း စလုပ်ခိုင်းသည်။ ပြီးလျှင် ညီမလု၏အိမ်ကို စက်ဘီးနှင့် သွားသည်။ သူမကို အစ်ကိုကျိုး၏ လမ်းကြောင်းနှင့်ပတ်သက်ပြီး အသေးစိတ် ပြောပြခဲ့သည်။ ရေလောင်းပေးသည့်အလုပ်မှာ အခြားညီအစ်ကို မောင်နှမများကိုလည်း မျှဝေပေးဖို့ ပြောရသည်။ သုံးရက်ဟူသည့်အချိန်က ထိုအတိုင်း ကုန်သွားသည်။ ကျွန်မလည်း မိမိကြိုးစားခြင်းများ၏ အသီးအပွင့်ကို ရိတ်သိမ်းဖို့ ပျော်ပျော်ကြီး စောင့်နေခဲ့သည်။ သို့ရာတွင် သူတို့ ပြောပြသည့်အရာများကို ကျွန်မ အံ့ဩသွားရသည်။ သူတို့ ရေလောင်းပေးသည့်တာဝန်မှာ ပြဿနာများစွာ ကြုံရပြီး အချို့အရာများကို သူတို့ မဖြေရှင်းနိုင်ကြပါ။ အသစ်ရောက်လာ သူများကလည်း အချိန်မီ ရေလောင်းမခံထားရသောကြောင့်၊ သူတို့က တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး သင်းအုပ်များ၏ အလိမ်အညာများ မိနေကြသည်။ ထို့ကြောင့် ထိုလူများကလည်း ဝတ်ပြုစည်းဝေးပွဲများကို ထပ်ပြီး မလာရဲတော့ပါ၊ ကျွန်မစိတ်များ ချာချာလည်သွားသည်။ မည်သို့များ ထိုကဲ့သို့ ဖြစ်ကုန်သနည်း။ ကျွန်မလည်း ညီမလု၏အိမ်ကို အပြေးအလွှား ပြန်သွားရသည်။ ကျွန်မကို မြင်မြင်ချင်း၊ သူမကလည်း စိုးရိမ်တကြီးနှင့် “ကျွန်မတို့ ရေလောင်းပေးတဲ့အလုပ်က ဒီပြဿနာတွေကို အခု ဘယ်လို လုပ်ကြမလဲ။ ကျွန်မတော့ မသိတော့ဘူး။” ဟု ပြောသည်။ ကျွန်မလည်း ဘာပြောရမှန်း မသိတော့ပါ။ ကျွန်မက သူမကို မိတ်သဟာယပြုပြီး၊ သီးသန့် သင်ပြပေးထားခြင်း ဖြစ်သည်။ ကျွန်မ၏မိတ်သဟာယမှာ တော်တော်ကို အသေးစိတ် ရှင်းပြထားသည်။ သို့ရာတွင် သူမက နားမလည်သေးပါ။ ထိုလူများ မည်သည့်အရာများ လွဲမှားနေသည်ကို ကျွန်မ စဉ်းစားကြည့်သည်။ ကျွန်မက သေချာ ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုထားသော်လည်း၊ သူတို့က နားမလည်ကြသေးပါ။ ကျွန်မ၏အလုပ်က ကောင်းမွန်စွာ မပြီးစီးပါက၊ ခေါင်းဆောင်က ကျွန်မကို မည်သို့ ထင်လာမည်နည်း။ ယင်းကို တွေးကြည့်လေလေ၊ ပို၍ မချင့်မရဲနှင့် စိတ်ပျက်မိလေလေ ဖြစ်သည်။ ထိုညကဆို အိပ်ရာထဲမှာ လူးလှိမ့်ပြီး အိပ်မပျော်နိုင်ပါ။ လုံးဝ ခွန်အား မရှိသလို ခံစားခဲ့ရသည်။ နောက်ဆုံး ဘုရားသခင်ရှေ့မှောက် “ဘုရားသခင်၊ ဒီရက်ပိုင်းတွေမှာ ကျွန်မရဲ့တာဝန်ကို ပိုပြီးတော့ ကြိုးကြိုးစားစား လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘာမှ မဖြစ်မြောက်ခဲ့ဘူး။ ကိုယ်တော့်လမ်းညွှန်မှုကို ကျွန်မ မခံစားမိဘူး။ ကျွန်မ အမှောင်ထဲမှာ နေနေရပါတယ်။ ဘုရားသခင်၊ ကျွန်မက ကိုယ်တော့်အလိုနဲ့ ဆန့်ကျင်တာ တစ်ခုခုကို လုပ်မိပြီး၊ ကိုယ်တော့်မနှစ်သက်ခြင်းနဲ့ မုန်းတီးခြင်းကို နှိုးဆွသလို ဖြစ်နေတာလား။ ကျွန်မရဲ့ကိုယ်ပိုင် အခြေအနေကို နားလည်နိုင်အောင်၊ ကျွန်မကို အသိဉာဏ် ဖွင့်ပေးတော်မူပါ။” ဟု ဆုတောင်းမိသည်။
ထို့နောက်တွင် ဘုရားသခင်ထံမှ ထုတ်ဖော်ပြသည့် ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိပါသည်၊ “သင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် ငါ့အတွက် ရည်ရွယ်၍ ဖန်တီးထားသလော။ သင်၏ စကားများနှင့် လုပ်ရပ်များအားလုံးသည် ငါ၏ မျက်မှောက်တွင် ပြောဆို၊ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ငါ ဆန်းစစ်၏။ အပြစ်ရှိသည်ဟု သင်မခံစားရသလော။ အခြားသူများ မြင်စေရန် သင်သည် ဟန်ဆောင်ထားပြီး၊ သင်သည် ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း ပုံပန်းတစ်ခုကို တည်ငြိမ်စွာ ပုံဖမ်းထားသည်။ သင်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဤအရာကို လုပ်ဆောင်သည်။ သင်၏ဆိုးယုတ်ခြင်းကို ဖုံးကွယ်ရန် ဤအရာကို လုပ်ဆောင်ပြီး၊ ထိုဆိုးယုတ်ခြင်းကို အခြားတစ်စုံတစ်ဦးအပေါ် တွန်းပို့ရန် နည်းလမ်းများကိုပင် အကြံထုတ်လေသည်။ သင်၏ နှလုံးသားတွင် ဖောက်ပြန်မှုသည် ကိန်းဝပ်နေလေတကား။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) “အခြားသူများ၏ရှေ့တွင် တစ်မျိုး၊ ၎င်းတို့၏ နောက်ကွယ်၌ တစ်ဖုံ မပြုမူလေနှင့်။ ငါသည် သင်ပြုသမျှ အရာအားလုံးကို ရှင်းလင်းစွာမြင်ပြီး၊ သင်သည် အခြားသူများအား အရူးလုပ်ကောင်း လုပ်နိုင်လိမ့်မည် ဖြစ်သော်လည်း၊ ငါ့အား အရူး လုပ်၍မရနိုင်။ ငါသည် အားလုံးကို ရှင်းလင်းစွာ မြင်၏။ မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် သင့်အတွက် မဖြစ်နိုင်။ အရာအားလုံး ငါ့ လက်တွင် ရှိ၏။ သင်၏ အရေးမပါသော သေးငယ်သည့် တွက်ချက်မှုများ ပြုလုပ်ခြင်းက သင့်အတွက် အကျိုးအမြတ် ဖြစ်ပေါ်စေခြင်းကြောင့် သင့်ကိုယ်သင် အလွန်တရာ လိမ္မာပါးနပ်သည်ဟု မထင်လေနှင့်။ ငါ သင့်ကို ပြောသည်- လူသားသည် အစီအစဉ်များစွာ၊ ထောင်ချီ သို့မဟုတ် သောင်းချီဖြစ်စေ၊ လျှို့ဝှက်ကြံစည်ကောင်း ကြံစည်နိုင် သော်လည်း၊ နောက်ဆုံး၌ ၎င်းတို့သည် ငါ၏လက်ဖဝါးမှ မလွတ်မြောက်နိုင်ပေ။ လူတစ်ဦးတစ်ယောက် မဆိုထားနှင့်၊ အရာခပ်သိမ်းနှင့် အရာဝတ္ထု အားလုံးသည် ငါ့လက်များ၏ ထိန်းချုပ်ခြင်းခံရကြ၏။ ငါ့အား ရှောင်ပြေးရန် သို့မဟုတ် ပုန်းကွယ်ရန် မကြိုးစားနှင့်၊ မြှောက်ထိုးပင့်ကော်လုပ်ရန် သို့မဟုတ် ဖုံးကွယ်ရန် မကြိုးစားလေနှင့်။ ငါ၏ဘုန်းအသရေ ရှိသော မျက်နှာထား၊ ငါ၏အမျက်ဒေါသနှင့် ငါ၏ တရားစီရင်ခြင်းတို့သည် လူသိရှင်ကြား ထုတ်ဖော်ပြီးဖြစ်သည်ကို သင် မမြင်သေးသည်မှာ ဖြစ်နိုင်သလော။ ငါ့အား ရိုးသားစစ်မှန်စွာ အလိုမရှိသောသူ မည်သူမဆို၊ ငါသည် ၎င်းတို့ကို သနားညှာတာခြင်း မရှိဘဲ ချက်ချင်း တရားစီရင်မည်။ ငါ၏သနားခြင်းကရုဏာသည် အဆုံးသတ်ပြီဖြစ်၏။ ဘာမျှ မကျန်ကြွင်းတော့ပေ။ သူတော်ကောင်းယောင်ဆောင်သောသူ မဖြစ်တော့ဘဲ၊ သင်၏ အထိန်းအကွပ်မဲ့ပြီး အဆင်အခြင်မဲ့သော နည်းလမ်းများကို ရပ်တန့်လော့။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၄)) ဤအပိုဒ်ကို ဖတ်ပြီး၊ မိမိကိုယ်ကိုယ် ဆင်ခြင်မိသည်။ ကျွန်မက သင်းထောက်များ၊ အဖွဲ့ခေါင်းဆောင်များနှင့် မိတ်သဟာယပြုလိုက်၊ စည်းဝေးပွဲများ လုပ်ပေးလိုက်နှင့်၊ အလောတကြီး ကြိုးစားခဲ့ကြသည်။ သို့ရာတွင် ထိုအရာများအားလုံးက မည်သည့်အတွက် ဖြစ်သနည်း။ ကျွန်မက ယင်းကို အသင်းတော်၏အလုပ်အတွက် ညီအစ်ကိုမောင်နှမများ၏ အသက်တာများအတွက် တကယ် လုပ်ခဲ့ခြင်း ဖြစ်ပါသလား။ သူတို့၏ လက်တွေ့ပြဿနာများကို ဖြေရှင်းပေးဖို့ လုပ်ခဲ့ခြင်း ဖြစ်ပါသလား။ ထိုအချိန်မှာ ယခင်တစ်ခါ စည်းဝေးပွဲမှာ ကျွန်မ လိမ်ခဲ့မိသည်ကို စဉ်းစားမိသည်။ ခေါင်းဆောင်က ရေလောင်းပေးသည့်အလုပ်အကြောင်း မေးသည့်အခါ၊ ကျွန်မအနေနှင့် လက်တွေ့အလုပ် မည်သည့်အရာမျှ မလုပ်ထားမှန်း မိမိဘာသာ သိသည်။ သို့ရာတွင် မိမိကို အရူးဟု မမြင်အောင်၊ မိမိအကြောင်းကို လူများ မသိအောင်၊ အထင်မသေးအောင်၊ ကျွန်မ လှည့်စားခဲ့သည်။ ကျွန်မ လိမ်ထားသည့်အရာများကို ခေါင်းဆောင် သိမသွားအောင်၊ ကျွန်မ၏အလုပ်တာဝန်ထဲက ယိုပေါက်များကို အလောတကြီး ပြန်ဖာခဲ့မိသည်။ ထိုအချိန်မှာ ကျွန်မ နားလည်သွားသည်။ ကျွန်မက မိမိ၏အလိမ်အညာ မပေါ်အောင်၊ အလုပ် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ကျွန်မအနေနှင့် လက်တွေ့အလုပ်ကို မလုပ်ခဲ့ဘဲ၊ အမှန်တရားကို ဖုံးဖိဖို့နှင့်၊ မိမိ၏ ဂုဏ်အဆင့်အတန်းအတွက် အလုပ်ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများ၏ တကယ့် အခက်အခဲများကို အမှန်တကယ် နားလည်ရမည့်အစား၊ ပြီးလျှင် သူတို့ ကိစ္စများကို သမ္မာတရားနှင့် မိတ်သဟာယ ပြုပေးပြီး ဖြေရှင်းရမည့်အစား၊ အစ်ကိုကျိုး မိတ်သဟာယပြုခဲ့သည့် လမ်းကြောင်းကိုသာ ကျွန်မက အသုံးချလိုက်ခြင်း ဖြစ်သည်။ ကျွန်မက ထိုကဲ့သို့ စက်ဆုပ်စရာကောင်းသည့် ရည်ရွယ်ချက်ကို မွေးထားရင်း၊ မိမိ၏တာဝန်ကို အရေးမထားခဲ့ခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ အလိုတော်နှင့် မည်သို့များ ကိုက်ညီနိုင်မည်နည်း။ ဘုရားသခင်က ကျွန်မတို့စိတ်နှလုံးများကို အတွင်းကျကျ မြင်ပါသည်။ ထို့ကြောင့် ကျွန်မက သူ့ကို ထိုကဲ့သို့ လှည့်စားဖို့၊ လိမ်ညာဖို့၊ အရူးလုပ်ဖို့ ကြိုးစားနေသည်ကို၊ မနှစ်သက်ခြင်း မဖြစ်ဘဲ နေပါ့မလား။ ကျွန်မ လဲပြိုကျခဲ့သည့် အမှောင်ထုက ဘုရားသခင်က ကျွန်မကို ရိုက်နှက်ဆုံးမပြီး၊ ဆုံးမပဲ့ပြင်နေခြင်း ဖြစ်သည်။ ဤသည်ကို နားလည်သည့်အခါ၊ ကျွန်မ အနည်းငယ် ကြောက်သလို ခံစားရသည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့်၊ လာမည့် စည်းဝေးပွဲမှာ ရိုးရိုးသားသား ပြောမည်ဟု စဉ်းစားသည်။ သို့ရာတွင် ကျွန်မက မုသားအကြီးကြီး ပြောခဲ့မိသည်ကို တွေးရင်းနှင့်၊ အနည်းငယ် စိုးရိမ်မိလေသည်။ ကျွန်မက ဝန်ခံလိုက်ပါက၊ အခြားသူများက ကျွန်မကို မည်သို့ ထင်ကြမည်နည်း။ ကျွန်မကို ဉာဏ်များသည်ဟု ပြောကြမလား။
ထိုအချိန်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက နောက်ထပ်ကျမ်းပိုဒ်တစ်ခုကို ဖတ်မိပါသည်၊ “မုသားတစ်ခုကို သင်ပြောသောအခါ ထိုနေရာ၌ပင် သင် မျက်နှာမပျက်ရသော်လည်း၊ သင့်စိတ်နှလုံးထဲတွင် သင် လုံးလုံးလျားလျား ဂုဏ်သိက္ခာထိခိုက်ခံရပြီဟု သင်ခံစားပြီး၊ သင်၏ အသိစိတ်က သင့်ကို မရိုးသားဟု စွပ်စွဲလိမ့်မည်။ အတွင်းစိတ်ထဲတွင် သင်သည် သင့်ကိုယ်သင် စက်ဆုပ်ရွံရှာပြီး သင့်ကိုယ်သင် အထင်သေးလိမ့်မည်ဖြစ်ပြီး ‘ငါ ဘာကြောင့် အလွန် သနားစရာကောင်းအောင် အသက်ရှင်ရတာလဲ။ အမှန်တရားကို ပြောဖို့ တကယ်ပဲ အလွန်ခက်သလား။ ငါ့ဂုဏ်သတင်းအတွက်နဲ့ ဒီအလိမ်အညာတွေကို ပြောရမလား။ ဘဝဟာ ငါ့အတွက် ဘာကြောင့် ဒီလောက် ငြီးငွေ့စရာကောင်းရတာလဲ’ ဟု တွေးမိလိမ့်မည်။ သင်သည် ငြီးငွေ့စရာကောင်းသော အသက်တာကို နေထိုင်ရန် မလိုအပ်သော်လည်း သက်သာငြိမ်းအေးခြင်းနှင့် လွတ်လပ်ခြင်း၏ လမ်းကြောင်းကို သင် မရွေးချယ်ရသေးပေ။ သင်၏ဂုဏ်သတင်းနှင့် သင်၏ဝင့်ဝါခြင်းအား ထိန်းသိမ်းထားခြင်း လမ်းကြောင်းတစ်ခုကို သင်ရွေးချယ်ထားသောကြောင့် သင့်အတွက် ဘဝက အလွန်ငြီးငွေ့စိတ်ပျက်ဖွယ်ရာ ဖြစ်လေသည်။ လိမ်ညာခြင်းမှ သင်မည်သည့် ဂုဏ်သတင်း ရရှိသနည်း။ နာမည်ဂုဏ်သတင်းသည့် အနှစ်မဲ့သော အရာတစ်ခုဖြစ်ပြီး တကယ်ကို တစ်ပြားမျှမတန်ပေ။ လိမ်ညာခြင်းအားဖြင့်၊ သင်၏ သမာဓိနှင့် ဂုဏ်သိက္ခာကို သင် ရောင်းစားပေသည်။ ဤအလိမ်အညာများက သင်၏ ဂုဏ်သိက္ခာကို ဆုံးရှုံးစေပြီး ဘုရားသခင် ရှေ့မှောက်တွင် သမာဓိမရှိ ဖြစ်စေသည်။ ဘုရားသခင်သည် ဤအရာကို နှစ်သက်ခြင်းမရှိသကဲ့သို့ ယင်းကို သူ မုန်းတီးစက်ဆုပ်သည်။ ထို့ကြောင့် ယင်းသည် အကျိုးရှိသလော။ ဤလမ်းကြောင်းသည် မှန်ကန်သလော။ ယင်းသည် မမှန်ကန်သည့်အပြင် ယင်းကို လိုက်လျှောက်ခြင်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်နေခြင်း မဟုတ်ပေ။ သင်သည် အလင်းတွင် အသက်ရှင်မနေသည့်အခါ၊ သင် ခြေကုန်လက်ပန်းကျသည်။ သင်သည် အဓိပ္ပာယ်မရှိသော အရာကို ပြောဖို့ ဦးနှောက်ခြောက်အောင် စဉ်းစားနေကာ၊ သင့်ကိုယ်သင် ဆင်းရဲဒုက္ခ များစွာ ခံစားစေရင်း၊ နောက်ဆုံး၌ သင်က၊ ‘အလိမ်အညာများကို ကျွန်ုပ် နောက်ထပ် မည်သို့မျှ မပြောရ။ ကျွန်ုပ် နှုတ်ဆိတ်မြဲနှုတ်ဆိတ်ကာ စကားအနည်းငယ်သာ ပြောမည်’ဟု တွေးသည်အထိ အမြဲလိမ်ညာပြီး အလိမ်အညာများကို ယုတ္တိရှိပုံရအောင် ဖန်တီးဖို့ ကြိုးစားနေသည်။ သို့သော် သင်သည် မိမိကိုယ်ကိုယ် မထိန်းနိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင်၏ ဂုဏ်သတင်းနှင့် သိက္ခာကဲ့သို့သော အရာများကို သင်မစွန့်လွှတ်နိုင်သဖြင့် ၎င်းတို့ကို အလိမ်အညာများနှင့်သာ သင် ထိန်းသိမ်းထားနိုင်တော့သည်။ သင်သည် ဤအရာများကို ဖက်တွယ်ထားရန် မုသားများကို အသုံးပြုနိုင်သည်ဟု သင်ထင်မြင်သော်လည်း အမှန်မှာမူ သင်အသုံးမပြုနိုင်ပေ။ သင်၏တည်ကြည်မှုနှင့် ဂုဏ်သိက္ခာကို စောင့်ထိန်းရာတွင် သင်၏မုသားစကားများက မအောင်မြင်သည့်အပြင် ပို၍အရေးကြီးသည်က သမ္မာတရားကို ကျင့်ဆောင်ရန်အခွင့်အရေးတစ်ရပ်ကို သင်ဆုံးရှုံးပြီ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ဂုဏ်သတင်းနှင့် သိက္ခာကို ထိန်းသိမ်းထားခဲ့စေကာမူ သမ္မာတရားကို သင်ဆုံးရှုံးသွားပြီ ဖြစ်သည်၊ ယင်းကို လက်တွေ့ကျင့်သုံးရန် အခွင့်အလမ်းအပြင် ရိုးသားသောလူဖြစ်ရမည့် အခွင့်အရေးကိုလည်း သင် ဆုံးရှုံးသွားပြီဖြစ်သည်။ ဤသည်မှာ ဆုံးရှုံးမှုများထဲတွင် အကြီးမားဆုံးဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ရိုသားခြင်းအားဖြင့်သာ စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်နိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စကားလုံးတိုင်းက ရင်ထဲကို တန်းခနဲ ဝင်ပါသည်။ ကျွန်မက မုသားပြောပြီး၊ မိမိနာမည်ကို ဆက်ထိန်းခဲ့သည်။ သို့ရာတွင် အနည်းငယ်လေးမှ မပျော်နိုင်ခဲ့ပါ။ ထိုအစား မိမိ လုပ်ခဲ့မိသည့်အရာကို အမြဲ သောကဖြစ်ရင်း၊ စိတ်မချမ်းမသာ ဖြစ်ခဲ့ရသည်။ တစ်ခါတစ်ရံတွင် ကျွန်မ စကားပြောပါက၊ လူများနှင့် မျက်လုံးချင်း မဆုံချင်ခဲ့ပါ။ ကျွန်မ လှည့်စားတတ်သည်ကို မြင်သွားပြီး၊ ကျွန်မကို မယုံကြည်ကြတော့မည်ကို ကြောက်သည်။ ကျွန်မ၏ အလိမ်အညာကို ဖုံးဖိဖို့၊ ယုံကြည်စရာဖြစ်အောင် လုပ်ဖို့၊ နည်းလမ်းမျိုးစုံကို သုံးခဲ့သည်။ ခက်ခဲပင်ပန်းသည့် ရှင်သန်နေထိုင်ပုံ ဖြစ်ပါသည်။ မည်သို့ သက်သာရာကိုမျှ ရှာမရခဲ့ပါ။ ကျွန်မက လိမ်ညာလှည့်ဖြားခဲ့သည်။ ထို့ကြောင့် စက်ဆုပ်စရာကောင်းသည့်၊ သိက္ခာမရှိသည့် ပုံစံနှင့် ရှင်သန်ခဲ့ရခြင်း ဖြစ်သည်။ ကျွန်မကိုယ်ကျွန်မ ဆက်ပြီး မဖုံးဖိချင်တော့သည့် အချိန်ကျမှ၊ ဘုရားသခင်ထံမှ ဝန်ခံနောင်တရဖို့ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများနှင့် နောက်တစ်ကြိမ် တွေ့သည့်အခါ၊ မိမိ၏ဇာတိပကတိကို စွန့်လွှတ်ပြီး၊ ရင်ဖွင့်တော့မည်ဟုလည်း ဆုံးဖြတ်ခဲ့သည်။
နှစ်ရက်သုံးရက်လောက် ကြာတော့၊ ခေါင်းဆောင်က ကျွန်မတို့နှင့်အတူ စည်းဝေးပွဲတစ်ခု တက်ဖို့၊ ရောက်လာသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဘုရားသခင်က ကျွန်မကို အခွင့်ပေးနေခြင်း ဖြစ်သည်ဟု့ ခံစားမိခဲ့သည်။ ကျွန်မ “ဘုရားသခင်၊ ကျွန်မရဲ့အလိမ်အညာနဲ့ လှည့်ဖြားမှုကို ထုတ်ဖော်ပြောချင်ပါတယ်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် ကျွန်မကို စိတ်ပိုင်းဖြတ်မှု ပေးတော်မူပါ။” ဟု ဆုတောင်းပါသည်။ စည်းဝေးပွဲကို ရောက်သည့်အခါ၊ ကျွန်မ သိရသည့်အရာမှာ၊ ခေါင်းဆောင်က ကျွန်မတို့ အသင်းတော်ခေါင်းဆောင်များထဲမှ၊ အလုပ်အတွက် တွဲဖက်တစ်ယောက် ရွေးဖို့ လာခြင်း ဖြစ်သည်။ ကျွန်မစိတ်ထဲမှာက လွန်ဆွဲနေပြီဖြစ်သည်။ ကျွန်မတို့ အသင်းတော်ခေါင်းဆောင်များထဲမှာ၊ ကျွန်မ၏ အရည်အချင်းနှင့် အောင်မြင်မှုများက အခြားသူများထက် သာသလို ဖြစ်နေသည်။ ထို့ကြောင့် သူတို့က ကျွန်မကို ရွေးဖို့သင့်တော်သည့်လူဟု မြင်နေပြီးသား ဖြစ်နိုင်သည်။ သို့ရာတွင် ကျွန်မက အမှန်ကို ပြောပြီး၊ ကျွန်မ၏ အလိမ်အညာကို ထုတ်ပြောပါက၊ ကျွန်မကို အထင်သေး သွားကြမလား။ သူတို့က ကျွန်မကို ဉာဏ်များလွန်းသည်ဟု ထင်ပြီး၊ မရွေးတော့ဘဲ ထားကြမလား။ အခြားတစ်ယောက်သာ အရွေးခံလိုက်ရပါက၊ ကျွန်မ မျက်နှာကို မည်သို့များ ထပ်ပြနိုင်တော့မည်နည်း။ ကျွန်မ ထုတ်ပြော၍မဖြစ်သည်ကို တွက်မိသည်။ အတွေးထဲနစ်ပြီး ခေါင်းငုံ့ထားမိချိန်မှာ၊ ခေါင်းဆောင်က ကျွန်မ၏ လတ်တလော အခြေအနေကို မျှဝေပေးဖို့ ပြောလာသည်။ ကျွန်မလည်း စကားများ ထစ်ထစ်ငေါ့ငေါ့နှင့် “ကျွန်မအခြေအနေက ကောင်းပါတယ်။ အခက်အခဲတွေ ကြုံရင်လည်း၊ အဲဒါတွေကို ဖြေရှင်းဖို့အတွက် ဘုရားဆီ ဆုတောင်းပြီး၊ သမ္မာတရားကို ရှာဖွေရမယ်ဆိုတာ ကျွန်မ သိပါတယ်။” ဟု ဖော့ပြောမိသည်၊ ဤအရာကို ပြောပြီး၊ ရှက်ဖို့ကောင်းသည့်အရာတစ်ခု လုပ်လိုက်မိသလို ခံစားရသည်။ စိတ်ထဲမှာလည်း စိုးရိမ်ပူပန်ခြင်းများ ပြည့်လာသည်။ ချွေးပါ ပြန်လာသည်။ ကျွန်မက ချွေးများသာ သုတ်နေသည်ကို မြင်သည့်အခါ၊ ခေါင်းဆောင်က ကျွန်မကို ရေနွေးပူပူတစ်ခွက် ပေးသည်။ ပြီးလျှင် ကျွန်မကို အအေးမိနေခြင်း ရှိမရှိ ကြင်ကြင်နာနာနှင့် မေးသည်။ ကျွန်မက “ဘာဖြစ်မှန်း မသိပါဘူး။ စိတ်ထဲမှာ မငြိမ်သလိုဖြစ်ပြီး၊ ချွေးတွေက ထိန်းမရဘူးဖြစ်နေတာပါ။” ဟု ပြောလိုက်သည်။ တကယ်တော့ ကျွန်မကိုယ်ကျွန်မ သိသည်။ ကျွန်မအနေနှင့် ထပ်လိမ်ညာမိပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင် ဖြစ်လိုက်သောကြောင့် ဖြစ်သည်။ ကျွန်မလည်း ဘုရားသခင်ထံ “ဘုရားသခင်၊ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ခေါင်းမာမာနဲ့ ငြင်းရင်း၊ အကြိမ်ကြိမ် လိမ်ညာမိပါပြီ။ ကျွန်မက မာရေကျောရေနိုင်လွန်းပါတယ်၊ ပုန်ကန်လွန်းပါတယ်။ ကျွန်မအနေနဲ့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ ရိုးသားသူတစ်ယောက် ဖြစ်နိုင်အောင်၊ လမ်းပြပေးတော်မူပါ။” ဟု တိတ်တိတ်လေး ဆုတောင်းမိပါသည်။
ထိုအချိန်တွင် အစ်မလျူက ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မသီချင်းတစ်ပုဒ် ဆိုကြဖို့ အကြံပြုသည်။ “ရိုးသားဖြောင့်မတ်ခြင်းဆိုသည်မှာ ဘုရားသခင်ထံ သင့်နှလုံးသားကို ပေးအပ်ခြင်း၊ အရာခပ်သိမ်းတွင် ဘုရားသခင်ကို သဘောရိုးအတိုင်း ဆက်ဆံခြင်း၊ အရာအားလုံးတွင် ဘုရားသခင်နှင့် ပွင့်လင်းမှုရှိခြင်း၊ အမှန်တရားကို မည်သည့်အခါမျှ ကွယ်ဝှက်မထားခြင်း၊ မိမိအထက်မှ လူများနှင့် အောက်မှလူများကို လှည့်စားခြင်းကို မည်သည့်အခါမျှ မပြုခြင်းနှင့်၊ ဘုရားသခင်အား မျက်နှာလိုမျက်နှာရ မပြုခြင်းတို့ပင် ဖြစ်သည်။ အတိုချုံး၍ဆိုရလျှင် ရိုးသားဖြောင့်မတ်မှုရှိခြင်း ဆိုသည်မှာ သင်၏ လုပ်ရပ်များနှင့် စကားများတွင် စင်ကြယ်ဖို့နှင့် ဘုရားသခင်ကို ဖြစ်စေ၊ လူသားကိုဖြစ်စေ မလှည့်စားခြင်းဖြစ်သည်။ အကယ်၍ သင့်စကားများက ဆင်ခြေများ၊ အဖိုးမတန်သော ကျိုးကြောင်းပြချက်များနှင့် ပြည့်နှက်နေမည် ဆိုပါက၊ သင်သည် သမ္မာတရား လက်တွေ့ကျင့်သုံး ရမည်ကို အလွန်တရာကို စက်ဆုပ်သောသူတစ်ဦး သာဖြစ်သည်ဟု ငါဆို၏။ အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။ သမ္မာတရား၏ လမ်းခရီးကိုရှာဖွေခြင်းသည် သင့်ကို ကောင်းစွာ သဘောကျ ကျေနပ်စေသည်ဆိုပါက၊ သင်သည် အလင်းထဲ၌ အစဉ်အမြဲ နေထိုင်သူတစ်ဦးဖြစ်သည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ရိုးသောသူတို့အား ဘုရားသခင်ကောင်းချီးပေးတော်မူ၏”) ဤဓမ္မသီချင်းကို ဆိုနေရင်းနှင့်၊ ကျွန်မလည်း စိတ်ဆင်းရဲမိသည့်အပြင်၊ ရှက်လည်း ရှက်မိသည်။ ကျွန်မအနေနှင့် မည်သို့ လိမ်ညာလှည့်ဖြားမိခဲ့သည်ကို ရင်ဖွင့်ချင်သည့်အတွက်၊ စည်းဝေးပွဲမတိုင်မီ ကျွန်မ ဆုတောင်းခဲ့သေးသည်။ သို့ရာတွင် ခေါင်းဆောင်က သူနှင့်အတူ အလုပ်လုပ်ဖို့ လူတစ်ယောက်ကို ရွေးမည်ကို သိရသည့်အချိန်မှာ၊ ကျွန်မက မည်သည့်အရာကိုမျှ ထုတ်မပြောချင်တော့ပါ။ ကျွန်မက လက်တွေ့အလုပ်များ မလုပ်ခဲ့ပါ၊ လိမ်ပင် လိမ်ခဲ့သည်ကို ခေါင်းဆောင်နှင့် အကျိုးဆောင်များ သိသွားခြင်း၊ ကျွန်မကို ဉာဏ်များလွန်းသည်၊ အလုပ်နေရာအတွက် မရွေးချယ်တော့ပါဟု ပြောလာခြင်းတို့ကို ကျွန်မ ကြောက်ခဲ့သည်။ ထိုကဲ့သို့ဖြစ်ပါက ခေါင်းဆောင်တစ်ယောက် ဖြစ်မည့်အခွင့်အရေးကို ဆုံးရှုံးရမည် ဖြစ်သည်။ ကျွန်မက မရိုးသားလွန်းခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်က အရာခပ်သိမ်းကို မြင်ပါသည်။ ကျွန်မက အခြားသူများကို အရူးလုပ်လို့ ရနိုင်သော်လည်း၊ ဘုရားသခင်ကို လုပ်လို့ရပါ့မလား။ ဤစကားလုံးက တကယ်ကို မြင်သာပါသည်၊ “အကယ်၍ သင်ထံတွင် လျှို့ဝှက်ကိစ္စများစွာ ရှိသဖြင့် သင်သည် ဝေမျှရန် ဝန်လေးနေပါက၊ သင်သည် အလင်း၏ လမ်းကို ရှာဖွေဖို့ အခြားသူများရှေ့တွင် သင်၏ လျှို့ဝှက်ချက်များကို- သင်၏ အခက်အခဲများကို- ချခင်းပြရန် အပြင်းအထန် ငြင်းဆန်နေပါက- သင်သည် ကယ်တင်ခြင်းကို အလွယ်တကူ မရရှိနိုင်သောသူ၊ အမှောင်ထုထဲမှ လွယ်ကူစွာ မထွက်နိုင်သူ ဖြစ်သည်ဟုငါဆို၏။” ကျွန်မအတွက်က ပို၍ စိတ်မသက်မသာဖြစ်ခဲ့ရသည်။ ကျွန်မက ဘုရားသခင် ပြောထားသလို၊ ကိုယ့်လျှို့ဝှက်ကိစ္စများစွာ အများကြီးကို ဖွင့်ပြောဖို့ ဝန်လေးနေသူတစ်ယောက် မဟုတ်ပါလား။ ရေလောင်းပေးသည့်အလုပ်၏ အသေးစိတ် ကိစ္စများကို ကျွန်မ မသိသည်မှာ၊ မိမိကိုယ်ကိုယ် ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်သည်။ သို့ရာတွင် ခေါင်းဆောင်က ထိုအကြောင်းကို မေးသည့်အခါ၊ ကျွန်မက မရိုးမသားနှင့်၊ သိသိကြီး လိမ်ညာထားခဲ့သည်။ အသင်းတော်ကို ပြန်ရောက်တော့လည်း၊ အလုပ်တာဝန်မှာ ကျွန်မ၏ ယိုယွင်းမှုနှင့် အမှားများကို ထုတ်ဖော်ပြောဖို့၊ အခြားသူများအပေါ် ပွင့်ပွင့်လင်းလင်း မရှိခဲ့ပါ။ ထိုအစား၊ အလုပ်လုပ်နေသည့် ပုံစံမျိုးနှင့်၊ ကျွန်မ၏အလိမ်အညာများကို ဖုံးဖိပြီး ဆက်ထိန်းထားဖို့သာ ကြိုးစားခဲ့သည်။ ယင်းက မိမိအလုပ်တာဝန်ကို လုပ်နေခြင်း ဟုတ်ပါသလား။ အဲဒါများအားလုံးက မိမိနာမည်နှင့် ဂုဏ်ကို ကာကွယ်ဖို့အတွက်သာ ဖြစ်သည်။ ကျွန်မက ဘုရားသခင်ကို အရူးလုပ်ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ လူများကို လှည့်စားခဲ့ခြင်း ဖြစ်သည်။ ပြီးလျှင်လည်း နောက်တစ်ခါ ထပ်ပြီး၊ ဤရာထူးအသစ်ကို ရဖို့၊ ဘုရားသခင်ကိုရော လူကိုပါ လိမ်လည်ရင်း၊ မိမိ၏ကတိကို အရှက်မရှိ ပြန်ဖျက်မိသည်။ ကျွန်မက အကြိမ်ကြိမ် လိမ်ညာလှည့်ဖြားနေခဲ့ခြင်း ဖြစ်သည်။ နောက်တော့မှ ဘုရားသခင်၏ ဤစကားများက စိတ်ထဲကို ရောက်လာသည်၊ “သင်၏စကားမှာ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေလော့။ ဤထက်လွန်သော စကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏။” (ရှင်မဿဲခရစ်ဝင် ၅:၃၇) “သင်တို့သည် သင်တို့၏ အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာတရား မရှိသောကြောင့်၊ သစ္စာတရား၌ မတည်မနေ။ သူသည် မုသားစကားကို ပြောသောအခါ၊ မိမိပကတိအတိုင်း ပြော၏။ မုသားစကား၌ ကျင်လည်သောသူဖြစ်၏။ မုသား၏ အဘလည်း ဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၈:၄၄) ဘုရားသခင်က ရိုးသားသူများကို နှစ်သက်မှန်း၊ ကျွန်မ ကောင်းကောင်းကြီး သိပါသည်။ သို့ရာတွင် ဘုရားသခင်နှင့် ညီအစ်ကိုမောင်နှမများကို လှည့်စားဖို့ ကြိုးစားရင်း၊ ကျွန်မက လိမ်ညာမိလိုက်၊ ပြန်ဖုံးဖိလိုက်နှင့် ထပ်တလဲလဲ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ကျွန်မက စာတန်နှင့် မည်သည့်အရာများ ကွာခြားသေးသနည်း။ ကျွန်မမှာ မှန်ကန်သည့် လူ့သဘာဝဆိုသည်မှာ အနည်းငယ်လေးပင် ရှိခဲ့ပါသလလား။ ကျွန်မသာ နောင်တမရဘဲ မပြောင်းလဲပါက၊ စာတန်လို အဆုံးသတ်မျိုးက ကျွန်မအတွက် ကျိန်းသေသည်ကို သိလိုက်သည်။ ဤအတွေးနှင့် ကျွန်မ ကြောက်သွားသည်။ သို့နှင့် ဘုရားသခင်ထံမှ ဆုတောင်းပြီး၊ မိမိဂုဏ်သိက္ခာကို အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် လုပ်ပစ်ဖို့ သတ္တိကို မွေးယူလိုက်သည်။ ကျွန်မ လိမ်ညာနေခြင်း၊ ဖုံးဖိနေခြင်းအပြင်၊ စက်ဆုပ်စရာကောင်းပြီး ကောက်ကျစ်သည့် ကျွန်မ၏ ရည်ရွယ်ချက်များကိုပါ၊ တစ်ခုမကျန်အောင် အသေးစိတ် ထုတ်ပြောလိုက်ပါသည်။ ကျွန်မ လုံးလုံး ဝန်ခံပြီးသွားသည့်အခါမှာ၊ ဝန်ထုပ်ကြီးတစ်ခု ပေါ့သွားသလို ခံစားလိုက်ရသည်။ ရုတ်တရက် ပို၍ ငြိမ်းအေးသွားသလို ခံစားရသည်။ စိတ်နှလုံးထဲမှာ လွတ်လပ်ပြီး ငြိမ်းချမ်းသွားသည်။
ညီအစ်ကိုမောင်နှမများက ကျွန်မကို အထင်အမြင် သေးခြင်း မရှိကြပါ။ ခေါင်းဆောင်က ဘုရားသခင် နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မအတွက်ပင် ဖတ်ပြလိုက်သည်။ “လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ကြံရွယ်ချက်များ အစပြုသနည်း။ သူတို့သည် မည်သည့်စိတ်သဘောထားမျိုးကို ထုတ်ဖော်သနည်း။ ဤကဲ့သို့သော စိတ်သဘောထားမျိုးကို အဘယ့်ကြောင့် သူတို့ ဖော်ပြနိုင်ရသနည်း။ ယင်း၏ အရင်းအမြစ်က အဘယ်နည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာ အားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိကိုယ်ကျိုးအတွက် လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားများက ထုတ်ဖော်ပြလာသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ပထမဦးစွာ သင်သည် ကိုယ်ကျိုးစွန့်ရမည် ဖြစ်သည်။ လူတို့အား ကိုယ်ကျိုးစွန့်စေခြင်းမှာ ပြုလုပ်ရန် အခက်ခဲဆုံးသော အရာဖြစ်သည်။ လူအများစုက အကျိုးအမြတ်မှလွဲ၍ မည်သည့်အရာကိုမျှ မရှာဖွေကြပေ။ လူတို့၏ အကျိုးအမြတ်များသည် သူတို့၏ဘဝဖြစ်ပြီး ထိုအရာများကို စွန့်လွှတ်စေခြင်းသည် သူတို့၏အသက်များကို စွန့်လွှတ်ရန် အတင်းအကျပ် စေခိုင်းခြင်း သဘောသက်ရောက်သည်။ ထို့ကြောင့် သင့် ဘာလုပ်သင့်သနည်း။ သင်သည် သင်ချစ်မြတ်နိုးသည့် အကျိုးအမြတ်များအား စွန့်လွှတ်ရန်၊ ကျောခိုင်းရန်၊ ၎င်းတို့ကို စွန့်လွှတ်ခြင်း၏ နာကျင်မှုကို ခံနိုင်ဖို့ရန် သင်ယူရမည်။ သင်သည် ဤနာကျင်မှုကို ကြံ့ကြံ့ခံပြီး သင်၏အကျိုးအမြတ်အနည်းငယ်ကို စွန့်လွှတ် ပြီးသောအခါ သင်သည် အနည်းငယ် စိတ်သက်သာရာရပြီး အနည်းငယ် လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ဤနည်းအားဖြင့် သင်၏ဇာတိပကတိကို သင် အောင်နိုင်လိမ့်မည်။ သို့သော်လည်း ‘ငါ လိမ်ညာလှည့်ဖြားခဲ့တယ်၊ အဲဒီတော့ ဘာဖြစ်လဲ။ ဘုရားသခင် ငါ့ကို အပြစ်ဒဏ်မပေးဘူး၊ အဲဒီတော့ လူတွေငါ့ကို ဘာလုပ်နိုင်မလဲ။ ငါဘာမှ မစွန့်လွှတ်ဘူးကွာ’ ဟုဆိုကာ သင်သည် သင့်အကျိုးအမြတ်များကို တွယ်ဖက်ထားပြီး ၎င်းတို့ကို လက်လွှတ်ရန် ပျက်ကွက်ပါက၊ သင်သည် မည်သည့်အရာကိုမျှ မစွန့်လွှတ်သောအခါ အခြားမည်သူကမျှ မည်သည့်ဆုံးရှုံးမှုမျှ မခံစားရပေ။ နောက်ဆုံးတွင် ဆုံးရှုံးသွားရသူမှာ သင်ကိုယ်တိုင်ပင် ဖြစ်သည်။ သင်သည် သင်၏ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိပြုမိသောအခါ၊ အမှန်အားဖြင့် ဤသည်မှာ သင့်အတွက် ဝင်ရောက်ရန်၊ တိုးတက်ရန်နှင့် ပြောင်းလဲရန် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ယင်းသည် သင့်အတွက် ဘုရားသခင်၏ ရှေ့မှောက်လာရောက်ပြီး သူ၏စိစစ်ခြင်း၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ ထို့ပြင် ဤသည်မှာ ကယ်တင်ခြင်းကိုရရှိရန် သင့်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ သမ္မာတရားကိုရှာဖွေခြင်းအား သင်လက်လျှော့လိုက်ပါက ယင်းသည် ကယ်တင်ခြင်းကို ရရှိရန်နှင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရန် အခွင့်အလမ်းတစ်ခုကို လက်လျှော့လိုက်ခြင်း သဘောသက်ရောက်သည်။ သင်သည် သမ္မာတရားကို မလိုချင်ဘဲ၊ အကျိုးအမြတ်ကို လိုချင်ပါက၊ အကျိုးအမြတ်သည် သင်ရွေးချယ်သည့်အရာဖြစ်ပြီး၊ အဆုံး၌ သင်သည် သမ္မာတရားကို စွန့်ပစ်ပြီးဖြစ်သော်လည်း၊ အကျိုးအမြတ်သည်သာ သင်ရရှိမည့် အရာဖြစ်သည်။ ငါ့ကိုပြောလော့- ဤသည်မှာ ဆုံးရှုံးမှုလော၊ အမြတ်အစွန်းလော။ အကျိုးအမြတ်သည် ထာဝရ တည်တံ့ခြင်း မရှိပေ။ ဂုဏ်ဒြပ်၊ မိမိကိုယ်ကိုယ် လေးစားမှု၊ ငွေကြေး၊ မည်သည့်အရာဝတ္တုမဆို- ယင်းတို့အားလုံးသည် ယာယီသာ ဖြစ်သည်။ သင်သည် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဤလိုအပ်ချက်ကို ချေမှုန်းပြီးဖြစ်ကာ၊ သမ္မာတရား၏ ဤရှုထောင့်ကို ရရှိပြီး ကယ်တင်ခြင်းကို ရရှိသည့်အခါ၊ သင်သည် ဘုရားသခင်၏ရှေ့မှောက်၌ တန်ဖိုးရှိသူတစ်ဦး ဖြစ်လာလိမ့်မည်။ ထို့အပြင် လူများ ရရှိသည့် သမ္မာတရားသည် ထာဝရဖြစ်သည်။ စာတန်သည် ဤသမ္မာတရားများကို ၎င်းတို့ထံမှ မယူဆောင်နိုင်သကဲ့သို့၊ မည်သူမျှလည်း မယူဆောင်နိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက၊ ဤရလဒ်များသည် သင်နှင့် သက်ဆိုင်သည်။ သင်သည် ယင်းတို့ကို သင်ဘဘာသာ ရရှိခဲ့ခြင်း ဖြစ်လေသည်။ လူတို့က သမ္မာတရားကိုကျင့်သုံးရန် ရွေးချယ်ပါက သူတို့၏ ကိုယ်ကျိုးများကို သူတို့ဆုံးရှုံးပြီးသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် သမ္မာတရားကို အဆုံးရှုံးခံလျက် အကျိုးရရှိနေပါက သူတို့ဆုံးရှုံးသောအရာမှာ အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်သည်။ ထိုသူတို့မှာ အညံ့ဖျင်းဆုံးသောသူများ ဖြစ်သည်။ ကိုယ်ကျိုးများ သို့မဟုတ် သမ္မာတရားဟူ၍ အဆုံးစွန်အနေဖြင့် လူတစ်ဦးရွေးချယ်မည့်အရာအတွက်မူ ဤသည်မှာ အခြားအရာများနှင့်စာလျှင် လူတစ်ဦးကို အထုတ်ဖော်ဆုံးအရာ ဖြစ်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့က သမ္မာတရားကို ရွေးချယ်ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် နာခံရန် ရွေးချယ်ပြီး သူ့နောက်ကို လိုက်ကြလိမ့်မည်ဖြစ်သည်။ သူတို့က မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ်များကို စွန့်ပစ်ကြရန် သာ၍လိုလားသည်။ သူတို့ မည်မျှပင် ဒုက္ခခံရမည်ဖြစ်စေ ဘုရားသခင်ကျေနပ်စေဖို့ သက်သေရပ်တည်ရန် သန္နိဋ္ဌာန်ချထားကြသည်။ ဤသည်မှာ သမ္မာတရားကို ကျင့်သုံးခြင်းနှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံလမ်းခရီးပင်ဖြစ်သည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏”) ဤနှုတ်ကပတ်တော်များကို ကြားရတော့၊ ကျွန်မ၏စိတ်နှလုံးက ကြည်လင်သွားသည်။ အဓိကအားဖြင့် ကျွန်မက ဂုဏ်အဆင့်အတန်းကို အများကြီး ဂရုစိုက်ခဲ့ပြီး လှည့်စားတတ်သည့် သဘာဝတစ်ခု ရှိခဲ့သည့်အတွက်၊ အကြိမ်ကြိမ် လိမ်ညာလှည့်ဖြားမိခဲ့သည်ကို ကျွန်မ ပြန်ဆင်ခြင်ကြည့်သည်။ ကျွန်မက ကလေးဘဝကတည်းက၊ စာတန်၏ ပညာပေးခြင်းများ၊ ဝါဒသွတ်သွင်းခြင်းများကို ခံခဲ့ရတော့၊ ဥပမာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “သစ်တစ်ပင်သည် အခေါက်အတွက် အသက်ရှင်သကဲ့သို့ လူတစ်ဦးသည် သူ၏မျက်နှာအတွက် အသက်ရှင်၏၊” “အကြိမ်တစ်သောင်း ရွတ်ဆိုသော မုသားတစ်ခုသည် အမှန်တရားဖြစ်လာ၏၊” “မုသားမပြောဘဲ ဘာကိုမျှ ရယူအောင်မြင်နိုင်မည် မဟုတ်၊” “မပြောမီ ကြိုစဉ်းစားပါ၊ ထို့နောက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပါ၊” တို့ကဲ့သို့ သူ့၏ အဆိပ်အတောက်များစွာကို စိတ်ထဲ စွဲနေခဲ့ခြင်း ဖြစ်သည်။ ထို စာတန်အတွေးအခေါ်များက ကျွန်မ၏ဘဝရပ်တည်ရေး စည်းမျဉ်းများ ဖြစ်လာခဲ့သည်။ ထိုစည်းမျဉ်းများနှင့် နေထိုင်ခဲ့သောကြောင့်၊ ပို၍ တစ်ကိုယ်ကောင်းဆန် လာသည်။ လှည့်ဖြားတတ်၊ အယောင်ဆောင်တတ်လာသည်။ မိမိအကျိုးအတွက်သာ စဉ်းစားခဲ့သည်။ ထိုနောက်ဆုံးအချိန် ရောက်သည့်အထိ၊ မလိမ်ညာ မလှည့်ဖြားဘဲ မနေနိုင်ခဲ့ပါ။ လိမ်ညာပြီးသည့်နောက်မှာ အပြစ်ရှိသည်ဟု ခံစားမိပြီး၊ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း၊ ဘုရားသခင်ထံမှာ နောင်တရပြီး၊ အခြားလူများကို အမှန်အတိုင်း ပြောပြလိုခြင်း ဖြစ်ခဲ့သော်လည်း၊ အရှက်ကွဲမှာ လှောင်ပြောင်ခံရမည်ကို ကြောက်သည့်စိတ်နှင့်၊ မိမိကိုယ်ကိုယ် ဆက်ပြီး ဖုံးဖိနေခဲ့မိသည်။ ဆက်ပြီး အယောင်ဆောင်နေခဲ့မိသည်။ မိမိ၏ လှည့်စားတတ်သည့် အပြုအမူနှင့် ကောက်ကျစ်သည့် ရည်ရွယ်ချက်များကို အမှန်အတိုင်း ထုတ်ပြောချင်စိတ် မရှိခဲ့ပါ။ အထူးသဖြင့် အမှန်ကို ပြောလိုက်သည်နှင့်၊ လူများက ကျွန်မကို အရှိအတိုင်း မြင်သွားလိမ့်မည်၊ ကျွန်မကို အထင်ကြီးကြတောမည် မဟုတ်ဟု တွေးရင်းနှင့်၊ မိမိမျက်နှာကို ခွာချဖို့၊ ရိုးသားဖို့ သတ္တိက ကျွန်မမှာ မရှိခဲ့ပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားရခြင်းနှင့် စာပါက၊ အမှောင်ထဲ စိတ်ဆင်းရဲမှုများထဲမှာ ရုန်းကန်နေရသည်ကို ပို၍ ကြိုက်ခဲ့သည်။ ကျွန်မက စာတန်ကြောင့် မည်မျှ ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီဖြစ်သည်ကို မြင်ခဲ့ရသည်။ ဘုရားသခင်ကသာ ကျွန်မကို ထိုကဲ့သို့ ဖော်ထုတ်မပြခဲ့ပါက၊ သူ့နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ထုတ်ဖော်မှုများသာ မရှိခဲ့ပါက၊ ကျွန်မ၏သဘာဝက မည်မျှ ကောက်ကျစ်စဉ်းလဲသည်ကို၊ ကျွန်မ လုံးဝ မြင်ခဲ့မိမည် မဟုတ်ပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ မိမိပကတိအမှန်ကို ထုတ်ဖော်ပြဖို့၊ စိတ်ခွန်အားရခဲ့မည် မဟုတ်ပါ။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုတို့သည် ကိုယ်တော်က ကျွန်မကို ကာကွယ်နေခြင်းနှင့် ကယ်တင်နေခြင်း ဖြစ်သည်ကို၊ ထိုတော့မှ ကျွန်မ သဘောပေါက်မိသည်။ သမ္မာတရားကို အားထုတ်ခြင်း၊ ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းများက မည်မျှ အရေးကြီးမှန်းလည်း ခံစားမိခဲ့သည်။
အမှန်အတိုင်း ပြောတတ်အောင်၊ ရိုးသားသူတစ်ယောက် ဖြစ်အောင်၊ လက်တွေ့လုပ်ဆောင်ဖို့ကိုသာ ထိုအချိန်ကစပြီး ကျွန်မ ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်း အချိန် အနည်းငယ်လောက်ကြာတော့၊ စည်းဝေးပွဲများမှာ ကျွန်မတို့နှင့်အတူ ပါခဲ့သည့် ခေါင်းဆောင်တစ်ယောက်က တစ်ခါတစ်ရံ မာနထောင်လွှားပြီး၊ သူမကိုယ်သူမ အမှန်ထင်တတ်ခြင်း၊ အခြားသူများ အကြံပြုသည်ကို လွယ်လွယ်နှင့် လက်မခံခြင်းကို ကျွန်မ တွေ့မိသည်။ ကျွန်မလည်း သူမကို ထိုအကြောင်း တော်တော်လေး ထုတ်ပြောချင်မိသည်။ သို့ရာတွင် နောက်တော့ ကျွန်မက “သူက ငါ ပြောတာ လက်ခံရင်တော့၊ အဆင်ပြေပြေနဲ့ ကောင်းတာပေါ့။ ဒါပေမဲ့ လက်မခံဘူးဆိုရင်၊ သူ ငါ့ကို ဘယ်လိုထင်မှာလဲ။” ဟု စဉ်းစားသည်။ ကျွန်မလည်း စောင့်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။ တစ်ရက်တော့ သူမက ကျွန်မကို “ညီမ၊ တို့အချင်းချင်း သိလာတာ အခုဆို တော်တော်ကြာပြီ။ အစ်မဆီမှာ ပြဿနာတစ်ခုခုရှိနေတာ မြင်တယ်ဆိုရင်၊ အစ်မကို ပြောပါ။ အစ်မအတွက် အထောက်အကူ ဖြစ်တာပေါ့။” ဟု မေးသည်။ ကျွန်မလည်း သူမကို ကြည့်ပြီး၊ “ကျွန်မတော့ ဘာမှမမြင်ပါဘူး။ အစ်မက အားလုံးကောင်းတယ်။” ဟု ပြောမိလုနီးပါး ဖြစ်ခဲ့သည်။ သို့ရာတွင် ယင်းက လှည့်စားသလို ဖြစ်သွားမည်ကို၊ ကျွန်မ သဘောပေါက်သည်။ သို့နှင့် ဘုရားသခင်ထံ ဆုတောင်းပြီး၊ ကိုယ်တော့်စိစစ်မှုကို လက်ခံချင်စိတ် ဖြစ်အောင် အားတင်းလိုက်သည်။ ကျွန်မ ဆက်၍ လိမ်ညာ လှည့်ဖြားပြီး ဘုရားသခင် မနှစ်သက်အောင်လုပ်နေ၍ မဖြစ်တော့ပါ။ သို့နှင့် ကျွန်မလည်း သူမ၏ပြဿနာကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ သူမက နားထောင်ပါသည်။ ပြီးလျှင် ခေါင်းကို ဆတ်ခနဲ ညိတ်ပြီး “ဘုရားသခင် ကျေးဇူးတော်ပါပဲ။ ညီမသာ မပြောပြဘူးဆိုရင်၊ ဒါကို အစ်မ လုံးဝ သဘောပေါက်မိမှာ မဟုတ်ဘူး။ အစ်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်ပြီး၊ ဒါကို တကယ် နားလည်ဖို့လိုတယ်။” ဟု ပြန်ပြောသည်။ သူမက လက်ခံနိုင်သည်ကို မြင်သည့်အခါ၊ ကျွန်မ တော်တော် ဝမ်းသာသွားသည်။ ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်းဆိုသည့် မယုံနိုင်စရာ အရသာမျိုးကို ကျွန်မ ခံစားလိုက်ရသည်။ ပြီးလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရခြင်း၊ ရိုးသားသူ တစ်ယောက် ဖြစ်ရခြင်း မည်မျှ ကောင်းမွန်သည်ကို၊ တကယ်ကို တွေ့ကြုံလိုက်ရပါသည်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။